Wednesday, May 25, 2011

ဒဂုံမြို့သစ်တောင်ပိုင်းမှာ အစိုးရဆန့်ကျင်ရေးစာသားတွေ မှုတ်ဆေးနဲ့ ရေး၊ အာ ဏာပိုင်တွေ လက်သည်တရားခံကို ရှာဖွေမှုပြုလုပ်

သတင်း - ဗွီအိုအေ (၂၄-၅-၂၀၁၁)
ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း ၅၄၊ ၅၅၊ ၅၆ ရပ်ကွက်တွေမှာ မေလ (၂၃) ရက် ညက ကားတွေ၊ ပြည် ခိုင်ဖြိုးပါတီရဲ့ ဆိုင်းဘုတ်တွေ အပါအ၀င် ရွှေသပြေ ကွန်ကရစ်လမ်းမကြီးတလျှောက် ပေ (၃၀၀) လောက်အ ထိ အစိုးရဆန့်ကျင်ရေး စာသားတွေကို အမည်မသိသူတွေက မှုတ်ဆေးတွေနဲ့ ရေးသားထားတာကြောင့် လုံ ခြုံရေး တင်းကျပ်စွာနဲ့ အာဏာပိုင်တွေ ရာနဲ့ချီပြီး လက်သည်တရားခံတွေကို ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။ ရပ် ကွက်နေ ပြည်သူတွေကိုလည်း ဧည့်စာရင်း စစ်ဆေးမှုတွေ တညလုံး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အရင်တုန်းကလည်း အခုလိုမျိုး အစိုးရဆန့်ကျင်ရေး စာသားများကို အနည်းအကျဉ်း ရေးသားတာ ရှိခဲ့ပေမယ့် အာဏာပိုင်တွေက အလွယ်တကူ ဖျက်တာတွေ လုပ်နိုင်ခဲ့တာကြောင့် လူသိရှင်ကြား သိပ်မဖြစ်ခဲ့ပါဘူး။ မေလ (၂၃) ရက်နေ့ ညက ရေးသားထားတဲ့ စာသားတွေကတော့ နေရာအတော်များများမှာ လုပ်ခဲ့တာကြောင့် ည တွင်းချင်းမှာပဲ အာဏာပိုင်တွေက စစ်ဆေးမှုတွေ၊ ရှာဖွေမှုတွေ အပြင်းအထန်လုပ်ခဲ့တယ်လို့ အမှတ် (၅၄) ရပ် ကွက်နေ ပြည်သူတဦးက ပြောပြပါတယ်။

ဒီလိုဖြစ်တဲ့ မေလ (၂၃) ရက် ညမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ဒဂုံက လူငယ်တွေကို အိမ်ကို လည်း ဧည်စာရင်းဝင်စစ်မှုတွေ လုပ်ခဲ့ပါတယ်။ (၂၄) ရက်နေ့ မနက်ပိုင်းမှာတော့ ဧည်စာရင်း အစစ်ခံရတဲ့ လူ ငယ်တွေဖြစ်တဲ့ တောင်ဒဂုံ အမှတ် (၅၃) ရပ်ကွက်က ကိုဇေယျနဲ့ ကိုဖိုးဇော်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မှာ ခေါ်ယူစစ်ဆေးတာတွေ လုပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံတဦးကလည်း အ ပြောပြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်တွေကတော့ ဒီလုပ်ရပ်ကို လုပ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုကြတယ်လို့ သိရပါတယ်။

လမ်းတလျှောက် မှုတ်ဆေးတွေနဲ့ ရေးထားတဲ့ အစိုးရဆန့်ကျင်ရေး စာသားတွေကို မေလ (၂၄) ရက်နေ့ ည နေအထိ ဖျက်လို့ မပြီးသေးတာကြောင့် လူအများ သွားရောက်ကြည့်ရှုနေကြဆဲလို့ ဆိုပါတယ်။ အာဏာပိုင် တွေကတော့ ဒီစာသားတွေ လိုက်ကြည်တဲ့ ပြည်သူတွေကို မောင်းထုတ်တာတွေ လုပ်နေတယ်လို့လည်း ရပ် ကွက်နေ ပြည်သူတွေက ပြောပါတယ်။

မှုတ်ဆေးတွေကို ၀ယ်ယူမယ်ဆိုရင် မှတ်ပုံတင်နဲ့ကျမှ ၀ယ်ယူလို့ ရတယ်ဆိုပြီ မကြာသေးခင် လတွေတုန်းက သတင်းထွက်ခဲ့ဖူးပါတယ်။ ဒီလိုညပိုင်းက အစိုးရဆန့်ကျင်ရေး စာသားတွေကြောင့် လုံခြုံရေးတွေကို မေလ (၂၄) ရက်နေ့ ညနေအထိ ချထားဆဲဖြစ်ပြီး ညနေပိုင်းမှာတော့ အာဏာပိုင်တွေ စတင်စုဝေးမှု ပြုလုပ်နေပြီလို့ လည်း ရပ်ကွက်နေ ပြည်သူတွေက ပြောပြကြပါတယ်။

အသံဖိုင် နားဆင်ရန် ...

2 comments:

mg said...

အစိုးရဆန့်ကျင်မှုတွေလုပ်လေ နောက်ဆုံ့းတော့ ပြည်သူတွေပဲ အနေအစားကြပ်ကြပ်နဲ့ ခံစားရတာပဲရှိတယ်။ဗုံးကွဲရင် လုံခြုံရေးပိုတင်းကြပ်ပြီး စစ်ဆေးမှုတွေများမယ်။ဒီတော့ ပြည်သူတွေပဲ ခရီးသွားလာရတာ မလွတ်လပ်ပဲ စိတ်ညစ်ရမယ်။

ပြည်သူတွေ စိတ်ညစ်အောင် ဘာလို့များ ဒုက္ခပေးနေကြသလဲမသိဘူး။အဲလိုစိတ်ညစ်လာလို့ အစိုးရအပေါ်ကို ဘာမှမမြင်ပဲ ဒီလိုလုပ်တဲ့သူတွေကိုပဲ ပိုမို မုန်းတီးလာမှာ အမှန်ပါပဲ။

သွေးသစ် said...

ငမောင်ရယ် မင်းက တော့ဒီဘလော့မှာဟာသ မင်းသား ပဲ မင်းရှိနေလို့ ဒီဒေါက်တာလွဏ်းဆွေဘလော့ ပိုပြီးစည်စည်ကားကားဖြစ်ရတယ်။
ရယ်စရာလေးတွေရေးပါဦး
ပြည်သူတွေကတော့အလုပ်ပျက်မပျက်တော့မသိရဘူး မင်းလူတွေတော်တော်များများကတော့တအိမ်တက်ဆင်းအလုပ်တွေရှုပ်ရပြီ ။