2011 Feb 17 Tin Aye house arraest 5 Gens from Maung Aye side house arr
Subscribe to:
Post Comments (Atom)
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
13 comments:
ဒေါက်တာလွမ်းဆွေက ဒေါက်တာ တစ်ယောက်လုပ်နေပီး စဉ်စားဆင်ချင်ထုံတရားကင်းမဲတာပဲဗျာ နဲနဲ စဉ်းစားပါ ဒီစာကဟုတ်မဟုတ် လျှောက်ရေးထားတဲ့ စာလဲတင်တာပဲနော် ရုတ်တိမရှိတာတွေ မတင်ပါနဲ့ ဗျာ ခင်ဗျား သိက္ခာကျပါတယ်
သောသီခို ဘလော့မှာ နေ့စဉ် ရှူးနှမ်းနှမ်းတင်နေတဲ့ စာတွေလေ။ကြေးနန်းစာတစ်စောင်ကို ဘယ်လိုရေးတယ်ဆိုတာ အရင်လေ့လာသင့်တယ်။
Hi Dr Lunswe
I am sure this time people would start questioning about your rationality.
ဟုတ်ပါ့ကွာ ကလေးတယောက်တောင်ရေးတက်တဲ့
စာမျိုးလဲကောက်တင်နေတာပဲ..
ဒေါက်တာဆိုတာကြီးကဘာလို့
ရှေ့ကတပ်ထားတာလဲမသိဘူး.
ပို့စ်အသစ်တပုဒ်ဖြစ်ပြီးရောများ
တင်နေလားမသိဘူး...
နည်းနည်းပါးပါးယုတ္တိရှိပြီး အကျိုးရှိမဲ့စာလေးဘာလေးလား
ဆိုတာလဲစီစစ်ပါအုံးဖြစ်ကတက်ဆန်း
ကိုတင်နေတော့တာပဲ
mg is the best he has general knowledge congratulaion my bro cayy on i am stand behind of you gogogo!!!
အရမ်းကို စိတ်ပျက်စရာကောင်းတဲ့ တင်ဆက်မှုပါ။ ပုံစံကျကျ အတိုကောက် အသုံးအနှုန်း တိကျစွာရေးရတဲ့တပ်သုံး ကြေးနန်း ၊ စစ်ဘက်စာရေးသားမှုတွေကိုမဆိုလိုသေးပဲ သာမန်အရပ်ဘက်ရုံးတွေမှာ ရေးသားတဲ့ ရုံးစာ အရေးအသားမှာတောင် ဒီလိုအဆင့်မရှိ၊ ယဉ်ကျေးမှုမရှိ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့  ပေါက်လွတ်ပဲစား ရေးလို့ မရပါဘူး။ အခုစာတွေကို ဖတ်ကြည့်တာနဲ့  မဟုတ်တယုတ်ရေးထားတာကို လူတိုင်းသိပါတယ်။ ဖြစ်နေတဲ့ သတင်းအမှန်ထက် ဖြစ်ချင်တဲ့ ဆန္ဒတွေကို ယဉ်ကျေးမှု၊ စာပေရေးသားမှုမှာ အဆင့်အတန်းမရှိတဲ့ အသုံးအနှုန်းတွေ သုံးပြီး ထင်ယောင်ထင်မှား ဖြစ်အောင် ရေးသားနေတာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့  ဝေးကွာနေတာလဲ ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်း မမြင်နိုင် လက်မခံနိုင်ပဲ ကို့ ဘက်က အားသာချက် အားနည်းချက်တွေကို မစမ်းစစ်ပဲ လက်မခံနိုင်ပဲ ကိုဖြစ်စေချင်တာတွေကိုပဲ ဖြစ်နိုင် မဖြစ်နိုင် သေချာ မသုံးသပ်ပဲ မျက်စိမှတ်အော်နေကြလို အခြေအနေမှန်နဲ့ဝေးပြီး ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေမှားယွင်းနေကြတာပါ။ဒေါက်တာလွမ်းဆွေခင်ဗျာ....ဆရာ blog မှာ အက်ဆစ်ရဲ့ဆောင်းပါးတွေဖတ်ရတုန်းက ဆရာကို လက်ရှိအခြေအနေကို အမှန်အတိုင်း လက်ခံနိုင်တယ်လို့  ထင်ထားခဲ့တာပါ။ အသိဥာဏ်ရှိတဲ့၊ စာတတ်တဲ့သူတိုင်း အခုရေးထားတဲ့ ကြေးနန်းတွေရဲ့ အဆင့်အတန်း ၊ အစစ်အမှန်ဟုတ်မဟုတ် စဉ်းစား ဆုံးဖြတ်နိုင်ပါတယ် ခင်ဗျာ။ ဆရာလဲ ပြည်တွင်းမှာ ရှိစဉ်က အယ်ဒီတာ လုပ်ခဲ့ဘူးတာဆိုတော့ စစ်ဘက်စာတွေမဟုတ်တောင် အရပ်ဘက် ရုံးစာပုံစံတွေ အရေးအသားတွေ တွေ့ ကြုံခဲ့ မြင်ဘူး ဖတ်ဘူးခဲ့မယ်လို့  ယုံကြည်ပါတယ်။ဆရာရဲ့ blog မှာ ဒီလိုစာတွေတင်ပြီး ဆရာ blog အဆင့်အတန်း မကျပါစေနဲ လို့ စေတနာနဲ့  အကြံပေးချင်ပါတယ်ခင်ဗျာ။ ဆရာ blog မှာ အဆင့်အတန်းရှိတဲ့ အရေးအသားဆောင်းပါတွေ သတင်းတွေကို အမြဲစောင့်ဖတ်အားပေးနေပါတယ်ခင်ဗျာ။
စိတ်ပျက်တဲ့သူတွေ ဟိုဟာမှဒီဟာမှ သိပ်ဂုဏ်သရေသိက္ခာရှိချင် နေသူတွေ နေရာ နဲ့ အချိန် ကိုနားလည်လား နားမလည်ရင် အိမ်ပြန်အိပ်နေ အမှိုက်တွေ။ ဒါခံစားမှု့တင်ဆက်နေတဲ့နေရာမဟုတ်ဘူး အလုပ်လုပ်နေတာ နားလည်လား။ ဒီအချိန်ကလမ်းဆုံသဘောပေါက်။
နားလည်ပေးပါခင်ဗျာ
ဒေါက်တာကြီးက ပြန်ကြားရေးက ပေးပို့လာတဲ့ စာတွေ ကို တင်ဆိုရင် တင်ရတဲ့သူပါ၊
ပြန်လည်စောဒကတက်ခွင့်မရှိပါဗျာ၊ တက်ရင် ထောက်ပံ့ငွေရပ်သွားရင် ခါနာ နီမ်းသွားပါလိမ့်မယ်
တကယ် လို့ ရေးချင်တယ်ဆိုရင်လည်း ကိုယ်ဝေဖန်ချင်တဲ့ လူရဲ့ ရာထူးအဆင့်အတန်းတွေကို ကြေးနန်းစာမှာ ဘယ်လိုရေးတယ် ဆိုတာလေး ပြီးတော့ ကြေးနန်းဆိုတာ ဘယ်လိုရည်ရွယ်ချက်နဲ့ ပို့တယ် ဘယ်လိုသုံးနှုန်းဆိုတာ အရင်လေ့လာကြည့်ပါဦး သူများ ပြောတိုင်းယုံတယ်ဆိုတာတော့ ကိုယ့်ကိုယ်ကို ရှက်ဖို့ကောင်းလွန်းပါတယ်။ ကိုယ်တိုင်သိမှ ယုံပါ။ ကိုယ်တိုင်မြင်မှ ပြောပါ။ အဲဒါအကောင်းဆုံးပါပဲ။ ကြေးနန်းစာ ရေးသားနည်း စာအုပ်လေး ဝယ်ဖတ်လိုက်ပါဦး
ခွီးတဲ့မှဘဲ..၀ါဒဖြန့်ကန ရေးရင်လည်း..အရင်ဆုံး စစ်ကန အရေးအသားကိုလေ့လာမှပေါ့ကွ..မတတ်ရင်လည်း တတ်တဲ့သူကို ရေးခိုင်းမှပေါ့ကွ.... ကန အရေးအသားမှာ လုံခြုံမှု့ အဆင့်အတန်းက အရေးကြီးဆုံးကွ... Dr လည်း နောက်တခါ..၀ါဒဖြန့် ကန ရေးချင်ရင် ကျွန်တော့် ထံ E mail ပို့်လိုက်ပါ....
တပ်မတော်သားတစ်ဦး
Union Army ပြည်ထောင်စုတပ်မတော် စတင်ပေါက်ဖွားလာပြီ။ မြန်မာပြည် နိုင်ငံရေး အပြောင်းအလဲ အလှမ်းမဝေးတော့ပါ။ လမ်းကြောင်းမှန်မှန် ဖြင့် ဆက်လက်အားဖြည့် ထောက်ခံ အားပေးကြရန် လိုအပ်ပါသည်။
တိုင်းမှူးများ သန်းရွှေ ဖြုတ်ထုတ်သတ်တာခံမလား ကိုယ်က ပြည်ထောင်စုတပ်မတော်နဲ့ ပူပေါင်းပြီး ပြည်ထောင်စု သူရဲကောင်း စစ်ဗိုလ်ချုပ်ကြီးတွေ လုပ်မလား စဉ်းစားကြစေလိုသည်။ ဗိုလ်ချုပ်အောင်ဆန်း လို ဂျပန်ကို ပြည်ချသော ဒုတိယတော်လှန်ရေးနေ့ ပေါ်ပေါက်ပါတော့မည်။ လျှို့ဝှက်ဆက်သွယ်ပြီး တိုင်းပြည် သာယာဝပြောရေး အတွက် ဖက်ဆစ်အာဏာရှင် သန်းရွှေ နှင့် အုပ်စုကို ဖြုတ်ချရန် အခြေအနေပေးလာပါပြီး။ ပြည်ထောင်စုကြီးကို ကယ်တင်ရန် ပြည်ထောင်စု တပ်မတော်ကြီးနှင့် ပူပေါင်းကြပါရန် တိုက်တွန်း တောင်းဆို အပ်ပါသည်။
အားလုံးကို သိစေချင်တာကတော့ ခင်ဗျားတို့ (ကျွန်) မ ဖြစ်ချင်ရင်တော့ ညီညွတ်သင့်ပြီလို့ ထင်ပါတယ်
ဒီအချိန်က တယောက်နဲ့တယောက် အပြစ်ပြောနေလို့
ဘာမှထူးလာမှာမဟုတ်ပါဘူး အားလုံးရဲ့ မွေးဖွားလာမယ့်
သားသမီးတွေ လူတန်းစေ့နေနိုင်အောင် ကြိုးစားပေးကြဖို့
လို့ပါတယ်
Post a Comment