Friday, March 25, 2011
(၁၆) နှစ်ကြာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ရတဲ့ ဆရာတော် ဦးဇ၀နနှင့် တွေ့ဆုံ မေးမြန်းခန်း (ရုပ်သံ)
Posted by ဒေါက်တာလွဏ်းဆွေ at 7:48 PM
Labels: ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)
Posted by ဒေါက်တာလွဏ်းဆွေ at 7:48 PM
Labels: ဗွီဒီယိုမှတ်တမ်း
3 comments:
သူ့မှာတမ်း
သူတို့ အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။
“ အမောင်ပြောက်ကျား၊ ချစ်သူ အားကို
ဘာများ မှာခဲ့လိုသနည်း။”
“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။”
“အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း။”
“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတည်ခဲ့ကြောင်း ပြောပါလေ။”
“အမောင်ပြောက်ကျား၊ တိုင်ပြည်အားကို
ဘာများ မှာခဲ့လိုသနည်း။”
“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။”
ယမ်းငွေ့ အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား။ ။
ရေးသူ - မင်းသုဝဏ်
"တို့တိုင်းပြည်"
ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
့်ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
်မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်းတစိတ်၊ ညီစေသတည်း။
ဇော်ဂျီ
ဘာသာရေးကို နိုင်ငံရေးအကျိုးတွက်သာ စိတ်ဝင်စားသော အစိုးရနှင့် လူထုကို ရန်တိုက်ပေးစရာ အကြောင်းအချက်အဖြစ်သာတန်ဖိုးထားသော စောက်မနက်သည့် အတိုက်အခံနိုင်ငံရေးသာမားများနှင့် ပြည်ပမီဒီယာများပယောဂကြောင့် မြန်မာပြည်၌ ဘုန်းကြီးနိုင်ငံရေးသမား ဟူသော နိုင်ငံရေးလူတန်းစားအသစ်တမျိုး ပေါ်ထွက်လာလျှင်ဖြင့် သာသနာပျက်ကြောင်း ဖြစ်တော့မည်မှာ ရင်လေးဖွယ်ပင်ဖြစ်တော့သည်။
သိမ်မွေ့ နူးညံ့သော မြန်မာလူမျိုးတို့ ၏ (social fabric) လူမှုရေး
အဆင်အကွက်တစ်ခု အရုပ်ဆိုးအကျည်းတန်လျှင်ဖြင့်
ထေရ၀ါဒမြန်မာ့ လူ့ အဖွဲ့ အစည်း၏ရေရှည်တည်ငြိမ်မှုကို စိုးရိမ်စရာပင်ဖြစ်တော့သည်။
“သံသာရဘယံ“ သံသရာဘေးကို ကြောက်ရွံ့ ၍ သံသရာလွတ်ကြောင်းတရားကို အားထုတ်သူကိုသာ “ဘိက္ခု=ရဟန်း“ဟူ၍ဆိုစမြဲပင်။ သံသရာမှလွတ်မြောက်ကြောင်းအကျင့်ကောင်းကို “သုပ္ပတိပန္တွော“ ကောင်းစွာလည်းမကျင့်၊ “ဥဇုပ္ပတိပန္တွော“ ဖြောင့်တန်းစွာလည်းမကျင့်ပဲ မင်းပစ်မင်းဒဏ်သင့် လူဝတ်ကြောင်တို့ ၏အလုပ်ဖြစ်သည့် နိုင်ငံရေးကိုလုပ်သော ကိုယ်တော်များအဖို့  ပြည်သူတို့ သဒ္ဓါတရားပျက်စီးရာကိုသာဖြစ်စေ၍“သာမီစိပ္ပတိပန္တွော“ ဂုဏ်တော်လည်းမထိုက်တန်တော့သည့်ကို သတိပြုမိဖို့ ကောင်းလှတော့၏။
ဤမင်း၊ ဤအတိုက်အခံ၊ ဤမီဒီယာ၊ ဤဘုန်းကြီးတို့ နှင့် မြန်မာ့ကိုယ်ပိုင်အမှတ်အသား (national identity)ပျောက်ကွယ်တော့မည်လော....
Post a Comment