Monday, March 28, 2011

ဗမာတွေ ငတုံး ငအ မဟုတ်ပါ

ဗမာတွေ ငတုံး ငအ မဟုတ်ပါ
အရှင်ပညာဇောတ (ဒေလီ)
(ဓာတ်ပုံ - ဘားမားတူဒေးဝက်ဘ်ဆိုက်မှ ...)

တလောက မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး Democratisation on Myanmar (Burma) ခေါင်းစဉ်နဲ့ ဒေလီတက္ကသိုလ် ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ ကျင်းပတဲ့ ပွဲကို ဦးဇင်းတို့ တက်ရောက် ခဲ့ကြတယ်။ မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး ဆွေးနွေးပွဲကို အိန္ဒိယ နိုင်ငံခြားရေးဌာနက ပုဂ္ဂိုလ်တွေ၊ တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ မြန်မာ့အတိုက်ခံ ဒီမိုကရေစီခေါင်းဆောင်တွေ ပြောကြဆိုကြတဲ့ ပွဲပါ။ ဖိတ် ကြားခြင်းခံရလို့တော့ မဟုတ်ပါဘူး၊ အတည်ပေါက်နဲ့ ၀င်တက်တာပဲဆိုပါတော့။ ကြံကြံဖန်ဖန် ကြော်ငြာထား တဲ့ ပိုစတာလေးတခု တွေ့ရလို့ တော်သေးတယ်လို့ပဲ အောက်မေ့မိပါတယ်။ ကိုယ်လိုပဲ ဖိတ်စာမရတဲ့ အဖွဲ့ ခေါင်းဆောင်တွေ မနည်းမနောပါပဲ။ တချို့ခေါင်းဆောင်တွေက ဖိတ်စာမရောက်ပေမယ့် သိတယ်၊ မတက်ဘူး ပေါ့။ တချို့ကတော့ သိကို မသိတာပါ။

အံ့သြစရာတခုက ဒီဖိတ်စာက နိုင်ငံရေးဆိုတာ လူစုပြီး ပါလီမန်နားက ပန်းခြံတခုမှာ အော်ကြဟစ်ကြတာ လောက် သိပြီး တတိယနိုင်ငံ ကူးဖို့လုပ်နေတဲ့ လူတချို့ဆီမှာတော့ တွေ့နေရပြန်ရော။ ဖိတ်စာ မရောက်ပေ မယ့် ဒီပွဲကိုတော့ဖြင့် တက်ရောက်ချင်စိတ် ဖြစ်မိပါတယ်။ အကြောင်းကတော့ ထိုင်းဘက်က ဗဟုအဖွဲ့က အောင်နိုင်ဦးတို့ လာရောက်ပြောမယ်ဆိုလို့ပါ။ ဒီအဖွဲ့ကိုတော့ စစ်တပ်နဲ့ ဆက်နွယ်နေတယ်လို့ သံသယရှိထား တာကိုး။ ပြည်တွင်းက သံဃာတွေကို တရားဝင် ဗီဇာတွေနဲ့ ခေါ်ပြီး သင်တန်းတွေ ပေးနေတာတွေ သိနေ တော့ ဧရာမ နိုင်ငံရေးမှောင်ခိုဂိုဏ်းကြီးလို့ သဘောထားတဲ့ အဖွဲ့ပါ။ ဒီလူတွေပြောရင်တော့ ပြည်သူ့ဆန္ဒတော့ ပြောမှာမဟုတ်ဘူး၊ စစ်တပ်ဆန္ဒပဲ ပြောမှာပါ။ ဒါမှမဟုတ် သခင်ကြီးတွေဖြစ်တဲ့ အီးယူတို့ အမေရိကန်တို့ရဲ့ ဆန္ဒတွေ ပြောကြမှာပါ။

အစည်းဝေးခန်းမထဲ ရောက်တော့ ဂိုရှယ်ဆိုတဲ့လူက မြန်မာစစ်အာဏာရှင်တွေကို အထီးကျန်မထားဖို့၊ လက် တွဲခေါ်ဖို့တွေ၊ ဆန်ရှင်ဖြုတ်ဖို့တွေ အတောမသတ် ပြောနေတော့တာပါ။ အိန္ဒိယက ပညာရှင်တွေ အကုန်လုံး တီးလုံးတိုက် ညှိထားတဲ့အတိုင်း ဆန်ရှင်ဖြုတ်ဖို့ လူတိုင်းလောက် ပြောကြတာပါ။ ထူးထူးဆန်းဆန်း အမျိုးသ မီး တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အဂတိတရားလေးပါး အကြောင်းနဲ့ မစန္ဒာရဲ့ ‘ခေါက် ထီးလေး မလုံ့တလုံ’ ၀တ္ထုထဲက ဇာတ်လမ်းတခုကြောင်း ပြောပါတယ်။ ထိုင်းဘက်က မခင်ဥမ္မာကတော့ သူ ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအကြောင်းတွေ သူ လက်ရှိလုပ်နေတာတွေ ပြောပါတယ်။

တော်တော်နားထောင်လို့ ကောင်းပါတယ်။ အားလည်းတက်မိပါတယ်။ ခဏနေတော့ မဇ္ဈိမ အယ်ဒီတာ ကိုစိုး မြင့် ပြောပါတယ်။ အဲဒီမှာ တကယ့်ကို အကျိုးနည်းတွေ ပြောတော့တာပါပဲ။ ဒီလူတွေဆိုတာက ပြည်သူ့ဆန္ဒ တွေ ပြောရမှာလေ။ သူပြောတာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ညစ်ပတ်မှု မတရားမှုတွေ ရှိတာ မှန်ကြောင်း၊ သို့သော်လည်း လက်ရှိအခြေနေမှာ ဗမာပြည် ဒီမိုကရေစီရေးအတွက် အခွင့်အလမ်း တံခါးပေါက်ဖြစ်ကြောင်း၊ အကြောင်းကတော့ လူနည်းစု ဒေသများတွင် တိုင်းရင်းသားများလည်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်အနိုင်ရခဲ့ ကြောင်း၊ လက်ရှိ ပြည်တွင်းစီးပွားရေးအခြေနေများ အလွန်ဆိုးဝါးနေပြီး အလျင်အမြန် အရေးယူဖြေရှင်းဖို့ လို အပ်နေပြီဖြစ်ကြောင်းတဲ့။ ဒီစကားတွေ ပြောချင်ရင် အခု နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်ထဲမှာ သွားပြောပေါ့။ ဒီနိုင်ငံက လူတွေ စစ်တပ်နဲ့ ပေါင်းဖို့ ပြောတာတွေကို ခင်ဗျားတို့ စစ်တပ်လုပ်နေတာတွေ နား မလည်လို့ မှားမှားယွင်းယွင်းတွေ ပြောနေတာ ဆိုတာကို အတိုက်ခံလုပ်နေပါတယ်ဆိုတဲ့ လူတွေက ချေဖျက် ပြောရမှာပေါ့။ မီဒီယာသမားဖြစ်နေလို့ ဒေါနဲ့ မောနဲ့ မပြောချင်နေပေါ့။ သြော်… ခက်ပါရော။

မေးခွန်းတွေ မေးကြတဲ့အချိန်ရောက်တော့ ရဲဘော်ကျော်သန်းကတော့ အာဘောင်အာရင်းသန်သန်နဲ့ ကုလား ပညာရှင်တွေ ပြောတာကို ချေဖျက်တော့တာပဲ။ အခမ်းနားမှူးလုပ်တဲ့ အမျိုးသမီးကြီးဆို မျက်နှာတွေပျက်လို့၊ ဂိုရှယ် ဆိုတဲ့လူတော့ နဖူးနဲ့ ဆံစပ်တွေမှာ ချွေးတွေများတောင်ပြန်လို့။ အမျိုးသမီးတယောက်ကပါ သူ့တင်ပြ ချက်တွေကို မေးခွန်းထုတ်နေတာကိုး၊ ချွေးပြန်တော့တာပေါ့။ ပြောရရင်တော့ ပွဲကြီးက လုပ်ပွဲကြီးပါ။ တ ယောက်နှစ်ယောက်က ၀င်ထောက်လိုက်တာနဲ့ အခြေမလှ ဖြစ်သွားတယ်။ ပညာတတ်တွေဆိုတော့ ဘာမှမ ဖြစ်သလို ခပ်တည်တည်ပဲပေါ့။ ပွဲက မလှတော့ ညနေပိုင်း သတင်းနားထောင်တော့ ဘယ်ရေဒီယို သတင်းဌာ နမှ ပါမလာတော့ဘူး။
မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးဆိုတဲ့ ဧရာမ ခေါင်းစဉ်ကြီးနဲ့ နိုင်ငံခြားရေးဌာနက လူကြီးတွေ၊ တက္က သိုလ်အသီးသီးက ပညာရှင်တွေနဲ့ လုပ်တဲ့ပွဲ၊ ငွေတွေ အများကြီး ကုန်ကျတဲ့ပွဲ၊ တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားရ တယ်။ ရွာလည်က ကြက်ပွဲကမှ အသံထွက်လိမ့်ဦးမယ်။ နောက်ရက်တော့ ဦးဇင်းတို့လည်း မသွားတော့ဘူး။ ပြီးပြီလေ ဘာဆိုဘာမှ မဟုတ်တာကြီး။ ကိုယ်က ပြီးပေမယ့် မပြီးနိုင်တဲ့ သူက ရှိလာပြန်တယ်။

ဒီမှာရှိတဲ့ လူတွေ အခမ်းအနားလုပ်တဲ့ BCRC လို့ခေါ်တဲ့ ဗမာ့ရိပ်သာခန်းမမှာ အစည်းဝေးပွဲ ထပ်လုပ်တာပေါ့။ ဒီပွဲလည်း ဖိတ်စာမရောက်ပါဘူး။ သွားတော့တက်ရတာပေါ့။ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တာတွေ ပြောနေရင် မခက်ပေဘူးလား။ ထင်တဲ့အတိုင်းပဲ ပြောတာပါပဲ။ ဒေါက်တာတင့်ဆွေကနေ ဇ ခါဟူစိန်ကောလိပ် (Zakir Husain College) မှာလုပ်တဲ့ ပွဲဟာ အိန္ဒိယမှာရှိတဲ့ ပညာရှင်တွေရဲ့အမြင်တွေကို ပြောကြတာပါတဲ့။ ဒါဟာ ကောင်းပါတယ်တဲ့။ ကျနော်တို့ သူတို့ရဲ့ အမြင်တွေ သိရတာပေါ့တဲ့။ နောင်လည်း ဒီ လိုပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ရဲဘော်ကျော်သန်းကြီးကတော့ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ပွဲမှာ သူတင်ပြချက်တွေနဲ့ ပညာရှင်တွေရဲ့ အလွဲအမှားတွေကို ပရိသတ်ကို ပြန် ပြောပြပါတယ်။

ဒီနေရာမှာ ပညာရှင်ဆိုတာကို ယေဘုယျအားဖြင့် (၃) မျိုးလောက် ခွဲပြောချင်ပါတယ်။ မိမိပညာရပ်ကို လေး စားပြီး အမှန်တိုင်း ထုတ်ဖော်ပြောကြားတဲ့ ပညာရှင်၊ မိမိပညာကို အမှန်တိုင်း မပြောမဆိုပဲ လိမ်ညာပြီး အမှား ကို ပြောပြီး နာမည်ရောင်းစားတဲ့ ပညာရှင်၊ သိပေမယ့် ဘာမှ မပြောဘဲ ဆွံ့အနေတဲ့ ပညာရှင်တွေပါပဲ။ ပထမ အမျိုးစားကတော့ အိန္ဒိယနိုင်ငံက အမတြာဆင်းတို့လို လူမျိုးတွေပါ။ ဒုတိယအမျိုးစားကတော့ အစည်းဝေး တွေမှာ ကိုယ့်စကားနဲ့ကိုယ်ပြောပြီး မဟုတ်မမှန်တာတွေ ဆိုတာ သိပြီး မေးခွန်းတွေ တက်လာတဲ့အခါ ချွေး ပြန်တတ်တဲ့ ဂိုရှယ်တို့လို လူမျိုးပါ။ နောက်တမျိုးကတော့ ဖေ့စ်ဘုတ်တွေမှာ ဘာမှမပြောမဆို နေနိုင်ကြတဲ့ မြန်မာပြည်က မဟာပညာရှင်ကြီးတွေပါ။

အဲဒီမှာ ၈၈ မျိုးဆက်ထဲက ကျောင်းသားတယောက်က ခင်ဗျားတို့ NGO တွေလုပ်တဲ့ နိုင်ငံရေးနောက် လိုက် မှာလား၊ ဒေါ်စု လုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလားဆိုပြီး မေးခွန်းထုတ်ပါတော့တယ်။ ကျနော်တို့ကတော့ ဘယ်လောက် ငတ်ငတ်ပြတ်ပြတ် ဒေါ်စုနောက်ပဲ လိုက်မယ်လို့ ခပ်ပြတ်ပြတ် ခပ်တင်းတင်းကို ပြောတော့တာ ပါ။

ထိုင်းဘက်က မခင်ဥမ္မာကတော့ သူတို့က ပြည်တွင်းမှာလုပ်နေတဲ့ အီးဂရက်စ်က နေ၀င်းမောင်တို့၊ ဒေါက်တာ ခင်ဇော်ဝင်းတို့နဲ့ လိုင်းမတူပါဘူးလို့ ပြောလာတော့တယ်။ ဦးဇင်းလည်း အခုလို ပြောလာတော့ တခုပြောချင်ပါ တယ်။ ပြည်တွင်းက နေ၀င်းမောင်တို့ အီးမေးတွေနဲ့အတူ ပြည်ပမှာရှိတဲ့ အဖွဲ့စည်းတွေကို ထောက်ပံ့နေတဲ့ NGO တွေရဲ့ အီးမေးတွေပါတဲ့ ဖော်ဝါဒ့်မေးတွေ ဦးဇင်းတို့ဆီမှာ ရောက်လာတယ်။ NGO တွေရဲ့ အထောက် ပံ့တွေနဲ့ အလုပ်လုပ်ရင်တော့ ဒီကရှေ့ သတိကြီးကြီးထားပြီး မျက်စိကြီး၊ နားကြီးနဲ့ အလုပ်လုပ်ကြပါလို့ သတိ ပေးခဲ့ပါတယ်။ အခုပဲ လမ်းခွဲဖို့ ပြောနေတာကို ထောက်ဆကြည့်ပေတော့လို့ ပြောဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးတာပါ။ ပြည်သူတွေဟာ လက်ရှိ အုပ်ချုပ်သူတွေကို မလိုချင်တော့ပါဘူး။ လက်ရှိ စစ်အာဏာရှင်တွေဟာ ၈၈ မှာ ကျောင်းသားတွေကို သတ်တယ်၊ ၂၀၀၇ မှာ ဘုန်းကြီးတွေကို သတ်တယ်။ နာဂစ်မှာ ပြည်သူတွေ ဒုက္ခရောက်နေတာတွေကို အကူညီမပေးတဲ့အပြင် လာ ကူညီတဲ့ လူတွေကို ပြဿနာရှာတယ်၊ ကူညီခွင့်မပေးဘူး၊ နိုင်ငံတကာက လှူတဲ့ ငွေတွေကို ဖြတ်ယူတယ်။ ပြောမကုန်နိုင်လောက်အောင် ယုတ်မာတဲ့ ဒီအုပ်ချုပ်သူတွေကို ပြည်သူတွေ အလိုမရှိတော့ဘူး။ ဒီလူတွေကို နိဂုံးကမ္ပတ် အဆုံးသတ်တဲ့နေ့ကို ရောက်ချင်နေပြီ။

အီးယူတို့၊ အမေရိကားတို့ကလည်း သူတို့ ဒဏ်ခတ်အရေးယူထားတဲ့ ဆန်ရှင်ကို ပြန်ဖြုတ်ချင်နေပြီ။ စစ်တပ် ရဲ့ လွှတ်တော်ထဲမှာ ၀င်ပလူးချင်နေပြီ။ လွှတ်တော်ထဲမှာ သူ့လူတွေ (proxy) ရောက်နေပြီဆိုတော့ ဒီနှစ်ထဲ မှာ ပိုပြီး သိသိသာသာ ပြောလာတယ်၊ လုပ်လာတယ်။ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ ပွဲဟာ အိန္ဒိယနဲ့ အမေရိကန် ပေါင်းပြီး ဆန်ရှင်ဖြုတ်ဖို့ ပြောကြဆိုကြတဲ့ပွဲပါ။ မြန်မာအတိုက်ခံတွေကို ဒီပွဲမှာ စကားပြောခိုင်းတာ အမေရိကန်ပဲ လုပ်နိုင်တာပါ။

မြန်မာ့အရေးကို ပေါ့ပေါ့တွေးပြီး စိတ်ဓာတ်ရေးရာ ပျက်ပြားနေတဲ့ တော်လှန်ရေးသမားတွေ၊ ခပ်ညံ့ညံ့ ပညာ ရှင်တွေနဲ့ မလိမ့်တပတ် ၀င်ကစားတဲ့ အီးယူနဲ့ အမေရိကန်တွေဟာ ပေါတောတော ကြောင်တောင်တောင် တွေလို့ မြန်မာပြည်သူတွေက မြင်တတ်ပါတယ်။ မြန်မာစကားပုံမှာ အပွေးမြင် အပင်သိ ဆိုသလို လယ်ပြင် ဆင်သွား အထင်အရှား မြင်ပါတယ်။ စကားတခွန်း ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေ ရှိတယ်ဆိုတာ သိတယ်။ ဗမာစကားပုံတွေကို ကြည့်ရင် မြန်မာတွေဟာ ရှေးအစဉ်လာကတည်းက အသိဉာဏ်ကိစ္စမှာ ငတုံး ငအတွေ မဟုတ်ဘူးဆိုတာ လုပ်စားနိုင်ငံရေးသမားတွေ၊ နိုင်ငံကြီးသားတွေကို ပြောလိုက်ချင်ပါတယ်။

အရှင်ပညာဇောတ (ဒေလီ)
၂၅၊ ၃၊ ၂၀၁၁

8 comments:

mg said...

အရှင်ပညာဇောတ (ဒေလီ)

မြတ်စွာဘုရားက နိုင်ငံရေးလုပ်ဖို့ သင်ကြားခဲ့တာ မကြားဖူးသေးဘူး။ရဟန်း သံဃာတွေအနေနဲ့ ဗုဒ္ဒဘုရားရဲ့ တရားတော်တွေကို ဖြ့န်ဝေ ထိမ်းသိမ်းဖို့ပဲ မှားကြားခဲ့တယ်လို့ပဲ ကြားဖူးတယ်။ဒါကြောင့် သံဃာတွေအားလုံးဟာ ဗုဒ္ဒတရားတွေကို မြန်မာနိုင်ငံသာမက ကမ္ဘာအနှံ့မှာ ဟောကြားနေတာ ယနေ့ထိတိုင်ပါပဲ။အရှင်ဘုရားလည်း အခုလို နိုင်ငံရေးစာတွေ ဖြန့်ဝေနေသလို ဗုဒ္ဒရဲ့တရားတော်တွေကိုလည်း ဖြန့်ဝေပေးနိုင်ရင် အတိုင်ထက်အလွန်ပါပဲ။တပည့်တော်အနေနဲ့ကတော့ သံဃာ ရဟန်း တစ်ပါးကို မိမိနဲ့မသက်ဆိုင်သော နိုင်ငံရေးစားပွဲဝိုင်းမှာထိုင်ပြီး သာမာန်လောကီသားတွေနဲ့အတူထိုင်ပြီး နိုင်ငံရေးဆွေးနွေးနေမယ့်အစား ရွှေပုလ္လင်ပေါ်မှာထိုင်ပြီး တရားရိမ်မွတ်ပြောကြား ဟောချပို့ချနေတာပဲ ပိုမြင်တွေ့လိုပါတယ်။

mg said...

ပို့နဲ့ဆိုင်တာ ပြောရရင်တော့ အမြင်မတူရင် ငါ့ရန်သူဆိုပြီး တံဆိပ်တတ်လိုက်တာ ရုပ်ဆိုးလွန်းပါတယ်။
နိုင်ငံရေးသမားကောင်းတို့ဆိုတာ အစိုးရလုပ်သမျှ မကောင်းဘူးလို့ ဘူးခံရမယ့်အလုမဟုတ်ဘူး။အစိုးရလုပ်တာ မှန်ရင် ကောင်းရင် ကြိုဆိုရမယ်။မကောင်းဘူး လုပ်တာမမှန်ဘူးထင်ရင် ထောက်ပြရမှာ ထုံးစံပဲလေ။အခုလည်း အစိုးရရဲ့ကောင်းတဲ့အချက်လေးတွေကို တစ်ယောက်ယောက်က ထောက်ပြတာနဲ့ တစ်ခါတည်း မင်းက နိုင်ငံရေးသမားမဟုတ်ဘူးလား မင်းက အတိုက်ခံမဟုတ်ဘုးလားဆိုပြီး မင်းက နအဖ အလိုကျပြောနေတဲ့သူလားဆိုပြီး ရန်သူတံဆိပ်ကပ်ပါတော့တယ်။နိုင်ငံရေးသမားတွေ မညီညွတ်တာ အဲဒါတွေကြောင့်ပဲ။

နိုင်ငံရေးဆိုတာ မတူညီတဲ့အသွင်အမြင်တွေကို ပါဝင်ပူးပေါင်းထားတယ်ဆိုတာ သတိမမူကြတော့ပဲ ငါလုပ်တာအမှန် ငါတို့ပြောတာပဲဖြစ်သင့်တယ်လို့ လုပ်နေလို့ ဘယ်ရမလဲ။ကောင်းတာကို မကောင်းဘူး မှန်နေတာကို မမှန်ဘူးလို့ ပြောင်းပြန်ငြင်းဆိုပြောမှ အစိုးရကို ဆန့်ကျင်တဲ့သူ နိုင်ငံရေးသမားကောင်းလို့ တံဆိပ်တတ်တော့မှာလား။

ကောင်းတာကို ကောင်းတယ်လို့ လက်ခံမယူဆနိုင်သေးသရွေ့တော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေအုံးမှာပါပဲလေ။

(စကားမစပ် အစည်းဝေးလုပ်တာလား စားသောက်ပွဲလုပ်တာလား???အစိုးရအစည်းဝေး
လုပ်ရင် စားသောက်စရာမဆိုထားနဲ့ တစ်ခါတစ်လေ ရေဗူးတောင် မထားတာတွေ့ရမယ်။ရေဗူးလောက်တော့ ထားပါ စားသောက်စရာတွေတော့ မလိုဘူးထင်ပါတယ်။နိုင်ငံအတွက် အရေးကြီးသောအစည်းဝေးတွေလုပ်တယ်ဆိုတာ စားသောက်ပျော်ပျားလုပ်ရတာမဟုတ်ဘူးဗျ။
အစည်းဝေးတိုင်းမှာ စားသောက်နေတာတွေပဲတွေ့နေရလို့ပါ။အစားလေးစားလိုက် စကားလေးပြောလိုက်လုပ်နေရင် အဲဒါ အစည်းဝေးတစ်ခုမှာ စော်ကားမှု ရိုင်းပျမှု မလေးစားမှု အလေးနက်မထားမှုတစ်ခုပဲ။
ဆင်ခြင်တတ်အောင်ပါ)

ရွာပျော်ကြီး said...

ခက်တော့တာပဲ...။ လူစုစုရှိရင် ခွေးက အရင်ရောက်ရောက်လာတယ်...။

Nyine Chan said...

ဒီဆောင်းပါးမှာ ကိုယ်တော်က အီမိုးရှင်းပါသွားတယ်လို့မြင်တယ်။ ဘုန်းကြီးနဲ့အီမိုးရှင်းက သိပ်မစပ်ဟတ်ပါဘူး။
အရှင်ဘုရားကကော အိန္ဒိယမှာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်တော့နိုင်ငံခြားထွက်မလဲ၊ နိုင်ငံရေးမှာ ဘယ်လောက်အထိ တက်တက်ကြွကြွ ဆက်ပါမလဲ ဆိုတာတော့ မပြောတတ်ပါ။ ဒါပေမဲ့ ဖိတ်စာမရ တာတောင် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရှာကြံသွားတတ်တဲ့ အရှင်ပညာဇောတကို ချီးကျူးမိပါတယ်။

ဒီဆောင်းပါးမှာပါတဲ့ တချို့လူပုက္ကိုလ်တွေ၊ တချို့ အဖွဲ့အစည်းတွေက၊ အနောက်ကအဲန်ဂျီအိုနဲ့ပေါင်းပြီးငွေရှာစားနေတာတော့ အမှန်ပါဘဲ၊ အပြင်ဘက်မှာ ငွေဝင်ပေါက်ပိတ်လာတော့ အတွင်းဝင်ခြင်ကြပုံရတာလည်းရှိတယ်။ ဒါကြောင့် အိန္ဒိယ အစိုးရ နဲ့ နိုင်ငံတကာ အစိုးရများ စစ်အစိုးရအပေါ်သဘောထားပျော့ပျော့ပြောင်းပြောင်းထားလာအောင် ထောက်ပေးတဲ့ပွဲတွေမှာ ခုနက ပြောတဲ့လူတွေအဖွဲ့တွေကလည်း ဝင်ထမ်းပေးတာပါ။ ဒါအမှန်ဘဲ။ ဒီလူတွေ၊ အဲဒီအဖွဲ့အစည်းဝင်တွေကလည်း ဗမာ(တိုင်းရင်းသားမပါဖြစ်ကောင်းဖြစ်မယ်)တွေဘဲ၊ ဗမာတွေငတုန်း ငအတွေ မဟုတ်ဘူးဆိုတော့ သူတို့လည်း ငတုံး၊ ငအ တွေမဟုတ်ဘူးလို့ ပြောရာမကျဘူးလား။

Warazein said...

ဗုဒ္ဓဘာသာရဟန်းတော်ဖြစ်လျှက် မြတ်ဗုဒ္ဓ ပစ်ဥာတ်တော်နဲ့ မကိုက်ညီတဲ့ လူကိစ္စတွေဝင် ရှုပ်နေတာကိုမြင်ရတာကို ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ၀မ်းနည်းမိသလို ၊ ရှက်မိပါ တယ်။

အစိုးရထောက်ခံခြင်း၊ ကန့်ကွက်ခြင်း လူရေးလူမှုကိစ္စ ကို ဆွေးနွေးတယ်၊ နှီးနှော ဖလှယ် တယ် ဆိုတာ လူသာမန်တွေလုပ်တဲ့ သာဖြစ် ပါတယ်။ဗုဒ္ဓမြတ်စွာကရဟန်းတွေကိုဂန္ဓဓူရနဲ့ ၀ိပသနာဓူရနှစ်မျိုးကိုဦးတည်လုပ်ဖို့မိန့်မှာထားပေမယ့်ကိုယ်တော့်ခမျာသာသနာ ၀န်ထမ်း ရှင်ရဟန်းဖြစ်ရက်နဲ့ လူသာမန် တွေလုပ် တဲ့ နိုင်ငံရေးကိစ္ဂမှာ ကိုယ့်ကို လူရာ အသွင်းမခံရ လို့ လူတစ်ယောက်လို လောဘ၊ ဒေါသ၊ မောဟ၊မာန်မာနတွေ ချောင်းချောင်း ထနေတာ ကိုမြင် ရတော့ ထပ်ပြီး ၀မ်းနည်းမိပါတယ်။ ကိုယ့်ကိုအဖိတ်မခံရတာ၊ ကိုယ်ကိုယ်တိုင် ၀င်မ ဆွေးနွေးရတာ၊ ကိုယ့်နဲ့အမြင်မတူသူတွေကို မြင်တွေ့နေရတာ၊ ဓမ္မသံဝေဂ သံ တစ်စက် လေးမှ မပါဘဲနဲ့...ရန်တွေ့တဲ့ပုံစံနဲ့ပြောနေတာဟာ ကိလေသာလွတ်ကြောင်း အကျင့် ကောင်းအကျင့်မြတ်ကိုအားထုတ်ရမယ့် ရဟန်းတပါးနဲ့မတူတော့ဘဲ လူသာမန်တွေလိုဖြစ် နေပါပြီ။ ကိုယ်နဲ့(နိုင်ငံရေး) အမြင်မတူသူများကို အမျက်ဒေါသသံတွေနဲ့ ပြောနေရတာကို ရှက်ရ မှန်းမသိတဲ့၊ သာသနာတော်နဲ့ အပ်စပ်မှန်းမအပ်စပ်မှန်းအသိမရှိတော့တာကိုမြင်ရ တဲ့ အတွက် အလွန်ရှက်မိပါကြောင်းထပ်လောင်းပြောလိုပါတယ်။

ဒီနေရာမှာ ဘာသာ ခြားတစ်ယောက် စိုးရိမ်လို့ပြောတာလေးကိုပြန်မျှဝေချင်ပါတယ်။ “ဘုန်ကြီးတွေနိုင်ငံရေးဝင်လုပ်တာဘုန်ကြီးအာဏာရှင်စနစ် ထူထောင်ချင်လို့လား”လို့ ဝေဖန်ခဲ့ဘူးပါတယ်။

အခုလည်း ပစ္စည်းမဲ့ဒေါသလေသံနဲ့ပြောလိုက်တဲ့ “ငတုံး၊ ငအတွေမဟုတ်ဘူး” ဆိုတာကို ကိုယ်ဘယ် လောက်တုံးသလဲ၊ဘယ်လောက်အသလဲ.. (အဖိတ်မခံရလို့ ဖြစ်နေလိုက်တာ) ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးအနေနဲ့ဘယ်အဆင့် အတန်း ကိုရောက်သွားသလဲ ဆိုတာရိုးသားစွာ စဉ်းစားရင်သိနိုင်ပါတယ်။

သာသာနာတော်နဲ့ မအပ်စပ်၊ မြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်နဲ့ လည်း မကိုက် ညီတဲ့ “လူရာ အသွင်းမခံရ” လို့ဖြစ်နေတဲ့ ပစ္စည်းမဲ့ဒေါသပေါက်ကွဲသံစဉ် များကို မြင်တဲ့အတွက် ဒီလိုရဟန်းတွေများလာရင်မြတ်ဗုဒ္ဓရဲ့ အနာဂတ်သာသနာတော် အလား အလာမတွေး ၀ံ့ပါအောင်စိတ်ပူပန်မိပါကြောင်း။

Unknown said...

ညဘက်မူး မနက်ဘက်ရူး သူများလုပ်တာအကုန်တိုက် ကျော်သန်းစရိုက်။
ဘုန်းကြီးရူး နှင့် လှေလူး ဇာတ်လမ်း။

Stop Burmanization said...

@မြန်မာပြည်သည် ဒို့ပြည်...

စကားသိပ်မကြီးနဲ့ ထပ်ဖတ်ကြည့်ပါအုံး...


http://www.blogger.com/comment.g?blogID=6094978334568787630&postID=6012909937703498720&page=0&token=1299853565666

မီးပုံးလေး said...

အလိုလေးလေး...... ရွာပျော်ကြီးပြောသလို ခွေးတွေခွေးတွေ.... နအဖခွေးတွေပါမက NGOခွေးတွေလည်း ၀င်ဟောင်နေလိုက်ကြတာ စာထဲက ဟာကိုမထိရဲ ဟိုမဲဒီမဲ ဘုန်းကြီးကိုမဲနဲ့ ဒီခွေးတွေဘယ်အချိန် ကပေါင်းသွားလိုက်ပါလိမ့်..... ဒါပေါ့လေ သခင်အားရဖို့ ခွေးပါးဝနေကြတယ်...... ဘုန်းကြီးကိုတရားဟောချင်ရင် နယ်ချဲ့ဆန့်ကျင်ရေးလုပ်ခဲ့ကြတဲ့ ဗိုလ်ဥတ္တမတို့၊ ဗိုလ်ချိုတို့ အပြင် ဆရာတော်ဦးဥတ္တမတို့ ဦးဝိစာရတို့ အကြောင်းတွေ ကိုလေ့လာကြပါအုန်း ကိုရွှေDog တို့ရယ်............ စာထဲကအကြောင်းလေးလည်း တစ်ချက်လောက် ဆွေးနွေး ကြည့်ပါအုန်းလား.........