Lay Oh and Shwe Joe - Sein Oh Si
တိုင်းရင်းသား တပ်မတော်တွေ အားလုံးနီးပါး ညီညွတ်မှုရလာပါပြီ။ ပြည်ထောင်စု တပ်မတော် ဖြစ်လာဖို့အတွက် စတင်ပုံပေါ်လာပါပြီ။ ရှေ့တန်းရောက်နေတဲ့ စစ်ဗိုလ်စစ်သားတွေကို မတရားတဲ့ အာဏာရှင်ဗိုလ်ချုပ်ကြီးတွေရဲ့ အမိန့်ကို ဖီဆန်ကြဖို့ ပြောကြရပါမယ်။ ညီအစ်ကိုချင်းပေါင်းစည်းကြပြီး တကယ့် ပြည်ထောင်စု တပ်မတော် တည်ဆောက်ဖို့ ကမ်းလှမ်းမှု ပြုကြရပါမယ်။ ရှေ့တန်းထွက် စစ်ဗိုလ်စစ်သားတွေက သန်းရွှေ၊ မောင်အေး ချမ်းဖို့အရေး ငါတို့တွေ လူသတ်သမား မလုပ်နိုင်ဘူး။ ငါတို့အသက်ကို အသေမခံနိုင်ဘူး ဆိုတဲ့ အမြင်မှန် ရဖို့လိုပါတယ်။ ရှေ့တန်းရောက် စစ်ဗိုလ်၊ စစ်သားတွေ ခြေပြတ် လက်ပြတ် ကျိုးကျိုး ကန်းကန်း တစ်သက်လုံးစားမကုန်အောင် ကျွေးထားမှာ မဟုတ်ပါဘူး။ သူရဲကောင်းတွေ လို့ ပြည်သူက သတ်မှတ်မှာ မဟုတ်ပါဘူး။
ရှေ့တန်းမှာ မိုင်းထိလို့ သေလည်း သန်းရွှေ မောင်အေး တို့ အုပ်စုက ခပ်ပြုံးပြုံးပါပဲ ဘီယာသောက် မပျက်ပါဘူး။ ကိုယ့်မိသားစုပဲ နစ်နာမှာပါ။ ကိုယ့်သားသမီးပဲ အဖေမရှိတဲ့ အဖမဲ့သားတွေ ဖြစ်လာမှာပါ။ ဗိုလ်ချုပ်တွေ ဘီယာသောက်ပြီး ဇိမ်းနဲ့ နေနိုင်ဖို့ အရေး ကိုယ့်သားသမီးတွေ မိဘမဲ့ကလေး၊ ဒုက္ခိတရဲ့ ကလေးတွေ ဖြစ်လာမှာ နဲ့ လဲပေးဖို့ မလိုပါဘူး။ အသက်ပေးပြီး တိုက်လို့ ရလာမယ့် အကျိုးအမြတ်က သန်းရွှေမြေး မောင်အေး မြေးတွေ ဘီယာသောက်ပြီး ဇိမ်းခံနေချိန်မှာ သင့်သားသမီးက လမ်းဘေး တောင်းစားနေရတဲ့ အဆင့် ဖြစ်သွားဖို့ပါပဲ။ မတရားတဲ့ အမိန့်ကို ဖီဆန်ကြပါ။ တိုင်းရင်းသားချင်း မဟာမိတ်ဖွဲ့ပါ။ သင့် လက်ညှိုးမကွေးတော့တာနဲ့ ပြည်တွင်းစစ်က ရပ်တန့်သွားမှာပါပဲ။ စစ်ဗိုလ်တွေလည်း သင်တို့က "ပစ်" လို့ အမိန့် မပေးတော့တာနဲ့ ပြည်တွင်းစစ် ရပ်စဲ သွားပြီးဆိုတာကို သိစေချင်ပါတယ်။ ညီညွတ်မှုတည်ဆောက်ပြီး အာဏာရှင်ကို ဖြုတ်ချကြပါစို့။ ကျွန်တော်တို့ နောင်မျိုးဆက်တွေ အတွက် ညီညွတ်မှုနဲ့ နားလည်မှု အပြည်နဲ့ ပြည်ထောင်စု တပ်မတော်ကို တည်ဆောက်ပြီး အာဏာရှင်တွေကို ဖြုတ်ချတော်လှန်ကြပါစို့။ မြန်မာပြည် အနာဂါတ် လှပ ဖို့ တိုင်းရင်းသားချင်း လက်တွဲကြပါစို့။ အာဏာရှင် အမိန့်ကို ဖီဆန်ပြီး စတင် အပစ်ရပ်ကြပါစို့။ အာဏာရှင်လက်တစ်ဆုပ်စာရဲ့ အသက်နဲ့ စစ်သားပေါင်းများစွာရဲ့ အသက် ဘယ်ဟာက ပိုတန်ဖိုး ရှိတယ် ဘယ်လို ပိုဖြစ်သင့်တယ် ဆိုတာ စဉ်းစားချိန်ရောက်ပါပြီ။ သေနတ်ပြောင်း နောက်ပြန်လှည့် ခြင်းဟာ လူအသေအပျောက် နည်းပြီး၊ သေနတ်ပြောင်းရှေ့ဖက် ဖောက် ခြင်းဟာ လူအသေအပျောက် ပိုများမှာကို မြင်နိုင်ပါတယ်။ သေနတ်ပြောင်း နောက်ပြန်လှည့်ခြင်းဟာ အာဇာနည်တွေ ဖြစ်စေနိုင်ပြီး၊ သေနတ်ပြောင်းရှေ့ဖက်ဖောက်ခြင်းဟာ စစ်ရာဇဝတ်ကောင်တွေ ဖြစ်စေနိုင်ပါတယ်။ သေနတ်ပြောင်း နောက်ပြန်လှည့်ခြင်းဟာ မြန်မာပြည် အနာဂါတ် ရွှေရောင်သမ်း ဖို့ ဖြစ်ပြီး၊ သေနတ်ပြောင်း ရှေ့ဖက်ဖောက်ခြင်းဟာ ပြည်တွင်း စစ်ကို ဦးတည်စေပါတယ်။
ခုတိုက်နေတဲ့ စစ်ဟာ တိုင်းပြည်ကာကွယ်နေတဲ့ စစ်မဟုတ်ပါဘူး။ အာဏာရူးစစ်ဗိုလ်ချုပ်တွေရဲ့ စစ်ဗိုလ်၊ စစ်သားနဲ့ တကွ မြန်မာတစ်မျိုးသားလုံးကို စစ်ကျွန်ပြုရေးပဲ ဖြစ်ပါတယ်။
တိုင်းရင်းညီအစ်ကို တစ်တွေ နားလည်မှုတွေ၊ ညီညွတ်မှုတွေနဲ့ ပြည်ထောင်စု တပ်မတော်ကို တည်ဆောက်ပြီး အာဏာရှင်လူတစ်စုကို တော်လှန်ကြပါစို့။
ရှေ့တန်းရောက်စစ်သားတစ်ယောက်က သူ့လက်ညှိုးလေး မကွေးတော့တာနဲ့ ပြည်တွင်းစစ် စတင်ရပ်စဲပါပြီ။ ရှေ့တန်းရောက် စစ်ဗိုလ်တစ်ယောက်က ပစ်မိန့် မပေးတော့တာနဲ့ ပြည်တွင်းစစ် စတင်ရပ်စဲပါပြီ။ မတရားတဲ့ အထက်အမိန့်ကို ဖီဆန် ကြပါစို့။
သေနတ်ပြောင်း နောက်ဖက်လှည့်ခြင်းဟာ မြန်မာပြည်ရဲ့ သူရဲကောင်း အာဇာနည်ဖြစ်စေနိုင်ပြီး ရှေ့ဖတ်ဖောက်ခြင်းဟာ စစ်ရာဇဝတ်မှုကို ဖြစ်စေတယ် ဆိုတာ သိစေချင်ပါတယ်။
သေနတ်ပြောင်း နောက်ပြန်လှည့်ခြင်းဟာ မြန်မာနိုင်ငံရဲ့ အနာဂါတ်ကို ရွှေရောင်သမ်း စေပြီး၊ သေနတ်ပြောင်းရှေ့ဖက် ဖောက်ခြင်းဟာ ပြည်တွင်း စစ်ကို ဦးတည်စေပါတယ်။ မိဘမဲ့ ကလေးတွေ၊ ဒုက္ခိတတွေ အများကြီး ဖြစ်လာဖို့ ဖြစ်တယ်ဆိုတာကို သိစေချင်ပါတယ်။
တပ်မတော်သားတွေ အားလုံး အသေအပျောက်နည်းတဲ့ အာဏာရှင် ဖီဆန်းရေးကို လုပ်ပြီး တိုင်းပြည်သူရဲကောင်းတွေ အာဇာနည်တွေ ဖြစ်လာစေချင်ပါတယ်။
တိုင်းရင်းသားညီအစ်ကို တစ်တွေနဲ့ နားလည်မှုအပြည့်၊ ညီညွတ်မှုအတိ နဲ့ ပြည်ထောင်စု တပ်မတော် တည်ဆောက်ဖို့ အတူတကွ လက်တွဲကြပါစို့။ အာဏာရှင်တွေကို တော်လှန်ပုန်ကန်ပြီး မြန်မာပြည်ရဲ့ ရွှေရောင် နေ့သစ်တွေကို ဖန်တီး ကြပါစို့။ အာဏာရှင်တွေရဲ့ လက်ဝါးကြီးအုပ် ဗိုလ်ကျ စိုးမိုးမှု၊ ကျွန်ပြုထားမှုမှ စစ်ဗိုလ်၊ စစ်သား နဲ့ တကွ သူတို့ရဲ့ ရင်သွေး သားသမီးတွေပါမကျန် တစ်တိုင်း တစ်ပြည်လုံး လွှတ်မြောက်ဖို့ အာဏာရှင်တော်လှန်ရေးကို ဆင်နွဲကြပါစို့။မတရားတဲ့ အမိန့်ကို ဖီဆန် ကြပါစို့။
DREAM, DREAM, DREAM,
ကျွန်တော်တောသားတစ်ယောက်ဖြစ်ပါတယ် ရေလုပ်ငန်းနှင့်ပတ်သက်ပြီးတော့လည်းအတွေ့အကြုံဗဟုသုတရှိပါသည်၊၊ပြောစရာအကြောင်းတွေ့လာသဖြင့်ပြည်သူလူထုအကျိုးငှားရေးသားလိုက်ခြင်းဖြစ်ပါတယ်။အကြောင်းကတော့ ၄-၉-၂၀၁၁ရက်နေ့အင်တာနက်စာမျက်နှာပေါ်တွင်တွေ့လိုက်ရတဲ့ “မြန်မာအစိုးရ ရခိုင်ပြည်နယ်ပေါ်ခွဲခြားဖိနှိပ်နေကြောင်းပြည်သူ့လွှတ်တော်တွင်ဆွေးနွေးခဲ့သည့်အကြောင်းအရာတစ်ခုကသက်သေပြ ဟူသည့်ခေါင်းစဉ်ဖြင့်ပြောသူ၏ဓါတ်ပုံနှင့်တကွ မဟုတ်မအပ် ရေးသားဖော်ပြထားသောကြောင့်ဖြစ်ပါသည်၊ ၄င်းအပြင် ယခင်ကလည်းဂျာနယ်များတွင် အဆိုပါပုဂိုလ်နှင့်ဗျူချက်များကို အတော်များများမြှောက်ပင့်ဖော်ပြကြသည်ကိုလည်းတွေ့ရဖတ်ရပါသည်။ယခုဖော်ပြထားသည့်ခေါင်းစဉ်ကိုပင်ကြည့်ပါဘယ်လောက်များတိုင်းရင်းသားစည်းလုံးညီညွှတ်မှုကိုအနရာယ်ပြုသည့် အသုံးအနှုံးမျိုးဖြစ်ပါသည်၊ ရေးသားသူပြောသူ ၏စိတ်ရင်းအမှန်ကိုဖော်ပြနေသကဲ့သို့ဖြစ်ပါသည်။ယနေ့လွှတ်တော်များမှဆွေးနွေးချက်များ အဆိုပြုချက်များ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကိုလည်း အငြိမ်းစားတစ်ဦးပီပီ မပြတ်လေ့လာလရှိပါသည်။ အချိုထင်သာမြင်သာသည့်ပြောင်းလဲမှုများရှိသကဲ့သို့လုပ်ဆောင်ဆဲရှိသည်များကိုလည်းတွေ့ရပါ၏ မည်သို့ဆိုစေကာမူ ယခုကဲ့သို့အချိန်တိုကာလအတွင်း တိုးတက်ပြောင်းလဲမှုများဖြစ်ပေါ်လာအေါာင် တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်အစိုးရအပေါ် မချီးကျူးဘဲမနေနိုင်ပါ သို့သော်လည်း မျက်မှန်း စိမ်းတပ်ကာ ပြည်သူ့များအဖို့မှာမူ အဖြူရောင်ကိုမြင်တွေ့နိုင်မည်မဟုတ်ပါ၊့  ကဲ့သို့ဆင်ခြင်းမဲ့စွာပြောဆိုခြင်းသည် မိမိပြည်နယ်သူ ပြည်နယ်သားများ၏ အကျိုးထက်လူထုအားဆန့်ကျင်ဘက်အဖြစ်မျိုးမြင်စေရန်ဆောင်ရွက်သည့်မှားယွင်းသောဦးဆောင်မှု (misleading)သဘွယ်ဖြစ်နေသည်ကိုတွေ့ရှိရပါသည်။၎င်းအင်တာနက်စာမျက်နှာပေါ်တွင်တွေ့ရသည်အကြောင်းအရာများကို သက်ဆိုင်ရာသို့စုံစမ်းမေးမြန်းရာ ရေလုပ်ငန်းတင်ဒါကွက်များမှလည်း ၄င်းပြည်နယ်တစ်ခုတည်းသာခွဲခြားထားခြင်းမဟုတ်ပဲ မြန်မာတစ်နိုင်ငံလုံး ၏ပြည်နယ်/တိုင်းများတွင်ပါလေလံစနစ်ဖြင့်ချထားပေးကြောင်းနိုင်ငံတကာရေလုပ်ငန်းသတ်မှတ်စည်းကမ်း မြန်မာနိုင်ငံ၏ငါးလုပ်ငန်းစည်းမျဉ်းဥပဒေများအတိုင်း ရေချိုပိုင်းရေငန်ပိုင်းသတ်မှတှ်ုဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရှိရပါသည်။ပင်ချိန်ရွယ်ခဲ့သူ အဆင့်မြင်ပညာတတ်ကျွမ်းသူ၏ သင်္ကေတဘွဲ့ကိုနာမ်မရှေ့တွင်တပ်ဆင်ထားသူမှ ငါးလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ပိုင်ခွင့်တွေကို ပြည်နယ်အစိုးရကိုလွှဲပေးလိုက်ပြီးလို့ပြောပေမယ့် ဥပဒေပြုရေးက ပြည်နယ်အစိုးရလက်မှာမရှိဘူး ဟုပြော်ဆိုချက်မှာ ကျွန်တော်တို့နိုင်ငံအတွက် အသက်သွေးကြောတစ်မျှအရေးကြီးသည့်ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေ့လာရာ မနှံစပ်ရာဖြစ်နေသဖြင့် ပါဝင်တီဝင်တစ်ဦးအနေဖြင့်ကျွန်တော်ရှက်မီပါတော့သည်၊အခြေခံဥပဒေပုဒ်မ(၁၈၈)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဇယား ၂ တွင်ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါကိစရပ်များနှင့်စပ်လျဉ်း တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် တစ်စိတ်တစ်ဒေသ အတွက် သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည် ဟု အတိအလင်းဖော်ပြထားပြီး ဥပဒေပြုနိုင်သည့်ကိစရပ်များမှာ ပုဒ်မ ၂၅၄(စ)ပါ ရေချိုငါးလုပ်ငန်း ဟုပါရှိသဖြင့် တင်ဒါငါးဖမ်းကွက် ဘုံငါးဖမ်းကွက်များတွင် လိုက်စင်ဖြင့် လုပ်ကိုင်နေသည့် ငါးလုပ်ငန်းများစီမံခန့်ခွဲခွင့်ဥပဒေပြုခွင့်တို့မှာ သက်ဆိုင်ရာပြည်နယ်/တိုင်းလွှတ်တော်များတွင် သင့်တော်သလို့ ဥပဒေပြုခွင့်ရှိပြီးဖြစ်ပါသည်။ှု ကဲ့သို့ အရေးကြီးသည့်အခြေခံဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကိုပင်မသိသည့်ပါတီဥကဌဆိုသူမှာ လှမ်းဘုံလေသံနှင့်ပြောရလျှင် အံ့ရော အံ့ရော ပါဘဲဗျာ။
Post a Comment
11 comments:
တိုင်းရင်းသား တပ်မတော်တွေ အားလုံးနီးပါး ညီညွတ်မှုရလာပါပြီ။ ပြည်ထောင်စု တပ်မတော် ဖြစ်လာဖို့အတွက် စတင်ပုံပေါ်လာပါပြီ။ ရှေ့တန်းရောက်နေတဲ့ စစ်ဗိုလ်စစ်သားတွေကို မတရားတဲ့ အာဏာရှင်ဗိုလ်ချုပ်ကြီးတွေရဲ့ အမိန့်ကို ဖီဆန်ကြဖို့ ပြောကြရပါမယ်။ ညီအစ်ကိုချင်းပေါင်းစည်းကြပြီး တကယ့် ပြည်ထောင်စု တပ်မတော် တည်ဆောက်ဖို့ ကမ်းလှမ်းမှု ပြုကြရပါမယ်။ ရှေ့တန်းထွက် စစ်ဗိုလ်စစ်သားတွေက သန်းရွှေ၊ မောင်အေး ချမ်းဖို့အရေး ငါတို့တွေ လူသတ်သမား မလုပ်နိုင်ဘူး။ ငါတို့အသက်ကို အသေမခံနိုင်ဘူး ဆိုတဲ့ အမြင်မှန် ရဖို့လိုပါတယ်။ ရှေ့တန်းရောက် စစ်ဗိုလ်၊ စစ်သားတွေ ခြေပြတ် လက်ပြတ် ကျိုးကျိုး ကန်းကန်း တစ်သက်လုံးစားမကုန်အောင် ကျွေးထားမှာ မဟုတ်ပါဘူး။ သူရဲကောင်းတွေ လို့ ပြည်သူက သတ်မှတ်မှာ မဟုတ်ပါဘူး။
ရှေ့တန်းမှာ မိုင်းထိလို့ သေလည်း သန်းရွှေ မောင်အေး တို့ အုပ်စုက ခပ်ပြုံးပြုံးပါပဲ ဘီယာသောက် မပျက်ပါဘူး။ ကိုယ့်မိသားစုပဲ နစ်နာမှာပါ။ ကိုယ့်သားသမီးပဲ အဖေမရှိတဲ့ အဖမဲ့သားတွေ ဖြစ်လာမှာပါ။ ဗိုလ်ချုပ်တွေ ဘီယာသောက်ပြီး ဇိမ်းနဲ့ နေနိုင်ဖို့ အရေး ကိုယ့်သားသမီးတွေ မိဘမဲ့ကလေး၊ ဒုက္ခိတရဲ့ ကလေးတွေ ဖြစ်လာမှာ နဲ့ လဲပေးဖို့ မလိုပါဘူး။ အသက်ပေးပြီး တိုက်လို့ ရလာမယ့် အကျိုးအမြတ်က သန်းရွှေမြေး မောင်အေး မြေးတွေ ဘီယာသောက်ပြီး ဇိမ်းခံနေချိန်မှာ သင့်သားသမီးက လမ်းဘေး တောင်းစားနေရတဲ့ အဆင့် ဖြစ်သွားဖို့ပါပဲ။ မတရားတဲ့ အမိန့်ကို ဖီဆန်ကြပါ။ တိုင်းရင်းသားချင်း မဟာမိတ်ဖွဲ့ပါ။ သင့် လက်ညှိုးမကွေးတော့တာနဲ့ ပြည်တွင်းစစ်က ရပ်တန့်သွားမှာပါပဲ။ စစ်ဗိုလ်တွေလည်း သင်တို့က "ပစ်" လို့ အမိန့် မပေးတော့တာနဲ့ ပြည်တွင်းစစ် ရပ်စဲ သွားပြီးဆိုတာကို သိစေချင်ပါတယ်။ ညီညွတ်မှုတည်ဆောက်ပြီး အာဏာရှင်ကို ဖြုတ်ချကြပါစို့။ ကျွန်တော်တို့ နောင်မျိုးဆက်တွေ အတွက် ညီညွတ်မှုနဲ့ နားလည်မှု အပြည်နဲ့ ပြည်ထောင်စု တပ်မတော်ကို တည်ဆောက်ပြီး အာဏာရှင်တွေကို ဖြုတ်ချတော်လှန်ကြပါစို့။ မြန်မာပြည် အနာဂါတ် လှပ ဖို့ တိုင်းရင်းသားချင်း လက်တွဲကြပါစို့။ အာဏာရှင် အမိန့်ကို ဖီဆန်ပြီး စတင် အပစ်ရပ်ကြပါစို့။ အာဏာရှင်လက်တစ်ဆုပ်စာရဲ့ အသက်နဲ့ စစ်သားပေါင်းများစွာရဲ့ အသက် ဘယ်ဟာက ပိုတန်ဖိုး ရှိတယ် ဘယ်လို ပိုဖြစ်သင့်တယ် ဆိုတာ စဉ်းစားချိန်ရောက်ပါပြီ။ သေနတ်ပြောင်း နောက်ပြန်လှည့် ခြင်းဟာ လူအသေအပျောက် နည်းပြီး၊ သေနတ်ပြောင်းရှေ့ဖက် ဖောက် ခြင်းဟာ လူအသေအပျောက် ပိုများမှာကို မြင်နိုင်ပါတယ်။ သေနတ်ပြောင်း နောက်ပြန်လှည့်ခြင်းဟာ အာဇာနည်တွေ ဖြစ်စေနိုင်ပြီး၊ သေနတ်ပြောင်းရှေ့ဖက်ဖောက်ခြင်းဟာ စစ်ရာဇဝတ်ကောင်တွေ ဖြစ်စေနိုင်ပါတယ်။ သေနတ်ပြောင်း နောက်ပြန်လှည့်ခြင်းဟာ မြန်မာပြည် အနာဂါတ် ရွှေရောင်သမ်း ဖို့ ဖြစ်ပြီး၊ သေနတ်ပြောင်း ရှေ့ဖက်ဖောက်ခြင်းဟာ ပြည်တွင်း စစ်ကို ဦးတည်စေပါတယ်။
ခုတိုက်နေတဲ့ စစ်ဟာ တိုင်းပြည်ကာကွယ်နေတဲ့ စစ်မဟုတ်ပါဘူး။ အာဏာရူးစစ်ဗိုလ်ချုပ်တွေရဲ့ စစ်ဗိုလ်၊ စစ်သားနဲ့ တကွ မြန်မာတစ်မျိုးသားလုံးကို စစ်ကျွန်ပြုရေးပဲ ဖြစ်ပါတယ်။
တိုင်းရင်းညီအစ်ကို တစ်တွေ နားလည်မှုတွေ၊ ညီညွတ်မှုတွေနဲ့ ပြည်ထောင်စု တပ်မတော်ကို တည်ဆောက်ပြီး အာဏာရှင်လူတစ်စုကို တော်လှန်ကြပါစို့။
ရှေ့တန်းရောက်စစ်သားတစ်ယောက်က သူ့လက်ညှိုးလေး မကွေးတော့တာနဲ့ ပြည်တွင်းစစ် စတင်ရပ်စဲပါပြီ။ ရှေ့တန်းရောက် စစ်ဗိုလ်တစ်ယောက်က ပစ်မိန့် မပေးတော့တာနဲ့ ပြည်တွင်းစစ် စတင်ရပ်စဲပါပြီ။ မတရားတဲ့ အထက်အမိန့်ကို ဖီဆန် ကြပါစို့။
သေနတ်ပြောင်း နောက်ဖက်လှည့်ခြင်းဟာ မြန်မာပြည်ရဲ့ သူရဲကောင်း အာဇာနည်ဖြစ်စေနိုင်ပြီး ရှေ့ဖတ်ဖောက်ခြင်းဟာ စစ်ရာဇဝတ်မှုကို ဖြစ်စေတယ် ဆိုတာ သိစေချင်ပါတယ်။
သေနတ်ပြောင်း နောက်ပြန်လှည့်ခြင်းဟာ မြန်မာနိုင်ငံရဲ့ အနာဂါတ်ကို ရွှေရောင်သမ်း စေပြီး၊ သေနတ်ပြောင်းရှေ့ဖက် ဖောက်ခြင်းဟာ ပြည်တွင်း စစ်ကို ဦးတည်စေပါတယ်။ မိဘမဲ့ ကလေးတွေ၊ ဒုက္ခိတတွေ အများကြီး ဖြစ်လာဖို့ ဖြစ်တယ်ဆိုတာကို သိစေချင်ပါတယ်။
တပ်မတော်သားတွေ အားလုံး အသေအပျောက်နည်းတဲ့ အာဏာရှင် ဖီဆန်းရေးကို လုပ်ပြီး တိုင်းပြည်သူရဲကောင်းတွေ အာဇာနည်တွေ ဖြစ်လာစေချင်ပါတယ်။
တိုင်းရင်းသားညီအစ်ကို တစ်တွေနဲ့ နားလည်မှုအပြည့်၊ ညီညွတ်မှုအတိ နဲ့ ပြည်ထောင်စု တပ်မတော် တည်ဆောက်ဖို့ အတူတကွ လက်တွဲကြပါစို့။ အာဏာရှင်တွေကို တော်လှန်ပုန်ကန်ပြီး မြန်မာပြည်ရဲ့ ရွှေရောင် နေ့သစ်တွေကို ဖန်တီး ကြပါစို့။ အာဏာရှင်တွေရဲ့ လက်ဝါးကြီးအုပ် ဗိုလ်ကျ စိုးမိုးမှု၊ ကျွန်ပြုထားမှုမှ စစ်ဗိုလ်၊ စစ်သား နဲ့ တကွ သူတို့ရဲ့ ရင်သွေး သားသမီးတွေပါမကျန် တစ်တိုင်း တစ်ပြည်လုံး လွှတ်မြောက်ဖို့ အာဏာရှင်တော်လှန်ရေးကို ဆင်နွဲကြပါစို့။
မတရားတဲ့ အမိန့်ကို ဖီဆန် ကြပါစို့။
DREAM, DREAM, DREAM,
ကျွန်တော်တောသားတစ်ယောက်ဖြစ်ပါတယ် ရေလုပ်ငန်းနှင့်ပတ်သက်ပြီးတော့လည်းအတွေ့အကြုံဗဟုသုတရှိပါသည်၊၊ပြောစရာအကြောင်းတွေ့လာသဖြင့်
ပြည်သူလူထုအကျိုးငှားရေးသားလိုက်ခြင်းဖြစ်ပါတယ်။အကြောင်းကတော့ ၄-၉-၂၀၁၁ရက်နေ့အင်တာနက်စာမျက်နှာပေါ်တွင်တွေ့လိုက်ရတဲ့ “မြန်မာအစိုးရ ရခိုင်ပြည်နယ်ပေါ်ခွဲခြားဖိနှိပ်နေကြောင်းပြည်သူ့လွှတ်တော်တွင်ဆွေးနွေးခဲ့သည့်အကြောင်းအရာတစ်ခုကသက်သေပြ ဟူသည့်ခေါင်းစဉ်ဖြင့်ပြောသူ၏ဓါတ်ပုံနှင့်တကွ မဟုတ်မအပ် ရေးသားဖော်ပြထားသောကြောင့်ဖြစ်ပါသည်၊ ၄င်းအပြင် ယခင်ကလည်းဂျာနယ်များတွင် အဆိုပါပုဂိုလ်နှင့်ဗျူချက်များကို အတော်များများမြှောက်ပင့်ဖော်ပြကြသည်ကိုလည်းတွေ့ရဖတ်ရပါသည်။
ယခုဖော်ပြထားသည့်ခေါင်းစဉ်ကိုပင်ကြည့်ပါဘယ်လောက်များတိုင်းရင်းသားစည်းလုံးညီညွှတ်မှုကိုအနရာယ်ပြုသည့် အသုံးအနှုံးမျိုးဖြစ်ပါသည်၊ ရေးသားသူပြောသူ ၏စိတ်ရင်းအမှန်ကိုဖော်ပြနေသကဲ့သို့ဖြစ်ပါသည်။
ယနေ့လွှတ်တော်များမှဆွေးနွေးချက်များ အဆိုပြုချက်များ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကိုလည်း အငြိမ်းစားတစ်ဦးပီပီ မပြတ်လေ့လာလရှိပါသည်။ အချိုထင်သာမြင်သာသည့်ပြောင်းလဲမှုများရှိသကဲ့သို့လုပ်ဆောင်ဆဲရှိသည်များကိုလည်းတွေ့ရပါ၏ မည်သို့ဆိုစေကာမူ ယခုကဲ့သို့အချိန်တိုကာလအတွင်း တိုးတက်ပြောင်းလဲမှုများဖြစ်ပေါ်လာအေါာင် တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်အစိုးရအပေါ် မချီးကျူးဘဲမနေနိုင်ပါ သို့သော်လည်း မျက်မှန်း စိမ်းတပ်ကာ ပြည်သူ့များအဖို့မှာမူ အဖြူရောင်ကိုမြင်တွေ့နိုင်မည်မဟုတ်ပါ၊့  ကဲ့သို့ဆင်ခြင်းမဲ့စွာပြောဆိုခြင်းသည် မိမိပြည်နယ်သူ ပြည်နယ်သားများ၏ အကျိုးထက်လူထုအားဆန့်ကျင်ဘက်အဖြစ်မျိုးမြင်စေရန်ဆောင်ရွက်သည့်မှားယွင်းသောဦးဆောင်မှု (misleading)သဘွယ်ဖြစ်နေသည်ကိုတွေ့ရှိရပါသည်။
၎င်းအင်တာနက်စာမျက်နှာပေါ်တွင်တွေ့ရသည်အကြောင်းအရာများကို သက်ဆိုင်ရာသို့စုံစမ်းမေးမြန်းရာ ရေလုပ်ငန်းတင်ဒါကွက်များမှလည်း ၄င်းပြည်နယ်တစ်ခုတည်းသာခွဲခြားထားခြင်းမဟုတ်ပဲ မြန်မာတစ်နိုင်ငံလုံး ၏ပြည်နယ်/တိုင်းများတွင်ပါလေလံစနစ်ဖြင့်ချထားပေးကြောင်းနိုင်ငံတကာရေလုပ်ငန်းသတ်မှတ်စည်းကမ်း မြန်မာနိုင်ငံ၏ငါးလုပ်ငန်းစည်းမျဉ်းဥပဒေများအတိုင်း ရေချိုပိုင်းရေငန်ပိုင်းသတ်မှတှ်ုဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရှိရပါသည်။
ပင်ချိန်ရွယ်ခဲ့သူ အဆင့်မြင်ပညာတတ်ကျွမ်းသူ၏ သင်္ကေတဘွဲ့ကိုနာမ်မရှေ့တွင်တပ်ဆင်ထားသူမှ
ငါးလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ပိုင်ခွင့်တွေကို ပြည်နယ်အစိုးရကိုလွှဲပေးလိုက်ပြီးလို့ပြောပေမယ့် ဥပဒေပြုရေးက ပြည်နယ်အစိုးရလက်မှာမရှိဘူး ဟုပြော်ဆိုချက်မှာ ကျွန်တော်တို့နိုင်ငံအတွက် အသက်သွေးကြောတစ်မျှအရေးကြီးသည့်ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေ့လာရာ မနှံစပ်ရာဖြစ်နေသဖြင့် ပါဝင်တီဝင်တစ်ဦးအနေဖြင့်ကျွန်တော်ရှက်မီပါတော့သည်၊အခြေခံဥပဒေပုဒ်မ(၁၈၈)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဇယား ၂ တွင်ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါကိစရပ်များနှင့်စပ်လျဉ်း တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် တစ်စိတ်တစ်ဒေသ အတွက် သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည် ဟု အတိအလင်းဖော်ပြထားပြီး ဥပဒေပြုနိုင်သည့်ကိစရပ်များမှာ ပုဒ်မ ၂၅၄(စ)ပါ ရေချိုငါးလုပ်ငန်း ဟုပါရှိသဖြင့် တင်ဒါငါးဖမ်းကွက် ဘုံငါးဖမ်းကွက်များတွင် လိုက်စင်ဖြင့် လုပ်ကိုင်နေသည့် ငါးလုပ်ငန်းများစီမံခန့်ခွဲခွင့်ဥပဒေပြုခွင့်တို့မှာ သက်ဆိုင်ရာပြည်နယ်/တိုင်းလွှတ်တော်များတွင် သင့်တော်သလို့ ဥပဒေပြုခွင့်ရှိပြီးဖြစ်ပါသည်။
ှု ကဲ့သို့ အရေးကြီးသည့်အခြေခံဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကိုပင်မသိသည့်ပါတီဥကဌဆိုသူမှာ လှမ်းဘုံလေသံနှင့်ပြောရလျှင် အံ့ရော အံ့ရော ပါဘဲဗျာ။
Post a Comment