Wednesday, December 22, 2010

ကမ္ဘာမှာ ကဗျာနဲ့ ကင်းတာ ဘာမှမရှိဘူး၊ မဟုတ်ဘူးလား ကိုချော …

ကမ္ဘာမှာ ကဗျာနဲ့ ကင်းတာ ဘာမှမရှိဘူး
မဟုတ်ဘူးလား ကိုချော …

သစ်ကောင်းအိမ်

ကလေးတွေရော
ကင်းတကောင်အောက် ကရွတ်တခွေဝင်လာလို့
ကင်းဘတ်(စ်)ရှေ့တွင် သူရပ်လိုက်တယ်
ကျောက်ရင်းတောင်သာ ပြောင်းပေါတဲ့ရွာ
ကြည့်ခွင့်မသာလို့ မြင်ရက်မကြုံလည်း စိတ်ထဲမှာ စွဲနေတဲ့ သံမှို
ကြယ်တွေက ရွှေချည်ထိုးထားတဲ့ ဘော်ကြယ်သစ်တွေလို
ကျနော်ကတော့ ကိုယ့်ရဲ့နာမကျန်းမှုတွေနဲ့ ကဗျာဆရာလုပ်
ခရီးသွားတယ်ဆိုတာ ...
ခင်ဗျား ဒါလီရဲ့ ‘အရည်ပျော်နေတဲ့ နာရီ’ ပန်းချီကား စားဖူးလား
ခင်ဗျား လွှတ်လိုက်တဲ့လူ ရောက်လာတယ်
ဆင်ဖမ်းမယ် ကျားဖမ်းမယ်
ဇာတ်တူသားစားတဲ့၊ အလစ်လည်းသုတ်တဲ့ ကျီးကန်း
တဖြည်းဖြည်း ကိုယ်ခံအားနည်းလာတဲ့
တောက်ပတဲ့ နှင်းတွေ ဖြည့်သွင်းထားတဲ့ ရှုမျှော်ခင်းကို
တခုခုပြောမယ်
တချပ်ပြီးတချပ် ဓာတ်ပြားတွေနဲ့
တယောက်နဲ့ တယောက်မှ
ဒီတကြောင်း ဘယ်လောက်ရယ်ရသလဲ
ဒီမြို့ကြီးမှာ
ဒိန်ခဲနဲ့ ကြွက်ကို ထောင်ရင် ကြွက်က အမြဲအသာရနေမှာ
နွေရဲ့ အပြာရောင် ညနေခင်း
ပါးပြင်ပေါ်
ဖြတ်သန်းခြင်းတခုဟာ
ဘဝမှာ ပိုက်ဆံရယ်၊ အခမ်းအနားရယ်၊ ပါဝါရယ်၊ သြဇာရယ် ပြီးတော့ ...
ဘဝရဲ့ဆီးမီး ငြိမ်းလုပြီ
ဘာတဲ့ ...
ဘယ်လိုမှ ထွက်ပေါက်မရှိနိုင်တော့တဲ့
ဘယ်လိုပဲတွေးတွေး မင်းမရေးနဲ့တော့လို့ပဲ အဖြေထွက်နေတယ်
ဘယ်လိုပဲဖြစ်ဖြစ် နှင်းကို ကျနော် ဖွဲ့နွဲ့ရမှာပါ
မစတင်နဲ့
မနေ့က သူနဲ့ ကုန်သည်ကြီးများဟိုတယ်
မနက်ဖြန်မှာ အဲဒီကို သွားဖြစ်မှာလား
မမြင်ရတဲ့မြို့က
မိုးလင်းတာနဲ့
မြည်း ဒါမှမဟုတ် နွားမ
လေတဟူးဟူးမှာ လွတ်ထွက်မသွားအောင်
လှည်းတန်းက လှမ်းဆက်သွယ်နေတယ်
ဝါဆိုမိုးဦးရဲ့ လေဆန်ထဲက ကြေးစည်သံကလေးပျံကြွ
သိသိသာသာနဲ့ မသိမသာ ရောစပ်သွားတဲ့အရာတွေ
သီးကင်းပါးလျပ်လျပ်၊ မျက်တောင်ခတ်နေတာ
သူဘယ်သွားသွား သူ့အိတ်ထဲအမြဲပါတာ
သူ့ကိုယ်သူ လူတယောက်လား
သူ့ပလပ်နဲ့သူ
သစ်ကိုင်းတကိုင်းသည် ရေသောက်မြစ်၏ ရင်သွေး
အတိတ်ကို ပြန်ကြည့်ရင်
အထီးကျန်ခြင်းဟာ
အပေါ်ယံတချက်ကြည့်ပြီး ဘေးနားအသာချလိုက်တယ်
အရေးမကြီးပါဘူး
အသည်းကွဲတဲ့ ငါ့အိမ်ရာ
အားစိုက်လိုက်တိုင်း
သြော် … သေခြင်းတရားရေ … ကျေးဇူး …။ ။

သစ်ကောင်းအိမ်
(‘မန်းချောင်းလရောင်’ စာအုပ်တိုက်မှ စီစဉ်တင်ဆက်သည့် “ကဗျာဆရာ၊ ကဗျာဆရာအယူအဆနှင့် ကဗျာရေးခြင်း” စာအုပ် နောက်ဆုံးပါ INDEX OF FIRST LINES စာမျက်နှာကို ကဗျာတပုဒ်အဖြစ် စီစဉ်တင်ဆက်ခြင်း)

No comments: