ဓာတ်ပုံ - ကိုလတ် (၅-၁-၂၀၁၁)
Wednesday, January 5, 2011
Subscribe to:
Post Comments (Atom)
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
2 comments:
ကောင်းတော့ကောင်းတယ်ဒါပေမယ့် မျက်စိစပ်တယ်ဆိုသလိုဖြစ်နေတယ်။ကရင်နှစ်သစ်ကူးမှာ အမှန်တကယ်ဆိုရင် ကရင်ပြည်နယ်ရဲ့အထိပ်မှတ်တံဆိပ်နောက်ခံကို ဖော်ပြရတာဟာ မှန်ပေမယ့် နောက်ထပ်လိုအပ်တဲ့အရေးကြီးတဲ့ဟာက မိမိတို့ ကရင်အမျိုးသားခေါင်းဆောင်တွေရဲ့ ပုံတွေကို တင်ရမှာပါ။
အခုတော့ ကရင်အမျိုးသားခေါင်းဆောင်ကြီးတွေရဲ့နေရာအစား ကိုယ်နဲ့မသက်ဆိုင်တဲ့ ထိုင်းဘုရင်ပုံကို အစားထိုးပြီး ကရင်ပြည်နယ်ဘက်ဂယောင်းနဲ့အတူထားတာဟာ ဘယ်လိုမှမသင့်လျော်သလို မသိရင် ကရင်ပြည်နယ်ကို ထိုင်းဘုရင်က အုပ်ချုပ်နေသလိုလိုနဲ့။
လူမျိုးနဲ့တိုင်းပြည်ကိုချစ်ပါ စောင့်ထိန်းပါဆိုတာ အလကားပြောနေတာမဟုတ်ဘူး။ထိုင်းမှာနေလို့ ထိုင်းဘုရင်ကိုကိုးကွယ် ထိပ်ပေါ်တင်ထားတာ မဖြစ်သင့်ဘူး။အခြားတိုင်းပြည်တွေမှာ မြန်မာတိုင်းရင်းသားတွေ အများကြီးရှိပါတယ်။မိမိတို့ ရိုးရာပွဲတော်တွေရောက်တိုင်းမှာ မိမိတို့လူမျိုးနဲ့သက်ဆိုင်သောအရာများနဲ့သာ ကျင်းပကြပါတယ်။အခုတော့ မယောင်ရာဆီလူး ထိုင်းဘုရင်ပုံကိုကောက်တင်ပြီး ကိုးကွယ်နေတာဟာ မဖြစ်သင့်တဲ့အရာတစ်ခုပဲ။မျိုးချစ်စိတ်ဓာတ်ဆိုတာ အဲဒီ့အခြေခံကစပြီး ကျင့်သုံးလိုက်နာမှုကစတာပဲ။ဒီအခြေခံ မိမိလူမျိုးကိုမှ တန်ဖိုးမထား တိုင်းတစ်ပါးသားကိုခေါင်းပေါ်တင် အထင်ကြီးနေတဲ့သူတွေဟာ ဘယ်လောက်ပဲ နိုင်ငံနဲ့လူမျိုးကို ချစ်ပါတယ်ပြောပြော လက်ခံနိုင်စရာကိုမရှိဘူး။
ဒါကတော့ ထိုင်းနိုင်ငံရဲ့ ဓလေ့ထုံးစံကို သေချာမသိသေးလို့ ပြောတာ ဖြစ်ပါလိမ့်မယ်။ ထိုင်းနိုင်ငံကို ရောက်လာတဲ့ တရုတ် ကုလား ဘယ်လူမျိုးမဆို ပွဲကြီးလမ်းကြီးကျင်းပမယ်ဆိုတိုင်း ထိုင်းဘုရင်ပုံကို ဦးထိပ်တင်ရပါတယ်။ ဘာသာရေးအစွဲ ကြီးလှပါတယ်ဆိုတဲ့ အစ္စာလာမ်ဘာသာဝင်တွေတောင် ထိုင်းဘုရင်ကို လက်အုပ်ချီ အရိုအသေပြုကြပါတယ်။ အဲဒီ အစ္စလာမ်တွေဟာ မြန်မာပြည်မှာဆိုရင် နိုင်ငံတော်အလံကို တောင် ဦးမညွတ်ကြပါဘူး။ ထိုင်းနဲ့ မြန်မာဆိုတာ အလွန်နီးကပ်ပြီးတော့ ရိုးရာယဉ်ကျေးမှုချင်းကလည်း သိပ်ကို နီးစပ်ပါတယ်။ အဲဒီတော့ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ ဓလေ့တွေကို သေချာလေ့လာပြီးမှသာ ကိုယ်တိုင်ကိုယ်ကျ ရောက်ပြီးမှသာ ဝေဖန်သင့်တယ်။ နောက်ပီးတော့ ကရင်ပြည်နယ်ဆိုတာ မြန်မာပြည်ထဲက ကရင်ပြည်တခုတည်း မကြည့်ပါနဲ့လေ။ ထိုင်းမှာလေ ကရင်တွေနေတဲ့ ထိုင်းကရင်မြေတွေ များစွာရှိပါတယ်။ တိုင်းတပါးမှာ နေတဲ့အခါတိုင်းတပါးနဲ့ အဆင်ပြေအောင် နေတတ်ရပါတယ်။ မော်စကိုနေရင် ဗော့ဒ်ဂါနဲ့ ရင်းနှီးရသလိုပေါ့လေ။
Post a Comment