Tuesday, January 11, 2011

ဗမာစစ်အစိုးရသစ်သို့ အိတ်ဖွင့်ပေးစာ

တိုက်ပွဲဝင်တဦး

မင်းတို့ဟာ မင်းတို့ရွေး၊ အစိုးရဖွဲ့၊ ငါတို့ မပြောဘူး။ အရပ်သားအစိုးရဆိုပြီး လူဝတ်လဲရုံနဲ့ ဖြစ်ရိုးလား။ ထား လိုက်။ မင်းတို့ မတရားဘူးဆိုတာ ငါတို့ သိတယ်။ ဖွဲ့စည်းပုံကို စစ်အာဏာရှင်အတွက် ဆွဲတယ်။ လူမှုရေးပဲ လုပ်မယ်ဆိုတဲ့ ကြံ့ဖွံ့အသင်း ပါတီထောင်ပြီး အရှက်မရှိ ရွေးကောက်ပွဲဝင်တယ်။ မဲလိမ်တယ်။ ရသေးတယ်။ လူထုက ဖွဲ့စည်းပုံစာအုပ်တောင် မမြင်ဖူးလိုက်ဘူး။ မင်းတို့ တော်တယ်။ လူထုက မင်းတို့ကို ထောက်ခံတယ် ဆိုပြီး သွေးနားထင်ရောက်နေကြတယ်။

ဒီနေ့သတင်းကတော့ ဂွတ်ရှယ်ပဲ။ ဗမာနိုင်ငံသားအားလုံး အသက် (၁၈) နှစ်မှ (၄၅) နှစ်အထိ ဘယ်သူမဆို စစ်မှုမထမ်းမနေရ ဥပဒေကို မင်းတို့ မတရားတဲ့ လွှတ်တော်က အတည်ပြုပြဌာန်းတော့မယ်ဆိုတဲ့ သတင်း။

မင်းတို့ရဲ့ နာဂစ်ဖွဲ့စည်းပုံကို ပြန်ကြည့်မယ်။
အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့် တာဝန်များ
ပုဒ်မ (၃၈၆) မှာ ... နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်များနဲ့အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်။
ပုဒ်မ (၃၈၄) မှာ ... နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥကဒေပါ ပြဌာန်းချက်များကို လိုက်နာစောင့် ထိန်းရန် တာဝန်ရှိသည်။

ရှင်းပါတယ်။ လူထုကို စစ်မှုထမ်းရမယ်။ မထမ်းရင်တော့ ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်ထားတဲ့ ဥပဒေ။

မှန်တယ်။ ကိုယ်နိုင်ငံကို ကာကွယ်ဖို့အတွက် ယောက်ျားမှန်ရင် စစ်သားလုပ်ရမယ်ဆိုတာ သိတယ်။ နားလည် တယ်။ ဘယ်သူမှ သွေးမနည်းဘူး။

အခြားနိုင်ငံတွေမှာလည်း ဒီလိုဥပဒေရှိပါတယ်။ သိတယ်။ ဒါပေမယ့် အဲဒီတိုင်းပြည်တွေမှာ လူတွေဟာ လူ့အ ခွင့်အရေး အပြည့်အ၀ရှိတယ်။ စားဝတ်နေရေးလည်း အဆင်ပြေတယ်။ ဒီမိုကရေစီလည်း ထွန်းကားတယ်။ လွတ်လပ်မှုအပြည့်အ၀ရှိတယ်။ ငါတို့မှာတော့ ဒီမိုကရေစီနဲ့တူတဲ့ အရိပ်အရောင်လေးတွေတောင် မပေါ်သေး။ မင်းတို့ အစိုးရသစ်ကလည်း လုပ်ပေးနိုင်မယ်လို့မထင်။

ထမင်းနပ်မှန်အောင် မနည်းကြိုးစားနေရတဲ့ ပြည်သူတွေကို စစ်ထဲဝင်ခိုင်းမယ်ဆိုတော့ မင်းတို့အစိုးရဟာ နေ ၀င်း၊ သန်းရွှေ စစ်အစိုးရတွေထက်ဆိုးတဲ့ (---) အစိုးရ ဖြစ်လာမှာပဲ။ နအဖ (နင့်အဖေအစိုးရ) ကို ဆက်ခံတဲ့ အစိုးရဆိုတော့ ...။ မိုးကောင်းတုန်း ရွာထားပေါ့။

တိုင်းပြည်ကို နှစ်ရှည်လများ မတရားအုပ်ချုပ်ပြီး လူထုရဲ့ဘ၀တိုးတက်ရေးကို ဘာမှမလုပ်ပေး၊ စစ်အုပ်စုနဲ့ ပေါင်းတဲ့ လူတွေလောက်ပဲ ကြီးပွားချမ်းသာတဲ့ ခေတ်ကြီးဆိုတာ လူတိုင်းအသိ။ ဆင်းရဲသားပြည်သူတွေကို ဆက်လက်စော်ကားမယ့် အစိုးရဆိုတာ ရုပ်လုံးပေါ်နေပြီ။ မင်းတို့ အုပ်ချုပ်သူလူတန်းစားတွေက ချမ်းသာပြီး သားဆိုတော့ ဘာအရေးလဲ။

ငါတို့တိုင်းပြည်ကို နယ်ချဲ့ ရန်စကျူးကျော်မခံရအောင် ငါတို့ အသေခံနိုင်တယ်။ ဒီနေ့ ဗမာစစ်တပ်ရဲ့ရည်ရွယ် ချက်ဟာ အာဏာရှင်အသိုင်းအ၀ိုင်းကို ကာကွယ်ရေး၊ တော်လှန်တဲ့ တိုင်းရင်းသားတွေကို ချေမှုန်းရေး၊ လွှတ် တော်တက်ရေး၊ အစိုးရဖွဲ့မှာပါဝင်နိုင်ရေး ... စတာတွေကို ဦးစားပေးလုပ်ကိုင်နေတာတွေဟာ အင်မတန် စက် ဆုပ်စရာကောင်းပါတယ်။ စစ်သားဆိုတာ နိုင်ငံ့ဝန်ထမ်း ...။

မင်းတို့ဥပဒေကို ပြန်ကြည့်မယ်။
အခန်း (၁) နိုင်ငံတော်အခြေခံမူများမှာ ပါတဲ့
ပုဒ်မ ၂၆ (က) မှာ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်။
ဒါက လူလည်ကျထားတဲ့ ဥပဒေ။
အမျိုးသားနိုင်ငံရေးအတွက် စစ်တပ်က ပါလို့ရတယ်ပေါ့လေ။

ပုဒ်မ (၈) နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ ဒီဥပဒေ အရဆိုရင် စစ်တပ်က နိုင်ငံရေးမှာ ၀င်မပါသင့်။ ဒါတွေကို ဆွေးနွေးနေရင် ကြာနေမယ်။ စစ်တပ်ထဲဝင် အချိန် ဖြုန်း အသက်ပေးရမယ်ဆိုရင် မတန်ဘူးဆိုတာပဲ ပြောချင်တယ်။

လူထုမှာ ၁၉၈၈ ကတည်းက စစ်အာဏာရှင်တွေကို တွန်းလှန်ရင်း အသက်တွေ၊ ဘ၀တွေ ပေးဆပ်ခဲ့ရတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကို အာဏာရှင်တွေက စစ်တပ်ကို အသုံးချ သတ်ခဲ့တယ် (နောက်တက်မယ့် အစိုးရ အဲဒီသမိုင်းကြွေးတွေ ရှင်းပြီးမှ လူတွေကို စစ်ထဲဝင်ခိုင်း)။ ၂၀၀၇ မှာလည်း သံဃာတော်တွေကို သတ်ခဲ့ တယ်။ အတုတွေလို့တောင် စွပ်စွဲလိုက်သေးတယ်။ လက်နက်မဲ့လူတွေကို သတ်၊ ဖမ်း၊ ညှင်းပန်းနှိပ်စက်။ ယခုထိ နိုင်ငံရေးအကျဉ်းသမားတွေကို မလွှတ်သေး။ ကမ္ဘာမှာတောင် မကြားဘူးတဲ့ နှစ်ရှည်ထောင်ဒဏ်တွေချ။ မင်း တို့ လူမှဟုတ်ရဲ့လား (အခုချက်ချင်းလွှတ်ပါ၊ ဒါပြီးမှ မင်းတို့ဥပဒေဆွဲ)။

ဖွဲ့စည်းပုံကလည်း ဒီမိုကရေစီမဆန်။ လွှတ်တော်ထဲမှာ အရှက်မရှိဝင်ထိုင်မယ့် စစ်တပ်အကြီးအကဲရဲ့ ကိုယ် စားလှယ် (၁၁၆) ယောက်ကိုလည်း မင်းတို့အစိုးရသစ်က ဥပဒေနဲ့ ဖယ်ခိုင်းလိုက်ပါ (ဒါပြီးမှ စစ်မှုထမ်းဥပဒေ ကို အတည်ပြု)။

ခြုံပြောမယ်။ စစ်တပ်ဆိုတာ တိုင်းပြည်ကို ကာကွယ်မယ့် ၀န်ထမ်းကောင်းတွေပါ။ အာဏာရှင်တွေကြောင့် ညစ်နွမ်းခဲ့ပေမယ့် ပြင်လိုက်ရင် အသစ်ဖြစ်သွားမယ်။ ပြည်သူကို အကာအကွယ်မပေးရင်တော့ ပြည်သူတွေ က အခွင့်ကြုံတဲ့တနေ့ တွန်းလှန်ကြလိမ့်မယ်။

အခု သိက္ခာကျဆင်းသွားတဲ့ စစ်တပ်အောက်မှာ အမှုထမ်းရမှာထက် စစ်မှန်တဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး များအတွက် ပြည်ထောင်စုတပ်မတော် အစစ်အမှန်တခုဖွဲ့ပြီး လူထုတရပ်လုံးပါဝင်ကာ တော်လှန်ရေးစရမယ့် အချိန် သမိုင်းကြောင်းအရ ပေါ်ပေါက်လာတော့မယ်ဆိုတာ နောက်တက်လာမယ့် ဒီမိုကရေစီအရေခြုံ စီးပွား ရှာစားတော့မယ့်သူတွေ (နအဖကို ကာကွယ်ပေးမယ့် အစိုးရသစ်) ကို ပြည်သူများကိုယ်စား အသိပေးလိုက်ပါ တယ်။

ပြည်သူလူထုကို အလေးမထားတဲ့ အစိုးရအသစ်ကို ရရာလက်နက်စွဲကိုင်ပြီး စတင်တိုက်ခိုက်ရမယ့် အချိန်က တော့ ကြိုတင်လျှို့ဝှက်ညှိနှိုင်းစရာမလို။ အဲဒီနေ့ကတော့ အစိုးရသစ်က လူထုကို စစ်သားမလုပ်ရင် ထောင် ဒဏ် (၅) နှစ်ချမယ့် ဥပဒေကို ပြဌာန်းလိုက်မယ့်နေ့ပဲဖြစ်ပါတယ် (ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းပြီး မတရား တဲ့ အစိုးရသစ်အား တော်လှန်ရေးစတင်တော့မယ့် အချိန်ကို ပြည်သူလူထုတရပ်လုံး သိရှိစေရန် တပ်လှန့်နှိုး ဆော်လိုက်ပါတယ်။ ပြည်သူလူထုဟာ နွားတွေမဟုတ်ဘူးဆိုတာ မကြာမီ စစ်အာဏာရှင်များ သိစေရပါမယ်)။

တိုက်ပွဲဝင်တဦး
(၉-၁-၂၀၁၁၊ ည ၁၁း၀၀ နာရီ)

17 comments:

mg said...

ပြည်ထောင်စုတပ်မတော် မျိုးချစ်တပ်မတော်ကရှိပြီးသား ကိုဘာလို့ နောက်ထပ်ပြန်ဖွဲ့ခိုင်းနေတာပါလိမ့်။နောက်အစိုးရက ပေါ်တောင်မပေါ်သေးဘူး ဒီမိုကရေစီအရေး နိုင်ငံအကျိုးတွက် ဘာမှမလုပ်နိုင်ပါဘူးဆိုတဲ့ ထင်တစ်လုံး မြင်တစ်လုံးတွေနဲ့ ဘာလို့ ဗေဒင်ဆရာလုပ်နေရတာလဲ။

ကိုယ့်ပါသာ စစ်သွေးကြွလို့ ကိုယ့်ဒူးကိုပြန်တိုက်နေတဲ့ တိုက်ပွဲဝင်အကြမ်းဖက်သမားကြီးအနေနဲ့ ကိုယ့်ပါသာ စစ်သွေးကြွလို့ တိုက်ချင်တိုက်ပါ ပြည်သူကိုတော့ ခင်ဗျားတို့ အကြမ်းဖက်ထဲ စည်းရုံးသိမ်းသွင်းဖို့မကြိုးစားပါနဲ့။

စစ်မှုထမ်းတဲ့ကိစ္စဟာ ကျုပ်တို့တွေတွက်အထူးဆန်းမဟုတ်ပါဘူးဗျာ။နိုင်ငံတကာမှာ ကျင့်သုံးနေကြတာဖြင့်ကြာပေါ့ဗျာ။အထူးဆန်းလုပ်လို့ပြောနေသေးတယ်။ဘယ်သူမှလည်း အတည်မပြုရသေးဘူး ဘာလို့ဆွေ့ဆွေ့ခုံနေရတာလဲ။

ဥပဒေတစ်ခုကိုပြဌာန်းဖို့ဆိုတာ ယနေ့ခေတ်လို တစ်ဦးတစ်ယောက်တည်းဆုံးဖြတ်လို့မရတော့ဘူး။နောင်ပေါ်လာမယ့် အစိုးရသစ်လက်ထပ်မှာ နိုင်ငံတော်သမ္မတတစ်ယောက်တည်းလည်း ဆုံးဖြတ်အတည်ပြုလို့မရဘူးဗျ။လွှတ်တော်အားလုံးက အတည်ပြုထောက်ခံမှ ကိစ္စတစ်ခုကိုအတည်ပြုနိုင်မှာပါ။

ဘယ်နိုင်ငံမဆို စီးပွားရေးကြည့်ပဲဇောက်ချလုပ်ပြီး ကျန်တဲ့ ကာကွယ်ရေး လူမူရေး ကျန်းမာရေး ပညာရေးတွေကို လျစ်လျူရှူထားတာမရှိဘူးဗျ။တစ်ပြိုင်နက်တည်း လုပ်ကြရတယ်။နိုင်ငံတစ်ခုဖွံ့ဖြိုးမှုဆိုတာ စီးပွားရေးတစ်ခုတည်းတိုးတတ်လို့မရသလို ကျန်းမာရေး ကဏ္ဍတစ်ခုတည်းလည်း တိုးတတ်လို့မရဘူး ဘက်စုံကဏ္ဍကို တစ်ပြိုင်တည်းလုပ်မှ တိုးတတ်မှ ဖွံ့ဖြိုးတိုးတတ်သော နိုင်ငံလို့ ဆိုနိုင်မှာပါ။

ဒါကြောင့် ကျုပ်တို့နိုင်ငံမှာလည်း ကဏ္ဍပေါင်းစုံကနေ တစ်ပြိုင်းလုပ်ရမှာပါ။စစ်မှုထမ်းခြင်းဟာ မလိုအပ်သေးဘူးဆိုတာ မရှိဘူး။အရေးမကြီးသေးဘူးဆိုတာမရှိဘူး။နိုင်ငံရဲ့စီးပွားရေး ကျန်းမာရေး ပညာရေး ကဏ္ဍတွေက တစ်ကဏ္ဍ ကာကွယ်ရေးက တစ်ကဏ္ဍ သူ့အပိုင်းလိုက် တစ်ပြိုင်တည်း လုပ်ဆောင်ရမှာပါ။တစ်ခုတည်းဇောက်ချသီးသန့်လုပ်လို့မရနိုင်ပါဘူး။

စီးပွားရေးကိုပဲအဓိကလုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံတောင်မှ စီးပွားရေးအပြင် တစ်ဖက်မှာ တစ်ပြိုင်တည်း ကာကွယ်ရေးအတွက်ပါ ဘက်စုံကဏ္ဍမှာလုပ်ဆောင်တိုးမြှင့်နေရတယ်ဆိုတာ ဥပမာတစ်ခုအနေနဲ့ကြည့်သင့်တယ်။ဘယ်နိုင်ငံမှ ကဏ္ဍတစ်ခုတည်းသီးသန့်လုပ်နေတာမရှိဘူးဆိုတာ နားလည်ထားစေချင်တယ်။ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်မှုထမ်းခြင်းဆိုတဲ့ကာကွယ်ရေးလုပ်ငန်းဟာ မလိုအပ်သေးဘူး အချိန်မကျသေးဘူးဆိုတဲ့အမြင်တွေကို လုံးဝလက်မခံပါဘူး။

neanmon said...

mg သည် ဗိုလ်ချုပ်သားလား မသိနားမလည် ဆင်းရဲသား
များကို စာနာတတ်ပါစေ။ mg ရယ် အူဘယ်နှုစ်ခွေရှိတယ်
ဆိုတာ သိပြီးသားလူမိုက်တွေနဲ့  အပြိုင်မမိုက်ချင်ပါဘူး။
ခတ်တာက ရှောင်လေတိုးလေဖြင့်နေတယ်။

Anonymous said...

Mg
မှတ်ချက်ကကောင်းပါတယ်။ပေးခာရေးသူထောက်ပြတာကမတရားမှုတွေကိုပါ။ မတရားတာတွေကိုဘယ်သူမှ မကြိုက်ဘူးဆိုတာ သမိုင်းကသက်သေပြမှာပါ။
စောင့်ကြည့်။

Unknown said...

(ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းပြီး မတရား တဲ့ အစိုးရသစ်အား တော်လှန်ရေးစတင်တော့မယ့် အချိန်ကို ပြည်သူလူထုတရပ်လုံး သိရှိစေရန် တပ်လှန့်နှိုး ဆော်လိုက်ပါတယ်။)

တိုက်ပွဲဝင်တဦး(၉-၁၁-၂၀၁၁၊ ည ၁၁း၀၀ နာရီ).တဲ့။

ဘယ်လိုလဲဗျာ၊
ခုမှ ၂၀၁၁ တစ်လ ပိုင်းပဲ ရှိသေးတယ်။
(၉-၁၁-၂၀၁၁၊ ည ၁၁း၀၀ နာရီ)နေ့ စွဲနဲ့ 
နှိုး ဆော် စာကို ကြိုရေးထားပြီး၊ ခု..ထဲက
ထိုင်လို့ မရ၊ ထလို့ မရ ကုန်းကုန်းကွကွနဲ့ မနေနိုင် မထိုင်နိုင် ဖြစ်ပြီး နှိုး ဆော် နေပြန်ပါပကောလား။

်ဒါမှမဟုတ် င်္သချိုင်းကုန်း မျက်စောင်းထိုးနေရတဲ့
အခြေအနေ ရောက်နေလို့ ခု ထဲက အိတ်ဖွင့်ပေး
လိုက်တာလား။

"ဒီနေ့သတင်းကတော့ ဂွတ်ရှယ်ပဲ" လို့ ဆိုတော့
ခု အိတ်ဖွင့်ပေးစာကလဲ ထူးရှယ် ပဲဟေ့။

Anonymous said...

စာရိုက်မှားသွားတာကို ထောက်ပြတာ ကောင်းပါတယ်။
တော်တယ် yoo ဂွတ်ဂွတ်ထူးရှယ်ပဲ။ အယ်ဒီတာပြင်ပါဦး။

Anonymous said...

mg ဆိုတဲ. သူရေ
ခင်များကထမင်းဝပြီဆိုတော.ပြောပေါ.
ကျုပ်တို.ကတော.
စစ်ဆိုရေတောင် စစ်မသောက်ချင်ဘူး
ရွံလို.
ခင်များသားသမီးပဲ စစ်ထဲဝင်ခိုင်း
ပြီးတော.
ဘာမှမတတ်နိုင်တဲ.အပြစ်မရှိတဲ.ပြည်သူတွေကို
နှိပ်စက်ကြပါ
ဟုတ်ပြီလား
ကို mg ရေ

Auber said...

အစိုးရ စစ်တပ်မှာ အစကတည်းက လူအင်အား အကြမ်းဖျဉ်း လေးသိန်းလောက်ရှိပြီးသား။ တကယ်လုပ်ရမှာက ရှိတဲ့လေးသိန်းကို အခုလို အရာရှိရော၊ စစ်သားရော ထွက်ပြေးနေကြတဲ့အခြေအနေ မရောက်အောင်လုပ်၊ ခေတ်မှီသည်ထက်မှီအောင် ပစ္စည်းကိရိယာတွေတပ်ဆင်၊ ရေတပ်လေတပ်ကို တရုတ်အစုတ် ရုရှ အကျတွေနဲ့ မဟုတ်ပဲတကယ့် အရည်အသွေးမှီ လေယာဉ် သင်္ဘောတွေနဲ့ဖွဲ့စည်း၊ စစ်ရေး အတွေ့အကြုံများတဲ့နိုင်ငံတွေကို ပညာတော်သင်တွေ လွှတ် သင်တန်းတွေ များများလွှတ် (တရုတ်၊ ရုရှတခုထဲမဟုတ်ဘူး)၊ ကိုယ့်ကာကွယ်ရေးစနစ်ကို အပြန်ပြန်အလှန်လှန် တတ်ကျွမ်းနားလည်သူများနဲ့ သုတေသန ပြုလုပ်ပြီးလိုတာတွေပြုပြင်၊ ကျစ်လစ်ခိုင်မာအောင်ဖွဲ့စည်း၊ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ရင် ဘာမှ စစ်မှုထမ်းဥပဒေတွေဘာတွေ မလိုဘူး။ အဲ့ဒီလိုသာလုပ်ထားလို့ကတော့ ကြိုက်တဲ့ပြည်ပရန်လာခဲ့။ တရုတ်ပြည်ကရန်လား လာခဲ့လေ၊ အခုတပ်အင်အားနဲ့တင် ယူနန်က တပ်မဟာ လေးခုလောက်ကတော့ ရှမ်းပြည်ထဲမှာ တင် ရွာလည်ပြီး အမှုန့်ဖြစ်သွားမယ်၊ ကိုယ့်မြေလေ။ (အပေါ်ကလိုဖွဲ့စည်းထားရင်ပြောတာနော်)
ဆိုဗီယက် တပ်နီကို အာဖဂန်တွေဆုံးမခဲ့တာကိုကြည့် (အမေရိကန်ဆီက လက်နက်ကောင်းတွေရတာလည်းပါတယ်)
အဲ့ဒီလိုတော့မလုပ်ပဲ ဒီဂျိုကျိုး ပဲ့ရွဲ့နေတဲ့တပ်ကို လူဖြည့်ရုံသက်သက် စစ်မှုထမ်းခိုင်းမယ်ဆိုရင်တော့ တိုင်းပြည်နာတာပဲအဖတ်တင်မယ်။ စစ်မှုထမ်းတယ်ဆိုတာ နိုင်ငံတော်မှာ ကုန်ကျစရိတ်အများကြီးရှိတယ်။ အခုလို အရာရှိရော ရဲဘော်ရော ဝအောင်မကျွေးဘူးဆိုတာတောင် နိုင်ငံတော်မှာ ကုန်ကျစရိတ်အများကြီးရှိတယ်။
mg ကိုပြောလိုတာက စစ်အင်အားဆိုတာ စီးပွားရေးတောင့်တင်းလာပြီးတော့မှ လုပ်လို့ ချဲ့လို့ရတယ်၊ အမေရိကန်သမိုင်း၊ လက်ရှိတရုတ်အခြေအနေပြန်ကြည့်၊ စီးပွားရေးက ယိမ်းယိုင်နေပြီး စစ်အင်အားကိုသွားချဲ့လို့ကတော့ ပျက်ပြီသာမှတ်။ အားလုံဘက်စုံဖွံ့ဖြိုးတိုးတက်ရမယ် ဘာညာအာနေတာတွေရပ်လိုက်၊ အဲ့ဒါစာအုပ်ထဲမှာပဲရှိတယ် လက်တွေ့မှာမရဘူး၊ ဘယ်ဟာကိုအရင်လုပ်ရမယ်ဆိုတာ သိဖို့လိုတယ်။
ဒါကနိုင်ငံတော်ဘက်က ကြည့်ပြီးပြောတာ။
တစ်ဖက်က လက်နက်ကိုင်အဖွဲ့အစည်းတွေဖက်ကကြည့်ပြီးပြောရ ရင်တော့ စစ်မှုထမ်းဥပဒေပေါ်မှာ အမြတ်ထုတ်လို့ရတယ်။ ဘာလို့လဲဆိုတော့ အခုနေပြည်သူတစ်ယောက် အစိုးရကိုချချင်လို့ တောထဲဝင်လာပြီဆိုရင် သူ့ကို စစ်အရင်တိုက်ခိုင်းလို့မရဘူး၊ လေ့ကျင့်ပေးရသေးတယ်၊ လေ့ကျင့်ပေးရတဲ့အတွက် လူအင်အား ဓနအင်အား ကုန်ကျမှုရှိတယ်။ ဟော အခုဒီကိစ္စကို အစိုးရက စစ်မှုထမ်း ရမယ်ဆိုပြီး ဒီပြသနာကို ဖြေရှင်းပေးလိုက်မယ်ဆိုရင် ပွဲကပြတ်ပြီ။ အဲ့ဒီလူတွေကိုယ့်ဖက်ရောက်လာရင် ဘာမှ အထူးအထွေကျင့်ပေးနေစရာမလိုတော့ဘူး။ အခုတောင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဝင်ပြီးတော့ တပ်ထဲမှာ မညီမျှမှု အုပ်ချုပ်ရေးယိမ်းယိုင်မှုတွေကြောင့်ထွက်ပြေးနေတာ၊ စွဲသွင်းလို့ကတော့ နာကျည်းပြီး သေချာပေါက်တောထဲရောက်လာကြမယ်။ ပြီးတော့ အစိုးရတပ် က ဘယ်လိုလုပ်တတ်တယ်၊ ဘယ်လို စနစ်ကျင့်သုံးတယ်၊ ဘယ်လိုနည်းလမ်းတွေသုံးတယ် စတာတွေကို အထူးစုံစမ်းနေစရာမလိုတော့ဘူး။
အခုတိုင်းရင်းသား လက်နက်ကိုင်တိုက်နေသူတွေဟာ စစ်မှန်တဲ့လွတ်မြောက်မှု ကိုလိုလားတဲ့စိတ် (အာဏာလု နေရာလု စားကျက်လုတဲ့စိတ်မဟုတ်) အပေါ်မှာ ပညာဥာဏ်လေးသာထပ်ပေါင်းပြီး အမြတ်ထုတ်နိုင်မယ်ဆိုရင် ဒီအစိုးရဘာ ခံနိုင်မလဲ။ စစ်မှုထမ်းဥပဒေဆိုတာ ညီတူညီမျှမှုတွေ ပြည့်နေတဲ့တိုင်းပြည် မတရားမှုတွေ အလွန်နည်းပါးတဲ့တိုင်းပြည်မှာမှ ကျင့်သုံးလို့ရတယ်။ ဒါကိုမစမ်းစစ်ပဲ သူများတိုင်းပြည်လုပ်တိုင်းလိုက်လုပ်လို့ကတော့.... လုပ်စမ်းပါလေ စစ်မှုထမ်းဥပဒေ။

Unknown said...

အိတ်ဖွင့်ပေးစာ စဖွင့်ကတည်းက
"မင်းတို့ဟာ မင်းတို့ရွေး၊ အစိုးရဖွဲ့၊ ငါတို့ မပြောဘူး". တဲ့။
မပြောဘူးသာ ဆိုတယ် ပြောနေလိုက်တာ။
" ငါတို့ ပြောမယ် " ဆိုလို့ ကတော့ လူထုက စစ်မှုထမ်းသာ ပြီးသွားမယ်၊
ကိုယ်တော်ချော်က ပြောလို့ ပြီးသေးမှာကိုမဟုတ်ဘူး။

တခါ "မင်းတို့ဟာ မင်းတို့ရွေး၊ အစိုးရဖွဲ့၊
ငါတို့ မပြောဘူး" လို့ လဲဆိုသေး၊ "အရပ်သားအစိုးရဆိုပြီး လူဝတ်လဲရုံနဲ့ ဖြစ်ရိုးလား"
လို့  မေးလိုက်တော့  ကိုယ်တော်ချော် ရဲ့ 
သံယောဇဉ် က အမျှင်တန်းနေပုံရတယ်၊
ရှေ့ ဆက်ပြီး ဘာများလဲပေါ့ လေ။
ဒီတော့ ဆက်ဖတ်တာ " ထား လိုက် " တဲ့။
ကောင်းကွာ။

Anonymous said...

စစ်မှုထမ်းဥပဒေလုပ်ပြီဆိုတာနဲ့ ပြည်တွင်းပြန်ပြီး ရတဲ့နည်းနဲ့ တိုက်မယ်။ တိုင်းပြည်ကို မချစ်လို့ မဟုတ်ဘူး။ အာဏာရှင် လက်တစ်ဆုပ်စာအတွက် အသက်ပေးနေရတဲ့ အသိဉာဏ်မရှိတဲ့ နလပိန်းတုန်းတွေ အဖြစ်မခံနိုင်လို့။ နိုင်ငံတကာမှာ စစ်မှုထမ်းဥပဒေရှိတာကို လာမပြောနဲ့။ သူတို့နိုင်ငံတွေမှာ လူ့အခွင့်အရေး အပြည့်အ၀ ရှိတယ်။ တပ်မတော်ဟာ ပြည်သူ့အတွက်ပဲဆိုတာကို ပြည်သူက ယုံကြည်တဲ့ နိုင်ငံတွေ။ အဲဒီနိုင်ငံတွေမှာ ပြည်သူကို သေနတ်နဲ့ ပစ်သတ်တဲ့ စစ်သားမရှိဘူး။ ဒါကြောင့် သူတို့ နိုင်ငံတွေမှာ စစ်ထဲ ၀င်တာကို ဂုဏ်ယူကြတယ်။ ငါတို့ကတော့ မင်းတို့လို့ ဦးဏှောက်မရှိတဲ့ စစ်သားရူးတွေ မဟုတ်ဘူး။ စစ်ထဲ ၀င်တာကို ဂုဏ်ယူရလောက်အောင်လည်း စစ်တပ်က ပြည်သူကို တန်ဖိုးထားခဲ့တာ မတွေ့ဖူးသေးဘူး။ အခုက စစ်တပ်က ခိုင်းတာ မလုပ်ချင်လည်း ရသေးတယ်။ မကျေနပ်ရင် အဆင့်ဆင့် တိုင်လို့ ရသေးတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအထိ တက်လို့ရတယ်။ စစ်ထဲ ၀င်လို့ ခိုင်းတာ မလုပ်ရင် စစ်ဥပဒေနဲ့ အပစ်ပေးမှာ..။ ဘာခိုင်းခိုင်း လုပ်ရမှာပဲ။ လုပ်အားပေးခိုင်းလည်း လုပ်ရမှာ။ စစ်မှုထမ်းဥပဒေဆိုတာ လုပ်အားပေးကို တရားဝင် ခိုင်းတဲ့နည်းပဲ။ ဘာမှ ပြောလို့မရဘူး။ ပြီးတော့ နည်းနည်း သောက်မြင်ကပ်လာရင် စစ်ထဲ ခေါ်လိုက်ရုံပဲ။ အပြင်မှာ လှုပ်လှုပ် လှုပ်လှုပ် မလုပ်နဲ့။ ဒီကောင် နည်းနည်း သတိထားရတော့မယ်ဆိုရင် စစ်ထဲ ခေါ်လိုက်ရုံပဲ။ မင်းတို့ စစ်ဥပဒေမှာ NLDလူငယ်လည်း စစ်မှုထမ်းမိန့်နဲ့ စစ်ထဲ ခေါ်ပြီး ပေါ်တာထမ်းခိုင်းလို့ရတယ် မှတ်ထား။ သန်းရွှေလို ကောင်က ရှိသမျှ လူငယ်တွေ စစ်ထဲ ခေါ်ပြီး စစ်ပညာ သင်ပေးလောက်အောင် ငတုံး ငအ မဟုတ်ဘူး။ သူ့သေတွင်း သူ ဘယ်တော့မှ မတူးဘူး။ အဲဒီတော့ လက်နက်ကိုင်ပြီး ပြန်တိုက်ဖို့ စစ်မှိုင်းတိုက်မနေကြပါနဲ့။ ၂ နှစ်လောက် စစ်မှုထမ်းတဲ့သူကို ဘယ် အာဏာရှင်က လက်နက်ကိုင်သင်တန်းပေးမှာလဲ။ ၀ါးရင်းတုတ် ကိုင်တဲ့ စစ်သားစွမ်းအားရှင်ပဲ လုပ်ခိုင်းမှာပေါ့။ အာဏာဖီဆန်တဲ့သူကို ၀ါးရင်းတုတ်သင်တန်းပေးပြီး ရှေ့တန်းထွက်ခိုင်းပြီး အသေသတ်မှာပေါ့။ နံမည်အပျက်ခံပြီး ထောင်ဒဏ် ၆၅နှစ် ချစရာတောင် မလိုတော့ဘူး။ အေး.. ဒီလို ပြောလို့တော့ စစ်မှုထမ်းရမှာ ကြောက်လို့လို့တော့ မထင်နဲ့။ တိုင်းပြည်အတွက်ဆို ဒီ ဘ၀တင် မဟုတ်ဘူး။ နောက်ထပ် ဆယ်ဘ၀လောက် အသေခံရဲတယ်။ ဒါပေမယ့် တိုင်းပြည်အတွက်၊ ပြည်သူအတွက် မဟုတ်ဘဲ သန်းရွှေနဲ့ နောက်လိုက်များ ကောင်းစားရေးအတွက်တော့ ချွေတစ်စက်တောင် အထွက်မခံဘူးဆိုတာ မှတ်ထား။ မင်းတို့ စစ်တပ် မရှိခင် ကတည်းက ပြည်သူက ကိုလိုနီတွေကို ရရာလက်နက် ကိုင်ပြီး တိုက်လာတာ။ မင်းတို့လို သေနတ်ရှိမှ တိုက်ရဲတာ မဟုတ်ဘူးဆိုတာ နားလည်းထား။ တိုင်းပြည်ကို ချစ်တဲ့ ပြည်သူတွေက တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ဖို့ စစ်တပ်ကို ဖွဲ့ခဲ့တာ။ ပြည်သူကို သတ်ပြီး တိုင်းပြည်ကို ရောင်းစားဖို့ ဖွဲ့ခဲ့တာ မဟုတ်ဘူး။ အဲဒါကြောင့် ဘယ်နည်းနဲ့မှ စစ်ထဲ မ၀င်နိုင်ဘူး။ ငါတို့ရဲ့ သားစဉ်မြေးဆက်တော့ စစ်ဖိနပ်အောက် အရောက်မခံနိုင်တော့ဘူး။ ငါတို့ အသက် သေပလေ့စေတော့။ မင်းတို့ စစ်အာရှင်တွေကို ပြန်တိုက်မယ်။ ငါတို့တွေဟာ မင်းတို့ အဆင့်မြင့် စစ်ဗိုလ်ချုပ်တွေနဲ့ အနီးဆုံးမှာ ရှိနေတယ်ဆိုတာ နားလည်ထားပါ။ အေး… ဒါပေမယ့် စစ်တပ်ဟာ တိုင်းပြည်နဲ့ ပြည်သူအတွက် ဖြစ်လာတယ်ဆိုရင်တော့ သားစဉ်မြေးဆက် စစ်မှုထမ်းဖို့ ငါတို့ ကိုယ်တိုင်ကို ဂုဏ်ယူဝင့်ကြွားစွာ မိသားစုလိုက် တပ်တံခါးဝအထိ လိုက်ပို့ပေးလိုက်မယ်။ အခုကတော့ အသက်ချင်းပဲ လဲတော့မယ်ဆိုတာ မှတ်ထား။

Anonymous said...
This comment has been removed by a blog administrator.
Unknown said...

ခု ဟာက ကောက်ခါငင်ကာနဲ့ ကြားရတော့ DKBA နဲ့ ကာလကြာရှည်ဖြစ်နေတဲ့ စစ်ပွဲ အတွက်
ပေါ်တာတွေ လိုလို့ များ
ရုတ်တရက် ပြန်တမ်းဆိုပြီးထုတ်ပြန်တာလားမသိဘူး။
ခု အကျဉ်းသား ပေါ်တာများဆိုပြီး ဖြစ်လာပြီလေ။
နိုင်ငံတကာ က ကန့် ကွက်ရင် အဲဒီ ပြန်တမ်း
စစ်မှုထမ်းဥပဒေ ထဲက အရေးပေါ်အခြေအနေ မလို့ 
သူတို့ ကို ဆင့်ခေါ်တာပါဆိုပြီး ထုတ်ပြမယ်လေ။
တွေးကြည့်မိတာပါ။

Unknown said...

ခု အကျဉ်းသား ပေါ်တာများက အဲဒီ ပြန်တမ်းထဲက
ဥပဒေ အရဆိုရင် ဘောင်ဝင်နေသလား။
ဥာဏ်ဥာဏ်တို့ မှ သိမှာပါ။

Unknown said...

အခြေအနေနဲ့ အချိန်အခါ ကို လစ်လျုရှုပြီး
ခု ကာလမှာ စစ်မှုမထမ်းမနေရ ဥပဒေ ကို
ပြဌာန်းလို့ ရတော့ သူတို့ ရဲ့ အဖေ သူတောင်းစား
မြောက်ကိုရီးယား နောက်လိုက်တာပဲ။
ခွေးမန်း လက်ချက် ဖြစ်ဖို့ များတယ်။

Unknown said...

ဒါပေမဲ့  တို့ လူထုတွေ တိုင်းပြည်အတွက်
ဘာမှကို အားမလိုအားမရဖြစ်ပြီး အားငယ်မနေနဲ့ ။
မကြာခင်ကာလကပဲ အမျိုးသားခေါင်းဆောင်
ဒေါ်စု တို့ ၊ရွေးကောက်ပွဲဝင်ပါတီတွေနဲ့ 
တွေ့ ပြီး ရှေ့ လုပ်ငန်းစဉ်တွေ မေးကြည့် ခဲ့ ပြီးပြီ။

မေး။ ။ ဒေါ်စု လွတ်လာတော့ ကျနော်တို့ တအားပျော် ပြီင်္း အားတွေ ရှိလာရတယ်။ ပီတိတွေဖြာ၊
အီအီတွေပါ ရ ပါပပေါ့ ။
ဘယ်လို အခင်းအကျင်းတွေနဲ့ တိုက်ပွဲဝင်ဖို့  ပြင်နေပြီလဲ၊
ကျနော်တို့ သိပ်သိပ် သိချင်နေတယ်လေ။

ဒေါ်စု။ ။ သြော်..ခု အန်တီက ပန်းချီ၊ပို့ စကဒ်
တွေ ဆွဲ ပြီး ဈေးရောင်းပွဲတော်တို့  ဘာတို့ မှာ
ခင်းကျင်းချရောင်းနေတယ်လေ။

မေး။ ။ ဘဘကရော။

ဘဘ။ ။ ပိုက်ကွန် အဲလေ ကွန်ရက်တွေဖွဲ့ ပြီး
ပါတီဝင် အင်အား အဲ လူငယ်အင်အားစုနေတယ်။
ကြံ့ဖွံ လို လေ။ နောက်လာမဲ့ ရွေးကောက်ပွဲအတွက်။

မေး။ ။ ရွေးကောက်ပွဲဝင်ပါတီတွေက ဥပဒေတွေ
လေ့လာနေတယ်ဆိုတော့ ....

ရွေးကောက်ပွဲဝင်ပါတီများ။ ။မြန်မာနိုင်ငံရင်းနှီးမြုပ်နှံ မှုအက်ဥပဒေ၊ကုမ္ပဏီဥပဒေ၊သွင်းကုန်ထုတ်ကုန် လုပ်ထုးံလုပ်နည်းတွေပေါ့ဗျာ။

မေး။ ။ လွှတ်တော်မှာ လူထုအတွက်...

ရွေးကောက်ပွဲဝင်ပါတီများ။ ။ဟုတ်ဖူး။ ကိုယ်ပိုင်ကုမ္ပဏီ ထောင်ကြမလို့ ။

တအားကိုအားတက်ရပါလား၊နိုင်ငံရေးသမားကြီးတို့ 
ရယ်။
ကမ္ဘာပျက်သွားတာပဲ အေးပါတယ်။







Anonymous said...

ကိုmgစစ်သွေးကြွကြီးရေ
သူ.ဟာသူဘယ်ပို.ပို.ပေါ.
ခင်များအပူလား
ဘလော.ထဲမှာတောင်လိုက်ပိတ်ပင်နေသေးတယ်
ကရင်လည်းပြည်သူပဲ
အားလုံးနဲ.ဆိုင်လို.ရေးတာခင်များကဆီနီဂေါကမို.လို.
လိုက်ပိတ်နေတာလား

Anonymous said...

ကိုmgစစ်သွေးကြွကြီးရေ
သူ.ဟာသူဘယ်ပို.ပို.ပေါ.
ခင်များအပူလား
ဘလော.ထဲမှာတောင်လိုက်ပိတ်ပင်နေသေးတယ်
ကရင်လည်းပြည်သူပဲ
အားလုံးနဲ.ဆိုင်လို.ရေးတာခင်များကဆီနီဂေါကမို.လို.
လိုက်ပိတ်နေတာလား

Anonymous said...

ကို auber နဲ.ကိုစစ်ကျွန်{sorry အကိုရေ }
အကိုတို.ရေးတာဖတ်ပြီးအားရတယ်
လေလှိုင်းစစ်ပွဲတွေဆင်နေမဲ.အစား
ပြည်သူတွေအတွက်အကျိုးရှိမဲ.သတင်းတွေကိုပိုပေး
နိုင်ကြဖို.
ပြီးတော.
mg ဆိုတဲ.သူကိုလဲ
ကလေးလိုလိုကလားလိုလိုဘ၀ကနေ
အမြန်ဆုံးလွတ်ပြီး
ပြည်သူတွေရဲ.ဘ၀ကိုအမှန်အတိုင်းလက်ခံနိုင်ပါစေလို.