Wednesday, December 22, 2010

ထွန်းအောင်ကျော်- ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟူသည် အစွဲများ ပပျောက်ရေးသာဖြစ်သည်

(ဘလော့ဂ်အီးမေးလ်သို့ ရောက်ရှိလာသော မူရင်း PDF အတိုင်း တင်ဆက်ခြင်းဖြစ်ပါသည်)
Htun Aung Gyaw - Federalism and Leftist

14 comments:

Unknown said...

Very good.Your article is reasonable with present situation.Go ahead.....Ko Htun Aung Kyaw.

ဝါခေါင် said...

ကိုထွန်းအောင်ကျော်ရေ
ကိုကျော်သန်းဆောင်းပါးမှာတုန်းက နိုင်ငံနာမည်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးထားတာ
ကို ဆရာလွဏ်း ဖျက်ပစ်လို့လား ၊ technical error ကြောင့်လားမသိပါဘူး။ မိနစ်ပိုင်းပဲပေါ်ပြီး ပြန်ပျောက်
သွားပါတယ် ။ အဲဒီ နာမည်ကိစ္စ ကိုဒီမှာထပ်ပြောပါရစေ ။
ကိုကျော်သန်း က နိုင်ငံရဲ့နာမည်ကို စည်းလုံးညီညွတ်ရေးအတွက် အဓိကကျတဲ့
တိုင်းရင်းသားတွေ ( ဗမာ အပါအဝင် ) အားလုံး လက်ခံသဘောတူတဲ့ နာမည်ဖြစ်ဖို့ထက် ညီညွတ်ရေးကို
ဘာမှလုပ်မပေးနိုင်တဲ့ (လုပ်ပေးချင်စိတ်လည်းမရှိကြတဲ့ ) ၊ တိုင်းပြည်ရဲ့ သံယံဇာတတွေ
ကိုအခြောင်နှိုက်နေတဲ့ တရုတ် ၊ အိန္ဒိယ နဲ့ ဘေးပတ်ဝန်းကျင်က နိုင်ငံတွေ လျှာခလုတ် မတိုက်တဲ့
နာမည်ဖြစ်ဖို့ ပိုပြီး အရေးကြီးနေသလို ရေးထားတာဖတ်ရတော့ တစ်မျိုးကြီးပဲဗျာ။
ပြီးတော့ ကျနော်က ဗမာ မဟုတ်ပေမယ်လို့ အကို ပြောတဲ့ " အတိတ်ကရွှေထီးဆောင်းခဲ့တာတွေ မေ့ပြီး ပစ္စုပ္ပန် နဲ့ အနာဂတ် ကာလ
ကိုဘယ်လိုဖြတ်သန်းကြမလဲ ဆိုသည်က ပိုအရေးကြီးပါတယ်" ဆိုတာကို အပြည့်အဝ ထောက်ခံ
ပါတယ် ။
http://lungesakarwine.blogspot.com/

Kyi said...

သိပ်ကောင်းတယ်ဗျာ။
အထူးသဖြင့် ကွန်မြူနစ်ပါတီနဲ့ပတ်သက်တဲ့တာတွေပေါ့။
“ကွန်မြူနစ်နဲ့ ဒီမိုကရေစီဆိုတာ” “ဘုန်းကြီးနဲ့ဘီး”လိုပါ။
ကွန်မြူနစ်တွေက ခုမှ ဒီမိုကရေစီတို့၊အများအခွင့်အရေး တို့၊ အော်နေတာ မယုံဘူး။
ကွန်မြူနစ်ဟာလဲ အာဏာရှင်စံနစ်ပဲ။

ဖက်ဒရယ် နဲ့ပတ်သက်လို့လဲ ဆောင်းပါးရှင်အာဘော်ကို
သဘောတူထောက်ခံပါတယ်။

ဘယ်သူတွေဘယ်လိုပြောပစေယုံကြည်ရာကို၊ယုံကြည်
တဲ့အတိုင်းရေးနေတာကိုအားပေးပါတယ်။
ကျွန်တော်အားမပေးလဲရေးနေမှာပဲဆိုတာသိပါတယ်။

yoo said...

မရှိသောလမ်း မှာစမ်းတ၀ါးဝါး၊
ခင်းနေတဲ့ လမ်းမှုာ ၀ိုးတိုးဝါးတားဖြစ်နေရရှာတဲ့ 
အိမ်မက်ချစ်သူ ဘုံဘုံ တို့ နဲ့ ပတ်သက်တာလေးတွေက
ကောင်းမှ ကောင်း။

ရာဇ၀င်ထဲမှာ အိမ်မက်ချစ်သူ ဘုံဘုံတို့ ကိုထားရစ်ခဲ့ ။

yoo said...

ဘုံ ဟုတ်ဖူး၊ ဗုံ ဆိုရင်တော့ ကြိုဆိုပါတယ်။

ဒီမိုပါတီ အခမ်းအနားပျော်ပွဲရွင်ပွဲတွေမှာ ဗုံတီးဖို့ ။

မေ့ နဲ့ နော်။

သံချောင်း၊သံခဲ၊သံကွေး၊သံတုးံ၊သံတူ၊သံမှို၊
မီးဒုတ်၊မီးခဲ၊မီးစ၊မီးန၊ထင်းချောင်း၊
ကြင်ကြင်၊ဗဗ၊ဇော်ဇော်၊ကျော်ကျော်တို့ ရေ။

yoo said...

ကိုထွန်းအောင်ကျော်ကဆောင်းပါးရဲ့ နောက်ဆုးံပိုဒ်ကို
ဖြုတ်ချခဲ့ ရမှာ။

ယောင်ပေယောင်ပေကွန်မြူနစ်တွေ သူတို့ ဖာသာ အိပ်မက် ဆက်မက်နေကြပါစေ။

yoo said...

မြောက် က ဘုံဘုံ နှင့် တွေ့ ဆုံခြင်း

မေး။ ။ ၀တ်ထားတဲ့ င်္အကျီကလဲနွမ်းဖတ်နေတာပဲ၊လဲပါအုန်းကွာ။

ဘုံဘုံ။ ။ ငါ့ င်္အကျီ.......။

မေး။ ။ ငါ့ င်္အကျီ ဘာဖြစ်လဲ ပြောလေ။

ဘုံဘုံ။ ။ ခဏလေး၊ ကေဒါတယောက်လာနေလို့ ။
(၂ မိနစ်ခန့် ကြာ)

ဘုံဘုံ။ ။ ငါ့ င်္အကျီဟုတ်ဘူး။

မေး။ ။ ဒါဆိုရင်....

ဘုံဘုံ။ ။ အလုပ်လုပ်တုန်း ပေးဝတ်တာ။ ဒီလုပ်ငန်းခွင်ပြီးဆုးံသွားရင်ပြန်
အပ်.......

မေး။ ။ ဆက်ပြောလေ၊

ဘုံဘုံ။ ။ နောက် ကေဒါတယောက်လာနေပြန်ပြီ။
(၁ မိနစ်ခန့် ကြာ)

ဘုံဘုံ။ ။ ပြီးရင်ပြန် အပ်ရတာ၊ ငါ့ မှာ ဘာဘာ ဘာမှမရှိဘူး၊ ဘုံ လေ။

မေး။ ။ ဘာဘာ ဘာမှမရှိဘူး လုပ်မနေနဲ့ ၊ စားစရာကတော့ အလျှံပယ်ပဲ။ ဟိုမှာ စားမကုန်လို့ 
ပစ်...ပစ်....။

ဘုံဘုံ။ ။ မကြောက်ပါနဲ့ ၊ ခု လာနေတာ ငါ့ သူငယ်ချင်းပါ၊ ကေဒါမဟုတ်ပါဘူး။

မေး။ ။ ပစ်ထားတဲ့ ဂေါ်ဖီထုတ်ရွက်တွေ။ နွမ်းပြီးပုတ်တောင် နေပြီ။

ဘုံဘုံ။ ။ ငါတို့ ပစ်ထားတာမဟုတ်ဖူး။ ငါတို့ တွေ
ဟင်းအဖြစ်ပြုတ်စားဖို့ ..ဖို့ .. ခဏလေး၊ ခု လာနေတာ ကေဒါလား၊ တို့ လို ဘုံလူထုထဲကလား မသိဘူး။
(အဲဒီလူ ဖြတ်သွားအပြီး)

ဘုံဘုံ။ ။ ငါတို့ တွေ ဟင်းအဖြစ်ပြုတ်စားဖို့ 
ပစ်ချပေးထားတာ၊ အဲဒါလဲ ဘုံ ပဲ၊
ထမင်းစားချိန် မင်းကိုပြုတ်ကျွေးပါရစေ။

မေး။ ။ ဟိုက်ရှားပါး၊ ဘုံအ၀တ်၊ဘုံဖိနပ်၊ ဘုံထမင်း၊ဘုံဟင်း၊ဘုံအလုပ်။

ဘုံ ဒီမိုကရေစီ။ ။ ။

yoo said...

ဘုံဘုံ။ ။ မင်းကို တခုမှာထားရအုန်းမယ်။
ညနေ TV မှာ စစ်ကားပြလိမ့် မယ်။
မေး။ ။ တို့ က စစ်ကားဆို သိပ်ကြိုက်။ ရမ်ဘိုတို့  ရောပါလား။
ဘုံဘုံ။ ။ မဟုတ်ဘူး၊ ကျုးဘားကတော်လှန်ရေးကား။
မေး။ ။ ဒါဆို နောက်နေ့ ညနေမှာ ဘာကားလဲ။
ဘုံဘုံ။ ။ ကျုးဘားပဲ။ အဲဒါ TV မှာပြနေတုန်း
ကေဒါတယောက်ကလဲမင်းနားမှာရှိနေတယ်ဆိုလို့ ရှိရင်
မုတ်ဆိတ် နှစ်ကောင် အလံတွေကိုင်ပြီး တော်လှန်နေကြတာကို ကြည့် ချင်ချင်၊ မကြည့် ချင်ချင်၊ ကြည့်ချင်ဟန်ဆောင်နေနော်။ မင်းစိတ်ဝင်စား
ဟန်မရှိဘူးဆိုရင် ဒါကွန်မြူနစ်ဝါဒဆန့် ကျင်တာနဲ့
အတူတူပဲဆိုပြီး အဲဒီ ကေဒါကမင်းကိုမှတ်သွားလိမ့့် မယ်။
မေး။ ။ ခုချိန်ထိ ကျုးဘားက မုတ်ဆိတ် နှစ်ကောင် တော်လှန်နေတာ နေ့ တိုင်းလိုလို ပြနေတော့ သြော်..ဒါကြောင့်လဲ ဘုံဘုံတယောက် သူ့ အဖေ
နာမည်တောင် မေ့သွားပြီတဲ့ ။

Anonymous said...

လိုရင်းပြောရရင်..ကွန်မြူနစ်ဝါဒ သာမက ဆိုရှယ်လစ်စနစ် ကို ပါ..မြန်မာ့လူ့ အဖွဲ့ အစည်း မှာ..အပြီးသတ်မြေမြှုပ်သင်္ဂြုလ်ပစ်ရပါမယ်..ဒါသာ..ဒီမိုကရေစီထွန်းကားရေး ၊ ငြိမ်ချမ်းရေး နဲ့  ကြီးပွားတိုးတက်ရေး ရဲ့ လမ်းစ ဖြစ်ပါတယ်..။

မြန်မာပြည်မှာလက်ဝဲကရိုက်သတ်လို့မကုန်အောင်ပေါပါတယ်...
ဒါပေမယ့်.. ကိုယ့်ဝါဒကိုယ်ကောင်းစွာလေ့လာနိုင်စွမ်းကတော့ လျော့ရဲနည်းပါးလှပါတယ်.။
နိုင်ငံရေးပယောဂစုံ နဲ့  ပြည်ပကူပံ့မှု..၊ အမေရိကန် ရဲ့ မြန်မာ့ပေါ်လစီ..မှားယွင်း ချွတ်ချော် အားနည်း မှု...၊
တပ်မတော် ကပါ လက်ဝဲ ကို အားပေးအားထား ပြုမှု ( ဥပမာ-မဆလ )....၊
စသည်စသည်...တို့ ကြောင့်....
ကမ္ဘောဒီးယား (ပိုပေါ့  ကာလ)၊ အင်ဒိုနီးရှား
( ဆူကာနို ကာလ )..တို့ လို မဖြစ်တာ ကံကောင်း တယ် လို့  မှတ်ကြပါ..။

ဒါကြောင့်..လက်ဝဲ နဲ့  ပေါင်းပြီး အလုပ်တူလုပ်ရေး မူ ဟာ လုံးဝ မှား ကြောင်း ၊
လုံးဝ လက်မခံ ကြောင်း ၁၉၈၀လောက်ကတည်းက ခံယူ ရပ်တည် ခဲ့ပါတယ်.။
လင်္ကျာ ဆို သူ အများစု က..ကမ္ဘာ့ ကွန်မြူနစ် ဆန့်ကျင်ရေးမူဝါဒသဘောတရား..ကို..ရင်ဝယ်မပိုက်ခဲ့ကြပါဘူး..။
နစ်ဆင် ကို ၀ါးတားဂိတ်လောက် နဲ့  နားလည်ထားကြပြီး...
နစ်ဆင် ရဲ့ ...ကွန်မြူနစ် ဆန့် ကျင်ရေး သဘောတရား ကို ...
မြန်မာ နဲ့  ကမ္ဘာ ဆက်စပ် တွေးတောသုံးသပ်မှု မလုပ်ခဲ့ကြပါဘူး...။
ဂမူးရှူးထိုး နဲ့ စစ်အာဏာရှင် ကို လက်ဝဲ နဲ့ ပေါင်းတိုက်ဖို့ လောက်ပဲ...လုပ်နေခဲ့
ကြတာ...ဘာများ နိုင်ငံရေးအကျိုးစီးပွား ရလိုက်ပါသလဲ..?

ဝါဒ ကို ၀ါဒ ချင်း... သဘောတရား ကို သဘောတရား ချင်း......
စစ်ခင်းချေဖျက်ရေး...ဟာ..သမိုင်းပေးတာဝန် ပါ..။
ဆောင်းပါးရှင် ကို ဂုဏ်ပြုအားပေးပါကြောင်း....။

နာဇီ နှင့် ဖက်ဆစ် ကို ဒီမိုကရေစီ အရိပ် ခိုလှုံခွင့် ကမ္ဘာ က လုံးဝ မပေးပါ။
ကွန်မြူနစ် ကို လဲ ဒီ တိုင်း ဖြစ်ရပါမည်။

yoo said...

ဘုံဘုံ နဲ့ ကေဒါ ကွကွကွိကွိ

မေး။ ။ ဘာတွေ လာ အာ သွားတာလဲ။
ဘုံဘုံ။ ။ မင်းလိုက်နာရမဲ့ ဟာတွေ လာပြောသွားတာ။
ဟို စားပွဲပေါ်တင်ထားတဲ့ စာအုပ်တွေ တွေ့ လား။
မေး။ ။ သွေးတွေပေနေတဲ့ စာအုပ်တွေလား။
ဘုံဘုံ။ ။ ဂေါက်လာပြီနဲ့ တူတယ်၊ အဲဒါ မင်းတရိုတသေ ဖတ်ရမယ်၊ပစ်စလခတ် မထားရဘူး၊ စာအုပ် မကျေစေ ရဘူး၊ စာရွက်တွေ မဖြဲရဘူး၊ ပျက်စီးယိုယွင်းနေတာတွေ့ ရင် မင်းစစ်ဆေးခံရမယ်ဆိုတာ ပြောသွားတာ။
ဒါ ကွန်မြူနစ်ဝါဒ ဆန့် ကျင်တာပဲတဲ့ ။
မေး။ ။ အမလေး၊ကြောက်ပါပြီ၊
ကွန်မြူနစ်ရဲ့ ဒီမိုတို့ ရယ်။

panchit said...

ကိုထွန်းအောင်ကျော်..
ဒီဆောင်းပါးကိုကျွန်တော်ဖတ်ရတော့ဗဟုတုတရတယ်ဗျာ။အင်မတန်ကောင်းတဲ့၊အကြောင်းပြချက်ခိုင်လုံတဲ့ဆောင်းပါးဖြစ်ပါကြောင်း။

yoo said...

yoo အပြင်ထွက်ခွင့် ရပြီ

ဘုံဘုံ။ ။yoo ရေ၊ မနေ့ ကလျှေက်ထားတဲ့ မင်းကို
အပြင်ပို့ ဆောင်ပေးရမဲ့ ခွင့်ပြုချက်ရပြီ။ မင်းကို
ရေတံခွန် ပို့ ပေးရမယ်တဲ့ ။
မေး။ ။ ငါ က မြို့ လည်ကောင် လမ်းသလားချင်တာ။
ဘုံဘုံ။ ။ ခွင့်ပြုချက်ရတဲ့ နေရာပဲ ငါကပို့ လို့ ရတာ။
နေ့ လည်စာကိုတော့  သူတို့ သတ်မှတ်ထားတဲ့ 
မြို့ လည်က ဆိုင်တဆိုင် ပါတယ်။
တခြားဆိုင် မသွားရ။ လမ်းမှာ တွေ့ တဲ့လူ အာချောင်
လို့ မရဘူး။ မြို့ လည်ကောင် ဆင်းခွင့် မရှိဘူး။
မေး။ ။ အပြင်ထွက်ရ နဲမှတ်လို့ ။ သွားမယ်။

(ဟိုရောက်တော့မှ တမင်သက်သက် တောထဲပို့  ခိုင်းခြင်းဖြစ်နေလေ၏)(ရေတံခွန်လဲမဟုတ်ပါ၊ ရေမြောင်းသာရှိသည်)
(ရေမြောင်းဘေး ငုတ်တုတ်ထိုင်ပြီး ရောက်တတ်ရာရာ
တွေးနေမိတော့သည်)

အပြန်ခရီးတ၀က် တနေရာအရောက်တွင်..

စိမ်းလန်းသာယာသောနေရာ တနေရာကို တွေ့ ရ
လေသည်။ ထိုနေရာတွင် ခမ်းနားထယ်ဝါသော
တိုက်နှင့် ဝင်းခြံများကို အစီအရီ တွေ့ ရလေသည်။
မေးကြည့်ရာ...
ကွန်မြူနစ်ပါတီကော်မတီဝင်၊ ကောင်စီဝင် နှင့်
ကေဒါ တို့ နေထိုင်ရာ အရပ်ဟုသိရသည်။

အေးအတူ၊ ပူအမျှ ဘုံ တဲ့။

(မေးတာကို ပြန်ဖြေရင်း မျက်ရည်ကျနေသည့် ဘုံဘုံ
တို့ ၏ မျက်နှာများကို သေသည်ထိ မေ့နိုင်တော့မည်
မဟုတ်ပါ)

8888999988 said...

ဒီ ထွန်းအောင်ကျော်ဆိုတဲ့ငနဲက အချိန်လွဲနေတဲ့ငနဲပဲ၊ ခုက ဖက်ဒရယ်ဆွေးနွေးခန်းရေးရမဲ့အချိန်လား၊ စစ်အာဏာရှင်တိုက်ရမဲ့အချိန်လား၊ နိုင်ငံခြားသွားနေပြီး လမ်းလွဲအောင်ါလျှောက်ရေးနေတာပဲ ၊ စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲအတွက် အရင်ပြောကြ၊ ရေးကြ ၊ ဆွေးနွေးကြစမ်းပါ ။

yoo said...

ကိုထွန်းအောင်ကျော် က ကိုကျော်သန်း ကို
ဗမာပြည်ကွန်မြူနစ်ပါတီ သည် ပါတီစုံစနစ်ကို လက်ခံကျင့်သုးံမည် ဆိုသည်ကို အထောက်အထားလိုပါသည်......လို့  သွားလုပ်နေသေးတယ်။

သူက ဘုံ တို့ ကို စိတ်ထဲမှာ ကြိတ်ပြီး အားကျချင်
အားကျနေမှာ။

တနေ့  စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ အဆောက်အဦးတခုရဲ့  တံခါးစုတ်ကြားကနေ ချောင်းကြည့်ခဲ့ဖူးတယ်။
အခန်းက စားပွဲ ကုလားထိုင်တွေချည်းပဲ ဆိုတော့
ရုးံခန်းပေါ့ ။
နရံမှာ ၀ဲ ယာ တဖက်တချက် ဓာတ်ပုံကြီး ၂ပုံ
ချိတ်ထားတာ။
တယောက်ကို သိပေမဲ့  နောက်တယောက်ကိုတော့
မသိဘူး။
ဒါနဲ့  ဘုံ ကို မေးကြည့်တော့ အဲဒါ သူ့ သား
ဓာတ်ပုံ တဲ့။
သောက်ကျိုးနဲ ၊အဲဒီအချိန်ကာလမှာ ဘာ ဘာ ဘာမှမသိလေပဲ ဂေါ်လီရိုက်နေတဲ့ သားဖြစ်သူဓာတ်ပုံကို
ကြိုချိတ်ပြီး ကိုးကွယ်ခိုင်းထားတာပဲ။

တို့ ဆီမှာ ဖိုးလတခြမ်းပဲ့  ဓာတ်ပုံမချိတ်ထားတော့
တို့ တွေရဲ့  ကံကမှ ကောင်းမှကောင်း။

ကိုကျော်သန်းက ပါတီစုံဟုတ်ဖူး၊ သားစုံစနစ်
ကို အားကျချင်အားကျနေမှာ။

ခစ်၊ လူဆိုးနော်။