ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ...
ဒီစာကို လေးလေးစားစားဖြင့် ရေးသားလိုက်ပါတယ်။ ယခုစာရေးချိန် ထိ လေးစားလျက်ပါ။ အောက်ပါမေးခွန်းများကို သေသေချာချာ စဉ် စားပြီး ဖြေစေလိုပါတယ်။
(၁) ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့ မဲ မပေးဘဲနေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ၊ ပြင်ဆင်ထားပြီ လား။
(၂) VOA, RFA, BBC, DVB အသံလွှင့်ဌာနများက ဒေါ်စုနဲ့ အန်အယ် လ်ဒီကို အမွှန်းတင်လွန်းတဲ့ အရှိန်ကို မီအောင် ဒေါ်စု လိုက်မလုပ် နိုင်ခြင်းကို ပြည်သူလူထုက နားလည်ပေးနေတာ သိပါရဲ့လား။
(၃) ဒေါ်စုအနေနဲ့ ပြည်သူလူထုရဲ့လေးစားကြည်ညိုမှုကိုသာ ခံယူတတ်ပြီး ပြည်သူလူထုအတွက် ဘာမျှလုပ်မ ပေးနိုင်တာကို သတိပြုမိပါရဲ့လား။
(၄) လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံရသောကိစ္စများကို အောက်ခြေအရောက် ကိုယ်တိုင်ဆင်း ပြီး သွားရောက်ကူညီဆောင်ရွက်ပေးခြင်း ရှိခဲ့ပါသလား (ဒီအချက်ဟာ အဓိက နိုင်ငံရေးတိုက်ကွက်ဆိုတာ သိစေချင်တယ်)။
(၅) ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင်ရေး၊ ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပင်လုံညီလာခံ၊ တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ တခုမျှ မအောင်မြင်ခဲ့သည်ကို ပြန် လည်သုံးသပ်မိပါသလား။
(၆) ယခု ဒေါ်စုနဲ့ အန်အယ်လ်ဒီပါတီ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တာ မအောင်မြင်ဘူး၊ အစိုးသစ်ပေါ် လာပြီိ။ မိမိမကြိုက်တဲ့ အစိုးရသစ်ကို ဘာလုပ်မလဲ။
(ရ) မြင့်သောနေရာမှနေသော ဒေါ်စုက အခြားနိုင်ငံရေးသမားများကို စတင်ဖိတ်ခေါ် ဆွေးနွေးရမည့်အစား ဒေါ်စုကို တွေ့ခွင့်တောင်းနေရခြင်းသည် နိုင်ငံရေးဆုံးရှုံးမှုတရပ်ဖြစ်ခဲ့သည်ကို သတိထားမိပါသလား။
ဦးအေးမြင့် (လမ်းပြကြယ်)
၂၀၁၁ ခုနှစ် ဧပြီလ (၂၀) ရက်
81 comments:
ဦးအေးမြင့်လုပ်ခဲ့သလောက်(အများအကျိုး) ကျွန်တော်မလုပ်ခဲ့ဘူးပါ ဒါပေမဲ့အခုလိုဒေါ်စုကိုမေးတဲ့စကား(ပေးတဲ့စာ)မှာလူကြီးမဆန်ဖြစ်ရတာကိုတွေ့လိုက်ရတော့အရင်ခင်ဗျားတို့ကိုအထင်ကြီးခဲ့တာလျော့ခဲ့ရပါပြီ။ ဦးဆောင်ဦးရွက်လုပ်တဲ့သူတွေ ဦးအေးမြင့်လဲအတိုင်းအတာတခုကိုခေါင်းဆောင်နေတဲ့သူဆိုတော့အပြောအဆိုအနေအထိုင်အတော်အတန်ရင့်ကျက်ပြီးနားလည်မှုရှိသင့်ပါတယ်လို့ပြောပါရစေ။ ကျွန်တော့်အထင်တော့ဒေါ်စုမလုပ်သေးတာမဟုတ်ပါ၊လုပ်နိုင်တဲ့အခွင့်အလမ်းတွေ၊လုပ်နိုင်တဲ့အချိန်(Timing) ကိုစောင့်နေတယ်လို့ထင်ပါတယ်။ကျိန်းသေတာကတော့ဒီကိစ္စကဒေါ်စုတယောက်တည်းလုပ်လို့မရသလိုဦးအေးမြင့်တယောက်တည်းလုပ်ရင်လဲပိုတောင်ဆိုးပြီးမရနိုင်ပါအားလုံးဝိုင်းပြီးလုပ်ရကြရမှာပါ။ညီညွှတ်မှု၊အပြန်အလှန်နားလည်ပြီဆက်စပ်လုပ်ကိုင်မှရမှာပါ။စိတ်အလိုလိုက်ပြီးလုပ်ချင်တိုင်းလုပ်လို့မရတာအခြေအနေကိုဦးအေးမြင့်တို့အထဲကလူတွေပိုသိမှာပါ။ဒေါ်စုကတခုခုကိုအခုချက်ခြင်းထလုပ်ပါပြီတဲ့လူထုမှာလဲအားလုံးအဆင်သင့်ဖြစ်ပါပြီလား၊ဆိုတဲ့အတိုင်းတညီတညာသတ္တိရှိရှိလိုက်နိုင်မှာလား၊အဲဒီလိုမဟုတ်ရင်ဒေါ်စုအထဲပြန်ပြီးအချုပ်ခံရ၊လူတွေဒုက္ခထပ်ရောက်ဟိုမရောက်ဒီမရောက်ဖြစ်သွားနိုင်ပါတယ်။ဦးအေးမြင့်စာကိုကျွန်တော်ဆုံးအောင်မဖတ်ဖြစ်ပါဘူး ဒါပေမဲ့သေချာတာကတော့မကျေနပ်ချက်တွေပြည့်နေတာတွေ့ရပါတယ်၊ကျွန်တော်ဦးအေးမြင့်ထက်အများကြီးငယ်ပါတယ်၊ဆရာကြီးလုပ်ချင်လို့ရေးတာမဟုတ်ပါဘူးဆင်ခြင်တတ်ဖို့ပြောတာပါ။ဒေါ်စုကိုကျွန်တော်တို့ခင်ဗျားတို့ဒီမိုကရေစီရဖို့ဆိုပြီးသဘောတူညီချက်တရပ်နဲ့ငှားထားတဲ့အေးဂျင့်မဟုတ်ဘူးဆိုတာသတိရပါ။သူတတ်နိုင်တဲ့အနေထားနဲ့လက်ရှိအခြေအနေတွေကိုကြည့်ပြီးလုပ်နေတယ်၊ အဲဒီအချိန်မှာကိုယ်ကကိုယ်တတ်နိုင်သလောက်လုပ်မယ်ကြိုးစားပြီအဆင်သင့်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ရှိရပါမယ်။ဒီမိုကရေစီကခင်ဗျားလုပ်မှဒါမှမဟုတ်ဒေါ်စုတယေက်ထဲလုပ်မှရမှာမဟုတ်ပါဘူး ကျွန်တော်တို့အားလုံးပေါင်းပြီးကိုယ့်တာဝန်ကိုယ်ယူပြီးလုပ်မှရမှာပါ။ ကျွန်တော့်ကိုဆင်ခြေပေးတဲ့ငကြောက်လို့ယူဆရင်ယူဆနိုင်ပါတယ်ဒါကျွန်တော့်ရဲ့သဘောထားနဲ့ဒေါ်စုအပေါ် လူထုအပေါ်မြင်တဲ့အမြင်နဲ့ ဦးအေးမြင့်စာအရအခုဦးအေးမြင့်အပေါ်ကိုကျွန်တော်ရဲ့ပြောင်းလဲပြီးမြင်တဲ့အမြင်ပါဘဲခင်ဗျား၊
ွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှအပြောင်းအလဲမရောက်ခင်ဗလောင်းဗလဲပြောနေရတာခွင့်လွှတ်ကြပါရှင်။ဘာဘာဘာမှတတ်နိုင်တော့လို့ပါ။နိုင်ငံတကာဆုတွေအတွက်ကျေးဇူးတင်စကားတွေပြောနေ၇လို့မြန်မာပြည်အေ၇းနောက်များကျမှဆွေးနွေးကြရအောင်နော်
ဦးအေးမြင်.(လမ်းပြကြယ်) ခင်ဗျားက မိန်းမတစ်ယောက်ရဲ. ထမီနားကို ကပ်နေမယ်.အစား ကိုယ်ကယောင်္ကျားကြီးတယောက်ပဲ ကိုယ်တိုင်လုပ်ပါလား။ ရှက်တတ်ပါ။
Who is Aye Myint? What rights he has to ask so many questions?
He should realize that his inside mental being is same as his physical appearance.
To All,
Please be careful. Aye Myint might be a da-lan.
အဲဒါဆို ဦးအေးမြင့်ကိုလည်း မေးချင်ပါတယ်။ ဖြေပါ။
၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်သူတွေမဲပေးခဲ့လို့ အမတ်ဖြစ်လာတဲ့ မဟာအမတ်မင်းများကရော မဲပေးခဲ့တဲ့ပြည်သူတွေအတွက် ဘာလုပ်ပေးခဲ့လဲ။ ဘာလုပ်ပေးဖို့ပြင်ဆင်ထားလဲ။ (ဒီဟာက ဦးအေးမြင့်နဲ့တိုက်ရိုက်မသက်ဆိုင်ပေးမယ့် သွယ်ဝိုက်ပြီး သက်ဆိုင်နေပါတယ်။ ဦးအေးမြင့် ယုံယုံကြည်ကြည်နဲ့မဲပေးခဲ့တဲ့ NDF ကမဟာ အမတ်မင်းက ဦးအေးမြင့်အတွက် ဘာလုပ်ပေးခဲ့လဲ။)
လွတ်တော်ထဲဝင်ပြီး လက်ညိုးထောင် ခေါင်းငြိမ့်လုပ်နေတဲ့ သူများပြောသမျှ၊ လုပ်သမျှ ငြိမ်ခံနေတဲ့ အမတ်မင်းတွေကို ဘာအတွက်ကြောင့်များ ဦးအေးမြင့် မဲပေးခဲ့တာလဲ။
Aye Myint,
If you have nothing positive to offer, better you shut your bloody mouth up.
If you open you mouth too big, it has to be plugged with big shoe.
Aye Myint is rude and shameless.
Dr Lun Swe should not post his letter which is worthless.
ပြည်သူခေါင်ဆောင်းလိုခံယူထားပြီးအများကလည်ခေါင်ဆောင်တစ်ယောက်လိုအသိအမှတ်ပြုထားတဲ့သူကိုပြည်သူတစ်ယောက်အနေနဲ့ဒီးမေးခွန်းကိုမေးခွင့်မ၇ှိဘူလား
အခုလို ထောက် ပြဆွေးနွေးတာဟာ အလွန်ကောင်းတဲ့ အပြုအမူပါ ။ဒါကိုကြိုဆိုပါတယ် ။ အမေစုလိုနိုင်ငံတကာ အတွေ့ကြုံရှိတဲ့သူအတွက် ပိုလို့တောင်လိုလားမယ်ဆိုတာ သေချာပါတယ် ။ခက်နေတာက အခုလိုခေါင်းကောင်းတဲ့သူတွေတနေရာထဲစုပြီး ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးကြရရင်တော့ မဆလ နအဖ ခေတ်တွေက အဆိုးတွေမြန်မြန်ကုန်ပြီး ရောက်ချင်တဲ့ခရီး နီးသွားမယ်ထင်ပါတယ်။ ဒီနေရာမှာ ဥိးအေဲးမြင့်ကိုလည်းဆရာလုပ် တယ်လို့အထင်အမြင်လွဲကောင်းလဲကြနိုင်ပါသေးတယ် ။လွဲသာလဲကြပါ ။။ လွဲမှသာပုံမှန်လူသားပါ။ စိတ်ကောက်ပြီး စကားမပြောတဲ့ ကလေးဆိုးကြီးနဲ့စာရင် အဆ၁၀၀ပိုလို့တောင်ကောင်းသေးပါတယ် ။အမေစုလိုလားတာလည်း ဒီပုံစံပါ ။
ဘာကြောင့်ကျွန်တော်စာတွေအကုန်မပေါ်ဒါလဲဒေါက်တာကြီး၇ဲ့
ဦးအေးမြင့် ကလေးစစ်သားကိစ္စတွေ ၊ လယ်မြေအသိမ်းခံရတဲ့ကိစ္စ၊ တောင်သူလယ်သမားကိစ္စ တွေ အစိုးရကိုအတိုက်အခံလုပ်ပြီးတော့လုပ်နေတာတောင်အဖမ်းမခံရတာသိပ် အံ့သြ ဖို.ကောင်းတယ် ၊နောက်ပြီးသူစာထဲမှာဒေါ်စုကိုဝေဘန်သလိုလိုနဲ.သူကောင်းကြောင်းတွေမွှန်ထားတာတွေပါတွေရတယ် ၊လွန်ခဲ့တဲ့နှစ်တွေကတည်းကဒေါ်စုကိုပုတ်ခတ်တဲ.စကားတွေကိုကြည်ရင်သေချာစီစဉ်ပြီးအကွက်ချထားပုံရတယ် ၊ ဆရာဂါမဏိ ဆောင်းပါးထဲ.ကလိုသူလဲပဲမြေအောင်းပွေးလေ လား ????
ဦးအေးမြင့် မေးတာမှားသလားမှန်သလား
သူမေးတဲ့မေးခွန်းတွေက ရန်သူဘက်ကမေးတဲ့မေးခွန်း
တွေလား ပြည်သူဘက်ကမေးတဲ့မေးခွန်းတွေလား
သေချာဖတ်ကြည့်ကြပါ
ဒေါ်စုဆိုတာ ဘုရားသခင်မဟုတ်ဘုး
ပြောသမျှ လက်အုပ်ချီ မှန်ပါ့ လုပ်နေရမဲ့
ခေတ်မဟုတ်တော့ဘူး လူထုခေါင်းဆောင် က
ဝှေလည်ကြောင်ပတ်နဲ့ လုပ်နေတာတွေ
ကို ဖားပြိး လိုက်ဖာမနေကြပါနဲတော့
တိုင်းပြည်က သူလွတ်လာမှ ပိုဆိုးလာတယ်
လူတွေက သူလွတ်လာမှ ဘာလုပ်ရမှန်းမသိ ပဲ
ငဖား ငကြောင်တွေ
ပို ဖြစ်ကုန်ကြတယ်
ဒေါ်စုဆိုတာ လူထုခေါင်းဆောင်အမည်ခံထားတာ
သူမှာ ပိုတာဝန်ရှိတယ်
စောက်သုံးမကျချက်တွေကိုပြောပြမယ်
တိုင်းပြည်က နစ်နာနေပြိ
၉၀ရွေးကောက်ပွဲရလာဒ်ကို လက်မလွတ်ဘူးဆိုပြိး
စီအာပီပီဖွဲ့
၂၀၀၈ခုနှစ်ဖွဲစည်းပုံကိုလက်မခံဘူးဆိုပြိးဆန်ကျင်
၂၀၁၀ကျတော့ မဲမပေးရေးလုပ်
လွတ်လာတော့ ဒုပင်လုံ လုပ်မယ်ပြော
၂၀၁၁ကျတော့ အစိုးရသစ်ကို ထောက်ခံ
ရေပက်ခံတွေကို တာ့တာပြ
လုပ်ရိုးလုပ်စဉ် အန္တရယ်ကင်းကင်းနဲ့ လုပ်စား တွေ
လုပ်ခဲ့ဘူးတဲ့ လက်မှတ်တွေထိုးတာ လုပ်
လူထုခေါင်းဆောင်တဲ့ ဘာများထူးထူးခြားခြား
လုပ်ပြလို့လဲ ဒိထက် မေးခွန်းတွေ မေးရမှာ
U Aye Myint is going to die, that is why this is last letter he wrote. Okay go to hell freely////
အခု ဦးအေးမြင့်မေးတောတွေက ဒေါ်စုက အာဏာကို ရအောင်မယူနိုင်ခဲ့တာတွေကို မကြေမနပ်ဖြစ်နေတာပါ။ အာဏာမ မက်တာကို မကြေနပ်တာဖြစ်နေတယ်။
ဒေါ်စုတို့က နိုင်ငံရေးစိတ်ဓါတ် မကျစေအောင် နိုင်ငံရေး အကျဉ်းသားတွေကို ထောက်ပံ့ပေးတဲ့ အလုပ်ကို လုပ်နေ ကြတယ်။ အစိုးက ဒေါ်စုတို့ ကိုလုပ်ပိုင်ခွင့် အပြည့်ပေးထား တာမှမဟုတ်တာ။ ၈၈ မှာဆန္ဒပြခဲ့ကြပေမယ့် အတိုက်အခံ ခေါင်းဆောင်ဆိုတာ ပီပီပြင်ပြင်မှမရှိခဲ့ကြတာ။ အခု အတိုက် အခံခေါင်းဆောင် တယောက်အနေနဲ့ နိုင်ငံထဲမှာ ပြီပြီ ပြင်ပြင် ရပ်တည်နေတာကို ပျက်စီးတာကိုလိုလားတာလား။ ညီညွတ်ကြပါဆိုတဲ့ ဒေါ်စုစကားလုံးက အရမ်းလေးနက်ပါတယ်။ နိုင်ငံကို ဒုက္ခပေးနေတယ်ဆိုတာ ဒေါ်စု ကလုပ်နေတာလား သေသေချာချာစဉ်းစားကြည့်ပါ။ ဘုံရန်သူတစ်ယောက် ကိုသာတိုက်ခိုက်ဘို့  ၊ စနစ်ကိုပြင်နိုင်ဘို့သာလိုတာပါ။
လွဲနေပြတာ့လွဲနေပြီ။ ဘာလွဲတာလဲတော့ ကာယကံရှင်တွေပဲသိမှာပါ။ ဦးအေးမြင့်မေးတာ ဘယ်သူကောင်းစားဖို့လည်းသိရင် ဒေါ်စုကိုးကွယ်ရေးသမားတွေ မိမိလုပ်နေတာဘယ်သူအတွက် လည်းဆိုတာအရင်နားလည်းသင့်တယ်။ စစ်အစိုးရမကောင်းကြောင်း လူတိုင်းသိတယ် အဲဒီလိုပဲ မင်းတို့မကောင်းတာ အခုသိနေကြပြီ မအောင်မြင်တာကိုပြောတာ မဟုတ်ဘူး လေကန်ပြီးအလုပ်မလုပ်ကြပဲကွာ။ အခုလွတ်တော်က လပိုင်းပဲရှိသေးတယ်။ မင်းတို့လွတ်တော်ကတော့ နှစ်၂၀ကျော် ပြည်သူ့အတွက်ဘာရခဲ့လို့လဲ။ NLD ကအာဏာမလိုချင်ရင် ၉၀ ရလဒ်ကိုဆွဲကိုင်စရာရှိသေးလား။ ရွေးကောက်ပွဲမှာ အပျော်ဝင်လုပ်တာပေါ့။
လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကိုလိုလားသူအချင်းချင်းဆိုရင် ဦးအေးမြင့်ရဲ့စကားတွေကို လက်ခံနိုင်ဖို့ကြိုးစားရမှာပါ။ သဘောတူခြင်းမတူခြင်းက ကိုယ့်ကိစ္စပါ။
ခုချိန်ထိ မျက်စိမှိတ်ယုံကြည် ကိုးကွယ်နေသူ သမရိုးကျလူတွေထဲက ဖေါက်ထွက်လာတဲ့ သတိပေးစကားတွေကို အမှန်တကယ်ဆို ကြိုဆိုရမှာပါ။ ဒီလိုမျိုးမဟုတ်ပဲ အသစ်တက်လာလိုက် အမွှေးသတ်လိုက်လုပ်နေရင်တော့ အဟောင်းသံသရာထဲတ၀ဲလယ်လယ်ပဲ ဖြစ်နေမှာပါ။ မုန်းလို့ ဝေဖန်တာလား။ ချစ်လို့ဝေဖန်တာလားဆိုတာကို ဘယ်ပေတံနဲ့တိုင်းကြမှာလဲဗျာ။ ချစ်တယ်ဆိုပြီး နောက်ကနေ တွန်း၊ လက်ခုပ်ဝိုင်းတီးနေတာထက် လိုအပ်တာကို အမုန်းခံတင်ပြတတ်တဲ့ အလေ့အထမရှိခဲ့လို့ တွင်းနက်ထဲကို ဆင်းနေရတဲ့ မြန်မာ့လူအဖွဲ့အစည်းကြီးကို အချစ်အမုန်း ခံစားချက်တွေကို ဘေးခနဖယ်ထားပြီး မျက်လုံးကောင်းကောင်းနဲ့ကြည့်ကြပါဦး။ မကြည့်တတ် မမြင်တတ်ရင်လည်း လက်တွေ့က မြင်သာအောင် သက်သေပြလာဖို့ သိတ်တော့ မလိုတော့ပါဘူးဗျာ။
ဦးအေးမြင့်ရဲ့စာထဲမှာ သဘောကျနှစ်သက်တာ တချက် ပဲရှိတယ်၊ အဲဒါက ခေါင်းစဉ်တပ်ထားတဲ့ “နောက်ဆုံးပေးစာ” ဆိုတာပဲ။
ကိုင်း ...ဒီတခါ ဦးအေးမြင့် “စာနဲ့နှောက်ယှက်တာ” နောက်ဆုံးဖြစ်တယ်လို့ သတ်မှတ်လိုက်တော့မယ်။
နောက်တခါမှာလည်း ငါးမင်းဆွေလို လူကိုယ်တိုင် “၀ူးဝါးဝူးဝါး” သွားမလုပ်ဖို့လည်း ကြိုတင် မေတ္တာ ရပ်ခံပါတယ်။
မီဒီယာငဖွတွေ ငွေလိုနေရင်တော့ ခင်ဗျားကို အင်တာဗျူးလုပ်ပါလိမ့်မယ်။
အစောပိုင်းကလူတွေလည်းမေးသွားပြီးပြီ ဦးအေးမြင့် ရွှေးကောက်ပွဲမှာ ဝင်ပြိုင်လိုဖြစ်တဲ့ အမက်တွေရော ဘာလုပ်ပေးနိုင်လို့ လဲ သန်းရွေးက စီးပွားရေးလုပ်ကွပ် ပေးမယ်လို့ ပြောရုံပဲရှိသေးတာ လွတ်တော်ထဲမှာပုတ်တင်ညိုခေါင်းလိုပဲဖြစ်နေပြီးမို့လား.. တကယ်တော့ ခင်ဗျားလည်းဒီအမက်တွေလို ဖောက်ပြန်ရေး သမားပဲ။
ဦးအေးမြင့်ခင်ဗျာ....မြန်မာပြည်ရဲ့ အပြင်ဘက်ကို...ထွက်ပြီးလေ့လာကြည့် ပါအုံး...ရောက်လေရာနိုင်ငံတိုင်းမှာ...ခင်ဗျားကို...ဘယ်နိုင်ငံသားလဲလို့ မေးရင်...I'm Myanmar..လို့ ရင်ကော့ပြီးဖြေလိုက်စမ်းပါ....မေးတဲ့သူတွေက....Ohh...We know the Lady Aung San Su Kyi..လို့  အားရ၀မ်းသာ..ပြောကြတာတွေ့ ရပါလိမ့်မယ်...ဒေါ်အောင်ဆန်းစုကြည်ကို....ကမ္ဘာ့ ကပြည်သူတွေ...သိကြတာဟာ...မြန်မာပြည်သူတွေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဘို့ အနစ်နာခံ ကိုယ်ကျိုးစွန့်  ငြိမ်းချမ်းစွာဆောင်ရွက်နေတဲ့ လူထုခေါင်းဆောင်ကောင်း တယောက်ဖြစ်လို့ ဆိုတာကို ဦးအေးမြင့် ကောင်းကောင်းသဘောပေါက်သွားပါလိမ့်မယ်...
ဦးအေးမြင့်ခင်ဗျာ....မြန်မာပြည်ရဲ့ အပြင်ဘက်ကို...ထွက်ပြီးလေ့လာကြည့် ပါအုံး...ရောက်လေရာနိုင်ငံတိုင်းမှာ...ခင်ဗျားကို...ဘယ်နိုင်ငံသားလဲလို့ မေးရင်...I'm Myanmar..လို့ ရင်ကော့ပြီးဖြေလိုက်စမ်းပါ....မေးတဲ့သူတွေက....Ohh...We know the Lady Aung San Su Kyi..လို့  အားရ၀မ်းသာ..ပြောကြတာတွေ့ ရပါလိမ့်မယ်...ဒေါ်အောင်ဆန်းစုကြည်ကို....ကမ္ဘာ့ ကပြည်သူတွေ...သိကြတာဟာ...မြန်မာပြည်သူတွေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဘို့ အနစ်နာခံ ကိုယ်ကျိုးစွန့်  ငြိမ်းချမ်းစွာဆောင်ရွက်နေတဲ့ လူထုခေါင်းဆောင်ကောင်း တယောက်ဖြစ်လို့ ဆိုတာကို ဦးအေးမြင့် ကောင်းကောင်းသဘောပေါက်သွားပါလိမ့်မယ်...
တိုင်းပြည်အတွက်လုပ်တယ်ဆိုတာ ဒေါ်စုတစ်ယောက်တည်းလုပ်လို့ရလို့လား ဦးအေးမြင့်။ NLD တစ်ခုတည်းလုပ်လို့ရောရလို့လား။ မြန်မာ့ပြည်ကလူ သန်းခြောက်ဆယ်လောက်အတွက်အခုတစ်ကယ်တမ်းလုပ်နေသူတွေကနည်းနည်းလေးလေ။ပြည်သူတွေအားလုံးနီးနီးကလည်းစစ်အစိုးရပညာပြထားတာနဲ့စားဝတ်နေရေးကျပ်တည်းပြီးနိုင်ငံရေးဆိုတာ ကိုယ်နဲ့မဆိုင်သလိုခံယူထားကြတယ်။ အကြောက်တရားနဲ့နေတာအကျင့်ပါနေကြပြီ။ဒေါ်စုတစ်ယောက်ဘ၀နဲ့ရင်းပြီးသားသမီးနဲ့ရင်းပြီး ခေါင်ဆောင်းနေတယ်ကော။ဒါကမဝေဖန်ရဘူးလို့ပြောတာမဟုတ်ဘူးနော်။ ဝေဖန်တာကဒီမိုကရေစီရဲ့ အစိတ်အပိုင်းတစ်ခုပါ။ဒါပေမယ့် မြန်မပြည်ဒီမိုကရေမရသေးတာ သူ့ကြောင့်၊ တိုင်းပြည်မှာအပြောင်းအလဲတွေမဖြစ်တာသူ့ကြောင့်ဆိုတဲ့ပုံစံမျိုးနဲပြောတာမဆင်မခြင်ရာကျပါတယ်။ဒေါ်စုအမြဲပြောနေသလိုဘဲ ဒေါ်အောင်ဆန်းစုကြည်ဒီမိုကရေစီရအောင်လုပ်ပေးပါလို့ပြည်သူတွေကအော်ရုံ မျှော်လင့်နေရုံနဲ့မရဘူးလေ။ပြည်သူတွေရဲ့အခက်အခဲကိုနားလည်လို့ ဒေါ်စုကအခုစိတ်ရှည်ရှည်နဲ့ကြိုးစားပြီးလုပ်နေတယ်။ လွတ်လာတာနဲ့ ဥံဖွမြန်မာပြည်ကြီးဆင်းရဲတွင်းကလွတ်စေလို့လုပ်ပေးဖို့မျှော်လင့်နေတာလား။ဒါနဲ့NDFကလူတွေကော အစကတော့သိပ်တက်ကြွကြတာပဲ။အခုတော့သူတို့မျှော်လင့်သလိုဖြစ်လာလို့လား။သူတို့ကိုယုံကြည်ပြီးမဲထည့်ခဲသူတွေကိုဘာတွေများလုပ်ပေးခဲလို့လဲ။ လူကြီးပီပီအမြော်အမြင်လေးနဲပြောစေချင်ပါတယ်။
မျက်စိကန်းနေတဲ စုချစ်တွေပဲ
ဒါကြောင့်ဒိလိုဖော်လံဖား စုလုပ်သမျှမှန်
ဖွတ်လုပ်သမျခံ ဆိုတဲ့ ကောင်တွေ၇ှိနေလို့
တိုင်းပြည်က လူထုတွေ
တိရစာန်သာသာနေနေ ၇တာ
လူထုကတော့ ဖြစ်ချင်ရာဖြစ်ပေစေပေါ့
ပျော်ပွဲရွင်ပွဲ မပျက် နေကြသူတွေ ကတော့
အမုန်းခံပြီးမပြောရဲ ကြပဲ ရေးရဲသူကို
ဆဲနေကြတာ ဖားကြေးရတယ်ထင်တယ်
နောက်ဆုံးစာ ဆိုတာ ဒေါ်စုရဲ့ နောက်ဆုံးအချိန်
ရောက်နေလို့ဆိုတာ သဘောပေါက်ကြတော့
သူကို လုပ်စားနေကြသူတွေလည်း
နောက်ဆုံးအနေနဲ့ ၀အောင်စား သတိသာထားကြတော့
နောက်ဆုံးစာပေးပြီး နှုတ်ဆက်ထွက်ခွာတော့မလို့ လား..နေပါအုံးဗျ..သင်္ကြန်အပြီးကိုကျော်သူတို့လဲအလုပ်ရှုပ်နေကြတယ်...ခင်ဗျားအရှုပ်မလုပ်ပါနဲ့ ...ဦးအေးမြင့်(လမ်းပြကြယ်)၏ နောက်ဆုံးခရီး လူမစည်ဘဲ နေပါအုံးမယ်...ခင်ဗျားစင်ပေါ်တင်ပေး ထားတဲ့အမတ်မင်းတွေနေရာကောင်းမရတာနဲ့ ခွင်အသစ်ဖန်တာဆိုရင်တော့ ဒုတိယစမူဆာဖြစ်သွားအုံးမယ် သတိထားအုံး
ဦးအေးမြင့်က...ဆရာသမားတွေလမ်းပြတဲ့ အတိုင်း စွမ်းအားရှင်တွေမွေးထားတာကိုး. တယောက်ဘယ်လောက်ပေးရလဲ
သားဆွေပြောတာတွေကိုထောက်ခံပါတယ်။
သြော် ဦးအေးမြင်.တစ်ယောက်မီဒီယာတွေ
ပေါ်ကလအတန်ကြာပျောက်နေတယ်မှတ်
တာ၊ဆင်ကြံကြံနေတာကိုး။
လူတိုင်းလွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင်.ရှိ
ပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ပြည်သူတွေက
သူရဲကောင်းမျှော်နေတာမို.ပါ။ဒါပေမယ်.ဒီလို
တွေဝင်မပြောခင်ကိုယ်.ဘာသာအရင်သုံးသပ်
သင်.ပါတယ်။ကိုယ်ကနိုင်ငံရေးမှာဘာတွေစွမ်း
ဆောင်ခဲ.လဲနဲ.လက်ရှိကိုယ်.အနေအထားက
ဘာလဲဆိုတာကိုပေါ.။ဦးအေးမြင်.လုပ်ဆောင်ခဲ.
တဲ.ခလေးစစ်သားအရေးတို.ဘာတို.ဆိုရင်အရမ်း
ကောင်းတဲ.လုပ်ဆောင်ချက်တွေပါ။ ချီးကျူးပါတယ်။
ကိုကျော်သူလည်းသူနိုင်တဲံ.လူမှုရေးတွေမှာစွမ်း
ဆောင်ခဲ.ပါတယ်။သူကတော.နိုင်ငံရေးမှာဝင်မစွက်
ဖက်တာတွေ.မှာပါ။နိုင်ငံရေးဆိုတာလူတိုင်းနဲ.သက်
ဆိုင်တဲ.အရာမှန်ပေမယ်.လူတိုင်းလုပ်နိုင်တဲ.အရာ
လူတိုင်းသိတဲ.အရာတော.မဟုတ်ပါဘူး။ နိုင်ငံ
ရေးမှာလျှောက်ရောထွေးလို.တော.မရနိုင်ပါဘူး။
ကိုယ်လုပ်နိုင်တဲ.နယ်ပါယ်မှာသာအကောင်းဆုံး
တတ်နိုင်သလောက်လုပ်ဘို.လိုတာပါ။
ခုလိုမျိုးတွေထထအော်နေလို.လည်းဒေါ်စုလို
အတိုက်အခံခေါင်းဆောင်ကဖြစ်စေ၊လက်ရှိ
အစိုးရကဖြစ်စေအရေးတယူရှိမှာမဟုတ်ဘူးဆို
တာသိထားသင်.ပါတယ်။ဒေါ်စုကိုအားမရကြဘူး
ဆိုရင်လည်းကိုယ်တိုင်တွေးတောကြံဆပြီးဘယ်လို
နည်းလမ်းတွေ၊ဘယ်လိုလုပ်ဆောင်ချက်တွေကထိ
ရောက်မလဲတွေးတောဆင်ခြင်ပြီးအကောင်အထည်ဖော်
ဖို.ကြိုးစားသင်.ပါတယ်။အချိန်မနှောင်းသေးပါဘူး။
ခုလိုပြောလို.ဒေါ်စုကိုးကွယ်ရေးသမားဆိုဆို၊
ဒေါ်စုထိလို.နာတယ်ထင်ထင်အရေးမကြီးပါဘူး။
နိုင်ငံရေးလုပ်မယ်ဆိုရင်ဒီ.ထက်ခေါင်းကြီးဘို.လိုအပ်
တယ်လို.အကြံပေးပါရစေ။ဒီလိုတွေပြောချင်ဆိုချင်
တယ်ဆိုရင်လည်းကိုယ်တိုင်ပြောနိုင်ဆိုနိုင်တဲ.အ
ခြေအနေတွေကိုဖန်တီးဖော်ဆောင်သင်.ပါတယ်။
နာမည်ကြီးအောင်သက်သက်ဆိုရင်တော.လည်း
မတားနေတော.ပါဘူး။ဒါပေမယ်.ကျွန်တော်တို.လို
သာမာန်ပြည်သူလူထုကလည်းနိုင်ငံရေးနဲ.မဝေးဘူး၊
နိုင်ငံရေးအမြင်နဲ.နိုးကြားမှုတွေရှိတယ်ဆိုတာသိစေချင်
လို.ကော်မန်.၀င်မရေးတဲ.စာဖတ်သူတွေကိုယ်စား
ဝင်မန်.လိုက်ရပါတယ်။
aye ဆိုသူရေ..ကျနော်က..နိုင်ငံရေးကို..မသိနားမလည်ပါဘူး ဒါပေမဲ့ ကျနော် နားလည်သိသလောက် ၀င်ရေးပြမယ် ခင်ဗျားရော ကျနော် ပါ လူသားတွေပါ အဲလိုပဲ ဒေါ်စု နဲ့ ဦးအေးမြင့်လည်း လူသားတွေပါပဲ ကိုယ်ကျိုးစွန့် ပြီးတိုင်းပြည်ကို ခင်ဗျားကြီးချစ်တတ်လား...? ကျနော်မေးတာရှင်းရှင်းလေးနော် မရှုပ်လိုက်နဲ့ ....ဒေါ်စုကချစ်တတ်တယ်...ရှင်းလား...ခင်ဗျားအသက်က ဘယ်လောက်ရှိပြီလဲ...ဒေါ်စုက ၆၀ကျော်လောက်ရှိပြီ..ခင်ဗျား ဗမာ ဗုဒ္ဓဘာသာ ကော ဟုတ်ရဲ့ လား..အသက်ကြီးသူကိုရိုသေရမယ်..ခင်ဗျားပြောတဲ့လူထုခေါင်းဆောင် ဆိုတဲ့ အဓိပ္ပာယ်ကို ခင်ဗျားကိုတိုင်ရော သေသေချာချာ သိလား..ဒေါ်စုကဖြစ်စေဆိုတာနဲ့ နောက်ကလူတွေကလိုက်လုပ်လို့ ရရော ရလို့ လား..ခင်ဗျားကြီးရဲ့ ...ပထွေးတွေဆီမှာက..လူကိုတန်းသေစေနိုင်လောက်တဲ့..အရာတွေရှိတယ်လေ..ခင်ဗျားမေ့နေမှဆိုးလိုပြောတာ...ခင်ဗျားပြောသလိုဆို..ဘာတွေလုပ်ခွင့်ရှိလို့လဲ..လက်အုပ်ချီပြီးထူးရတာတွေက..ဘယ်သူကိုတွေလဲဆိုတာကိုခင်ဗျားကိုယ်တိုင်ကြုံနေရမှာပါ..ခင်ဗျားကို ပြောရအုံးမယ်..ကျနော်က NLD..အစရှိတဲ့နိုင်ငံရေး အဖွဲ့ ကလူတွေထဲမှာဒေါ်စုတယောက်ကိုပဲသိတာပါ..ကျနော်ကသူကိုထောက်ခံနေသူမဟုတ်သလို..နိုင်ငံရေးလုပ်နေသူတယောက်လည်းမဟုတ်ပါဘူး..တိုင်းပြည်က တိရစ္ဆှာန်သာသာဖြစ်နေတယ်ဆိုတာ..ခင်ဗျားကိုတိုင် ရောမြန်မာတပြည်လုံးကိုစော်ကားလိုက်တာပဲ.. ပျော်ပွဲရွှင်ပွဲတွေ..ဘယ်သူတွေမပျက်တာလဲဆိုတာ ခင်ဗျားပိုသိပါတယ်..(ဆဲနေကြတာ ဖားကြေးရတယ်ထင်တယ်)..ဘယ်သူဘယ်နေရာကမှ..မဆဲပါဘူး..ခင်းဗျားသာကိုယ့်ထက်ဝါရင့်သူကို....ဘေးထိုင်ဘုပြောနေတာပါဗျာ...စကားပုံတခုလိုပေါ့.."လယ်ပြင်မှာဆင်သွားသလိုပေါ့"..အားလုံးကသိ နေကြပါတယ်..တိရစ္ဆှာန်သာသာဖြစ်နေတယ်ဆိုတာ..ဘယ်သူတွေကြောင့်လဲဆိုတာ..ခင်ဗျားပိုသိပါတယ်..ကျတော်မှားတာလေးတွေရှိရင်ပြင်ပေးဖို့ ခင်ဗျားကို ကြိုဆိုပါတယ်...
သေချာတာတစ်ခုကတော့ မြန်မာပြည်မှာ NLD ကယ်တင်လို့ လွတ်မြောက်သွားတဲ့ “ကလေးစစ်သား“၊ “အဓမ္မလုပ်သား“၊ “မတရားလယ်မြေသိမ်းခံရမှု“ တစ်ခုမှ မကြားဖူးသေးဘူး။ “နိုင်ငံရေးအကျဉ်းသား“ ဆို ဝေလာဝေး။ ဒီလိုထောက်ပြဖေါ်ရတဲ့ ရှေ့ နေကြီးရေ အနှစ် ၂၀ ကျော် ခါးစည်းခံနေရတဲ့ပြည်သူတွေကိုယ်စားကျေးဇူးပါပဲ။
ဟေ့ ငအေးမြင့် ကိုယ့်သောက်ခွက်လဲကိုယ်ပြန်ကြည့်အုံး..နှစ်ပြားမတန်တဲ့ ရုပ်က နှစ်ပြားမတန်တဲ့ စကားပဲထွက်မှာပေါ့ အေးလေ ငါလဲ သိရဲ့ သားနဲ့ လျောက်ရေးနေတယ်
ဦးအေးမြင့်မေးခွန်းတွေထုတ်ထားပုံက ဒေါ်စုက စောက်သုံးမကျတဲ့ ငပေါမကြီး လုံးလုံးဖြစ်နေပုံပဲ အဲလောက်လဲမဟုတ်သေးပါဘူး ဆုတွေပုံမှန်ရနေသားပဲ
ဦးအေးမြင့်ကောအဲလောက်ရဘူးလို့လား....ကဲ
ဦးအေးမြင့် အနေနဲ့ တိုင်းပြည်ကိုစေတနာ ထားလို့ အခုလို့ပြောလိုက်ခြင်းဖြစ်တယ်လို့ လက္ခံပါတယ် ။ဒါပေမဲ့ ဒီလိုကြီးပြောရင် တော့ တုန့်ပြန်သံတွေ ကြောင့် အချင်းအချင်း အငြင်းပွားစရာတွေဖြစ်ပြီး ဒေါ်စုပြောတဲ့ စီးလုံးညီညွတ်ရေးတွေ ပျက်သွားနိုင်တယ်။အပြုသဘောဆောင်တဲ့စေတနာ ဖြစ်တဲ့အတွက် အပြုသဘောဆောင်တဲ့ လုပ်ရပ်(ပြောဆိုမှု)လေးနဲ့ဆွေးနွေးစေလိုပါတယ်။ဒေါ်စုဆိုတာ ကျနော်တို့ရဲ့ မျှော်လင့်ခြင်းသစ်သီးတစ်လုံးမဟုတ်လားဗျာ
ဦးအေးမြင့်မှန်တယ်။ ကိုယ့်မြင်တာကို သတ္တရှိရှိပြောရဲတဲ့သတ္တိ ဦးမြင့်အေးမှာရှိတယ်။ အခု သူကမေးနေပြီ။ ဖြေရမဲ့အလုပ်က ဒေါ်စု။
ဦးမြင့်အေးလိုအတွေးမျိုးတစ်ဦးမကရှိနေတာက ထူးဆန်းနေတယ်။
အခု သူများတွေရေးထားတဲ့ ကွန်းမန့်ကို ဖတ်ကြည့်တာ ဦးမြင့်အေးကို အားရပါးရဆဲထားတွေဖြစ်နေတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဦးမြင့်အေးက ရိုးရိုလေးမေးနေတာ။ ဆဲ,နေတာမဟုတ်။ ဒေါ်အောင်ဆန်းစုကြည်ကို မဝေဖန်နဲ့..ဝေဖန်ရင် ၀ိုင်းဆော်မယ်ဆိုတဲ့လူများခင်ဗျား....ဒေါ်အောင်ဆန်းစုကြည်က ခင်ဗျားတို့ရဲ့ ဘုရားလားဆိုတာ ပြောကြပါအုံး။
ခင်ဗျားတို့ကွန်းမန့်တွေက ကွန်းမန့်တွေမဟုတ်တော့ဘူး။ အမှောင်ထဲကနေ လီး,လန်ပြသလိုဖြစ်နေတယ်။
ဦးအေးမြင့် သည်လည်း အတွေ့ကြုံရင့် ပြည်တွင်းအတိုတ်အခံ တစ် ဦး ဟု မြင်ပါသည်၊ ဒါပေမဲ့အခုလို ဒေါ်စုကိုမေးတဲ့စကား (ယ္ခုစာ)ပါ အကြောင်း အရာများသည် အတိုတ်အခံ အဖွဲ့ (NLD နှင့်)အချင်းချင်းတိုတ်ရိုက်သော်၎င်း၊ လူပုဂ္ဂိုလ် (ဒေါ်စု နှင့်)အချင်းချင်းတိုတ်ရိုက်သော်၎င်း သီးခြားတွေ့ဆုံကာ ဆွေးနွေး အဖြေရှာလျှင် ဖြစ်နိုင်ချေရှိနိုင် ပါလျှက် ဦးအေးမြင့် ယ္ခုကဲ့သို့ Media ပေါ်တွင် တဖတ်သတ် မေးခွန်းများ ဖော်ပြနေခြင်းသည် အပြု သဘောမဆောင်, ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်မှု့သာဖြစ်သည်ဟုမှတ်ချက်ပြုပါသည်။
မောင်ဘုန်းကျော်မှန်သည်...
ပုံ
ဘုန်းကျော်ယောက်ဖမဟုတ်သူ (တစ်ခုခုအမျိုးတော်ခိုင်းမယ့်ကောင်တွေကြောက်လို့)
ဦးအေးမြင့် နောက်ဆုံးစာဆိုတော့းးးးးးကိုယ်ကို ကို ကြိုးဆွဲမချခင်ေ၇းထားတယ်ထင်တာ သေသေချာချာဖတ်လိုက်တော့...အားလုံးက ဦးအေးမြင့်ကို န အ ဖ သတင်းပေးမှန်သိနေတော့ ထ ရူးပြထင်ပါတယ်.ကလေးစစ်သားတွေ ကိစ္စကိုလာမပြောနဲ့ နအဖက IL0 က ဦးအေးမြင့်နဲ့ လက်တွဲလာအောင်နဲ့ လူတွေက လက်ခံလာနိုင်အောင် ချကျွေးထားတဲ့အကွက်ပါ အခုလဲ နောက်ဆုံးစာဆိုပြီလက်နက်ပုန်ထုတ်သုံးပြန်ပြီးးးး
ကိုဘုန်းကျော် ခင်ဗျားသိပ်ကြိုက်တဲ့ ဆရာအောင်းသင်းစာပေဟောပြောပွဲ အခွေထဲ က နင့်အမေဖင့် ဆို တော်တော်နီးနေပြီးဘုရာ ဆိုတာလေကို သတိရလာ အခုလည်းဦးအေးမြင့်ဒေါ်စုကိုမေးခွန်းမေးတာက ဆဲ သလို ဖြင့်နေတယ။် ကိုဘုန်းကျော် အမှောင်ထဲကလီးလှန်ပြနေတာ ကိုဘုန်ကျော်ကိုယ်တိုင်ဖြင့်နေတာသတိထားမိလာ ???သြစီကနေ ဘလောက်(လေ)လုပ်နေတာ အမှောင်ထဲကနေ xီးလှန်ပြနေတာနဲ့တူတူဘဲ နိုင်ငံကိုချစ်တယ်ဆို၇င် အခုဘာနိုင်ငံသားလဲ ကိုယ်ကိုပြန်မေး။ အခွင့်အေ၇းသမားမဟုတ်ဘူဆို၇င် ဘာကြောင့်မိဘတွေကို ကန့်ထဲဝင်ဖို့ မဲဆောက်ကို လာခိုင်းတာလဲ ကြာနေလို့ တင်းနေတာလူတိုင်သိတယ်...
ဦးအေးမြင့်ခင်ဗျား
မျက်နှာကိုသာ ခရုသင်းစွဲပါစေ
စိတ်ဓါတ်ကို ခရုသင်းမစွဲစေပါနဲ့
ပဲခူးဖဲဝိုင်းမှာ ရှုံးရင် ဒေါသဖြစ်ပြီး ပေါက်တတ်ကရ
လျှောက်ရေးမနေပါနဲ့ ခင်ဗျားဘာလဲဆိုတာလူတိုင်းသိပါတယ်။
ကြိုဆိုပါတယ်… ဦးအေးမြင့်ခင်ဗျား။
ဒီမေးခွန်းမျိုးတွေ အန်တီစုဆီ ရောက်သင့်နေတာ ကြာပါပြီ။
ကျနော့်အနေနဲ့ ဦးအေးမြင့် မေးတဲ့ မေးခွန်းထဲမှာ မေးခွန်းနံပါတ် ၂ နဲ့ ၃ ကိုပဲ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် အန်တီစုအတွက် ဦးအေးမြင့်မေးတဲ့ မေးခွန်းတွေ လိုအပ်ပါတယ်။ အန်တီစု ဖြေသင့်ပါတယ်။ ဒါပေမဲ့ အခုလို ဒီမိုသမားတွေက ဦးအေးမြင့်ကို ဆဲဆိုနေတာကို မြင်ရတော့ နိုင်ငံရဲ့ အနာဂါတ်အတွက် ရင်လေးမိပါတယ်။ အခုလို ဆဲဆိုနေတာဟာ ဆန့်ကျင်ဘက်အယူအဆတွေကို ရှင်သန်ခွင့်မပေးတဲ့ အာဏာရှင်စိတ်ဓာတ်နဲ့ အတူတူပါပဲ။ ပါးစပ်ကသာ ဒီမိုကရေစီ ဒီမိုကရေစီ အော်နေပေမဲ့ အာဏာရှင် ဦးနေ၀င်း၊ ဦးသန်းရွှေတို့ရဲ့ နောက်လိုက်တွေရဲ့ အကျင့်စရိုက်တွေနဲ့ ထူးမခြားနားပါပဲ။
ကွန့်မန့်ရေးသူများအနေနဲ့ ဒီမိုကရေစီကို လိုလားသူများဖြစ်ပါက မဆဲဆိုသင့်ပါဘူး။ အယူအဆကို အယူအဆနဲ့သာ တုန့်ပြန်သင့်ပါတယ်။
ဦးအေးမြင်.ဘက်ကသော်လည်းကောင်း
ဒေါ်စုဘက်ကသော်လည်းကောင်းဝင်ရောက်
ထင်မြင်ချက်ပေးတာကောင်းပါတယ်။ဒါပေမယ်.
တစ်ချို.တွေအမြင်မှားနေတယ်။ဦးအေးမြင်.လိုလူ
နဲ.ဒေါ်စုကိုနှိုင်းယှဉ်လို.မရသလိုသူတို.နဲ.သူတို.ရဲ.
အဖွဲ.အစည်းတွေရဲ.လုပ်ဆောင်ချက်တွေ၊မူဝါဒတွေ
လည်းမတူကြပါဘူး။လွတ်လပ်စွာမေးမြန်းပြောဆိုတာ
နဲ.အဲဒီတံဆိပ်ကိုမသိနားမလည်ဟန်ဆောင်ကပ်ပြီး
လွဲမှားစွာနားလည်နေတာကတော.ကိုယ်ရဲ.နိုင်ငံ
ရေးအပေါ်နားလည်မှုအဆင်.အတန်းကိုဖော်ပြနေတာ
နဲ.အတူတူပါပဲ။ပြည်သူတွေကခပ်တုံးတုံးတွေ
ွမဟုတ်သလိုခပ်တုံးတုံးတွေထဟောင်တိုင်း
လည်းလိုက်ထောက်ခံနေမှာမဟုတ်ဘူးဆို
ိုတာနားလည်သင်.ပါတယ်။
ဘယ်သူကဘာတွေလုပ်လဲ၊လုပ်နေလဲ၊လုပ်ခဲ.လဲ
ဆိုတဲ.သမိုင်းကိုလိမ်လို.မရသလိုကိုယ်.ဘာသာလည်း
လိမ်လို.မရပါဘူး။ဘယ်သူသိသိမသိသိကိုယ်.ဘာသာ
တော.သိဖို.ကောင်းပါတယ်။
ဘုန်းကျော်ဆိုတဲ့လူရေ...ခင်ဗျား ကျနော် စာကိုသေသေချာချာမဖတ်မိဘူးနဲ့ တူတယ် ဘယ်သူကမှဆဲနေတာမဟုတ်ရပါဘူး တကယ်တော့ ခင်ဗျားလူကမှ သွေးရူးသွေးတန်း ဘာတွေမေးနေတာလဲ လို့ မေး ရမှာ ..ခင်ဗျားလူ အကြောင်းကို..ကျနော်တခါမှမကြားဘူးပါဘူး..မှန်သောသစ္စာစကားပါ..ဒါပေမဲ့အခုသူလုပ်ခဲ့တာတွေကို socretes..ဆိုတဲ့လူရေးတာတွေကိုဖတ်ရတော့.. တကယ်လဲလေးစားပါတယ်..ဒါပေမဲ့ဗျာ..ခင်ဗျားကျ နော်ရဲ့ စာကို သေသေချာချာဖတ်ဖို့ လည်းပြောပါရစေ..phone..ဆိုတဲ့စာပါ..ကျနော်ကနားကိုနှစ်ဖက်လုံးဖွင့်ထားတာဗျ...စုံလုံးကန်းတ ယောက်မဟုတ်ဘူး...silent-truth.ကိုလည်း တွေ့ ရင်ပြောပြလိုက်ပါဗျာ..ဘယ်သူတွေကဆဲနေတာလဲလို့ ....
မိမိနဲ့ သဘောထားမတိုက်ဆိုင်ရင် ဆဲကြ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ကြနဲ့ အဲဒါ ဒီမိုကရေစီတဲ့လား။ အမြင်တွေ မတူညီတော့ဘူးဆိုရင် အစဉ်အလာအတိုင်းပဲ ကွဲကျ ပြဲကြဦးဗျာ။ တစ်ဖွဲ့ကနေ နှစ်ဖွဲ့။ နှစ်ဖွဲ့ကနေ ၄ ဖွဲ့ဆိုပြီး ကွဲပြဲကုန်တဲ့ ဇတ်လမ်းတွေက ရိုးနေပါပြီ။
ဒေါ်စုပြောတာမှန်ပါတယ် ဒေါ်စုပြောတာထောက်ခံပါတယ် ဒေါ်စုလုပ်တာမှန်ပါတယ် ဒေါ်စုလုပ်တာထောက်ခံပါတယ် အဲဒါမှ ဒီမိုကရေစီ အစစ်ပဲ။ ဒါဆိုကြံဖွတ်နဲ့ ဘာကွာတော့မှာလဲ။ ဒေါ်စုကိုထောက်ခံတဲ့ ကောင်တွေကလည်း တတိယနိုင်ငံထွက်ဖို့ ကြိုးစားနေသူတွေပဲ။ သူတို့တတွေကြောင့်ရမှာပါပဲ။ ဒီမိုကရေစီတော့မဟုတ်ဘူး ထောက်ပန့်ကြေးဒေါ်လာလေ ဟဲဟဲမှန်တာပြောလို့ စိတ်ဆိုးကြအုန်းမယ်
channyein ဆိုတဲ့လူရေ..ခင်ဗျားပြောတာကို ကျနော်လက်ခံပါတယ်...ဒါပေမဲ့..တတိယနိုင်ငံကိုသွားရအောင်လို့ ဘယ်သူတွေလုပ်နေတယ်ဆိုတာကိုတော့ခင်ဗျား သိလိမ့်လိုကျွန်တော်ထင်ပါတယ်..မသိရင်လည်းနည်းနည်းပါးပါးစုံစမ်းကြည့် ဖို့ တော့ပြောချင်တယ်ဗျာ..
လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံတဲ့ ကိစ္စတွေကို ဒေါ်စုကလုပ်ရအောင် ဒေါ်စု က lawyer မှ မဟုတ်တာ၊ သူကိုယ်တိုင်တောင် ပြန်အဖမ်းမခံရအောင် မနည်းနေနေရတာပါ ၊
ဦးအေးမြင့်က သူရဲ့စိတ်အရင်းအတိုင်းမေးတယ်ဆိုရင် ဒီမိုကရေစီအရ လွတ်လွတ်လပ်လပ်မေးပိုင်ခွင့် ရှိပါတယ်၊ ဒါမှမဟုတ် ဦးအေးမြင့်က အစိုးရဆီက အခွင့်အရေး၊ ပါမစ်ရလို.လုပ်တာမျိုးဆိုရင်တော့ မဟုတ်သေးဖူး၊
နောက်ပြီး ဒေါက်တာလွဏ်းဆွေဘလော့ က အမြင်အမျိုးမျိုးကို တင်ပြနေတယ်ဆိုရင် လက်ခံရမှာပါ ၊ ဒါမှမဟုတ် ဒေါ်စု ကိုမုန်းပြီး ဒေါ်စု မကောင်းတာတွေ ပုဂ္ဂိုလ်ရေးအရ ထိုးနှက်နေတဲ့ ပို.စ်တွေတင်နေရင်တော့ ဒေါက်တာကြီး ဘလော့အမည်ကို "စုမုန်းသူ" ဘလာ့ လို.သာ အမည်ပြောင်းလိုက်ပါတော့၊ ဒေါ်စု profile ပုံနဲ. "စုချစ်သူ" ဆိုတဲ့ ဘလော့ဂါတစ်ယောက် စင်ကာပူနိုင်ငံမှာ ရှိနေတာကို သတိပြုမိလို.ပါ ၊
@ABC
"လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံတဲ့ ကိစ္စတွေကို ဒေါ်စုကလုပ်ရအောင် ဒေါ်စု က lawyer မှ မဟုတ်တာ၊ သူကိုယ်တိုင်တောင် ပြန်အဖမ်းမခံရအောင် မနည်းနေနေရတာပါ ၊ "
ဒီစကားကတော့ တော်တော်လွဲတဲ့အယူအဆပဲထင်တယ်..။
လူထုခေါင်းဆောင်ဆိုတာ လူထုကို အကာအကွယ်ပေးဖို့ မလုပ်ပဲ ခေါင်းဆောင်အခေါ်ခံရုံသက်သက် ဖြစ်မနေဘူးလား။
NLD ဥပဒေအဖွဲ့ က ပြည်သူအတွက်လုပ်စရာမလို
အဖွဲ့ အတွက်ပဲလုပ်ရမည်လို့ ဒေါ်စုက ညွှန်ကြားထားသလား။
ဆို က ရေး တီး ရေ ....
ကျွန်တော်က မလွဲပါဖူး ၊ ခင်ဗျားက သိပ်ပြီးယုံကြည်အားကိုးတာကိုက အမှားပါဗျ ၊ ကျွန်တော်အရင်က ပို.စ်တစ်ပုဒ်မှာ ကွန်မန်.ရေးခဲ့သလိုပေါ့၊ ဒေါ်စုရှိနေတာဟာ မရှိတာထက်စာရင်တော့တော့ကောင်းပါတယ်၊ NLD နဲ. ဒေါ်စုအနှစ် (၂၀) ကျော်ရှိတဲ့အထိဘာမှ မအောင်မြင်တာကို သူတို.ကို အပြစ်မမြင်ပါဖူး၊ သူတို.မရှိတာနဲ. တစ်တိုင်းပြည်လုံးက ကြံဖွတ်အဖွဲ.၀င်တွေဖြစ်သွားလိမ့်မယ်၊ အတိုက်ခံအင်အားစုလေးရှိနေတာ ကောင်းပါတယ်ဗျာ၊ အဖွဲ.က နည်းချင်နည်းမယ် ၊ ဘာမှမဆောင်ရွက်နိုင်ဖူးဖြစ်ချင်ဖြစ်မယ်၊ နောက်ပြီး ကျွန်တော်ပြောချင်တာက သူတို.ကိုချည်းပဲ အပြစ်ပုံချလို.လည်းမရနိုင်ပါဖူး၊ တကယ်တမ်း ပြောရရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီမရသေးတာ ခင်ဗျားတို. ၊ ကျွန်တော်တို.နဲ. တစ်တိုင်းပြည်လုံး က လူတွေအားလုံးမှာ တာဝန်ရှိပါတယ် ၊ ဒီလိုပဲ အော်လာခဲ့ပြီး ဆက်လက်ပြီးအော်နေကြတာ နှောင်နှစ်ပေါင်းဘယ်လောက်ကြာဦးမလဲမသိဖူး ၊
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက အွန်းလိုင်းမှာ အပြောလွယ်သလောက် တကယ်လက်တွေ. လုပ်ရတာ တော်တော်ခက်ပါလိမ့်မယ် ၊
ဦးအေးမြင့် ရဲ့ စကားသံကို Radio မှာကြားဖူးတာကြာပြီ၊
ရေးတဲ့စာနဲ့ ဓါတ်ပုံကိုအခုမှ တွေ့ ဖူးတယ်။ချင့်ချိန်စဉ်းစား
ပြောဆိုရေသား တတ်မှုတော်တော်အားနည်းလှတယ်။
ထူးထူးခြားခြား မလုပ်နိုင်သေးရင်တောင်၊ဖျက်လိုဖျက်ဆီး
မလုပ်တာ အကောင်းဆုံးဖြစ်ပါလိမ္မယ်။ထမင်းတစ်လုပ်ကို
ကောင်းသောနည်းနဲ့ ရှာစားရတာ သိတ်ပြီးအပန်းမကြီးပါ
ဘူး။
socretes ရေ.....
လူထုခေါင်းဆောင်ဆိုတာ လူထုကို အကာအကွယ်ပေးဖို့ မလုပ်ပဲ ခေါင်းဆောင်အခေါ်ခံရုံသက်သက် ဖြစ်မနေဘူးလား။ ဟုတ်ပါတယ်..ဒါပေမဲ့..အဲ့ဒီလိုနေရအောင်..ဘယ်သူတွေလုပ်နေတယ်ဆိုတာကို..မသိတာလား..?..မသိချင်ယောင်ဆောင်နေတာလားဗျာ..?... NLD ဥပဒေအဖွဲ့ က ပြည်သူအတွက်လုပ်စရာမလို
အဖွဲ့ အတွက်ပဲလုပ်ရမည်လို့ ဒေါ်စုက မညွှန်ကြားထားပါဘူးဗျာ.....ဘယ်သူတွေက..ညွှန်ကြားတာလဲဆိုတာ...ခင်ဗျားပိုသိပါတယ်....
phone ဆိုတဲ့သူရေ မလေးရှား NLD(LA) က UNHCR အထောက်ထားစာရွက်စာတမ်းတွေကို မလေးငွေ ၁၀၀၀နဲ့ရောင်းစားနေတာ တတိယနိုင်ငံ အပြီးအစီး ၃၀၀၀ ဆိုတာ အားလုံးသိတယ် ခင်ဗျားလိုချင်ရင်ဖုန်းနံပါတ်ပါပေးလိုက်မယ် 03-80625679 ဟဲဟဲဒေါ်စုတော့မထိနဲ့နော်...
မေးခွန်း(၁)
ဒီမေးခွန်းကိုကြိုက်တယ်..ဒါမေးသင့်တဲ့မေးခွန်း..NLD နဲ့ အတိုက်အခံလို့သတ်မှတ်ထားသူတွေ..ဒီမေးခွန်းအတွက် အဖြေရှိပြီလား..
မေးခွန်း(၂)
ခင်ဗျားမှားနေတယ်..ဒီအသံလွင့်ငှာနတွေက ဒေါ်စုကို အမွှန်းတင်ချင်တာမဟုတ်ဖူး..သူတို့ရဲ့လခတွေနဲ့ဘတ်ဂျက်တွေက ဒေါ်စုနာမည်ပေါ်တည်မီနေတာ..မဟုတ်ရင်အဖြူနှာခေါင်းရှည်တွေက..ကစ်လုပ်တာခံနေရတာကြာပြီ.
မေးခွန်း(၃)
အဲဒါခင်ဗျားတော်တော်ညံတဲ့မေးခွန်း..ကျန်ခဲ့တဲ့နှစ်၂၀အတွင်းမှာ အကျယ်ချုပ်နဲ့..ဘာမှလုပ်ပိုင်ခွင့်မရှိသူကိုမေးတာ..ခင်ဗျားသောက်သုံးမကျတာပဲ..
မေးခွန်း(၄)
ခင်ဗျားလုပ်နေတာ..လုပ်နိုင်တာ..တခုတည်းကိုပြောနေတာကိုး..တိုင်းပြည်မှာ လယ်ယာမြေကိစ္စတခုတည်းဖြစ်နေတာမဟုတ်ဖူး..ဘက်ပေါင်းစုံကဖြစ်နေတာ..အဓိက နိုင်ငံရေးတိုက်ကွက်ဆိုတာမှားနေပြီ..လွန်ခဲ့တဲ့ နှစ်ပေါင်းစွာက ဗကပကိုင်စွဲတဲ့လယ်ယာမြေ စကားလုံးက ကျန်ခဲ့ပြီ..
မေးခွန်း(၅)
ပြန်လည်သုံးသပ်နေတယ်လို့ ကျုပ်ထင်တယ်..ညံ့တဲ့သူမှမဟုတ်တာဗျာ..တခုတော့ရှိတယ်..အဲဒီကိစ္စတွေက ဒေါ်စုအထဲမှာရောက်နေချိန် ဖြစ်ခဲ့တဲ့ဟာဗျ..
မေးခွန်း(၆)
မေးခွန်းကောင်းဗျာ..so far ကျွန်တော်ကြားမိတာကတော့ အရှိ အရှိတိုင်းမြင်ပါတယ်တဲ့..အဲဒါကို RFA က ကိုယ်တော်တွေက အသိအမှတ်ပြုပါတယ်ဆိုပြီး ဘာသာပြန်သေးတယ်..တော်တော်သောက်သုံးမကျပုံက..
မေးခွန်း(ရ)
တခုတော့ရှိတယ်..လက်ရှိအနေအထားအရ ခင်ဗျားသေသွားလို့ဘာမှမဖြစ်ဖူး..ဒေါ်စုအနေအထားက ဂရုစိုက်ရမဲ့အခြေအနေ..စော်ကားနေတာမဟုတ်ဖူး..truth နော်..ဦးဝင်းတင်လို့လူမျိုးတောင်..ဒေါ်စုနေရာဝင်ပြောလို့မရဖူး..မှန်တာတခုက ဒေါ်စုတွေ့ဖို့တော်တောခက်တယ်လို့ပြောတယ်..ပြန်စဉ်းစားတော့..တွေ့မဲ့ကိစ္စက ဘယ်လောက်အရေးကြီးလို့လဲဆိုတဲ့အချက်လည်းပါမှပြေါ့..
နိဂုံးချုပ်ရရင်..ခင်ဗျားက ဒေါ်စုထက်စာရင် NLD ကို တော်တော်မကြိုက်ပုံရတယ်..ပုံစံကြည့်ရတာ..ပဲခူးက NLD အုပ်စုနဲ့ သိပ်အဆင်ပြေပုံမရဖူး..နောက်ဆို တန်ဖိုးရှိတဲ့ဟာတွေပဲ ပြောပါရေးပါဗျာ..
To All,
From this forum, one can learn that Burmese can be easily divided.Burmese (inclding all ethnic minorities) are very difficult to agree each other.
Watch out. Aye Myint has hidden agenda. Burma lost all the opportunities because there are people like Thein Pe Myint and also like this Aye Myint.
No need to waste much time to debate on what Aye Myint brought up. There are many works to be done.Just ignore Aye Myint.
regards.
Moe
လူထုထောက်ခံတိုင်း ဒေါ်စုကို အထင်ကြီးလို့ မရပါဘူး။ သူ့မှာ လက်စုတ် လက်ကိုင်ပြနိုင်တဲ့ အောင်မြင်မှု ဘာတစ်ခုမှ မရှိဘူး။ သူက လူပိန်းကြိုက်တဲ့နည်းတွေ သုံးပြီး လူထုကို ဆွယ်နေတာ။ ၈၈ တုံးက ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတဲ့ ဂုဏ်နဲ့ နေရာရအောင်ယူတယ်။ အခုကျတော့ မိတ်ကပ်အဖွေးသားလိမ်းပြီး အကျီဒီဇိုင်းမျိုးစုံနဲ့ ဓါတ်ပုံမျိုးစုံ ရိုက်ခံတယ်။ အကျီထပ်တယ်ဆိုတာ လုံးဝ မရှိဘူး။ သူ့မျက်နှာနဲ့ ကိုယ်လုံးကို ပြပြီး ဆွယ်နေတာဟာ နိုင်ငံရေးသမားတွေ အလုပ်လား?
Ko ပေးတဲ.ကွန်မန်.ကို ကြိုက်လိုက် ကျုပ် ဖေ့ဘွတ်မှာရှယ်လိုက် တယ်ဗျာ .... :D
To Channyein,
Are you paid to post your comment?
Otherwise you are simply stupid.
To Mg,
You are right. I am in one of the ASEAN countries outside Burma. I do not know who is Aye Myint. Of course DASSK is the leader of Burma and its citizens and the whole world know it.
To Aye,
How many kyats you get just to post foolish comments?
To Applenaytoe,
I do not understand there are some people who follow Aye Myint who has such personality.
To All,
Ko Than Win has the points.
Aye Myint has bad metal attitude coupled with bad physical appearance.
To All,
In Burma's political history, only one party which is NLD which is truthful and won landslide in 1990 poll beside all the top leaders are in detention.
Are there any other elections which are fair, sincere and respectable. In late 1950 the election was rigged by Atble AFPFL (PAMANYATA) allies although U Nu's Thant Shin (Clean) AFPFL won the election.
Those who are young, should read Burmese history and try to know the bad and good politicians and their skills to counter the thugs like Aye Myint.
To Myo Aung,
How many kyats you have been paid to post your insulting comments?
Look like you are a dog barking the Sun. You cannot go near the sun which as lots of energy. You, the dog will be charred if you approach near the Sun. It is applicable to Aye Myint and all his followers.
To All the critics,
Who and which are causing all the problems in Burma and its people?
Why there are child soldiers? Why there are so many displced villagers, workers, elderly peoples and childrens in neighboring countries?
Why ordinary peoples, including the other ranks of the tatmadaw and their families are so poor whilst some top officials and their cronies are so rich?
Why there are no good educational institutions, schools, colleges, polytechnic's, universities?
Why the public transports and hospitals are not efficient, not world class and does not have medicines and facilities?
There are many questions?
If Aye Myint is sincere, he should think and find out the root causes of the problems. I believe he does know these. But he(the dog) is paid to bark at the SUN.
လူထုထောက်ခံတိုင်း ဒေါ်စုကို အထင်ကြီးလို့ မရပါဘူး။ သူ့မှာ လက်စုတ် လက်ကိုင်ပြနိုင်တဲ့ အောင်မြင်မှု ဘာတစ်ခုမှ မရှိဘူး။ သူက လူပိန်းကြိုက်တဲ့နည်းတွေ သုံးပြီး လူထုကို ဆွယ်နေတာ။ ၈၈ တုံးက ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတဲ့ ဂုဏ်နဲ့ နေရာရအောင်ယူတယ်။ အခုကျတော့ မိတ်ကပ်အဖွေးသားလိမ်းပြီး အကျီဒီဇိုင်းမျိုးစုံနဲ့ ဓါတ်ပုံမျိုးစုံ ရိုက်ခံတယ်။ အကျီထပ်တယ်ဆိုတာ လုံးဝ မရှိဘူး။ သူ့မျက်နှာနဲ့ ကိုယ်လုံးကို ပြပြီး ဆွယ်နေတာဟာ နိုင်ငံရေးသမားတွေ အလုပ်လား?
J ဖြစ်နေတာ - Jealousy
ဒေါ်စု၏ နိုင်ငံရေးလှုပ်ရှားမှုများ
- မိတ်ကပ် အဖွေးသားလူးပြီး ဓါတ်ပုံမျိုးစုံရိုက်၍ လူထုထောက်ခံမှု ရအောင်လုပ်သည်။
- အစားအသောက်ကို ဆင်ခြင်ပြီး ခန္ဓာကိုယ်၏ အလှကို ထိမ်းကာ လူထုထောက်ခံမှုရအောင် လုပ်သည်။
- အကျီဒီဇိုင်းမျိုးစုံဝတ်ပြကာ လူထုထောက်ခံမှုရအောင် လုပ်သည်။
မျိုးအောင် ကလည်း ပေါကြောင်ကြောင်နဲ့....
channyein ရေ ကျေးဇူးတင်ပါတယ် ...ခင်ဗျားရော..ရုရှ..သွားတာဘယ်လောက်ကုန်သွားလဲ....ခင်ဗျား..လည်း ကျတော် စာကို သေသေချာချာပြန်ဖတ်ဖို့ ပြောပါရစေ...ကျတော်ပြောတာ...ခင်ဗျားပထွေးတွေက..နိုင်ငံထဲမှာတွေ့ လို့ ကတော့...ဟဲဟဲ..ခင်ဗျားသိပါတယ်..ရုရှ မှာ ခင်ဗျားနေရတာ အဆင်ပြေ လား...ကျတော်ကမျက်ကန်း မျိုးချစ်တယောက် မဟုတ်ဘူးဗျာ
မျိုးအောင် ရေ....ခင်ဗျားကလည်း..သူလို့ နေချင်လို့ လား....အန်တီ..စု..လို့ လေ...ဟဲဟဲ..ယိုးဒယားမှလုပ်လို့ ရပါတယ်..့ဖြတ်ဖောက်ချုပ်လေ....:-)
ကိုမျိုးအောင်..ရေ...ခင်ဗျားဆရာကိုလည်းပြောလိုက်အုံး....ဖြတ်ဖောက်ချုပ်က..အသက်အရွယ်မရွေး..လုပ်လို့ ရတယ်...လို့ ....အမှန်တွေပြောလို့ စိတ်ဆိုးတယ်ဆိုလည်း...ဟဲ..ဟဲ...ကျနော်..sponsor...ပေးပါမယ်...တ..ကယ်..ပြော..တာ..နော်...:-D
မောင်အေးမြင့်၊ဆိုကရေးတီးနဲ့ မောင်မျိုးအောင်တို့လို
international knowledge မရှိတဲ့ (တစ်နည်းအားဖြင့်ကိုယ်ကျိုးအတွက်ပဲသိတဲ့ ၊သဘောထားသေးသိမ်တဲ့၊ အမြင်ကျည်းတဲ့ ၊အခြေအမြစ်မရှိတဲ့၊ကပ်ဖါးကပ်ဖါးလုပ်တတ်တဲ့ခပ်ညံ့ညံ့ဝေဖန်မှုမျိုးနဲ့)လူတွေရှိနေသရွေ့တော့ နိုင်ငံတကာမှာ ကျွှန်တော်တို့မြန်မာ နိုင်ငံဟာ ရွံ့တောထဲကနေ ရုံးထွက်နိုင်ဦးမှာမဟုတ်ဘူး
ကျွှန်တော်ပြောတာ နည်းနည်းတော့ ရိုင်းနေပါလိမ့်မယ်
အဲဒီအတွက် စိတ်မကောင်းပါဘူးဗျာ....
တော်တော်အံ့သြဖို့ကောင်းတာကတော့ ဒေါ်စုကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ တခုခုဝေဖန်လိုက်တာနဲ့ ပြသနာရှာကြတာဘဲ။ သြော် တော်တော်တရားကျဖို့ကောင်းတယ်။
အဲဒါကြောင့် သန်းရွှေတို့ စစ်ပအုပ်စုက ဒီနေ့ထိ ကောင်းစားနေတာပေါ့။
ဒေါ် စု သရ ဏံ ဂစ် စာ မိ
ဆို ပြီး ၃ ကြိမ် အော် ပါ ။
ဒေါ် စု ကို မုန်း လို့  မ ဟုတ် ပါ ၊ ဘေး က နေ ဒေါ် စု ကို ဝေ ဖန် ရင် ကဲ ကဲ လှူပ် နေ တဲ့  င တိ တွေ ကို အ မြင် ကပ် လို့ ပါ ။ နဲ နဲ တော့  မေး ချင် တယ် ဒေါ် စု က ချီး စား ကြ ဆို ရင် စား ကြ မ လား လို့  ။ ။ ။
ဦးအေးမြင့် ခင်ဗျား
ဇီဝိတဒါန စကားနဲ့ ပြောရရင်
(၁) ဆေးမှန်မှန်သောက်ပါ
(၂) အနွေးထည်ထူထူဝတ်ပြီးနေပါ
(၃) လေစိမ်းအတိုက်မခံပါနှင့်
(၄) ဂရောင်ခြောက်ခြားစကားတွေမပြောနဲ့ 
(၅) လိမ်လိမ်မာမာနေ
ီ
Post a Comment