Monday, May 9, 2011

ပစ်ဦးမှာလား

ပစ်ဦးမှာလား
ဒေါင်းတမန်

အင်္ဂလိပ်လက်ထက်တုန်းက ...
ဗိုလ်သင်တန်းတခုမှာ
ဆန္ဒပြလူအုပ်ကို ဖြိုခွင်းပုံ သင်ခန်းစာကို သင်ရတော့
သင်တန်းသား ဗမာစစ်ဗိုလ်လေးတွေကို
သင်တန်းဆရာ အင်္ဂလိပ်ဗိုလ်က မေးသတဲ့ ...

“ဟောဟိုလမ်းမကြီးပေါ်မှာ
လူထုကြီး အလံတွေ ကိုင်လို့
ပါးစပ်ထဲကလည်း
အစိုးရကို ဆန့်ကျင်တဲ့စကားတွေ အော်လို့
ဟစ်လို့ ချီတက်လာနေကြတယ်
ခင်ဗျားတို့ ဘာလုပ်မလဲ”

ဗမာစစ်ဗိုလ်လေးတွေဟာ
တွေဝေသွားကြလို့
တော်တော်နဲ့ ပြန်မဖြေနိုင် ...

သူတို့မျက်လုံးထဲ မြင်ယောင်နေတာက
အနီခံကြယ်ဖြူပွင့်အလံကြီးအောက်က
ဖဆပလအဖွဲ့သားများ၊
သူတို့နားထဲ ကြားနေရတာက
“လွတ်လပ်ရေး ချက်ချင်းပေး”
“သူပုန် သူပုန် ထ ထ”
သားချင်းတွေရဲ့ အသံများ။

ပြတ်သားစေလိုတဲ့ အင်္ဂလိပ်ဗိုလ်က
တခွန်းထပ်မေးသတဲ့။

“ကဲကွာ ...
ရှေ့ဆုံးက ချီတက်လာတာက
ဦးအောင်ဆန်း တဲ့
ခင်ဗျားတို့ မပစ်ဘူးလား”

ဗမာစစ်ဗိုလ်လေးတွေဟာ
မတိုင်ပင်ထားပါဘဲ
တပြိုင်တည်း အသံကုန်ဟစ်လိုက်ကြ
“မပစ်ဘူး” တဲ့။

အဲဒီ
“မပစ်ဘူး”
“မပစ်ဘူး”
“မပစ်ဘူး” ဆိုတဲ့
အမှန်တရားနဲ့
သစ္စာတရားနဲ့
လေးနက်နေတဲ့ အော်သံဟာ
ဒီနေ့တိုင်ပဲ
ကျနော့်ရင်ထဲ ပဲ့တင်ထပ်နေလေရဲ့။

မိတ်ဆွေရေ ...
မနာခံသင့်တဲ့ အမိန့်ဆိုတာ
ဖီဆန်ကြရမှာပါပဲ
‘တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်’ ၀တ္ထုထဲက
အဲဒီဇာတ်ဝင်ခန်းလေးဟာ
ကျနော့်ကို ကြည်နူးစွာ မျက်ရည်ဝဲစေခဲ့မြဲပေါ့။

ကဲ ... ကျနော်လည်း ထပ်မေးပါရစေ
၈၈ အရေးတော်ပုံမှာ ပြည်သူတွေကို ပစ်ခဲ့ကြတဲ့ စစ်သားများ
ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းတွေကို ပစ်ခဲ့ကြတဲ့ စစ်သားများနဲ့
မတရားအခိုင်းခံဖြစ်ခဲ့ကြသူအပေါင်းတို့ ...
နောက်တခါ လူအုပ်ကြီး ချီတက်လာတယ် ဆိုပါစို့
ဦးဆောင်လာတာကလည်း ဒေါ်အောင်ဆန်းစုကြည် ဆိုပါစို့
လူအုပ်ကြီးထဲမှာ ခင်ဗျားတို့ ကျနော်တို့ ဆွေမျိုးသားချင်းတွေ ပါတယ်
ဘယ်လိုဆုံးဖြတ်မှာလဲ။ ။

ဒေါင်းတမန်

12 comments:

Unknown said...

ပစ်မယ် သေအောင်ကို ပစ်မယ်။ရှေ့က ဦးဆောင်လာတဲ့ ဒေါ်စုကို အရင်ဆုံး သေအောင် ပစ်မယ်။မယုံရင် စမ်းကြည့်လိုက်လေ။

Khin said...

ဘယ်လိုမေးလိုက်ပါလိမ့် ဒေါင်းတမန်ရယ်။ ဒီလိုအကွက် ကိုစောင့်နေကြတဲ့ဟာကို။ ဒေါ်စုရှေ့ကနေတက်လာလို့ ကတော့ အရင်ဆုံးပစ်ထည့်လိုက်မှာပေါ့။ အရင်တုန်းက စစ်တပ်ကလူတွေနဲ့ အခုလူတွေနဲ့ မနှိုင်းပါနဲ့။ အခုက စိတ်ဓါတ်ရေးရာ အရမ်းအောက်ကျသွားပြီလေ။

Anonymous said...

၈၈ မှာဆန္ဒပြတဲ့လူတွေ ရဲ့ ရည်ရွယ်ချက် ပိုက်ဆံ ၅မတ် ရလို့ ဆန္ဒပြတာ လစ်တာနဲ့ ဟိုဆိုင်ဝင်ဖောက် ဒီဆိုင်ဝင်ဖောက်လုပ်တယ် ၂၀၀၇ မှာ ဆန္ဒပြတုန်းကလည်း တွေ့ ကရဖျက်ဆီးတယ်...ဆန္ဒပြတဲ့အလုပ်ဆို တာရော ရဟန်းတို့ ဝိနည်းမှာ ပါသလား အဲလို့ မသင့်တော်တာတွေ လုပ်နေသရွေ့ တော့  သင်ကန်းကို ကန်တော့ပြီး လူတော့ပစ်သတ်ရမှာပဲ ကိုယ့်လူတို့ 
ပြီးတော့ ကိုဒေါင်းတမန်က လိုရာကို ဆွဲရေးထားတာကိုးဗျ အစပ်ဆက်မှ မရှိပဲ ..

kooo said...

ဒေါ်ညုကိုပြောတာလားးး... သူ့ ဆိုရင်တော့ မသေမချင်း သရေကွင်းနဲ့ ကို ပစ်ပလိုက်ချင်တာ..........

kooo said...

ဟိုက ဗိုလ်ချုပ်လေ... တိုင်းပြည် လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမကြည့်ပဲ ကြိုးစားခဲ့တဲ့သူ.....ဒီဟာက ဒေါ်ညုလေ.. နိုင်ငံခြားသားမှ ကြီးတယ် ထင်ပီး.. ခုမှ ဟိုအော်ဒီအော် လျှောက်လုပ်နေတဲ့ သူ့။... သားသမီး အရင်းဆိုပေမယ့်...ဘာဆိုင်တာမှတ်လို့ တစ်ခြားစီ....။။ ဗုဒ္ဓ၀င်မှာတောင် ရှိသေးတာပဲဗျာ..ယောင်္ကျားလုပ်တဲ့ ကုသိုလ် မိန်းမ နဲ့ ဘာဆိုင်လို့  လဲ....ခင်ဗျားပြောသလို ရှေ့ ဆုံးက တက်လာတာ အဲ့ဒီ အဘွားကြီး ဆိုလို့ ကတော့... မထိထိအောင်ကို လိုက်ပစ်မှာ...ကျည်မရှိရင် ဒင်နဲ့ လိုက်ထုမှာဗျာ..ရှင်းပြီလားးးးး

lann said...

အရင်က စစ်တပ်က လူနဲ့  ခုစစ်တပ်က လူ....ဘယ်လိုများ ကွာလို့ လဲ ဒေါ်Khin နည်းနည်းလောက် လင်းပါဦး.... ဟုတ်ပါတယ် သူတို့ ပြောတာလည်း သေအောင်ကို ပစ်သင့်တာပါ...အလကား ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့  ဘာမှလည်း ဖြစ်အောင် လုပ်တာမဟုတ်ဘူး....ရိုင်းရိုင်းပြောရရင် အမေရိကန်က ပေးထားတဲ့ ... ဆုလေးနဲ့ အသက်ရှင်နေရတော့... ထမင်းစားကောင်းအောင် ဟောင်ပြနေတဲ့ ခွေးလိုပါပဲ....ကျန်တာ ဘာမှ မပိုဘူးး...သေလေအေးလေပဲ...ပစ်သာပစ်ကြဗျာ.။။။

Unknown said...

ဒေါ်စုဆိုလို့ကတော့ သရေကွင်းရှိ၇င်သရေကွင်းနဲ့ခဲရှိရင်ခဲနဲ့ပစ်ပြီသာမှတ်။

ko said...

ကျုပ်ကတော့ အပေါ်က လူသတ်မယ်ဆိုနေကြတဲ့ ရဲရဲတောက်ကြီးတွေပဲ..အရေခွံနွာချင်တာ..
နောက်တယောက်ကတော့ သန်းရွှေမြေး..ဟာလာလုပ်လိုက်ချင်တာ..ဒါမှ သန်းရွေနဲ့ကြိုင်ကြိုင် ဘယ်လိုဆိုတာခံစားဖူးသွားအောင်လို့..
အခုတော့..ဗိုလ်သမီးလေးတွေပဲ ကြိတ်လိုက်ဦးမယ်..

ရွှေတုတ် said...

ဆရာဒေါင်းရယ်….ဘာကိုမျှော်နေတာလဲ

ဒီမိုကရေစီတော်လှန်ရေး ခေါ်ခေါ်၊ အရေး
တော်ပုံ ဘဲပြောပြော လုပ်ခဲ့တဲ့စစ် အစိုးရ ဆန့်ကျင်ရေး လုပ်ငန်းစဉ်ကြီးက အခု ဆိုရင် .အနှစ်နှစ်ဆယ်ကျော်သွားပြီ.. အောင်မြင်ခဲ့သလားဆိုတာတော့ ဆရာဒေါင်းအသိဆုံးပါ။
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင် ဆန်းမဟုတ်ဘူး (လားလားမျှမနီးစပ်ပါဘူး ကိုယ့်ဘာသာကိုယ် ပုဂ္ဂိုလ်ရေးကိုယ်းကွယ်တဲ့ သူတွေအတွက် တော့ ပြောတတ်ဘူး ပေါ့ဗျာ)

ဖဆပလကလည်း အန်အယ်ဒီမဟုတ်ဘူး (ဖဆ ပလ က ရလာဒ်ထွက်အောင်လုပ်နိုင်ခဲ့ တယ်။ ဖဆပလ မဟုတ်လို့လည်း အန် အယ်ဒီ က ရွေးကောက်ပွဲ သပိတ်မှော က်ပေမယ့် ပြည်သူတွေမဲ့ပေးခဲ့တဲ့ဦးရေက မဲပေးခွင့်ရှိ သူအရည်အတွက်ရဲ့ ၇၅ % အထက် ရှိတယ် ဆရာရယ် ….. အဲ့ဒီ လောက်အထိအန်အယ်ဒီက ပြည်သူတွေ အပေါ်မှာင်ငံရေး အရ အောင်အောင်မြင်မြင် စည်းရုံး ထားနိုင်တာပါ။ Vote No လိုလို No Vote လိုလိုနဲ့ လုပ်ခဲ့တုံးကလည်း ဒီအတိုင်း ပါဘဲ။ ) စစ်အစိုးရကလည်းအင်္ဂလိပ်အစိုးရမဟုတ်ဘူး
စစ်တပ်ကလည်း အဲ့ဒီခေတ်က စစ်တပ်မဟုတ်တော့ဘူး… (ဗိုလ်နေ၀င်း လက်အောက်မှာ ကြီးထွားလာတဲ့စစ်တပ်ပါ။)

ရွှေတုတ် said...

ဆိုတော့ ဗျာ… ဗိုလ်နေ၀င်းပြောခဲ့သလိုဘဲ..စစ်တပ်ကပစ်ရင် မှန်အောင် ပစ်တယ်.. မိုးပေါ်ထောင်မပစ်ဘူး ဆိုတာကြီးက လည်းရှိနေတော့အမိန်ပေးလို့ ကတော့ အရင် တုံးကလည်း ပစ်တာဘဲ၊ အခု လည်းပစ်တာဘဲ။ နောက်လည်းပစ်ဦးမှာပါ။ ဘာမှမပူပါနဲ့။ ပစ်ခဲ့လို့သခဲ့ကြေခဲ့တဲ့ပြည်သူ တွေ လည်း မနည်းတော့ဘူး။

နှစ်ပေါင်းနှစ်ဆယ်ကျော် နည်းလမ်းပေါင်း စုံနဲ့ နိုင်ငံတကာအကူအညီ ဒေါ်လာ သန်းရာနဲ့ ချီပုံအောပြီး စစ်အစိုးရပြုတ် ကျရေး (ဒီမိုကရေစီအရေးတော်ပုံ) ကြီးလည်း ကြာလေ ဇာတ်မြောကြီးဖြစ် လာတော့…နောက်ဆုံး စစ်တပ်ကများပြန်ပုန်ကန်ရင် အောင်မြင်မှဆိုတဲ့ နည်းလမ်းအဟောင်းကြီးဘဲပြန်သုံးတာပေါဗျာ။ ရွှေဝါရောင်တော်လှန်ရေးတုံးကလည်း…. တပ်မ ၆၆ နဲ့ တပ်မ ၇၇ တို့ မတည့်ကြဘူး၊ ဆန္ဒ္ဒပြတဲ့သူတွေဘက်ကပါလာပြီဆိုတဲ့ ကောလဟာလ ကိုယုံပြီး ထွက်လိုက်ကြတာ.. .သေကုန်ပါရောလားဆရာရယ်...
အခုလည်း ဒီအတွက်လည်း ဘီဘီစီကနေ အပတ်စဉ်..စစ်တပ်သွေးကွဲ ရေးတွေတင်ပေး နေတာပေါ့။ ဒါကို ဆရာ့ကဗျာလေးက အားဖြည့်ပေးတဲ့သဘောဖြစ်မှာပါ။အားတော့ နာပါရဲ့…ခံခဲ့ရတာတွေကလည်းမနည်းမနော ဆိုတော့…ဆင့်ဟိုဒင်းခွေးမျှော်တဲ့ အလုပ် လည်း မလုပ်ချင်တော့ပါကြောင်း (ခွေးလည်းဖြစ်ဆင့်ဟိုဒင်းလည်းမျှော်ရတဲ့ဘ၀ မျိုးတော့…အဖြစ်မခံချင်တော့ပါဘူး) ကျေးဇူးတင်ပါတယ်။

aye said...

သေချာတာကတော့ ဒေါ်စုက အဲဒီလို့ ချီတက်လာမှာ မဟုတ်ဘူး။ ချီမတက်လို့ ပစ်ချင်နေတဲ့ စစ်တပ်က ရှိနေပါတယ် ။ချီတက်ရင် သူနဲ့ပူပေါင်းဖို့အသင့်
မချီတက်ပဲ တာဝန်မယူတော့ ဘယ်သူကလာပူပေါင်းမလဲ
ခိုင်းတဲ့အတိုင်း ပစ်ကြမှာပဲလေ
အဲဒါ မုန်းလို့မဟုတ်ဘူး
ဒေါ်စုက သူသြဇာလွမ်းအောင် မလုပ်နိုင်လို့ပဲ။
ဗိုလ်ချုပ်ကတော့ရန်သူ တောင်လေးစားနေရတဲ့သူ
ပြတ်သားတဲ့သူ ပြည်သူအတွက် ဘာမဆို လုပ်ရဲတဲ့သူ ဒေါ်စုက ဘုန်းကြီးထွက်တာတောင်
ဥပဒေအရ မှားတယ်ထင်တဲ့သူ
သူလည်း ထွက်မှာမဟုတ်တော့
ပစ်မှာလားလို့လည်း မေးခွန်းကိုမေးစရာတောင် လိုမယ်မထင်ပါ

Daniel Hurng said...

ဗိုလ်နေ၀င်းပြောတာလည်းမှန်ပါတယ် စစ်သားကပစ်ရင် မှန်အောင်ပစ်တယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့်နိုင်ငံတကာမှာက စစ်သားဆိုတာပြည်သူကိုပစ်ဖို့ မဟုတ်ပါဘူး ပြည်ပကကျူးကျော်သူတွေကိုတိုက်ဖို့ပါ။