Saturday, September 4, 2010

ဆိုကြမယ် ကကြမယ် ပြည်သူအတွက် (သို့မဟုတ်) ...

ဆိုကြမယ် ကကြမယ် ပြည်သူအတွက် (သို့မဟုတ်) ...
ကိုချစ်ဖေ

ကျနော် ခုတလော တော်တော်တွေးမိနေတဲ့ အကြောင်းအရာတခုရှိပါတယ်။ အခြားသူတွေတော့ ဘယ်လို တွေးမိကြမလဲ မသိပါဘူးဗျာ။ ကျနော် တွေးမိတာကတော့ “တကယ်လို့များ ကျနော်သာ မြန်မာပြည်တွင်းမှာ နေထိုင်တဲ့သူတယောက်လည်းဖြစ်မယ်၊ အနုပညာသမားတယောက်လည်းဖြစ်မယ်ဆိုရင် စစ်အစိုးရရဲ့ဝါဒဖြန့် ရုပ်ရှင်တွေ၊ သီချင်းတွေကို စစ်အစိုးရအလိုကျ ဆိုမှာလား ရေးမှာလား၊ မရေးမနေရ မဆိုမနေရ ရုပ်ရှင်ဗွီဒီယို မရိုက်မနေရ ဆိုရင်ကော ဘယ်လိုလုပ်မလဲ” လို့ပါ။

အရာရာကို စစ်တပ်က ချုပ်ကိုင်ထားပြီး သူတို့အလိုကျ လိုက်မလုပ်တဲ့သူတွေကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက် ဒုက္ခပေးလေ့ရှိတာကိုတော့ အများပြည်သူအားလုံးသိသလို အနုပညာရှင်တွေလည်း သိကြပါတယ်။ ဒီလိုအ နေအထားကို အကြောင်းပြပြီး လုပ်မိကိုင်မိတဲ့ အနုပညာရှင်တွေက ကြောက်ရွံ့ရလို့ မိမိရဲ့ဥစ္စာပစ္စည်းဓန၊ နာ မည်ဆုံးရှုံးမှာစိုးလို့ စစ်အစိုးရရဲ့အလိုကျ (ပေါ်တာဆွဲတဲ့အခါ ပါသွားသလို) ဆိုကြရ ကကြရပါတယ်လို့ ဆို လာကြပါတယ်။

ကျနော်သာ နာမည်ကြီး သရုပ်ဆောင်မင်းသားဖြစ်မယ်၊ နာမည်ကြီး အဆိုတော်ကြီးဖြစ်မယ် ဆိုရင်ကော ဆိုမ လား ကမလား၊ မဆိုရင် ဒုက္ခတွေ့တော့မယ်ဆို ဘယ်လိုလုပ်မလဲ။ ကိုယ်က နာမည်ကြီးသရုပ်ဆောင်၊ နာမည် ကြီး အဆိုတော် တေးရေးဆရာမဖြစ်လို့ “စစ်အာဏာရှင်တွေကိုတော့ ဆန့်ကို ဆန့်ကျင်ရမှာပဲဗျာ” လို့ ပြော တယ်လို့လည်း အထင်မရောက်ကြပါနဲ့။ ကျနော်သာဆိုရင် ဘယ်လိုရပ်တည်မလဲ။ ဆိုရမလား၊ ရိုက်ရမလား၊ ရေးပေးရမလား၊ တီးမှုတ်ပေးရမလား၊ မပေးရင် ရပ်ကွက်ထဲအထိဆင်း ဒုက္ခပေးနေတဲ့ ထောက်လှမ်းရေးအမျိုး မျိုးရဲ့ ဒုက္ခပေးခြင်းကို ခံနိုင်မလား တွေးမိနေတာပါ။

ဒီလိုဗျာ၊ ဟိုအရင် ကျနော်တို့ မမီလိုက်ပေမယ့် သမိုင်းကြောင်းအရ အထင်အရှားရှိနေတဲ့ အဖြစ်အပျက်တွေထဲ က ကိုလိုနီခေတ်မှာ နေမ၀င်အင်ပါယာပိုင်ရှင် အုပ်ချုပ်သူတွေကို သရော်တဲ့စာ၊ မိမိအမျိုးသားတွေကို ဇာတိ မာန်တက်ကြွစေတဲ့ သီချင်းတွေကို ရေးခဲ့တဲ့သူတွေ၊ ဆိုခဲ့ ကခဲ့တဲ့သူတွေကိုရော အင်္ဂလိပ်အစိုးရမင်းများနဲ့ အ လိုတော်ရိတွေက ကြိုက်ပါ့မလား။ ကြိုက်ကြိုက်မကြိုက်ကြိုက် အနုပညာရှင်တွေအနေနဲ့ စဉ်းစားကြည့်စေချင် တာကတော့ ‘ဒို့ဗမာ’ သီချင်း၊ ‘နဂါးနီ’ သီချင်း၊ ‘မီးဒုတ်’ သီချင်း ... အစရှိတဲ့ ကျနော်မသိတဲ့ သီချင်းတွေရော ဟာ ခုလွတ်လပ်ရေးရပြီး နှစ်ပေါင်း (၆၀) ကျော်အထိ မူလရည်ရွယ်ချက် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထင်ဟပ် တက်ကြွစေနိုင်တုန်းပါ။

ကိုလိုနီနယ်ချဲ့အစိုးရ အလိုတော်ကျ ပေါ်လစီသီချင်းတွေ၊ ဂျော့ဘုရင်မင်းမြတ်ရဲ့ ဘုန်းတော်ဘွဲ့သီချင်းတွေက တော့ ကြားတောင်မကြားဖူးတော့ပါဘူး၊ ဘယ်သူတွေ ရေးလို့ ဘယ်သူတွေ ဆိုခဲ့တယ်ဆိုတာလည်း မသိကြ တော့ပါဘူး။ အဲဒီလူတွေအနေနဲ့ တကယ်လွတ်လပ်ရေးရပြီးခေတ်မှာကော သူတို့ အဲဒါတွေ ရေးခဲ့ ဆိုခဲ့ပါတယ် လို့ မရှက်မကြောက် ပြောရဲရေးရဲပါ့မလား။ အဲ့ဒီတုန်းက ငါက၊ ငါ့အဖေက၊ ငါ့အဖိုးက အဲ့ဒီပေါ်လစီသီချင်းတွေ၊ ဘုန်းတော်ဘွဲ့သီချင်းတွေ ရေးခဲ့သူ၊ ဆိုခဲ့သူပါရယ်လို့ ကြေညာရဲပါ့မလား။

အဲ့ဒီတုန်းကတော့ နယ်ချဲ့အစိုးရဆိုပေမယ့် အခုစစ်အစိုးရလောက် ဖိနှိပ်မှုမရှိလို့ ဇာတိမာန်သီချင်းတွေ သီဆို ခဲ့ကြတာ ထင်ရှားပြီး တမျိုးသားလုံး အသည်းစွဲဖြစ်ခဲ့ရတာလို့ ပြောရင်လည်းပြောပါ။ ကျနော်ထင်တာတော့ စစ်အစိုးရရဲ့ ပေါ်လစီကားကို မရိုက်မနေရဆိုရင်လည်း မရိုက်ဘူးကွာ ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောထားမျိုး မ ထားနိုင်တာကြောင့်ရယ်၊ ဆိုလိုက်ရေးလိုက်လည်း ပြီးတာပါပဲကွာ၊ ကိုယ်က နိုင်တာမှမဟုတ်တာ နှမ်းတစေ့နဲ့ ဆီမဖြစ်ပါဘူး၊ အများမိုးခါးရေသောက် ကိုယ်လည်း သောက်လိုက်ပေါ့၊ ကိုယ့်ဒုက္ခမပေးရင် ကိုယ့်မိသားစု ဒုက္ခ မပေးရင် တော်ပီဆိုတဲ့သူတွေက အများစုဖြစ်နေလို့ လို့ထင်ပါတယ်။ အဲ့ဒီသူတွေကို ဦးဆောင်တာကတော့ တက်လာတဲ့ အစိုးရ ဒို့အစိုးရ တက်တက်ကြွကြွနဲ့ကို လုပ်မယ်ဆိုတဲ့ အခွင့်အရေး ရှေ့တန်းတင် အနုပညာသ မားတွေက ဦးဆောင်ပါဝင်တာပါ။

ဒီတော့ကာ ကိုယ်ကိုယ်တိုင်က စစ်အစိုးရဆိုတာ မတရားတဲ့ အစိုးရ၊ နိုင်ထက်စီးနင်း အစိုးရ၊ ပြည်သူလူထုကြီး ကို ဆင်းရဲတွင်းထဲ ဆွဲချတဲ့ အစိုးရ၊ ဘယ်သူသေသေ ငရွှေမာရင်ပြီးရော အစိုးရ၊ ဒီအစိုးရကို ဆန့်ကျင်ဖို့ တော် လှန်ဖို့ နှမ်းတစေ့နဲ့ ဆီမဖြစ်သော်လည်း နှမ်းဆိုတာ ဆီဖြစ်တတ်တဲ့အမျိုး၊ မတရားမှု မမျှတမှုကို ငါ့အခွင့်အရေး ဆုံးပါစေ ဆန့်ကျင်သွားမယ် ဆိုတဲ့ စိတ်ဓာတ်မျိုး မထားနိုင်ရင်တောင်မှ မီးလောင်ရာလေမပင့်ဘူး၊ အဆိပ်ပင် ရေမလောင်းဘူးဆိုတဲ့ သဘောထားမျိုးထားနိုင်ရင် ရှောင်လို့ရမယ်ထင်ပါတယ်။ ပါးပါးနပ်နပ် ရှောင်တဲ့သူတွေ လည်းရှိတာပါပဲ။

နောက်ဆုံး ကိုယ့်အနုပညာကို အနိုင်ကျင့်ပြီး မီဒီယာတွေကနေ ပိတ်ပင်ထားရင်တောင် အခြားသော ရရာနည်း လမ်းတွေနဲ့ ဖော်ထုတ်နိုင်တာပါပဲ။ ကိုဇာဂနာတို့၊ ကိုကျော်သူတို့လို စစ်အစိုးရ ကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ်လုပ်နိုင်တဲ့ ဘောင်ထဲကနေ ရသလောက် မိမိရပ်တည်ချက်အတိုင်း လုပ်သွားရင်ကော မရဘူးလားဗျာ။

ကျနော်က ကျည်ကွယ်မျက်ကွယ်ကနေပြီး လက်သီးလက်မောင်းတန်းနေတယ်လည်း ထင်ခံရပါဦးမယ်။ ကျ နော်လည်း မြန်မာ့အမျိုးသား မြန်မာနိုင်ငံသား မတရားမှုကို နည်းနည်းမှမကြိုက်သူမို့ စစ်အစိုးရကို အားပေးကူ ညီသူတွေကိုလည်း မကြိုက်ပါ။ မကြိုက်တဲ့အတွက် ကိုယ့်နည်းနဲ့ကိုယ် ဆန့်ကျင်ပါတယ်။ စစ်အစိုးရ ဘက် တော်သားတွေလို့ ယူဆရတဲ့ အနုပညာရှင်တွေကို အားမပေးပါဘူး။ သူတို့သီချင်း ဘယ်လောက်ကြိုက်ကြိုက် နားမထောင်ချင်တော့ပါဘူး။ ဒါ ကျနော်တို့ ပရိသတ်အခွင့်အရေးပါ။

ကျနော်တို့ ငယ်ငယ်က အသည်းစွဲ တိုင်းရင်းသားအဆိုတော်တယောက်ဆို ကျနော့် စိတ်ထဲ မတွေ့တာနဲ့ သူ့ သီချင်းကောင်းလေးတွေတောင် နားမထောင်ချင်တော့ပါဘူး။ ဟိုတုန်းကတော့ တော်တော်ကြီးကို လေးစားမိ သဘောကျမိတဲ့သူပါ။ သူ့ရပ်တည်ချက် ပြောင်းသွားတာကို ကြည့်ပြီး စိတ်ပျက်သွားမိလို့ပါ။ အဲ့ဒီနည်းနဲ့ ဆန့် ကျင်ပါတယ်။ ဒါ ပရိသတ်တယောက်ရဲ့ အခွင့်အရေးပါ။ ကိုယ်နဲ့ မဆိုင်ဘူးရယ်လို့ မခံယူပါဘူး။

ပုဂ္ဂိုလ်ရေး အငြှိုးအတေး အာဃာတရယ်တော့ မရှိပါဘူး။ သို့သော်လည်း သူ့ကိုအားပေးမှုကို လျှော့ချခြင်းဖြင့် စစ်အစိုးရကို ဆန့်ကျင်ရာရောက်မယ်လို့ထင်ပါတယ်။ စစ်အစိုးရရဲ့ပေါ်လစီကားတွေ၊ သီချင်းတွေကို ကြောက် လို့ပဲဖြစ်ဖြစ် အတင်းခေါ်လို့ပဲဖြစ်ဖြစ် သီဆိုရတယ်ဆိုလည်း သီဆိုပါ။ သူ့အနုပညာကို အသုံးချပြီး စစ်အစိုးရအ တွက် လုပ်ပေးတယ်၊ အထောက်အကူပြုတယ်ဆိုရင် ကျနော်တို့ကလည်း သူ့အနုပညာအားလုံးကို အားမပေး ရုံပါပဲ။ အားပေးဖို့ ရှေ့ဆောင်ရှေ့ရွက်လုပ်သူတွေကိုလည်း ဆန့်ကျင်ရုံပါပဲ။ ပြည်သူတွေဘက်က အမြဲရပ်တည် ပြီး အနုပညာဖန်တီးသူတွေကိုတော့ အမြဲအားပေးရမှာပေါ့ဗျာ (ဒီကြားထဲ ဗိုလ်ချုပ်မှူးကြီးက သီချင်းရေးဆိုပဲ)။

ရုပ်ရှင်သရုပ်ဆောင် နေတိုးတို့၊ မင်းမော်ကွန်းတို့၊ ထွန်းထွန်းတို့ဆိုလည်း ပုဂ္ဂိုလ်ရေးအရ မုန်းတီးစရာမရှိပါဘူး။ ၀ိုင်းစုခိုင်သိန်းတို့၊ ရဲလေးတို့ဆိုလည်း မုန်းတဲ့စိတ် မဖြစ်မိပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့အနုပညာစွမ်းပကား နဲ့ စစ်အစိုးရကို ထောက်ပံ့ခဲ့မှုကိုတော့ ဆန့်ကျင်ရမယ်လို့ တွေးမိနေတယ်ဗျာ။

လူသားချင်းအနေနဲ့ကတော့ နားလည်စာနာနိုင်ပါတယ်။ သူတို့ရဲ့အခက်အခဲကို သို့သော်လည်း တနိုင်တပိုင် ဆန္ဒပြမှုပဲဖြစ်ဖြစ်၊ တယောက်ထဲ ဆန္ဒပြမှုပဲဖြစ်ဖြစ် ဆန့်ကျင်ကြောင်း အလိုမရှိကြောင်းတော့ မိမိတို့ရဲ့ လွတ် လပ်မှုကို အသုံးချပြီး ဆန့်ကျင်ရမှာပါပဲ (ဆန့်သာဆန့်ကျင်ရတယ် ၀ိုင်းစုခိုင်သိန်းလေးကိုတော့ အားအနာဆုံး ပါပဲ)။ သူတို့ကို ပုဂ္ဂိုလ်ရေး လုံးဝမုန်းတီးမှုမရှိဘဲ သူတို့ရဲ့အနုပညာအားလုံးကိုတော့ ပြန်ဆန့်ကျင်သင့်တယ်လို့ ထင်နေတွေးမိနေပါတယ်။

ကျနော် စိတ်ကြီးနေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။

ကိုချစ်ဖေ

27 comments:

aye said...

ဘယ်သူမဆို ၀မ်းတထွာနဲ့အလုပ်လုပ်နေရတာချည်းပါပဲ။
အာဏာရှင်လက်အောက်မှာနေရတဲ့ သူတွေအဖို့ ဆုတ်စူးစာရူး ဖြစ်နေရသူတွေချည်းပါပဲ။ ကျော်သူကိုကူညိမိတဲ့ အနုပညာရှင်တွေလည်း ပိတ်ပင်ခံရတာတွေလည်း သည်းမခံနိုင်စရာပါ။
အလားတူပဲ ပေါ်လစီကား ရိုက်ပေးရတဲ့ အနုပညာရှင်တွေကိုလည်း မိမိအနေနဲ့ကိုယ်ချင်းစာမိပါတယ်
အာဏာရှင်လက်အောက်မှာ နိုင်ငံရေးသမာ ဆိုသူများကလည်း စစ်အုပ်စုရဲ့ ဥပဒေဆိုတဲ့ စကားကိုတွင်တွင်သုံးပြီးနာခံ နေကြတာကို တွေ နေရလို့ပါပဲ

Unknown said...

ထားရာမှာနေ စေရာသွား.. နွားနှင့်မခြားပေ။
နွံနှစ်တဲ့ ကျွန်ကြီးစားမျိုးတွေ..။

harry said...
This comment has been removed by the author.
harry said...
This comment has been removed by the author.
harry said...

where do u live ?,you r words is no point, cose u ve show per formant.:\"like a say " u ve stay over sea n u push some one 4 spend his life & feature !that not fears ,, make it together

harry said...

where do u live ?,you r words is no point, cose u ve show per formant.:\"like a say " u ve stay over sea n u push some one 4 spend his life & feature !that not fears ,, make it together

လင်္ကာ said...

ဝိုင်းစုခိုင်သိန်းကို ဒေါ်အောင်ဆန်းစုကြည်လို ခံယူချက်တွေထားပါလို့ ပြောသလိုဖြစ်နေမှာပေါ့။ ကိုယ် ကိုယ်တိုင်လည်း မင်းကိုနိုင် ဖြစ်နိုင်တာမှမဟုတ်တာ။
နှံပြည်စုတ်အမြောက်နဲ့ ချိန်သလိုဖြစ်နေတာ ကိုယ့်လူတွေ ကသတိမထားမိကြဘူး။ လိုအပ်သလောက်ပဲ ကောင်းပါတယ်။ ခုတော့ ကိုယ့်လူ တွေက အတင်းကြီးမရှိရှိတာရှာကြံပြီး တော်လှန်ပြ သလိုဖြစ်နေတယ်။ တကယ်တမ်းစဉ်းစားတတ်ရင် ရှက်စရာ။ ဒီပေါ်လစီရုပ်ရှင်ကားကိုမထောက်ခံပါဘူး။ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင် တွေကိုလည်းမထောက်ခံပါဘူး။ ဒါပေမယ့် အခုလို ပေါကြောင်ကြောင် စာသားတွေထောင်ပြီး ဆန္ဒပြနေတာတွေကို လည်းမထောက်ခံဘူး။ ကိုယ့်လူတွေလုပ်နေပုံက ဒေါ်စု ကိုကြံ့ ဖွတ်တွေ ဆန္ဒပြတုန်းက မြင်ကွင်းနဲ့ ခပ်ဆင်ဆင်ပဲ။
ဒါပေမယ့်တဖက်ကလည်း
အညိုးတကြီးအရေးအသား တွေ အလွန်အကျွံအပြောအဆိုတွေကို ဖတ်ရကြား ရတော့ အော် သူတို့ တော်တော့်ကိုပဲ နာကြည်းနေကြပါလားလို့ ။ဝိုင်းစုခိုင်သိန်း ကိုတောင်ဒီလောက်ဖြစ်နေရင် ပြည်တွင်းမှာသာဆို ဒီလူတွေ ဗိုလ်ချုပ်သန်းရွှေကို အသေခံဗုံးခွဲ မယ့်အထိစိတ်ဓာတ်ပြင်းထန်သူတွေပဲလို့ ကြံဖန်တွေးပြီး တော်လှန်ရေးကြီးအတွက် တအားတက်မိပါရဲ့။

မရောင်ရာ ဆီလူးဆိုတာ စကားက အဲဒီက စတယ်
ထင်တယ် ။ ပြည်သူကို ဆန္ဒပြဖို့ အော်နေတဲ့ ပြည်ပက
သူတွေ ခင်ဗျားတို့ ကိုယ်တိုင် ပြည်တွင်းပြန်လာပြီး
လုပ်ကြည့်ဗျာ..ပြည်ပမှာ ဒီလို ဆိုင်းပုဒ်လေးကိုင်
ဆန္ဒပြနေရုံနဲ့  မြန်မာပြည် ဒီမိုကရေစီလဲ မရဘူး
စစ်အစိုးရလဲ ဘာမှမဖြစ်သွားဘူး ရှင်းရှင်းပြောရရင်
အလုပ်မဖြစ်ဘူးဗျာ ။ အခုလို ဖြစ်နေတာ ကြောင်တောင်
တောင် အလုပ်တွေချည်းလုပ်နေတဲ့ ရောင်ဝါးဝါး ဒီမိုက
ကရေစီအသံဟစ်နေတဲ့ လူတွေများနေလို့ ဗျာ..တကယ်လုပ်နေတဲ့ လူတွေတော့ အားနာပါတယ်..သူများလုပ်တာ ထိုင်ကြည့်ပြီးအပြစ်၇ှာရတာ လောကမှာ အလွယ်ဆုံးဘဲ..စဉ်းစားကြဗျာ..တကယ်အကျိုးရှိမဲ့ အလုပ်ဖြစ်မဲ့ အလုပ်တွေ လုပ်ရင် အားပေးပါတယ် ဒီမိုကရေစီ ရရှိရေးအော်နေသူများ ..

wingayo said...

Comment တွေပေးကြပါဆိုနအဖထောက်ဆွဲတွေကအရင်ဘဲ
စစ်အဆိုးရကို ကူညီပေးနေတဲ. ဘယ်လိုသတ္တ၀ါကိုမဆို
ဆန်.ကျင်တယ်ဗျာ အာအိုင်တီက စုန်းပြူးတွေ ကစလို. စွမ်းအားရှင်ဆိုက်ကားသမား အဆုံး
စစ်ခွေးတွေ (ခွေးအစစ်ရောအတုပါ)ဆန်.ကျင်တယ်
စစ်အစိုးရကခိုင်းလို. လုပ်ရပါတယ်ဆိုတဲ.စကားလုံးဟာ
လူဖြစ်ချင်သူတွေအတွက်လုံလောက်တဲ.ဆင်ခြေမဟုတ်ဘူး

ei ko said...

ထောက်လှန်းေ၇းတွေ၊၇ဲတွေလည်းပြောကြတာဘဲ၊အပေါ်
ကခိုင်းလို.လုပ်၇တာပါ။တာဝန်အ၇လုပ်၇တာပါလို.။
၈၈၈၈ နဲ.ေ၇ွဝါေ၇ာင်တော်လှန်ေ၇းမှာပစ်သတ်တဲ.
တပ်မတော်သားတွေလည်းအပေါ်ကတာဝန်ပေးလို.ပစ်
၇တာ၊ဒီတော.အနုပညာသမားတွေကိုခွင်.လွတ်နိုင်တဲ.
သူတွေ၊ဒီလူတွေကိုလည်းခွင်.လွတ်လိုက်ကြပါ။

လင်္ကာ said...

အဲဒီကနေစပြီးလွဲတာပဲ။
ဘုန်းကြီးကိုပစ်သတ်တဲ့သူနဲ့ ရုပ်ရှင်ထဲသရုပ်ဆောင်တဲ့သူ အတူတူသဘောထားပြီး မဲမဲမြင်ခဲချင်တော့တာကိုး။
ဘယ်သင်းက အဓိက ဘယ်သင်းက သာမည အဲသလို လည်းစဉ်းစားကြပါဦးကိုယ့်လူတို့ ရဲ့ ။
သတ္တိရှိရှိလုပ်နေကိုင်နေတဲ့သူတွေကိုလည်း လေးစားပါ တယ်။ ကြောက်လို့ မလုပ်ရဲတဲ့ သူတွေကိုလည်း အပြစ် မပြောချင်ပါဘူး။
ကိုယ် ကိုယ်တိုင်တောင် ကြောက်လို့ ဗမာပြည်က နေထွက်ပြေးလာတာ။ ဒီကနေပြီး သတ္တိပြရတာလွယ် ပါတယ်။ ခု ပြနေတဲ့သူတွေထဲက တယောက်လောက် ဗမာပြည်ပြန်ပြီး ၀ိုင်းစုခိုင်သိန်းကို ဆန္ဒပြ ဖို့ ကောင်း တယ်။ တော်တော်လည်းကြံကြံဖန်ဖန် တော်လှန်တတ် တယ် လို့ ချီးကျုးရမှာပဲ။

ပြည်တော်သစ်မောင်ထွန်း said...

ကျနော်ထင်တာတော့ အမေရိကန်လိုတိုင်းပြည်မျိုးမြှ ဒီလိုဆန်ဒပြတာ ဘာမှ မထူးဆန်းဘူးဗျ။ သူတို့အကြိုကတာကို မကြိုက်မှန်းသိအောင် ဆနပြကြတာပဲလေဗျာ။ ဗမာပြည်မှာတော့ ကိုယ့်အိမ်ထဲနေရင်းတောင် ဘာမှ ပြလို့ မရပဲဟာကိုး။ ရေးကြီးခွင့်ကျယ် သိပ်ဆွေးနွေးစရာမရှိဘူးထင်တာပဲ။ မင်းသား မင်းသမီးတွေ အကြောင်းမျိုးမျိုးကြောင့် ပေါ်လစီကားရိုက်လာတာ ကြာလှပီပဲဗျ။ အခုမှ တရေးနိုးပီး ဘယ်လိုဖြစ်ကြပါလိမ့်။ နအဖက ဘာမှ လမ်းလွှဲပေးစရာမလိုဘူး။ ခုဖြစ်နေတာက ဆရာကြီးတွေ တယ်လည်း ရေလိုက်လွဲနေသလိုပဲ။ ကိုယ်နဲ့ တန်တာတွေပဲ လုပ်ကြပါဗျာ။ ကလေးကလားတွေ ရှောင်စေချင်တာပဲ။

Unknown said...

အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်နေတာကြာပြီပဲ. ဘာလဲဟဲ့-ကျမတို့ဘ၀ဟာ ပြည်သူ တွေပါ ပြည်သူတွေ ကျွေးလို့စားနေရတာပါဆိုတဲ့ မင်းတို့စကား။ တရေးနိုးပြီ ဇာတ်ဆရာအခန်းက ထလာတဲ့ဖာစကားတွေလား
ဖ၀ထုတ်၃လုံး
ဖဲ-ဖာ-ခေတ်သစ်ဖာနုပညာအသိုင်းအ၀ိုင်း

Unknown said...

အနုပညာရှင်တွေကို တိုက်မှာလား အစိုးရကိုတိုက်မှာလား?အစိုးရနဲ့ပတ်သတ်တိုင်းသာ လိုက်တိုက်ချင်တယ်ဆိုရင်တော့ အနုပညာရှင်တွေမှမဟုတ်ဘူး နိုင်ငံတစ်ခုလုံးပဲ...ကိုယ်ကိုတိုင်တောင် ကြောက်လို့ မြန်မာပြည်မှာမနေပဲ တိုင်းတစ်ပါးကိုထွက်ပြေးလာပြီးတော့ ပြည်တွင်းမှာရှိတဲ့သူတွေကို ဆရာကြီးသူရဲကောင်းလေသံနဲ့ မကြောက်တရား ဆန့်ကျင်ရေးတွေဟောနေတာကလည်း ရှက်ဖွယ်ကိစ္စတစ်ခုပါပဲ....

ရှင်းရှင်းလေးကိုရှုပ်နေတယ်...မကြိုက်ရင် မကြည့်ချင်ရင် ဘာလို့အနုပညာရှင်တွေကိုခေါ်နေတာလဲ?ဘယ်သူကခေါ်လို့ သူတို့တွေလာတာလဲ သူတို့ပါသူတို့ လာချင်လို့လာတာလား?ပေါ်လစီကားရိုက်လို့ အဲဒီအနုပညာရှင်ကိုမကြည့်နဲ့လို့ ပြည်သူုကိုသွားတားလို့ ပါးရိုက်ဖို့နဲ့စောင့်ကန်ဖို့ ပြည်သူတွေကပြောလိမ့်မယ်...ကိုယ်ကြည့်ချင်ကြည့်မှာပေါ့ သူပါသူ ဘာကားပဲရိုက်ရိုက်...ကြည့်တာမကြည့်တာ လူတစ်ယောက်ရဲ့အခွင့်ရေးပဲ ပိတ်ပင်တားမြစ်နေစရာအကြောင်းမရှိဘူး...မွေးကတည်းက ဆန့်ကျင်တဲ့ ဆိုင်းဘုတ်ကိုင်ပြီး ထွက်လာကြတာလားမသိဘူး...ကျက်သရေတုန်းပါတယ်...

Unknown said...

အရူး

ရှင်မင်း said...

ကောင်းတယ်..
အားလုံးကောင်းတယ်...

လင်းယုန်နီ said...
This comment has been removed by the author.
Unknown said...

ဟုတ်ပါတယ်..မင်းတို့နဲ့ထိုက်တန်တဲ့ အစိုးရ ပဲရမှာပါ...ကြားက ငထွား ခါးနာစရာမှာ မလိုတာပဲ

Unknown said...

ဟုတ်ပါတယ်..မင်းတို့နဲ့ထိုက်တန်တဲ့ အစိုးရ ပဲရမှာပါ...ကြားက ငထွား ခါးနာစရာမှာ မလိုတာပဲ

Anonymous said...

ကိုချစ်ဖေ ဆောင်းပါး ကူးသွားပြီ ဆ၇ာ။

kmlay said...

အဆိပ်ပင် ရေ မလောင်းသင့် ။

Anonymous said...

အားလုံးက လွတ်လပ်စွာ ဝေဖန်ခွင့်ရှိတယ်လေ။ လူ့ အခွင့်အရေးဘဲလေ ဟုတ်တယ်မဟုတ်လား ပြည်ပရောက်နေတဲ့ သူကလဲ မကြိုက်တာပြောမယ် သူတို့ အခွင့်အရေးဘဲ အဆိုတော်တွေကလဲ ကြောက်လို့  လုပ်၇ပါတယ် ဒါလဲ (သူတို့ အခွင့်အရေးဘဲ) မကြောက်တဲ့သူကလဲ ထောင်ထဲေ၇ာက်တဲ့အထိ သွားတယ်( သူတို့ အခွင့်အရေးဘဲ သူတို့ က တာဝန်ရှိတယ်လို့  ခိုင်ခိုင်မာမာ ယုံကြည်လို့  လုပ်တာလေ။
ဝေဖန်သူကိုလဲ မတားနဲ့ ကိုယ်ရောက်နေတဲ့ နေရာကနေ အကောင်းဆုံးလုပ်ပေါ့။ ဝေဖန်တဲ့သူကိုလဲ အားပေး အဲဒါ သူ့ အခွင့်အရေးဘဲ။ ကာကွယ်တဲ့သူတွေကလဲ ကာကွယ်လို့ ရတယ် (အဲဒါ သူ့ အခွင့်အရေးဘဲ သူ့ အကျိုးစီးပွါး)။ လူတိုင်းရွေးချယ်ခွင့် ရှိတယ်မဟုတ်လား။ ဒေါ်စုတောင်ပြောဘူးသေးတယ်လေ
သူက မြန်မာပြည်အတွက် အနစ်နာခံတာ မဟုတ်ဘူးတဲ့ ။ သူရွေးချယ်ထားတာကို သူလုပ်တာတဲ့ဗျ။

တရားသူကြီးက အများပြည်သူ ( ပရိတ်သတ်) တွေပါ။ သူတို့ ဆုံးဖြတ်ပါလိမ့်မယ်။ အချိန်ကလဲ တရားသူကြီးတပါးဘဲ။ ခြံစည်း၇ိုး ခွထိုင်သူတွေကလဲ ပြည်တွင်းပြည်ပ လူတန်းစားအားလုံးမှာ ရှိပြီးသားဘဲ။

များများ ပြောရဲဆိုရဲ ဝေဖန်ရဲ ကာကွယ်ရဲ လာကြတာ ဒီမိုကရေစီ ကျင့်သုံးမှု တိုးတက်လာတာပေါ့ တရားသူကြီးနေရာက ဆုံးဖြတ်မဲ့ အများပြည်သူ ( ပရိတ်သတ်) တွေ အတွက် လျှောက်လဲချက်တွေ များများ နားထောင်၇လေ မှန်ကန်စွာ သူတို့  ဆုံးဖြတ် လို့ ရတာပေါ့။
ကျပ်ကတော့ ကာယကံရှင် ၀ိုင်းစုခိုင်သိန်း ၀င်လာပြီး ပြောရင် ပိုတောင်ကြိုက်သေးတယ်။
မင်းသစ္စာ 101

တစ်ကယ်က ရှင်းရှင်းလေးပါ... ၀ိုင်းစုခိုင်သိန်းအပါအ၀င် အဲ့ကားထဲက သရုပ်ဆောင်တွေကလဲ တပ်မတော်ကြီးရဲ့ လူသတ်လမ်းစဉ်မှာ အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ပါဝင်တယ်..
ဆန္ဒပြသူတွေကလဲ စစ်အစိုးရပြုတ်ကျရေးအတွက် ပြည်သူတွေလွတ်မြောက်ဖို့ တက်နိုင်သမျှ အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ပါဝင်တယ်...
ခုဒီမှာရှိတဲ့လူတွေကလဲ ကိုယ်အားပေးချင်တဲ့သူ အားပေးတယ်... အားလုံးကိုယ်မှန်တယ်ထင်ရာလုပ်နေကြတာပဲ...

လင်္ကာ said...

အဲဒီလို အုတ်တချပ်သဲတပွင့်ပါတဲ့သူတိုင်းသာ ဒီလို လိုက်ဆန္ဒပြကြကြေး ဆို မြန်မာပြည်မှာ ဘယ်သူမှလွတ်မှာမဟုတ်ဘူး။

လင်္ကာ said...

အဲဒီလို အုတ်တချပ်သဲတပွင့်ပါတဲ့သူတိုင်းသာ ဒီလို လိုက်ဆန္ဒပြကြကြေး ဆို မြန်မာပြည်မှာ ဘယ်သူမှလွတ်မှာမဟုတ်ဘူး။