Tuesday, October 26, 2010

၂၀၁၀ ကို ကျော်ဖြတ်ခြင်း (၂)

ထွန်းအောင်ကျော်

၂၀၁၀ ရွေးကောက်ပွဲမရောက်ခင် မြန်မာပြည်သူတွေ တွေးသင့်တွေးထိုက်တာ၊ လုပ်သင့်လုပ်ထိုက်တာတွေ ဘာတွေရှိသလဲလို့ လေ့လာမိတဲ့အခါ အရေးကြီးအချက်များကို တွေ့ရှိသမျှ ထုတ်ဖော်ပြီး ဆွေးနွေးတင်ပြမယ်။ ဒီတင်ပြချက်ဟာ လက်ခံနိုင်စရာဖြစ်တယ်၊ လက်ခံပြီး ကျင့်သုံးကြရင် တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အ ကျိုးရှိကောင်းရှိနိုင်ရဲ့ဆိုတဲ့ မေတ္တာတရားနဲ့ ဒီစာကို ရေးသားတင်ပြလိုက်တာပါ။ ဝေဖန်အကြံပြုသူများကို လက်ကမ်းကြိုဆိုပါတယ်။ မှန်ကန်သော ဝေဖန်မှုတွေရရင် အားလုံးအတွက် အကျိုးရှိမှာပါ။

ပထမအချက်အနေနဲ့ ပြောရရင် အမှတ် (၁) မှာ ရေးထားတဲ့အတိုင်း အတိုက်အခံတွေနိုင်ဖို့ အလှမ်းဝေးနေပါ တယ်။ နအဖက စနစ်တကျ ပြင်ဆင်ပြီး ဗြောင်ညစ်ပတ်ထားတဲ့ လုပ်ရပ်တွေနဲ့ ပြည့်နေတဲ့အတွက်ဖြစ်ပါတယ်။ နိုင်ငံတကာကလည်း ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူး ဆိုတာကနေ နောင်တက်လာမယ့် အစိုးရနဲ့ ဆက်ညှိနှိုင်းလို့ ရနိုင်မယ်ဆိုတဲ့ အဆင့်ထိရောက်လာလို့ (၁) % ရာခိုင်နှုန်းလောက်ပဲ ဖြစ်နိုင်ခြေရှိတာတောင် ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းဆိုတဲ့ လက်နက်ကို ဆုပ်ကိုင်ထားရမယ်လို့ ရေးခဲ့တာဖြစ်တယ်။

ဘာကြောင့် ဒီလိုရေးရသလဲဆိုရင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး မဖြစ်ခင် ကြိုကြားဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ဘယ်နိုင်ငံရေးပါတီမှလည်း မရှိ၊ ဘယ်ကျောင်းသားခေါင်းဆောင်မှလည်း မပေါ်သေးပါ။ သြဂုတ် လ (၈) ရက်နေ့မှာ အားလုံးဆန္ဒပြကြမယ်ဆိုတဲ့ Timing (ဆုံချက်) ကို ဘီဘီစီကကြားရတော့ လူတွေရဲ့စိတ် ထဲမှာ ဖြစ်ချင်ဖြစ်မယ်၊ ဖြစ်ချင်မှဖြစ်မယ်ဆိုပြီး ရှိကြပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့သူတွေ များပါတယ်။ ဒါပေမယ့် ရှစ်လေးလုံးဆန္ဒပြပွဲကြီး ရန်ကုန်ကနေ စတင်ဖြစ်လာခဲ့ပါတယ်။ အဲဒီကနေ ပြည်နယ်/တိုင်းအသီးသီးကို ကူး စက်ပြီး ဘယ်သူမှ မျှော်မှန်းမထားတဲ့ ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီး ဖြစ်လာခဲ့တာပါ။ ရှစ်လေးလုံး ဆန္ဒပြပွဲကြီး ဟာ လူထုက နိုးကြားလာပြီး ‘မဆလ’ အမည်ခံ စစ်အုပ်စုကို တွန်းလှန်ခဲ့တဲ့ သမိုင်းဝင်တိုက်ပွဲကြီးပါ။ ပြည်သူ တဦးချင်းစီရဲ့ အသိစိတ်ဓာတ်ကြောင့်၊ တိုက်ပွဲဝင်မှုကြောင့် ရရှိလာတဲ့ အောင်ပွဲဖြစ်တယ်ဆိုတာဟာ ငြင်းလို့မ ရနိုင်ပါဘူး။ တနည်းပြောရရင် ရှစ်လေးလုံးစိတ်ဓာတ်ဟာ ခေါင်းဆောင်မဲ့ ပြည်သူတွေ ကိုယ့်အသိစိတ်နဲ့ ကိုယ် ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့ စိတ်ဓာတ်ဖြစ်တယ်ဆိုရင် မမှားပါဘူး။

ရှစ်လေးလုံးအုံကြွမှုကြီးဟာ ခေါင်းဆောင်မရှိပါဘူး၊ ပြည်သူတွေက ဦးဆောင်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစု ကြည်၊ မင်းကိုနိုင်တို့အားလုံး ခေါင်းဆောင်တွေ မဖြစ်ကြသေးပါဘူး၊ လှုပ်ရှားပါဝင်ခဲ့သူတွေပဲ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ပြည်သူတွေက ခေါင်းဆောင် ထလုပ်မှ လုပ်မယ်ဆိုပြီး ငြိမ်မနေကြပါဘူး။ ကိုယ့်အသိနဲ့ကိုယ် ပါဝင် လာကြပြီး အောင်ပွဲရလာမှ ခေါင်းဆောင်ကို ရွေးခဲ့ကြတာပါ။ ဒါကြောင့် ၂၀၁၀ ကို ဖြတ်သန်းရာမှာလည်း ဒေါ် စု လွတ်မှ၊ မင်းကိုနိုင် လွတ်မှဆိုပြီး ကိုယ်လုပ်သင့်ရာကို မလုပ်ဘဲ ခေါင်းဆောင်မျှော်တဲ့ စိတ်ကို ပြောင်းလဲပြီး ရှစ်လေးလုံးစိတ်ဓာတ်အတိုင်း ပြည်သူတွေ၊ ပါတီထောင်ခွင့်ရလို့ ပါတီခေါင်းဆောင်ဖြစ်လာသူတွေက ကိုယ်တ နိုင်တပိုင် ပြုလုပ်ကြဖို့ တာဝန်ကျေကြဖို့ လိုပါတယ်။ ဒါကြောင့် မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး၊ မဖြစ်သေးတာ ပဲ ရှိတယ်လို့ ပြောခဲ့တာပါ။ မဖြစ်သေးတာကလည်း မလုပ်သေးလို့ မဖြစ်တာလို့ ကောက်ချက်ချရပါမယ်။

၂၀၁၀ မှာ တပန်းရှုံးနေတာက ခေါင်းဆောင်တွေ ရှိနေပါပြီ၊ အဲဒီလို ခေါင်းဆောင်တွေ ရှိနေတဲ့အတွက်ကြောင့် ပြည်သူက ဒီခေါင်းဆောင်တွေ လုပ်လိမ့်မယ်လို့ မျှော်ကိုးပြီး စောင့်နေတာဖြစ်ပါတယ်။ လက်ရှိခေါင်းဆောင် တွေ ရှိနေတာဟာ ရှစ်လေးလုံးနဲ့မတူတဲ့ အချက်ပါ။ ဒါကြောင့် ဒီခေါင်းဆောင်တွေ ဘာလုပ်မှာလဲ၊ ဘာမှမလုပ် နိုင်ရင် ပြည်သူက ဒီခေါင်းဆောင်တွေကို မစောင့်ဘဲ ပြည်သူထဲက စွန့်ဝံ့သူ၊ သတ္တိဗျတ္တိရှိသူတွေက ရှစ်လေး လုံးကလိုပဲ တိုက်ပွဲဝင်ခဲ့ရင် (၁) % ကနေ (၉၉) % ကို ချက်ချင်းပြောင်းလဲသွားနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်လာ နိုင်ပါတယ်။

“ကြောက်ရင်လာဘ်လွဲ ရဲမင်းဖြစ်” ဆိုတဲ့ စကားဟာ ဒီနေ့အခြေအနေပါ။ ပြည်သူတွေအနေနဲ့ နေအိမ်အကျဉ်း ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မှာကို မျှော်မနေကြဘဲ တိုက်ပွဲဝင်ကြရင်ဖြင့် မြန်မာပြည်နိုင်ငံရေးအ ခင်းအကျင်း မထင်မှတ်ဘဲ ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ပါတယ်။ နဝတ/ နအဖဟာ နိုင်ငံတော်အမည်ကို ပြည်သူ့ဆန္ဒခံယူပွဲ မလုပ်ဘဲ ပြောင်းပစ်လိုက်သလို၊ နိုင်ငံတော်အလံကိုလည်း ရွေးကောက်ပွဲက ထွက်ပေါ်လာ တဲ့ လွှတ်တော်က အတည်ပြုပေးပြီးနောက်မှ အတည်ဖြစ်လာမယ့် ၂၀၀၈ အခြေခံဥပဒေထဲမှာ အတည်ပြုထား တဲ့ အလံကို လွှင့်ထူရမှာဖြစ်ပေမယ့် သူတို့ပြုစုထားတဲ့ ဥပဒေကို သူ့တို့ဘာသာ ဗြောင်ချိုးဖောက်ပြီး ပြုလုပ်ခဲ့ တာကိုကြည့်ရင် သူတို့ဟာ ဥပဒေကို စာရွက်ပေါ်မှာ ဘယ်လိုပဲ ရေးထားရေးထား အချိန်မရွေး ဖောက်ဖျက် မယ့်သူတွေဆိုတာ ထင်ရှားစေပါတယ်။

ဗိုလ်သန်းရွှေရဲ့ “၂၀၁၀ ရွေးကောက်ပွဲပြီးရင် ရင့်ကျက်တဲ့ ဒီမိုကရေစီရဖို့ မမျှော်လင့်နဲ့” ဆိုတဲ့စကားကို သတိရ ကြစေချင်ပါတယ်။ ဒါကြောင့် ကုလားအုပ်လို တဖြေးဖြေး ခေါင်းဝင်၊ ကိုယ်ဝင်၊ တကိုယ်လုံးဝင်တယ် ဆိုတဲ့သူ တွေ သတိထားရမှာက သူတို့နဲ့ ကစားနေတဲ့ ရန်သူဟာ ဘယ်တုန်းကမှ ကတိမတည်သူ၊ သစ္စာမရှိသူ၊ အင်မ တန်ကောက်ကျစ်သူတွေ ဖြစ်တယ်ဆိုတာကို မမေ့ဖို့ပါပဲ။ သူတို့ဟာ သူတို့ရေးထားတဲ့ ဥပဒေကိုတောင် ချိုး ဖောက်သူတွေ ဖြစ်တာကြောင့် သူတို့ရေးထားတဲ့ ဥပဒေတွေကို ယုံကြည်ကိုးစားမယ်ဆိုရင် ငါးပါးမှောက်ကိန်း ပဲ ဆိုက်မှာဖြစ်ပါတယ်။

ဒါကြောင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုများအားလုံး စည်လုံးညီညွတ်ကြပြီး ရွေးကောက်ပွဲမှာ အမတ်နေ ရာ မဖြစ်စလောက်ကလေးရဖို့ ကိုယ့်အချင်းချင်း ပုတ်ခတ်ပြောဆိုပြီး စည်းရုံးရေးဆင်းနေမယ့်အစား ရွေး ကောက်ပွဲ ညစ်ပတ်မှုတွေကို ဗြောင်ဖွင့်ချ ဖော်ထုတ်ပြီး အတုအယောင် ရွေးကောက်ပွဲမှသည် လူထုတိုက်ပွဲ ဆီသို့ လက်တွဲချီတက်ခြင်းကသာလျှင် မြန်မာပြည်ကြီးကို အမြန်ဆုံး စစ်သူခိုးဓားပြတို့ရန်ကနေ လွတ်ကင်း အောင် လုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။

အားလုံးကို မေတ္တာထားလျက် ...
ထွန်းအောင်ကျော်

4 comments:

Unknown said...

ကို ထွန်း အောင် တျော်

ဆောင်း ပါး က သိပ်ရိုး နေ သလား။

အ ခု ဆောင်း ပါး ရှင် ကော လှူပ် ရှား မှူ တွေ ထဲ
ပါ မှာ လား။
မျှော် နေ ပါ.မယ်။

လေးစားပါတယ်
People inside Burma

yoo said...

ဆေးလိပ်၊ ဖယောင်းတိုင်၊ မီးဖို..စတဲ့အသုးံအဆောင် ပစ္စည်းတွေအတွက် ကိုထွန်းအောင်တျော် ရဲ့ အိမ် မှာ " မီးခြစ် " မရှိဘူးပေါ့  ??

yoo said...

ဘဘ နှင့် ထွန်းအောင်ကျော်

ထွန်းအောင်ကျော်။ ။ ကျနော့်  ရဲ့ ၂၀၁၀ ကျော်ဖြတ်ခြင်း(၁) မှာ
ရွေးကောက်ပွဲကို NLD သပိတ်မှောက်ခြင်းမှာ ထိရောက်သင့်သလောက် မထိရောက်တော့ခြင်း။ ထို့ အပြင် NLD ခေါင်းဆောင်ပိုင်းမှ အသက်ကြီးရင့်သူများကို သွေးသစ်လူငယ်များဖြင့် အစားထိုး အားဖြည့်နိုင်မှု မရှိခြင်း..လို့  သုံးသပ်ထားတာလေး ကို ခု ဘဘနဲ့ တွေ့ တော့မှ တခါတည်းမေးလိုက်ပါရစေ ဘဘ ရယ် ။

ဘဘ။ ။ သွေးသစ်လူငယ်များ ကို အစားထိုး အားဖြည့်ဖို့  အစီအစဉ်တော့ မရှိပါဘူး။ နောက်လဲ ရှိမှာမဟုတ်ပါဘူး။ ဘဘတို့  ကိုယ်ထဲက သွေးဟောင်းတွေကိုသာ ဖောက်ထုတ်ပြီး သွေးသစ် နဲ့  လဲ ပစ်ဖို့  စီစဉ်ပြီး ပါပြီ။
ဒီအတွက် ဘဘတို့ ရဲ့ ရှေ့နေကြီး က စင်္ကာပူက ဆေးရုံနဲ့  လှမ်းချိတ်ထားပြီးပါပြီ။
စင်္ကာပူရောက် မြန်မာတွေကလည်း ဘဘတို့ ကို
ကြိုဆိုတဲ့ အကြောင်း စာတွေ ဖုန်းတွေ နဲ့လှမ်းဆက်သွယ် နေကြပြီ ဆိုတာ လေး ပြောချင်ပါတယ်။

ထွန်းအောင်ကျော်။ ။ ကိန်....

mahathuriya : said...

Comment : said...

တော်လှန်လိုသူများကို ဒီစာနဲ့ ပဲ ထပ်ဆင့်ဝေဖန်အပ်ပါတယ်..။


အိတ်ဖွင့်ပေးစာ

ဦးဝင်းတင် ရဲ့  ဆောင်းပါး.ကို..
လိုရင်းပဲ..တုန့် ပြန်လိုက်ပါတယ်..။

NLD နဲ့ တိုင်းပြည်ကို.
တော်လှန်ပြောင်းလဲလိုသူတွေက.. ပြင်ပဖိအားနဲ့ ပြည်တွင်းက ငြိမ်းချမ်းစွာခုခံတွန်းလှန်မှုတွေ ပေါင်းစပ်ပြီး စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်အရောက် တွန်းပို့နိုင်…..ဘို့ ..လိုလားကြတယ်ဆိုတာတွေ့ ရတယ်..။

ပြည်တွင်းက ငြိမ်းချမ်းစွာခုခံတွန်းလှန်မှု…..ဆိုတာ….
မကြာခင်..
ရွေးကောက်ပွဲလွန်ကာလ..မှာ…
၁၉၈၈ လို..လူထုအုံကြွမှုကြီး… ပြည်တွင်းမှာ…ထပ်ဖြစ်စေချင်တာလား…?

ပြင်ပဖိအားကြောင့်…ပြည်သူတွေ..စုတ်ပြတ်သတ်..ငတ်မွတ်မွဲတေဆင်းရဲတွင်းနက်ပြီးမှ…
အုံကြွလာစေချင်တဲ့..သဘောလား…?
ပြင်ပဖိအားကြောင့်…စစ်အစိုးရ..နဲ့ ..သူ့ 

လူဘူဇွာတချို့ …ထိကောင်းထိတာရှိပေမယ့်…
တကယ်နစ်နာရတာ…အောက်ဆုံးဆင့်လူဆင်းရဲတွေ..ဆိုတဲ့အသိတရားလေးလောက်မှ… မရှိတော့ဘူးလား…?

၁၇၈၉..ပြင်သစ်တော်လှန်ရေး..လို.. အောက်ဆုံးဆင့်လူဆင်းရဲတွေကို…ချနင်းပြီး…
ဒိမိုကရေစီတော်လှန်ရေး..ဆင်နွဲချင်တာ
လား…?

ပြင်သစ်မှာ..လူဝီ ၁၆..
ခေါင်းပြတ်နန်းချခံခဲ့ရတာကို….အားကျတာလား…?

တော်လှန်ရေးသမားတွေ..အားလုံးလောက်…ခေါင်းဖြတ်စက်အောက်..အသက်ပျောက်ခဲ့ရတာ..ကိုရော…
သင်ခန်းစာ..ယူမိရဲ့ လား….?

နောက်ဆုံး…တော့…နပိုလီယံ ဘိုနာပတ်…ရဲ့ စစ်အာဏာသိမ်း (coup d'état )..…ခြငိးရဲ့  နိဂုံးချုပ်ပေးတာခံခဲ့ရတယ်… မဟုတ်လား….?

နောက်တကြိမ်…၁၈၄၈-၅၁ ပြင်သစ်မှာ..လူထုတော်လှန်အုံကြွကြပြန်တော့…..
သမိုင်းရေး..သင်ခန်းစာကို..လူမှုဝိဇာ အမြင် နဲ့ .. Karl Marx..က…ရေးသားတင်ဆက်ခဲ့ပြန်တယ်…။

The Eighteenth Brumaire of Louis Bonaparte by Karl Marx….ပါ…..။

ဖတ်ဖူးမှာပါ…ပြန်ဖတ်ပြီး…သင်ခန်းစာယူပါ…ပညာရှိသတိဖြစ်ခဲ..လို့ ..ဆိုစကား..
ရှိကြောင်းပါ..။


(REFORMERS GROUP)
Thursday, October 07, 2010

Ref: “An Election Not Worthy of Support” by Win Tin - 2010-09-30 New York Times

REF : http://mahathuriya.blogspot.com


October 17, 2010 2:52 PM

Ref :
http://drlunswe.blogspot.com/2010/10/blog-post_17.html
Sunday, October 17, 2010
၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၆ - အမှတ် ၇၊ အောက်တိုဘာ ၁၆ - ၂၀၁၀)
8888 People Power - Vol 6 No 7 - October 16 - 2010


ထပ်ဖတ်ပါ...အကြိမိကြိမ်ထပ်ခါထပ်ခါ ဖတ်ပါ....။ ။