Tuesday, January 11, 2011

ရင်နာနာနဲ့ ရေးတဲ့စာ

ရင်နာနာနဲ့ ရေးတဲ့စာ
အရှင်ဓမ္မ (ဒေလီ)

တလောက မဲဆောက်အမှိုက်ပုံကြီးကို You Tube မှာ တွေ့လိုက်ရတယ်။ တမြို့လုံးက စွန့်ပစ်ပစ္စည်း၊ အမှိုက် သရိုက်တွေဆိုတော့ အမှိုက်ပုံကြီးက တောင်လုံးအမျှပါပဲ။ ကြီးလည်းကြီး ကျယ်လည်းကျယ်။ ရှေ့၊ နောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ ဘယ်နေရာက တိုက်တဲ့လေ ဖြစ်ပါစေ၊ အညှီအဟောက်အနံ့တွေ ပြင်း ပြင်းထန်ထန် နှားခေါင်းဝထံ ရောက်လာပါသတဲ့။ နံလိုက်တာ လွန်ရောတဲ့။ သြော် ... အမှိုက်ပုံပါဆို နံမှာပေါ့။ မွှေးတဲ့ အမှိုက်ပုံများ ရှိလို့လား။

ဗမာပြည်သားတွေ တွေ့နေပါရဲ့၊ အမှိုက်ပုံကြားမှာ လက်အိတ်ဗလာ တုတ်တွေနဲ့ ထိုးဆွပြီး ရွှေရှာနေသလား အောက်မေ့ရတယ် သဲသဲမဲမဲ။ မထင်လိုက်ပါနဲ့ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်၊ ရေသန့်ပုလင်း၊ အတိုအစ အဖျင်းတွေကို ရှာနေကြတာပါ။ ၀ါသနာအရတော့ ဘယ်ဟုတ်မလဲ။ ၀မ်းစာလေ ၀မ်းစာ၊ သမုဒ္ဒရာ ၀မ်းတထွာ ဆိုသကိုးဗျ၊ ရှာကြရ၊ ဖွေကြရတာပေါ့။

တချို့စေတနာရှင်တွေက တတ်အားသမျှ ကူညီစောင်မကြရှာပါတယ်။ သာဓုလည်း အခါခါ ခေါ်မိပါရဲ့၊ ပို တယ်လို့ မထင်နဲ့၊ မျက်ရည်တောင် ကျမိတယ်။ သြော် ... တို့နိုင်ငံသားတွေ ဆင်းရဲရှာတယ်၊ တာဝန်သိပုဂ္ဂိုလ် များမှာတော့ စာနာစိတ်၊ သနားစိတ်၊ ညှာတာစိတ်တွေနဲ့ ဝေခြမ်း ကျွေးမွေး အလှူအတန်းပေးနေကြတယ်။ သာဓုကွယ် ... သာဓု သာဓု။

စေတနာရှင်တယောက်က အမှိုက်ကောက်သမကို မေးတယ်။ ဘယ်ရပ်၊ ဘယ်နယ်၊ ဘယ်ဆီ၊ ဘယ်ဝယ်က လဲတဲ့။ ရေကောင်း မြေကောင်း ဆီနှစ်ပေါင်းခပြီး အသီးအနှံကြွယ်ဝတဲ့ ပဲခူးတိုင်းကပါတဲ့။ မှိုင်းပျပျ ပဲခူးရိုးမ ကြီးကို ပြေးလို့သာ မြင်မိတော့တယ်။ ဘယ့်နှယ်ကြောင့် မဲဆောက်အမှိုက်ပုံမှာ လာနေတာလဲ၊ ဟိုမှာ အဆင် မပြေလို့လားလို့ တိုးလို့မေးကြည့်တော့။ အင်း ... အဆင်တော့ပြေပါတယ်၊ လယ်ယာလည်း ရှိပါရဲ့၊ ဒါပေမယ့် ဟိုမှာက ဒီမှာလောက် ပျော်စရာမကောင်းဘူးလေ၊ ပိုက်ဆံရှားတယ်၊ ရှာရခက်တယ်။ ဒါကြောင့် ဒီမှာပျော်နေ တာပါတဲ့။

အထက်က အမှိုက်ကောက်သမရဲ့ စကားကို သတိထားမိကြမှာပေါ့။ ဗမာပြည်၊ မှိုင်းပျပျ ရိုးမအလှတွေရှိတဲ့ ပဲ ခူးတိုင်း၊ ပဲခူးပြည် ရေမကြည်တော့သလား၊ မျက်မနုတော့သလား မျက်နှာမထောက်ထားနိုင်၊ ၀မ်းစာအတွက် ခြေဦးတည့်ရာ ပြောင်းလာတဲ့နေရာက ပျော်စရာများနဲ့ မဲဆောက်အမှိုက်ပုံကြီး ဖြစ်နေပါပကောလား။ တွေးမိ ပါရဲ့ ဒါ တကယ်ပဲလားလို့။

ပဲခူးလို့ အသံမြည်လိုက်ရင်ပဲ ရွှေရောင်တ၀င်းဝင်း ငွေရောင်တပျက်ပျက်နဲ့ ဟံသာဝတီပြည်ကြီးကို တဖန် အောက်မေ့မိပြန်တယ်။ တန်ခိုးကကြီး၊ အမျိုးရိုးမြတ်ပါဘိ။ ရွှေနန်းရှင် မွန်ဘုရင်တို့ စိန်မှန်ကင်းဟာ အင်းဝ မင်းတို့၊ တောင်ငူဘုရင် တပင်ရွှေထီးတို့ လက်အောက်တော်သို့ ကျရောက်ပြန်တော့လည်း စိန်မှန်းကင်းက ၀င်းသထက်ဝင်း၊ ထိန်သထက်ထိန်လို့ သာသာယာယာ စိမ်းစိမ်းလန်းလန်း ပထမတန်းစားတွေ။ အင်္ဂလိပ်တွေ လူသူစိတ်ကင်း မိုက်ခြင်းကြီးမိုက်တဲ့အခါတောင်မှ အချွန်းချွန်းနဲ့ တို့စိန်မှန်ကင်းတွေ ထင်းမဖြစ်ရဘဲ ဒီခေတ် ထဲကျမှ ပြာကျရရှာတယ်။ ဘယ့်နှယ်ပါလိမ့် ... တစိမ့်စိမ့်တွေးကြည့်ရင်တော့ တရေးရေး မြင်မိမှာပါ။

ပဲခူးမှာ ဆင်းရဲကြုံရင် ရန်ကုန်သို့ စုန်မယ်၊ ပဲခူးမှာ အခက်တွေ့ရင် မန္တလေးတက်မယ်၊ အကြားမယ်မှာ ပြည် တော်သာ မိတ္ထီလာတောင်ရှိသေး။ အမလေး အထင်သေးလို့ ပြောတာမဟုတ်ဘူး။ ရန်ကုန်ဆိုတာ အခုချိန် ရန်ပုံဖြစ်နေပြီ၊ အထက်မန္တလေးမှာဆိုရင်လည်း ဘုန်းကြီးသွေးရဲရဲကျလို့ ဘယ်သရဲသဘက်များ ၀င်သွားသလဲ မသိ။ မိတ္ထီလာဆိုတာကလည်း ရေကန်တခုသာ ရှိတော့တာ။ ဘယ်မှာမှ လုပ်စားကိုင်စားလို့ မရတော့ဘူး။ ရန်ကုန်က အမှိုက်ပုံ၊ မန္တလေးက ပြာပုံ၊ ပျဉ်းမနားက အရိုးပုံဆိုပဲ။ အတိတ်တွေ၊ နိမိတ်တွေ၊ တဘောင်တွေ အကောင်းဆိုတာ ရှာဖွေလို့မရတော့။ ကဲ ... မရရင် ဘုရားရှင်ထံ ဦးသုံးကြိမ်တင်ပြီး တမ်းတမ်းကြီး မဲဆောက် အမှိုက်ပုံကြီးကို လစ်ကြပေတော့။

ရင်နာနာနဲ့ ရေးတဲ့စာမို့ မစို့မပို့ ဝေဒနာတချို့ပါခဲ့ရင် စာဖတ်သူ သခင် (သို့) သာကီဝင်တို့ နှလုံးစိတ်ကို ထိန်း ကာ၊ သိမ်းကာ ဖတ်ကြပါလို့ တောင်းဆိုရင်း နိဂုံးချုပ်လိုက်ပါတယ်။ လွန်တာများပါသွားသည်ရှိသော် ထောက် ပြတော်မူကြပါ၊ အကြံပေးပါ၊ ခွင့်လွှတ်ကြပါလို့ အောက်ကျို့၍ တောင်းပန်လိုက်ပါတယ်။

အရှင်ဓမ္မ (ဒေလီ)

11 comments:

Unknown said...

inn........ de tine so yin, Myanmar pyi ko pyan chin sate taung ma shi dot woo. ell di a mite pon ka ma hote toat toat!

mg said...

ဒါက နိုင်ငံဆင်းရဲတာ ချမ်းသာတာနဲ့မဆိုင်သေးဘူး။လူတစ်ယောက်ချင်းစီရဲ့ ဦးနှောက်အတွေးခေါ် ပညာဥာဏ်ရှိခြင်း မရှိခြင်းပေါ်မှာပဲမူတည်တယ်။

အမှိုက်ပုံပေါ်မှာကောက်စားနေတဲ့သူဟာ သူ့အိမ်မှာ လုပ်စားစရာ မြေကွက်တောင်ရှိနေရဲ့သားနဲ့ သူများနိုင်ငံမှာလာပြီး အမှိုက်ကောက်ရတာ ပျော်တယ်ဆိုတဲ့ အသိဥာဏ်ဟာ ဘယ်လောက်တောင် နိမ့်ကျနေလည်းဆိုတာ ခန့်မှန်းလို့ရပါတယ်။ဆင်းရဲတိုင်းသာ အမှိုက်ကောက်ရရင် ပျော်ဖို့ကောင်းလို့သာ အမှိုက်ကောက်ရရင် မြန်မာပြည်သားအားလုံး ကမ္ဘာသူကမ္ဘာသားအားလုံး အမှိုက်ပုံနားမှာ သွားနေကြမှာပေါ့ဗျာ။

ဗုဒ္ဓရဲ့အဆုံးမအတိုင်းသာ လောဘ ဒေါသ မောဟ တွေကင်းကင်းနဲ့ ရှိတာလေးတွေနဲ့ ရောင့်ရဲတင်းတိမ်နိုင်ရင် ဘယ်တိုင်းတစ်ပါးကိုမှ သွားနေစရာမလိုသလို သူများနိုင်ငံမှာ အောက်ကျစရာလည်း လုပ်နေစရာမလိုဘူး။ဒါတွေဟာ လူတစ်ယောက်ချင်းစီရဲ့ လောဘတွေကြောင့် ၁ ကျပ်ရှိရင် ၁ ကျပ်နဲ့မတင်းတိမ် ဒီ့ထက် ပိုရနေရမှ ကျေနပ်ကြတာဆိုတော့ တိုင်းတစ်ပါးကိုထွက်နေကြတာဟာ ဆင်းရဲငတ်ပြတ်နေလို့မဟုတ်ပါဘူး

ဒီ့ထက်ပိုပြီးအဆင်ပြေအောင် အဆင့်တန်းမြင့်မြင့်မားမားနဲ့ နေနိုင်ထိုင်နိုင်ကြအောင်တွက် လောကီသားတွေရဲ့ လောဘ ဒေါသ မောဟ အမှောင်ထဲက မလွတ်ကင်းနိုင်ကြသေးတာဖြစ်တဲ့အတွက် ဒါဟာ နောက်ဆုံးတော့ ဘယ်သူ့အပြစ်မှမဟုတ်ဘူး မိမိတို့ကိုယ်တိုင်ရဲ့ အပြစ်သာဖြစ်ပါတယ်။

ဒီသံသရာဝဋ်ဆင်းရဲကနေ လွတ်ကင်းဖို့ဆိုရင်တော့္ဒ ဗုဒ္ဓရဲ့အဆုံးမအတိုင်းကျင့်ကြံနေထိုင် အားထုတ်ကြဖို့ပဲရှိပါတယ်။

Unknown said...

"စေတနာရှင်တယောက်က အမှိုက်ကောက်သမကို မေးတယ်။ ဘယ်ရပ်၊ ဘယ်နယ်၊ ဘယ်ဆီ၊ ဘယ်ဝယ်က လဲတဲ့" လား??????

အရှင်ဓမ္မ အခြေအနေက အဲဒီလောက်ထိ
ဆိုးဝါးပြီး နေ့ တိုင်း အမှိုက်ပုံပေါ်မှာသွားကောက်စားနေရင်းက
ဘေးက ပဲခူးတိုင်းကလာတဲ့ အမှိုက်ကောက်သမ နဲ့ 
စေတနာရှင်တယောက် တို့  ရဲ့ ပြောနေသံတွေကို ကြားခဲ့ ရတာလား ????

Unknown said...

"ရေကောင်း မြေကောင်း ဆီနှစ်ပေါင်းခပြီး အသီးအနှံကြွယ်ဝတဲ့ ပဲခူးတိုင်းကပါတဲ့။"
"ဘယ့်နှယ်ကြောင့် မဲဆောက်အမှိုက်ပုံမှာ လာနေတာလဲ၊ ဟိုမှာ အဆင် မပြေလို့လားလို့ တိုးလို့မေးကြည့်တော့။ အင်း ... အဆင်တော့ပြေပါတယ်၊ လယ်ယာလည်း ရှိပါရဲ့၊ ဒါပေမယ့် ဟိုမှာက ဒီမှာလောက် ပျော်စရာမကောင်းဘူးလေ၊ ပိုက်ဆံရှားတယ်၊ ရှာရခက်တယ်။ ဒါကြောင့် ဒီမှာပျော်နေ တာပါတဲ့။"

သြော်..ပဲခူးတိုင်းသူနှယ်၊ ဖြစ်မှဖြစ်ရလေခြင်း။
သမီးလေးပျော်လားလို့ သွားမေးရင်..
ပျော်တာပေါ့ အမေရယ်xxသမီးလေးပျော်တာပေါ့ xx
မဲဆောက်အမှိုက်ပုံမှာ သမီးလေးအမှိုက်လာကောက်တာxxxx
သမီးလေးပျော်တာပေါ့ xxxx တဲ့လား။

A S A said...

This means Freedom. But there is two ways to get Freedom. Flight and Fight. This is the way Flight that ran away from the place where no Freedom. There is a way that we can get Freedom too that is Fight back. For our generation, we have to fight back. We can do together. As our national Hero, General Aung San said, if hand is free, fight with hand, if leg is free, kick with leg, eventually, if your mouth is free, bite your enemy. "Fight for Freedom". "Don't Flight from Freedom".

mg said...

ကျုပ်တို့မြန်မာနိုင်ငံမှာနေတာ လွတ်လပ်လိုက်တာမှ ပြောမနေပါနဲ့ဗျ။ဘယ်သူမှလည်း လာမချုပ်ချယ်ပါဘူး။သူတို့ကျမှပဲ free free freedom ဆိုတဲ့စကားလုံးတွေသုံးနေတာတွေ့ရတော့ ကျုပ်ဖြင့်ရယ်ရတာ ဖက်ဖက်ကိုမောလို့ဗျာ။ဒီလောက်လွတ်လပ်အေးချမ်းတဲ့နိုင်ငံမှာ သူတို့မိုလို မလွတ်လပ်ဘူးပြောနေတယ်။

ပျော်လို့အမှိုက်ကောက်ပါတယ်ဆိုမှ Fight for Freedom နဲ့လာတိုးနေတယ်။ ဘာမှလည်းမဆိုင်ဘူး :)

Unknown said...

အရှင်ဓမ္မ ။ " သြော်..ငါ့ နှယ်..မဲဆောက်အမှိုက်ပုံမှာ
အမှိုက်ကောက် ခိုင်းရုံ ရှိသေးတယ် Fight မယ်တွေ ဖြစ်ကုန်ပါပကောလား "
" လူထုကော်မတီ ကို လှမ်းအကြောင်းကြားအုန်းမှ။ လူထုအုံကြွမှု ဖြစ်အောင် လူထုတရပ်လုးံကို မဲဆောက်အမှိုက်ပုံ လာကောက်ကြလို့  နှိုးဆော်ခိုင်းလိုက်အုန်းမှ။ "

Unknown said...

"ဘယ်နေရာက တိုက်တဲ့လေ ဖြစ်ပါစေ၊ အညှီအဟောက်အနံ့တွေ ပြင်း ပြင်းထန်ထန် နှားခေါင်းဝထံ ရောက်လာပါသတဲ့။ နံလိုက်တာ လွန်ရောတဲ့။ "
"တချို့စေတနာရှင်တွေက တတ်အားသမျှ ကူညီစောင်မကြရှာပါတယ်။ သာဓုလည်း အခါခါ ခေါ်မိပါရဲ့၊ ပို တယ်လို့ မထင်နဲ့၊ မျက်ရည်တောင် ကျမိတယ်။"

်အမှိုက်ပုံ က အနံ့ တွင် မဟုတ်ပါဘူး။အငွေ့ ပါထွက်တာပါ။ အမှိုက်ပုံနား သွားသွားပြီး
ရစ်သီ ရစ်သီလုပ်နေသရွေ့  အငွေ့ ဟပ်ပြီး
မျက်ရည် မကျတဲ့ မျက်လုးံ ဘယ်မှာရှိလိမ့်မတုန်း အရှင်။

Unknown said...

ပျဉ်းမနား အရိုးပုံ ဆိုတာူမန်ူမန်ူဖစ်ပါစေ ဘုရား။ ကျန်တဲ့ ၂ ခုကတောူ့ဖစ်ူပီး နေပါပြီ။ အဲဒါ ချောင်းဝဆရာတော်ကြီး ပျံလွန်တော် မမူခင်လေးမှာေူပာခဲ့တဲ့ တဘောင်လို့လဲ ကြား ဖူးပါတယ် ဘုရား။

Unknown said...

To A.S.A
ငါကတော့မလွတ်လပ်ဘူးလို့တစ်ခါမှမခံစားမိဘူး။
လုပ်ချင်တာကိုသူတစ်ပါးကိုမထိခိုက်ပဲလွတ်လွတ်လပ
်လပ်လုပ်ကိုင်လို့ရနေပါတယ်။လွတ်လပ်တယ်၊မလွတ်လပ်ဘူး
ဆိုတာကလဲစည်းကမ်းလိုက်နာနိုင်မှုပေါ်မူတည်ပြီးစိတ်ရဲ့အလို
မကျဒေါသဖြစ်မှုတွေ၊လောဘ(လိုအပ်တာထက်ပိုလိုချင်တာ)
တွေကြောင့်သာမလွတ်လပ်ဘူးထင်နေကြတာ။အမှန်
တော့အေးအေးဆေးဆေးနဲ့လုပ်ကိုင်စားသောက်နေလို့ရပါတယ
်ဗျာ။မြန်မာပြည်မှာထမင်းငတ်သေတဲ့မသာမကြားဖူး
သေးပါဘူးဗျ။

Unknown said...

လွတ်လွတ်လပ်လပ်လုပ်ကိုင် စားသောက်တာကတော့ ထားလိုက်ပါဦး။ လွတ်လွတ်လပ်လပ် သွားလာလို့ ရ မရသိချင်ရင် ရန်ကုန်- မော်လမြိုင် ဒါမှမဟုတ် ရန်ကုန်- ဖားအံ လောက်ထိပဲ ကားစီးလာကြည့်ပါ။ ရန်ကုန်တဖက်ကမ်းတင် ထမင်းရည်သောက် အသက်ဆက်နေရသူတွေ တပုံကြီး။ လောဘ ဒေါသ မောဟနည်းပြီး လာဘ်စားတာတွေလျှော့ဖို့ ပြည်သူတွေ ဆန်ဒဖော်ထုတ်တိုင်း ရိုက်မယ် နှက်မယ် ပစ်မယ် ခတ်မယ်တွေ လျှော့ဖို့ ဘိုချုပ်ကြီးတွေကို ဖျောင်းဖြပေးပါဦး။ လူတိုင်း ပြည်တွင်းမှာ အဆင့်တန်းမြင့်မြင့်နေနိုင်ဖို့ ဘိုချုပ်ကြီးတွေရဲ့ မေတ္တာတော်တွေ စူးရှပေးဖို့ လှု့ဆော်ပေးပါဦးဗျ.