Tuesday, November 16, 2010

ရွေးစရာ နှစ်လမ်းနှင့် တိုက်ပွဲ

အောင်ချမ်း
(စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

ယခုကာလဟာ တပ်မတော်မိသားစုများ အပါအ၀င် လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး စစ် အာဏာရှင်စနစ်ရဲ့လက်အောက်က လွတ်မြောက်ပြီး တရားမျှတ စစ်မှန်လွတ်လပ် အေးချမ်းတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်ထားတဲ့ အပစ်ရပ်အဖွဲ့အားလုံးရော၊ အပစ်မရပ်ဘဲ တိုက်ခိုက်တော် လှန်နေတဲ့ အဖွဲ့တွေရော၊ စစ်အာဏာရှင် ထားရာနေ စေရာသွား ဘ၀နဲ့ ခေါင်းငုံ့လည်စင်းခံနေရတဲ့ တပ်မတော် ထဲက အရာရှိအရာခံ အကြပ်တပ်သားများရော မြို့အသီးသီးမှာရှိတဲ့ ဒီမိုကရေစီလိုလားသူများအားလုံးရော တ ညီတညွတ်တည်း တိုက်ပွဲဝင်ရတော့မယ့်ကာလဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်များ၏ အခန်းကဏ္ဍ

မိတ်ဆွေတို့အနေနဲ့ န၀တ တဖြစ်လဲ နအဖ ဆိုတဲ့ စစ်အာဏာရှင် ကြီးစိုးပြီး နိုင်ငံတော်အာဏာကို မတရားသေ နတ်တေ့ ယူထားကြတဲ့သူတွေနဲ့ တေ့တေ့ဆိုင်ဆိုင် ဆယ်စုနှစ်တစုနဲ့ တ၀က်ကျော်ကျော် ပတ်သက်ဆက်ဆံ ဖူးကြပြီးသားဖြစ်တော့ နအဖ အထက်ပိုင်းရဲ့ မိတ်ဆွေတို့ တဖွဲ့ချင်းအပေါ်၊ တယောက်ချင်းအပေါ်ထားတဲ့ သ ဘောထားကို နားလည်ကြပြီးသားဖြစ်မှာပါ။

မိတ်ဆွေတို့နဲ့ ဆယ့်လေးငါးနှစ်ကြာတဲ့အထိ အပစ်အခတ်ရပ်စဲပြီး တဘက်နဲ့တဘက် ၀င်ထွက်သွားလာနေပေ မယ့် မိတ်ဆွေတို့နဲ့ ပတ်သက်တဲ့ နအဖ အထက်အဖွဲ့အစည်းရဲ့ တွေးခေါ်ပုံနဲ့ အဆင့်အတန်းသတ်မှတ်ပုံက ဘယ်လိုဆိုတာ သိပြီးသားဖြစ်မှာပါ။

စပြီး အပစ်ရပ်ပြီဆိုတဲ့နေ့၊ တရားဝင် သတင်းစာ၊ မြန်မာ့ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေ ဘယ်အဖွဲ့ ဘယ်အဖွဲ့ ဟာဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေဘောင်ထဲ ၀င်ရောက်လာကြောင်း ဆိုတာကို အကျယ် တ၀င့် ဖော်ပြချိန်ကတည်းက မိတ်ဆွေတို့ သိမှာပါ။

ဝေါဟာရအရကိုပဲ ကချင်ဆိုတဲ့ကောင်တွေ၊ ရှမ်းဆိုတဲ့ကောင်တွေ၊ ၀ ဆိုတဲ့ကောင်တွေ၊ ကရင်နီဆိုတဲ့ကောင် တွေ၊ ကယန်းဆိုတဲ့ကောင်တွေ၊ မွန်ဆိုတဲ့ကောင်တွေ၊ ကရင်ဆိုတဲ့ကောင်တွေကတော့ ကျေကျေနပ်နပ်ကြီး ပွဲ နဲ့ လမ်းနဲ့ လက်နက်ချပြီး ကျောသပ်ရင်သပ်ခံနေရတာကို သဘောကိုခွေ့နေတာပဲဟေ့ဆိုတဲ့ အဓိပ္ပာယ်ဆိုတာ ကိုယ်တိုင်သိမှာပါ။ သေချာပြန်မှတ်မိချင်ရင် မိတ်ဆွေတို့အဖွဲ့တွေ ငြိမ်းချမ်းရေးယူတယ်ပဲပြောပြော အပစ်အ ခတ်ရပ်စဲတယ်ပဲပြောပြော အဲဒီအချိန်ကထုတ်တဲ့ ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသတင်းစာနဲ့ စစ်အာဏာ ရှင်ရဲ့ ၀ါဒဖြန့်ချိရေးယန္တရားက ထွက်လာခဲ့တဲ့ ရုပ်မြင်သံကြားအခန်း၊ သတင်းစာဖြတ်ပိုင်း၊ ရေဒီယိုအသံလွှင့် ကဏ္ဍတွေက ဆိုလိုရင်းက ဘာလဲဆိုတာကို ပြန်မြင်ယောင်ကြည့်ပါ။

ကချင်ဖြစ်ဖြစ်၊ ၀ ဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ်၊ ကယားဖြစ်ဖြစ်၊ မွန်ဖြစ်ဖြစ်၊ ဘယ်အဖွဲ့ဖြစ်ဖြစ်၊ ခင်ဗျားတို့ သေနတ် တွေကို တန်းစီထောင်ထားပြီး ဝှေးသင်းခံလိုက်ရတဲ့ ကြောင်သိုးတွေလို ခပ်ကုပ်ကုပ်ကလေး ဓာတ်ပုံရိုက်ခံခဲ့ တာ၊ ရုပ်မြင်သံကြားအဖွဲ့ရဲ့ ကင်မရာအောက်မှာ သိမ်ငယ်ခဲ့ကြရတာ မှတ်မိကြမှာပါ (ဝှေးသင်းခံရပြီးသား စိတ်ထားနဲ့ သူတွေကတော့ သိမ်ငယ်စိတ်ဖြစ်မည်မထင်)။ ကချင်အဖွဲ့ခင်ဗျား ... ခင်ဗျားတို့ ကချင်တင်မက အားလုံးသော အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့များအား နအဖ အထက်အဖွဲ့အစည်းမှ စကတည်းက ယနေ့အ ထိ သောင်းကျန်းသူဟုသာ သုံးနှုန်းရည်ညွှန်းသည်ဆိုသည်ကို အသိပေးလိုက်ပါရစေ။

ယခုအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအားလုံး တညီတညွတ်တည်း မိမိနယ်မြေမှ မိမိ တပြိုင် နက်တည်း ပြတ်ပြတ်သားသား စတင်တိုက်ပွဲဝင်ရမယ့် အချိန်ကာလဖြစ်ပါတယ်။ မိတ်ဆွေတို့ဟာ မိတ်ဆွေတို့ စစ်ရေးမဟာမိတ်ဖွဲ့ဖွဲ့၊ နိုင်ငံရေးမဟာမိတ်ဖွဲ့ဖွဲ့ ကြိုက်တာဖွဲ့လို့ဖြစ်ပါတယ်။ တကယ်တမ်း အဲဒီစကားကြီးစကား ကျယ် မဟာမိတ်ဆိုတဲ့ ခေါင်းစဉ်တွေကို သိပ်ခေါင်းခြောက်ခံ စဉ်းစားဖို့ထက် အလုပ်အဖွဲ့တခုအဖြစ် တဖွဲ့နဲ့တဖွဲ့ အသိအမှတ်ပြုဖို့ လိုပါတယ်။

ချင်းမိုင် သွား၊ လူစု၊ သုံးလေးရက် အချိန်ယူ၊ အဲသလိုလုပ်ဖို့ မလိုပါဘူးခင်ဗျား။ အဖွဲ့တိုင်း အဖွဲ့တိုင်း ၊ အခြားအ လုပ်ဖြစ်မယ့် နည်းနာတွေ သုံးပြီး ချိတ်ဆက်ပါ။ တဖွဲ့ချင်းရဲ့ ပေါ်လစီကို အာမခံနိုင်မယ့် စစ်ဦးစီးချုပ်နဲ့ ဗဟိုဦး ဆောင်ကော်မတီကိုကိုယ်စားပြုမယ့် ခေါင်းဆောင်တဦးစီကို တဖွဲ့စီက ရွေးလိုက်ပါ။ ပြီးရင် အဲဒီကိုယ်စားလှယ် တဦးချင်းနဲ့ သူ့အလုပ်အဖွဲ့ငယ်တွေပါဝင်တဲ့ ပြည်ထောင်စုကော်မတီဆိုတာ ဖွဲ့လိုက်ပါ။ ပြီးရင် အဲဒီကော်မတီရဲ့ စစ်ရေးဆုံးဖြတ်ချက်တွေကို ဒေသအလိုက် တာဝန်ယူကိုင်တွယ်မည်ဖြစ်သလို ကော်မတီကို ပြန်လည်တင်ပြ ဆွေးနွေးပြီး နေ့စဉ် အချိတ်အဆက်နဲ့ လှုပ်ရှားရမှာဖြစ်ပါတယ်။

ပြီးရင် ခင်ဗျားတို့တွေရဲ့ ပထ၀ီအနေအထားတွေ တခုချင်းအရ ကိုယ့်ပြည်နယ် ကိုယ့်ဒေသကို မြေပုံတကွက်စီ ကနေ ဒေသန္တရတခုစီအထိ ခွဲပြီး တာဝန်ယူလိုက်နိုင်ဖို့ လိုပါတယ်။ စစ်ဦးစီးမှူးတွေအနေနဲ့လည်း တပွဲချင်း နည်းဗျူဟာပိုင်းအပြင် သေနင်္ဂဗျူဟာတခုလုံးကို တိတိကျကျ ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုအပ်တဲ့အ တွက် ခင်ဗျားတို့ချင်းတွေ ဆက်သွယ်ရေးကွန်ရက်များ နာရီနဲ့အမျှ ရှိနေရပါမယ်။ စစ်ပွဲတပွဲချင်းကို အဆုံးအ ဖြတ်ပေးနိုင်မယ့် အဓိကအချက်ဖြစ်တဲ့ လှုပ်ရှားစစ်ကိုတော့ ပိုင်ပိုင်နိုင်နိုင် ကျင့်သုံးဖို့ လိုပါလိမ့်မယ်။

ပေါ့ပါးပြီး ပြောင်းလွယ်ပြင်လွယ်ဖြစ်မယ့် စုဖွဲ့မှုအသေးစားလေးတွေနဲ့ synchronized and coordinated attacks နည်းဗျူဟာကို တွင်တွင်သုံးနိုင်ရပါလိ့မ်မယ် (ရန်သူ၏ စိတ်နေစိတ်ထား လုပ်ပုံကိုင်ပုံများကို သင်တို့ အနေဖြင့် သိပြီးဖြစ်မည်ဟု ယူဆပါ၏)။

အဲသလိုမှမဟုတ်ရင်တော့ ခွေးလျက်တဲ့ ထန်းလျက်ခဲလိုပဲ ခင်ဗျားတို့ တိုင်းရင်းသူတွေ အဓမ္မ ပေးခံလိုက်ရတဲ့ သားကလေးတွေ ဥလာတာ အဖတ်တင်ပြီး ခင်ဗျားတို့လည်း အခြေမှုန်းခံလိုက်ရတာသာ အဖတ်တင်ပါလိမ့် မယ်။ တခု ခင်ဗျားတို့ သတိထားရမယ့် အချက်ကတော့ သတင်းလုံခြုံရေးကိစ္စနဲ့ စစ်ရေးသတိရှိဖို့ ဖြစ်ပါတယ်။ ယောင်လို့မှ ပြည်ပရောက်အဖွဲ့အစည်းများကို ပတ်သက်ဆက်နွယ်ပြီး အလုပ်လုပ်ဖို့ မကြံလိုက်ပါနဲ့။

ပြည်တွင်း ဒီမိုကရေစီအင်အားစုများ

ပြည်တွင်းဒီမိုကရေစီအင်အားစုများအနေဖြင့်တော့ဟူမူ အထူးပြောစရာလိုမည်မထင်ပါ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ဝန်းကျင်လုံး ကြာနီကန်ဆရာတော်ကို အားကျသလား မှတ်ရလောက်အောင် တရားပွဲများသာ မှိုလို ပေါက် လူစည်ခဲ့ပြီး ဘာတခုမှ အလုပ်မဖြစ်ခဲ့သည့် အနေအထားများကို ထပ်မံမပြုလုပ်ရန် အထူးသတိထား သင့်သလို ကုန်းမခံဘူးဆိုလျှင်လည်း ပက်လက်လှန်၍ တဟီးဟီး မနေတန်ရာဟု သတိပေးလိုပါ၏။

ပြည်တွင်း ရောကျော်များ

လွှတ်တော်ထဲ ငါတော့ရောက်ရချည်သေးရဲ့ဟု စိတ်ကူးနှင့် ရူးခဲ့သူများအနေဖြင့်လည်း မူလတန်းကျောင်းသား ဘ၀ မုန့်လုခံရ၍ အတန်းပိုင်ဆရာထံ လက်ပိုက်တိုင်တောသော အနေအထားဖြင့်သာ ငါ့မုန့်ကလေးပြန်ရ နိုးနိုး ဖြင့် တိုင်မယ်တောမယ် အာမယ် ပွားမယ် စိတ်ကူးနေကြရုံဆိုလျှင်တော့ သင်တို့ မြဲမြဲမှတ်ထားရမည်မှာ သင် တို့ ခါးတွင်ချိတ်ထားသော ဆီပုလင်းသည် ခြေရာလက်ရာမပျက် ဖြစ်သော်ငြား သင်တို့၏ အိပ်ရာနား သဲများ ပြန့်ကျဲကျန်ခဲ့သည်အထိ မသိသေးလျှင်တော့ သင်တို့ကြိုက်၍သာဖြစ်ပေလိမ့်မည်ဟု ယူဆ၍ရပါ၏။

ဖြစ်သင့်သည်မှာကတော့ ပြည်တွင်းမှ ဒီမိုကရေစီအင်အားစုများနှင့် common ground တခုကိုရှာ၍ လက်တွဲ လုပ်ကိုင်သွားသင့်ပါသည်။ အဟုတ်အမှန် အတည်ပေါက် အသည်းအသန် အမတ်မင်းများ ဖြစ်လိုလျှင်လည်း အနည်းငယ်တော့ ကြိတ်မှိတ်သည်းခံကြစေလိုပါ၏။

တပ်မတော်

ကျနော်တို့ တပ်မတော်သည် အစဉ်အလာကောင်းခဲ့သော တပ်မတော်ဖြစ်ပါသည်။ ဖက်ဆစ်ဂျပန်ကို ပြည်သူ လူထုနှင့်အတူ လက်တွဲတော်လှန်ခဲ့သော တပ်မတော်ဖြစ်ပါသည်။ ကမ္ဘာစစ်နှင့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲများအရ လွတ်လပ်ရေးရလာခဲ့ချိန်မတိုင်ခင်ကတည်းက ပြည်သူလူထုထဲက ပေါက်ဖွားလာ သော တပ်မတော်ဖြစ်ပါသည်။

ကျနော်တို့တပ်မတော်ကို စတင်ဖျက်ဆီးခဲ့သူများသည် တပ်မတော်ကို လက်ကိုင်တုတ်လုပ်ချင်သော နိုင်ငံရေး သမားတစုနှင့် လက်ကိုင်တုတ်အလုပ်ခံပြီးမှ အကြွင်းမဲ့အာဏာ၏ အရသာကို သိရှိသွားသော ဗိုလ်ချုပ်ကြီး နေ ၀င်းတို့ဖြစ်ပါသည်။ တကယ်တော့ တပ်မတော်သည် တိုင်းပြည်ကာကွယ်ရေးအတွက်သာ အမြဲရှိသင့်သည့် နိုင် ငံ့ဝန်ထမ်းတို့၏ အဖွဲ့အစည်းကြီးတရပ်ဖြစ်ပါသည်။

တပ်မတော်တွင် ရိုးရိုးသားသား အေးအေးဆေးဆေး ပြန်တမ်းဝင်အရာရှိအဖြစ်နှင့် အေးအေးလူလူ နေလိုကြ သည့် အရာရှိများ များပြားစွာရှိသလို၊ တပ်မတော်သားဘ၀ကို ဂုဏ်ယူလိုကြသည့် အခြားအဆင့် တပ်မတော် သားများလည်း မရှားလှပါ။ ယခင်ရက်ပိုင်းက ဒီကေဘီအေမှ ထိမ်းသိမ်းထားသော တပ်မတော်အရာရှိနှင့် ဒီဗွီ ဘီ အင်တာဗျူးကို ဖတ်ရှုလိုက်ရချိန်ဝယ် တပ်မတော်အရာရှိများအပေါ် ထားရှိသော နအဖ အထက်အဖွဲ့အ စည်း၏ သဘောထားကို သိနိုင်မြင်နိုင်ပါ၏။ ထိုအရာရှိသည် အထက်အမိန့်အရ ဒီကေဘီအေ ခေါင်းဆောင် များနှင့် သွားရောက်ဆက်စပ်ညှိနှိုင်းရန်ဖြစ်သော်လည်း ဒီကေဘီအေမှ ဖမ်းဆီးထိမ်းသိမ်းလိုက်ချိန်တွင် ထိုအ ရာရှိ၏ အသိတွင် သူ့အား ပြန်လွှတ်ပေးခဲ့လျှင်လည်း သူ့အနေဖြင့် စစ်ခုံရုံးအတင်ခံရမည်ကို သိနေနှင့်ပြီးဖြစ် နေပါသည်။ တကယ်တော့ ဒီကေဘီအေနှင့် ပူးပေါင်းရန်၊ မိမိတပ်ရင်း တပ်မနှင့် မိမိအဖွဲ့အစည်းအား ပုန်ကန် ခြားနားရန် သွားရောက်ခြင်းမဟုတ်ခဲ့ပါ။

ထိုကဲ့သို့ မိမိ၏ တပ်မတော်အရာရှိများအပေါ်တွင်ပင် ယခုလို သဘောထားရှိသည့် နအဖ အဖွဲ့အစည်းသည် သာမာန် အခြားအဆင့် တပ်မတော်သားများနှင့် တပ်မိသားစုများအပေါ် မည်မျှ အကြင်နာကင်း ရက်စက်မည် ကို တပ်မတော်သားတိုင်း သိပြီးဖြစ်ပါသည်။

တပ်မတော်သား ရဲဘော်ရဲဘက်အပေါင်းတို့ ခင်ဗျား ...

ယခုကာလသည် ခင်ဗျားတို့ ကျနော်တို့ ၏ တပ်မတော်သားဘ၀ ဂုဏ်သိက္ခာ၊ ကျနော်တို့ မိသားစုများ၏ အနာ ဂတ်နှင့် ပြည်သူလူထုဘ၀တခုလုံး ကောင်းစားစေရေးအတွက် တပ်မတော်သားအားလုံး နအဖ အထက်အဖွဲ့ အစည်းအား ပြတ်ပြတ်သားသား တွန်းလှန်တိုက်ထုတ်၍ ပြည်သူလူထုနှင့် လက်တွဲပြီး ဒီမိုကရေစီအောင်ပွဲခံ ရန်သာဖြစ်ပါတော့သည်ခင်ဗျား။

တိုက်ပွဲစဉ်မဟုတ်သည့် တခြားရွေးစရာ

ကြာမည်၊ ပင်ပန်းမည်၊ အဆုံးအရှုံးများမည်၊ ဆင်းရဲမည်၊ သေမည်၊ ထိုအရာများကို ကွင်းရှောင်နိုင်ရန် လမ်း သည်ကား တလမ်းတည်းသာရှိ၏။ ထိုလမ်းသည်ကား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နအဖ အထက်အဖွဲ့အစည်း အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသားလူမျိုးအဖွဲ့အစည်း များ အားလုံးပါသော သုံးပွင့်ဆိုင် ဆွေးနွေးဖြေရှင်း အလျှော့အတင်း လုပ်ကြခြင်းဖြင့် ယုံကြည်မှုအပြန်အလှန် တည်ဆောက်ကာ အတိတ်ဖြစ်ရပ်ဆိုးများအား ခွင့်လွှတ်နားလည်ပြည်ဖုံးကားချပြီး ပြည်ထောင်စုသစ်ကြီးအား အင်တိုက်အားတိုက် အနစ်နာကိုယ်စီခံမှုဖြင့် နွမ်းနယ်ဆင်းရဲသော မိမိပြည်သူပြည်သားများ၏ ဘ၀များအား တန်ဖိုးထားရန်သာဖြစ်ပါ၏။

ကျနော်တို့ တိုင်းပြည်၏ ယနေ့အခြေအနေသည် ကျောက်ခေတ်နှင့် ပြက္ခဒိန်တရွက်သာ ကွာပါတော့၏။ ထို့ ကြောင့် အိမ်နီးချင်းနိုင်ငံများအား အမီလိုက်ဖို့မဆိုထားနှင့်၊ ကိုယ့်ပြည်တွင်ဖွားသော နိုင်ငံသားအားလုံး စစ်မှန် သည့် ဒီမိုကရေစီကို ခံစားရပြီး ထမင်းဝရန် ကိစ္စကို ပထမ အလေးပေး၍ လုပ်ဆောင်သွားမည်ဆိုလျှင်မူ ကျ နော်တို့ တိုင်းပြည်နှင့် ကျနော်တို့ရင်သွေးများ၏ အနာဂတ်လှပါလာနိုင်ပါ၏။ အနည်းဆုံးဆိုရလျှင်မူ ကျနော်တို့ ၏ အလယ်တန်းကျောင်း စာသင်ခန်းထဲတွင် သနပ်ခါး ပါးကွက်ကြားကလေးဖြင့် ထိုင်နေနိုင်မည့် လူမမယ် က လေးမလေး ဖာသည်ပေါက်စ မဖြစ်တော့မည့် အကျိုးအမြတ်များကို မနှေးအမြန် မြင်တွေ့လာရပါတော့မည်။

အောင်ချမ်း

2 comments:

Unknown said...

တရားသောတိုက်ပွဲမှ သင့်အားအလိုရှိသည် တော်လှန်ရေးတိုက်ပွဲအတွက် ငွေအား လူအား ဖြင့်ကူညီကြပါ။
အမှန်တရားတွက် တာဝန်သိ အသိစိတ်ရှိသူတိုင်း တာဝန်ထမ်းဆောင်ရမဲ့အချိန်ဟာ အခုချိန်ပဲ

:-) said...

အဲဒီဇော်မျိုးဆိုတာကို
အမြဲတမ်းနေရာတကာမှာတွေ့နေရတော့
ပုံစံကြည့်ရတာ အလုပ်မလုပ်ပဲ
သခင်မျိုး မဟာမြန်မာပီပီ ကနေဒါမှာ အလုပ်လက်မဲ့ လက်ဝါးဖြန့်တောင်းစား တနေကုန် လိုက်comment နေပုံရတယ်..
အင်း..ထူးတော့ မထူးပါဘူးလေ..
သံတော်ဆင့်မြင့်ဆွေလိုပေါ့..