Saturday, July 17, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၇-၂၀၁၀)

- ၀ တပ်နဲ့ စစ်အစိုးရတပ် ပစ်ခတ်မှုမှာ ၀ တယောက် သေ click
- တပ်တွင်း ခက်ခဲကျပ်တည်းမှု တိုးလာနေ click
- ဦးဝင်းထိန် နိုင်ငံရေးအကျဉ်းသားများကို ကူညီမည် click
- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနဲ့ မြောက်ကိုရီးယားကိစ္စ ပြောဆိုမည် click
- ဘာကလေမြို့တော်ကောင်စီ မြန်မာ့ရွေးကောက်ပွဲကို အသိအမှတ်မပြု click
- အမေရိကန်ဥပေဒ မြန်မာအပေါ် အကျိုးသက်ရောက် click
- အာဇာနည်နေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်ကို မဖိတ် click
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (ဆောင်းပါး) click
- ၁၉ ဇူလိုင်သည် အာဇာနည်နေ့ ပြီးတော့ …
ဗမာပြည်ရဲ့ စစ်အာဏာဖီဆန်ရေးနေ့ နှစ်ပတ်လည် (ဆောင်းပါး)
click
- ကြေကွဲပုံရိပ် ၁၉ (ဆောင်းပါး) click
- အဖိနှိပ်ခံ ပါတီအင်အားစုတွေကို NLD ဦးဆောင် တိုက်ပွဲဝင်သင့် မသင့် (အင်တာဗျူး) click
- ခမောက်နိုင်ငံရေး (ဆောင်းပါး) click
- ပြောပြစရာစရာတွေ တပုံကြီးရှိသေးတယ် အမှတ် (၃၃၇) click
- ဒိုင်းနက် အမျိုးသားတော်လှန်ရေးခေါင်းဆောင် ဦးစိန်လှမောင် ကွယ်လွန် click
- သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ယမန်နှစ်ထက် မြင့်မား click
- မြန်မာနိုင်ငံသား (၂) ဦး စိတ်ကြွဆေးပြား (၁၄၉၁) နှင့် ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ click

“ရော့ ယူလိုက် ... ရော့ ယူလိုက် ...” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- နယ်လ်ဆင်မန်ဒဲလား (၉၂) နှစ်မွေးနေ့ ကုလသမဂ္ဂ ဂုဏ်ပြု click
- ၀န်ကြီးကလင်တန် တောင်အာရှခရီး စတင် click
- ရွေးကောက်ပွဲ ကျင်းပမည့်ရက် သြစတြေးလျ ၀န်ကြီးချုပ် ကြေညာ click
- တရုတ် ရေနံပိုက်လိုင်းမီး လူထောင်နဲ့ချီ ငြိမ်းသတ်နေရ click
- ယိုစိမ့်ရေနံတွင်း အဖုံး ခိုင်နေဆဲ click
- ဘီပီက ရေနံအဖုံးစွပ်ကို စောင့်ကြည့်မယ် click
- နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် click
- မန္တလေးမြို့တွင် ငလျင်လှုပ်၊ ရန်ကုန်တဘက်ကမ်း ဒလဘက်မှာ ဒီရေတက် click
- ဘတ်ငွေ (၂၈) သန်းတန် ထိုင်းအစိုးရထီ ဆုကြီးပေါက်သည့် မြန်မာအလုပ်သမားမိသားစု နေရပ်သို့ ပြန်ပြီ click
- လျှပ်စစ်မီးတပ်ဆင်ရန် မလိယန်ဒေသခံများထံမှ ငွေပိုကောက်ခံနေ click
- မိုးနည်း၍ တောင်ယာစပါး ကြီးထွားမှုနည်းပြီး လယ်ယာစပါး မစိုက်နိုင်သေး click
- လမ်းပြကြယ်အဖွဲ့ ဦးအေးမြင့်တို့ရဲ့ ရေတွင်းတူးမှုအခြေအနေ သတင်းများ click
- ကြံ့ဖွံ့အသင်း ဖျက်သိမ်း၊ ပိုင်ဆိုင်မှုကို ကြံ့ဖွံ့ပါတီ အမွေဆက်ခံ click
- ဒီတပတ် နယူးယောက်၊ စင်္ကာပူ၊ ဆစ်ဒနီနဲ့ မြန်မာမိသားစုအသိုင်းအ၀ိုင်း လှုပ်ရှားမှုသတင်းများ click

အပြည့်အစုံသို့...

ဆလိုက်အမျိုးမျိုးကြားက လိုက်ဘ်ရှိုးသမားလေး ‘ဂျက်’

(တစ်)

“လိုက်ဘ်ရှိုး (Live Show) ဟုတ်စ…။ ဘယ့်နှာတုန်းရယ်ဗျာ၊ တေးသံရှင်ဂျက်နှင့် အနှီလိုက်ဘ်ရှိုးဆိုသည်ကြီး အဆီအငေါ်မတည့်နိုင်ပါ”

အကျွန်ုပ်ကား ကြည့်ကန်ရှင်ကြီး၏ မေတ္တာစာတပုဒ်ထဲ၌ မိုးခေါ်သောကြောင့် အညာသူအညာသားတို့ ဘဇာ လုပ်ရမည်ကို မသိတတ်နိုင်တော့ဘဲ ယောင်တောင်တောင် ကြောင်တောင်တောင် မောင်းကျောက်မှန်သည့် ကြက်ကဲ့သို့ ဖြစ်သွားသည့်အလားနှယ်သဖွယ် လိုက်ဘ်ရှိုးဟူသည့်အသံကို ကြားရသည်၏ သကာလ တေးသံ ရှင်ဂျက်နှင့် အနှီလိုက်ဘ်ရှိုးဟူသော ဝေါဟာရ ဘဇာသို့များ ပတ်သက်ပါစဟု နားမလည်ပါးမလည် ဖြစ်မိသွား တော့ချေကာ ယောင်တိယောင်န ကြောင်အိကြောင်အ ဆိုသလိုဖြစ်၍သာသွားတော့ဘိချေပါ၏။ ပရိုဂျူဆာ ခေါ် တေးဂီတထုတ်လုပ်သူကြီးမှာကား စီးကရက်ကို လက်သမားခဲ ခဲကာ ပြုံးတုံ့တုံ့နှင့်သာတကားတည်း။

“ယခုနှယ် တွန့်ခနဲ့ လွန့်ခနဲ့ ဖြစ်သွားဘိရလောက်အောင် လိုက်ဘ်ရှိုးဆိုသည့် စကားလုံးထဲမှာ ဘဇာများ ပါ သွားလို့သတုန်းဗျာ။ မဘွေး (မြွေပွေး) တော့ မပါဘူးထင်ပါ့”

“မဘွေး (မြွေပွေး) တော့ဖြင့် မပါဘူးပေါ့လဗျာ။ အနို့ပေမင့် ဂျက်ဂီတနှင့် အနှီလိုက်ဘ်ရှိုး ဘယ့်နှယ်မှ အစပ်မ တည့်ဘူးဟု တွေးထင်မိသောကြောင့်ရယ်သာပါ”

မှန်ပါသည်။ လိုက်ဘ်ရှိုးနှင့် ဂျက် ဘယ့်နှာမှမပတ်သက်ဟု ဂျက်ထင်ပါသည်။ ဂျက်ကား ဂီတ၌ မွေ့လျော်သည် မှာ မှန်ပါ၏။ မြန်မာသံတေးကလေး တခွေစ၊ နှစ်ခွေစ ဟစ်ဖူးသည်မှာ မှန်ပါ၏။ ဓမ္မတေးကလေး တပုဒ်စ၊ နှစ် ပုဒ်စ သီကျူးဖူးသည်မှာ မှန်ပါ၏။ ဂျက်အသံကို လက်ခံသူအချို့ကလည်း လက်ခံတော်မူကြပါချေသည်တမုံ့။ အနို့သော် ယခုအမှုကိစ္စက လိုက်ဘ်ရှိုးကိစ္စဖြစ်ချေသည်။ ဂျက်ဆရာကို ဘယ်မှာရယ်များ လိုက်ဘ်ရှိုးကြမည်မ သိ။ စတိတ် (Stage) က အဘယ်မှာ …၊ ပရိသတ်က အဘယ်အရာ။ နောဇာ နာမိ ဆရာကြီးဂျက် မသိတတ် နိုင်ခဲ့ချေကပြီ။

“အခု သမယ ဂွေ (ခွေ) လောကဆိုသည်က ရိုးရိုးထုတ်လို့ ဘာရုပ်မှမပေါက်ချေဘူး ဂျက်သဲရ။ လိုက်ဘ်ရှိုး … မှန်သဗျာ လိုက်ဘ်ရှိုး၊ လူတွေနဲ့၊ လက်ခုပ်တီးသံတွေနဲ့၊ လက်ခေါက်မှုတ်သံတွေနဲ့၊ ရောင်စုံဆလိုက်မီးတွေနဲ့ … အဲသဟာမှ ရောင်းကောင်းကြတဲ့ ခေတ်ကာလကြီးလေလဗျာ”

အနှီအဆွေ ထုတ်လုပ်သူ ပရိုဂျူဆာကလေး မိန့်မြွက်သလို လိုက်ဘ်ရှိုးခွေတို့ စိတ်လှုပ်ရှားစဖွယ်ကောင်းမှာ ကား အမှန်တော့ အမှန်ဖြစ်ပါချေသည်။

ဂျနီဖာလိုပက်ဇ်ကလေး (Jennifer Lopez) ၏ လိုက်ဘ်ရှိုးမှာ ဂျက်ဆရာ ရင်ခုန်လှိုက်မောခဲ့ရပါ၏။ ဆလင်းဒီ ယွန် (Celine Dion) ကလေး၏ လိုက်ဘ်ရှိုးမှာ ဆရာကြီးဂျက် ပင့်သက်ရှည်လျားခဲ့ရပါ၏။ ဘရစ်တနီစပီးယား (Britney Spears) ၏ လိုက်ဘ်ရှိုးမှာ ဂျက်သဲ တံတွေးအလီလီ မျိုချခဲ့ရပါ၏။ အနို့အတူ ထို့အတူ West Life လိုက်ဘ်ရှိုး၊ Eagle လိုက်ဘ်ရှိုး ဆိုကြ တီးကြ အော်ကြ ဟစ်ကြ လူပရိသတ် အထောင်ထောင် အသောင်း သောင်း ကောင်းလေစွတကားငယ်လေ။

အနို့သော် … တေးသံရှင်ဂျက်၏ ကိစ္စမှာ တမျိုးတဘသာ ဖြစ်ပါချေသည်။ သီချင်းအေးတွေနှင့် သင်းကလေး ဂျက်ကို အဘယ်ကာလမှာ အဘယ်ဌာနက ပရိသတ်တွေနှင့် လိုက်ဘ်ရှိုးကျင်းပကြချေမည်နည်း။ ဂျက်လိုက် ဘ်ရှိုးကို ပရိသတ်အားပေးကြပါစ။
“ရော် … မရောင်ရာဆီလူးဆိုသမို့ဟာ အဲ့သဟာမျိုးကို ရည်ရွယ်သည်ထင်ပါ့။ မပူရမည်ကို ဂျက်သဲ ပူရန်ကော ဗျာ။ လိုက်ဘ်ရှိုးဆိုပေမင့် ဘယ့်နှာ တကယ့်လိုက်ဘ်ရှိုးရမတုန်းဗျာ။ ပရိသတ်အစစ် ဘယ်မှာရှိပါ့မတုန်းဗျာ။ အုန်းနို့ခေါက်ဆွဲ ကျွေးမယ်၊ ထောပတ်ထမင်း ခွံ့မယ်၊ ရေခဲမုန့်ကျွေးမယ်နဲ့ စာနယ်ဇင်းဆရာတွေ၊ တေးထုတ် လုပ်သူတွေ၊ အဆိုတော်တွေ အနှီတို့ရဲ့ အဆွေတွေ အမျိုးတွေ၊ တူမတွေ တူထီးတွေကို အနို့ကလိုပဲ ဖိတ်ကြား ကာ ထိုင်ခိုင်း ထခိုင်း၊ နားဆင်ခိုင်း၊ လက်ခုပ်တီးခိုင်းပြီး လိုက်ဘ်ရှိုးကြီး ၀ှဲချီးကျင်းပလေဟန် ရိုက်ကူးထုတ် လုပ်ကြရချေသဗျာ။ ဂျက်သဲက ဘဇာကို ဘယ့်နှာကြောင့် ပူပန်နေသပ”

“ဂျက်သီချင်းတွေက သီချင်းအေးတွေ မဟုတ်ကလား”

“သီချင်းအေးချင်အေးဗျာ၊ ပရိသတ်ကို ပူအောင်လုပ်လို့ရသမှ …”

ကျွန်ုပ်ကား ဇွတ်တရွတ်ဆိုသလိုပင် ကျွန်ုပ်၏ ပြန်ဆိုတေးများကို လိုက်ဘ်ရှိုးရိုက်ကူးရန်အလို့ငှာ တောင်းဆို လာဘိချေသော ပရိုဂျူဆာထုတ်လုပ်သူကလေးအား တွေတွေကြီး ငေးမောကြည့်ရှုနေမိဘိတော့ချေသည်တ မုံ့တကား။

(နှစ်)

အရှိုက်ထိုးသလို လိုက်ဘ်ရှိုးဟူ၍သာ အများမြင်သာအောင် စကားလင်္ကာဖွဲ့လိုက်ချင်ဘိပါတော့ကပြီ။

Stage ပေါ်တွင်ကား ခြောက်လုံးပတ် တီးသူကလေးတယောက်၊ ထို့နောက် Keyboard တီးသူကလေးတ ယောက်၊ ၎င်းနောက် တယောထိုးသူကလေးတယောက်၊ ယင်းနောက် ဒရမ်တီးသူကလေးတယောက်၊ အနှီ နောက် Bass ဂစ်တာတီးသူကလေးတယောက်၊ ဤနောက် လိုက်ဘ်ရှိုးအဆိုတော် မြန်မာသံ ဆွေးလျငေးတ ဂျက်သဲ …။

Stage အောက်တွင်မူ ကျီးနှင့်ဖုတ်ဖုတ်။ အဟုတ်အမှန်ကိုပင်လျှင် ကျီးနှင့်ဖုတ်ဖုတ်။ မကင်းရာမကင်းကြောင်း အပေါင်းအသင်း ရောင်းရင်းကလေးတွေက ဟိုအနား သုံးလေးယောက်၊ သည်အနား သုံးလေးယောက်။ ဗွီစီဒီ ရိုက်ကူးနေသူ ကင်မရာမင်းကမူ လူကလေးနှစ်ယောက်နှင့် တပိုင်းကို မဟာလိုက်ဘ်ရှိုးကြီး ဖြစ်လေဟန် လက် စွမ်းတပြပြ။

“အနှီလောက် လူစုကလေးနှင့် အကျွန့်လိုက်ဘ်ရှိုးခွေကို ဖြန့်လိုက်မှဖြင့် …”

လိုက်ဘ်ရှိုးခွေ သီကြွေးရိုက်ကူးခြင်း ပြီးသည်၏သကာလ ကျွန်ုပ်က စကားစရုံရှိသေး၊ ပရိုဂျူဆာက ကွက် ကျော်မြင်တတ်ချေသည်။

“စိတ်ချ ဂျက်သဲ၊ ဂျက်သဲခွေကို ပေါက်အောင်လုပ်မယ်”

“လိုက်ဘ်ရှိုးခွေပီပီ လူများများ တကယ့်ကို စိတ်အားတက်ကြွနေတဲ့ ပရိသတ်နဲ့ …”

“စိတ်ချပါ ဂျက်သဲရာ၊ အက်ဒစ်တင်း (Editing) တည်းဖြတ်သမှုပညာနဲ့ ဖြတ်ညှပ်ကပ်ပြီး တီးထည့်လိုက်ရရင် … ဟင်း …”

အလွန်အားပါလှသော ပရိုဂျူဆာ၏ ‘ဟင်း’ ကို ကြည့်ကာ ကျွန်ုပ်မှာ စိတ်အေးရချေသည်တမုံ့။

(သုံး)

တေးသံရှင် ရွှေပွတ်မြေဂျက်သဲ၏ Live Show အခွေကြီးသည်ကား နိုင်ငံတော်ပြည်အနှံ့ ကျဲပြန့်၍ ထုတ်ဝေ လိုက်ချေကပြီ။ အနှီသတင်းကို နေ့စဉ်ထုတ်သတင်းစာများ၏ စာမျက်နှာများပေါ်မှာတဆင့် ကျွန်ုပ် ကြားသိ လိုက်သောအချိန်တွင်ကား ဂျက်ဆရာတယောက် ရန်ကုန်ရွှေမြို့တော်၌ မရှိပါချေ။ အညာဒေသရှိ မြို့ကြီးတ မြို့၌ အနားယူနေသော အခိုက်အတန့် အကြိုက်အငံ့ပေတည်း။

မိမိ၏လိုက်ဘ်ရှိုးအခွေကို ထုတ်လုပ်ဖြန့်ချိလိုက်ပြီဖြစ်ပါကြောင်း သတင်းစကားကို ကြားရသည်၏ အကြိုက်အ ခိုက်ဝယ် ကျွန်ုပ်၏ လိုက်ဘ်ရှိုး၌ ပရိသတ်ထုနှင့်ထည်နှင့် သောင်းသောင်းဖြဖြ ဖောင်းဖောင်းပွပွ တက်ရောက် ကြသောသဏ္ဌာန် ဖြစ်လေဟန်ကို ဘယ့်နှယ်များ ဖြတ်ညှပ်ကပ်၍ ရိုက်ကူးတင်ဆက်အပ်သည်ကို သိလိုဇော ပြင်းထန်လာခဲ့သည်ရှိ၍ မနီးမဝေးရှိ တေးသံသွင်းဆိုင်ကလေးမှ ဗွီစီဒီခွေကလေး တခွေကို ၀ယ်ယူကာ မလှမ်း မကမ်းမှ ယစ်ရွှေရည်ဆိုင်ကလေးဆီသို့ ၀င်ရချေသည်။

ယင်းနောက် စည်ဝမ်းဂျားနှင့် ရမ်နှစ်ပက်မှာယူပြီး ဆိုင်ရှင်ကို မျက်နှာချိုသွေးပြီးသည်၏သကာလ ဗွီစီဒီခွေက လေးအား ဖွင့်ပေးပါရန် အခွင့်တောင်းရချေသည်။ ထွေယစ်သူတို့ကား ခွေသစ်ဟူသည်ကြောင့် စိတ်ဝင်စားကြ ချေသည်။ ရွှေပွတ်မြေ ဂျက်သဲ၏ စိတ်ကြိုက်ဆိုတေးများ လိုက်ဘ်ရှိုး။ တေးဆိုသူ ဂျက်ကိုပြလိုက်၊ ပရိသတ် ကြီးကို ပြလိုက် …။

“လက်ရေတပြင်တည်း … နှီးဒေါင်းလန်းတွေနဲ့ … ၀ိုင်းဖွဲ့ကာ စားကြပြန်သည် … မြမဒီခင် ငယ်စဉ်ကတည်းက တေးဆိုကြ … မြူးပျော်ကြ … ဟေ့ သူငယ်ချင်းရေ … တို့နယ်ပယ်တခွင် မိုးသက်ကယ်ဆင် … ရှစ်ခွင်ကမည်း … မိုး ရွာမလိုလိုနဲ့ပင် …”

အနှီ၌ တီဗီမျက်နှာပြင်ပေါ်တွင် ပရိသတ်ကြီး ပေါ်လာချေသည်။ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး ဗရပျစ်၊ မျက်လုံး ပြာပြာ၊ ရွှေရောင်အမွေး ငွေရောင်အသွေးနှင့် လူတွေ။ ဘယ့်နှာအခွေက ကူးထည့်ထားပါလိမ့်။ မိုက်ခယ်လ် ဂျက်ဆင် (Michael Jackson) လိုက်ဘ်ရှိုးထဲက ထင်ပါ့။

“ဂျက်သဲလိုက်ဘ်ရှိုး အောင်မြင်လှသဗျာ၊ နိုင်ငံခြားသားတွေ အပြည့်ကပဲ”

ယစ်ထွေသူတဦး၏ မှတ်ချက်အောက်တွင် ဂျက် မသိချင်ယောင်ဆောင်နေရချေသည်။

“အိပ်၍မပျော်သော ညတညသံသရာအလယ် … လေသာပြတင်းနံဘေးဝယ် … အဖြေရှာငေးမော ကြည့်နေစဉ် ၀ယ် … တိမ် တိမ်လွှာတွေလည်း မည်းမည်းမှောင်ရီခြယ် …”

အနှီတခါ ပေါ်လာသည့် ပရိသတ်ကမူ မတ်တပ်တွေရပ်လျက်။ ဓားတွေ၊ လှံတွေ၊ ဒိုင်းတွေ၊ လွှားတွေ၊ မြားတွေ၊ ကာတွေ ကိုင်လျက် …။ အဘယ်ထဲကပါလိမ့်။ Brave Heart ထဲကလား၊ Helen of Troy ထဲကလား၊ Ten Commandments ထဲကလား။

“လိုက်ဘ်ရှိုးက အောင်မြင်လွန်းတော့ ခိုက်ရန်ဖြစ်ကြ၊ ထိုးကြသတ်ကြ၊ မနည်းထိန်းရပေမဗျာ”

ယစ်ထွေသူတဦးက ကောက်ချက်ဆွဲပြန်ချေသည်။ ဂျက်ကား အသာလျှိုကာ တေမိ။

“ဘယ်သူတွေဖျက် … မပျက်ခဲ့ပါ ကမ္ဘေကမ္ဘာဝယ် … အလှူရေစက် လက်နဲ့မကွာ စေတနာကြွယ် … သဒ္ဓါမချို့ လေတယ် … မြန်မာတို့မြေနှယ် … ပသာဒတွေ မယွင်းမစောင်း … သဘာဝအခြေ အတင်းမပြောင်း … အသင်း အပေါင်း ကြည့်လေကွယ် ကြည့်လေကွယ် သိစေမယ် … ဟန်မတင်း မာန်မပြင်း ဖန်ဆင်းသည့် ပရိယာယ်မရှိ တယ် … လာလော့ ဧည့်သည် ရှုလော့ ဧည့်သည် … ကမ္ဘာထုအတွင်း ပမာပြုရင်း … မြန်မာရှုခင်း မြန်မာစိတ် ရင်း အစင်းသိရမယ် …”
အနှီတခါ ပေါ်လာချေသည့် ပရိသတ်ကမူ အားလုံးယောက်ျားတွေချည့်။ မြန်မာအမျိုးသားတွေချည့်။ မျက်နှာ ကြောကြီးတွေ တင်းလျက်။ လက်သီးလက်မောင်းတန်းလျက်။ ဒေါသပြင်းထန် မုန်တိုင်းဟန် မျက်လုံးများ …။

“ချကွ … ချကွ … သတ် … သတ် … ထိုးစမ်း” ဟူသည့် အသံတွေက ပါနေလိုက်သေးသည်။ သြော် … မြန်မာ့ ရိုးရာလက်ဝှေ့ပွဲလာ ပရိသတ်ကို ဖြတ်ထည့်လိုက်သည်ထင်ပါ့။ မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်းမှာမှ အနှီအသံတို့ က ပါနေကြပလေ။

“ပရိသတ်က ရိုင်းလှသဗျာ။ အဆိုတော် ဂျက်သဲမှ အားမနာ”

ဂျက်ကား ကျသင့်ငွေရှင်းပြီးသည့်သကာလ အခွေကို ပြီးအောင်ကြည့်ဖို့နှင့် ပြီးမှ လာပြန်ယူမည်ဖြစ်ကြောင်း ဆိုင်ကိုပြောကာ အသာထွက်ခွာခဲ့ရချေသည်။ လာလတ္တံ့သော သီချင်းများ၌ ‘ပုလဲဆိပ်ကမ်း’ တို့၊ ‘ကွေးမြစ် ပေါ်က တံတား’ တို့၊ ‘တပ်သားရမ်းကို ကယ်တင်ခြင်း’ တို့အထဲက လူစုလူဝေးကြီးများကို ဖြတ်ထည့်ထားခဲ့၍ စစ်ဖြစ်နေတုန်း လိုက်ဘ်ရှိုးလုပ်ရတယ်လို့ဗျာဟု အပြစ်တင်ကြချေသော် ခက် ခက်ရချေမည်တမုံ့ …။ ။

ဂျက်ကွမ်းခြံကုန်း
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၄ ခုနှစ်)

အပြည့်အစုံသို့...

Friday, July 16, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၆-၇-၂၀၁၀)

- မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ ထိုင်းနိုင်ငံက ဖိအားပေးရန် အမေရိကန် တိုက်တွန်း click
- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အာရှခရီးစဉ်၌ မြန်မာ့အရေး ပြောဆိုရန်ရှိ click
- အမေရိကန်ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု မြန်မာပြည်သူတွေအတွက် အကျိုးရှိ click
- နှစ်ပေါင်း (၂၀) ကျော် ထောင်ထဲမှာ နေခဲ့ရတဲ့ ဦးဝင်းထိန် click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဦးဝင်းထိန် ရပ်တည်မည် click
- တွေ့ဆုံဆွေးနွေးရေး လမ်းမမြင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးပုဂ္ဂိုလ် ပြောကြား click
- အာဇာနည်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခြင်းမရှိ click
- စစ်အစိုးရ၏ အာဇာနည်နေ့အခမ်းအနား တက်ရန် အောင်ဆန်းဦးမိန်းမ မေတ္တာဦး ရောက်ပြီဟုဆိုကြ click
- ကမ္ဘာကျော် မွေးနေ့ရှင် (ဆောင်းပါး) click
- အာဇာနည်နေ့အခမ်းအနားကို အဖွဲ့ချုပ်ရုံးတွင် မပြုလုပ်နိုင် click
- ဦးတင်ဦးနှင့်အဖွဲ့ ၈၈ မျိုးဆက်ကျောင်းသား နိုင်ငံရေးအကျဉ်းသားမိသားစ၀င်များကို တွေ့ဆုံ click
- စစ်အစိုးရတပ်နှင့် ကေအန်ယူ တိုက်ပွဲများ ပြန်ဖြစ် click
- စစ်တပ်က ပြည်သူများ၏ အိမ်မြေများကို သိမ်းပိုက် click
- ကြံ့ခိုင်ဖွံ့ဖြိုးရေး အပြောင်းအလဲ ပွင့်လင်းမှုရှိသင့် click
- လူမှုရေးအမည်ခံထားတဲ့ ကြံ့ဖွံ့အဖွဲ့ကို ဖျက်သိမ်းပြီးနောက် အစီအစဉ်များ click
- ကြံ့ဖွံ့ကို ယှဉ်ဖို့ ပါတီတွေ စုစည်းဖို့လို click

“၂၀၁၀ စောရပါတီ” - (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)
- ကော့သောင်းမြို့၌ ကုန်ဆိုင်များတွင် အခွန်မဆောင်ပစ္စည်းများ ဖမ်းဆီး click
- တကျော့ပြန် လိုင်စင်မဲ့ကားများနဲ့ မြန်မာစစ်အစိုးရ လုပ်စားကွက်များ click
- တပတ်ရစ် ဂျပန်ကားတွေ ဈေးတက် click
- ပဲဈေးကွက် အရောင်းအဝယ်ရပ် click
- မြို့တွင်းသို့ တောဆင်ရိုင်း (၄) ကောင် ၀င်ရောက်လာ click
- ယဉ်ကျေးမှုကပွဲနှင့် ဈေးပွဲတော် ကျင်းပ click
- Salt Lake City သင်္ကြန်ပွဲ ကျင်းပပြီးစီး click
- တပတ်အတွင်း စီးပွားရေးသတင်း click
- သောကြာစကားဝိုင်း (ဇူလိုင် ၁၆၊ ၂၀၁၀) click
- ကျနော်တို့ဆီက ကြီးဒေါ်နွားကျောင်းတဲ့ မြန်မာပြည်ကောင်းဘွိုင်များ (ဆောင်းပါး) click
- ဗမာဝတ္ထုတိုရေး စာရေးဆရာများကို ဂုဏ်ပြုခြင်း (ဆောင်းပါး) click
- သဘာဝအကျိုးကျေးဇူးများ မှေးမှိန်လာရခြင်း (ဆောင်းပါး) click
- ရေနံယိုထွက်မှု ပိတ်ဆို့နိုင်ပေမယ့် အခြေအနေစောင့်ကြည့်ဖို့ အိုဘားမား သတိပေး click
- ဘီပီကုမ္ပဏီရဲ့ ရေနံတားဆီးမှု မသေချာသေး click
- စီးပွားရေးမူဝါဒအပေါ် ဝေဖန်ချက် သမ္မတ အိုဘားမား တုံ့ပြန်ချေပ click
- တရုတ်-ဂျာမဏီ ကုန်သွယ်ရေးတိုး click
- မလေးရှားမှာ ဆီဈေး သကြားဈေးတက် click
- EIU ရဲ့ ဇူလိုင်စစ်တမ်း click
- ဘောလုံးလောင်းကစားသူ ထောင်ချီဖမ်း click
- မန္တလေးတွင် ငလျင်လှုပ် click
- ကျောက်စိမ်းတွင်းဒေသ ရေကြီး click
- ရဲတပ်သားများလည်း ထွက်ပြေးနေ click
- အာဇာနည်နေ့မတိုင်မီ လုံခြုံရေးများ စတင်ချထား click
- အာဇာနည်နေ့အခမ်းအနား နိုင်ငံရေးပါတီများ တက်ရန် ဖိတ်ကြား click
- ဗိုလ်ကြီးဝင်းထိန် ပြန်လွတ်ပြီ click
- အန်အယ်ဒီအဖွဲ့ဝင် သန်းမြင့်အောင်ကို ထောင်ဒဏ် (၁ဝ) နှစ် ထပ်တိုး click
- ထောင်ကျနေသည့် ဖခင်အတွက် သမီးဖြစ်သူ စိုးရိမ် click
- မြန်မာငါးဖမ်းလုပ်သား (၇) ဦးကို အိန္ဒိယ တရားရုံးက တရားစွဲ click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ အိန္ဒိယနိုင်ငံသို့ သွားမည် click
- ဗိုလ်ချုပ်မှူးကြီး၏ ရွေးကောက်ပွဲအလွန် အာဏာတည်ရေး အစီအစဉ် သုံးရပ်ရှိဟုဆို click
- ကြံ့ဖွံ့အသင်း ဖျက်သိမ်းမည် click
- လူမှုရေးအသင်းမှ နိုင်ငံရေးပါတီသို့ click
- ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ဖျက်ပြီ click
- ကြံ့ဖွံ့အသင်း ဖျက်သိမ်းပြီ click
- ကြံ့ဖွံ့ပါတီအတွက် ကြံ့ဖွံ့အသင်း စည်းရုံးရေးဆင်းပေး click
- သျှမ်းပြည်မှ နိုင်ငံရေးပါတီ (၁၅) ခု ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ click
- (၆၃) နှစ်မြောက် ကေအဲန်ဒီအိုနေ့ နယ်စပ်တစ်နေရာတွင် ကျင်းပ click
- စစ်တွေ နည်းပညာကောလိပ်တွင် ကျောင်းကား (၁၅) စီးထိ တိုးချဲ့ပြေးဆွဲ click
- ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ မြို့နယ်ခွဲရုံး စစ်တွေတွင် ထပ်မံဖွင့်လှစ် click
- မော်ချီး-တောင်ငူ ကားလမ်း ပြန်လည်ဖောက်လုပ်ရန် ကရင်နီအပစ်ရပ်အဖွဲ့နှင့် စစ်အစိုးရတပ်တို့ ပူးပေါင်းစီ စဉ် click
- ဒင်းလိုလူစား သတိထားဟေ့ (ဆောင်းပါး) click
- ကိုးတစ်ခြောက်ဒိုင်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) click
- ဇာဂနာအတွက် နန်းညွန့်ဆွေ မှာတမ်း (ဆောင်းပါး) click
- မောင်လေးရေ သွားတော့ ... သွားတော့ ... (ဆောင်းပါး) click
- နန်းညွန့်ဆွေရဲ့ မေတ္တာတေးသံကဗျာများ (ဆောင်းပါး) click
- စာရေးဆရာကြီး နန်းညွန့်ဆွေရဲ့ ဈာပနအခမ်းအနား (ဇူလိုင် ၁၅ ရက်၊ ၂၀၁၀) click
- နေညိုညို (ဆောင်းပါး) click
- ကုန်ပစ္စည်းမဲ့ဈေး (ဆောင်းပါး) click
ကာတွန်း ဟန်လေး (ခေတ်ပြိုင်ဝက်ဘ်ဆိုက်)
- အန္တရာယ်ကြားမှ ဝမ်းစာအတွက် အသက်ပေးကာ ရွှေတူးဖော်နေ click
- တရားမ၀င် ဆိုင်ကယ်များကို နိုင်ငံပိုင်သိမ်းမည် click
- ကော့သောင်းရှိ ဈေးဆိုင်များကို ရှောင်တခင် ဖမ်းဆီး click
- နယ်စပ် ကော့သောင်းမြို့တွင် ထိုင်းစားသောက်ကုန်များ ဖမ်းဆီး click
- အလုပ်ရှာပေးသည့် ကုမ္ပဏီတခုတွင် အလုပ်မရရှိသူ ရာနှင့်ချီ သောင်တင် click
- ချစ်သူရည်းစားဟန်ဆောင် လူကုန်ကူးမှုများ ဖြစ်ပေါ် click
- အိပ်ခ်ျအိုင်ဗွီပိုးကူးစက်မှု အများစုမှာ အသိပညာမဲ့မှုကြောင့်ဟု မဖြူဖြူသင်းက ဆို click
- ပြည်ပဆန်တင်ပို့နိုင်မှု ထက်ဝက်ကျဆင်း click
- ရွာဟောင်းသို့ တောင်ယာပြန်လုပ်ကိုင်သော်လည်း မိုးနည်း၍ အခက်တွေ့နေကြ click
- ကျေးလက်တောရွာက ရောင်ပြန်ဟပ်မှုများကို ခံစားနေရသူ click
- စိုးပိုင်၏ မြန်မာသံသီချင်း CD နှင့် VCD ဖြန့်မည် click
- ကနေဒါနိုင်ငံ ဗဲန်ကူးဗားမြို့ ဗုဒ္ဓရံသီကျောင်း စုပေါင်းရှင်ပြုအလှူ click
- ရေနံယိုဖိတ်မှု တားဆီးနိုင်ပြီလို့ BP ပြော click
- သီယာရီဟင်နရီ ပြင်သစ်အသင်းမှ အနားယူ၊ ဘာစီလိုနာမှ နယူးယောက်ရက်ဒ်ဘူးလ်အသင်းသို့ ပြောင်းရွှေ့ click

အပြည့်အစုံသို့...

ဒင်းလိုလူစား သတိထားဟေ့

ဂါမဏိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)
သူဟာ ကိုလိုနီခေတ်က တောနယ်လေးတခုမှာ မွေးဖွား ကြီးပြင်းလာခဲ့ပြီး အင်္ဂလိပ်ခေတ် (၇) တန်းအောင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံ ကလကတ္တားကိုသွား အင်္ဂလိပ်စာသင်ခဲ့ပြီးနောက် အသက် (၂၇) နှစ်မှာ အောက် တန်းရှေ့နေစာမေးပွဲဝင်ဖြေတာ အောင်လို့ ရှေ့နေလုပ်ခဲ့ပါ တယ်။ အင်မတန် ရဲတင်းပြီး ရည်မှန်းချက်ကြီးလှတဲ့ ဒီလူ ဟာ တဘက်က ရှေ့နေလုပ်ရင်း နိုင်ငံရေးနယ် မီဒီယာ နယ်တွေထဲ ထိုးဖောက်ခြေကုပ်ယူခဲ့ပါတယ်။ သူရိယသ တင်းစာတိုက် ရှယ်ယာတွေကို ဝယ်ယူခဲ့ပါတယ်။

သူဟာ အဲဒီကာလက အဓိကအတိုက်အခံ အမျိုးသားရေး အဖွဲ့ကြီးဖြစ်တဲ့ ဂျီစီဘီအေ ဝံသာနုအဖွဲ့ကြီးထဲ ဝင်ပါခဲ့ပြီး ၁၉၂၂ ခုမှာ ဂျီစီဘီအေကွဲတော့ (၂၁) ဦးအဖွဲ့ဘက် ပါခဲ့ပါတယ်။ ၁၉၂၅ ပထမအကြိမ် ဒိုင်အာခီရွေးကောက်ပွဲ မှာ ဝင်ပြိုင်ခဲ့ပေမယ့် အရွေးမခံရပါ။ သူ့အသက် (၂၇) နှစ်အရွယ် ၁၉၂၇ ခုနှစ် ဒုတိယအကြိမ် ဒိုင်အာခီရွေး ကောက်ပွဲမှာတော့ သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်ကနေ ဥပဒေပြုလွှတ်တော်အမတ်အဖြစ် အရွေးခံရပါ တယ်။ ၁၉၂၉ ခုမှာလည်း တတိယအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာ ထပ်နိုင်ခဲ့ပါတယ်။ သာယာဝတီမြို့မ ဝံသာနုကောင်စီမှာလည်း အတွင်းရေးမှူးအဖြစ်နဲ့ နယ်ချဲဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၃၆ ရွေးကောက်ပွဲမှာတော့ ဟင်္သာတမြောက်ပိုင်းအမတ်အဖြစ် အရွေးခံခဲ့ရပါတယ်။

၁၉၃၁ သြဂုတ်လမှာ လယ်သမားသူပုန်ခေါင်းဆောင် ဆရာစံကို အင်္ဂလိပ်တွေ ဖမ်းမိတဲ့အခါ သူဟာ ဆရာစံ ဘက်က ရှေ့နေလိုက်ပေးခဲ့ပါတယ်။ အင်္ဂလိပ်နယ်ချဲ့အစိုးရအရာရှိတွေ၊ စစ်တပ်တွေ၊ ပန်ချာပီပုလိပ်တွေဟာ ပုန်ကန်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ်လို့ အင်္ဂလိပ်အစိုးရဆီ အိတ်ဖွင့်ပေးစာတစောင် ရေးခဲ့ပါ တယ်။ “၁၉၃၀-၃၁ ခုနှစ် မြန်မာပြည်အရေး” ဆိုတဲ့နာမည်နဲ့ အင်္ဂလိပ်လို စာအုပ်တအုပ်ရေးပြီး နိုင်ငံခြားပို့တဲ့အ ခါ အင်္ဂလိပ်အစိုးရက ပိတ်ပစ်တာ ခံရပါတယ်။ ဒါဟာ ပုဒ်မ ၁၂၄ (က) နဲ့ ငြိစွန်းနေတယ်လို့လည်း သတိပေးခံရ ပါတယ်။ သူဟာ ဥပဒေပြုလွှတ်တော်ထဲမှာလည်း ဆရာစံ သူပုန်ထမှုနဲ့ ပတ်သက်ပြီး အင်္ဂလိပ်အစိုးရရဲ့ အရေး ယူကိုင်တွယ်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့လို့ ပြည်ထဲရေးအတွင်းဝန် မစ္စတာ ဘုသ်ဂရေ့ဗလီက “မောင် မင်း ဂဠုန်ဖြစ်လာပြီ” လို့ ဝေဖန်ခဲ့ပါတယ်။

၁၉၃၅ မေလမှာတော့ သူဟာ မီဒီယာကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံကိုသွားပြီး အဆာဟိရှင်ဘွန်း သတင်းစာ တိုက်မှာ မီဒီယာလုပ်ငန်းနဲ့ နိုင်ငံရေးလုပ်ငန်းတွေ လေ့လာခဲ့ပါတယ်။ အပြန်မှာ ကိုးရီးယား၊ တရုတ်၊ ထိုင်း၊ မ လေးရှားနိုင်ငံ တွေဝင်ပြီး နိုင်ငံရေး လေ့လာခဲ့ပါသေးတယ်။ ဗမာပြည်ပြန်ရောက်ပြီးတော့ သူရိယသတင်းစာ တိုက် ရှယ်ယာတွေ ထပ်ဝယ်ပြီး ၁၉၃၆ ခုမှာ သူရိယတိုက် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်လာပါတယ်။ နောက် (၂) နှစ်အကြာမှာ အယ်ဒီတာချုပ် ဖြစ်လာပြီး သတင်းစာမူဝါဒကို ကြိုးကိုင်နိုင်ခဲ့ပါတယ်။

သူဟာ ဆရာစံသူပုန်ဘက်က ရပ်တည်လို့ နာမည်ထင်ရှားလာတဲ့နောက် ၁၉၃၆ ခုမှာ ဂဠုန်စစ်သူကြီးဘွဲ့ခံယူ ပြီး ဝါးရင်းတုတ်ကိုင် ဂဠုန်တပ်ရဲ့ ဗိုလ်ချုပ်ရာထူး ယူခဲ့ပါတယ်။ ၁၉၃၆ ခုမှာပဲ ကိုအောင်ဆန်း၊ ကိုနုတို့ ခေါင်း ဆောင်တဲ့ ဒုတိယကျောင်းသားသပိတ် ဖြစ်တဲ့အခါ ကျောင်းသားတွေနဲ့ ရင်းနှီးမှုရအောင်လည်း ကြိုးစားခဲ့ပါ တယ်။ တက္ကသိုလ်သမဂ္ဂအဆောက်အဦးမှာ အင်္ဂလိပ်စာ ကျွမ်းကျင်လှတဲ့ စိန်ပေါကျောင်းထွက် တက္ကသိုလ် ဘွဲ့ရ ဘိလပ်ပြန် ဒေါက်တာဘမော်နဲ့ ကျောင်းသားတွေရှေ့မှောက် အင်္ဂလိပ်လို စကားရည်လုပွဲ လုပ်ခဲ့ရာမှာ (၇) တန်းပဲအောင်တဲ့ သူ့ကို ကျောင်းသားတွေက ထောက်ခံအားပေးခဲ့ပါတယ်။

ဒီနောက်မှာ သူဟာ ၁၉၃၈ ခု မတ်လမှာ မျိုးချစ်ပါတီကို တည်ထောင်ခဲ့ပါတယ်။ ၁၉၃၈ သြဂုတ်လ အောက် လွှတ်တော် အစည်းအဝေးမှာ ဒေါက်တာဗမော်အစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းခဲ့တာ မအောင်မြင် ခဲ့ပါ။ ရေနံမြေအလုပ်သမားသပိတ်၊ တတိယကျောင်းသားသပိတ်တွေ ဖြစ်ခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကာ လ ၁၉၃၈ ဒီဇင်ဘာလထဲမှာ မျိုးချစ်ပါတီဝင်တွေ၊ ဂဠုန်တပ်ဖွဲ့ဝင်တွေနဲ့ ရွှေတိဂုံဘုရားခြေရင်းမှာ ကျောင်းသား-အလုပ်သမား ထောက်ခံရေး အာဏာဖီဆန်မှုလုပ်လို့ အင်္ဂလိပ်အစိုးရရဲ့ ခေတ္တဖမ်းဆီးထိန်းသိမ်းမှုခံရပါတယ်။ ၁၉၃၉ ဖေဖော်ဝါရီ လွှတ်တော်အစည်းအဝေးမှာတော့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတွေကို ဖိနှိပ် တဲ့ ဒေါက်တာဘမော်အစိုးရကို သူ ဦးဆောင်ပြီး အယုံအကြည်မရှိအဆိုသွင်း ဖြုတ်ချနိုင်ခဲ့ပါတယ်။

သူဟာ ၁၉၄၀ စက်တင်ဘာလမှာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ဗမာပြည်ကို သတင်းစာဆရာပုံစံနဲ့ လာ ထောက်လှမ်းတဲ့ ကာနယ်ဆူဇူးကီး (ဗိုလ်မိုးကြိုး) ကို ခေါ်တွေ့ပြီး ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ဂျပန်နိုင်ငံ ဆီက လက်နက် ခဲယမ်း ပစ္စည်း ငွေကြေး အပါအဝင် စစ်ကူရနိုင်မလား မေးခဲ့ပါတယ်။

၁၉၄၁ အောက်တိုဘာလမှာ သူဟာ အင်္ဂလန်နိုင်ငံကိုသွား၊ ဝန်ကြီးချုပ် ချာချီနဲ့ တွေ့ဆုံပြီး ဒုတိယကမ္ဘာစစ်ပြီး ရင် ဗမာပြည်ကို လွတ်လပ်ရေး (ဒိုမီနီယံ ကိုယ်ပိုင်အုပ်ချုပ်ရေး) ပေးဖို့ အဓိက ဆွေးနွေးတောင်းဆိုခဲ့ပေမယ့် ချာချီက ပယ်ချခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန်ကအပြန် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ဂျပန်ကောင်စစ်ဝန်နဲ့ လျှို့ဝှက်ဆက်သွယ်ပြီး ဗမာပြည် လွတ်လပ်ရေးရမယ်ဆိုရင် ဂျပန်ရဲ့စစ်ရေးလှုပ်ရှားမှုကို ကူညီမယ်လို့ ကမ်း လှမ်းခဲ့ပါတယ်။ ဒီလို ဆက်သွယ်ဆောင်ရွက်ခဲ့တာကို အင်္ဂလိပ်က သိသွားလို့ ၁၉၄၁ ဒီဇင်ဘာလမှာ ပါလက်စ တိုင်းနိုင်ငံ (အခု အစ္စရေးနိုင်ငံ) ဟိုင်ဖာမြို့မှာ အဖမ်းခံခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကာလတလျှောက်လုံး အာဖရိက တိုက် ယူဂန္ဓာနိုင်ငံမှာ အကျယ်ချုပ်နေခဲ့ရပါတယ်။ စစ်ကြီးပြီးလို့ ၁၉၄၆ ဇန်နဝါရီလကျမှ အင်္ဂလိပ်အစိုးရ ပြန် လွှတ်ပေးလိုက်ပါတယ်။

အခုဖော်ပြခဲ့တဲ့ ကိုယ်ရေးမှတ်တမ်းကို ကြည့်လိုက်ရင် ဒီလူဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် တောက် လျှောက် အားကြိုးမာန်တက် ဇွဲနပဲနဲ့ လုပ်ခဲ့တဲ့ မျိုးချစ်နိုင်ငံရေးသမား တော်လှန်ရေးသမားလို့ ထင်စရာပါပဲ။ ဒါ ပေမယ့် ဒီလူဟာ ဂဠုန်ဦးစော ဖြစ်ပါတယ်။ အပေါ်ယံရွှေမှုန့်တွေကို ဖယ်ကြည့်လိုက်ရင် သူဟာ အာဏာ၊ စည်း စိမ်ချမ်းသာနဲ့ ကျော်ကြားထင်ရှားမှုကိုသာ တသက်လုံး အာသာငမ်းငမ်းတက် လိုက်စားခဲ့တာ မြင်နိုင်ပါတယ်။ သူလုပ်သမျှတွေဟာ မျိုးချစ်ပုဂ္ဂိုလ်အဖြစ် ပြည်သူလူထုက အထင်ကြီးအောင်၊ မဲရအောင် နိုင်ငံရေးစတန့်ထွင် လှည့်စားပြနေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို နယ်ချဲ့အလိုကျ လုပ်ကြံသတ်ဖြတ်ခဲ့လို့ ကြိုးစင်တက် ဘဝဆုံးသွားခဲ့တာ အားလုံးအသိဖြစ်ပါ တယ်။

ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံမှုနဲ့ တရားရုံးထုတ်တဲ့အခါ သူဟာ (၅) တန်းပဲအောင်တယ်လို့ တရားသူကြီး ရှေ့မှာ ဝန်ခံခဲ့ပါတယ်။ ဝံသာနုဂျီစီဘီအေထဲ ဝင်လုပ်ခဲ့ပေမယ့် ကွဲကြပြဲကြတဲ့အခါ (၂၁) ဦးဆိုတဲ့ အင်္ဂလိပ်နယ် ချဲ့နဲ့ စေ့စပ် အပေးအယူလုပ်ချင်တဲ့ ရာထူးအာဏာ ငမ်းငမ်းတက်အုပ်စုဘက် ပါခဲ့ပါတယ်။ အင်္ဂလိပ်ကို ပြတ် ပြတ်သားသား ဆန့်ကျင်ပြီး ‘ဘူး’ အသင်းတွေ တည်ထောင် အာဏာဖီဆန်ခဲ့တဲ့ ဦးစိုးသိမ်း ဂျီစီဘီအေဘက်ကို မပါခဲ့ပါဘူး။

ဗမာလူထုရဲ့အသည်းနှလုံးကို ဆရာစံက သိမ်းကျုံးယူနိုင်တဲ့အခါကျတော့ ဦးစောဟာ ဂဠုန်သူပုန်တွေဘက် က အာဘောင်အာရင်းသန်သန်နဲ့ ပါခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေး အားသန်သလိုလို အ ယောင်ပြပြီး သူတည်ထောင်ခဲ့တဲ့ ဂဠုန်တပ်ဟာ သိပ်မကြာခင်မှာ ဒို့ဗမာအစည်းအရုံးဝင် သခင်တွေကို ဝါးရင်း တုတ်နဲ့ ရိုက်တာတွေပဲ လုပ်ခဲ့ပါတယ်။ ဒီမိုကရေစီကို ယုံကြည်လှပါတယ်ဆိုတဲ့ ဒီပုဂ္ဂိုလ်ကြီးဟာ ဒေါက်တာဘ မော်၊ ဦးဘဦး၊ ဦးဘဖေ (ဦးစောရဲ့ ဆရာ၊ ၂၁ ဦးဂျီစီဘီအေ ခေါင်းဆောင်) တို့ကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ သခင်တွေ ကျောင်းသားတွေ ထောင်ကျတာ သူ အာဏာရချိန်မှာ အများဆုံးဖြစ်ပါတယ်။ မျိုးချစ်စိတ်ထက် သန်လှပါတယ်ဆိုတဲ့ ဦးစောဟာ “လယ်သမား ဖိုးရွှေလုံးညည်းချင်း” “သခင်ဋီကာ” စာအုပ်တွေထုတ်ပြီး ဒို့ဗမာ အစည်းအရုံးကို သိက္ခာချခဲ့ပါတယ်။ ဒါကြောင့် ဦးစော ဝန်ကြီးချုပ်ဖြစ်ချိန်မှာ ကျောင်းသားတွေက လွှတ်တော် အပြင်ကနေ သံပုံးတီး တောထုတ်ခဲ့ပါတယ်။

၁၉၄၆ စက်တင်ဘာမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အစိုးရတက်လာချိန်မှာ ဗိုလ်ချုပ်က သူ့ကို ဝန်ကြီးရာ ထူး ပေးခဲ့ပါတယ်။ ဒါပေမယ့် မျိုးချစ်စိတ်ပြင်းထန်လှပါတယ်၊ လွတ်လပ်ရေးအတွက် စိတ်အားထက်သန်လှပါ တယ်ဆိုတဲ့ ဂဠုန်ဦးစောဟာ အောင်ဆန်း-အက်တလီစာချုပ် ချုပ်တဲ့အခါ လက်မှတ်မထိုးဘဲ ၁၉၃၅ အက်ဥပ ဒေ (၉၁ ဌာနအုပ်ချုပ်ရေး) ကိုပဲ လိုလားတယ်လို့ နယ်ချဲ့အင်္ဂလိပ်အကြိုက် လိုက်ပြောပြန်ပါတယ်။ ဒီလိုနဲ့ ၁၉၄၇ ဖေဖော်ဝါရီမှာ ဝန်ကြီးရာထူးက ထွက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဏာရ ဖဆပလအဖွဲ့ချုပ်ကို အတိ အလင်း ဆန့်ကျင်လာခဲ့ပါတယ်။

လူမှုရေးပိုင်းကိုကြည့်ရင် ဂဠုန်ဦးစောဟာ မိန်းမကိစ္စဘက်မှာ မယားကြီးရှိနေပေမယ့် သမီးကို စာသင်ပေးတဲ့ ဆရာမနဲ့ ရှုပ်ခဲ့တာ၊ ယူဂန္ဓာနိုင်ငံမှာ အကျယ်ချုပ်ကျနေတုန်း ဂျာမန်မတယောက်နဲ့ ညားခဲ့တာ၊ ဗမာပြည်ပြန် ရောက်ပြီးတော့ (၁၀ နှစ်သမီးကတည်းက အိမ်မှာခေါ်ထားခဲ့တဲ့) ၁၉ နှစ်အရွယ် တောင်တွင်းကြီးသူ အိမ်ဖော် မလေးနဲ့ ကလေးတယောက်ရတဲ့အထိ သောင်းကျန်းခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒီ (၃) ယောက်ကတော့ မီဒီယာ တွေထဲ ဟိုးလေးတကျော် ဖြစ်လာခဲ့ပေမယ့် သူဖျက်ဆီးခဲ့တဲ့ တခြားမိန်းကလေးငယ်တွေ အများကြီးရှိပါသေး တယ်။

ဒီအချက်တွေကို သမိုင်းလှန်နေရတာက ဒီကနေ့မှာလည်း ဂဠုန်ဦးစောလို လူမြင်ကောင်းအောင် ဟိတ်ဟန် ထုတ် ညာဝါးလှည့်ဖျားပြီး ရာထူးအာဏာ ချမ်းသာစည်းစိမ် ဂုဏ်ရှိန်ကျော်ကြားမှု သုံးမျိုးစလုံးကိုဖြစ်စေ၊ တမျိုး သို့မဟုတ် နှစ်မျိုးကိုဖြစ်စေ သဲကြီးမဲကြီး လိုက်နေသူတွေ ပြည်တွင်းပြည်ပ တော်လှန်ရေးအဝန်းအဝိုင်း အ တိုက်အခံအဝန်းအဝိုင်းထဲ ရှိနေတဲ့အတွက် အားလုံးကို တပ်လှန့်တဲ့အနေနဲ့ ဂဠုန်ဦးစောအကြောင်း ဖော်ပြ လိုက်တာဖြစ်ပါတယ်။

ဂဠုန်ဦးစောခေတ်တုန်းက သူဘယ်လိုပဲ ဟန်ဆောင်လုပ်ပြခဲ့ပေမယ့် အင်မတန်ရိုးသားဖြောင့်မတ် အနစ်နာခံ ပြီး တိုင်းပြည်အတွက် တကယ်စွန့်လွှတ်စွန့်စားတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ရှိနေတော့ ဘယ်လိုမှ ယှဉ်မရ နေ ရာမရခဲ့ပါဘူး။ အခုခေတ်မှာလည်း ပြည်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အယောင်ဆောင် တော်လှန် ရေးသမားတွေ၊ အယောင်ဆောင် အတိုက်အခံတွေက ယှဉ်လို့မရနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝေးတဲ့ ပြည်ပအတိုက်အခံနယ်ပယ်မှာတော့ ဂဠုန်ဦးစောလို အယောင်ဆောင် တော်လှန်ရေးသမားတွေ၊ အရေခြုံ ဒီမို ကရေစီသမားတွေ၊ အာဏာရူး တိုင်းရင်းသားခေါင်းဆောင်တွေ လူတွင်ကျယ်လုပ် ဖြီးဖြန်းလုပ်စားနေနိုင်ပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ပမှာရော ပြည်တွင်းအတိုက်အခံနယ်ပယ်မှာပါ “ဒင်းလိုလူစား သတိထားကြဖို့” အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ်။ ။

(မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျှင်လည်း ခွင့်လွှတ်ရန်မလို။)

ဂါမဏိ

အပြည့်အစုံသို့...

Thursday, July 15, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၇-၂၀၁၀)

- ၀န်ကြီးကလင်တန် အာရှလုံခြုံရေး အစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖွယ်ရှိ click
- မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု သက်တမ်းထပ်တိုး click
- အမေရိကန်က စစ်အစိုးရအပေါ် အရေးယူမှု သက်တမ်းတိုး click
- မြန်မာစစ်အစိုးရကို နိုင်ငံတကာဥပဒေနဲ့အညီ တရားစွဲမယ့်ကိစ္စ နယူးယောက်မှာ ဆွေးနွေး click
- ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့အခမ်းအနား မဖိတ်ဘဲ ပါတီများကိုသာ ဖိတ် click
- နိုင်ငံရေးပါတီများ အာဇာနည်နေ့ တက်ရောက်ဂါရ၀ပြုခွင့်ရရှိ click
- ဦးဝင်းထိန် လွတ်ပြီ click
- ဗိုလ်ကြီးဟောင်း ၀င်းထိန် ပြန်လွတ်လာပြီ click
- အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့ဝင် ဦးဝင်းထိန် ပြန်လွတ်ပြီ click
- ကိုဖြိုးဝေအောင် အမှုစစ်၊ မိသားစု ကြားနာခွင့် အက်စ်ဘီက ပိတ် click
- အဖွဲ့ချုပ်လူငယ်တဦးကို ထောင်ဒဏ် (၁၀) နှစ် ထပ်ချ click
- ကိုသန်းမြင့်အောင်ကို နောက်ထပ် ထောင် (၁၀) နှစ် ချမှတ် click
- နအဖ တပ်အင်အား (၁,၀၀၀) ခန့် ၀င်ရောက်လှုပ်ရှားလာ click
- ကေအန်ယူနှင့် ပူးပေါင်းသည့် ဒီကေဘီအေမှ မိသားစုများကို ဓားစာခံအဖြစ် ဖမ်းဆီး click
- လူ့အခွင့်အရေး အသိပညာပေးစာစောင် ဖြန့်ချိမှု အိုင်အယ်လ်အို ဆောင်ရွက် click
- ကြံ့ဖွံ့အသင်းကို ဖျက်ပြီ၊ အသင်းပိုင်ပစ္စည်းအားလုံး ကြံ့ဖွံ့ပါတီ ရမည် click
- ကြံ့ခိုင်ဖွံ့ဖြိုးရေးလုပ်ရပ် တစည ဝေဖန် click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏အကြောင်း စာအုပ်မိတ်ဆက်ပွဲ ကျင်းပ click
- ဖားကန့်ဒေသတွင် ရေကြီးပြီး မြေပြို၊ လမ်းများ ပျက်စီးနေ click
- ကချင်ပြည်နယ်၌ တုပ်ကွေးရောဂါ ကူးစက်မှု ဖြစ်ပွားနေ click
- ကချင်ပြည်နယ်၌ တရားမ၀င် ခိုးထုတ်မည့် သစ်များ ဖမ်းဆီးရမိ click
- ပြည်ပပို့ ဆန်တန်ချိန် သိသာစွာကျဆင်း click
- မြန်မာပြည်၌ ပြည်ပရင်းနှီးမြှုပ်နှံမှု ကျဆင်း click
- စာပေပညာရှင် ဆရာကြီး နန်းညွန့်ဆွေ၏ ဈာပန ပြုလုပ် click
- စာရေးဆရာကြီး နန်းညွန့်ဆွေ ဈာပန ကျင်းပပြီးစီး click
- စီးပွားရေးသတင်း click
- မက္ကဆီကိုပင်လယ်ကွေ့ ရေနံယိုထွက်မှု အောင်မြင်စွာ ပိတ်ဆို့နိုင်ပြီ click
- အီရန်သိပ္ပံပညာရှင်ကို ဒေါ်လာ (၅,၀၀၀,၀၀၀) ပေးတဲ့ကိစ္စ အမေရိကန်နိုင်ငံခြားရေးဌာန ငြင်းဆို click
- အီရန်သိပ္ပံပညာရှင် ပြန်ပေးဆွဲ နှိပ်စက်ခံခဲ့ရ click
- ထိုင်းနိုင်ငံ၊ ကွန်မြူနတီ ရေဒီယိုအသံလွှင့်ဌာန (၂၆) ခု ပိတ် click
- တရုတ်စီးပွားဖွံ့ဖြိုးမှု နှေးကွေး click
- မုံရွာရဲစခန်းတွင် ဖမ်းဆီးထားသူတဦး စစ်ဆေးရင်း သေဆုံး click
- ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးဝင်းထိန် ပြန်လည်လွတ်မြောက် click
- ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ လွတ်မြောက်လာ click
- စစ်အစိုးရကို ပိတ်ဆို့မှု သက်တမ်းတိုးရန် အမေရိကန် အောက်လွှတ်တော် အတည်ပြု click
- စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှု တနှစ်တိုးရန် အတည်ပြု click
- ဓာတ်ငွေ့ထုတ်လုပ်မှု (၁၀) ပုံ (၁) ပုံသာ နိုင်ငံအတွက်သုံး click
- ကချင်ပြည်နယ် ရေအားလျှပ်စစ်စီမံကိန်းအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုရှိနေ click
- ကေအဲန်ယူ ၀င်ထွက်မှုကြောင့် ရွာသားများ ဒဏ်ငွေရိုက်ခံရ click
- ဇာဂနာ၏ ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေ ဈာပန စည်ကား click
- ဆရာကြီး နန်းညွန့်ဆွေ၏ နောက်ဆုံးခရီး (ဓာတ်ပုံသတင်း) click
- လူရွှင်တော် ဇာဂနာရဲ့ဖခင် ဆရာကြီး နန်းညွန့်ဆွေရဲ့ ဈာပန ကျင်းပပြီးစီး click
- ဆရာနန်းညွန့်ဆွေ ကွယ်လွန်သွားခြင်းနဲ့ ပတ်သက်ပြီး အဆိုတော်ကြီး မာမာအေးရဲ့ အမှတ်တရစကား click
- နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များအား အန်အယ်လ်ဒီ တွေ့ဆုံအားပေး (ဓာတ်ပုံမှတ်တမ်း) click
- ကယားပြည်နယ်တွင် ကြံ့ဖွံ့တပါတီတည်း စည်းရုံး click
- ပေါ်တာဖမ်းဆီးခံထားရသူ (၃) ဦးအနက် တဦး ထွက်ပြေးလွတ်မြောက်လာ click
- ခြုံခိုတိုက်ခိုက်မှုက စီးပွားရေးသမားများအတွက် အခက်ကြုံနိုင် click
- ကမ္ဘာကျော် မွေးနေ့ရှင်ကြီး (ဆောင်းပါး) click
- အဖြေရှိပြီးသား ကစားပွဲ (ဆောင်းပါး) click
- RFA က ဧရာဝတီစကားဝိုင်း (ဇူလှိုင် ၁၅၊ ၂၀၁၀) click
- တရားဝင်လိုင်စင် ထုတ်ပေးမည့်အတွက် လိုင်စင်မဲ့ကား စုဆောင်းသူများ click
- မြန်မာတဦး မူးယစ်ဆေးရောင်းမှုဖြင့် အဖမ်းခံရ click
- ဗိုလ်ချုပ်မှူးကြီး၏ မြေး ယာဉ်မတော်တဆဖြစ်ဟုဆို click
- ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ အရောင်းအ၀ယ်ထိုင်း click
- ဆွိုင်း အနှိပ်ခန်းနှင့် စားသောက်ဆိုင်ပိုင်ရှင် အမှုဖွင့် click
- မူစယ်တွင် လျှပ်စစ်မီတာကြေး မြန်မာငွေ ပြောင်းလဲမည် click
- လေဆင်နှာမောင်းဒဏ် ခံရသည့်အိမ်များ ပြန်ဆောက်ရန် ခက်ခဲ click
- ကြွက်မှ ကူးစက်သည့် အသားဝါရောဂါ ပျဉ်းမနားတွင် တွေ့ရှိ click
- ဇိုင်ယန်ဥယျာဉ် အပျိုစင်မြစ် (ဆောင်းပါး) click
- မာရာဒိုနာကို (၄) နှစ်သက်တမ်း စာချုပ်သစ် ကမ်းလှမ်းမည် click

အပြည့်အစုံသို့...

၁၉၉၀ အာဇာနည်နေ့တိုက်ပွဲနဲ့ “တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ”

မောင်ကျောင်းသား

(၁)

၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှုအရေးတော်ပုံကြီးက ပြည်သူ တွေကို နိုင်ငံရေးနိုးကြားမှု ဖြစ်စေခဲ့သလို အထူးသဖြင့် ကျောင်းသား တွေရဲ့ ရင်ဘတ်ထဲ ကျောင်းသားသမဂ္ဂနဲ့ ခွပ်ဒေါင်းစိတ်ဓာတ် ရှင်သန် ခိုင်မြဲစေခဲ့ပါတယ်။

၁၉၆၂ ဇူလိုင်လ (၇) ရက်နဲ့ (၈) ရက်မှာ နေ၀င်းနဲ့စစ်ဝါဒီတွေရဲ့ ဖျက် ဆီးမှုခံရပြီး ကတည်းက တိုးတိုးတိတ်တိတ်ပဲ ဖွဲ့စည်းရပ်တည်ခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဟာ ရှစ် လေးလုံးအရေးတော်ပုံကြီးမှာ ခိုင်ခိုင်မာမာ ပြန်လည်ဖွဲ့စည်း ပေါ်ထွက်လာခဲ့ပါတယ်။

ကျောင်းသားအများစုက နိုင်ငံရေးဆိုတာလည်း ကောင်းကောင်းနားမလည်ကြသေးဘဲ မဆလလက်ကိုင်တုတ် လုံထိန်းရဲတွေနဲ့ စစ်တပ်ရဲ့မတရားမှုကို မြင်တွေ့ခံစားရမှုကနေ ပါဝင်လာကြတာသာဖြစ်တဲ့အလျောက် တဦးနဲ့ တဦး ထင်ပေါ်ကျော်ကြားလိုမှုတွေ အားပြိုင်ကြရင်း စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ ကျောင်းသားအဖွဲ့စည်း မျိုးစုံဖြစ်သွားပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (မကသ)၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ)၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ) စ တဲ့ ... ကျောင်းသားသမဂ္ဂတွေနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)၊ မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦး ... စတဲ့ အဖွဲ့စည်းအမျိုးမျိုး ပေါ်လာခဲ့တယ်။ တောခိုဖြစ်သွားတဲ့ ကျောင်း သားတွေကတော့ ကျောင်းသားတပ်မတော် (ABSDF) ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

မောင်ကျောင်းသားတို့ အခြေခံပညာကျောင်းသား (အကသ) တွေလည်း နှစ်ဖွဲ့သုံးဖွဲ့ဖြစ်ခဲ့ပါတယ်။ ပထမပိုင်း အကသ/ရန်ကုန်တိုင်းနဲ့ အကသ/ရန်ကုန်ခရိုင်ဆိုပြီး နှစ်ဖွဲ့ကွဲပါတယ်။ နေလင်းအကသနဲ့ မင်းဇင်/သီဟအက သဆိုပြီး ခေါ်ကြပါတယ်။ ၁၉၉၀ ကျတော့ ကိုယ်ဘာသာပဲ ဦးဆောင်ချင်တဲ့ မောင်ကျောင်းသားတို့က အဲဒီနှစ် ဖွဲ့လုံးက ခွဲထွက်လာတဲ့သူတွေစုပြီး ဗမာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗခသ) ကို ထပ်ဖွဲ့ပါတယ်။ ဒါပေမယ့် အကသတွေ ဘယ်နှစ်ဖွဲ့ကွဲကွဲ ဗကသ ဦးဆောင်မှုနဲ့ ခွပ်ဒေါင်းအလံတော်အောက် မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေ အတူညှိနှိုင်းလုပ်နိုင်ခဲ့ပါတယ်။

အဲဒီတုန်းက ခေါင်းဆောင်လုလုပ်ကြတယ်ဆိုတာ ကိုယ်ကျိုးစီးပွားမပါတဲ့ ထောင်ကျမယ့် အလုပ်တွေကို လု လုပ်ကြတာပါ။ သေမယ့်လမ်းကို လုလျှောက်ကြတာပါ။ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်ကလေးတွေက မိဘ တွေပေးတဲ့ မုန့်ဖိုးလေးတွေကို လမ်းစရိတ်လုပ်၊ ကိုယ့်ပုဆိုးအင်္ကျီရောင်း ပေါင်၊ တချို့လည်း မိသားစုပစ္စည်းထု ခွဲပြီး ရတဲ့ငွေလေးနဲ့ ရန်ပုံငွေလုပ်၊ စာထုတ် အခမ်းအနားလုပ် လုပ်ကြရတာပါ။ ပြည်သူတွေတီးတဲ့ လက်ခုပ်သံ တွေကြားမှာ သူရဲကောင်းကြီးတွေလို ခပ်ကြွားကြွား ရပ်တည်ချင်စိတ်တွေနဲ့ ဒုက္ခတရားရဲ့ ပဉ္စလက်တောအုပ် ကို သိသိကြီးနဲ့ လုတိုးဝင်ကြတာပါ။

အဲဒီတုန်းက ကျောင်းသားသမဂ္ဂတွေဟာ (မကသ ကလွဲရင်) တရားမ၀င် အသင်းအဖွဲ့ဖြစ်တာကြောင့် ကိုယ် ပိုင်ရုံးနေရာ မရှိပါဘူး။ လူ့ဘောင်သစ်ရုံး၊ NLD ရုံး၊ ဖဆပလရုံး ... စတဲ့ နေရာခွင့်ပြုပေးတဲ့ ပါတီရုံးတွေမှာပဲ အ ဆင်ပြေသလို ရုံးလုပ်ရတာပါ။ မောင်ကျောင်းသားတို့ကိုတော့ ရွှေဂုံတိုင်က ဘိုးဘွားရိပ်သာမျက်စောင်းထိုး (အခု ရန်ရှင်းအိမ်ယာမြောက်ဘက်) ကမ္ဘာအေးဘုရားလမ်းမကြီးပေါ် “အနာဂတ်ကို ငါတို့ပိုင်ထားသည်” လို့ ဆိုင်းဘုတ်ကြီးထူထားတဲ့ မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးက နေရာပေးထားပါတယ်။

မောင်ကျောင်းသားတို့ရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗခသ) ဖွဲ့စည်း တဲ့ အခမ်းအနားကို ၁၉၉၀ခု ဇွန် (၉) ရက်နေ့က မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးရုံးမှာပဲ ကျင်းပခဲ့တာပါ။ တက်လာတဲ့ ကျောင်းသားတွေရဲ့မဲပေးမှုနဲ့ သိန်းထွန်းကျော် (ဥက္ကဌ) ၊ ဗဟိန်း (အထွေထွေအတွင်းရေးမှု)၊ တ ရုတ်ဇေယျာဝင်း (တွဲဘက်အတွင်းရေးမှုး)၊ နိုင်အောင်၊ ၀င်းနိုင် (တရုတ်လေး) နဲ့ စန္ဒာအေးသွင် (စည်းရုံး/၀ါဒ ဖြန့်)၊ ထွန်းဇော်မိုး (ခေါင်းကြီး) နဲ့ မောင်ကျောင်းသား (သတင်း/ပြန်ဆက်)၊ တရုတ်ကြီးနဲ့ ကိုစိုးကြီး(လုံ/စည်း) တာဝန်တွေကို ထမ်းဆောင်ခဲ့ကြပါတယ်။ နာမည်ကျန်ခဲ့သူများ သည်းခံကြပါကုန်။

အဲဒီကာလက ရွေးကောက်ပွဲအပြီး NLD အနိုင်ရပြီးကာလဖြစ်တာကြောင့် ပြည်သူတွေကလည်း နိုင်ငံရေးအ ပေါ် စိတ်ဝင်စားမျှော်လင့်နေကြတာပါ။ မောင်ကျောင်းသားတို့ အင်အားသုံးယောက်လောက်ဆို တရားဟောပွဲ တပွဲဖြစ်ပါတယ်။ ကားဂိတ်, ဈေး, ပလက်ဖေါင်းပေါ်က လက်ဖက်ရည်ဆိုင်တွေနဲ့ လူစည်ကားရာနေရာတွေမှာ တွေ့ရာခုံတလုံးကောက်ဆွဲ တက်ရပ်ပြီး အတူသွားသူတွေ လက်ခုပ်ဝိုင်းတီး၊ လူတွေအာရုံစိုက်တဲ့အခါ တရား ဟော,နည်းကို သုံးကြပါတယ်။ ဖမ်းရအောင် လာနေပြီဆိုရင်လည်း ပြေးကြပါတယ်။

စစ်တန်းလျားပြန်မှာပါဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ အာဏာလွှဲမပေးခဲ့ရင် မိမိတို့ပေး ခဲ့တဲ့ ဆန္ဒမဲတွေအတွက် တိုက်ပွဲဝင်ကြဖို့ ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်နဲ့ ဖမ်းထားတဲ့ကျောင်းသား တွေကို မလွှတ်ရင် စစ်တပ်ကို ယုံကြည်လို့ရမှာ မဟုတ်ဘူးဆိုတာတွေ ပြည်သူကြားမှာ လိုက်ပြီးဟောပြောကြ ပါတယ်။ ကြေညာချက်/လှုံ့ဆော်စာတွေကို ချရေးပြီး အားလုံးသဘောတူပြီးရင် တယောက်တစောင် ကူးရေးရ ပါတယ်။ အိမ်အလုပ်အဖြစ် လူတယောက်ကို အနည်းဆုံး ဆယ်စောင်စီ လက်ရေးမူနဲ့ ကူးခဲ့ပါဆိုတာမျိုး ကိုယ် စီတာဝန်ယူကြတဲ့အခါ နောက်နေ့မှာ ရာနဲ့ချီတဲ့ ကြေညာချက်/လှုံ့ဆော်စာတွေ ရရှိဖြန့်ဝေနိုင်ကြပါတယ်။

လူထုကြားမှာ သတင်းစကား အပြန့်လွယ်ဆုံးနေရာကို ဈေးလို့ နားလည်သဘောပေါက်ကြပြီး ဈေးတွေကို ဦး တည်ဖြန့်ဝေပါတယ်။ နေ့ခင်း (၁၂) နာရီကျော် ဈေးနားချိန် ဈေးဘန်းတွေ ဈေးဆိုင်တွေပေါ် စာရွက်ခေါက် လေးတွေ လုပ်ပြီး လိုက်ထားတာမျိုးနည်းနဲ့ စာဝေသူအန္တရာယ်ကို ရှောင်နိုင်ခဲ့ပါတယ်။ အသက်စွန့်/အဖမ်းခံ/ တောထဲရောက်သွားကြတဲ့ ကျောင်းသားတွေကို သစ္စာရှိသောအားဖြင့် “စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှ တို့တတွေကျောင်းတက်မည်” ဆိုတာကို ခံယူရပ်တည်ခဲ့ကြပါတယ် (ဒီအကြောင်းတွေ ပြန် ပြောပြနေတဲ့ ရည်ရွယ်ချက်က ခုလက်ရှိ လျှို့လျှို့ဝှက်ဝှက်လုပ်နေကြတဲ့ ကျောင်းသားတွေ စိတ်အားတက်ကြွ စေဖို့သာ ဖြစ်ပါတယ်)။

အာဇာနည်နေ့ နီးလာတဲ့တရက်မှာ အားလုံးစုတိုင်ပင်ကြပါတယ်။ “တော်လှန်ရဲသူ၊ အောင်ပွဲယူသည်၊ ပြည်သူ့ သားကောင်း၊ တို့ခွပ်ဒေါင်း” ဆိုတဲ့ ကဗျာထဲက စာသားကို ဖြတ်ညှပ်ပြင်လုပ်ပြီး အာဇာနည်နေ့ဆောင်ပုဒ် လုပ် ရအောင်၊ ပြီးတော့ အာဇာနည်ကုန်းကို ချီတက်ကြရအောင် ဆုံးဖြတ်ချက်ချကြပါတယ်။

ဒီလိုနဲ့ “တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ” ဆိုတဲ့ ဆောင်ပုဒ်တခုဖြစ်လာခဲ့ပြီး အဲဒီဆောင်ပုဒ်နဲ့ လက် ကမ်းစာစောင်တွေထုတ်၊ စတစ်ကာတွေလည်း လုပ်ခဲ့ကြပါတယ်။

(၂)

အဲဒီနေ့ (၁၉၉၀ခု၊ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့) က မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးက လူငယ်တွေနဲ့ အတူ ရွှေဂုံတိုင်လမ်းဆုံမှာ မနက်ဆယ်နာရီလောက် စုဝေးကြပါတယ်။ ဖိတ်ခေါ်ထားမှုအရ ရောက်လာတဲ့ ကျောင်းသားတွေ၊ တခြားအကသအဖွဲ့ဝင်တွေ၊ ၀ိုင်းအုံကြည့်နေကြတဲ့ ပြည်သူတွေ အင်အားအခြေအနေပေါ် မူတည်ပြီး မောင်ကျောင်းသားတို့ ဗခသတွေ စိတ်အားတက်ကြွလာတာနဲ့ ပထမဆုံးဖြတ်ထားတဲ့ သာမန်လမ်း လျှောက်ချီတက်ရုံဆိုတာကနေ အလံကိုင်သီချင်းဆို ချီတက်မယ်လို့ တိုင်ပင်ကြပါတယ်။

ပြဿနာက တရားဝင် နိုင်ငံရေးပါတီဖြစ်နေတဲ့ မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးက လူငယ်တွေပါပဲ။ သူတို့ ပါတီရဲ့ အနီရောင် တူညီဝတ်စုံတွေကလည်း ၀တ်ထားသေးတော့ ထင်းထင်းကြီးဖြစ်နေတော့ တချို့က ကန့် ကွက်ကြပါတယ်။ ကိုသိန်းထွန်းကျော်နဲ့ ကိုဗဟိန်းတို့က ရှင်းပြစည်းရုံးပါတယ်။ “ကျနော်တို့က အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုဖို့သွားမှာဖြစ်တယ်။ အာဏာပိုင်တွေက လူငါးယောက်ထက်ကျော်ပြီိး စီတန်း မလှည့်ဖို့ပြောတယ်။ ကျနော်တို့မကျော်ဘူး၊ ငါးယောက်စီ တန်းပြီး လျှောက်ကြမယ်။ အလံမထောင်ရဘူး ပြော ထားတယ်၊ မထောင်ဘူး ကိုင်ပြီးလျှောက်မယ်။ ကြွေးကြော်သံ မတိုင်ရဘူး ပြောထားတယ်၊ မတိုင်ဘူး သီချင်း ဆိုမယ်။ ဒီလောက်တော့ ကျနော်တို့ ရဲရင့်မှဖြစ်မယ်။ ကျနော်တို့အခွင့်အရေးကို ကျနော်တို့ကိုယ်တိုင် ဆုပ်ကိုင် ရဲမှ ရမှာဖြစ်တယ်၊ ကျနော်တို့ ဦးဆောင်ပါမယ်၊ ဖမ်းရင်ပစ်ရင် ထွက်မပြေးဘဲ ကျနော်တို့ ရှေ့ကနေ ခံပါမယ်” ဆိုတော့မှ နောက်ကနေ လိုက်တန်းစီ ပါလာကြပါတယ်။

အရေးရယ်အကြောင်းရယ်ဆိုတော့ ခွပ်ဒေါင်းအလံက ပါမလာကြဘူး။ အစီစဉ်ထဲမပါလို့ဘဲ ကျန်နေခဲ့တာလား၊ ဘာကြောင့်လဲတော့ မမှတ်မိတော့ဘူး။ တိုက်ပွဲဖော်ပါမယ်ဆိုတော့မှ အလံမပါဘူးတဲ့။ မောင်ကျောင်းသားနဲ့ ဇေယျာဝင်း၊ နိုင်အောင်တို့ ကောက်ခါငင်ခါ စီစဉ်ကြည့်တော့ အဆင်ပြေချင်တော့ အနားဝန်းကျင် (ရွှေဂုံတိုင် လမ်းဆုံ) တ၀ိုက်က အလံလုပ်ရောင်းတဲ့ ဆိုင်တွေချည်းပဲလေ။ ဒါပေမယ့် အာဇာနည်နေ့မို့ ဆိုင်တွေက ပိတ် ထားကြတာ ၊ တမင်ကို ကူညီချင်တဲ့တဆိုင်က အဖြူရောင်တစတော့ ရှိတယ်၊ ကိုယ်ဘာသာ လိုသလိုဖြတ်သုံး ဆိုပြီး ပေးလိုက်တော့ အနေတော် အလံဆိုက်ဖြတ်လိုက်ကြပြီး ဘယ်သူဘယ်ကနေ ရှာလိုက်မှန်းမသိတဲ့ နှုတ် ခမ်းနီတောင့်နဲ့ ပန်းချီတော်တဲ့ (နိုင်အောင်လား/ဇေယျာဝင်းလား) တယောက်က ခွပ်ဒေါင်းပုံဆွဲလိုက်တာမှာ သမိုင်းတခုရဲ့တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတခု ဖြစ်သွားတော့တာပါပဲ။

ဒီလိုနဲ့ မောင်ကျောင်းသားနဲ့ ဇေယျာဝင်းက ခွပ်ဒေါင်းအလံကို ပန်းချီကားကိုင်သလို ဖြန့်ကိုင်လိုက်တယ်။ သိန်း ထွန်းကျော်၊ ဗဟိန်း၊ တရုတ်ကြီးတို့က ရှေ့ဆုံးကနေ ဦးဆောင်ချီတက်ကြတယ်။ လက်ခုပ်တွေ တဖြောင်း ဖြောင်းတီး စည်းချက်လိုက်ပြီး ကျောင်းသားသမဂ္ဂသီချင်းကို သံပြိုင်ဆိုလိုက်ကြတယ်။ စထွက်ထွက်ချင်း ပေ လေးငါးရာမှ မရောက်သေးဘူး၊ တဘက်ယာဉ်ကြောမှာ စစ်ကားနှစ်စီး လာရပ်ကြည့်နေတယ်။ ဟန့်တားတာ တော့ မလုပ်ပါဘူး။ မောင်ကျောင်းသားတို့လည်း ခပ်တည်တည်ပဲ ကိုယ့်လာအားပေးတဲ့ ပြည်သူတွေလိုပဲ သ ဘောထား သီချင်းကို အားမာန်အပြည့်ဆိုပြီး ဆက်ချီတက်ကြတာ ပထမရွံ့တွံ့တွံ့ရှိခဲ့တဲ့ မျိုးဆက်သစ်လူငယ် တွေတောင် တက်တက်ကြွကြွ ဖြစ်ကုန်ကြပါတယ်။ စန္ဒာအေးသွင်၊ ကိုစိုးကြီး၊ နိုင်အောင်နဲ့ ဗခသ အဖွဲ့ဝင်တွေ က ဘေးက ရပ်ကြည့်အားပေးနေတဲ့ ပြည်သူတွေကို “တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ” ဆိုတဲ့ ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်ကို ဝေနေကြတယ်။

“ဗမာပြည်ဆိုင်ရာ ကျောင်းသားသမဂ္ဂတို့သည် ရာဇ၀င်တွင်လောက်ပေသည်၊ တော်လှန်ရာတွင် ရှေ့ကပင် ဦး စီးချီ သက်စွန့်ကြိုးပမ်း ထမ်းရွက်ခဲ့ပေပြီ” တဲ့။ ဟိန်းထွက်နေတဲ့ကျောင်းသားသမဂ္ဂသီချင်းသံနောက်ကို ပြည် သူတွေပါ တစစ လိုက်ပါလာကြပါတယ်။ အခု M3 စားတော်ဆက်ရှေ့၊ အာဇာနည်ကုန်းဘက်ကို ချိုးမကွေ့ခင် နားမှာ ကြိုရောက်နှင့်နေတဲ့ ဗကသ၊ အကသ ကျောင်းသားတွေ၊ NLD လူငယ်တွေ အုပ်လိုက်ကြီး တွေ့လိုက် ရပါတယ် ၊ သူတို့ပါ လက်ခုပ်တွေ ၀ိုင်းတီးပြီး ကျောင်းသားသမဂ္ဂသီချင်း ၀ိုင်းဆိုလိုက်ကြတာ၊ အာဇာနည်ကုန်း ပေါ်က စောင့်ကြပ်နေတဲ့ စစ်သားတွေရင်ထဲတောင် တခုခု နက်နက်ရှိုင်းရှိုင်း ခံစားရမှာအသေအချာပါပဲ။

တိုက်ပွဲထဲမှာ အဖွဲ့မကွဲဘူး၊ ကျောင်းသားတိုင်း ညီညွတ်ကြပါတယ်။ အာဇာနည်ကုန်းပေါ် ကြည့်လိုက်တော့ အာဇာနည်ကြီးတွေရဲ့မိသားစုတွေ ကန်တော့ပြီး ပြန်ကြပြီ။ မောင်ကျောင်းသားရဲ့လက်ထဲကို တယောက်က ဗကသရဲ့တိုက်ပွဲဝင် ခွပ်ဒေါင်းအလံစစ်စစ်ကို ၀ါးလုံးတပ်ပြီးသား လာပေးတယ်။ ဖျင်းကနဲ ဆူတက်သွားတဲ့ စိတ်က မျက်စေ့ထဲ ဘာမှမမြင်တော့ဘဲ အာဇာနည်ကုန်း အနီရောင်ကြီးသာ ပေါ်နေသလိုပါပဲ။ အလံကို ဝှေ့ ရမ်းပြီး အာဇာနည်ကုန်းပေါ် အပြေးတပိုင်း တက်ချသွားတော့ ကျောင်းသားအုပ်ကြီးလည်း သီချင်းသံပြိုင်ဆို လိုက်ပါလာတာ ဘယ်အာဏာရှင်မှ မတားပါဘူး။ တားတား, ပစ်ပစ် အာဇာနည်ကြီးတွေရဲ့ခြေရင်းမှာ အာဇာ နည်အသစ်လေးတွေအဖြစ် ရဲရဲရင့်ရင့် အသေခံကြမယ်လို့ ဆုံးဖြတ်ထားကြတာပါပဲ။

အေးစက်မာကျောတဲ့ မျက်နှာသေ လုံခြုံရေးတွေရဲ့ရှေ့မှာ၊ တဖျတ်ဖျတ် ရိုက်နေတဲ့ သီတင်းဌာနတွေနဲ့ စစ် ထောက်လှမ်းရေးတွေရဲ့ကင်မရာတွေအောက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် အာဇာနည် ကြီးတွေရဲ့ခြေရင်းမှာ အားလုံးနေရာယူလိုက်ကြတယ်။ မောင်ကျောင်းသားလက်ထဲက ခွပ်ဒေါင်းအလံကို တ ရုတ်ကြီးက လှမ်းယူလိုက်တယ်။ သူ့လက်ထဲက အော်လံကို လှမ်းပေးတယ် (ဗခသနဲ့ မျိုးဆက်သစ်လူငယ့် အားမာန်လူငယ့်တပ်ဦး ပေါင်းလုပ်ခဲ့တဲ့ June 21 မြေနီကုန်းအရေးတော်ပုံ ၂ နှစ်ပြည့်အခမ်းအနားနဲ့ 7July (၂၈) နှစ်ပြည့် အခမ်းအနားတွေမှာ မောင်ကျောင်းသားပဲ အသံအောင်အောင် အခမ်းနားမှူးလုပ်ခဲ့တော့ ထန်း တက်လက်မှတ် ရတာထင်ပါရဲ့)။

ရင်ထဲမှာ ကျေနပ်နေတယ်။ ဒါ ကျောင်းသားသတ္တိကို ပြရတဲ့ တိုက်ပွဲတပွဲပဲ။ မင်းတို့ကို ငါတို့မကြောက်ဘူးဆို တာ တွေ့ပြီလားလို့ ကြည့်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ခိုင်းဖတ်တွေကို ပြနေရတာ၊ မင်းတို့ ဘာတားနိုင်မှာလဲ ငါတို့ရဲ့ပြင်းပြတဲ့ စိတ်ဆန္ဒတွေကို။ တွေးရင်း ကျောင်းသားအုပ်ဘက်လှည့် တချက်အော်လိုက်တယ်။ “ကျောင်း သားကျောင်းသူ မိဘပြည်သူအပေါင်းတို့၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေကို အလေးပြုဖို့ ကျေးဇူး ပြုပြီး ငြိမ်ပေးကြပါ”

“သွေးစွန်းနေသော အမိမြန်မာနိုင်ငံတော်အား …… အလေး …. ပြု၊ ...... နေမြဲ …

တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား …… အလေး …. ပြု၊ ...... နေမြဲ ...

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့သော အာဇာနည်အပေါင်း တို့အား …... အလေး …. ပြု၊ ...... နေမြဲ ...

ဒီမိုကရေစီရေးတိုက်ပွဲများအတွင်း ကျဆုံးခဲ့ရသော ရဟန်းရှင်လူ သူရဲကောင်းအပေါင်းတို့အား …... အလေး .… ပြု၊ ...... နေမြဲ….

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေရှေ့မှောက်မှာ သစ္စာအဓိဌာန်ဆိုမယ်၊ အားလုံးလိုက်ဆိုပါ ...”

“ကျွန်ုပ်တို့သည် မွေးရာပါအခွင့်အရေးများဖြစ်သော ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများအတွက် အာဏာ ရှင်တို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း အသက်စွန့်သွားကြသော ရဟန်းရှင်လူကျောင်းသား ပြည်သူအပေါင်းတို့၏ လေးစားဖွယ်ရာ စွန့်လွှတ်မှုများအပေါ် ဂုဏ်ပြုဦးညွှတ်ပါ၏။

အာဇာနည်သူရဲကောင်းအပေါင်းတို့၏ အစဉ်အလာကြီးမြတ်မှုကို ဆက်လက်စောင့်ထိန်းသောအားဖြင့် ကျွန်ုပ် တို့သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ခံစားရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခိုင်မာစွာ အဓိဌာန်ပြုပါ၏ ….. ။ ခိုင်မာစွာ အဓိဌာန်ပြုပါ၏ ….. ။ ခိုင်မာစွာ အဓိဌာန်ပြုပါ၏ …… ။

အားလုံး … ခေတ်သစ်ကမ္ဘာမကြေသီချင်း ... စဆို …”

“ကမ္ဘာမကြေဘူး … ငါတို့သွေးနဲ့ ရေးခဲ့ရတဲ့ မော်ကွန်းတွေ … တော်လှန်ရေး ... ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော … သြော် ... သူရဲကောင်းတို့ရေ … အာဇာနည်တွေနေတဲ့တိုင်းပြည် … ရဲရဲတောက် တို့ဗမာပြည်။

ကိုယ်တော်မှိုင်း … ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ … သခင်အောင်ဆန်း … နိုင်ငံတော်လည်း သွေးစွန်း ခဲ့ပြီ အဖရေ့ ... သြော် လုပ်ရက်ကြပေ … ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ … အတုံးရုံးထပ် လဲပြိုကာ နေ။

မောင်ကျောင်းသား သီချင်းဆိုရင်း အံကြိတ်မိတယ်။ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ အသား တွေ တဆတ်ဆတ်တုန်နေပြီး တကိုယ်လုံး ကြက်သီးဖြန်းဖြန်းထနေတယ်။ မောင်ကျောင်းသား သိတယ်။ တ ချို့သီိချင်းအော်ဆိုရင်း မျက်ရည်တွေကျနေကြတယ်။ ခုတောင် ... ဒီစာကို ရေးနေရင်း ပြန်သတိရပြီး ရင်ထဲမှာ စို့လာရင်း မျက်ရည်ဝဲမိပါတယ်။

အာဇာနည်ကုန်းပေါ်ကနေ ကျောင်းသားသမဂ္ဂသီိချင်းပဲ ပြန်ဆိုဆင်းခဲ့ကြတယ်။ ပြီးတော့ ရွှေဂုံတိုင်ဘက်ကို ပြန်လျှောက်ပြီး ရွှေဂုံတိုင်လမ်းဆုံမှာ လူစုခွဲလိုက်ကြပါတယ်။ တချို့လဲ ဆက်လျှောက်သွားပြီး တာမွေအ၀ိုင်း ထိပ်ဘက်ရောက်မှ လူစုခွဲဖြစ်ကြတယ်ပြောပါတယ်။

အဲဒီနောက်မှာ ဗခသအဖွဲ့ဝင်တွေ အတော်များများ အဖမ်းခံရပါတယ်။ ဂန္ဒီမှာ NLD ကို ၀န်းရံရေးဆိုပြီး ဆော် သြလှုံ့ဆော်မှုတွေ၊ ဆန္ဒပြပွဲငယ်တွေ၊ စာဝေစာဖြန့် လှုပ်ရှားမှုတွေ လုပ်ကြပြီးနောက်ပိုင်း ဗခသအဖွဲ့ဝင်တွေသာ မက တိုက်ပွဲဝင် အခြေခံပညာကျောင်းသားထုတရပ်လုံးရော၊ ဗကသကျောင်းသားတွေပါ တဖြည်းဖြည်း အ ဖမ်းခံကြရပြီး ကျောင်းသားလှုပ်ရှားမှုတွေ အားပျော့သွားခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားခေါင်း ဆောင် အာဏာရှင်ကိုလှရွှေ ပြောခဲ့သလိုပါပဲ။

“အမိမြေလွတ်မြောက်ဖို့အတွက် အရိုးတွေတောင်လိုပုံမှရမယ်ဆို ငါတို့ကျောင်းသားအရိုးတွေက အောက်ဆုံးအလွှာက ရှိစေရမယ် ...”

(၃)

အဲဒီဖြတ်သန်းခဲ့ဘူးတဲ့ အတွေ့အကြုံလေးတွေကို ပြန်စဉ်းစားရင်း မောင်ကျောင်းသားတို့ သတိပြုမိတာလေး တွေ၊ လက်ရှိခေတ်နဲ့ ဆက်စပ်စဉ်းစားမိတာလေးတွေ ရှိပါတယ်။ အဲဒါကတော့ ကနဦးတိုက်ပွဲကို ကျောင်းသား ကပဲ အစပြုတယ်ဆိုတာပါ။ ကျောင်းသားတွေက စုစည်းလွယ်ပါတယ်။ နောက်ဖြစ်ထက် လတ်တလော ကိစ္စ ကိုသာ သွေးဆူဖြေရှင်းကြတဲ့ ဖိရင်ကြွထိရင်ချတတ်တဲ့ ငယ်ရွယ်သူတွေဖြစ်တဲ့အလျောက် နိုင်ငံရေးနားလည် သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ မတရားမှုမြင်တွေ့ရာကနေ တွန်းလှန်အံတုမှာ ကျောင်းသားတွေသာဖြစ် ပါတယ်။

ဒီကနေ့လိုနေတာက ဦးဆောင်မှုပါပဲ။ လူတွေကို တိရိစ္ဆာန်တွေလို လက်နက်ပြခြိမ်းခြောက်အုပ်ချုပ်ထားတော့ ကျောင်းသားပဲဖြစ်ဖြစ်၊ ပြည်သူပဲဖြစ်ဖြစ် ၀တ်ကျေတန်းကျေတော့ ကြောက်ပြကြရတာပါပဲ။ ရင်ထဲတွေမှာ တော့ မခံချင်စိတ်တွေရှိနေတာ အသေအချာပါ။ အဲဒါကို ဖြည်ထုတ်နိုင်တာက ပြတ်သားရဲရင့်တဲ့ ဦးဆောင်မှုပါ ပဲ။ ဗမာပြည်သူပြည်သားတွေက တကယ်တမ်း အကြောက်ကြီးသူတွေမဟုတ်ပါဘူး။ ရှေ့ကအစလေးပဲ လိုနေ တာပါ။ ကျောင်းသားကဖြစ်ဖြစ်၊ သံဃာကဖြစ်ဖြစ် သတ်သတ် ရိုက်ရိုက် ဖမ်းဖမ်း (ရေကုန်ရေခန်း) ငါတို့ရှေ့က ခံမယ်၊ ဒီမတရားတဲ့ ရွေးကောက်ပွဲကို ရအောင်ဖျက်ကြမယ်ဆိုတာမျိုး ဦးဆောင်ပြရင် လူထုတိုက်ပွဲတွေ ပေါ် ပေါက်လာမှာပါ ။

ခေတ်အခြေအနေတွေ ပြောင်းတယ်ဆိုပေမယ့် တကယ်တမ်းက လွန်ခဲ့တဲ့နှစ် (၂၀) နဲ့အတူတူပါပဲ။ သဏ္ဍာန် အားဖြင့် မူကွဲသွားတာတွေကလွဲရင် ဖိနှိပ်ခံဘ၀က ဖိနှိပ်ခံဘ၀တွေသာပါပဲ။ ပြည်သူတွေဆင်းရဲမွဲတေမှု၊ တိုင်း ပြည်ချွတ်ခြုံကျမှုက ပိုဆိုးလာတာပဲရှိပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ စစ်အာဏာရှင်တွေအပေါ် မကျေနပ် စိတ်က လျော့ကျသွားတာတော့မဟုတ်ပါဘူး။ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ မီးသတ်၊ ရဲနဲ့ လုံထိန်းအင်အား ပိုသုံးထား ပြီး ကြောက်လောက်အောင် နှိပ်ကွပ်ပြနေလို့သာ ငြိမ်နေရမယ်၊ ထဆန့်ကျင်တဲ့ ကျောင်းသားကိုတော့ လက် ခုပ်တီးအားပေးမှာပါပဲ။ ဘေးမဖြစ်အောင် ကူပေးကာပေးကြမှာပါပဲ။ လက်ရေးမူနဲ့ ၀ိုင်းရေးဝိုင်းဖြန့်နည်းတွေ၊ လူ ထုအားကိုးပြီး ကြံ့ဖွတ်/ရဲ အခြေအနေကြည့်ပြီး စည်းရုံးလှုံ့ဆော်တဲ့နည်းတွေဟာ ခုထိလုပ်လို့ရနေတဲ့ နည်း တွေဖြစ်ပါတယ်။

ခေါင်းဆောင်မှုမှာ ငယ်တာ ကြီးတာ ပြဿနာမဟုတ်ပါဘူး။ ရဲဝံ့မှုနဲ့ ရိုးသားမှုသာ အဓိကဖြစ်ပါတယ်။ မောင် ကျောင်းသားတို့ခေတ်မှာ အတွေ့အကြုံနည်းပါးမှုတွေကြောင့် အခက်အခဲနဲ့ ပြဿနာအနည်းအကျဦး ရှိခဲ့ပေ မယ့် ဗကသလို ကျောင်းသားကြီးတွေက နေရာပေး လုပ်ပိုင်ခွင့်ပေးပြီး ၀ိုင်းထိန်းသွားတဲ့အခါ ဖော်ပြခဲ့သလို အောင်မြင်မှုကို ရရှိခဲ့တာပါပဲ။

အာဏာရှင်တွေကတော့ သူတို့အာဏာတည်မြဲရေးအတွက် အမိန့်တွေ သူတို့ဘာသာ ဥပဒေသတ်မှတ်တာ တွေ အမျိုးမျိုးထုတ်ပြန်မှာပါပဲ။ အချုပ်အချယ်တွေနဲ့ တုပ်နှောင်မခံရအောင် တရစ်ရ တရစ်ရုန်းရမှာက လွတ် မြောက်လိုသူတွေရဲ့တာဝန်သာဖြစ်ပါတယ်။ ဖြစ်ပါ့မလား တွေးပူနေရင် ဒုံရင်းဒုံရင်းပဲရှိမှာပါ။ အာဇာနည် စိတ် ဓာတ်နဲ့ တွန်းလှန်ရဲသူသာ အောင်ပွဲရမှာမို့ ၁၉၉၀ အာဇာနည်နေ့တိုက်ပွဲနဲ့ “တော်လှန်ရဲသူ အောင်ပွဲယူ အာ ဇာနည်တို့မူ” ဆောင်ပုဒ်ကို အမှတ်ရ ပြန်တင်ပြလိုက်ရပါတယ်။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ...
မောင်ကျောင်းသား

အပြည့်အစုံသို့...

ပြောချင်လို့ ... (ပေးစာ)

မင်္ဂလာပါ ...

အခုတလော ခေတ်စားနေတာကတော့ အများသိကြတဲ့အတိုင်း ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေပါပဲ။ အခု တခါတော့ နည်းနည်းပိုလာပါတယ်။ ဘာလဲဆိုတော့ အရင်တခါ အခြေခံဥပဒေအတည်ပြုတုန်းက ရဲတပ်ဖွဲ့ဝင် တွေပဲ ကြိုတင်မဲပေးခဲ့ရတာပါ။ လုံခြုံရေးဆောင်ရွက်စရာတွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ အခုဟာ က မိသားစုဝင်တွေနဲ့ အတူလိုက်နေတဲ့ ဆွေမျိုးတွေစာရင်းကိုပါ တောင်းနေပါတယ်။ အသက် (၁၈) နှစ်ပြည့်ပြီး တဲ့သူတွေ ဆိုပါတော့။ ဒါ ဘာလဲဆိုတော့ ရှင်းပါတယ်။ တပ်ဖွဲ့ဝင်တွေတင်မကဘဲ မိသားစုဝင်တွေကိုပါ ချုပ် လိုက်တဲ့သဘောပါ။ မဲမရ ရအောင် မဲအရေအတွက် မများများအောင် လုပ်နေတာပါပဲ။

ရွေးကောက်ပွဲက ဘယ် တော့လဲတော့ မသိဘူး။ နိုင်မယ့်ပါတီကတော့ အဖြေထွက်နေပါပြီ။ ရွေးကောက်ပွဲနီး လာလေ ပြည်ထဲရေးဝန်ကြီးကလည်း ပိုပိုပြီး ပါဝါပြလာပါတယ်။ ရဲတွေ ဖြုတ်လိုက်၊ မယက, ခယက, စစစတွေ ဖြုတ်လိုက်နဲ့ ပွဲကြမ်းပြနေပါတယ်။ ခိုင်းတာမလုပ်ရင် ဖြုတ်ပစ်မယ်ဆိုတဲ့သဘောပါပဲ။ သွယ်ဝိုက်ပြီး ဖိအားပေး နေပါတယ်။

ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဌာနကြီး (၅) ခုက လူတွေကိုလည်း ဟိုကနေဒီပို့ ဒီကနေဟိုပို့နဲ့ ရှုပ်အောင်ကို လုပ် နေပါတယ်။ တပ်မတော်က အဖွဲ့တွေကလည်း ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဘာဖြစ်မှန်းမသိတော့ အခုအချိန်မှာ ငွေကို အပြိုင်အဆိုင်ရှာနေကြပါတယ်။ ဥပဒေနဲ့ညီတာမညီတာ အရေးမစိုက်တော့ဘူး၊ သူတို့ငွေရဖို့တခုတည်း ပဲ ကြည့်ပါတော့တယ်။

Min Yan Naing

အပြည့်အစုံသို့...

Wednesday, July 14, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၄-၇-၂၀၁၀)

- ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ပြန်လွတ် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံမှု ကန့်သတ်ချက်တိုး click
- နအဖစစ်အစိုးရက နိုင်ငံရေးပါတီများကို အာဇာနည်နေ့တက်ရန် ဖိတ်ကြား click
- မြန်မာပြည်မှာ ဒုံးကျည်ကာကွယ်ရေးတပ် ထူထောင်နေ click
- အမေရိကန် အောက်လွှတ်တော် စစ်အစိုးရကို ဒဏ်ခတ်မှု သက်တမ်းတိုးရေး အတည်ပြု click
- စစ်အစိုးရရဲ့ လူမဆန်တဲ့ပြစ်မှု အရေးယူနိုင်ရေး ဆွေးနွေး click
- အမေရိကန်နဲ့ မြန်မာဆက်ဆံရေး မြောက်ကိုရီးယား ဆက်စပ်မှုကြောင့် စိုးရိမ်ရ click
- ဗြိတိသျှဝန်ကြီးဟောင်းက မြန်မာ့အရေး တတ်စွမ်းသမျှ ဆောင်ရွက်ဖို့ ကတိပြု click
- ဘုရားသုံးဆူမြို့ရှိ ကရင်ငြိမ်းချမ်းရေးကောင်စီဝင် တပ်စုမှူးတဦး အသတ်ခံရ click
- ကရင်နှင့် ရခိုင်တော်လှန်ရေးသမား (၃၄) ဦးအား တရားစီရင်ချက်ချလိုက်ပြီ click
- ရခိုင်နှင့် ကရင်တော်လှန်ရေးသမား (၃၄) ဦးကို ထောင်ဒဏ် (၁၅) လ ချမှတ်သတင်းနှင့်ပတ်သက်ပြီး အမှား ပြင်ဆင်ချက် click
- အဖိနှိပ်ခံပါတီ အင်အားစုတွေကို NLD ဦးဆောင် တိုက်ပွဲဝင်သင့်မသင့် (မျက်မှောက်ရေးရာ) click
- ကချင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ရွေးကောက်ပွဲ မှတ်ပုံတင်ခွင့်မပေး click
- ကေအက်စ်ပီပီ၏ ပါတီထူထောင်ခွင့် ချမပေးသည့်အပေါ် ကော်မရှင်ကို မေး click
- ပြီးသွားပြီလား (၂၀၁၀ ရွေးကောက်ပွဲ) (ပေးစာ) click
- လွတ်လပ်သော အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ဖို့ ILO မျှော်လင့် click
- စစ်တွေမြို့ အင်တာနက်လိုင်းများအား အာဏာပိုင်များက ကန့်သတ်မှုများ ပြုလုပ်နေ click

“မြန်မာပြည်လည်း ဖလားဆွဲချင်သည်” (ကာတွန်း ဇော်မှိုင်း - မိုးမခ၀က်ဘ်ဆိုက်)
- မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၃) ပုံ (၂) ပုံ ကျဆင်း click
- မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ထိုင်းစီးပွားရေးသမားများ ပြင်ဆင် click
- စီးပွားရေးသတင်း click
- ရွှေ့ပြောင်းအလုပ်သမားများ၏ လျော်ကြေးရရေး တောင်းဆိုချက် ထိုင်းဝန်ကြီး လက်ခံ click
- နာဂစ်ကျောင်းဆောက်လုပ်ရေးလုပ်သားများ ငွေလိမ်ခံရ click
- မိုးများသောကြောင့် နွေစပါးစိုက်သူများ ထိခိုက် click
- မောင်တောမြို့ရှိ ဗွီဒီယိုရုံ (၃) ရုံအား အာဏာပိုင်များက စီးပွားပျက်အောင် ပြုလုပ်နေကြ click
- ဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန် click
- စာရေးဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန် click
- ကိုဇာဂနာ၏ဖခင် စာရေးဆရာ နန်းညွန့်ဆွေ ကွယ်လွန် click
- ဇာဂနာ၏ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန် click
- ကိုဇာဂနာ၏ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန် click
- ရည်းစားဟောင်း ကိုဇော်ဝင်းရှိန်ကို မင်းသမီး ပန်းဖြူ တရားစွဲသည့်သတင်း click
- ဝါသနာရှင် ဒီဇိုင်နာတို့၏ ဒီဇိုင်းပြိုင်ပွဲ ကြည့်ရမည် click
- ပြစ်မှု (သရော်စာ) click
- အီရန်နျူပညာရှင် အိမ်ပြန် click
- ပျောက်ဆုံး အီရန်နျူကလီးယားပညာရှင် ပြည်တော်ပြန်ပြီ click
- လစ်ဗျား ထောက်ပံ့ရေးသင်္ဘော အီဂျစ်သို့ ခရီးဆက် click
- ရေနံတွင်းဝ အဖုံး ခိုင်မခိုင် BP စမ်းသပ်မယ် click
- စစ်အစိုးရအား တရားစွဲခြင်းသည် တွေ့ဆုံဆွေးနွေးမှုကို လမ်းပိတ်ခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
- စစ်အစိုးရကို NLD ထပ်မံ တရားစွဲမည် click
- စာရေးဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန် click
- ဘက်ပြောင်း DKBA တပ်ဖွဲ့ဝင် မိသားစုများ နှိပ်စက်ခံရ click
- အပစ်ရပ် SSA ‘တပ်အမည်’နှင့် ‘လုပ်ဆောင်ချက်’ မကိုက်ညီဟု မိုင်းလားခေါင်းဆောင် ဝေဖန် click
- ခိုးမှုကျူးလွန်သည့် တပ်ကြပ်ကြီးအား ရဲက ဖမ်းပြီးပြန်လွတ် click
- ရွေးကောက်ပွဲကြောင့် တက္ကသိုလ်တွင် တက်သုတ်ရိုက် စာသင်နေရ click
- ပါရာဒိုင်းအသစ် စစ်အာဏာကာကွယ်ရေးလွှတ်တော်နှင့် သတင်းမီဒီယာတာဝန် (ဆောင်းပါး) click
- ရာဇဝင်တွင်သော စကားများ (သို့) အောင်ဆန်းချဲ့လင်း (ဆောင်းပါး) click
- ယောင်မှားကာ ပါတီ ထောင်မိပေါ့ (ထွေရာလေးပါး) click
- သိန်းစိန်၏ တိုင်းရင်းသားသွေးခွဲမှုပေါ် ပြည်ပရောက် နိုင်ငံရေးသမားများ ပြစ်တင်ရှုတ်ချ click
- ဝန်ကြီး စည်းရုံးရေးခရီးစဉ်တွင် ဂျာနယ်ဖတ်ရန် တိုက်တွန်းခဲ့ click
- ကြံ့ဖွံ့ပါတီသို့ အတင်းအဓမ္မ၀င်ခိုင်း click
- မြန်မာစစ်တပ်မှ ရွာသားများကို ပေါ်တာဖမ်း click
- ဧည့်နိုင်ငံသားနှင့် နိုင်ငံသား(ပြု)ကတ်များ တရုတ်လူမျိုးများကို ထုတ်ပေး click
- သင်္ဘောမီးလောင် ဒဏ်ရာရသူကို စင်္ကာပူဆေးရုံပြောင်း click
- လေဘေးဒုက္ခသည်စခန်း တယက တားမြစ် click
- ရန်ကုန်တွင် ရာဇဝတ်မှုများ တိုးပွား click
- ရွှေဈေး ပြန်လည်ကျဆင်း click
- ကျူရှင်မတက်နိုင်သော ကျောင်းသူ/သားများ ကျောင်းပြောင်းရ click
- ပြည်တွင်းတွင် ဗိုင်းရပ်စ်ဖျက် စီဒီချပ်များ အရောင်းသွက် click
- မင်းသမီး ပန်းဖြူ ရည်းစားဟောင်းကို တရားစွဲ click
- Gtalk Status သို့မဟုတ် ရင်ချောင်ဆေး (ဆောင်းပါး) click
- မိုးမခရိုင်း (၀တ္ထုတို) click
- ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ ပြန်ဖွဲ့ဖို့ ကက်ဘိနက် ခေါင်းညိတ် click
- ဒီမိုကရက်တွေအတွက် အရန်ပါတီ မရှိလို့ ဆူထဲ့ပ်ပြော click
- ဥပဒေအကူအညီ ပိုရဖို့ ဒီမိုကရက်တွေ လုံးပမ်းနေ click
- မုန်တိုင်းထဲက ထိုင်းနိုင်ငံရေး click
- အနိုင်ဂိုးသွင်းချိန်တွင် လူကျွံနေသည်ဟု ထင်ခဲ့မိကြောင်း အင်နီယက်စတာ ထုတ်ဖော်ပြောဆို click

အပြည့်အစုံသို့...