Saturday, February 19, 2011

သာမန်အချိန်မှာ သာမန်ပြည်သူ ဖြစ်ချင်သူ

မျိုးမြင့်ချို
Myo Myint Cho - Military Conscription Law

13 comments:

* said...

တိုင်းရင်းသားတော်လှန်ရေးသမားများ ဖွဲ့စည်းလိုက်သော Union Army ပြည်ထောင်စုတပ်မတော်သည် ပြည်ထောင်စုကို ကယ်တင်မည့် တပ်မတော် အစစ်အမှန် ဖြစ်သည်။ အားပေးဝန်းရံကြခြင်းအားဖြင့် ပြည်သူ့ စစ်မှုထမ်း ဥပဒေကို ပြိုပျက်စေနိုင်သည်။ သန်းရွှေတို့၏ ဖက်ဆစ်လမ်းစဉ်ကို အန်တု ဖြိုဖျက်မည့် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော် ဖြစ်လာမည်။ ကမ္ဘာ့လုံခြုံရေးကောင်းစီမှ အသိအမှတ်ပြုလာသည် အထိ ဝိုင်းဝန်း အားပေးသင့်ကြသည်။

* said...

http://www.mongloi.org/burmese/index.php?option=com_content&view=article&id=1757:-union-army-&catid=85:2008-08-01-03-14-40&Itemid=265

ပြည်ထောင်စုတပ်မတော် အစစ်အမှန် ဖြစ်လာမည်။ သန်းရွှေကို ခြေစုံကန်၍ ပြည်ထောင်စုတပ်မတော်နှင့် ပူပေါင်းလာမည့် စစ်တိုင်းမှူးများ သူရဲကောင်းများ ပေါ်ထွန်းလာရန် လမ်းစဖြစ်သည်။

* said...

တိုင်းမှူးများသည် ဒီနေ့ သန်းရွှေအာဏာကို ဖီဆန်လျှင် ဒီနေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသော တိုင်းကို တည်ထောင်နိုင်ပြီး ဝနယ်မြေကဲ့သို့သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်လာမည်။ သန်းရွှေအမိန် နာခံစရာ မလိုတော့ပါ။

* said...

သန်းရွှေကတော့ Kill or Be Killed သတ်မလား အသတ်ခံမလာ ဆိုသော မေးခွန်းမျိုးကို မေးနေပြီ ဖြစ်သည်။
ဖြုတ်ထုတ်သတ်ထဲ အပါခံပြီး နာမည်ဆိုး အကျန် ခံမလား။ ပြည်ထောင်စု တပ်မတော်နှင့် ပူပေါင်းပြီး တိုင်းပြည် သူရဲကောင်း လုပ်ကြမလား ဆိုသည်ကို အချိန်က သမိုင်းရေးပေလိမ့်မည်။

mg said...

ပြည်ထောင်စုမျိုးချစ်တပ်မတော်ဆိုတာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့ပြီးဖြစ်လို့ နောက်ထပ် အတိုက်ခံပေါ်လာတဲ့ ကမျောက်ကချောက် ပြည်ထောင်စုအမည်ခံအုပ်စုတွေဟာ တိုင်းပြည်ကိုအစဉ်အဆက်မပြတ် ဒုက္ခပေး စစ်မီးပွားအောင်လုပ်နေတဲ့ အကြမ်းဖက်အုပ်စုတွေဖြစ်တာကြောင့် အားပေးအားမြှောက်လုပ်ပေးစရာအကြောင်းမရှိသလို အဆိပ်ပင်ရေမလောင်းမိဖို့လည်းလိုပါတယ်။

မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးအတွက် ထာဝရပြည်ထောင်စုမျိုးချစ်တပ်မတော်ကြီးက အစဉ်အမြဲတည်တံ့ရှိနေပြီးသားဖြစ်တဲ့အတွက် ကျန်တဲ့ အကြမ်းဖက်စစ်သွေးကြွ အုပ်စုတွေမလိုအပ်ပါ။

moethee.blogspot.com said...

ကိုယ့် အမျိုးကိုယ်ချစ် တဲ့ မျိုးချစ်တပ်မတော် ကြီး တည့်တန့်ဖို့ mg တို့လို ကပ်ဖါးရပ်ဖါး များများလိုပါတယ်၊

thudanu said...

နိုင်ငံရေး လုပ်မဲ့ လူငယ် တွေကို တရားဝင် တပ်ထဲ ခေါ်ပြီး ပါးရိုက် ရအောင် ( သို့ ) ထောင် ငါးနှစ် ချ လို့ရအောင် လုပ်တဲ.ဥပဒေ ပါ။ တိုင်းပြည် အတွက် ဘာတခု မှ မပါ ဘူး။

* said...

နောက်ပိုင်းသတင်းတွေကို ပြည်ထောင်စု တပ်မတော် နှင့် နအဖ ဖက်ဆစ်စစ်တပ် တို့ တိုက်ပွဲ ဖြစ်ပွားဆိုပြီး ပါလာတော့မှာပါ။ နိုင်ငံတကာ မီဒီယာတွေမှာ အဲလို သတင်းတွေ ပါလာတော့မှာပါ။ ပြည်ထောင်စုတပ်မတော် ကချင်တပ်ရင်း နဲ့ နအဖတပ်ရင်း ဘယ်မှာ တိုက်ပွဲ ဖြစ်ပွားတယ်။ ပြည်ထောင်စုတပ်မတော် ချင်းတပ်ရင်း နဲ့ နအဖ တပ်ရင်း ဘယ်နေ့ ထိပ်တိုက်တွေ့ တိုက်ပွဲ ဖြစ်တယ် ဆိုပြီး လာတော့မယ်။ အပြောင်းအလဲ တွေ စတော့မယ်။ တပ်ရင်းအလိုက် ပြည်ထောင်စု တပ်မတော်ထဲ ပူးပေါင်း ပါဝင်လာကြပြီး နအဖ ဖက်ဆစ်တပ်မတော်ကြီး ပျက်သုဉ်း မယ့် အချိန် နီးလာပါပြီ။

kz said...

ပြည်ထောင်စုတပ်မတော်တဲ့ ။
ဝါးဟားဟားဟားဟား

Anonymous said...

ကိုမျိုးမြင့်ချိုရယ် စစ်ကျွန်တွေ ဒီမှာဝင်လာပြီး ယောင်တောင်ပေါင်တောင် ရူးချင်ယောင်ဆောင်နေလို့ နားမလည်ဘဲမရှိကြရအောင် စစ်မှုထမ်းဥပဒေတို့ဘာတို့လုပ်မနေပါနဲ့ဗျာ။ လူပြိန်းစကားနဲ့ပဲရှင်းရှင်းပြောပြပေးလိုက်စမ်းပါ။ အဲ့ဒါ စစ်ကျွန်ပြုဥပဒေဗျို့မှတ်ထားကြ၊ ပြဋ္ဌာန်းလည်းပြီးသွားပြီ၊ နယ်စွန်နယ်ဖျား စစ်ကိုင်းတိုင်း ကလေးမြို့လို့ဟာမျိုးမှာ အကောင်အထည်လဲ စဖော်နေပြီ (ဒီသတင်းကိုကြည့်ကြ http://khonumthungburmese.org/?p=765 ) ကိုယ့်အိမ်တံခါးပေါက်ဝကို ဆိုက်ဆိုက်မြိုက်မြိုက်နဲ့ ကျိန်းသေရောက်လာတော့မယ်၊ ဘာတွေများ တွေဝေနေကြသလဲလို့ပါ။

mg said...

စစ်မှုမထမ်းမနေရ ဥပဒေဆိုတာ မြန်မာနိုင်ငံတစ်ခုတည်းအခုမှ ချွန်လုပ်နေတာမဟုတ်ပါဘူး။ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးနေတာဖြင့် မှိုတောင်တတ်နေပြီ။ကမ္ဘာကိုမကြည့်ခင်မှာ ကိုယ့်ဘေးပတ်ဝန်းကျင်က နိုင်ငံလေးတွေကိုပဲကြည့်ပါအုံး။

ဒီမိုကရေစီနိုင်ငံဆိုတာနဲ့ ပြည်သူတွေထမ်းဆောင်ရမယ့်တာဝန်တွေက ပိုကြီးတယ်ဆိုတာ နားလည်ဖို့လိုတယ်။အရင်လို ရေသာခို ချောင်ကပ်နေလို့မရတော့ပါဘူး။

Anonymous said...

ရာရာစစ တန်ရာတန်ရာပြောစမ်းပါ စစ်ကျွန်ရယ်၊ ဒီမိုကရေစီနိုင်ငံဆိုတာနဲ့ ပြည်သူတွေထမ်းဆောင်ရမယ့် ဝန်ထုပ်ဝန်ပိုးတွေထဲ မင်းတို့ရဲ့ပထွေးတော်နဲ့မိသားစုရဲ့ အပိုဝန်လဲပါရမယ်လား? သင်္ချိုင်းကုန်းကနေ အသုဘပို့အပြန် မသာရေအိုးကိုဟိုမှာခွဲမပစ်ဘဲ အိမ်ပြန်ထမ်းလာရမယ့်ပုံပါလား? မကြားဖူးတဲ့ အစဉ်အလာမျိုးကွဲ့ စစ်ကျွန်ရဲ့။

Socretes said...

ကမ္ဘာမှာ ဒီမိုကရေစီအဖွံ့ ဖြိုးဆုံးနဲ့ အချမ်းသာဆုံးဆိုတဲ့ နိုင်ငံတွေမှာ...ဒီဥပဒေကို တနည်းနည်းနဲ့ ကျင့်သုံးခဲ့ကြတာ...လက်ရှိကျင့်သုံးနေဆဲဆိုတာကို ဒီလူမသိလို့ ဖြစ်မယ်..။ စစ်မှုထမ်းတာနဲ့ သာမန်ပြည်သူနဲ့ ဘာတွေကွာသွားလို့ တုန်း။ စစ်မှုထမ်းခြင်းဟာ နိုင်ငံသားတိုင်းရဲ့ တာဝန် လို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပြောခဲ့တာကိုမပြောတော့ဘူးလား။ ဒီဥပဒေက အခုမှရှိတာလည်းမဟုတ် ..ဦးနု လက်ထက်မှာတောင်အကောင်အထည်ဖေါ်ဖို့ လုပ်ခဲ့သေးတာ...၇၅ ဥပဒေမှာတောင်ပါတာ...ဒါတွေကိုရောသိဟန်မတူ။ လက်ရှိ စစ်မက်မရှိ..ပြည်ပအန္တရာယ်မရှိတဲ့ ကမ္ဘာ့အငြိမ်းချမ်းဆုံးဆိုတဲ့ ဆွစ်ဇာလန်လိုနိုင်ငံမှာတောင် ဒီဥပဒေကို ကျင့်သုံးနေတာကို မသိဘူးထင်တယ်..။ပြည်သူလူထုကို ကြောက်အောင်..အုံကြွလာအောင်..နိုင်ငံရေးအမြတ်ထုတ်တောချောက်ချင်ဟန်တူရဲ့ ။ ဒီမိုကရေစီလည်းအော်ရဲ့ ...ဒီနိုင်ငံသားတာဝန်ကိုထမ်းရမှာတော့ ကြောက်ဒူးတုန်နေပြီ..။ ယောင်္ကျားလည်းလိုချင်ရဲ့ ...ဟိုဒင်းကိုကြတော့ကြောက်နေသလို ပဲ...