Thursday, July 7, 2011

အသက် (၂၅) နှစ်မှာ ဂုဏ်ရောင်သုံးထပ်နဲ့ လူ (ဆဲဗင်းဂျူလိုင် အမှတ်တရ)

အသက် (၂၅) နှစ်မှာ ဂုဏ်ရောင်သုံးထပ်နဲ့ လူ
ဂါမဏိ

မိတ်ဆွေ ... ... ခင်ဗျား အသက် (၂၅) နှစ်တုန်းက ဘာလုပ်ခဲ့ပါသလဲ။
ခင်ဗျားအသက် (၂၅) နှစ်တုန်းက ဘာ ဖြစ်ခဲ့ပါသလဲ။
ခင်ဗျားသားသမီး အသက် (၂၅) နှစ်မှာ ဘာလုပ်နေပါသလဲ။ ဘာဖြစ်နေပါသလဲ။
ညီ ညီမတို့ ... ... ဒါမှမဟုတ် သားတို့ သမီးတို့ ... ... မင်းတို့အသက် (၂၅) နှစ်မှာ ဘာလုပ်နေသလဲ။ ဘာဖြစ်နေသလဲ။ ဒါမှမဟုတ် အသက် (၂၅) နှစ်ရောက်ရင် ဘာလုပ်မလဲ။ ဘာဖြစ်မလဲ။
*******
ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာမယ့် ကိုအောင်ဆန်းဟာ အသက် (၂၅) နှစ်မှာ ပြည်ပကို စွန့်စွန့်စားစားနဲ့ တရား မဝင်ထွက်ခွာပြီး ဂျပန်ပြည်မှာ လွတ်လပ်ရေးတပ်မတော်ကို မျိုးစေ့ချခဲ့ပါတယ်။ ပထမလွတ်လပ်ရေးရဖို့ လမ်း ဖောက်နိုင်ခဲ့တယ်။ အသက် (၃၁) နှစ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ပြီး ပထမလွတ်လပ်ရေးကို မမြင်ရခင် အ သက် (၃၂) နှစ်မှာ ကျဆုံးခဲ့ရပါတယ်။
*******
ကျနော့်သူငယ်ချင်းကတော့ ... အသက် (၂၅) နှစ်မှာ ကြိုးစင်ပေါ်ရင်ကော့တက်သွားခဲ့ပါတယ်။ ဒုတိယလွတ် လပ်ရေးအတွက် လမ်းဖောက်နေရင်း ဒုတိယလွတ်လပ်ရေးကို မမြင်ရခင် လမ်းခုလတ်မှာ အသက်စွန့်သွားခဲ့ တာပါ။
*******
ဟုတ်ကဲ့ ... သူ လူတယောက်မှ မသတ်ခဲ့ဖူးပါဘူး။ ဘယ်အိမ်ကိုမှလည်း ဗုံးမခွဲခဲ့ဖူးပါဘူး။
ဟုတ်ကဲ့ ... သူ သူတပါးပစ္စည်းကိုလည်း မတရားမယူခဲ့ဖူးပါဘူး။ သူတပါးထိခိုက်နစ်နာအောင် လိမ်ညာခဲ့တာ လည်း မရှိခဲ့ပါဘူး (သူတပါး မထိခိုက်ရအောင် စစ်ထောက်လှမ်းရေးကို လိမ်ပြောတာတော့ ရှိခဲ့ပါလိမ့်မယ်)။ သူတပါး သားမယားကိုလည်း မပစ်မှားခဲ့ပါဘူး။

သူဟာ ကျောင်းသားတယောက်ပါ။ သတ္တဗေဒအဓိကနဲ့ ပညာသင်နေတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတ ယောက်ပါ။ ဒါပေမယ့် ... ... ... သူ ... အသက် (၂၅) နှစ်မှာ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သေဒဏ် ပေးခံရတယ်။
*******
ဟုတ်ကဲ့ ... သူ့ရဲ့ တခုတည်းသော ‘ပြစ်မှု’ ကတော့ ... စစ်အာဏာရှင်ကို သဲသဲမဲမဲ ဆန့်ကျင်မှုဖြစ်ပါတယ်။ မြန်မာပြည်သူတွေကို သဲသဲမဲမဲ ချစ်မြတ်နိုးမှုဖြစ်ပါတယ်။ သူဟာ ကျောင်းသားတယောက်အနေနဲ့ ... ကျောင်း သားအခွင့်အရေး ဒီမိုကရေစီအခွင့်အရေးအတွက် ကျောင်းသားသပိတ်တွေမှာ ပါခဲ့တယ်။ တတပ်တအားနဲ့ ဦး စီးဦးဆောင်ဝင်နွှဲခဲ့ပါတယ်။ မှတ်မှတ်ရရ ကျောင်းသားသပိတ် (၃) ခုကို ဖောက်ခွဲရှေ့ဆောင်ခဲ့ပါတယ်။ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်ဈာပန ကျောင်းသားသပိတ်၊ ၁၉၇၅ ဇွန် အလုပ်သမားသတ်ပွဲ နှစ်ပတ်လည် ရွှေတိဂုံကျောင်း သားသပိတ်၊ ၁၉၇၆ မတ် သခင်ကိုယ်တော်မှိုင်းရာပြည့် ကျောင်းသားသပိတ်တွေဟာ ကိုတင်မောင်ဦးကို သိက္ခာသုံးထပ်တင်ပေးခဲ့ပါတယ်။

တကယ်တော့ ကျောင်းသားက ကျောင်းသားသပိတ်မှောက်တာ ဘာမှမဆန်းပါဘူး။
ဆန်းတာက ကျောင်းသားကို သေဒဏ်ပေးတာပါ။
အသက် (၂၅) နှစ်အရွယ် ကျောင်းသားတယောက်ကို သေဒဏ်ပေးတာက ဆန်းနေပါတယ်။ ကမ္ဘာမှာ ရှိမယ် မထင်ပါဘူး။
*******
ကိုတင်မောင်ဦးကို ပြည်ပြေးသောင်းကျန်းသူ အဖျက်သမားလို့ စွပ်စွဲပြီး သတ်လိုက်တာ ဖြစ်ပါတယ်။
‘နိုင်ငံတော်’ကို သစ္စာဖောက်တယ်လို့ စွပ်စွဲပြီး စစ်ခုံရုံးက နေ့ချင်းပြီး အမှုစစ် သေဒဏ်စီရင်ချက်ချလိုက်တာ ဖြစ်ပါတယ်။

ဟုတ်ပါတယ် ... သူဟာ ထိုင်းနယ်စပ်အခြေစိုက်တဲ့ ပီဒီပီ သို့မဟုတ် ပြည်ချစ်တပ်မတော်အဖွဲ့ဆီ သွားရောက် ဆက်သွယ်ပြီး စစ်သင်တန်းတက်ခဲ့တယ်။ လက်နက်အကူအညီယူခဲ့တယ်။ ဒါပေမယ့် သူဟာ 'ပီဒီပီ' အဖွဲ့ဝင် သို့မဟုတ် ‘ပြည်ချစ်တပ်မတော်သား’ အဖြစ် မရပ်တည်ခဲ့ပါဘူး။ လက်နက်ကိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အ ဖြစ်ပဲ ရပ်တည်ခဲ့ပါတယ်။ ကျောင်းသားတိုက်ပွဲ-လူထုတိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲ-လက်နက်ကိုင်တော် လှန်ရေးနဲ့ ပေါင်းစပ်ဖို့ ကြိုးပမ်းခဲ့ခြင်းသာဖြစ်ပါတယ်။

ဒီကနေ့ ABSDF နဲ့တကွ စစ်မှန်တဲ့ တော်လှန်ရေးအင်အားစုအားလုံးလိုလို လက်ခံထားတဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်ရေးမူကို ကိုတင်မောင်ဦးက ကျောင်းသားတယောက်အဖြစ် ပထမဆုံး လက် တွေ့အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ (လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်နိုင်ဖို့ ကိုတင် မောင်ဦး သွားရောက်ဆက်စပ်ခဲ့တဲ့ ပီဒီပီအဖွဲ့ကြီးရဲ့ ထာဝရခေါင်းဆောင်ကြီး ဦးနုကတော့ ကိုတင်မောင်ဦး ကြိုးပေးခံရပြီး ၄ နှစ်အကြာမှာ ကိုတင်မောင်ဦးကို ကြိုးပေးခဲ့သူတွေထံ ဒူးထောက်အညံ့ခံသွားခဲ့တာကတော့ ကံကြမ္မာရဲ့ သရော်ချက်ပါပဲ။)

ကျောင်းသားဆိုတာ ဘယ်သူ့နောက်လိုက်မှမဟုတ် … ဘယ်သူ့သြဇာမှမခံပါ။
*******
ဒါ့အပြင် သူဟာ လူမျိုးကို အခြေမခံတဲ့ ကျောင်းသားတယောက်လည်းဖြစ်ပါတယ်။ မျိုးရိုးဗီဇအားဖြင့် ချင်း တိုင်းရင်းသားတယောက်ဖြစ်ပေမယ့် သူ့ခေါင်းထဲမှာရှိတာက စစ်အာဏာရှင်ကို ခြွင်းချက်မရှိ ဖြုတ်ချရေးဖြစ်ပါ တယ်။ တနိုင်ငံလုံးအရေး ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားအရေးမဟုတ် … ချင်းပြည်နယ်အရေးမဟုတ် … တ နိုင်ငံလုံးမှာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ဖို့အရေးဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံ့ဗဟိုချက် ရန်ကုန်မြို့တော် မှာ လူထုတိုက်ပွဲတွေကို ဖောက်ခွဲခေါင်းဆောင်ခဲ့တာဖြစ်ပါတယ်။ တနိုင်ငံလုံးကို ဦးဆောင်မှုပေးဖို့ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းခဲ့တာ တိုင်းရင်းသားထဲမှာ ကိုတင်မောင်ဦးအပြင် နောက်ထပ် ဘယ်နှစ်ယောက်များရှိပါသလဲ။ ဒီက နေ့ တိုင်းရင်းသားခေါင်းဆောင်တွေရော ဗမာနိုင်ငံရေးသမားတွေပါ ရှက်တတ်ရင် လဲသေဖို့ကောင်းပါတယ်။

ချင်းတယောက်ဖြစ်ပေမယ့်၊ ပီဒီပီမှာ စစ်သင်တန်းတက် လက်နက်ယူလာခဲ့ပေမယ့် သူဟာ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားတယောက်အဖြစ်ပဲ ရပ်တည်သွားခဲ့သူဖြစ်ပါတယ်။ ပြည်ပြေးမဟုတ်၊ ပီဒီပီမဖြစ်ပါ။ တော်လှန် တဲ့ ကျောင်းသားတယောက်အဖြစ် ကြိုးစင်ကို ရဲရဲတက်သွားသူဖြစ်ပါတယ်။ စစ်အာဏာရှင်ကို ဒူးမထောက် ဘဲ အသက် (၂၅) နှစ်မှာ လူ့ဘဝက ဂုဏ်ကျက်သရေထွန်းပစွာ ထွက်ခွာသွားသူဖြစ်ပါတယ်။
*******
ကိုတင်မောင်ဦးကို ကြိုးပေးချိန်မှာ ကျနော်တို့ကျောင်းသားတွေဟာ အင်းစိန်ထောင်ထဲ အစာငတ်ခံတိုက်ပွဲ တွေ ဝင်ထားပြီးချိန်ဖြစ်ပါတယ်။ အင်းစိန်ထောင် (၃) ဆောင်မှာလည်း ထောင်အာဏာပိုင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင် သွေးချောင်းစီးရိုက်ပွဲဆင်ထားပြီးချိန် ဖြစ်ပါတယ်။ သရက်ထောင်မှာလဲ အကျဉ်းစံကျောင်းသားတွေ က ထောင်ကို စီးနင်းသိမ်းပိုက် ဆန္ဒပြခဲ့ချိန်ဖြစ်ပါတယ်။

တနည်းအားဖြင့် ကိုတင်မောင်ဦးအတွေးအခေါ်အတိုင်း စစ်အာဏာရှင်တွေကို ဘယ်နေရာမှ ဒူးမထောက်ဘဲ အကြမ်းမဖက် လူထုတိုက်ပွဲနည်းဖြစ်တဲ့ အစာငတ်ခံတိုက်ပွဲရော၊ အကြမ်းပတမ်းတိုက်ပွဲနည်းဖြစ်တဲ့ ရင်ဆိုင် ရိုက်ပွဲ ထောင်ထပွဲတွေကိုပါ ဆင်နွှဲထားကြချိန်ဖြစ်ပါတယ်။ ဒါ တိုက်ဆိုင်မှုမဟုတ် … ကျောင်းသားတွေရဲ့ အ သွေးအသားထဲ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေတဲ့ မတရားမှုတွန်းလှန်ရေး ဗီဇအတွေးအခေါ်၊ စစ်အာဏာရှင်ကို ဒူးမထောက်ရေးဝိညာဉ် ပုံမှန်တန်ခိုးပြ ထကြွမှုသာဖြစ်ပါတယ်။
*******
ဒါတွေကြောင့် ကျောင်းသားတွေဟာ ၁၉၆၂ ခု ဇူလိုင် (၇) ရက်မှာ စစ်အာဏာရှင်တွေရဲ့ သတ်ဖြတ်မှုကို ပထ မဆုံး ခံခဲ့ကြရပါတယ်။ ၁၉၅၈ အာဏာသိမ်းပွဲ၊ ၁၉၆၂ နဲ့ ၁၉၈၈ အာဏာသိမ်းပွဲတွေကို ပထမဆုံးဆန့်ကျင်ခဲ့ ကြသူတွေ၊ စစ်အာဏာရှင်စနစ်ကို တောက်လျှောက်တိုက်ပွဲဝင်ခဲ့သူတွေ ဖြစ်ခဲ့ကြပါတယ်။ အပေးအယူမလုပ် စတမ်း မစေ့စပ်စတမ်း သို့မဟုတ် အပစ်အခတ်ရပ်စဲရေး မလုပ်စတမ်း တိုက်ပွဲဝင်ခဲ့သူတွေ ဖြစ်သလို လူထု တိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်ရေးကို အရင်ဆုံး သဘောပေါက်ခဲ့သူတွေလည်း ဖြစ်ပါတယ်။

ဒီသဘောတရားအောက်မှာ ၇၄ မျိုးဆက်ကျောင်းသား ကိုတင်မောင်ဦးဟာ (၇) ရက် ဂျူလိုင် ကျောင်းသား သတ်ပွဲ (၁၄) နှစ်မြောက် နှစ်ပတ်လည်မတိုင်မီ (၁၀) ရက်အလိုမှာ ထီမထင် အသက်ပေးသွားခဲ့သလို ၆၂ မျိုး ဆက်ကျောင်းသား ကိုအုံးကျော်မြင့်လည်း ၁၉၇၆ ခုထဲမှာပဲ ရဲရဲကြီးကြိုးစင်တက်သွားခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား မင်းကိုနိုင်နဲ့ သူ့ရဲဘော်တွေဟာလည်း အခုအခါ ထောင်ဒဏ် (၆၅) နှစ်တွေကို အပြုံးမပျက် စား သုံးနေကြပါတယ်။ မျိုးဆက်တွေပြောင်းသွားလည်း ခံယူချက်က ကျောက်ဆိုင်ကျောက်သား …
*******
ကျောင်းသားဆိုတာ ဘယ်သူ့နောက်လိုက်မှမဟုတ် … ဘယ်သူ့သြဇာမှမခံပါ … ဘယ်တော့မှ အာဏာရှင်ကို ဒူးမထောက်ပါ။
*******
အို … လူအပေါင်းတို့ … ကျောင်းသားဝါဒကို ကောင်းစွာမှတ်သားကြလေကုန်။

ဂါမဏိ
(၁၉၆၂၊ ဇူလိုင် ၇ ရက်တွင် ကျဆုံးသွားသော ကျောင်းသားများကို ဂုဏ်ပြုရေးဖွဲ့ပါသည်။)

5 comments:

လက်ဖက်မြေ said...

ဆရာဂါမဏိ...
လက်သံပိုပြောင်လာသလိုပါပဲ.
စာဖတ်အားတော့မလျော့နဲ့နော်..
အဝေးရောက်ဆရာတွေခိုင်းတဲ့စီမံကိန်းလဲ လုပ်ပေါ့.
စာလဲဖတ်ပေါ့။

ကိုယ်ရေးပြီးသားစာကိုလည်းပြန်ဖတ်ကြည့်ပေါ့။
ဒါပေမဲ့ လဲတော့မသေလိုက်နဲ့အုံး.
စာဆက်ရေးပါအုံး.
မြေအောင်ပွေး အဆက်တွေထပ်ဖတ်ချင်သေးတယ်
ကိုမောင်မောင်၊ ဗဟုအဖွဲ့ အပြင် ဘယ်သူတွေကပွေးလဲ ထပ်သိချင်တယ်
ဘားမားဖန်းလဲ မြေအောင်းပွေးဆိုတာ အချက်အလက်စုံ တဲ့ ဆရာဂါမဏိ သိတာပေါ့နော်..
အဝေးရောက်ကုလဒေါက်ချာ ရွှေဘောတော်ညှိုးမှာစိုးလို့မရေးတာ ... ဟုတ်တယ်ဟုတ်. ဘားမားဖန်းနဲ့ဗဟု က အတူတူပါပဲနော် ဆရာအောင်စိုး=ဂါမဏိ (ပန်းနုရောင်ရင့်ရင့်)

ko said...

အသက် ၂၅ နှစ်အရွယ် ကျောင်းသားကို နိုင်ငံတကာမှာ ဘယ်သေဒဏ်ပေးမလဲ နိုင်ငံတစ်ကာမှာ ၂၅က ကျောင်းသားမှမဟုတ်တော့တာ ဘဘကျောင်းသားများရဲ့

ရွှေတုတ် said...

ွဆရာဂါမဏိကြီး သူများကို မြှောက်ပေးနေ... ကိုယ်ရောသူတို့လို အသေခံပြီးလုပ်လို့လား။ အစိုးရဆန့်ကျင်ရေးလုပ်တယ်။ သေဒဏ်ပေးခံရမယ့်၊ ထောင်ကျမယ့်အလုပ်တွေသိသိကြီးနဲ့လုပ်တယ်။အဲ့ဒီတော့အစိုးရကအရေးယူတယ်။ ပြီးတော့ သေတယ်။ တချို့ထာင်ကျတယ်။ ဘာများထူးဆန်းလို့တုံး။ အထူးတလည်မြှောက်
ပေးနေ သးတယ်။ ဘာမှလည်း မထူးဘူး။ အခုအချိန်အထိ စစ်တပ်ကဘဲ အုပ်ချုပ်နေတုံးဘဲ။ အဲ့ဒါကို ထပ်ပြီးထောင်ထဲရောက်၊အောင်သေအောင် နိုင်ငံခြားမှာနေပြီး သူရဲကောင်းလုပ်ပြနေတာပါလား။ ချီးကျူးတယ်ဆရာဂါရေ....

yoo said...

ဒါဆိုလဲ..

"ကျောင်းသားဆိုတာ ဘယ်သူ့နောက်လိုက်မှမဟုတ် … ဘယ်သူ့သြဇာမှမခံပါ"..လို့  ဆိုပါလား။

ဒါဆိုလဲ..ပြီးရော။
ဖတ်ပြီး မေ့လိုက်ပြီ။
ဘယ်သူ့နောက်မှ လိုက်တော့ဘူး။
ဘယ်သူ့သြဇာမှမခံတော့ဘူး။

Nga Sanay said...

ကျနော်လည်း ခေတ်အဆက်ဆက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတယောက်ပါ။
၆၂၊ ၆၉၊ ၇၄၊ ၇၆၊ ၈၈၊ ၉ ၆၊ ၂၀၀ရ မှာပါဝင် ဆင်နွှဲခဲ့တဲ့ ကျောင်းသားအားလုံးကို ဦးညွှတ် လေးစားပါတယ်။ နောင်လာမဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေကို ဋ္ဌကိုဆိုပါတယ်။

တိုင်းပြည်တပြည်ရဲ့ အနာဂတ်နဲ့ ပြောင်းလဲမှုဟာ လူငယ်တို.ရဲ့ ပြတ်သာတဲ့ ခံယူချက်နဲ. အမှန်တရားအတွက် စွန်.လွှတ်ရဲတဲ့ စိတ်ဓါတ်ပေါ် မူတည်တယ်။

ဒါပေမဲ့ အစွန်းမရောက်ဖို. အရေးဋ္ဌကီးပါတယ်။ တော်လှန်ရဲတာ။ စွန်.လွှတ် အနစ်နာခံရဲတာက တပိုင်း။ တိုင်းပြည်ကို စီမံခန်.ခွဲအုပ်ချုပ်တာ ဒါမှမဟုတ် လက်နက်ကိုင် တော်လှန်ရေးတရပ်ကို ဆင်နွှဲတာက တပိုင်း မတူပါဘူး။

ပြည်သူတွေရဲ. လက်တွေ.ဘ၀ကို ဦးဆောင်နိုင်ဘို.ရာ၊ ပြတ်သားတာ၊ စွန်.လွှတ်ရဲတာ တခုထဲနဲ့. မရတော့ပါဘူး။

နိုင်ငံခေါင်းဆောင်အချို.ဟာ ကျောင်းသားလှုပ်ရှားမှုကနေတက်လာပြီး၊ ရင့်ကျက်မှုနဲ.လေ့လာမှုတွေပေါင်းစပ်မှ
နိုင်ငံခေါင်းဆောင်တွေဖြစ်လာဋ္ဌကပါတယ်။

တလွဲဆံပင်ကောင်းပြီး၊ ကျောင်းသားကွဆိုပြီး ထင်ရာစိုင်းလို.ကတော့ မြောင်းထဲတင်မကဘူး။ ချီးတွင်းထဲရောက်သွားပါလိမ့်မယ်။

အစွန်းရောက်မှုများကို ရှောင်နိင်ဋ္ဌကပါစေ။
အသက်ပေးခဲ့ရသော ၇ဇူလိုင်ကျောင်းသားများကို ဦးညွှတ်လျှက်။

ငစနေ