ဇာဂနာ ကဗျာ ဒေါ့ကွန်း
မောင်လွမ်းဏီ
အငြိမ့်အနုသဘင်
သုခုမရင်ခွင်၊ ရုပ်ရှင် ဂီတ
ဘ၀နဲ့ရင်း၊ လမ်းသစ်ထွင်း၍
တေးချင်းညည်းတယ်။
ကြောက်မွေးပါ ဇာဂနာနဲ့ နှုတ်
အယုတ် အမြတ် အလတ်မရွေး
ကြွေးကြော်သံပေးတယ်။
လူထုအပူ၊ လူထုဝေဒနာ
တရားရှာ ကိုယ်မှာတွေ့တယ်။
အဘိဓမ္မာ၊ ဋီကာမချဲ့
အားနွဲ့သူရှေ့ ရှိနေတယ်။
သံဃံသရဏံ ဂစ္ဆာမိတော့
မချိတင်ကဲ၊ မျက်ရည်ဝဲတယ်။
အမှန်အကန် အဖန်ဖန်သစ္စာရှိကြဖို့
သံဃံသရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါမိုက်ကြဆဲဟာမို့
ပလာတာမကြိုက်တဲ့ နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့
မလျော့မပို အသော့ဆိုလိုက်ချင်သတဲ့
ဇာဂနာရဲ့ မှာတော်ပုံ
မြေ၀သုန်ကို သစ္စာထားခဲ့တယ်။
ထောင်အပြင် တန်းလား
သွားစမ်းပါတဲ့
အားလည်းနာတယ်၊ ခင်လည်းခင်တယ်။
စစ်ခွေးတိုက်ညစ်၊ မြစ်ကြီးနားမဲဇာ
ဇာဂနာလေ
သေတောင် ဒူးမထောက်နိုင်ဘူး။
ကဲ ... စစ်ဗိုလ်တအုပ်
ဇာဂနာကို ကဗျာလုပ်တယ်
ဘာပုဒ်မနဲ့ ဖမ်းမလဲ ...။ ။
မောင်လွမ်းဏီ
၂၅-၁-၂၀၁၁
1 comment:
ကောင်းဗျာ
ကောင်းလောင့်တေး...ကောင်းလောင့်တေး
အဲလေ ဓနုဖြူကျော်ထွန်း (ဆရာ အီကြာကွေးကို အမှတ်ရမိလို့
တွတ်တွတ်။
Post a Comment