Sunday, October 10, 2010

ထိုင်းနိုင်ငံ၊ ခွန်ကယ်မြို့၊ ဒေချားဖန်းနစ် ပိုက်ကွန်စက်ရုံက မြန်မာအလုပ်သမား တွေကို အမည်မသိ သေနတ်သမားတွေက လာရောက်ပစ်ခတ်ခြင်း

သူတို့ရဲ့ပတ်စပို့၊ အလုပ်လုပ်ခွင့်လက်မှတ်၊ နေထိုင်ခွင့်လက်မှတ်နဲ့ လုပ်အားခတွေရဖို့အတွက် ဆန္ဒပြတောင်း ဆိုနေတဲ့ မြန်မာအလုပ်သမားတွေကို စက်ရုံပိုင်ရှင်က အောက်တိုဘာလ (၆) ရက်နေနဲ့ (၇) ရက်နေ့တွေက ကြေညာချက်တွေထုတ်ပြီး စက်ရုံကနေ ထွက်ခွာဖို့ နှင်ထုတ်နေပေမယ့် သူတို့ရဲ့ရပိုင်ခွင့်တွေ မရတဲ့အတွက် ပတ်စပို့ကိုင်ထားတဲ့ မြန်မာအလုပ်သမား (၅၆၉) ယောက်ဟာ စက်ရုံမှာ စာရေးသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အောက်တိုဘာလ (၉) ရက်နေ့ မနက်ပိုင်းမှာတော့ သေနတ်သမားလို့ မိမိကိုယ်ကို မိတ် ဆက်လာသူတွေက အလုပ်သမားခေါင်းဆောင်တွေရဲ့ ဖုန်းများကို ဆက်သွယ်လာပြီး သူတို့တွေဟာ အလုပ် သမားတွေရဲ့ အနီးမှာရှိကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

(၉) ရက်နေ့ ည (၁၁) နာရီကျော်အချိန်လောက်မှာတော့ အလုပ်သမားတွေ စုဝေးရာ တန်းလျားကို ဆိုင်ကယ် နဲ့ သေနတ်သမား (၂) ဦး လာရောက်ပစ်ခတ်ခဲ့ပြီး အလုပ်သမားတွေ ၀ိုင်းဝန်းလိုက်ဖမ်းတဲ့အခါမှာ ဆိုင်ကယ် တစီးသာ ဖမ်းမိခဲ့ပြီး သေနတ်သမားတွေကိုတော့ ဖမ်းမမိလိုက်ဘူးလို့ ဆိုပါတယ်။ ဖမ်းမိတဲ့ ဆိုင်ကယ်နံပါတ် ကတော့ (ခေါ်ခိုင် ငေါငူ ထော်ထဟန်) ခွန်ကယ်မြို့နယ် နံပါတ်နဲ့ (၂၅၉) ဖြစ်ပါတယ်။

အဲဒီနောက် ည (၁၂) နာရီအချိန်လောက်မှာတော့ စက်ရုံက အလုပ်သမားတန်းလျားတွေရဲ့ အနောက်ဘက် တောစပ်ကနေ သေနတ်သံတွေ (၈) ချက်ထက်မနည်း ပေါ်ထွက်လာတာကြောင့် မြန်မာအလုပ်သမားတွေအ နေနဲ့ သူတို့ရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်ရတဲ့အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ သေနတ်များ ပစ်ခတ် မှုကြောင့် အလုပ်သမားများ ရုန်းရင်းဆန်ခတ် ဖြစ်နေကြပေမယ့် စက်ရုံအာဏာပိုင်များ လုံးဝလာရောက်ခြင်းမ ရှိပါလို့ဆိုပါတယ်။ ဒါ့အပြင် အလုပ်သမားများက နယ်မြေခံအာဏာပိုင်များကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ဘူးလို့ ဆိုပါတယ်။

အစိုးရမဟုတ်တဲ့ အလုပ်သမားအရေးလုပ်နေသူတွေရဲ့ ဆက်သွယ်ပေးမှုကြောင့် အောက်တိုဘာ (၁၀) ရက် မနက် (၁) နာရီအချိန်လောက်မှာတော့ စက်ရုံက ဒရ၀မ် (၃) ဦးနဲ့အတူ ရဲ (၃) ဦးပါတဲ့ ရဲကားတစီး ရောက်ရှိ လာကာ ဆိုင်ကယ်ကို ကြည့်ရှုစစ်ဆေးပြီး ဆိုင်ကယ်ကို ဓာတ်ပုံရိုက်ခြင်းမရှိဘဲ ဆိုက်ကယ်ကို စစ်ဆေးဖို့အ တွက် ရဲစခန်းကို ယူသွားမယ်လို့ ဆိုပါတယ်။ ရဲတွေနဲ့ ဒရ၀မ်တွေက ထိတ်လန့်နေတဲ့ အလုပ်သမားတွေကို ရယ်မောပြီး သေနတ်နဲ့ ပစ်ခတ်မှုကို လေးလေးနက်နက် မေးမြန်းခြင်းမလုပ်ဘဲ သေနတ်နဲ့ပစ်တာ သေချာလို့ လားဆိုတဲ့ မေးမြန်းတာမျိုးတွေလောက်သာလုပ်ကာ (၁၅) မိနစ်ခန့်နေပြီး ချက်ချင်းပြန်ထွက်သွားတယ်လို့ အ လုပ်သမားတွေက ပြောပါတယ်။

ရဲတွေဟာ စက်ရုံကို လာလေ့ရှိသူတွေဖြစ်ပြီး စက်ရုံပိုင်ရှင်နဲ့ ပတ်သက်တဲ့ ရဲများဖြစ်တဲ့အတွက် အလုပ်သမား များက ဆိုက်ကယ်ကို ယူခွင့်မပေးသေးဘဲ လူအခွင့်အရေးအဖွဲ့တွေ၊ အလုပ်သမားအရေး လုပ်နေတဲ့အဖွဲ့တွေ လာရောက်မှသာ အပ်နှံမယ်လို့ပြောပြပါတယ်။ ရဲကားမှာ ရေးထားတဲ့ ဖုန်းနံပါတ်ကတော့ ၀၄၃-၃၉၃၂၁၀ ဖြစ် တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အသေးစိတ်ကို မေးမြန်းလိုပါက စက်ရုံက အလုပ်သမားခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ကိုအောင်တင့် - ၀၈၇ ၆၄၂ ၁၀၄၃
ကိုမြင့်မောင် - ၀၈၂ ၇၀၆၆ ၀၀၂
နန်းအေးမွန် - ၀၈၈ ၀၆၄ ၀၀၃၁ တို့ ဖြစ်ပါတယ်။

စက်ရုံပိုင်ရှင်က ခိုင်းထား၍ မြန်မာအချင်းချင်း နှိပ်ကွပ်နေသည့် မြန်မာအုပ်ချုပ်ရေးအဖွဲ့ဓာတ်ပုံ

33 comments:

mg said...

လွတ်လပ်ပါတယ်ဆိုတဲ့ ဒီမိုကရေစီတိုင်းပြည် လူ့အခွင့်ရေးရှိပါတယ်ဆိုတဲ့ ဒီမိုကရေစီတိုင်းပြည် ဘယ်မှာလဲ တစ်ခုမှမတွေ့မိဘူး...ခိုင်းချင်သလိုခိုင်း ရိုက်ချင်သလိုရိုက် ဖမ်းချင်သလိုဖမ်း လူလိုသဘောမထား ကျွန်လိုသဘောထားနေတာကိုတောင်မှ စိတ်မနာကြပဲ အေးချမ်းတည်ငြိမ်နေတဲ့ မိခင်တိုင်းပြည်ကိုကြတော့ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့အပြစ်တင်ပြောကြတယ်...ခင်ဗျားတို့ပြောပြောနေတဲ့ ဆိုးဝါးနေတယ်ဆိုတဲ့ မြန်မာနိုင်ငံဟာ ခင်ဗျားတို့လက်တွေ့ခံစားနေရတဲ့ တိုင်းပြည်တွေထက် အများကြီး အေးချမ်းသာယာတယ်ဆိုတာ ခင်ဗျားတို့သိရဲ့နဲ့ မျက်စိမှိတ်ပြီး မိခင်တိုင်းပြည်ကို ဘယ်တော့မှ အကောင်းမြင့်လေ့မရှိကြဘူး...

မိမိကို လုပ်ချင်သလိုလုပ်နေတဲ့ မင်းမဲ့တိုင်းပြည်မှာ လစာတွေဘယ်လောက်ကောင်းကောင်း လုံခြုံမှုမရှိတဲ့ မင်းမဲ့တိုင်းပြည်မှာ ငွေထက် အသက်က ပိုအရေးကြီးတယ်...အမိတိုင်းပြည်မှာနေလို့ ငတ်မသေဘူး...နောက်ဆုံး အမိတိုင်းပြည်မှာ ငတ်သေသွားလို့ သေသွားရင်လည်း မိခင်တိုင်းပြည်မှာဖြစ်တဲ့တွက် ဂုဏ်ရှိရှိနဲ့သေလိုက်ကြစမ်းပါ...

ကျားလိမ္မာ said...

ကဲကဲ
ဘယ်လိုလဲ ဘာမှ မြန်မာပြည်သူတွေအတွက် ကြီးကြီး ကျယ်ကျယ်တွေ ခဏထားဦး အခု မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်နေတယ် အဖွဲ့အစည်းပေါင်း တစ်ထောင်ကျော် လောက်ဖွဲ့ထားတဲ့ အတိုက်အခံတွေ ဘယ်လို အကူအညီတွေပေးမလဲ ဘာသံမှ မကြားသေးပါဘူး...။ အင်းပေါ့လေ ဒေါ်လာမှ မရတာကိုး...။

naynyoyaung said...

ပြောစရာရှိလို့ပါ

Unknown said...

မိုးသီးဇွန်တို. ဝေနှင်းပွင်.သုန် တို.
မြန်မာအစစ်မဟုတ်လို. ဒီကိစ္စကို
ဘာမှမပြောကြတာလား
သူတို.အဖေတွေ လွတ်ဖို.ထက်
ဒီလူတွေ ဒုက္ခက ပိုဆိုးပါတယ်
သူတို.အဖေက ထောင်ကကျွေးနေသေးတယ်
အခူတော. တို.လူမျိုးတွေ ယိုးဒယားမှာ
ငတ်နေကြပြီ။
အဲဒီမှာ ရှိတဲ. နိုင်ငံရေးအဖွဲ.အစည်းတွေ ဘာလုပ်နေလဲ
လူ ၅၀၀ ကျော် အသတ်ခံရမှာ ဘာထိုင်လုပ်နေလဲ။
KNU တို. SSA တို.ကကောဘာလုပ်နေလဲ
အားနေ စစ်သားတွေ ချောင်းပြစ်နေတာပဲ ဂုဏ်ယူနေမှာလား ။
မင်းတို. တိုင်းရင်းသားလူမျိုးစုံတွေကို ယိုးဒယားကောင်တွေ
လုပ်ချင်သလို လုပ်နေတာကို
ဘာမှ မပြောဘူးလား ။
ကြောက်ကြတယ်ပေါ.
ယိုးဒယားကို ။
ခြုံခိုတိုက်တာနဲ. သူရဲကောင်း မဖြစ်ပါဘူး။
ပြည်သူကိုကာကွယ်ပေးမှသာ
သူရဲကောင်းဖြစ်လာမှာ
လူမျိုးစွဲ နဲနဲလျှော. ။

ရွာဦးကျောင်း ဆရာတော် said...

ဘာမှမလုပ်နိုင်သေးတဲ့ အဖွဲ့တွေကို ပြောနေမယ့် အစား၊ လုပ်ပိုင်ခွင့် အာဏာ အပြည့်ရှိတဲ့ လက်ရှိအစိုးရဆိုတဲ့ လူုတွေက ဘာလုပ်နေတာလဲဆိုတာကိုပဲ ပြောချင်ပါတယ်၊ နိုင်ငံတိုင်းမှာ သံရုံးရှိတယ်၊ အဲဒီင်္သံရုံုးဆိုတာ ဘာာလုပ်ဖို့ ထားတာလဲ ဆိုတာကို တွေးကြစေချင်တယ်၊ လူမူုရေးအဖွဲ့အစည်းဆိုတာ ဝါသနာအရ လုပ်နိုင်သလောက် လုပ်ပေးနေကြတယ်လို့ပဲ မြင်ပါတယ်၊ သူတို့မှာ လုပ်နိုင်စွန်းသိပ်မရှီသလို၊ လုပ်ပိုင်ခွင့် ဆိုတာာလဲ မရှီသေးဘူး၊ တာဝန်ရယ်လို့လည်း မရှီပါဘူး၊ စေတနာ အလျှောက်သာ လုပ်ပေးနေကြတာပါ၊
မြန်မာနိုင်ငံသားတွေ အခုလို သူများနိုင်ငံတွေမှာ ဘာကြောင့် အလုပ်ထွက်လုပ်ရတာလဲ၊ အဲလိုနေရတဲ့ အချိန်မှာ ဒုက္ခရောက်လာခဲ့ရင် မြန်မာအစိုးရက ဘယ်တုန်းကများ တာဝန်ယူ ဖြေရှင်းပေးဖူးလဲ အဲလို ပေးဖူးတာများရှီရင်၊ တစ်ခုလောက် တင်ပြပေးစေချင်ပါတယ်၊ ဘာမှ လုပ်လိုမရသေးတဲ့ အဖွဲ့ အစည်းတွေကိုပဲ ပုံချမနေကြပါနဲ့၊ တရားဝင်နဲ့ ထိထိေ၇ာက်ရောာက် လုပ်နိုင်တဲ့ မြန်မာသံရုံးကြီးတစ်ခုလုံး ဘန်ကောက်မှာ ရှီနေပါတယ်၊ တရားမဝင် အလုပ်လုပ်နေတဲ့ သူက ဘာမှ လုပ်ပေးလို့ မရဘူးလို့ မြန်မာ အစိုးရက ခဏခဏ ပြောဖူးပါတယ်၊ အခုလက်ရှီ ဒုက္ခရောက်နေသူတွေကတော့ တရားဝင် ယာယီပါတ်စ်ပို့ ကိုင်ထားတဲ့ မြန်မာတွေပါ၊ ကဲ့ မြန်မာသံရုံးက ဘာတွေလုပ်ပေးနိုင်မလဲ စောင့်ကြည့်၇သေးတာပေါ့၊ (ကုလသဂ္ဂ စကားကို ခဏ ယူသုံးလိုက်ပါတယ်၊)

December said...

အခုကိစက တကယ်တော့ ကာယကံရှင်တွေနဲ့ဘဲဆိုင်ပါတယ်။ ပိုက်ဆံလိုချင်တိုင်း ရှေ့နောက်မစဉ်းစာဘဲ ထွက်လာတဲ့အခါကျတော့ အခုလိုဖြစ်ရတာပေါ့။ ကိုယ်သွားမဲ့ခရီးကို သေသေချာချာ စုံစမ်းပြီးမှ သွားသင့်ပါတယ်။ အပေါ်က ကွန်မင့်ပေးတဲ့သူတွေလည်း သတိထားဘိုကြ ဘို့က နိုင်ငံရေးသမားဆိုတာနဲ့ လမ်းမှခလုပ်တိုက်တဲ့သူတွေကိုပါ လိုက်မကယ်နိုင်ဘူးဆိုတာ မှတ်ထားပါ။ ခင်ဗျားတို့က ဘေးထိုင်ဘုပြောဘို့တော့တတ်တယ် ကိုယ်တိုင်တော့ ဘာမှမလုပ်တဲ့သူမျိုးတွေဘဲဆိုတာ ခင်ဗျားတို့ရေးတဲ့စာတွေကိုဖတ်ကြည့်ရင် သိသာပါတယ်။ ဒါကြောင့် သန်းရွှေအောက်က မလွတ်နိုင်တာဆိုတာ မှတ်ထားကြပါ။

ei ko said...

ဒေါ်လာ ၁ သန်းစားတဲ.ဧ၇ာဝတီအောင်ဇော်ဘာလုပ်နေ
လဲ၊မူဆလိမ်မသတင်းတော.ညွန်.ညွန်.ဝေအောင်ဖေါ်
ုပြပြီး၊ဒါမျိုးကျတော.ကူညီဖို.ဝေးလို.သတင်းမှာတောင်
မထည်.ဘူး၊မင်းကသူဌေးဖြစ်သွားပြီဆိုတော.၊အေးဆေး
ပေါ.၊ဟုတ်လား။မင်းတို.တွေနိုင်ငံေ၇းလုပ်တယ်ဆိုတာ
ဒီအလုပ်သမားတွေလိုကာယလုပ်အားနဲ.ပိုက်ဆံမ၇ှာဘဲ၊
နိုင်ငံကိုခုတုံးလုပ်ပြီးပိုက်ဆံ၇ှာတာဆိုတော.သန်းေ၇ွ၊
မောင်အေးတို.သူမသာ၊ကိုယ်မသာပါဘဲ။

RAM said...

'မတ်' တို့ 'ခွေးကျား' တို့ 'စွေစောင်း' တို့က တယ်လည်း နုတ်သီးကောင်း ကြတာကိုးကွ။ လာသေးတယ်.. မတ်ရယ် အေးချမ်းသာယာသော နိုင်ငံတော်ကြီးတဲ့..သောက်ရှက်မှရှိသေးရဲ့လား.. ပဲခူးမြို့ ကြီးပေါ်မှာ မင်းအမေလင်တွေ ကျူးလွန်ခဲ့တဲ့ လူသတ်မှု ၁ လတောင်မပြည့်သေးဘူး။ 'ကိုယ်တိုင်းပြည်မှာ ကိုယ်ငတ်သေကြတဲ့'။ မင်းပထွေးတွေ နဲ့ မင်းဆွေမျိုးတွေ သူတို့သားသမီး တွေ ကို ခိုးထားတဲ့တိုင်းပြည် ဘဏ္ဍာတွေ နဲ့ (မျိုးချစ်စိတ်ဓါတ် ရှိလှပါတဲ့ ဆိုတဲ့သူတွေက )အနောက်နိုင်ငံ တက္ကသိုလ်တွေ မှအထင်ကြီးပြီး တက်ခိုင်းနေ ချိန် ရောဂါလေး နဲနဲ ဖြစ်ရင်တောင် (မင်းပြောနေတဲ့ တိုးတက်တည်ငြိမ်တဲ့ )ပြည်တွင်းမှာ မကုနိုင်ပဲမှာ ပြည်ပသွားသွားပြေးကုကြတဲ့ အချိန်မှာ ပြည်သူတွေကို ငတ်သေခိုင်းတဲ့ မင်းကတော့ လူရယ်လို့ မပြောနိုင်အောင် စိတ်ဓါတ် အောက်တန်းကျတဲ့ ဘဝကို ရောက်သွားပြီကွ။ သေချာတာက မင်းအဖေ မင်းအမေ ပြည်တွင်းမှာ ငတ်နေခဲ့ရင် မင်းအဲသလို ငတ်သေကြ လို့ပြောမလား ဆိုတာကိုပဲ။

နောက်တကောင် 'ခွေးကျား'..မင်းက ပြည်ပက အဖွဲ့ အစည်းတွေကို ဟောင်နေတော့...အလုပ်သမားတွေ ကိုင်တဲ့ passport စာအုပ်ပေါ်က 'ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ' ဆိုတဲ့ နာမည်က ဘယ် မအေရိုး နာမည်လဲ...လက်ရှိဘယ်သူ နိုင်ငံတာဝန်ကို ဘယ်သူယူထားတာလဲ။ မင်းထမင်းစားပြီး ကြီးပြင်းလာတယ်ဆိုရင် မင်းခေါင်းထဲမှာ -ျီး ပဲမရှိ ဘူးဆိုရင် စဉ်းစဉ်းစားစားပြောပေါ့ကွာ။ ပြီးတော့ အာဆီယံ နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား တို့ ဖိလစ်ပိုင် အစိုးရတို့ သူတို့အလုပ်သမား အရေးကို ဘယ်လိုတာဝန်ယူ ဖြေရှင်းကြတယ်ဆိုတာ သတင်းလေးများလည်း on line ပေါ်မှာရှာ ဖတ်လိုက်ကြပြီး မင်းပထွေးများကို အကြံပြုပြောကြား လိုက်ကြဦး။ 'စွေစောင်း' ရေ မင်းပထွေး သန်းရွှေက ပြောဖူးတယ်။ ယိုးဒယား ဟာ ငယ်နိုင်တဲ့။ အဲတော့ တိုင်းပြည် နဲ့ လူမျိုးကို ကာကွယ်စောင့်ရှောက် နေပါတဲ့ဆိုတဲ့ မင်းပထွေး အခုဒီကိစ္စကို အစိုးရ ချင်းသတ္တိရှိ ရှိ ပြောရဲသလားကြည့်ရအောင်လေ။ မင်းတို့ ပြန်ကြားရေးဝန်ကြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပြောနေတဲ့ 'ပြည်ပရောက်လက်တဆုပ်စာ အဖွဲ့အစည်း'တွေကို မင်းတို့လို ကိုယ့်ကိုကိုယ် ပြည်ထောင်စုမြန်မာနိုင်ငံ တရားဝင်အစိုးရ လို့ပြောသူတွေက ဘာမှမလုပ်ဖူးလားလို့မေးလာတော့ စောက်ရှက်ကင်းလွန်းရာ မကြဘူးလားကွ ဟေ?။

မင်းတို့ကို နောက်ဆုံးပြောချင်တာက စောက်ရှက်လေး နဲနဲရှိပြီး ယောက်ျားကောင်းစိတ်ဓါတ် ထားကြစမ်းပါ။ မင်းတို့ အခု ရုရှားမှာ ပညာသင်နေတာ ငါတို့ ပြည်သူတွေရဲ့ ပိုက်ဆံကွ။ မင်းပထွေးတွေ ရဲ့ ပိုက်ဆံ တပြားမှ မပါဘူး။ မင်းတို့ပြည်သူ့ပိုက်ဆံစားပြီး ပြည်သူကို စော်ကားတဲ့ကောင်တွေ 'လူ' လို့တောင် ခေါ်လို့မသင့်တဲ့ကောင်တွေ။ ပိုက်ဆံမရှိရင် ကူလီထမ်းစားပေါ့ကွာ။ အခုတော့ ပိုက်ဆံလေး အချောင်ဝင်ဖို့ ပြည်သူကိုကျေးစွပ်တဲ့ အခြောက်တောင်မလုပ်တဲ့၊ တိရိစ္ဆာန်တောင် မလုပ်တဲ့ အလုပ်မျိုးလုပ်တဲ့ ကောင်တွေ မင်းတို့ဘဝဟာ အတော့်ကို ရွံ့ ရှာဖို့ကောင်းတယ်။

Unknown said...

စစ်တပ်… ဘာလုပ်မှာလဲ
ဝင်တိုက်ပါလား..
ကုလားတွေဆိုရင် တိုက်နေလောက်ပြီ….
ကိုယ့်နိုင်ငံရဲ့ အမိတပ်မတော်… လုပ်ပါဦး ကြံ့ဖွတ်… ပြည်ထောင်စု စောက်အစိုးရ… စောက်လုပ်မလုပ်တဲ့ မြန်မာသံရုံး…. ဘာလုပ်မှာတုန်း… မြန်မာအစိုးရက… ပြည်တွင်းက ပြည်သူကိုလဲ.. မကြည့်ဘူး… ကိုယ့်ပြည်ပက ပြည်သူကိုကော…. ပြည်ပမှာ အလုပ်လုပ်ပေမယ့်…. မြန်မာပြည်အတွက် အခွန်ဆောင်ပေးတာပဲ… မြန်မာပြည်သူတစ်ယောက် တာဝန်ကျေနေပြီပဲ… သူတို့လဲ တာဝန်ကျေတာပဲ… အခွန်စားပြီးတော့… ဒုက္ခဖြစ်တော့… ပစ်ထားတယ်…. ကြည့်ရတာ … ရွေးကောက်ပွဲက ပိုအရေးကြီးနေတယ်ထင်တယ်…..
လုပ်ဟေ့ကောင်…
ငါတို့က ပြည်သူတွေ
နိုင်ငံရေးသမားလဲ မဟုတ်ဘူး.. ပြည်ပမှာပဲ.. မီးမှန်မှန်.. ရေမှန်မှန်… ကိုယ့်ခံယူချက်နဲ့ကိုယ်… အငတ်ခံပြီးသေမယ်……… ငါတိုပေးတဲ့ အခွန်တွေကို စားပြီးတော့… “အပင်းစို့ပြီးတော့” မင်းတို့ မသေအောင်နေကြ…

yoo said...

December ပြောသလို..

"ကာယကံရှင်တွေနဲ့ဘဲဆိုင်ပါတယ်။ ပိုက်ဆံလိုချင်တိုင်း ရှေ့နောက်မစဉ်းစာဘဲ ထွက်လာတဲ့အခါကျတော့ အခုလိုဖြစ်ရတာပေါ့။ ကိုယ်သွားမဲ့ခရီးကို သေသေချာချာ စုံစမ်းပြီးမှ သွားသင့်ပါတယ်။"

လက်ရှိအစိုးရ နဲ့ ဒီမိုအဖွဲ့တွေ့ ထိထိေ၇ာက်ရောာက် ဘာမှမလုပ်ပေးနိုင်တဲ့ လုံခြုံမှုမရှိတဲ့ နေရာ ကို သေသေချာချာ စုံစမ်းပြီးမှ သွားသင့်တာပေါ့၊

December က

"ကွန်မင့်ပေးတဲ့သူတွေလည်း သတိထားဘိုကြ ဘို့က နိုင်ငံရေးသမားဆိုတာနဲ့ လမ်းမှခလုပ်တိုက်တဲ့သူတွေကိုပါ လိုက်မကယ်နိုင်ဘူးဆိုတာ မှတ်ထားပါ။" တဲ့..

ဒါကြောင့် လမ်းမှာ ခလုပ်တိုက်တဲ့သူတွေုပါ..

yoo said...

ရွာဦးကျောင်းက ဆရာတော်လဲ....

ဒုက္ခရောက်မှ အမိတ တော့တယ်..

yoo said...

UGgen. တော့

"စစ်တပ်… ဘာလုပ်မှာလဲ
ဝင်တိုက်ပါလား.." လုပ်နေလို့..

သူလဲ ယိုးဒယားကောင်တွေကို အသေခံချတော့မယ်
လားလို့..

နောက်တော့ ကိုယ်တော်က.
"ပြည်ပမှာပဲ.. မီးမှန်မှန်.. ရေမှန်မှန်… ကိုယ့်ခံယူချက်နဲ့ကိုယ်… အငတ်ခံပြီးသေမယ်…"တဲ့..

့်ခံယူချက် ကတော့ မီးမှန်မှန်.. ရေမှန်မှန်… နဲ့ အငတ်ခံပြီးသေမယ်…"တဲ့..ကွာ။

ကျားလိမ္မာ said...

ရွာ ဦးကျောင်း ဆရာတော် ပြောသွားတာကို ကြိုက်ပါတယ် ဘုရား...။ နအဖ အစိုးရကတောင် ဒီလူတွေအတွက် ဘာမှလုပ်မပေးတာ ငါတို့လည်း လုပ်ပေးစရာမလိုဘူး ဆိုတဲ့အတွေးကို ကြိုက်ပါတယ်ဘုရား...။

ကျားလိမ္မာ said...

@ Minn
လာပြန်ပြီး နောက်တစ်ယောက် မင်းရေးတဲ့စာက မင်းအဆင့်ကို ဖော်ပြနေတာပဲ ငါကတော့ ခွေးနဲ့ ပြိုင်မကိုက်ချင်လို့ လူလိုပဲရေးမယ်...။

မင်းပြောတာကဘာလဲ နအဖအစိုးရက ဘာလုပ်နေတာလဲ လူတွေဒုက္ခရောက်နေတာ ဘာမှ မလုပ်ဘူးလား... မင်းတို့ပြောတာ နအဖက ရက်စက်တယ် အာဏာရှင်မဟုတ်လား အရင်ကလည်း သံရုံးက ဘာမှ လုပ်မပေးဘူး ဘာညာ မင်းတို့ပဲ အော်နေတာပဲ မဟုတ်လား...။ နအဖက သူ့နိုင်ငံသားတွေ အတွက် လုပ်ပေးနေတာဆိုရင် မင်းတို့လို လုပ်စားတော်လှန်ရေး သမားတွေ ပေါ်လာစရာကိုမရှိတာ...။

အခုတော့ မင်းပြောတာက ဒီလူတွေအတွက် နအဖတောင် ဘာမှ လုပ်မပေးတာ ငါတို့လည်း လုပ်ပေးစရာမလိုဘူးပေါ့ ဟုတ်လား...။ မင်းတို့ အဲဒီမှာ စင်ပြိုင်အစိုးရက ၂ ခုလောက်ရှိတယ် အဖွဲ့အစည်းပေါင်းက သောင်းခြောက်ထောင် ဘာလုပ်နေကြတာလဲ....... မှန်တာကိုပြောတော့ နာတာပေါ့

phayphay said...

အခုပြောတဲ့ ကောင်တွေအာမနေနဲ့ 
ဘယ်သူမှလဲပြောမနေနဲ့ 
ကိုယ်တိုင်လုပ်လေကွာ
ဘယ်သူအားကိုးနေတာလဲ

Unknown said...

မင်းလည်း လာအာမနေနဲ့

Unknown said...

All workers from yohdaya(Thailand) UNITE !
Fight back stupid Thailand factory owners and fired Myanmar embassy.

Unknown said...

ဖာမာသံရုံးတောင်မကဘူး
ဖာမာ့ပြည်ကိုမီးရှို့ လိုက်

RAM said...

ကျားလိမ္မာရေ..မင်းရဲ့ နောက်က'လိမ္မာ' ဆိုတဲ့စကားလုံးကို 'ထုံထိုင်း' ဆိုတဲ့စကားလုံးနဲ့ အစားထိုးလိုက်ပါကွာ။ မင်းအခုဒီသတင်း ကို ဘယ်ဘလောဂ့် ကနေသိရတာလဲ မင်းအခုဝင်ဖတ်နေတဲ့ ဘလောဂ့်က မင်းပြောတဲ့ ပြည်ပရောက်တဲ့ တို့လိုလူတွေ တည်ထောင်ထားတဲ့ဘလောဂ့် မဟုတ်ဘူးလား။ မင်းတို့ပထွေးထုတ်တဲ့ "ကြေးမုံ" တို့ "မြန်မာ့အလင်း" တို့မှာ ဒီလိုသတင်းမျိုးပါဘူးရဲ့လား။ ဒါကြောင့် ကိုလွဏ်းဆွေ ဘလောဂ့်ကို မင်းတို့ အမြဲဝင်ဝင်ဖတ်နေရပြီး...မဟုတ်တရုတ် comment တွေရေးလို့ရနေတာမလား။ ပြည်ပရောက် အဖွဲ့တွေထဲမှာ စောက်သုံးမကျ ကိုယ်ကျိုးရှာ အဖွဲ့တွေ ပါကောင်းပါပေမဲ့ အများစုက ပြည်သူတွေဆီက လာလို့ သူတို့တတ်နိုင်တဲ့ အင်အားနဲ့ အချင်းချင်းကူညီနေကြတာပဲ။
မင်းက မိန်းမရှာ လိုစကားလည်း လှည့်ပြီး ရန်တိုက်တတ်တယ်နော်။ ငါမပြောတဲ့ ၊ ကိုယ်တော်လည်း မပြောတဲ့ စကားတွေကို မင်းဘာမင်းလှည့်ပတ် ပြောပြီး ဂျောက်ကျထားသေးရဲ့ ။ ငါတို့ဆိုလိုတာက နာမည်ခံပြီး တာဝန်ယူ မှုကိုပြောတာကွ။ ထားပါကွာ ခလုတ်တိုက် တိုင်းအစိုးရ ချည်းအပြစ်တင်ရင် တို့အလွန်ပါ။ ဒါပေမဲ့ ဒီအလုပ်သမားတွေ ကိုင်ထားတဲ့ passport က ဘယ်သူတာဝန်ခံပြီး ထုတ်ပေးထားတာလဲ?။ မင်းမသိချင်ယောင်ဆောင်နေတာလား?။ နာဂစ် တုန်းကလည်း မင်းအစိုးရ တာဝန်မသိတတ်တဲ့ အချိန်မှာ မင်းပြောတဲ့ ပြည်ပရောက် အဖွဲ့အစည်း (အတိုက်အခံရော ၊ နိုင်ငံရေးနဲ့ မပတ်သတ်တဲ့ သာမန်ပြည်သူတွေ နဲ့ဖွဲ့ စည်းထားတဲ့ စင်င်္ကာပူရောက်နဲ့ ပြည်ပရောက်အဖွဲ့ )တွေက အဓိက ကူညီခဲ့ကြတာ မင်းဦးနှောက်က memory ပျက်လို့မေ့သွားပြီလား။ အဲဒီတုန်းက ပြည်သူ့ ပိုက်ဆံ သုံးပြီးကျောင်းတက်နေတဲ့ မင်းတို့ရုရှားရောက် အဖွဲ့က လှူတဲ့အလှူ ဆိုတာ တို့တွေ မတွေ့ဘူးခဲ့ပါဘူး။ မင်းတို့ ရဲ့အပြောမဟုတ် အလုပ်နဲ့ လက်တွေ့ပြတဲ့ လုပ်ရပ်တွေဘယ်မှာများ ရှိခဲ့သလဲ?။ အခု မင်းတို့ အဖွဲ့ ကအတိုက်အခံ အဖွဲ့တွေအကြား အက်ကြောင်းထကြ ကွဲကြတော့ အကွက်ပဲဆိုပြီး comment တွေရေးရေးပြီး..ဝင်မွှေပေးနေကြတယ်။ အေး အတိုက်အခံအဖွဲ့တွေမှာ စောက်သုံးမကျဘူးဆိုရင် တို့တွေ မှားတဲ့ကောင်တွေကိုပြောရဲတယ်။ ကိုလွဏ်းဆွေက သူ့ဘလောဂ့်မှာ တင်ပြီးဆော်ထားတောတွေ မင်းတို့တွေ့တာပဲ။ အေး.မင်းတို့ကိုက မင်းတို့ ကို မင်းတို့ သမာသမတ်လိုလို အမှန်ကို ပြောသလိုလိုဘာလိုလိုနဲ့ ၊ တကယ်တမ်းကျတော့ သန်းရွှေ မောင်အေး အပေါ်ကစစ်အုပ်စု စောက်သုံးမကျတာ၊ တာဝန်မသိတတ်တာ ။ တိုင်းပြည်ဘဏ္ဍာခိုးတာ ၊ ဒါတွေလည်းပါအောင်ပြောလေကွာ။ ပြီးမှ နှစ်ဘက်စလုံးကစောက်သုံးမကျတဲ့ကောင်တွေကိုဆဲ။ ငါတို့လက်ခံတယ်။ စစ်တပ်ထဲမှာလည်း သမာသမတ်ရှိတဲ့ ဖြောင့်မတ်တဲ့ တိုင်းပြည်ကို တကယ်တိုးတက်စေချင်တဲ့ စစ်သားတွေကို ငါတို့တွေကလေးစားခဲ့တယ်။ မင်းတို့တွေ က စစ်တပ်ထဲက ဗိုလ်မှူးချုပ်ဇော်ထွန်းလို အမှန်ကို အမှန်အတိုင်းတောင် ပြောရဲ ခဲ့ကြရဲ့လား။ မင်းတို့ အခုတောင်စကားကိုလှည့်ပြီး မင်းအဖေ အပြစ် လိုက်ဖုံးနေတယ်။ ဒါကြောင့် မင်းတို့အလုပ်ကို ရွံစရာကောင်းတယ်လို့ပြောတာ။ အမှန်ကို ဖေါ်ထုတ်သလိုလိုနဲ့ လိုက်ပြီးမွှေပေးနေရတဲ့အလုပ်။ နှလုံးရည်ပြည့်တဲ ဘယ်လိုစစ်သည်ကောင်းမှ မလုပ်ဘူးကွ။

* said...

ခွေးမသား opposite မင့်ပထွေး မြန်မာ့ တပ်မတော်ကြီးတောင် မျက်လုံးကြောင်တောင် ကြည့်နေသေးတာ
ဘာခုမှ SSA၊ KNU လည်း ချပါလား။

Unknown said...

ကိုမင်း

ရုရှားက အချို့ ချူစားတဲ့စစ်ဗိုလ် တွေအကြောင်းတစ်ခုကျန်ခဲ့ပြီ။ နိုင်ငံခြားရောက် ဗမာမိန်းကလေးတွေဆီက ချူစားတဲ့ သစ္စာမရှိ ကတိမတည် တဲ့ စစ်ဗိုလ်တွေ ။ ရုရှား မှာစာသင်နေတဲ့အချိန်မှာချူစား ၊ မြန်မာပြည်ပြန်ရောက် တဲ့အခါ နောက်အသစ်ရှာ ၊ အသစ်နဲ့ပျော်ဖို့ ချစ်သူဟောင်းဆီက ပိုက်ဆံလိမ်တောင်း ၊ ဒါတောင် ဓမ္မစာပေတွေ ရေးနေတဲ့ဘလော့ဂါ စစ်ဗိုလ် ဟိုတလောကဘဲ အဲဒီဓမ္မဘလော့ ပေါ်မှာဖတ်လိုက်ရသေးတယ်။ ရှက်တတ်ရင် လဲသေဘို့ကောင်းတယ် ။

Unknown said...
This comment has been removed by the author.
ကျားလိမ္မာ said...

ဟဟ
မင်းဆိုတဲ့ကောင်ရေ...
အခု မြန်မာပြည်သားတွေ ဒုက္ခရောက်တဲ့အချိန်က အစိုးရက ဘာမှ မလုပ်ဘူးဆိုတာ အားလုံးက သိပြီးသားပဲလေ အစိုးရတောင် ဘာလုပ်နေသလဲဆိုတဲ့ စကားက မေးနေစရာမလိုဘူးလေ ငါပြောပြီးသားလေ အစိုးရက ကောင်းနေရင် မင်းတို့လို အနှစ် ၂၀ ကျော် လုပ်စား တော်လှန်ရေးသမားကြီး ပေါ်လာစရာ စောက်အကြောင်းကို မရှိဘူး...။

အစိုးရတို့ သံရုံးတို့က ဘာမှ လုပ်မပေးဘူးဆိုတာ သိရဲ့သားနဲ့ ဆင်လီးခွေးမျှော်လုပ်နေတာ မင်းတို့မဟုတ်လား... အမှန်မှာ ပြည်သူအတွက် လုပ်ပေးချင်သပဆိုတဲ့ မင်းတို့ အဖွဲ့အစည်းတွေ ဘယ်ခွေးတစ်ကောင်က တာဝန်သွားခံလဲ...။ ပြီးတော့ ထိုင်းနိုင်ငံနဲ့ မင်းပထွေးနိုင်ငံနဲ့ ဒီလောက်ရင်းနှီးနေတာ ဘာတစ်ခွန်းဝင်ပြောလဲ...။

ထိုင်းနိုင်ငံမှာ ဒီလောက် တော်လှန်ရေးသမားတွေ အဖွဲ့အစည်းတွေ သောက်သောက်လဲပေါနေတာ မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်ရတယ်ဆိုတာက စောက်ရှက်ပဲ မဟုတ်ဘူးလား မင်းစောက်ရှက်ရှိတယ်မလား...။ ဘာမှ ပြည်သူတွေ အတွက် အော်မနေနဲ့ စောက်ရူးတွေ ချည်းပဲ ဒေါ်လာရမှ လုပ်တဲ့ ကောင်တွေချည်းပဲ ဆိုတာ လူုတွေ ပိုသိတာပေါ့ကွာ..

Unknown said...

ခွေးမသား >>IP checker : မင်းတို.ဘဲ ဟိုးဒယားကို ၀င်လိုက်ထွက်လိုက် လုပ်နေတာမလား ခွေးမျိုးရ။ အစိုးရဘာမှမလုပ်လို. ပြောတာပေါ. ။ဘာလဲ ကြောက်လို.လား ။ထင်သားပဲ စက်ရုံကို သေနတ်နဲ. ချောင်းပြီးလာလာပစ်နေတာ မင်းတို.အဖွဲ.မှန်း ။ယိုးဒယားမင်းအဖေက ငွေပေးရင် မင်းတို.က လူမဆန်တာ အားလုံး လုပ်တတ်တာ ။ဆောက်ခြောက်။ခွေးမျိုး ။မင်းမေလိုး။

mg said...

To Minn

အလှူတန်းနဲ့ပတ်သတ်ပြီး ပြောဆိုရတာ သိပ်တော့မကောင်းဘူးပေါ့ဗျာ...မြန်မာလူမျိုးမှန်ရင် အလှူတန်းရက်ရောကြတယ်ဆိုတာ ခင်ဗျားလည်း မြန်မာလူမျိုးဆိုရင် သိမှာပါ...စစ်သားတွေဆိုလို့ အလှူတန်းမလုပ်ဘူးလို့မထင်ပါနဲ့ သူတို့က အများပြည်သူနည်းတူ မပိုတောင်မှ မရှိရှိတာလေးနဲ့ လှူဒါန်းကြတဲ့သူတွေပါ....နာဂစ်တုန်းက ရုရှားမြန်မာလူငယ်တွေ လှူဒါန်းလား မလှူဒါန်းလားဆိုတာ ခင်ဗျားသိပုံမရတော့ လေ့လာမှု အားနည်းလို့ပဲဖြစ်ပါလိမ့်မယ်...

ရုရှားအပါဝင် နိုင်ငံရပ်ခြားမှာရှိကြတဲ့ ရွှေမြန်မာတွေအားလုံး ပူပေါင်းလှူဒါန်းကြနေတာ တွေ့ရတော့ ၀မ်းသာစရာတစ်ခုအဖြစ် မြင်တွေ့ခဲ့ရပါတယ်...နာဂစ်ဒေသ တစ်ခုတည်းတွက် အလှူတန်းလုပ်နေခြင်းမဟုတ်ပဲ အမြဲတမ်း နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ချို့တဲ့နေတဲ့နေရာဒေသ အားလုံးကို အမြဲ အခြားနိုင်ငံကပြည်ပရောက် မိတ်ဆွေများနဲ့ ပူးပေါင်းပြီး လှူဒါန်းနေကြတယ်ဆိုတာတော့ သိစေချင်တယ်...အလှူတန်းလုပ်တယ်ဆိုတာ ကြွားဝါးလုပ်လို့ရတဲ့အရာကောင်းတစ်ခုမဟုတ်ဘူး..

နာဂစ်တုန်းကရော အခုရော နောင်ရော အမြဲတမ်းတွက် အလှူတန်းတွက် တတ်နိုင်သလောက် လုပ်နေကြတဲ့တွက် ကို Minn တစ်ယောက်လည်း လှူဒါန်းနိုင်ပါတယ်...နာဂစ်တုန်းကရော အခြားဒေသတွေမှာပါ လှူဒါန်းတာတွေ မြင်ချင်ပါတယ်ဆိုရင် လှူဒါန်းထားမှုအချို့လေးတွေကိုအောက်ပါ လင့်လေးတွေမှာ ကြည့်နိုင်ပါတယ်...

(၁) http://lannpyakyal.blogspot.com/2008/05/blog-post_28.html

(၂)http://www.whitekindness.org/

(၃)http://mittharthant2.blogspot.com/

(၄)http://ymba-mephi1.blogspot.com/

(၅)http://www.ymba-mephi.co.cc/

Unknown said...

အဲဒါ အိမ်နီချင်းပီသတဲ့ ထိုင်းကြီးက မြန်မာပြည်က အကြောင်းအမျိုးမျိုးကြောင့်ထွက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အိမ်နီးချင်း ပီသစွာ စေတနာများစွာဖြင့်လက်ခံခဲ့ပြီး.. စေတနာများစွာဖြင့်အလုပ်များပေးကာ. စေတနာများစွားဖြင့် လုပ်ချင်းတိုင်းလုပ် ခိုင်းချင်တာခိုင်း နောက်ဆုံးပိတ် သမချင်တဲ့သူများက စေတနာများစွာဖြင့်သမသွားလေသတည်း... နအဖကို အကြောင်းအမျိုးမျိုးပြပြီး ကြောက်လို့လား ဘာလားတော့ မသိ ပြေးချင်တဲ့နေရာကိုပြေး သွားချင်တဲ့နေရာကို သွား .. ကောင်းစားတော့ အနောက်နိုင်ငံတော်ကြီးက ကောင်း၏တဲ့ ...ဖြစ်ချင်တာဖြစ်တော့ လက်ညှိုးအားလုံး သူ့ကို .. နောက်ဆုံးပိတ် ခံရတဲ့သူတွေကိုပဲ သနားရမလား.. ကံကိုပဲ ပုံချရမလား..

RAM said...

ကဲအခုတော့ ရုရှားရောက် မောင်ကျောင်းသားလေးများ ကိုယ်တို့ က ပြေးပြေးပြီးကာကွယ်ပေးနေရတဲ့ ကိုယ့်ဖေကြီး အစိုးရ ဘာသောက်လုပ်မှ မလုပ်မှန်း လူသိရှင်ကြား ကို လက်ခံလိုက်ြကရပြီပေါ့။ အဲဒီတော့ နောင်ကို လည်းဒီလို အမှန်ကိုအမှန် အတိုင်းပြောရဲနိုင်ပါစေ။ ကိုယ်တိုင် တည်ထောင်ထားကြတဲ့ ဘလောဂ့်တွေမှာလည်း မဟုတ်မမှန်တဲ့ ဝါဒဖြန့်တာတွေအစား တိုင်းပြည်ထဲမှာ ပျက်စီး ချွတ်ခြုံကျတာတွေနဲ့ တာဝန်မယူမှု ၊ တာဝန်မခံမှုတွေကို ရေးသားနိုင်ကြပါစေ။ မင်းတို့ ဘလောဂ့်တွေမှာ လူလာဖတ်ဖို့ သူများဘလောဂ့်ကနေလာဆွယ်စရာ မလိုတော့ကြောင်းတွေ့ပါလိမ့်မယ်။ မင်းတို့သာ မှန်မှန်ကန်ကန် နဲ့ လူတွေအပေါ် ဝါဒဖြန့်တာမလုပ်ပဲ အမှန်အတိုင်း တင်ပြကြည့်စမ်းပါ။ မင်းတို့တွေ့လာပါလိမ့်မယ်။ တဖက်မှာလည်း ပြည်ပမှာရှိတဲ့ ကိုယ်ကျိုးရှာ အဖွဲ့အစည်းတွေကို ငါတို့တတွေလည်း ဆော်နေတယ်။ မင်းတို့တွေလည်း ဆော်နိုင်တယ်။ ကာတွန်း ဦးဘဂျမ်းပြောသလို 'ငါ့ပေါင်ထောင်းတော့ ဒီလိုလေး ၊ သူများပေါင်ထောင်းတော့ ဒီလိုကွ' တော့ မလုပ်ကြေးပေါ့နော်။ မင်းတို့ရဲ့ အလှူကို တွေ့ရတာ သာဓုခေါ်ပါတယ်။ မင်းတို့မှာ လည်းကိုယ့်တိုင်းပြည်ကို ချစ်တဲ့စိတ် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ် အနည်းနဲ့အများ ရှိကြပါလိမ့်မယ်။ အဲတော့ အခု ဒီကိစ္စမှာလည်း အရှက်ကင်းပြီး သောက်လုပ်မလုပ်တဲ့ နာမည်ခံ အစိုးရ နဲ့ ကိုယ်ကျိုးရှာ အဖွဲ့တွေကို အပြစ်တင်နေကြမဲ့အစား တို့လည်း တို့တတ်နိုင်တဲ့ ဘက်က တတ်နိုင်တဲ့နည်း ရတဲ့ နည်းကူညီနိုင်အောင် ကျိုးစားနေသလို ၊ မင်းတို့ ရုရှားရောက် ကျောင်းသားများလည်း နှလုံးရည်ပြည့်ဝသောစည်သည်တော်များ ဆိုလျှင်တော့၊ မင်းတို့တတ် နိုင်တဲ့ နည်းလမ်းတွေနဲ့ ကူညီနိုင်အောင် ကျိုးစားကြပါ။ မင်းတို့တွေစုပေါင်းပြီး ဒုက္ခရောက်နေတဲ့ အဖွဲ့တွေကို ငွေကြေး လှူဒါန်းနိုင်သလို ၊ နောက်ဆုံး မင်းတို့ဘလောဂ့်ပေါ်မှာလည်း ဒီလိုသတင်းမျိုးကို ထပ်ဆင့်ဖေါ်ပြပေးလို့ရပါတယ်။ တို့တတွေအားလုံးဟာ တနိုင်ငံတည်းသားတွေပါ။ အဖွဲ့အစည်း အတွေးအခေါ် brainwashed များလွှမ်းမိုးမှုမှ ကင်းလွတ်နိုင်ကြပြီး ကိုယ့်နိုင်ငံ တိုးတက်ဖို့ တကယ်စိတ်ရင်းရှိသူများ ပေါင်းစည်းမိကြရင် တို့နိုင်ငံ နိုင်ငံတကာ အလယ်မှာ မျက်နှာငယ်ရတဲ့ ဘဝက တိုးတက်လာမှာ သေချာပါတယ်။ အဓိက ကတော့ အမှန်တရားကို ဆုပ်ကိုင်ကြဖို့နဲ့ 'အမှန်ကိုအမှန်အတိုင်း' 'မှားတာကိုမှားတဲ့အတိုင်း' ပြောနိုင်ရဲတဲ့ သတ္တိရှိဘို့ပါပဲ။

* said...

ခွေးမသား opposite
မင်းတို့တပ်မတော်
လက်နက်မကိုင်တဲ့ ကျောင်းသား၊ ဘုန်းကြီး၊ ပြည်သူပဲ သတ်ရဲတာ မင်းတို့ဗမာ့တပ်မတော် တစ်ခုလုံး အခြောက်ကြီးပဲ။ ဘင်္ဂလားရန်စလည်းမချရဲ၊ တရုတ်ရန်စလည်းမချရဲ၊ ထိုင်းနဲ့ချတော့လည်း ရှူံးပြီးပြေး။
အခြောက်တပ်မတော်လို့ နာမည်ပြောင်းလိုက်

ကျားလိမ္မာ said...

မင်းတို့ လုပ်စားတော်လှန်ရေးသမားတွေကရော အဲဒီလူတွေအတွက် ဘာလုပ်ပေးသလဲ ဘယ်လို အကာအကွယ်တွေ ပေးသလဲ...။ စင်ပြိုင်အစိုးရက နှစ်ခု ပြီးတော့ အဖွဲ့အစည်းပေါင်းက ၃၀ လောက်ရှိတာ ဘာမှ ၀င်ပြီးမကူညီနိုင်ဘူးလား...။ ပြောတော့ ပြည်သူအတွက် လုပ်ပေးချင်သပဆို အခုတော့ ဘာလို့ တစ်ယောက်မှ မဟတာလဲ... ဒေါ်လာမရလို့လား စောက်ရှက်ကိုမရှိဘူး

* said...

ဟေး ... ဒီသတင်းလေး ထွက်လာတာ သိလာတာတောင် မင့်အဖေ နွားအဖွဲ့ ကပြောတာ မဟုတ်ဘူး
ကိုယ့်ထမင်းကိုယ်စားပြီး နိုင်သမျှ လုပ်နေတဲ့ လူတွေကြောင့် သိရတာ။ မင့်အဖေတွေက လိမ်လို့ကောင်းတုန်း။ တိုင်ပြည်ကြီးတိုးတက်နေပါတယ်လို့။ ထိုင်းမှာ မြန်မာတွေ ဖာဖြစ်နေတာ တစ်နိုင်ငံလုံးသိတယ်။

Unknown said...

မင်းအမေပဲ ဖာဖြစ်ချင်ရင်ဖြစ်မယ်...ငါတို့ ရွှေမြန်မာတွေကို အကုန်သိမ်းကြုံးပြီး ပြောဖို့မကြိုးစားနဲ့..ပါးရိုက်ခံရမယ်..သတိထား...

ကျားလိမ္မာ said...

@ Ipchecker
ထိုင်းမှာ မြန်မာမတွေ ဖာဖြစ်နေတာက အလုပ်သမတွေကို ပြောတာလား
မင်းတို့ကတော့ ဖာမဖြစ်တဲ့အပြင် ချမ်းသာနေကြတယ် မလား ပထွေးက ပေးလိုက် အဖေက ပေးလိုက်နဲ့ ဖော်ဝပ်မေလ်းပို့ ဘလော့ရေးပြီး ကောင်းစားနေတာ တော်လှန်ရေးက အနှစ် ၂၀ ကျော်သွားတာလည်း မထူးဆန်းပါဘူးကွာ

ကျားလိမ္မာ said...

@ Ipchecker
ထိုင်းမှာ မြန်မာမတွေ ဖာဖြစ်နေတာက အလုပ်သမတွေကို ပြောတာလား
မင်းတို့ကတော့ ဖာမဖြစ်တဲ့အပြင် ချမ်းသာနေကြတယ် မလား ပထွေးက ပေးလိုက် အဖေက ပေးလိုက်နဲ့ ဖော်ဝပ်မေလ်းပို့ ဘလော့ရေးပြီး ကောင်းစားနေတာ တော်လှန်ရေးက အနှစ် ၂၀ ကျော်သွားတာလည်း မထူးဆန်းပါဘူးကွာ