Thursday, July 7, 2011

လိုနေတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ ... (ဆဲဗင်းဂျူလိုင် အမှတ်တရ)

လိုနေတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ ...
မောင်ချင့်ချိန်

ဗမာပြည်နိုင်ငံရေးအခြေအနေကို လေ့လာကြည့်ရင် စစ်အာဏာရှင်တွေကို ထိပ်တိုက်ရင်ဆိုင် တွန်းလှန်တိုက် ပွဲဝင်မှုတွေ နည်းပါးနေသလို ယူနီဖောင်းချွတ်ပြထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်တပ်ရဲ့လက်ကိုင်တုတ် ကြံ့ဖွတ်တွေက စစ်အာဏာရှင်စနစ်ကို သက်တမ်းတိုးဖို့ အစိုးရသစ်အမည်ခံပြီး နိုင်ငံတကာအလယ်မှာ ဝင်ဆံ့ အောင် တည်ဆောက်နေတာ တွေ့နေရပါတယ်။

သန်းရွှေနဲ့ စစ်အုပ်စု ကြီးစိုးချယ်လှယ်တဲ့ ပုံသဏ္ဍာန်ကနေ အရပ်သားအစိုးရအဖြစ် သိန်းစိန်နဲ့ စစ်ဗိုလ်ချုပ်တ စု အရပ်ဝတ်လဲပြီး အတုအယောင် ရွေးကောက်ပွဲနဲ့ လွှတ်တော်တရပ် ဖွဲ့စည်းခဲ့တဲ့ ကစားကွက်ကို ဘယ်နိုင်ငံ ရေးပါတီအဖွဲ့အစည်းကမှ ထိထိရောက်ရောက် ဟန့်တားတိုက်ပွဲဝင်မှုမလုပ်နိုင်ခဲ့ပါဘူး။ အစိုးရသစ်လို့ စစ်အုပ် စု လက်ခမောင်းခတ်ရပ်တည်နေချိန်မှာ လက်နက်ကိုင်အင်အားစုတွေအပိုင်းမှာသာ အပစ်အခတ်ရပ်စဲမှု ပျက် တာ၊ နယ်ခြားစောင့်တပ်အဖြစ်ကနေ တော်လှန်ရေးတပ်အဖြစ် ပြန်ရပ်တည်တာ၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေအရှိန်မြှင့်ပြီး မြို့တွင်းစစ်ဆင်ရေး ထိုးဖောက်ဆင်နွှဲတာတွေအထိ ရှိလာခဲ့ပေမယ့် ပြည်တွင်းနိုင်ငံ ရေးအဖွဲ့တွေအနေနဲ့တော့ စစ်အုပ်စုကို တွန်းလှန်ဖို့ ဘယ်လိုနိုင်ငံရေးလမ်းကြောင်းပုံသဏ္ဍာန် တည်ဆောက် တာကိုမှ မတွေ့ခဲ့ရပါဘူး။

လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ဟန်ချက်ညီ ပေါင်းစည်းနိုင်ဖို့ လိုတယ်လို့ လက်နက်ကိုင်လမ်းစဉ်မှာ လျှောက်လှမ်းနေသူတွေက ယုံကြည်ထားကြပေမယ့် ပြည်တွင်းအင်အားစုတွေအနေနဲ့က လက်နက်ကိုင်လမ်း စဉ်ကို အကြမ်းဖက်လုပ်ငန်းတွေလို့ သဘောထားနေတာတွေ့ရပါတယ်။ ဗုဒ္ဓဘာသာရာဇဝင်မှာ ဘုရားလောင်း ဝေဿန္တရာမင်းကြီးဖြစ်စဉ်အခါက လှူလိုက်တဲ့ သားနဲ့သမီးကို ပုဏ္ဏားယောင်ဆောင်ထားတဲ့ သကြားမင်းက ရိုက်တော့ ဒေါသစိတ်ဖြစ်ပြီး ဓားထဆွဲတယ်လို့ အထင်ကရ ပါရှိပါတယ်။ အဲဒီလို ဘုရားလောင်းတောင်မှ လှူ ပြီးသား ရင်သွေးအတွက် လက်နက်နဲ့ဖြေရှင်းဖို့ စိတ်ကူးမိသေးရင် ရင်သွေးတွေ အသတ်ခံရ၊ မိသားစုတွေ တ ကွဲတပြားဖြစ်၊ ဘဝတွေပျက်၊ ကိုယ်လက်အင်္ဂါတွေဆုံးရှုံး ဖြစ်ရတဲ့အထိ စစ်အုပ်စုရဲ့ မတရား နှိပ်စက်အနိုင် ကျင့်မှုကို ခံနေရတဲ့ ပုထုဇဉ်လူသားတွေက လက်နက်နဲ့ ခုခံတော်လှန်ဖို့ ကြိုးစားကြတာ သဘာဝကျတဲ့ အ ကြောင်းအရာပဲ မဟုတ်ပါလား။

လူထုတိုက်ပွဲတွေ ဆင်နွှဲတိုင်း စစ်တပ်နဲ့ လုံထိန်းတွေက အကြမ်းဖက် ဖြိုခွဲတဲ့အချိန် တွေ့ရာအုတ်ခဲနဲ့ ကောက် ထု တုံ့ပြန်ဖို့ ကြိုးစားကြတာ ပြည်သူ့ဆန္ဒအစစ်အမှန်ဆိုတာ သတိထားမိကြဖို့လိုပါတယ်။ အဲဒီလို ပြည်သူတွေ ရဲ့ လက်တွေ့ဘဝနဲ့ ဆန္ဒကိုမမြင်ဘဲ ကိုယ်ထင်ရာကိုယ်ပြောနေသမျှ စစ်အုပ်စုက ခေါင်းထောင်နေဦးမှာပါပဲ။ မဟော်သဓာဇာတ်တော်ထဲက သားတရားစီရင်ခန်းလို အမေရင်းမို့သားလေးနာမှာစိုးလို့ လွှတ်ပေးလိုက်တယ် ဆိုတာမျိုးက မဟော်သဓာလို ကြားဝင်စေ့စပ်ပေးမယ့်သူကို မျှော်တဲ့အတွေးအခေါ်မျိုးသာဖြစ်ပြီး ခုခေတ်မှာ တော့ သားဘီလူးလက်ပါပြီး အစားခံလိုက်ရမှာပါ။ တကိုယ်လုံးပါပြီး အသက်သေမှာထက်စာရင် လက်တ ဘက်ပြုတ်သွားတာက တော်သေးတာမို့ ဘီလူးလက်အပါမခံဘဲ မရရအောင် ပြန်စွဲမယ်ဆိုတဲ့ အတွေးမျိုးနဲ့ စစ်အုပ်စုလက်ထဲက ဗမာပြည်ကို ပြန်ဆွဲလုကြရမှာပါ။

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်ဆိုတဲ့ သီချင်းလေးကို ကြားယောင်မိပါတယ်။ ငြိမ်းချမ်းစေချင်ပါတယ်လို့ လေလှိုင်းနဲ့ စာရွက်တွေပေါ်ကနေပြောနေပေမယ့် တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်တိုက်ပွဲတွေ ဖန်တီး ပြီး ပြည်သူပေါင်းများစွာကို စစ်ဘေးဒုက္ခသည်တွေအဖြစ် အိုးအိမ်မဲ့ နိုင်ငံမဲ့ဖြစ်စေတဲ့ စစ်အုပ်စုရဲ့ တရားမဲ့လုပ် ရပ်တွေကို ဆန္ဒပြကန့်ကွက်မှုတွေ လုပ်ဆောင်ဖို့ကိုတော့ ဘယ်ပါတီအဖွဲ့အစည်းကမှ ထိထိရောက်ရောက် လုပ်ဆောင်တာ မတွေ့ရပါဘူး။

ပြည်တွင်းနိုင်ငံရေးပါတီ အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုး တိုက်ပွဲဖော်ဆောင်မှုမရှဘဲ နိုင်ငံတကာ အကူအညီကို အားထားမျှော်ကိုးနေရုံနဲ့ ဘယ်လိုတွေ့ဆုံဆွေးနွေးမှုမျိုးမှ ဖြစ်လာမှာမဟုတ်ဘူးဆိုတာကို ဖြတ် သန်းခဲ့ပြီးတဲ့ (၂၃) နှစ်တာကာလကို ပြန်တွေးသတိမူသင့်ပါတယ်။ တိုက်ပွဲဖော်ဆောင်မှုမရှိရင် ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့ မဖြစ်နိုင်သေးသလို ပြည်တွင်းစစ်ကို မီးရှိန်မြှင့်နေ တဲ့ စစ်အုပ်စုရဲ့လုပ်ရပ်တွေကိုလည်း ဘယ်လိုမှ တာဆီးနိုင်မှာ မဟုတ်ပါဘူး။

စစ်အုပ်စုရဲ့ ဖိနှိပ်မှုပုံစံအမျိုးမျိုးအောက်မှာ ရပ်တည်လုပ်ဆောင်နေကြရတဲ့ ပြည်တွင်းအင်အားစုတွေအနေနဲ့ ကိုယ်ဘာသာ အမြင်ရှင်းဖို့ အရေးကြီးပါတယ်။ ပြည်သူတွေက ကြောက်နေကြတာလား၊ ဘယ်လိုတိုက်ပွဲဝင် ကြမယ်ဆိုတာ ဦးဆောင်လမ်းပြပေးမယ့်သူမရှိလို့ အချိန်စောင့်နေကြတာလားဆိုတာ အပြန်ပြန်အလှန်လှန် သုံးသပ်စဉ်းစားကြဖို့ လိုပါတယ်။ တကယ်တမ်းမှာ အသက်ရှင်ပြီး ဘဝတွေသေနေတဲ့ ပြည်သူတွေက တိုက်ပွဲ ဝင်ဖို့အသင့်ပါပဲ။ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ပြန်ကြည့်ပါ။ စစ်တပ်က အာဏာသိမ်းပြီး (၂၆) နှစ်လုံးလုံး တော်လှန်ရေးကောင်စီကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဆိုပြီး ကျည်ဆံမိုးရွာအုပ်ချုပ်မှုကို အံ ခဲခံနေခဲ့ကြရပေမယ့် ကျောင်းသားတွေ အသေခံပြီး ကိုယ်ကျိုးစွန့်ဦးဆောင်တော့ ပြည်သူတရပ်လုံး လိုက်ပါ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ၂၀၀၇ မှာလည်း ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ၂၀၀၇ မျိုးဆက် ကျောင်းသားတွေက ပြည်သူကို ယုံကြည်မှုပေးနိုင်ခဲ့တယ်။ ထောင်ဒဏ် (၆၅) နှစ်တွေ ရင်းပြီး ပြည်သူကို နှိုး ဆွနိုင်ခဲ့တယ်။ သံဃာတော်တွေပါ အသေခံဦးဆောင်ချိန်ကျတော့ (နိုင်ငံရေးပါတီကလူတွေသာ တွေဝေနေ ပြီး) ပြည်သူတွေက လိုက်ပါခဲ့ကြတာပါပဲ။

သေနတ်ပြောင်း၊ နံပါတ်တုတ်နဲ့ အချုပ်ထောင်တွေကို ပြပြီး ဟစ်အော်ကြိမ်းမောင်းနေတဲ့ စစ်အာဏာရှင်ရဲ့ အ မိန့်သံတွေကို ဥပဒေတွေအဖြစ် လိုက်နာရင်း တိုက်ပွဲလမ်းကြောင်းပျောက်နေတဲ့အဖြစ်ကြောင့် ပြည်သူတွေ ဝေဝါးနေရတာကို တိုက်ပွဲဝင်ရဲမှ ဖိနှိပ်ခံစစ်ကျွန်ဘဝက လွတ်မြောက်မှာဆိုတဲ့ ယုံကြည်မှုပြန်တည်ဆောက် ပေးနိုင်ဖို့လိုပါတယ်။ ခုချိန်မှာတော့ ပြည်သူတွေရဲ့ လေးစားအားကိုးမှု၊ ယုံကြည်မှုကို ရဖို့ကတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးမတိုင်မီကလို ကျောင်းသားလှုပ်ရှားမှုတွေ၊ ဦးအုန်းသန်းတို့၊ ကိုထင်ကျော်တို့လို အဖမ်းခံရ မှာသိသိနဲ့ တကိုယ်တော် ရဲရဲရင့်ရင့်ဆန္ဒပြသူတွေ၊ ကိုမင်းကိုနိုင်တို့လို ရှေ့ကထွက် ဦးဆောင်မဲ့ ကျောင်းသား တွေ လိုနေတာပါပဲ။

ရှစ်လေးလုံးအရေးတော်ပုံကြီးမတိုင်မီက ခုလောက် နိုင်ငံရေးအသိတွေမရှိကြဘဲ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ပစ်သတ်ခံခဲ့ရတဲ့ RIT ကျောင်းဝန်းက မတရားမှုကြောင့် ကျောင်းသားတိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပါတယ်။ အင်းလျားကန်ဘောင်က တံတားဖြူကို တံတားနီလို့ တင်စားခေါ်ရလောက်အောင် သွေးတွေ အိုင်ထွန်းနေတဲ့ အထိ အရိုက်ခံပြီး မတရားမှုကို တုံ့ပြန်၊ မကျေနပ်မှုတွေကို ပြခဲ့တဲ့ ကျောင်းသားတွေကြောင့် တက္ကသိုလ် ကျောင်းသားတွေသာမက အခြေခံပညာကျောင်းသားတွေပါ ကျောင်းသားတိုက်ပွဲထဲမှာ ပါဝင်လာကြသလို မြေနီကုန်းအရေးတော်ပုံနေ့ (အခြေခံပညာကျောင်းသားများနေ့) လို့သတ်မှတ်ခေါ်ဆိုကြတဲ့ ဇွန်လ (၂၁) ရက် နေ့က လုံထိန်းတွေရဲ့ နံပါတ်တုတ်နဲ့ ရိုက်နှက်နှိမ်နှင်းမှုကို တက္ကသိုလ်ကျောင်းသားတွေနဲ့အတူ အခြေခံပညာ ကျောင်းသားတွေပါ ရဲရဲရင့်ရင့် ရင်ဆိုင်တုံ့ပြန်ခဲ့တာကြောင့် ပြည်သူတွေပါ ကျောင်းသားတိုက်ပွဲထဲ ပါဝင်လာခဲ့ ကြပြီး သမိုင်းတွင်မယ့် လူထုအရေးတော်ပုံကြီးဖြစ်ခဲ့တဲ့ သာဓကကို ပြန်တွေးကြည့်ရင် လက်ရှိအခြေအနေမှာ ပြည်သူတွေ ကြောက်နေကြလို့မဟုတ်ဘဲ ဦးဆောင်မယ့် ကျောင်းသားလှုပ်ရှားမှုတွေကို စောင့်နေကြတာသာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

ဖိရင်ကြွမယ် ထိရင်ချမယ်၊ ကျောင်းသားဟာ လက်သည်းဆိတ်ရင် လက်ထိပ်က နာတယ်ဆိုတဲ့ အတွေးအ ခေါ်တွေ ကျောင်းသားတွေကြား ပြန်ရောက်အောင် အရင်လုပ်ကြရမယ်ထင်ပါတယ်။ တော်လှန်ရေးမျိုးဆက် ပြတ်သည်မရှိဆိုပေမယ့် စစ်အုပ်စုရဲ့ အဆိုးရွားဆုံး နှိပ်ကွတ်နှိမ်နှင်းမှုတွေနဲ့ အာရုံလွှဲထားမှုတွေကြောင့် မျိုး ဆက်ပေါ်ထွက်မှု ကျဲနေတာမျိုးဖြစ်နေတာကို ချေဖျက်နိုင်အောင် ကြိုးစားကြပြီး ကျောင်းသားလှုပ်ရှားမှုတွေ ပေါ်ထွက်ရေးကနေ ကြံ့ဖွတ်လွှတ်တော်ဖျက်သိမ်းရေးထိ တည်ဆောက်ကြသင့်ပါတယ်။

“အမိမြေ လွတ်မြောက်ဖို့
အရိုးတွေ တောင်လိုပုံမှ ရမယ်ဆိုရင်
ကျောင်းသားအရိုးတွေက
အောက်ဆုံးအလွှာက ရှိရစေမယ်” ဆိုတာကို ယုံကြည်လျက် ...

ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသော၊ တိုက်ပွဲဝင်နေသော ကျောင်းသားအပေါင်းအား
ဦးညွတ်အလေးပြုလျက် ...

မောင်ချင့်ချိန်

3 comments:

Moe said...

အမွေလေးဘာလေး ယူကြမလား

ဘာကြောင်.လဲတော.မသိဘူး ကြောင်ချေးကတော. ခုလိုမိုးအေးအေး ဇူလိုင်လများ ရောက်ပီဆိုမှဖြင်.

လွမ်းသလိုလို ဘာလိုလို နဲ. မျက်ရည်လေး ဘာလေးတွေ တတွေတွေကျပီး ရီချင်သလိုလို ငိုချင်သလိုလို

တိုက်ချင်သလိုလို ရိုက်ချင်သလိုလို သြ၀ါဒပေးချင်သလိုလို မိန်.ခွန်းလေးဘာလေး ပြောချင်သလိုလို

အင်တာလေးဘာလေးဗျူးချင်လာသလိုလို ကြေညာချက်လေးဘာလေးထုတ်ချင်သလိုလို

ဟောပြောပွဲလေးဘာလေး စီစဉ်ချင်သလိုလို ဆွမ်းလေးဘာလေးကျွေး လူလေးဘာလေးစုပီး

ဟိုလိုလို ဒီလိုလို လုပ်ချင်သလိုလို ဘာလိုလို ပင်နီလေးဘာလေး ၀တ်ပီး လပ်လျားလပ်လျား

လမ်းသလားချင်လာသလိုလို ခမောက်လေးဘာလေးဆောင်းပီး သခင်သန်းထွန်းမျက်နှာပေါက်နဲ.

တောပြောတောင်ပြော ပြောချင်လာသလိုလို ကားမှတ်တိုင်မှာလူနဲနဲများလာရင်တောင်

အပြေးသွားပီး သခင်စိုးမျက်နှာပေါက်နဲ. ဟစ်တလာလိုမျိုးအလေးပြုခံချင်သလိုလို ဘာလိုလို

နဲ. ဘာမှထူးမလာတဲ. ဘာလိုလိုပေါင်းများစွာ ရောဂါ ရခဲ.တာဆိုရင်လဲ န၀တ တက်ခါစကအိမ်ထောင်ကျ

ခဲ.တဲ.ကြောင်ချေး အခုဆိုမြေးတောင်ရှင်ပြုလို.ရတဲ. အရွယ်ရောက်လာခဲ.ပါပီ။ နှစ်တွေ ဘယ်လောက်

ပဲကြာကြာ ဒီလ ရောက်ရင် ရောဂါက ထိန်းမနိုင်သိမ်းမရ ပြန်ပြန်ပေါ်လာတာလဲ နှစ်တိုင်းပါပဲ။

နှစ်ပေါင်းများစွာ ကြာလာတော.လဲ ရောဂါက တော်တော်လေးကို ကျွမ်းနေပါပီ။ အသက်လေးဘာလေး

လဲရ လာတော. ဒီလိုမျိုး ရောဂါသဲတဲ. အချိန်ရောက်ရင် ကိုယ်တိုင်ဘာလိုလို မလုပ်နှိုင်ပေမဲ.

၇သေ.စိတ်ဖြေ ကိုယ်.နားအနီးတ၀ိုက် က ကလေးတွေ မျိုးဆက်သစ်လေးတွေဆိုပါတော. သူတို.လေးတွေ

ကိုပဲ နည်းပေးလမ်းပြ လုပ်ပီး ရောဂါသက်သာရာသက်သာကြောင်း လေးလုပ်ယူရတယ်။ စိတ်တိုင်းတော.

တယ်မကျလှဘူးပေါ. ။စိတ်တိုင်းမကျ ပေမဲ.လဲ ဘေးကင်း၇န်ကင်း ရောဂါလေးဘာလေးသက်သာတော.လဲ

ဆက်လုပ်နေရတာပေါ.။ လက်ဆင်.ကမ်းပေးတဲ. သဘောလဲပါပါတယ်။ ယူသော်ရဧ။်ပေါ.ခင်ဗျာ။

ပညာအမွေတို. ဥစ္စာအမွေ တို. နောက်မျိုးဆက်ကို မပေးနှိုင်သော်ငြားလည်း ဘာလိုလို ရောဂါ အမွေလေး

ကိုတော.ဖြင်. မျိုးဆက်သစ် များအတွက် ကြောင်ချေးက မသေခင်ကတဲက ပေးခဲ.ပါတယ်ခင်ဗျ။

သာဓု သာဓု သာဓု ပါခင်ဗျာ။။။

ကြောင်ချေး

( အုတ်ကထ)

(ကြောင်ချေးများ ဒီမိုကရေစီ အဖွဲ.ချုပ်။ ဘိုးဘွားရိပ်သာနယ်မြေ)