အယူသီးမှုများ
ကိုမွှေး
ကိုမွှေး
ဟောဗျာ ...
ဆင်ဖြူကြီးက ပေါ်လာ
ဇောင်းပါတိတ်အပြဲကို ဖာထားတဲ့ အဆင်နဲ့
အလံအသစ်တွေကလည်း ပေါ်လာ ...။
တချို့က သိပ်အယူသီးတယ်
အဲဒီအယူသီးကြသူကြီးများ
ဘယ်လောက်အယူသီးသလဲဆို
နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်လို့တောင်
ကိုယ့်ခြေထောက်ကိုယ်
ခါးခါးသီးသီး အပြစ်တင်တဲ့အထိ အယူသီးတယ်။
ဒါပေမယ့် အဲဒီခြေထောက်တွေလည်း
ဘယ်တော့မှ နောက်မကျခဲ့ကြပါဘူး
ပြေးဟေ့ဆို ရှေ့ဆုံးက
စားပေါက်ဆို ရှေ့ဆုံးက
အခွင့်အရေးဆို ရှေ့ဆုံးက ...။
ကဲ ... အယူသီးကြသူတို့ရဲ့ နိုင်ငံတော်
ထမီအသစ်ကြီးလဲ ကြယ်ပုံအဖာကြီးနဲ့ဖြစ်လို့
တိုင်ထိပ်ပေါ်က မုန်တိုင်းခေါ် ...။ ။
ကိုမွှေး
3 comments:
ကြိုက်တယ်ဗျာ။ လွှတ်ကို ကြိုက်တယ်။ ဟားဟား ဘာတဲ့ 'ဇောင်းပါတိတ်'။ လုပ်တော့လုပ်တာပဲဗျ။ ခက်တာက သူ့ငါမကြည့် ၊ ငါ့ သူမကြည့်နဲ့ အလံချင်းတောင် သွားတူနေကြသေး။ ဟေးဟေး။
ဆောရီးဗျာ မှားလို့ ...* ' ထမီ ' ချင်းတောင် သွားတူနေကြသေး။ ဟေးဟေး။
ထမီအလံထောင်တယ် ဆိုတာ ဒါကိုး
Post a Comment