* မဟာနာယကဆရာတော်များသည် သာသနာတော် သန့်ရှင်းရေးကို ဦးစားပေး ဆောင်ရွက်မှုမရှိဘဲ လျစ်လျူရှုထားခြင်း၊ ၎င်းအဖွဲ့၌ပင် မသန့်ရှင်းသူများ ပါဝင်နေခြင်း၊ အဖွဲ့ဝင်များကို ရွေးချယ်ရာ၌ သံဃာ့ဆန္ဒကို မခံယူခြင်း၊ ဓမ္မ၀ိနယမဏ္ဍိုင်ကို အလေးမထားခြင်း၊ အကျင့်ပျက်ခြစားမှုများ မတရားဆုံးဖြတ်မှုများ ပြည့်လျှံနေခြင်း၊ အဓမ္မကို အကာအကွယ်ပေးထားခြင်း၊ သံဃာထုအပေါ် အာဏာကို အလွဲသုံးစွဲ အနိုင်ကျင့်နေခြင်း၊ ဒီမိုကရေစီစနစ်ကို မကျင့်သုံးဘဲ အာဏာရှင်စနစ်ကို ကျင့်သုံးနေခြင်း၊ ရဟန်းပျိုအုပ်ချုပ်ရေးစနစ်ကို သံဃာထု၏ လေးစားမှုကို မခံယူရခြင်း၊ ဘွဲ့တံဆိပ်သာသနာထူထောင်ပြီး ဘုရားသာသနာကို ဖျက်ဆီးနေခြင်း၊ စာပေစိစစ်ရေးကို ဘောင်ခတ်ပြီး ဓမ္မကို မျက်ကွယ်ပြုထားခြင်း၊ သံဃာထု ဘေးကင်းလုံခြုံအောင် အကာအကွယ်မပေးနိုင်ခြင်း၊ သာသနာအကျိုးကို မသယ်ပိုးဘဲ ကိုယ်ကျိုးရှာနေခြင်း၊ ပထမပြန်စာမေးပွဲများကို တိုင်းစစ် ပြည်နယ်စစ် ခွဲထုတ်၍ ပရိယတ္တိသာသနာကို ဖျက်ဆီးနေခြင်း၊ ဓမ္မဘက်မှာ မရပ်ဘဲ အဓမ္မဘက်မှာ ရပ်တည်နေခြင်း၊ ၎င်းတို့၏ လက်ရုံးတပည့်ကြီးများက တိုင်းသူပြည်သားတွေကို အနိုင်ကျင့်နေခြင်း … ဤသို့သော အကြောင်းတရားများကြောင့် သာသနာတော် ပျက်စီးယိုယွင်းရခြင်းဖြစ်လေသည်။ (၀ီရသူ-မစိုးရိမ် ‘သမိုင်း၏တရားခံ’ ဆောင်းပါးမှ …)

Tuesday, September 7, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၉-၂၀၁၀)

- စစ်တပ်က လူငယ်နှစ်ဦးကို သတ်ဖြတ်မှု ကုလသမဂ္ဂသို့ ကင်တားနား အစီရင်ခံမည် click
- ပဲခူးလူငယ်နှစ်ဦး၏ ဈာပနကို နိုင်ငံရေးအဖွဲ့များ သွားရောက် click
- စစ်တပ်ရဲ့ ပစ်သတ်ခံရသူနှစ်ဦးရဲ့ ဈာပနပြုလုပ် click
- အပြေးအလွှား သင်္ဂြိုဟ်သော ပဲခူးနာရေး click
- ပဲခူးပစ်ခတ်မှုအပေါ် အမြင်များ click
- ဆင်ခြင်တုံတရားမဲ့ ပစ်သတ်ခံရသူ (၂) ဦးရဲ့ ဈာပန (ရုပ်သံ) click
- နိုင်ငံတော် လမ်းမတော်ဖိုးတုတ်ဂိုဏ်းနဲ့ ပဲခူးမြို့ လူသတ်မှု (ဆောင်းပါး) click
- အပစ်ရပ်များအရေး အန်အယ်ဒီ ခရီးဆက်မည် click
- ရွှေဝါရောင်စိတ်ဓာတ် ရှင်သန်နေဆဲ click
- ခရစ်ယာန်ဘာသာဝင်များအပေါ် မတရား ဖိနှိပ် click
- စက်တင်ဘာ (၁၉) အာဇာနည် ၀င်းမော်ဦး ကျဆုံးသည့် နှစ်ပတ်လည်နေ့ ကော်လိုရာဒိုမှာ ဝိုင်းစုခိုင်သိန်းကို ရုံသွင်းမည် click
- ဗိုလ်ချုပ်မှူးကြီး တရုတ်ပြည်ရောက် click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံသို့ ရောက်ရှိ click
- မြန်မာရွေးကောက်ပွဲ ပြည်တွင်းရေးမို့ ၀င်မစွက်ဖို့ တရုတ် သတိပေး click
- မြန်မာရွေးကောက်ပွဲမှာ မစွက်ဖက်ဖို့ တရုတ် သတိပေး click
- တရုတ်ရပ်တည်ချက် အီးယူ Caucus ဝေဖန် click
- ဂျာမန်အလုပ်ရုံဆွေးနွေးပွဲ ‘စစ်အစိုးရ သြဇာခံများ’ တက်၍ အပြင်းအထန် ဝေဖန်ခံရ click
- အန်ဒီအက်ဖ်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဆွေးနွေးပွဲ ကျင်းပ click
- စစ်အစိုးရ သြဇာခံမဟုတ်ကြောင်း တစညပါတီ ငြင်းဆို click
- နိုင်ငံရေးပါတီများကို မေးမြန်းခြင်း - ခေတ်သစ်ပြည်သူ့ပါတီ click
- ၂၀၁၀ ရွေးကောက်ပွဲသတင်း (ရုပ်သံ) click
- လိမ်ညာဦးမယ့် ဒုတိယရွေးကောက်ပွဲ (ဆွေးနွေးခန်း) click
- အာဏာရှင်အလိုကျ ဘယ်လောက်ထိ နေကြရမှာလဲ (နေချင်သေးတာလဲ) (ဆောင်းပါး) click
- “ဆင်ဖြူတော်ယုံပြီး စုံလုံးကန်းတာ အစဉ်အလာရှိတဲ့ ဒါ ငါတို့မြန်မာ” (ကာတွန်းသန်းကြွယ် - ပြန်လည်ဆန်း သစ်ကာတွန်း) click

“ခိုနားဖို့ နေရာရှာ” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)
- BBC မြန်မာဌာန ရပ်နားတော့မည်လော click
- စီးပွားရေး - ဓာတ်ဆီများကို သယ်ထုတ်၊ တရားမ၀င် ကားများ တင်သွင်း click
- ချင်းမိုင် ဘုန်းကြီးကျောင်း (ရုပ်သံ) click
- ဆီဒိုးနားဟိုတယ်မှာ ဖျော်ဖြေတဲ့ အိုင်ရင်းခရော့စ် တေးဂီတပွဲ (ရုပ်သံ) click
- ပါကစ္စတန်ကားဗုံး လူ (၂၀) ထက်မနည်း သေ click
- နယူးဇီလန် နောက်ဆက်တွဲ အားပြင်းငလျင်လှုပ် click
- မူဆလင်ကျမ်းစာအုပ်ကို လူမြင်ကွင်းမှာ မီးရှို့တာဟာ ရန်စတဲ့ လုပ်ရပ် click
- ကုရ်အန်ကို မီးရှို့ရင် အမေရိကန်တွေ အန္တရာယ်ရှိနိုင် click
- တိုင်းမှူးသစ် သတင်းများတွင် ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှု မကြာမီ ပိုမိုသိရှိလာနိုင် click
- ပဲခူးဈာပန စစ်တပ် မောင်ပိုင်စီး click
- ပဲခူးလူငယ် (၂) ဦး နောက်ဆုံးခရီး (Update) click
- ပဲခူးလူငယ် (၂) ဦး ဈာပန အခမ်းအနား လုံခြုံရေးတင်းကျပ် click
- စစ်တပ်မှ ပစ်ခတ်၍ သေဆုံးခဲ့သူ လူငယ် (၂) ဦး အလောင်း မီးသင်္ဂြိုဟ် ပြီးစီး click
- စစ်သတ်က ပစ်သတ်သည့် လူငယ် (၂) ဦးကို သဂြိင်္ိုဟ်လိုက်ပြီ၊ ပစ်ခိုင်းသူ စစ်ဗိုလ်နှင့် ပစ်ခတ်သူ စစ်သားကို မည်သို့အရေးယူမည် မသိသေး click
- ပဲခူးပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ လူငယ်နှစ်ဦးဈာပန လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ပြုလုပ် click
- ပဲခူးလူသတ်မှု အရေးယူသင့်ဟု UDP ပြောဆို click
- တပ်မတော်က စစ်ရာဇ၀တ်မှု ကျူးလွန်သည်ဟု သက်သေပြပြီ click
- တောင်ပိုင်း ၀ နယ်မြေရှိ နအဖ၀န်ထမ်းများ (၂၄) နာရီ သတိထားကြရန် တြိဂံစစ်တိုင်း လျှို့ဝှက်စာပို့ click
- စစ်အစိုးရ၀န်ထမ်းများ မိုင်းလားအဖွဲ့ ထိန်းချုပ်နယ်မြေမှ ထွက်ခွာပြီ click
- နမ့်ခမ်းဒေသသို့ ရဲတပ်ဖွဲ့ဝင်များ စတင်စေလွှတ် click
- ရှမ်းအပစ်ရပ်အဖွဲ့ ထိန်းချုပ်ဒေသ စစ်တပ်အင်အား တိုးချဲ့ click
- ဝေါလေဒေသသို့ နအဖ တပ်အင်အား ဖြည့်ဆည်း click
- သာသနာရေး နိုင်ငံ့အရေး၊ ရွှေဝါသွေးတို့ သဘောထား (အင်တာဗျူး) click
- (၇၁) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ ရခိုင်ပြည်နယ်အနှံ့ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာ click
- ရဲဆေးတင်မပေးသင့်ဟု လူ့အခွင့်အရေးအဖွဲ့ ပြောဆို click
- စာပေစိစစ်ရေး အလိုမရှိဟု စစ်တမ်းက ပြဆို click
- ဗိုလ်ချုပ်မှူးကြီး တရုတ်ခရီးစဉ် စတင် click
- မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံ (၅) ရက်ကြာခရီးစဉ် စတင် click
- ဂန္ဓာလရာဇ်သွား ဗိုလ်သန်းရွှေ (ဆောင်းပါး) click
- ဘာသာရေးဖိနှိပ်မှု ချင်းခရစ်ယာန်များ ဆန္ဒပြ click
- ဧရာဝတီတိုင်းတွင် ပါတီစည်းရုံးခွင့် ကြိုတင်ကန့်သတ် click
- အနားပေး ဒု-ဗိုလ်ချုပ်ကြီးများ ကြံ့ဖွံ့အတွက် မဲဆွယ် click
- ရွေးကောက်ပွဲဝင်မယ့် ‘လူကြီးလူကောင်းရဲ့ အမျိုးသားနိုင်ငံရေး’ (သရော်စာ) click
- ရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် ဦးရွှေအုံး ဈာပနမှတ်တမ်း (ရုပ်သံ) click
“အာဏာလွှဲပွဲ၊ ၀တ်စုံလဲ” (ကာတွန်း ဟန်လေး - သျှမ်းသံတော်ဆင့်ဝက်ဘ်ဆိုက်)
- ရိုမေးနီးယားမှ ကချင်ဒုက္ခသည်များ စားဝတ်နေရေး အခက်တွေ့နေ click
- တရွာလုံး အတင်းအဓ္ဓမ လုပ်အားပေးခိုင်းစေခြင်း click
- ဆက်သွယ်ရေးလုပ်ငန်း ဦးတေဇထံ လွှဲပြောင်း click
- နယ်စပ်ကုန်သွယ်ရေး ဖွင့်ထားပေးဟု ဆို click
- မြန်မာခြံလုပ်သားကို ထိုင်းခြံရှင် သေနတ်နှင့် ပစ် click
- မိုးရာသီတွင် ရေရှား၍ စစ်တွေရပ်ကွက်တချို့ အခက်ကြုံ click
- အပူလှိုင်း ထိန်းသိမ်းနိုင်ရန် သစ်ပင်စိုက်ပျိုး click
- ရထားလမ်းပျက်၊ အသီးအနှံ ဈေးတက် click
- စာရေးဆရာမကြီး ခင်နှင်းယု အသက် (၈၅) နှစ် အောက်မေ့ဖွယ် click
- အလိုက်မသိတတ်သူ (ဆောင်းပါး) click
- သြစတြေးလျ အာဏာရပါတီ အမတ်တနေရာနဲ့ ကပ်အနိုင်ရ click
- လုပ်ပွဲအရှုပ်တော်ပုံနှင့် ပတ်သက်၍ တရုတ်ဘောလုံးအရာရှိဟောင်းများကို ထပ်မံဖမ်းဆီး click

အပြည့်အစုံသို့...

နအဖစစ်တပ်မှ ပစ်သတ်ခဲ့သည့် ပဲခူးမြို့နေ လူငယ်နှစ်ဦး၏ အသုဘရှုတရား တော်နာ ဖိတ်ကြားလွှာ

အပြည့်အစုံသို့...

Monday, September 6, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၉-၂၀၁၀)

- ပဲခူးလူငယ် (၂) ဦး စစ်တပ်ပစ်သတ်ခံရမှု အရေးယူမှုမရှိသေး click
- ပဲခူးမြို့၌ စစ်တပ်က လူငယ်နှစ်ဦးကို ပစ်သတ်ပြီး မိသားစုကို သင်္ဂြိုဟ်ခွင့်မပြု click
- လူငယ်နှစ်ဦး အသတ်ခံရပြီး အခြေအနေ တင်းမာ click
- ပဲခူးလူငယ် (၂) ဦး ပစ်သတ်ခံရမှု နောက်ဆက်တွဲ သတင်းနဲ့ သုံးသပ်ချက် click
- စစ်တပ်၏ ပစ်သတ်ခံရသူ အပြစ်မဲ့လူငယ် (၂) ဦး အသုဘရှုတရားနာ မိဘများ ဖိတ်ကြား click
- ပဲခူးလူငယ် (၂) ဦးကို စစ်တပ်က သင်္ဂြိုဟ်မည် (ရုပ်သံ) click
- ကုလက စုံစမ်းစစ်ဆေးဖို့ သံဃာနဲ့ ကျောင်းသား ပြော click
- မြန်မာစစ်အစိုးရအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေး ဟန်ဂေရီ ထောက်ခံ click
- နအဖစစ်အစိုးရအား စုံစမ်းရေး အဆိုပြုချက်အပေါ် နိုင်ငံတကာမှ ထောက်ခံ click
- မြန်မာအပေါ် ဖိအားပေးဖို့ တရုတ်ကို လူ့အခွင့်အရေးအဖွဲ့ တောင်းဆို click
- တရုတ်ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး ဖိအားပေး ခံရဖွယ်ရှိ click
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်ခရီးစဉ် ဒီကနေ့ စ click
- နအဖစစ်အစိုးရ၀န်ထမ်းများ ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေမှ ထွက်ခွာ click
- အပစ်ရပ်အဖွဲ့များ တင်းကျပ်မှုအခြေအနေ တိုးမြှင့်လာ click
- ရွေးကောက်ပွဲကိစ္စ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ NLD တွေ့မည် click
- ၂၀၁၀ ရွေးကောက်ပွဲ မဲမပေးရေး ပြည်တွင်းလှုပ်ရှားမှု စတင် click
- မဲမပေးရန် လှုပ်ရှားမှု အရှိန်မြှင့် (ရုပ်သံ) click
- စီးပွားရေးနဲ့ စာနယ်ဇင်းပုဂ္ဂိုလ်တွေ ပြည်ခိုင်ဖြိုးအတွက် ရွေးကောက်ပွဲဝင် click
- နိုင်ငံရေးပါတီကို မေးမြန်းခြင်း - ကရင်ပြည်သူ့ပါတီ click
- ရင်ထဲက ဆရာ ဆမ် (ဆောင်းပါး) click
- ရထားတိမ်းမှောက်မှု လူသေ click
- မန္တလေး-မြစ်ကြီးနား ရထားလမ်းချော်၍ လူနှစ်ဦး သေဆုံးပြီး တချို့ ဒဏ်ရာရ click
- ကားရာဖြတ်ကိစ္စ နေပြည်တော်က စိစစ်မည် click
- စီးပွားရေး - သဘာဝဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံမှု click
- ဟူးကောင်းဒေသ လယ်သမားများ တရားစွဲ (ရုပ်သံ) click
- LA မြန်မာ့အရေးလှုပ်ရှားသူများက စစ်အစိုးရ၀ါဒဖြန့် သရုပ်ဆောင်၏ စတိတ်ရှိုးကို သပိတ်မှောက်မည် click
- ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ နိုင်ငံတကာစာနယ်ဇင်းဆု ရရှိ click
- အိန္ဒိယနိုင်ငံက မြန်မာစာနယ်ဇင်းသမားများအား ပထမဆုံးအကြိမ် သင်တန်းပေးမည် click
- ပြည်သူချစ်သော အနုပညာရှင် (ဆောင်းပါး) click
- ဂီတနှင့် ဖြည့်ဆည်းမှု (အသံလွှင့်ဆောင်းပါး) click
- နှစ် (၁၁ဝ) ပြည့် ဆရာဇေယျ (အသံလွှင့်ဆောင်းပါး) click
- စင်္ကာပူက မြန်မာစာပေဟောပြောပွဲ အပိုင်း (၂) - စာရေးဆရာမ ဂျူး ဟောပြောချက် (ရုပ်သံ) click
- သမ္မတ အိုဘာမားရဲ့ ရေရှည်စီမံကိန်း click
- တရုတ်နိုင်ငံခြားရေးဝါဒ အခြေခံ ကျယ်ပြန့်လာ click
- IAEA ကြီးကြပ်မှုကို အီရန် နှောင့်ယှက် click
- ဗြိတိန်မှာ နိုင်ငံခြားကျောင်းသားအရေအတွက် ထိန်းချုပ်ရခက် click
- (၅၀) ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မာရာဒိုနာ နာပိုလီတွင် ရန်ပုံငွေပွဲ ကစားချင် click
- သံဃာကို ရိုက်နှက်ခဲ့တဲ့ (၃) နှစ်မြောက်နေ့ ပခုက္ကူမြို့မှာ လုံခြုံရေးများ ချထား click
- ပဲခူးမှာ လူငယ်နှစ်ယောက်ကို နအဖ စစ်တပ်က ပစ်သတ် click
- ပဲခူးမြို့၌ အရပ်သား လူငယ်နှစ်ဦးကို စစ်တပ်က ပစ်သတ် click
- ပဲခူးတွင် လူငယ် (၂) ဦးကို စစ်တပ်က ပစ်သတ် click
- ပဲခူးတွင် လူငယ် (၂) ဦးကို စစ်တပ်က ပစ်သတ် (ရုပ်သံ) click
- ပဲခူးမြို့တွင် စစ်တပ်မှပစ်ခတ်၍ လူငယ် (၂) ဦး သေဆုံး click
- ပဲခူးလူငယ် (၂) ဦးကို စစ်တပ်က သင်္ဂြိုဟ်မည် click
- ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းချက် တိုင်းရင်းသား တပ်ဖွဲ့များ ကြိုဆို click
- အပစ်ရပ် SSA မြောက်ပိုင်း တပ်မဟာ (၁) ဌာနချုပ်အနီး စစ်အင်အားတိုးမြှင့် click
- ကေအိုင်အို ခရီးသွားလာမှု ထိန်းချုပ်ခံရ click
- အဖွဲ့ချုပ်ခေါင်းဆောင်များ တွံတေး နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် တွေ့ဆုံ click
- ကုလ ကော်မရှင်ဖွဲ့ရေး ကနေဒါ ထောက်ခံ click
- ဗိုလ်ချုပ်မှူးကြီး တရုတ်သို့ လည်ပတ်မည် click
- ဗိုလ်ချုပ်မှူးကြီးသေမှ အပြောင်းအလဲဆိုတာ မြင်တယ် (အင်တာဗျူး) click
- ၀ နယ် နအဖ အဆောက်အဦးမြေနေရာ ဟိုတယ် အစားထိုး တည်ဆောက်ဖွယ်ရှိ click
- ရွေးကောက်ပွဲကို စောင့်ကြည့်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
- ကြံ့ဖွံ့ တစညကို စတိုက်ပြီ click
- တောင်ကုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကို မြို့ခံများ မကျေနပ် click
- စီးပွားရေးသမား (၁၀) ဦးထက်မနည်း ကြံ့ဖွံ့ပါတီမှ ဝင်ပြိုင်မည် click
- ကြ့ဖွံ့ဝန်ကြီး လက်ကမ်းစာစောင် ဖြန့်ပြီး ပဲခူးတိုင်းမှာ မဲဆွယ် click
- မဲများတွင် ၈၈ သွေး စွန်းထင်းနေဟု ၈၈ မျိုးဆက်ပါတီ ပြော (ရုပ်သံ) click
- ရွေးကောက်ပွဲအကြို လတ်တလောအခြေအနေများ (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- (၂၀၁၀) ရွေးကောက်ပွဲနှင့် အတိုက်အခံများ (ဆောင်းပါး) click
- ပြည်သူနှင့် ပါတီတို့ ၂၀၁၀ ရွေးကောက်ပွဲကို စွန့်လွှတ်ကျောခိုင်းသင့်နေပြီ (ဆောင်းပါး) click
- စစ်အစိုးရ နျူကလီးယားရည်မှန်းချက် ကမ္ဘာ့ခြောက်အိပ်မက် (အင်တာဗျူး) click

“ရွှေညီအစ်ကိုတွေကို မစပါ” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- ဦးဥတ္တမနေ့ အခမ်းအနား ဘန်ကောက်တွင် ကျင်းပ click
- ကညနဌာန လွဲပြောင်းရေး နှောင့်နှေးနေ click
- မြစ်ကြီးနားမြို့တွင် သြဂုတ်လထဲ ဒုတိယအကြိမ် အမျိုးသမီးတဦး အသတ်ခံရ click
- ထိုင်းရဲကို ကြောက်၍ ကားပေါ်မှ ခုန်ဆင်းသူ သေဆုံး click
- အိမ်ရာပြောင်းရွှေ့ရန် ဝန်ထမ်းများ ခက်ခဲ click
- ငမိုးရိပ်တံတား အဆက်များ ပျက်စီးမှု စိုးရိမ်ရ click
- တာဝန်မသိတတ်သော မူဆယ်မြို့ ရဲစခန်းဝန်ထမ်းများ (ပေးစာ) click
- အလုပ်လုပ်ရင်း ဓာတ်ကြိုးနှင့်ငြိပြီး ဓာတ်လိုက်သေဆုံး (သတင်းဓာတ်ပုံ) click
- ဧရာဝတီ အယ်ဒီတာ နိုင်ငံတကာစာနယ်ဇင်းဆု ချီးမြှင့်ခံရ click
- မြန်မာရွှေ့ပြောင်း မူလတန်းကျောင်းတွင် စာပေဟောပြောပွဲ ကျင်းပ (သတင်းဓာတ်ပုံ) click
- ရွှေစင့် စပွန်ဆာ ဘယ်သူပေး click

အပြည့်အစုံသို့...

ပဲခူးမြို့မှ နအဖစစ်သားတွေက လူငယ် (၂) ဦးကို သေနတ်ဖြင့် ပစ်သတ် (လမ်း ပြကြယ် ရုပ်သံမှတ်တမ်း)

ရုပ်သံသတင်း (မိုးမခမီဒီယာ+ဧရာဝတီ)

အပြည့်အစုံသို့...

Sunday, September 5, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၉-၂၀၁၀)

- လူငယ်နှစ်ယောက်ကို စစ်တပ်က ပစ်ခတ် click
- စစ်ဗိုလ်နှင့် လူငယ်များ ရန်ဖြစ်ရာ စစ်ဗိုလ်က စစ်တပ်ခေါ်လာပြီး ပစ်သတ်ခိုင်း click
- ပဲခူးမှာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားလူငယ် (၂) ဦး သေဆုံး click
- စစ်တပ်က ပစ်ခတ်လို့ လူငယ် (၂) ဦး သေဆုံး click
- စစ်သားများ ရပ်ကွက်ထဲ ၀င်ပစ်၊ ပဲခူးလူငယ်နှစ်ဦး ပွဲချင်းပြီး သေ (ရုပ်သံ) click
- စစ်သားများ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ အဒေါ်နဲ့ ဆက်သွယ်မေးမြန်းချက် (အသံ) click
- သေဆုံးသူ လူငယ် (၂) ဦးကို သင်္ဂြိုဟ်ပေးဖို့ စစ်တပ်က ကမ်းလှမ်း click
- ခမရ (၄၃၅) က ၀ိုင်းထားတဲ့ တပ်တွေ ရုပ်ပေးဖို့ ပြော click
- ပြည်သူက တပ်ကို တရားစွဲဖို့ သိပ်မလွယ် click
- ပြည်သူတွေရဲ့ အသက်အိုးအိမ် လုံခြုံဖို့ ဘယ်သူ့ကို အားကိုးရမလဲ (ဆွေးနွေးဖလှယ်) click
- အိန္ဒိယပြောက်ကျားအုပ်စုများ ဘင်္ဂလာဒေခ်ျ့မှအခြေစိုက်စခန်းများကို စွန့်ခွာပြီး မြန်မာနယ်မြေတွင် စစ်စခန်း များ တည်ဆောက်နေ click
- ဥပဒေအရ ရပ်တည်ခွင့်ကိစ္စ စစ်အစိုးရကို အမှု (၂) ခုနဲ့ NLD တရားစွဲဖို့ပြင် click
- ရွေးကောက်ပွဲအတွက် နိုင်ငံသားကတ်များ လုပ်ပေးရာတွင် လ၀ကမှ ငွေတောင်းခံ click
- ပါတီအားလုံး တန်းတူ အခွင့်အရေးပေးဖို့ NDF တောင်းဆို click
- စည်းရုံးရေးလုပ်ငန်းများအတွက် NDF ခေါင်းဆောင်များ ပဲခူးကို ရောက်နေ click
- ကချင်နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲအခွင့်အရေး (ဒီမိုကရေစီရေးရာ) click
- အမြတ်ရှိမှ ငွေရိုက်ထုတ်တဲ့ အစိုးရနဲ့ ပြည်သူတွေရဲ့ အကြွေပြဿနာ (သတင်းဆောင်းပါး) click
- နာဂစ်ကူညီရေး လုပ်ကိုင်နေသည့် နိုင်ငံခြားသားအားလုံးကို ဗီဇာသက်တမ်း ထပ်တိုးမပေးတော့ click
- မစ်ရှီဂန်မှ ပေးသောစာ (၂၀) (အသံလွှင့်ဆောင်းပါး) click
- အမေရိကန်တပ် ဆုတ်ပြီး ရက်ပိုင်းအတွင်း အီရတ်တပ်စခန်း ၀င်စီးနင်းခံရ click
- စပိန်နိုင်ငံက ETA ခွဲထွက်ရေးအဖွဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာ click
- စပိန်ခွဲထွက်ရေးသူပုန်တွေ အပစ်ရပ်ရေး ကြေညာ click
- စီးပွားရေးတိုးတက်မှုရှိကြောင်း G-20 ၀န်ကြီးတွေ ယုံကြည် click
- အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး နည်းသစ်ရှာဖို့လို click
- ငြိမ်းအဖွဲ့များကို နအဖက အကြမ်းမဖက်ရန် ဒေါ်အောင်ဆန်းစုကြည်က ပြော click
- မြို့နယ်ကော်မရှင်ရုံးခွဲ ဆိုင်းဘုတ်ကို ကြက်ခြေခတ် ဆန္ဒပြ click
- ရွေးကောက်ပွဲကို စီအာပီပီ သပိတ်မှောက် (ဦးအေးသာအောင်နှင့် မေးမြန်းချက်) click
- မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် အင်တာဗျူး click
- စစ်အစိုးရ၏ ၀ါဒဖြန့်ကားရိုက်သူ ပါဝင်သည့် စတိတ်ရှိုး ဆန်ဖရန်စစ္စကိုက ကန့်ကွက်ဆန္ဒပြ click
- iTunes မှာ လေးဖြူရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေ ရောင်းပြီ click
- အိန္ဒြာကျော်ဇင်နှင့် မကြာခင် လက်ထပ်မည်ဟု ပြေတီဦး ကြေညာပြီ click

အပြည့်အစုံသို့...

ဆိုကြမယ် ကကြမယ် ပြည်သူအတွက် (သို့မဟုတ်) ...

ဆိုကြမယ် ကကြမယ် ပြည်သူအတွက် (သို့မဟုတ်) ...
ကိုချစ်ဖေ

ကျနော် ခုတလော တော်တော်တွေးမိနေတဲ့ အကြောင်းအရာတခုရှိပါတယ်။ အခြားသူတွေတော့ ဘယ်လို တွေးမိကြမလဲ မသိပါဘူးဗျာ။ ကျနော် တွေးမိတာကတော့ “တကယ်လို့များ ကျနော်သာ မြန်မာပြည်တွင်းမှာ နေထိုင်တဲ့သူတယောက်လည်းဖြစ်မယ်၊ အနုပညာသမားတယောက်လည်းဖြစ်မယ်ဆိုရင် စစ်အစိုးရရဲ့ဝါဒဖြန့် ရုပ်ရှင်တွေ၊ သီချင်းတွေကို စစ်အစိုးရအလိုကျ ဆိုမှာလား ရေးမှာလား၊ မရေးမနေရ မဆိုမနေရ ရုပ်ရှင်ဗွီဒီယို မရိုက်မနေရ ဆိုရင်ကော ဘယ်လိုလုပ်မလဲ” လို့ပါ။

အရာရာကို စစ်တပ်က ချုပ်ကိုင်ထားပြီး သူတို့အလိုကျ လိုက်မလုပ်တဲ့သူတွေကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက် ဒုက္ခပေးလေ့ရှိတာကိုတော့ အများပြည်သူအားလုံးသိသလို အနုပညာရှင်တွေလည်း သိကြပါတယ်။ ဒီလိုအ နေအထားကို အကြောင်းပြပြီး လုပ်မိကိုင်မိတဲ့ အနုပညာရှင်တွေက ကြောက်ရွံ့ရလို့ မိမိရဲ့ဥစ္စာပစ္စည်းဓန၊ နာ မည်ဆုံးရှုံးမှာစိုးလို့ စစ်အစိုးရရဲ့အလိုကျ (ပေါ်တာဆွဲတဲ့အခါ ပါသွားသလို) ဆိုကြရ ကကြရပါတယ်လို့ ဆို လာကြပါတယ်။

ကျနော်သာ နာမည်ကြီး သရုပ်ဆောင်မင်းသားဖြစ်မယ်၊ နာမည်ကြီး အဆိုတော်ကြီးဖြစ်မယ် ဆိုရင်ကော ဆိုမ လား ကမလား၊ မဆိုရင် ဒုက္ခတွေ့တော့မယ်ဆို ဘယ်လိုလုပ်မလဲ။ ကိုယ်က နာမည်ကြီးသရုပ်ဆောင်၊ နာမည် ကြီး အဆိုတော် တေးရေးဆရာမဖြစ်လို့ “စစ်အာဏာရှင်တွေကိုတော့ ဆန့်ကို ဆန့်ကျင်ရမှာပဲဗျာ” လို့ ပြော တယ်လို့လည်း အထင်မရောက်ကြပါနဲ့။ ကျနော်သာဆိုရင် ဘယ်လိုရပ်တည်မလဲ။ ဆိုရမလား၊ ရိုက်ရမလား၊ ရေးပေးရမလား၊ တီးမှုတ်ပေးရမလား၊ မပေးရင် ရပ်ကွက်ထဲအထိဆင်း ဒုက္ခပေးနေတဲ့ ထောက်လှမ်းရေးအမျိုး မျိုးရဲ့ ဒုက္ခပေးခြင်းကို ခံနိုင်မလား တွေးမိနေတာပါ။

ဒီလိုဗျာ၊ ဟိုအရင် ကျနော်တို့ မမီလိုက်ပေမယ့် သမိုင်းကြောင်းအရ အထင်အရှားရှိနေတဲ့ အဖြစ်အပျက်တွေထဲ က ကိုလိုနီခေတ်မှာ နေမ၀င်အင်ပါယာပိုင်ရှင် အုပ်ချုပ်သူတွေကို သရော်တဲ့စာ၊ မိမိအမျိုးသားတွေကို ဇာတိ မာန်တက်ကြွစေတဲ့ သီချင်းတွေကို ရေးခဲ့တဲ့သူတွေ၊ ဆိုခဲ့ ကခဲ့တဲ့သူတွေကိုရော အင်္ဂလိပ်အစိုးရမင်းများနဲ့ အ လိုတော်ရိတွေက ကြိုက်ပါ့မလား။ ကြိုက်ကြိုက်မကြိုက်ကြိုက် အနုပညာရှင်တွေအနေနဲ့ စဉ်းစားကြည့်စေချင် တာကတော့ ‘ဒို့ဗမာ’ သီချင်း၊ ‘နဂါးနီ’ သီချင်း၊ ‘မီးဒုတ်’ သီချင်း ... အစရှိတဲ့ ကျနော်မသိတဲ့ သီချင်းတွေရော ဟာ ခုလွတ်လပ်ရေးရပြီး နှစ်ပေါင်း (၆၀) ကျော်အထိ မူလရည်ရွယ်ချက် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထင်ဟပ် တက်ကြွစေနိုင်တုန်းပါ။

ကိုလိုနီနယ်ချဲ့အစိုးရ အလိုတော်ကျ ပေါ်လစီသီချင်းတွေ၊ ဂျော့ဘုရင်မင်းမြတ်ရဲ့ ဘုန်းတော်ဘွဲ့သီချင်းတွေက တော့ ကြားတောင်မကြားဖူးတော့ပါဘူး၊ ဘယ်သူတွေ ရေးလို့ ဘယ်သူတွေ ဆိုခဲ့တယ်ဆိုတာလည်း မသိကြ တော့ပါဘူး။ အဲဒီလူတွေအနေနဲ့ တကယ်လွတ်လပ်ရေးရပြီးခေတ်မှာကော သူတို့ အဲဒါတွေ ရေးခဲ့ ဆိုခဲ့ပါတယ် လို့ မရှက်မကြောက် ပြောရဲရေးရဲပါ့မလား။ အဲ့ဒီတုန်းက ငါက၊ ငါ့အဖေက၊ ငါ့အဖိုးက အဲ့ဒီပေါ်လစီသီချင်းတွေ၊ ဘုန်းတော်ဘွဲ့သီချင်းတွေ ရေးခဲ့သူ၊ ဆိုခဲ့သူပါရယ်လို့ ကြေညာရဲပါ့မလား။

အဲ့ဒီတုန်းကတော့ နယ်ချဲ့အစိုးရဆိုပေမယ့် အခုစစ်အစိုးရလောက် ဖိနှိပ်မှုမရှိလို့ ဇာတိမာန်သီချင်းတွေ သီဆို ခဲ့ကြတာ ထင်ရှားပြီး တမျိုးသားလုံး အသည်းစွဲဖြစ်ခဲ့ရတာလို့ ပြောရင်လည်းပြောပါ။ ကျနော်ထင်တာတော့ စစ်အစိုးရရဲ့ ပေါ်လစီကားကို မရိုက်မနေရဆိုရင်လည်း မရိုက်ဘူးကွာ ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောထားမျိုး မ ထားနိုင်တာကြောင့်ရယ်၊ ဆိုလိုက်ရေးလိုက်လည်း ပြီးတာပါပဲကွာ၊ ကိုယ်က နိုင်တာမှမဟုတ်တာ နှမ်းတစေ့နဲ့ ဆီမဖြစ်ပါဘူး၊ အများမိုးခါးရေသောက် ကိုယ်လည်း သောက်လိုက်ပေါ့၊ ကိုယ့်ဒုက္ခမပေးရင် ကိုယ့်မိသားစု ဒုက္ခ မပေးရင် တော်ပီဆိုတဲ့သူတွေက အများစုဖြစ်နေလို့ လို့ထင်ပါတယ်။ အဲ့ဒီသူတွေကို ဦးဆောင်တာကတော့ တက်လာတဲ့ အစိုးရ ဒို့အစိုးရ တက်တက်ကြွကြွနဲ့ကို လုပ်မယ်ဆိုတဲ့ အခွင့်အရေး ရှေ့တန်းတင် အနုပညာသ မားတွေက ဦးဆောင်ပါဝင်တာပါ။

ဒီတော့ကာ ကိုယ်ကိုယ်တိုင်က စစ်အစိုးရဆိုတာ မတရားတဲ့ အစိုးရ၊ နိုင်ထက်စီးနင်း အစိုးရ၊ ပြည်သူလူထုကြီး ကို ဆင်းရဲတွင်းထဲ ဆွဲချတဲ့ အစိုးရ၊ ဘယ်သူသေသေ ငရွှေမာရင်ပြီးရော အစိုးရ၊ ဒီအစိုးရကို ဆန့်ကျင်ဖို့ တော် လှန်ဖို့ နှမ်းတစေ့နဲ့ ဆီမဖြစ်သော်လည်း နှမ်းဆိုတာ ဆီဖြစ်တတ်တဲ့အမျိုး၊ မတရားမှု မမျှတမှုကို ငါ့အခွင့်အရေး ဆုံးပါစေ ဆန့်ကျင်သွားမယ် ဆိုတဲ့ စိတ်ဓာတ်မျိုး မထားနိုင်ရင်တောင်မှ မီးလောင်ရာလေမပင့်ဘူး၊ အဆိပ်ပင် ရေမလောင်းဘူးဆိုတဲ့ သဘောထားမျိုးထားနိုင်ရင် ရှောင်လို့ရမယ်ထင်ပါတယ်။ ပါးပါးနပ်နပ် ရှောင်တဲ့သူတွေ လည်းရှိတာပါပဲ။

နောက်ဆုံး ကိုယ့်အနုပညာကို အနိုင်ကျင့်ပြီး မီဒီယာတွေကနေ ပိတ်ပင်ထားရင်တောင် အခြားသော ရရာနည်း လမ်းတွေနဲ့ ဖော်ထုတ်နိုင်တာပါပဲ။ ကိုဇာဂနာတို့၊ ကိုကျော်သူတို့လို စစ်အစိုးရ ကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ်လုပ်နိုင်တဲ့ ဘောင်ထဲကနေ ရသလောက် မိမိရပ်တည်ချက်အတိုင်း လုပ်သွားရင်ကော မရဘူးလားဗျာ။

ကျနော်က ကျည်ကွယ်မျက်ကွယ်ကနေပြီး လက်သီးလက်မောင်းတန်းနေတယ်လည်း ထင်ခံရပါဦးမယ်။ ကျ နော်လည်း မြန်မာ့အမျိုးသား မြန်မာနိုင်ငံသား မတရားမှုကို နည်းနည်းမှမကြိုက်သူမို့ စစ်အစိုးရကို အားပေးကူ ညီသူတွေကိုလည်း မကြိုက်ပါ။ မကြိုက်တဲ့အတွက် ကိုယ့်နည်းနဲ့ကိုယ် ဆန့်ကျင်ပါတယ်။ စစ်အစိုးရ ဘက် တော်သားတွေလို့ ယူဆရတဲ့ အနုပညာရှင်တွေကို အားမပေးပါဘူး။ သူတို့သီချင်း ဘယ်လောက်ကြိုက်ကြိုက် နားမထောင်ချင်တော့ပါဘူး။ ဒါ ကျနော်တို့ ပရိသတ်အခွင့်အရေးပါ။

ကျနော်တို့ ငယ်ငယ်က အသည်းစွဲ တိုင်းရင်းသားအဆိုတော်တယောက်ဆို ကျနော့် စိတ်ထဲ မတွေ့တာနဲ့ သူ့ သီချင်းကောင်းလေးတွေတောင် နားမထောင်ချင်တော့ပါဘူး။ ဟိုတုန်းကတော့ တော်တော်ကြီးကို လေးစားမိ သဘောကျမိတဲ့သူပါ။ သူ့ရပ်တည်ချက် ပြောင်းသွားတာကို ကြည့်ပြီး စိတ်ပျက်သွားမိလို့ပါ။ အဲ့ဒီနည်းနဲ့ ဆန့် ကျင်ပါတယ်။ ဒါ ပရိသတ်တယောက်ရဲ့ အခွင့်အရေးပါ။ ကိုယ်နဲ့ မဆိုင်ဘူးရယ်လို့ မခံယူပါဘူး။

ပုဂ္ဂိုလ်ရေး အငြှိုးအတေး အာဃာတရယ်တော့ မရှိပါဘူး။ သို့သော်လည်း သူ့ကိုအားပေးမှုကို လျှော့ချခြင်းဖြင့် စစ်အစိုးရကို ဆန့်ကျင်ရာရောက်မယ်လို့ထင်ပါတယ်။ စစ်အစိုးရရဲ့ပေါ်လစီကားတွေ၊ သီချင်းတွေကို ကြောက် လို့ပဲဖြစ်ဖြစ် အတင်းခေါ်လို့ပဲဖြစ်ဖြစ် သီဆိုရတယ်ဆိုလည်း သီဆိုပါ။ သူ့အနုပညာကို အသုံးချပြီး စစ်အစိုးရအ တွက် လုပ်ပေးတယ်၊ အထောက်အကူပြုတယ်ဆိုရင် ကျနော်တို့ကလည်း သူ့အနုပညာအားလုံးကို အားမပေး ရုံပါပဲ။ အားပေးဖို့ ရှေ့ဆောင်ရှေ့ရွက်လုပ်သူတွေကိုလည်း ဆန့်ကျင်ရုံပါပဲ။ ပြည်သူတွေဘက်က အမြဲရပ်တည် ပြီး အနုပညာဖန်တီးသူတွေကိုတော့ အမြဲအားပေးရမှာပေါ့ဗျာ (ဒီကြားထဲ ဗိုလ်ချုပ်မှူးကြီးက သီချင်းရေးဆိုပဲ)။

ရုပ်ရှင်သရုပ်ဆောင် နေတိုးတို့၊ မင်းမော်ကွန်းတို့၊ ထွန်းထွန်းတို့ဆိုလည်း ပုဂ္ဂိုလ်ရေးအရ မုန်းတီးစရာမရှိပါဘူး။ ၀ိုင်းစုခိုင်သိန်းတို့၊ ရဲလေးတို့ဆိုလည်း မုန်းတဲ့စိတ် မဖြစ်မိပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့အနုပညာစွမ်းပကား နဲ့ စစ်အစိုးရကို ထောက်ပံ့ခဲ့မှုကိုတော့ ဆန့်ကျင်ရမယ်လို့ တွေးမိနေတယ်ဗျာ။

လူသားချင်းအနေနဲ့ကတော့ နားလည်စာနာနိုင်ပါတယ်။ သူတို့ရဲ့အခက်အခဲကို သို့သော်လည်း တနိုင်တပိုင် ဆန္ဒပြမှုပဲဖြစ်ဖြစ်၊ တယောက်ထဲ ဆန္ဒပြမှုပဲဖြစ်ဖြစ် ဆန့်ကျင်ကြောင်း အလိုမရှိကြောင်းတော့ မိမိတို့ရဲ့ လွတ် လပ်မှုကို အသုံးချပြီး ဆန့်ကျင်ရမှာပါပဲ (ဆန့်သာဆန့်ကျင်ရတယ် ၀ိုင်းစုခိုင်သိန်းလေးကိုတော့ အားအနာဆုံး ပါပဲ)။ သူတို့ကို ပုဂ္ဂိုလ်ရေး လုံးဝမုန်းတီးမှုမရှိဘဲ သူတို့ရဲ့အနုပညာအားလုံးကိုတော့ ပြန်ဆန့်ကျင်သင့်တယ်လို့ ထင်နေတွေးမိနေပါတယ်။

ကျနော် စိတ်ကြီးနေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။

ကိုချစ်ဖေ

အပြည့်အစုံသို့...

Saturday, September 4, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၉-၂၀၁၀)

- အမေရိကန်သမ္မတနဲ့ အာစီယံဆွေးနွေးပွဲ မြန်မာ့အရေး ထိပ်ဆုံးက ပါဖို့ရှိ click
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအရေး ဒေါ်အောင်ဆန်းစုကြည် ပြော click
- CRPP ရွေးကောက်ပွဲကို သပိတ်မှောက်မည် click
- ကျောင်းသားတပ်မတော်ကို ကူညီခဲ့သူ ကွယ်လွန် click
- ဗီယက်နမ်ကို ငှားမယ့် မြေတွေထဲ ရခိုင်လယ်သမားတွေရဲ့ မြေတွေ ပါဝင် click
- ကိုယ်စားလှယ်လောင်း စာရင်းက ပြောသော ရွေးကောက်ပွဲ click
- မဲရုံမှူးသင်တန်း ကိုယ့်စရိတ်နှင့်ကိုယ် တက်ရောက်ရ click
- ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မက်လုံးပေး မဲဆွယ်နေ click
- ဇေကမ္ဘာ ဦးခင်ရွှေ ကြံ့ခိုင်ရေးပါတီကနေ အရွေးခံမယ် click
- နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်သုံးဦး ကြံ့ဖွံ့ပါတီမှ ရွေးကောက်ပွဲဝင်မည် click
- ဓားပြမှုဖြင့် ဖမ်းဆီးခံ မူဆလင်လူငယ် ကွပ်မျက်ခံရဖွယ်ရှိ click
- ပဲခူးမြို့က ရေဘေးဒုက္ခ (ရုပ်သံ) click
- ရုပ်ရှင်သရုပ်ဆောင် (၄) ဦး လူမှုရေးလုပ်ခွင့် ပိတ်ပင်ခံရ click
- မြန်မာဌာန သက်တမ်း (၇၀) ပြည့်ခဲ့ပြီ click
- ဘီဘီစီ အနှစ် (၇၀) ပြည့်အထူး (လွတ်လပ်အတွေး ဆွေးနွေးဖလှယ်) click
- စာရေးဆရာ နေ၀င်းမြင့် ဟောပြောချက် (ရုပ်သံ) click
- ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားကားများကို ကြည့်ပါ (၂) (သရော်စာ) click
- ပါကစ္စတန် ရေဘေးအလှူငွေ ထိရောက်စွာ သုံးစွဲရေး လွှတ်တော်မှာ တိုင်ပင်မည် click
- အာဖဂန်ငြိမ်းချမ်းရေး ဆွေးနွေးဖို့ နီးပြီ click
- တာလီဘန်တွေနဲ့ ဆွေးနွေးဖို့ အာဖဂန်ငြိမ်းချမ်းရေး ကောင်စီဖွဲ့ click
- အစွန်းရောက်သမားတွေက ကမ္ဘာကြီးကို ခြိမ်းခြောက် click
- အစားအသောက် ဈေးတက်တဲ့ကိစ္စ အထူးအစည်းအဝေး ခေါ်မယ် click
- တိုင်းရင်းသားအရေး ဒေါ်အောင်ဆန်းစုကြည် စိုးရိမ် click
- ငြိမ်းအဖွဲ့များနှင့် နအဖတပ်အကြား တင်းမာနေမှုအပေါ် စီအာပီပီက စိုးရိမ် click
- နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ကုလ စုံစမ်းရေးကော်မရှင်ကိစ္စ တောင်းဆို click
- နအဖ၏ လူ့အခွင့်အရေးချိုးဖောက်မှု ဖော်ထုတ်ရန် အဆိုပြုချက် ကနေဒါ ထောက်ခံ click
- ကလေးစစ်သားနှင့် လုပ်အားပေး ပညာပေးစာစောင်များ မကွေးအဖွဲ့ချုပ် ဖြန့်ဝေ click
- မြန်မာ့ဒီမိုကရေစီအရေးကို နှစ်ပေါင်းများစွာ ကူညီခဲ့သူ ထိုင်းလူမျိုးတဦး ကွယ်လွန် click
- ဆမ်ကလျာဏီ သို့မဟုတ် မြန်မာ့အရေးလှုပ်ရှားသူ click
- ဗြိတိန်နိုင်ငံက မြန်မာပြည် နိုင်ငံရေးအကျဉ်းသားများ ကူညီရေးလှုပ်ရှားမှု click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ထွက်မည် click
- ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ အခြေအနေ click
- အမတ်လောင်းအမည် တင်သွင်းတဲ့ကိစ္စအတွက် ဟိုပြေးဒီပြေး လုပ်နေရ click
- ကမန်အမျိုးသားတိုးတက်ရေးပါတီ ရခိုင်သုံးမြို့နယ်မှ ၀င်ယှဉ်ပြိုင်မည် click
- မဲဆောက်တွင် အဖမ်းအဆီးကြမ်း၊ အလုပ်သမား ထောင်နှင့်ချီ ဖမ်းဆီးခံရ click
- ၀ါဒဖြန့်ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်သူအား ၀ိုင်းဝန်းဆန္ဒပြကြ click
- ရက္ခိတအားမာန် စာကြည့်တိုက် (RAL) ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် တည်ထောင်ဖွင့်လှစ် click
- နယူးဇီလန် အားပြင်းငလျင်လှုပ် click
- တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး နှုတ်ထွက် click

အပြည့်အစုံသို့...

ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်ပါ

ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်ပါ
နေသွင်

“သမ္မတသက်တမ်းတလျှောက်မှာ အကြီးမားဆုံး အမှားက ဘာပါလဲ”

အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်ကို သတင်းထောက်တွေ အကြိမ်ပေါင်းများစွာ ဒီမေးခွန်း မေးခဲ့ဖူးပါတယ်။ သမ္မတကြီး တခါမှ တိတိပပ မဖြေခဲ့ပါဘူး။ အင်တာနက်ပေါ်မှာ လိုက်ဖွရင်း သမ္မတဘုရှ် တိတိပပ မဖြေခဲ့တဲ့ ကြီးမားတဲ့ အမှားတွေကို ၀က်ဆိုက်တခုမှာ သွားတွေ့ပါတယ်။ (၁၀၀) တိတိ စာရင်းလုပ်ထားပါတယ်။ ကပ်သိ ကပ်သပ် စာရင်းပြုစုထားသူတွေကလည်း ခေသူတွေ မဟုတ်ကြပါဘူး။ အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ်က သမ္မတကလင်တန်လက်ထက်က အစိုးရအဖွဲ့ထဲမှာ အမှုထမ်းဖူးတဲ့လူ၊ သမ္မတနဲ့ ဒု-သမ္မတရဲ့အကြံပေး၊ အဖွဲ့ ၀င်တွေကလည်း ပင်တဂွန်မှာ အမှုထမ်းဖူးတဲ့လူတွေ၊ တခြားနယ်ပယ်က အတွေ့အကြုံ၊ အကြားအမြင်များတဲ့ လူတွေချည်းပါ။ အမှား (၁၀၀) ထဲက တ၀က်ကျော်ကတော့ သိတော်မူကြတဲ့အတိုင်း အီရတ်စစ်ပွဲနဲ့ သက်ဆိုင် တာချည်းပါပဲ။

ဒီဆောင်းပါးမှာ အဓိကပြောချင်တာက သမ္မတဘုရှ်ရဲ့ (၁၀၁) ခုမြောက် အမှားကိစ္စဖြစ်ပါတယ်။ ဘယ်သူက ပြောသလဲဆိုရင် အမေရိကန်လက်ရှိသမ္မတ ဘာရတ်အိုဘားမားက ပြောပါတယ်။ ၀ါရှင်တန်ပို့စ်နဲ့ အင်တာဗျူး - ၀ါရှင်တန်ပို့စ်နဲ့ ၁၅ ကြိမ်မြောက် စကားစမြည် (ဇန်န၀ါရီ ၁၉။ ၂၀၀၉) ရက်စွဲနဲ့ပါ။ အရသာပျက်သွားမှာစိုးလို့ အမေးအဖြေကို မူရင်းအတိုင်းပဲ တင်ပြပါရစေ။

ဝါရှင်တန်ပို့စ် ။ ။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီမြှင့်တင်ရေးဆိုတာကို အမေရိကန်နိုင်ငံခြားရေးပေါ်လစီမှာ ဘယ်တိုင်းအတာထိ ပါဝင်သင့်ပါသလဲ။ တကယ်လို့ အတိုင်းအတာတခုထိ ထည့်ထားသင့်တယ်လို့ ယူဆရင် လွန်ခဲ့တဲ့ ရှစ်နှစ် (သမ္မတဘုရှ်သက်တမ်း) က လုပ်ဆောင်ခဲ့တာတွေနဲ့ မတူအောင် ဘယ်လိုများ လုပ်ဆောင် မယ်ဆိုတာကို တဆိတ်ပြောပြပါ။

အိုဘားမား ။ ။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီမြှင့်တင်ရေးဆိုတာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီရဲ့ အဓိက အ စိတ်အပိုင်းဖြစ်ရမှာပေါ့ဗျာ။ အမေရိကန်ကိုယ်နှိုက်က လွတ်လပ်မှုနဲ့ ဒီမိုကရေစီဖြစ်နေတာကိုး။ ... ဒါနဲ့ စကား မစပ်ပြောရရင် သမ္မတဘုရှ်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ တည်ကြည်တဲ့ ပြောဆိုချက်တွေက တန်ဖိုးရှိပါတယ်။ အင်အားဖြစ်စေပါတယ်။ ဒီအပေါ် ကျနော့်အနေနဲ့ဘာမှ သဘောမတူစရာမရှိပါဘူး။ ဒါပေ မယ့် ပြီးခဲ့တဲ့ (၈) နှစ်အတွင်း အမှားတွေအကြောင်းပြောရင်တော့ ဒီမိုကရေစီဆိုတာကို ရွေးကောက်ပွဲနဲ့ ထပ် တူပြုလိုက်တာကတော့ မှားတယ်လို့ ပြောရမှာပဲ။

“ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြည်သူတွေ တင်မြှောက်တဲ့ အာဏာပိုင် ပြည်သူ့အစိုးရဆိုတာကို တိုင်းတာဖို့ စံနှုန်းက တမျိုးတည်းပါ။ အဲဒါကတော့ အာဏာကို အကျပ်ကိုင်တဲ့နည်းနဲ့ မဟုတ်ဘဲ အများသဘောဆန္ဒနဲ့အညီ ရယူထားတာဖြစ်ရမယ်။ လူနည်းစုအခွင့်အရေးကို လေးစားရမယ်။ ပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ့်ပါတီရဲ့ အကျိုးစီးပွားထက် ဦးစားပေးပြီး တရားနည်းလမ်းကျတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သည်းခံခြင်းတရား၊ အပေးအယူ အလျှော့အတင်းနဲ့ ပါဝင်ဆောင်ရွက်ရမယ်။ ဒါတွေမရှိဘဲ ရွေးကောက်ပွဲ တခုတည်းရှိရုံနဲ့ ဒီမိုကရေစီဆိုတာ ဖန်တီးလို့ရကောင်းတဲ့ အရာမဟုတ်ပါဘူး”

တကယ်တော့ ရွေးကောက်ပွဲတွေက ဒီမိုကရေစီမဟုတ်ဘူးဗျ။ ခင်ဗျားတို့ ကျနော်တို့ အားလုံးသိတဲ့အတိုင်း ရွေးကောက်ပွဲတွေဟာ လစ်ဘရယ်အော်ဒါ (လစ်ဘရယ်အစီအစဉ်) ထဲက အစိတ်အပိုင်းတခုပဲဖြစ်ပါတယ်။ သမ္မတကြီး ရုစဘဲ့ရဲ့ ၀ိမုတ္တိတရား (၄) ပါးကို ပြန်ကောက်ရရင် လိုအပ်တောင့်တမှုကနေ လွတ်မြောက်ခြင်းနဲ့ အကြောက်တရားက လွတ်မြောက်ခြင်းဆိုတာကို တွေ့လိမ့်မယ်။ နိုင်ငံတော်တော်များများအတွက် ဒီနှစ်ချက် က ထိပ်ဆုံးက မေးရမယ့် မေးခွန်းပဲ။ လူတွေက မလုံခြုံဘူး။ ငတ်ပြတ်နေမယ်ဆိုရင် ရွေးကောက်ပွဲလုပ်ခြင်း၊ မလုပ်ခြင်းက ပြဿနာရဲ့အဖြေ မဟုတ်ဘူးဗျ။

ဥပမာ - မတရားဖမ်းဆီးမှု၊ အဂတိလိုက်စားမှုတွေက ရွေးကောက်ပွဲကိစ္စနဲ့ ဆိုင်ချင်ဆိုင်မယ်။ ဆိုင်ချင်မှလည်း ဆိုင်မယ်။ ဒါကြောင့် နိုင်ငံတော်တော်များများအတွက် ကျနော်တို့ စဉ်းစားရမှာက ဥပမာ - ကျနော့်အဖေရဲ့ ဇာ တိဖြစ်တဲ့ ကင်ညာလိုနိုင်ငံမျိုးအတွက် ကျနော်တို့ အချိန်ပေး စဉ်းစားသင့်တဲ့ကိစ္စက လူတယောက်လမ်းပေါ် မှာ သွားနေတုန်း ရဲက သူ့ကိုတားပြီး အိနြေ္ဒပျက်အောင် မဟားတရားလုပ်တာကို မခံရအောင် ဘယ်လိုလုပ်မ လဲ။ ဒါမှမဟုတ် အလုပ်တခုရဖို့၊ ကိုယ့်အိမ်မှာ ဖုန်းတပ်ဆင်ဖို့ ငွေအများကြီး လာဘ်ထိုးရတဲ့ စနစ်မျိုးမရှိအောင် ဘယ်လိုလုပ်ကြမလဲ။ ဒါမျိုးးကို အဓိကထား စဉ်းစားဖို့ လိုပါတယ်။ ဒါတွေကို လျစ်လျူရှုထားရင် ရွေးကောက်ပွဲ ဟာ ဆိုးကျိုးဖြစ်ရင်ဖြစ်၊ လူတွေမျှော်လင့်တာတွေကို ယူဆောင်ပေးမယ့်အရာ ဖြစ်မှာတော့မဟုတ်ဘူးဗျ။ ခုတ် ရာတခြား၊ ရှရာတခြား ဖြစ်မှာပဲ။

ဒါကတော့ ဒီမိုကရေစီထိတ်ထိတ်ကြဲနိုင်ငံက ရွေးကောက်ပွဲနဲ့တက်လာတဲ့ သမ္မတတယောက်ရဲ့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအပေါ် အမြင်ဖြစ်ပါတယ်။ အိုဘားမားက သူ့အရင် သမ္မတ သူ့လောက်မတော်ပါဘူးဆိုတာကို ပြချင်လို့ သက်သက်ညစ်ပြီး အပြစ်ရှာပြောတာလို့ စောဒကတက်မယ်ဆိုရင် အိုဘားမား ကမ္ဘာ့နိုဗယ်ငြိမ်းချမ်း ရေး ဆုရသွားစေတဲ့ အကြောင်းရင်းထဲက တခုဖြစ်တဲ့ ကမ္ဘာကျော် ကိုင်ရိုမိန့်ခွန်းထဲက ရွေးကောက်ပွဲ၊ ဒီမိုက ရေစီနဲ့ဆိုင်တဲ့ မိန့်ခွန်းတပိုဒ်လောက် ကောက်နုတ်ပြပါရစေ။

“ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြည်သူတွေ တင်မြှောက်တဲ့ အာဏာပိုင် ပြည်သူ့အစိုးရဆိုတာကို တိုင်း တာဖို့ စံနှုန်းက တမျိုးတည်းပါ။ အဲဒါကတော့ အာဏာကို အကျပ်ကိုင်တဲ့နည်းနဲ့ မဟုတ်ဘဲ အများသဘော ဆန္ဒနဲ့အညီ ရယူထားတာဖြစ်ရမယ်။ လူနည်းစုအခွင့်အရေးကို လေးစားရမယ်။ ပြည်သူရဲ့အကျိုးစီးပွားကို ကိုယ့်ပါတီရဲ့အကျိုးစီးပွားထက် ဦးစားပေးပြီး တရားနည်းလမ်းကျတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သည်းခံခြင်းတ ရား၊ အပေးအယူ အလျှော့အတင်းနဲ့ ပါဝင်ဆောင်ရွက်ရမယ်။ ဒါတွေမရှိဘဲနဲ့ ရွေးကောက်ပွဲတခုတည်းရှိရုံနဲ့ ဒီမို ကရေစီဆိုတာ ဖန်တီးလို့ရကောင်းတဲ့ အရာမဟုတ်ပါဘူး။ (ဇွန် ၄ - ၂၀၀၉)

အိုဘားမားရဲ့ ဒီမိုကရေစီအဓိပ္ပာယ်ဖွင့်ဆိုချက်ပါခင်ဗျာ။ မြန်မာပြည်က အခြေအနေနဲ့ တချက်ချင်း နှိုင်းယှဉ် စဉ်းစား ချိန်ဆနိုင်ပါတယ်။ ပညာရှင်တွေ ထောက်ပြတဲ့ အချက် (၃) ချက်နဲ့ အတွေးနယ်ချဲ့မယ်ဆိုရင် “စစ်မှန် သော ဒီမိုကရေစီစနစ်မှာ ရွေးကောက်မတိုင်ခင်နဲ့ ရွေးကောက်ပွဲရဲ့ ဟိုမှာဘက်မှာ (၁) လူတိုင်းတန်းတူ ရည် တူရှိသော တရားဥပဒေစိုးမိုးမှု၊ အစိုးရကို ထိန်းကျောင်းနိုင်သော (၂) နိုင်ငံရေးအဖွဲ့အစည်းမျာ (၃) လူထုအ ခြေပြု အဖွဲ့အစည်းများ အားကောင်းမှု၊ (၄) လွတ်လပ်သော မီဒီယာတို့ လိုအပ်ပါသတဲ့။ အခုရွေးကောက်ပွဲအ ကြို ကျနော်တို့နိုင်ငံမှာ ဘယ်တချက်နဲ့ သွားငြိနေသလဲ အချိန်ရရင် ခဏလေး စဉ်းစားကြည့်ဖို့ တိုက်တွန်းပါ တယ်။

နေသွင်
(စက်တင်ဘာ ၁၊ ၂၀၁၀)

အပြည့်အစုံသို့...

အရေးပေါ် အကူအညီ လိုအပ်နေတဲ့ ပဲခူးမြို့ရေကြီးမှု (ရုပ်သံ)

ပေးပို့ - နေ့သစ်မီဒီယာ

အပြည့်အစုံသို့...

Friday, September 3, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၉-၂၀၁၀)

- ကုလ စုံစမ်းကော်မရှင်ဖွဲ့ရေး အမေရိကန်ဦးဆောင်ဖို့ AI တိုက်တွန်း click
- ဘီဘီစီ တပ်ကို ခွဲနေသည်ဟု စစ်အစိုးရ စွပ်စွဲ click
- အထက်ဗမာပြည် သောသုဇနဘိက္ခူ သံဃာတော်များ ကြေညာချက်ထုတ် click
- ၀ဒေသ လုံခြုံရေး တင်းကျပ် click
- ၀ နယ်ကနေ စစ်အစိုးရ၀န်ထမ်းများနှင့် လုံခြုံရေးတပ်များ ထွက်ခွာပြီ click
- နိုင်ငံရေးကိစ္စရပ်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမှ တပ်အသွင်ကူးပြောင်းရေး မွန်ပြည်သစ်ပါတီ လုပ်ဆောင် မည် click
- ရှေ့ KIO နိုင်ငံရေးလမ်းစဉ်ပေါ် လူထုရှင်းလင်းပွဲ ပြုလုပ် click
- ကေအိုင်အို ဆေးဝါးပစ္စည်းများ ပြန်ရပြီ click
- လက်နက်ကိုင်တပ်သားတစုက မြ၀တီရဲစခန်းကို ၀ိုင်းရံ click
- ကလေးမြို့ထောင်ရောက် HRDP ကိုမြင့်နိုင် ကျန်းမာရေးမကောင်း click
- စစ်ကိုင်းတိုင်းမှာ ဖုန်းဝယ်ယူသည့် လူထုထံမှ သိန်းနှစ်ထောင်ကျော် အလှူခံ click
- စစ်အစိုးရ၏ ရုပ်ရှင်အစည်းအရုံးက သရုပ်ဆောင်များကို လူမှုရေးကန့်သတ်မှုများ ပြုလုပ် click
- စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ကားတွင် သရုပ်ဆောင်သူကို ဆန်ဖရန်စစ္စကိုက ကန့်ကွက်ဆန္ဒပြမည် click

“ဖွဲ့လည်း ဖွဲ့နိုင်ကြပါတယ်” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)
- ရွေးကောက်ပွဲကို CRPP သပိတ်မှောက် click
- ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ လွှတ်တော်ကိုယ်စားပြုကော်မတီ ဆုံးဖြတ် click
- တစည ဒေသခေါင်းဆောင်များကို ဖမ်းဆီးပြီး ထောင် (၃) နှစ်စီချ click
- တစညက ကြံ့ဖွံ့နှင့် ယှဉ်မည် click
- NDF ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက် click
- စာပေစာနယ်ဇင်းခေါင်းဆောင်များ ရွေးကောက်ပွဲဝင်မည် click
- ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဌ ဦးအေးလွင် (အင်တာဗျူး) click
- အမတ်နှင့် အမဲ (ဆောင်းပါး) click
- ကုလသမဂ္ဂနဲ့ ဗမာစစ်အစိုးရ (မျက်မှောက်ရေးရာ) click
- ရေဘေးဒုက္ခသည်များ အိမ်ပြန်နိုင်တော့မည် click
- ချင်းပြည်နယ်မှာ အဓမ္မ ငွေကောက် click
- တပတ်အတွင်း စီးပွားရေးသတင်း click
- ဘ၀ရပ်တည်ရေး ပြည်ပထွက် အလုပ်ရှာကြတဲ့ အမျိုးသမီးလေးတွေရဲ့ တွေ့ကြုံမှု click
- မီလ်ဝေါကီး ပညာရာမကျောင်းမှာ မေတ္တာအခါတော်နေ့ ကျင်းပ click
- အမေရိကန်ရဲ့ အာဖဂန်ဗျူဟာ အလုပ်ဖြစ်ဟု ကာကွယ်ရေးဝန်ကြီး ဂိတ်စ် ယုံကြည် click
- အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲ နောက်ဆုံးအခွင့်ကောင်းဖြစ် click
- အရှေ့အလယ်ပိုင်း ဆွေးနွေးပွဲ အီရန် ရှုတ်ချ click
- ထိုင်းတောင်ပိုင်း ပစ်ခတ်မှု (၃) ဦး သေ click
- မော်လ်တာကို နိုင်သည့် ယူရို ၂၀၁၂ ခြေစစ်ပွဲတွင် အစ္စရေးအသင်းခေါင်းဆောင် ဘီနာယောင် ဟက်ထရစ် သွင်း click
- နယ်ခြားစောင့်တပ် လုပ်ရန် ဆရာတော် ပြောသော်လည်း ဗိုလ်နှုတ်ခမ်းမွှေး လက်မခံ click
- မိုင်းလားနှင့် ပန်ဆန်းမြို့များရှိ အစိုးရဝန်ထမ်းများကို ပြန်ခေါ် click
- ၀ နှင့် မိုင်းလားနယ်မြေက နအဖတပ်နှင့် ၀န်ထမ်းအားလုံးကို ရုပ်သိမ်းလိုက်ပြီ click
- ငြိမ်းချမ်းစွာ ဆွေးနွေးရေး မွန်ပြည်သစ် မျှော်လင့်ဆဲ click
- ယူရေနီယမ် ထွက်ရှိမှုကြောင့် မိုးကုတ်ကလီစူးရွာ (၃) ရွာ ပြောင်းရွှေ့ခိုင်း click
- ပဲခူးရေဘေးဒုက္ခသည်များကို ဒေါ်မေ၀င်းမြင့်တို့အဖွဲ့ ဆန်လှူဒါန်း click
- အနုပညာရှင်နှင့် မီဒီယာသမားများ စောင့်ကြည့်ခံရ click
- ဘီဘီစီ မြန်မာပိုင်းအစီအစဉ် နှစ် (၇၀) ပြည့်နေ့တွင် ပြည်သူ့အကျိုး ဆက်လက်သယ်ပိုးရန် စာရေးဆရာကြီး ဒဂုန်တာရာ မေတ္တာရပ်ခံ click
- နေပြည်တော် အမျိုးသားစာကြည့်တိုက် ဒစ်ဂျစ်တယ်လ်စနစ် သုံးမည် click
- နောက်ထပ် ပါတီ (၂) ခု ကိုယ်စားလှယ်လောင်း အမည်စာရင်း မတင်နိုင် click
- မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကိုယ်စားလှယ်လောင်းများ click
- ကြည့်မြင်တိုင် ကြံ့ဖွံ့ ပြည်သူပိုင်အဆောက်အအုံများ သုံး၍ မဲဆွယ် click
- ကြံ့ဖွံ့ပါတီ ငွေလှူသူများကို နာဂစ်အမည်ခံ ဂုဏ်ပြု click
- ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတိုက်ပွဲ (အယ်ဒီတာ့အာဘော်) click
- သတင်းစာလွတ်လပ်ခွင့် မရှိသော ယနေ့မြန်မာနိုင်ငံ (ဆောင်းပါး) click
- တိုင်းပြည်မှ နှင်ထုတ်လျှင်လည်း မအံ့သြ (ဆောင်းပါး) click
- ဟစ်ပ်ဟော့ပ်ခေတ်မို့ အသစ်တော့ဖြစ်သဗျို့ (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) click
- သောကြာစကားဝိုင်း (စက်တင်ဘာ ၃၊ ၂၀၁၀) click
- ဒူးထောက်ကြမှာလား (ပေးစာ) click
- သတင်းမှန်တစ်ခု ထပ်မံပေးပို့ပြီး ထုတ်လွင့်ပေးစေလိုပါသည် (ပေးစာ) click
“ကိုယ့်ကျင်း ကိုယ်တူးရတာ မောတယ်” (ကာတွန်း ဘီရုမာ - ဧရာဝတီဝက်ဘ်ဆိုက်)
- အထူးရဲ ဖမ်းဆီးမှုကြောင့် မြန်မာအလုပ်သမား ထောင်ချီ ထွက်ပြေးနေရ click
- တရားမ၀င် အလုပ်သမား ဖမ်းဆီးမှု စစ်ဆင်ရေးစ click
- ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူခွင့်ပြု click
- မြန်မာဒုက္ခသည်များအကြောင်း မှတ်တမ်းစာအုပ် ထုတ်ဝေ click
- မူစယ်-မန္တလေး ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ လူ အမြောက်အမြား သေဆုံး click
- ဆင်တုပ်ကွေးကြောင့် လူ (၁၀) ဦးကျော် သေဟု မိုင်းတုံဒေသခံများ ပြော click
- စက္ကူလေယာဉ်ချန်ပီယံ မောင်းထောင်းဒီး ထိုင်းနေထိုင်ခွင့် အယူခံတင်ရ click
- Cool & Hot စီးရီးစီစဉ်သူ သဇင်သင်းနှင့် ပါဝင်သီဆိုသူများ မကျေမလည်ဖြစ် click
- 34 Burmese Freedom fighter ဘောလုံးအသင်း ဆီးမီးဖိုင်နယ်တက်ပြီ click
“ချေး” ဆိုသည်မှာ စမ်းပြီးတောင် စားကြည့်သင့်သည့်အရာ မဟုတ်ပါ
(ကာတွန်း မောင်ရစ် - မိုးမခ၀က်ဘ်ဆိုက်)

အပြည့်အစုံသို့...

Thursday, September 2, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၂-၉-၂၀၁၀)

- မြန်မာစစ်ခေါင်းဆောင်တွေ လူ့အခွင့်အရေး လေးစားမှုရှိမရှိ စုံစမ်းရေး ကနေဒါ ထောက်ခံ click
- ဟားဗတ်တက္ကသိုလ် ကထိကရဲ့ ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ကိစ္စအပေါ် သုံးသပ်ချက် click
- ရွေးကောက်ပွဲအပေါ် NLD သပိတ်မှောက်တဲ့ကိစ္စ (တိုက်ရိုက်လေလှိုင်း) click
- မဲမပေးဘဲနေနိုင်ခွင့် စာဖြန့်၍ NLD မြို့နယ်အတွင်းရေးမှူး ထိန်းသိမ်းခံရ click
- မဲမပေးရေး စာဖြန့်ဝေသူ ပြန်လွတ်လာ click
- ဒလမြို့နယ် အဖွဲ့ချုပ်ဝင် ဦးထွန်းရင်ကို အာဏာပိုင်များက ပြန်လွှတ်ပေး click
- လူထုလှုပ်ရှားမှုအတွက် BBC အဆင်သင့်ရှိနေ click
- ဘီဘီစီ မြန်မာဌာန နှစ် (၇ဝ) ပြည့် click
- နအဖက တိုက်ခိုက်လာပါက စစ်ရေးပြင်ဆင်ပြီးဟု ကရင်ငြိမ်းချမ်းရေးကောင်စီ ဆို click
- မွန်ပြည်သစ်ပါတီ သောင်းကျန်းသူအဖြစ် ပြန်လည်သတ်မှတ်ခံရမည် click
- စစ်အစိုးရဖိအား မွန်ပြည်သစ်ပါတီ ပယ်ချ click
- လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှ လက်မခံ click
- နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စ မွန်ပြည်သစ်ပါတီက ထပ်မံငြင်းဆို click
- နောက်ဆုံးရက်အထိ BGF ကို KIO နှင့် UWSA က လက်မခံ (ရုပ်သံ) click
- နယ်ခြားစောင့်တပ် လက်မခံသဖြင့် လုပ်ပိုင်ခွင့်များ ပိတ်ပင်ခံရ click
- သောင်းနှင့်ချီသည့် ကရင်လူထု စစ်အစိုးရတပ်၏ တိုက်ခိုက်မှု ခံနေရ click
- ပစ်မှတ်ထား စစ်ဆင်ခံနေရသည့် လူထုအား ၀ိုင်းဝန်းကူညီရန် ကရင်လူ့အခွင့်အရေးအဖွဲ့ နှိုးဆော် click
- ပဲခူးက ရေဘေးဒုက္ခသည်များကို အဖွဲ့ချုပ်က ဆန်လှူဒါန်း click
- NLD ခေါင်းဆောင်များ ပဲခူးမြို့ ရေဘေးဒုက္ခသည်များကို အကူအညီပေး (ဓာတ်ပုံမှတ်တမ်း) click
- NLD ခေါင်းဆောင်များ ရေဘေးဒုက္ခသည်များအား ဆန် လှူဒါန်းထောက်ပံ့ (ရုပ်သံ) click
- ပဲခူးရေဘေး စေတနာရှင်များ ကူညီနေဆဲ click
- အလုပ်သမားအခွင့်အရေး ချိုးဖောက်နိုင်ငံ click
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်ပြည် သွားမည် click
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ သွားမည် click
- မြန်မာစစ်ခေါင်းဆောင် တရုတ်နိုင်ငံ သွားမည် click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံသို့ (၄) ရက်ကြာ သွားရောက်မည် click
- ဗိုလ်သန်းရွှေ သက်ဆိုးရှည်ရခြင်းအကြောင်း ကာတွန်းဆရာ ရှာဖွေတွေ့ရှိ click
- အန်စီယူဘီညီလာခံတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး အရှိန်မြှင့်ရန် ဆုံးဖြတ် click
- နေပြည်တော်မှ လူမနေသေးသော မြို့နယ်သစ် (၃) ခု မဲဆန္ဒနယ်မှာ ပါဝင် click
- နိုင်ငံ့ဝန်ထမ်း ခြွင်းချက်နှင့် ပတ်သက်၍ … click
- မဲဆန္ဒနယ်မြေ အများစုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြိုင်ဘက်မရှိဖြစ်နေ click
- ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ အခြေအနေ click
- မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းကို ဆက်သွယ်မေးမြန်းခြင်း click
- ရှမ်းပြည်သူ ထောက်ခံသည်ဆိုတဲ့ ကျားဖြူပါတီ (ရုပ်သံ) click
- ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတိုက်ပွဲ (အယ်ဒီတာ့အာဘော်) click

ကာတွန်း ဟန်လေး - ခေတ်ပြိုင်ဝက်ဘ်ဆိုက်
- ယုဇနကုမ္ပဏီကို ကချင်လယ်သမားများ တရားစွဲမှု စတင်စစ်ဆေး click
- ငွေညှစ်ဂိုဏ်းပုံစံ မြန်မာ့အခွန်စနစ် click
- မြန်မာ့ခရီးသွား တာထွက်မကောင်း click
- စီးပွားရေးသတင်းများ click
- ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင် (၄) ဦးကို အနုပညာလုပ်ငန်း ပိတ်ပင် click
- ညီဂျော်၊ သန်းသန်းစိုး၊ ဂွမ်းပုံ၊ ဆုရွှန်းလဲ့တို့ကို အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့်ပိတ်ပင် click
- ဂီတနှင့် ဖြည့်ဆည်းမှု (အသံလွှင့်ဆောင်းပါး) click
- Blue Wind အမျိုးသမီး အနုပညာလက်ရာစုံပြပွဲ click
- အလှူဒါနပြုကြသူငှာ - ကြားသိသမျှ ဒီတလ click
- မျက်မှောက် မြန်မာနဲ့ ပညာရေး (ဆောင်းပါး) click
- တောင်ကိုရီးယားတွင် (၁၅) နှစ်အတွင်း အဆိုးရွားဆုံး တိုင်ဖုန်းမုန်တိုင်း တိုက်ခတ် click
- မက္ကဆီကိုပင်လယ်ကွေ့မှာ နောက်ထပ်ရေနံတူးစင်တခု ပေါက်ကွဲ click
- အစ္စရေး-ပါလက်စတိုင်း တိုက်ရိုက်ဆွေးနွေးမည် click
- အစ္စရေးနဲ့ ပါလက်စတိုင်းခေါင်းဆောင်တို့ ဒု-အကြိမ် တိုက်ရိုက်ဆွေးနွေးဖို့ သဘောတူ click
- အာဖဂန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစိုးရ ဦးဆောင်သင့်ဟု အမေရိကန် တိုက်တွန်း click
- ၀မ်းနည်းကြေကွဲဖွယ် အဖြစ်ဆိုးနှင့် တိုးခဲ့ရသည့် ကိုရင်သီယန်စ်ကလပ် နှစ် (၁၀၀) ပြည့် အခမ်းအနား click
- လုပ်ကြံခံရမည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိုးရိမ် click
- ဒု-ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဘယ်သူလဲ click
- အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့်အဖွဲ့ဝင်များ ဧရာဝတီတိုင်းသို့ သွားရောက် (သတင်းဓာတ်ပုံ) click
- မဲမပေးရန် စည်းရုံးသည့် NLD အတွင်းရေးမှူး ခေတ္တထိန်းသိမ်းခံရ click
- ပြည်သူ့ကြားဖြတ်အစိုးရတရပ် ပေါ်ထွန်းရေး NCUB မဟာဗျူဟာ ချမှတ် click
- ပဲခူးမြို့ ရေဘေးဒုက္ခသည်များအတွက် ရိက္ခာလိုအပ် click
- ပဲခူးမြစ်ရေကြီးချိန် ရေဆင်းကူးသူ သေဆုံး click
- ကလကတ္တားအကျဉ်းထောင်က အနာဂတ်မဲ့နေတဲ့ ရခိုင်နဲ့ ကရင်အကျဉ်းသား (၃၄) ဦး click
- တပ်ပြေး ကလေးစစ်သားကို ဖမ်းဆီးထား click
- ဘီဘီစီ၊ ဗိုလ်မောင်အေး၊ ဗိုလ်ဌေးဦးနဲ့ အသစ်ကလေးများ click
မဲဆောက်ဈေးထဲက တိုက်ရိုက်ထုတ်လွှင့်တဲ့
BBC နှစ် (၇၀) ပြည့် အထိမ်းအမှတ် အစီအစဉ်

- မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲ မ၀င်တော့ click
- နေပြည်တော်တွင် ကြံ့ဖွံ့နှင့် တစညသာ ယှဉ်ပြိုင်ဖွယ်ရှိ click
- ကြံ့ဖွံ့ကိုသာ မဲပေးရန် ဝန်ကြီးချုပ် ညွှန်ကြား click
- ကြံ့ဖွံ့ပါတီကို မဲပေးသူ ရာနှုန်းပြည့်ရန် အာမခံခိုင်း click
- ကြံ့ဖွံ့ပါတီ အနိုင်ရ ရမည်ဟု ဦးသိန်းစိန် ပြော click
- အကြို လျှို့ဝှက်စစ်တမ်း ကောက်ယူရာတွင် ကြံ့ဖွံ့ပါတီ ရှုံး click
- တရုတ်လူမျိုးအား မှတ်ပုံတင်ဖြင့် မက်လုံးပေး၍ ကြံ့ဖွတ်ပါတီကို မဲပေးခိုင်း click
- ပါတီဝင်ပါက ငွေချေးမည်ဟု ကြံ့ဖွံ့ပါတီ လယ်သမားများကို စည်းရုံး click
- ရမ်းဗြဲမြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ရယကများကို ခြိမ်းခြောက် မဲဆွယ် click
- PSDP ပါတီတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၄) ဦး ပါဝင် click
- AMRDP ရွေးကောက်ပွဲ၌ အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး (၁) မှ ပြော click
- ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေကို မေးမြန်းခြင်း (အင်တာဗျူး) click
- ၀ံကြီးတွေ (ကမောက်ကမ) click
- မင်းဆိုးမင်းညစ် သန်းရွှေ (စာအုပ်ဝေဖန်ခန်း) click
- သြဂတ်စ်လ (၂၀၁၀) ရခိုင်-မြန်မာသတင်းစဉ် (AASYC) click
- RFA က ဧရာတီစကားဝိုင်း (စက်တင်ဘာ ၁၊ ၂၀၁၀) click

အပြည့်အစုံသို့...