Friday, October 8, 2010

ဗာလနံ စစ်မိစ္ဆာ နအဖ၊ ဇာတ်ပျက်တော်လှန်ရေး ဗျိုရိုကရက်၊ ပြီးတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပါးမုန်းနဲ့ ဟိုလူ

ရဲဘော်ကျော်သန်း

သုံးပွင့်တော့ ဆိုင်နေကြပြီ။ ဗမာတွေကို ထာဝရစစ်ကျွန်ဇာတ်သွင်းဖို့ အစီအမံအတွက်ဆိုပါတော့။ အစက တော့ ဗမာဗိုလ်ချုပ်တွေ သတ္တိနည်းတာကို သိပေမယ့် စစ်သားတွေဆိုပြီး ဒီလောက်ထိ သူရဲဘောကြောင်လိမ့် မယ်လို့ မထင်ခဲ့မိဘူး။ ဗမာ့သမိုင်းမှာ မကြုံစဖူး ထူးကဲတဲ့ အဖျက်စွမ်းတွေနဲ့ မျိုးဖျက်စစ်အာဏာရှင်တွေရဲ့ နောက်ဆုံးအဆင့် မိစ္ဆာသန်းရွှေစစ်အုပ်စုက သူရဲဘောအကြောင်ဆုံး လုပ်ရပ်နဲ့ အမျိုးဂုဏ်သိက္ခာကို ထပ်ပြီး ချပြလိုက်ပြန်ပြီ။ အဲဒါကတော့ သူတို့အပိုင်အနိုင် မယူနိုင်တဲ့ နယ်မြေတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ကရင်ပြည် နယ်နဲ့ ရှမ်းပြည်နယ်ဒေသတချို့မှာ ရွေးကောက်ပွဲမလုပ်တော့ဘဲ ဖျက်သိမ်းလိုက်တာပါ။ မိစ္ဆာသန်းရွှေ စစ်အုပ် စုဟာ သူတို့ရဲ့ကိုယ်ပွား ကြံ့ဖွတ်ပါတီကို သေချာပေါက်အနိုင်ရဖို့ တခြားပြိုင်ဘက် ပါတီတွေကို ကြိုးအမျိုးမျိုး နဲ့ ချည်တုပ်ထားတဲ့ ကြားထဲက အခုလို မသေချာတဲ့ နယ်တွေကို ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် အိမ်နီးချင်းနိုင်ငံတွေဆီက ရွေးကောက်ပွဲလွန်ကာလအတွက် ကြိုတင်ကတိကဝတ်တွေ စကားအပေးအယူ တွေ ရထားပြီးသားပါ။

ကပ်ပေါင်းစုံသင့်နေတဲ့ ဗမာပြည်ပြဿနာနဲ့ ပတ်သက်ရင် အိမ်နီးချင်းတွေရဲ့ သဘောထားက မျက်ဖြူဆိုက် လေ ဆရာကြိုက်လေ ဖြစ်နေသလားတော့ မသိပါဘူး။ ဒီလောက် မတော်မတရားလုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆိုးသည်၊ ကောင်းသည် ဘာဝေဖန်ချက်မှမပေး ရေငုံနှုတ်ပိတ်နေကြတယ်။ သွယ်ဝိုက်ပြီး ထောက်ခံတဲ့သဘောပေါ့။ တရုတ်၊ အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံတွေကို မိစ္ဆာသန်းရွှေကိုယ်တိုင်သွားပြီး ရှင်းလင်း ညှိနှိုင်းနေတယ်။ တရုတ်အစိုးရကတော့ ခပ်ပြတ်ပြတ်ပဲ၊ ဒေါ်လာသန်းပေါင်း ငါးထောင်ကျော်ပေးပြီး ရွေး ကောက်ပွဲကို တဖက်လှည့် ထောက်ခံပြလိုက်တယ်။

မိစ္ဆာသန်းရွှေရဲ့ ဒီနောက်ဆုံး သူရဲဘောင်မှုလုပ်ရပ်ကြောင့် နိုင်ငံရေးအရ အထိခိုက်ဆုံးကတော့ ကေအိုင်အေ ခေါင်းဆောင် ဒေါက်တာတူးဂျာပဲဖြစ်တယ်။ ငရုတ်သီးနဲ့ ပေါင်းမိလို့ အထောင်းခံရတဲ့ ကြက်သွန်လို အင်ဂျီအိုနဲ့ ဈေးကစားတတ်တဲ့ နိုင်ငံရေးစားဖား ဟန်ညောင်ရွှေရဲ့ ရွေးကောက်ပွဲဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးအခွင့်အ လမ်းဆိုတဲ့ စကားကို ယုံစားမိလို့ အခုလို နိုင်ငံရေးနှပ်ပစ်ခံရတာဖြစ်တယ်။ သူ့ခမျာ ပါတီမှတ်ပုံတင်ခွင့်မရတာ တောင် တသီးပုဂ္ဂလအနေနဲ့ပြိုင်ဖို့ ကြိုးစားရှာပါသေးတယ်။ နအဖက သူပြိုင်မယ့် ကချင်ပြည်နယ်ကို ရွေး ကောက်ပွဲ မလုပ်တော့ဘူးလို့ ဖြတ်ရိုက်တာ ခံလိုက်ရရှာတယ်။ ဖွတ်မရ ဓားမဆုံးတဲ့ကိန်း ...။

တကယ်တော့ ဒီရွေးကောက်ပွဲဆိုတာ နိုင်ငံတကာနယ်ပယ်မှာ နိုင်ငံရေးအရ တရားဝင်မှု၊ ပိတ်ဆို့အရေးယူမှု စတဲ့ အကျပ်အတည်းတွေကနေ လွတ်ဖို့ ထွက်ပေါက်တခုအဖြစ် ယောင်ပြနိုင်ငံရေး ကစားကွက်တခုပဲ ဖြစ်ပါ တယ်။ ပြည်ထဲက လူထုဆန္ဒတို့ တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အဖြေရှာဖို့ဆိုတာ တစိုးတစိတောင် ထည့်မတွက်ပါဘူး။ နိုင်ငံတကာကို ပြတဲ့ မျက်လှည့်ပွဲ၊ ရွေးကောက်ပွဲ တံဆိပ်ကပ်ထားတဲ့ နိုင်ငံရေးလိမ်ညာပွဲ တခုပဲဖြစ်ပါတယ်။ ပြည်တွင်းအယ်ဒီတာတဦးရဲ့ စကားအတိုင်းဆိုရင် နှစ်ဘက်မိဘတွေကည်း သဘောမတူ ပတ်ဝန်းကျင်ကလည်း နှာခေါင်းရှုံ့နေကြတဲ့ လိင်တူချစ်သူများရဲ့ မင်္ဂလာပွဲတခုပေါ့။

ထွက်ပေါက်မရှိတဲ့ စစ်ကျွန်ဖွဲ့စည်းပုံ၊ ပြိုင်ဘက်ကို လက်ပြန်ကြိုးအမျိုးမျိုး ချည်ထားတဲ့ ရွေးကောက်ပွဲ နည်းဥပ ဒေတွေ၊ လက်လှမ်းမမီတဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး၊ စိတ်ကူးပေါက်တိုင်း ထွက်လာတတ်တဲ့ နှုတ်မိန့်ဆို တာတွေ၊ ပြီးတော့ သခင်အားရ ကျွန်ပါးဝ ရွေးကောက်ပွဲကော်မရှင်ဆိုတာတွေ “စတဲ့.. စတဲ့” ပြောမဆုံးပေါင် တောသုံးတောင် ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုမျိုးစုံနဲ့ လုပ်ပေးတဲ့ ရွေးကောက်ပွဲကို အခွင့်အလမ်းတခုလို မြင်နိုင် ကြသူတွေ၊ ပြိုင်ချင်ကြသူတွေကလည်း ရှိနေသေးတာ အံ့သြစရာ။

အခွင့်အလမ်းဆိုတာမျိုး တကယ်ဖြစ်ခဲ့ရင်တောင် ဒီအခွင့်အလမ်းဆိုတာ တိုင်းပြည်နဲ့လူမျိုးအတွက် မဟုတ် တာကတော့ သေချာတယ်။ အတ္တလောဘဆန္ဒစွဲကို နည်းနည်းထိန်းချုပ်နိုင်မယ်ဆိုရင်တောင် ၂၀၀၈ က အတု အယောင် ဆန္ဒခံယူပွဲကို သင်ခန်းစာထုတ်ယူနိုင်ပါတယ်။ ဒါပေမယ့် အနှီပုဂ္ဂိုလ်များဟာ တိုင်းပြည်အတွက် အ ကျိုးမများတဲ့ ကိုယ့်ဆန္ဒစွဲလောဘ သို့မဟုတ် မိမိကိုယ်ကိုယ်ဗဟိုပြုတဲ့ အမြင်ကြောင့် တံလျှပ်ရေထင် ကြမ္မာ ငင်ပြီး စစ်ကျွန်ရွေးကောက်ပွဲ ခြောက်ကမ်းပါးထဲ ခုန်ချကုန်ကြတာပဲ။

ပြည်တွင်းပြည်ပက အဲဒီလိုလူတွေကို လေ့လာကြည့်ရင် အရေးကောင်းရင် ဗိန်းဗောင်းတိုက်ပြီး ဖားပြုတ်တွေ မာန်ဖီသလို လေနဲ့ဖောင်းကားနေတတ်တယ်။ နိုင်ငံရေးရာသီမကောင်းလို့ ပူပြင်းကြမ်းတမ်းလာရင် အေးရာ အေးကြောင်း အကြိုအကြားမှာ ချောင်ခိုပြီးတော့ ရှောင်နေတတ်တယ်။ နင်မလာ ငါမကြောက်၊ နင်လာ ငါ ပျောက်ဆိုတဲ့ အစားထဲကပေါ့။ လူရည်လူသွေးတော်တယ်၊ တတ်တယ်၊ လည်ပတ်နှံ့စပ်တယ်။ သို့သော် စွဲမြဲ ခိုင်မာတဲ့ ယုံကြည်ချက်တို့၊ ခံယူချက်တို့ဆိုတာ သူတို့အဘိဓာန်မှာမရှိဘူး။ အဲဒီလိုလူမျိုးတွေဟာ ဘယ်နေရာ ရောက်ရောက် ကိုယ်သက်သာရာ အခွင့်အရေးရှိရာကိုပဲ ရှာဖွေနေတတ်တယ်။ အိမ်ရှင်မရဲ့ ခြေသလုံးကို ခေါင်းကလေးနဲ့ တိုးခွေ့ချော့ပလီပြီး ခေါင်းအုံးပေါ် တက်အိပ်တတ်တဲ့ ကြောင်ပါးဝကြီးတွေလို အစားတွေ။ နိုင် ငံရေး၊ တော်လှန်ရေးထဲ ရောက်လာရင်လည်း အများနဲ့ တန်းတူနေ၊ တန်းတူစား၊ တန်းတူလုပ်ကိုင်ဖို့ ဘယ် တော့မှ မကြိုးစားဘူး။ မြှောက်စားမယ့်သူ၊ အနား ဖားယားခိုကပ်နေတတ်တဲ့ အနားပျာတွေ “တိမ်လွှာကြားမှာ လရထားကို အခန့်သား စီးချင်သူတွေ”။ ဇာတ်ပျက် တော်လှန်ရေးဗျိုရိုကရက်တွေပေါ့။

လူမှုအဆောက်အဦတခုကို စီမံခန့်ခွဲအုပ်ချုပ်တဲ့အခါ အဓိကအားဖြင့် အာဏာဗဟိုချက် (Power Center) နှစ် ခုနဲ့ ခန့်ခွဲကြတယ်။ တခုက အဆုံးအဖြတ်ပေးပြီး တခုက အကောင်အထည်ဖော်တယ်။ ခေါင်းဆောင်တွေ နိုင်ငံ ရေးသမားဆိုတာတွေက ဝဲယာ၊ ထက်အောက်၊ ရှေ့နောက် ထောင့်စုံကို ချင့်ချိန်ပြီး အဆုံးဖြတ်ပေးတယ်။ ဗျူ ရိုကရက်တွေကတော့ လုပ်ထုံးလုပ်နည်းတွေကို အသုံးချပြီး အဲဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော် တယ်။ ဒီတော့ ဗျူရိုကရက်ဆိုတာလည်း အရေးပါတဲ့ လိုအပ်ချက်ဖြစ်တယ်။ သို့သော်လည်း သူတို့ဟာ တိုင်း ပြည်၊ လူမျိုး၊ အဖွဲ့အစည်း၊ အဆောက်အဦရဲ့ ပကတိအခြေအနေတွေ၊ လိုအပ်တာတွေထက် လုပ်ထုံးလုပ် နည်းတွေကိုသာ အလေးထားတယ်။ စာရင်းငှား နွားကျွေးသလို လက်တွေ့အကျိုးသက်ရောက်မှုထက် လုပ် ထုံးလုပ်နည်းနဲ့ အဆင်ချောမွေ့ပြီး အလုပ်ပြီးမြောက်ဖို့ပဲ ဦးစားပေးတယ်။ အများနဲ့ဆိုင်တဲ့ အလုပ်တွေကို လုပ် စားနေပေမယ့် စေတနာ့ဝန်ထမ်းစိတ် ခေါင်းပါးတတ်ပြီး သူတို့ကိုယ်သူတို့ လူတကာထက် ထူးမြတ်တဲ့ မိုးကျ ရွှေကိုယ်တွေလို့ မှတ်ထင်တတ်တယ်။

ဖြစ်နိုင်ခြေ၊ ဖြစ်တန်ခြေ (Possibility, Probability) ဆိုတဲ့ စကားတွေကို များများပြောပြီး အခွင့်အရေး နောက်ကို ယုန်နဲ့အတူ ပြေး၊ ခွေးနဲ့အတူ လိုက်နေသူတွေ ဖြစ်တယ်။ စွန့်လွှတ်စွန့်စားခြင်း၊ အနစ်နာခံခြင်းဆို တာ သူတို့အတွက် မပြောကောင်း၊ မကြားကောင်းတဲ့ ဝေါဟာရတွေဖြစ်တယ်။ လူမှုဆက်ဆံရေးအမြင်ကြ တော့လည်း တန်းတူမရှိ၊ မြင့်တယ်ထင်ရင် ဖားတယ်၊ နိမ့်တယ်ထင်ရင် နှိမ်တယ်။ ဆရာတပည့်ထက်မက ကျွန် မွေးဖို့ လက်မနှေးသလို သခင်မွေးဖို့လည်း ဝန်မလေးဘူး။ ဒါကြောင့် ဒီလို ဗျူရိုကရက်ဉာဉ်နဲ့ လူစားတွေ ခေါင်း ဆောင်နေရာ၊ အဆုံးဖြတ်နေရာ ရောက်လာရင် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်း၊ အဆောက်အဦ၊ လှုပ်ရှားမှု၊ တော်လှန်ရေးဆိုတာတွေ ပျက်စီးပြီး လမ်းကြောင်းပျောက်တော့တာပဲ။

၈၈ က စခဲ့တဲ့ ကျုပ်တို့တော်လှန်ရေးမှာ ဘုရားကားအောက် မျောက်ကားအထက် ဆိုသလို ဗျိုရိုကရက်ဉာဉ်နဲ့ လူတွေက ခေါင်းဆောင်နေရာ အဆုံးအဖြတ်နေရာတွေမှာ အုပ်စီး ထားလိုက်တာ တမိုးလုံး ဖျောက်ဆိပ်သူတို့ ချည်းပဲ။ ဒီလိုနဲ့ ၈၈ နိုင်ငံရေး ဒီရေကြီးလည်း နှစ် (၂၀) ကျော် ကာလအတွင်းမှာ ရေစုန်မျောသွားခဲ့ရတယ်။ စစ် တမ်းပြုချက်တခုအရ ဒီမိုကရေစီတပ်ဦးပါတီ အန်အယ်လ်ဒီခေါင်းဆောင်မှုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ဟာ အ ထက်ဖား အောက်ဖိ ဝတ်ကျေတန်းကျေ အကျင့်စွဲနေတဲ့ မဆလတွေဆိုပဲ။

တချို့ ရဲရင့်တက်ကြွတဲ့ ပါတီဝင်တွေ အဖမ်းခံထောင်ချ၊ တချို့ထောင်ထဲမှာ ရိုက်သတ်ခံရ၊ တချို့ပါတီက အ ထုတ်တောင်ခံရတဲ့ အခြေအနေမှာ ဒီ မလုပ် မရှုပ် မပြုတ်ဆိုတဲ့ မဆလဟောင်း ဗျူရိုကရက်တွေကတော့ စစ် အုပ်စုရဲ့ သက်တော်ရှည်ဘွဲ့ခံ အတိုက်အခံခေါင်းဆောင်ကြီးတွေ ဖြစ်လို့ပေါ့။ ဦးဝင်တင်ရဲ့ မေးမြန်းခန်းတခုမှာ ကြားလိုက်မိပါတယ်။ ၂၀၀၇ သံဃာတွေ အုံကြွပြီး လမ်းမပေါ်ထွက်လာကြတော့ အန်အယ်လ်ဒီခေါင်းဆောင် တွေ စည်းဝေးကြတယ်။ ဘာလုပ်မလဲ ဆွေးနွေးကြတယ်။ အခု အန်ဒီအက်ဖ်ခေါင်းဆောင် မဆလဟောင်း ကော့ကရိတ် (ဦး) သိန်းညွန့်က ဥပဒေနဲ့ ဆန့်ကျင်တယ်၊ ပတ်သက်လို့ မဖြစ်ဘူးလို့ ပိတ်ပြီး ပြောခဲ့တာနဲ့ ဘာ အရေးယူဆောင်ရွက်မှုမှမပါဘဲ ပြီးဆုံးခဲ့တယ်လို့ဆိုတယ်။ ဒီလိုနဲ့ အန်အယ်လ်ဒီပါတီဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိုက်၊ နိုင်ငံရေးတိုက်ပွဲတချို့ဖော်ပြီး လှုပ်လှုပ်ရှားရှားလေးဖြစ်လိုက်၊ ဒေါ်စု ပြန်အဖမ်းခံရပြီး ငြိမ်သွားလိုက်နဲ့ ကြေငြာချက်တွေထုတ်တဲ့ စာကူးစက်တလုံး ဖြစ်သွားတော့တယ်။

အန်ဂျီအိုပယောက အပူးခံရတဲ့ ပြည်ပလှုပ်ရှားမှုကတော့ ပိုပြီး အခြေအနေဆိုးပါတယ်။ သူတို့အပြောနဲ့ ပင်မ ရေစီး (Main stream) ထဲက ဇာတ်ပျက်တော်လှန်ရေး ဗျူရိုကရက်တွေဟာ အင်ဂျီအိုဂုဏော အနန္တော ဂါထာ ကို နာနာရွတ်ပြီး ခေါင်းဆောင်မှုနေရာကို သိမ်းပိုက်၊ ဆူလွယ်နပ်လွယ် ပရောဂျက်တွေနဲ့ ငါးပွက်ရာ ငါးစာချ ရင်း အချိန်ဖြုန်းခဲ့တယ်။ လုပ်သင့်လုပ်ထိုက်တာထက် အန်ဂျီအိုအကြိုက် လုပ်လို့ရတာတွေနဲ့ပဲ ဝတ်ကျေတန်း ကုန် လုပ်ကြတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးလို နိုင်ငံရေးသက်သက်နဲ့ မရနိုင်လို့ စစ်ရေးနည်း လက်နက် ကိုင်ဖို့ ထွက်လာခဲ့ကြတာကို မေ့ချင်ယောင်ဆောင်ပြီး အန်ဂျီအိုအကြိုက် အကြမ်းမဖက်နိုင်ငံရေးဆိုတဲ့ ဖော် နည်းကားကြီးကို သုံးပြီး ရေသာခိုကြတယ်။ ကိုယ်ရေသာခိုတာကို ဒေါ်စုရဲ့ တိုက်ပွဲလမ်းစဉ်က အကြမ်းမဖက် နည်းဖြစ်လို့ ဒေါ်စုစကားကို နာခံသလိုလို ဖုံးကွယ်တတ်သေးတယ်။

ခေါင်းဆောင်ကြီးတယောက်ဆို လက်နက်ကိုင်လမ်းစဉ်အတွက် ပြင်ဆင်ဖို့ တိုက်တွန်းမိတဲ့သူကို အန်ဂျီအို မ ကြိုက်လို့ မလုပ်နိုင်ဘူး ဗြောင်ငြင်းလွှတ်လိုက်သတဲ့။ အန်ဂျီအို ခိုင်းတာ အကုန်လုပ်၊ အန်ဂျီအို မကြိုက်တာ အ ကုန်ဖြုတ်။ တိုင်းပြည်အတွက် တော်လှန်ရေးအတွက် လိုအပ်တာ၊ မလိုအပ်တာ အကျိုးရှိတာ၊ မရှိတာ ဘေး ချိတ်ပဲ။ ဒီလို ဖောက်လွဲဖောက်ပြန်အလုပ်တွေကို လုပ်နိုင်ဖို့်အတွက် တော်လှန်ရေးဇာတ်ပျက် ဗျူရိုက်ကရက် တွေ တူရာတူရာ စုဖွဲ့ကြတယ်။ ဝိုင်းကြီးချုပ်လုပ်ကြတယ်။ အမြီးကျက်စား ခေါင်းကျက်စား မလုပ်နိုင်ဘဲ မျိုးမ တူ ဇာတ်ခြားလို့ကတော့ နိုင်ငံရေးကို ဘယ်လိုပေးဆပ်ပြီး ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ အနားကပ်ဖို့ မကြိုးစားနဲ့ ဝေးရာကရှားပဲ။ တော်လှန်ရေးနဲ့ မပတ်သက် နိုင်ငံရေး စိတ်မဝင်စားပေမယ့် လက်ညှိုးထောင် ခေါင်းညိတ်တဲ့ သူ၊ ပေးတာယူ ကျွေးတာစားပြီး ခိုင်းတာလုပ်မယ့်သူတွေကတော့ လာခဲ့စမ်း ဝဲလ်ကမ်းပဲ။

နိုင်ငံတကာက ပြည် ပတော်လှန်ရေးခေါင်းဆောင်မှုဆိုတာ ဒီလိုချည်းပါပဲ။ ဒါကြောင့်လည်း ရန်သူ့သတင်းပေး တွေ အလွယ်တကူ ထိုးဖောက်နိုင်တာပေါ့။ နိုင်ငံအရေး၊ တော်လှန်ရေးကို လုပ်နေပေမယ့် အဲဒီအထဲမှာ နိုင်ငံ တော်သီချင်းကို မျက်ရည်ဝဲအောင် အူလှိုက်သည်းလှိုက် ဆိုခဲ့ဖူးသူ ဘယ်နှယ်ယောက်ပါလဲ မပြောတတ်ဘူး။ သူတို့နိုင်ငံရေးက ကိုယ့်တွက်ချန်နိုင်ငံရေးပဲ။ တွက်ခြေမကိုက်ရင် ဘာမှမလုပ်ဘူး။ ဒီတော့ ပြည်တွင်းအင်အား စုတွေ ဘယ်လောက် ပူလောင်ကြမ်းတမ်းတဲ့ နိုင်ငံရေးကို ရင်ဆိုင်နေရစေဦးတော့ သူတို့အတွက်တော့ နေသာ သပ လေညာကပဲ။ အခုတော့ ပြည်ပတော်လှန်ရေးရဲ့ ခေါင်းဆောင်မှုဆိုတာ လှေကြုံစီးတွေနဲ့ ဝန်ပိပြီး မရွေ့ နိုင်တော့ဘူး။

အခုလို စစ်ကျွန်ဇာတ်သွင်းရေး စစ်အုပ်စုရဲ့ကြိုးပမ်းမှုကို တိုက်ဖျက်ဖို့ ပြည်တွင်းခေါင်းဆောင်တွေ အင်အားစု တွေက မီးကုန်ယမ်းကုန် လှုံ့ဆော်နေချိန်မှာ အနှီပြည်ပခေါင်းဆောင်ဆိုသူများက ဝတ္တရားကျေ ကြေညာချက် ကလေးတွေ ထုတ်ပြီး ဘာမှ တက်တက်ကြွကြွ လုပ်တာမတွေ့ရဘူး။ ငွေထုပ်ကြီးနဲ့ အန်ဂျီအို လေညွှန်တံ ကုက္ကလံ ဘယ်အရပ်ကို ညွှန်သလဲဆိုတာကိုပဲ အာရုံစိုက်နေကြတယ်။

တကယ်တမ်းတော့ နိုင်ငံတကာမှာ ပြန့်ကျဲနေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကို ပြန်စုစည်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်တွင်းခေါင်းဆောင်တွေ၊ အင်အားစုတွေရဲ့သဘောထားကို နိုင်ငံတကာမှာ ကျယ်ပြန့်အောင် ဖြန့်ချိတာတွေ၊ စစ်ကျွန်ဖွဲ့စည်းပုံရဲ့ ဖောက်ပြန်မှုတွေကို ဖော်ထုတ်တာတွေ၊ အတုအယောင် ရွေးကောက်ပွဲရဲ့ မတရားမှုနဲ့ ဇာတိရုပ်တွေကို ဖွင့်ချတာတွေပြုလုပ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလွန်ကာလ မျှော်မှန်းချက်ဖြစ်တဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု နိုင်ငံရေးတရားဝင်ရေး ကြိုးပမ်းချက်ကို ကြိုတင်ဟန့်တား တိုက်ဖျက်ရမှာဖြစ်ပါတယ်။ အခုတော့ အဲဒီ့အလုပ်တွေကို ပြန့်ကျဲနေတဲ့ အင်အားစုတွေကပဲ ကိုယ့်ဒေသနဲ့ ကိုယ် တကွဲတပြား ဆောင်ရွက်နေကြရတယ်။

တဘက်မှာတော့ ခင်ဇော်ဝင်း၊ နေဝင်းမောင်၊ ဟန်ညောင်ရွှေ၊ ဆလိုင်းလျံမုန်းတို့လို အတွင်းအပြင်က ဖောက် ပြန်ရေးသမား တော်လှန်ရေးဗျူရိုကရက်တွေကတော့ နိုင်ငံတကာ လှည့်ပတ်ပြီး စစ်မိစ္ဆာတွေရဲ့ စစ်ဖိနပ်ကို လျှာနဲ့လျက် အရောင်တင်ပေးနေကြတယ်။ သူတို့က အမေရိကား၊ ဂျပန်၊ ဥရောပ တဝှမ်းလှည့်လည်ပြီး အတု အယောင်ရွေးကောက်ပွဲ ထောက်ခံရေး စည်းရုံးနေကြတယ်။ သူတို့က မငြင်းသာလို့ စစ်အုပ်စုရဲ့ အတုအ ယောင် ရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနဲ့ကြည့်ရင် အဆင့်အတန်းမရှိတာ၊ မတရားတာကို ဝန်ခံတယ်။ ဒါပေ မယ့် ဒါဟာ ဗမာပြည်လက်ရှိပြဿနာအတွက် လက်တွေ့ကျတဲ့ အဖြေဖြစ်တဲ့အကြောင်း၊ ပထမဆုံး ခြေလှမ်း ဖြစ်လို့ ရွေးကောက်ပွဲဟာ ဒီအဆန့်အတန်းလောက်နဲ့ပဲ သင့်တော်တဲ့အကြောင်း အရှက်မရှိ ပြည်သူကို စော် ကား ဗြောင်လိမ်မဲဆွယ်နေကြတယ်။ ဒါကို အန်စီဂျီယူဘီတို့၊ အန်စီယူဘီတို့၊ ကုလကိုယ်စားလှယ်ကြီး သောင်းထွန်းတို့ ဘယ်ပျောက် ဘယ်ရောက်ပြီး ဘာကြောင့် ငြိမ်နေကြသလဲ။

ဟုတ်မဟုတ်တော့ မသိဘူး။ အန်ဂျီအိုနဲ့ နီးစပ်ပြီး ရွေးကောက်ပွဲဆန့်ကျင်ရေး ကြေညာချက်ကလေးတွေ ထုတ် ထားတဲ့ အဖွဲ့အစည်းခေါင်းဆောင်းတချို့ဆိုလည်း ပြည်တွင်းရွေးကောက်ပွဲဝင်ကြမယ့် ဖောက်ပြန်ရေးသမား တွေနဲ့ အစောကြီးထဲက လက်ဝါးရိုက်ထားကြတယ်ဆိုပဲ။ အန်အယ်လ်ဒီနဲ့ ၉၀ ခုအနိုင်ရ တိုင်းရင်းသားပါတီ တွေက ပါတီတွေ မှတ်ပုံပြန်မတင်၊ ရွေးကောက်ပွဲ ပြန်မဝင်ဘဲ သပိတ်မှောက်ကြလို့ အတော်အကျပ်ရိုက်သွား ကြတယ်ဆိုပဲ။ သူတို့ မူလအပေးအယူ ရွေးကောက်ပွဲဝင်ရေး ကြိတ်ပုန်းအစီအစဉ်တွေကို အသာချောင်ထိုးပြီး ထိုင်လက်စ ထိုင်ခိုင်တွေမှာ ဟန်မပျက် ဆက်မှေးနေကြဟန်တူပါရဲ့။ (Burma Fund) ဆိုတဲ့ စားဖားတို့ ပျော် စံရာ ရေကန်သာနဲ့ နီးစပ်သူတွေက ပိုပြီး တိတိကျကျ သိနိုင်လောက်ပါတယ်။ ခုမှပဲ လူကြီးသူမတွေပြောတဲ့ ကုန်သည်ပွဲစား အခွင့်အရေးသမားတွေမှာ ဘက်မရှိဘူး။ အကျိုးးစီးပွားပဲရှိတယ်ဆိုတဲ့ စကားကို ကောင်း ကောင်း သဘောပေါက်တော့တယ်။ တဘက်က တဘက်ကို ပြောင်းဖို့လည်း ဝန်မလေး၊ ခြံစည်းရိုးခွထိုင် နှစ် ဘက်ခွတုတ်ဖို့လည်း အဆင်သင့်ပဲ။ ဒါကြောင့် နယ်ခြားမဲ့သတင်းသမားတို့၊ ဆရာဝန်ဆေးသမားတို့ဆိုတာက စကားပဲရှိတယ်။ နယ်ခြားမဲ့ အခွင့်အရေးသမား အချောင်သမား (Opportunist Sans Frontier) ဆိုတာကမှ တကယ့်လက်တွေ့ ပကတိ။

ဗမာပြည်သူတွေကို ထာဝရကျွန်ဇာတ်သွင်းမယ့် အတုအယောင်ရွေးကောက်ပွဲ သို့မဟုတ် ဒီမိုကရေစီ သင်း ကွပ်ပွဲကို ထောင့်သုံးထောင့်ကနေ လှုံ့ဆော်စီမံနေတာ တွေ့ရတယ်။ အခုမှ တကယ်သုံးပွင့်ဆိုင်နေကြပြီ။ အဲဒီ မှာ မူလသုံးပွင့်ဆိုင် ဆရာကြီး ဟန်ညောင်ရွှေလည်း ပါတယ်ဆိုတာကတော့ ပြောစရာမလိုတဲ့ အချက်ပဲ။ ဗမာ ပြည်ပြဿနာ အဖြေရှာဖို့တော့မဟုတ်ဘူး။ ဗမာပြည်သူတွေကို ကျွန်ဇာတ်သွင်းဖို့ပဲဖြစ်တယ်။

နံပါတ်တစ်က သမိုင်းတရားခံ မိစ္ဆာစစ်အုပ်စု၊ နောက်တစုက ပြည်တွင်းပြည်ပက တော်လှန်ရေးဗျူရိုကရက် တွေ၊ ပြီးတော့ တော်လှန်ရေးဗျူရိုကရက်တွေနောက်က ကြိုးဆွဲဆရာ အန်ဂျီအိုတွေ။

နအဖ ရွေးကောက်ပွဲကြောင့် စေတီမှတ် ကိုးကွယ်ခဲ့တဲ့ တောင်ပို့တွေ ဖွတ်ထွက်ကုန်တယ်။ တချို့ကတော့ ဖွတ်မထွက်သေးပေမယ့် တောင်ပို့မှန်းတော့ ပေါ်လာပြီ။ တောင်ပို့မှန်း သိပေမယ့်လည်း တချို့က လာဘ်လာ ဘမျှော်ကိုးပြီး မီးထွန်း ရွှေချ ပူဇော်နေကြတုန်းပဲ။ တလောက ပုဂ္ဂိုလ်တယောက် အမည်မဖော်ဘဲ အီးမေးလ် ကတဆင့် စာတစောင် ပို့လာတယ်။ စာက ဂျာမန်အန်ဂျီအို အက်ဖ်အီးအက်စ် (FES-Friedrich Ebert Stiftung-Foundation) နဲ့ ပတ်သက်တဲ့ စာဖြစ်နေတယ်။ သိပ်မကြာပါဘူး အဲဒီအန်ဂျီအိုကနေ ပြည်တွင်းက ဇာတ်ပျက် နေဝင်းမောင်တို့၊ ခင်ဇော်ဝင်းတို့နဲ့ အတုအယောင်ရွေးကောက်ပွဲတွက် ဘာလင်မှာ မဲဆွယ်ပွဲကြီး လုပ်တယ်။ နေဝင်းမောင်ကတော့ မလာတော့ဘူး။ ခင်ဇော်ဝင်းပဲ လာတယ်ကြားတယ်။

ဂျာမနီရောက် မျိုးချစ်တွေက ဆန္ဒပြ ကန့်ကွက်ကြတယ်လို့ ကြားလိုက်ရတယ်။ ဘရပ်ဆယ်မှာလည်း တပွဲ ထပ်လုပ်သေးတယ် ကြားတယ်။ အဲဒီစာ ဖတ်ကြည့်တော့မှ ဗမာ့ဒီမိုကရေစီအရေးကို ထောက်ခံပါတယ်ဆိုတဲ့ အန်ဂျီအိုတွေနဲ့ ပြည်ပဒီမိုကရေစီခေါင်းဆောင် တံဆိပ်ကပ်ထားတဲ့ စားဖားတွေ စစ်အုပ်စုနဲ့ ပလူးပလဲ လုပ်နေ တာ ၂၀၀၃/၂၀၀၄ ကတည်းကဆိုတာ သိရတော့တယ်။ လက်စသတ်တော့ အဲဒီ့တုန်းက ဟန်ညောင်ရွှေတို့ ပြောနေတဲ့ စစ်မိစ္ဆာတွေကို ရန်သူလို့ မသုံးနှုန်းပါနဲ့ ဆွေးနွေးဘက်တွေလို့ သုံးနှုန်းဖို့ ပြောခဲ့တာ ဒါကြောင့်ပေ ကိုး။ ပြီးတော့ စစ်မိစ္ဆာတွေကို ရန်ငါစည်းပြတ် ရှုတ်ချတိုက်ပွဲဝင်နေသူတွေကို မရင့်ကျက်သူတွေလိုလို အဆင့် အတန်းနိမ့်တဲ့သူတွေလိုလို ကွန်မြူနစ်စစ်သွေးကြွတွေလိုလို ကဲ့ရဲ့တတ်သေးတယ်။ အဲဒီလို ဝေဖန်ရင် စစ်အုပ် စုနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲပြီး တော်လှန်ရေးအကျိုးစီးပွား ထိခိုက်သလိုလို ပြောတတ်ကြသေး တယ်။ ပါးနပ်ပိရိလိုက်တဲ့ ဓားပြ ဆယ်နှစ်လောက်ရှိမှ ကျောချခံရတာ သိရတော့တယ်။ သခင်စိုးကြီးစကားအ တိုင်း ခပ်ကြမ်းကြမ်းလေး ပြောရရင် ဟန်ညောင်ရွှေတို့လို တော်လှန်ရေးဗျူရိုကရက်တွေဟာ လူက လင်ကြီးနဲ့ အတူ ခြင်ထောင်ထဲအတူ ရှိပေမယ့် လင်ငယ်အတွက် ဖင်ကို ခြင်ထောင်အပြင်ထုတ်ထားတာ ဆယ်နှစ် လောက်ရှိပြီးကိုး။

ကျနော်တို့မှာတော့ အမေရိကန်လွှတ်တော်တို့၊ အီးယူတို့က ဗမာ့အရေးအတွက် ဒေါ်လာဘယ်နှသန်း ချပေး လိုက်ပြီ၊ ယူရိုဘယ်နှသန်း ချပေးလိုက်ပြီနဲ့ ကြားရတာ မစားရဝခမန်းပဲ။ ဒါပေမယ့် အမေရိကန်နဲ့ ဥရောပအခွန် ထမ်း ပြည်သူတွေရဲ့ အလှူငွေတွေဟာ သူတို့ ရည်မှန်းတဲ့ ဗမာပြည်သူတွေရဲ့အကျိုးအတွက် ရောက်တာက နည်းနည်း အန်ဂျီအိုတွေနဲ့ တော်လှန်ရေးဗျူရိုကရက်တွေအတွက် ကုလားခပ်တဲ့ရေ ကုလားဖင်ဆေးတာက ခပ်များများပါ။

တိဗက်တွေရဲ့ အဝေးရောက်လှုပ်ရှာမှုတွေဟာ ၁၉၅၉ ခု ကတည်းက စခဲ့တယ်။ ဗမာ အဝေးရောက် လှုပ်ရှားမှု ထက် အနှစ်သုံးဆယ်လောက် စောတယ်။ အန်ဂျီအိုနဲ့လည်း အစောကြီးကတည်းက ထိတွေ့ဆက်ဆံခဲ့သလို အတွေ့အကြုံလည်း ပိုများတယ်။ ကျနော့် မိတ်ဆွေ တိဗက်လူငယ်ဥက္ကဋ္ဌနဲ့ အတွေ့အကြုံ ဖလှယ်မိတဲ့အခါ သူက “ဒီကောင်တွေက နေရာတကာ ဆရာ လုပ်ချင်တယ်၊ ငွေလေး မဖြစ်စလောက်ပေးပြီး ဟိုဟာ ခိုင်းချင်၊ ဒီဟာ ခိုင်းချင်။ ပိုဆိုးတာက တို့လူတွေ ခြစားပျက်စီးတာပဲ အဖတ်တင်ကျန်ခဲ့တယ်” လို့ အန်ဂျီအိုတွေနဲ့ ပတ် သက်ပြီး ပြောခဲ့ဖူးတယ်။

ဖလှယ်မိသလောက် သူတို့အတွေ့အကြုံနဲ့ ကျုပ်တို့အတွေ့အကြုံက သိပ်တော့မကွာခြားလှဘူး။ သူတို့က တော့ ဘုန်းတော်ကြီး ဒလိုင်းလာမားလို သြဇာပေါက် ခေါင်းဆောင်မှု၊ ပီပြင်တဲ့ အဖွဲ့အစည်းများနဲ့ စည်းလုံးပြီး တာဝန်သိတဲ့ အဝေးရောက်အမျိုးသား အစုအစည်း (Exile Community) ရှိတော့ နည်းနည်းတော့ ခံသာ သေးတယ်။ သူတို့ခေါင်းဆောင်မှုကလည်း ဗမာတွေရဲ့ ခေါင်းဆောင်မှုလောက် အမျိုးသားရေးအမြင် မလျော့ ပါးဘူး၊ ဇာတိမာန်ချွတ်ခြုံမကျဘူး။ ဒီတော့ သူတို့အခြေအနေက ဗမာတွေလောက် မဆိုးဘူး။ ပြီးတော့ အန်ဂျီ အိုက ဗမာတွေကို ဆက်ဆံသလို မယားငယ် ပေးပေး၊ မယားငယ်ကျင့်ကျင့်တာ သိပ်မခံရဘူး။

ဒါကြောင့် အမေရိကားရောက် မိတ်ဆွေတယောက်က ပြောတယ်။ ဒီမှာတော့ ကျုပ်တို့ ခေါင်းဆောင်တွေဆို တာ ဥက္ကဋ္ဌဖြစ်ဖြစ်၊ ဝန်ကြီးဖြစ်ဖြစ်၊ အမတ်ဖြစ်ဖြစ် တော်လှန်ရေးဆိုတဲ့ ဆင်ဖြူတော်ကြီးကို ပြစားနေတဲ့ ဇာတ် မှာ ဆင်ကိုပိုင်ဖို့ မပြောနဲ့၊ ဆင်ဦးစီးတောင်မဟုတ်ဘူး။ ဆင်အောက်ကနေ ရှေ့ပြေးလိုက်၊ နောက်ပြေးလိုက်နဲ့ လှံလေးတချောင်း ကိုင်ပြီး ဆင်မောင်းပေးရတဲ့ ဆင်နောက်လိုက် ချွန်းကိုင် ပဲ့ချိတ်အဆင့်ပဲရှိတယ်။ ပြောလည်း ပြောလောက်စရာ။ ဒိုင်ယာလော့တို့၊ ဝင်းဝင်းစီကျူရေးရှင်းတို့၊ ရီဂျင်းချိန်းတို့ဆိုတဲ့ တော်လှန်ရေးမဆန် ဖောက် ပြန်တဲ့ စကားလုံးတွေကို တွင်တွင်ကြီး ပြောဟောနေကြတဲ့ ဟန်ညောင်ရွှေ၊ ဇော်ဦး၊ သန်းမြင့်ဦးနဲ့ လူတတ်လို လိုအားလုံးဟာ အဲဒီအန်ဂျီအိုတွေနဲ့ ပလဲနာမသင့်တဲ့ လူတွေချည်းပဲ။ သူဆန်စားထားလို့ ရဲကြရလေသလား၊ ကြက်တူရွေးက တော်တော်ကို မယ်ဘော်ကပဲ ကဲလွန်းနေသလား။ ပြောမယ့်သာပြောရတယ် ဗမာပြည်အခြေ အနေက ဒီအန်ဂျီအိုတွေနဲ့ တော်လှန်ရေးဗျူရိုကရက်တွေအတွက် နတ်ကြိုက်နဲ့ ဓာတ်တိုက် အကိုက် ဖြစ်နေ တာ။ ချောက်ကျစရာရှိလည်း ဗမာပြည်နဲ့ ဗမာလူထုပဲ။ သူတို့အတွက်တော့ ဘာဖြစ်ဖြစ် အတွေ့အကြုံတခု ထက်မပို နေသာသပ လေညာကပါပဲ။ ဆောရီးပါကွယ်၊ ဝမ်းနည်းပါတယ် စကားတခွန်းဆိုရင် ပြီးရော။ ဒီတော့ ကိုယ့်ကိစ္စကိုယ့်အရေးကို ကိုယ့်အချင်းချင်းပဲ ဆွေးနွေးပြီး ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်အားကိုယ်ကိုးရမယ့် အ ချိန်ရောက်ပြီ။

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပုံပြင်လေးတွေနဲ့ ပြောတတ်တယ်။ ဆရာကြီးက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကိုယ့်အချင်းချင်း သူမသာ ကိုယ်မနာ အဖြေရှာဖို့ ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့ သူတပါးကို မယုံဖို့ အမြဲပြောလေ့ရှိတယ်။ အဲဒါနဲ့ပတ်သက်တဲ့ ဆရာကြီးရဲ့ ပုံပြင်လေးတခုရှိတယ်။ အင်္ဂလိပ်တွေရဲ့ သန်လျင် တညင်က ကုန်တိုက်ကို ပြည်တွင်းရေးဝင်စွက်လို့ ပိတ်ပစ်လိုက်တယ်။ ဘိုးတော်ဘု ရားလက်ထက်ရောက်တော့ ဟိုင်းကြီးကျွန်းကို ငှားဖို့ အင်္ဂလိပ်တွေက ပြန်ကြိုးစားကြတယ်။ ဟိုင်းကြီးကျွန်းဆို တာက လူသူမနေ သစ်ကြီးဝါးကြီးတွေနဲ့ ဗွက်တောကြီးဖြစ်တယ်။ ဒါကို တနှစ်ငွေတော်တသိန်း ပေးပြီးငှားဖို့ အင်္ဂလိပ်တွေက ကမ်းလှမ်းတယ်။ ဘိုးတော်ဘုရားကော၊ ကျန်တဲ့ မူးကြီးမတ်ရာတွေက လူသူမနေတဲ့ ကျွန်းမို့ ငွေတော်တသိန်း အလကားရတာပဲဆိုပြီး ငှားချင်ကြတယ်။ ညီလာခံမှာ အားလုံးက သဘောတူကြတယ်။

ဒါပေမယ့် အမတ်ကြီး ဦးပေါ်ဦးကတော့ ဘာတခွန်းမှမပြောဘဲ ဆိတ်ဆိတ်နေသတဲ့။ အကြောင်းသိချင်းဖြစ်တဲ့ ဘိုးတော်ဘုရားက “ဟဲ့ ပေါ်ဦး၊ နင့်သဘောကရော ဘယ်လိုလဲ” လို့ မေးတယ်။ ဦးပေါ်ဦးက လမ်းမှာကြားခဲ့တဲ့ ခလေးတွေဆိုနေတဲ့ တဘောင်သီချင်းကို ဆိုချင်တယ်လို့ ဆိုတယ်။ ဟိုင်းကြီးကျွန်းငှားဖို့ ကိစ္စပဲပြောစမ်းပါ၊ ဒီ သီချင်းကို နောက်မှ ဆိုစမ်းပါလို့ပြောတယ်။ ဦးပေါ်ဦးက ဒီသီချင်းက ဟိုင်းကြီးကျွန်းကိစ္စနဲ့ ဆိုင်များဆိုင်မလား လို့ပါလို့ ဆက်လျှောက်တယ်။ ဘိုးတော်ဘုရားကလည်း ဒါဖြင့်ဆိုစမ်းပေါ့။ ဦးပေါ်ဦးက ဆိုပြတယ်။ ဘိုးတော် ဘုရားက အထပ်ထပ် ဆိုခိုင်းတယ်။ နောက်ဆုံးတော့ ဘိုးတော်ဘုရားက ပေါ်ဦးရယ် နင်ပြောချင်တာ ငါသ ဘောပေါက်ပါပြီ။ ငွေလေးတသိန်းနဲ့ ရှုပ်ရှုပ်ယှက်ယှက်တွေ အဖြစ်မခံတော့ပါဘူး။ အဲဒီတော့ ဟိုင်းကြီးကျွန်း ငှားရေးကိစ္စလည်း ဖျက်သိမ်းလိုက်ကြတာပေါ့ ဆိုပြီးတော့ ညီလာခံ ရုတ်သိမ်းလိုက်တယ်။ ဟိုင်းကြီးကျွန်း ငှား ရမ်းရေးကိစ္စလည်း ဖျက်သိမ်းလိုက်တယ်။ ဦးပေါ်ဦး ဆိုပြတဲ့ တဘောင်သီချင်းလေးက “ပြုံးပြုံး ပြုံးပြုံးနဲ့ ပါး မုန်းနဲ့ ဟိုလူ၊ ဆေးတံနဲ့ချော့ ငေါ့မယ်လို့မြူ” တဲ့။

ရဲဘော်ကျော်သန်း

5 comments:

min nay said...

အဲဒါ ကို ရဲဘော်ကျော်သန်းဟုခေါ်သည်။ အကိုရေ အဲဒီလိုမျိုးဆောင်းပါးတွေ ခဏခဏ မကြာမကြာ တစွတ်စွတ် ရေးပေးပါ။ ပြန်ပြန်ဖတ်ဖတ် နေရတာ ဘယ်နှစ်ခေါက်မှန်းတောင်မသိတော့ ဘူး သဘောကျလွန်းလို့။

yoo said...

ရဲဘော်လဲ
ငွေအပေးအယူတွေနဲ့ တွက်ခြေမကိုက် ဖြစ်ပြီး အချင်းချင်း ဖော်ကုန်ပြီ။

mg ပြောလို့
"ဧရာဝတီ မဂ္ဂဇင်းလို ၀ါဒဖြန့်လူလေးတွေတောင်မှ တစ်နှစ်ကို ဒေါ်လာ ၁သန်းထောက်ပံ့ကြေးရတယ်ဆိုပဲ...ဒါပေမယ့် ပြည်သူကိုအကျိုးမပြုပဲ ပိုက်ဆံကို စာရင်းဇယားမရှိ ရေလိုသုံးနေတဲ့တွက် ထောက်ပံ့ပေးတဲ့ ဒိန်းမတ်နိုင်ငံကြီးက ၂၀၁၁ မှာ ထောက်ပံ့မှု ရပ်တန့်မယ်လို့" သိရတယ်။

ရဲဘော်ကျော်သန်းက
"ကျနော်တို့မှာတော့ အမေရိကန်လွှတ်တော်တို့၊ အီးယူတို့က ဗမာ့အရေးအတွက် ဒေါ်လာဘယ်နှသန်း ချပေး လိုက်ပြီ၊ ယူရိုဘယ်နှသန်း ချပေးလိုက်ပြီနဲ့ ကြားရတာ မစားရဝခမန်းပဲ။ဒါပေမယ့် အမေရိကန်နဲ့ ဥရောပအခွန် ထမ်း ပြည်သူတွေရဲ့ အလှူငွေတွေဟာ သူတို့ ရည်မှန်းတဲ့ ဗမာပြည်သူတွေရဲ့အကျိုးအတွက် ရောက်တာက နည်းနည်း " ဆိုပဲ။

်ချပေးလိုက်တာကို ဘယ်လို ဝေစား ကြတာလဲ ???
ရဲဘော်ကျော်သန်းကို ဘယ်လို ချန်ထားခဲ့တာလဲ ?

"ခုမှပဲ လူကြီးသူမတွေပြောတဲ့ ကုန်သည်ပွဲစား အခွင့်အရေးသမားတွေမှာ ဘက်မရှိဘူး။ အကျိုးးစီးပွားပဲရှိတယ်ဆိုတဲ့ စကားကို ကောင်း ကောင်း သဘောပေါက်တော့တယ်။" လို့ ပြောမနေပါနဲ့ တော့။

ကိုယ်အလို့ ကိုယ်ခံရတာ..

ဝေစားကြတာ တွက်ခြေမကိုက်တောမှ့
"ကိုယ့်ကိစ္စကိုယ့်အရေးကို ကိုယ့်အချင်းချင်းပဲ ဆွေးနွေးပြီး ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်အားကိုယ်ကိုးရမယ့် အ ချိန်ရောက်ပြီ။" လို့တော့ မပြောပါနဲ့ ။

လူဆို့းနော်။

တိုင်းပြည်နဲ့လူမျိုးအတွက် တို့၊
စွဲမြဲ ခိုင်မာတဲ့ ယုံကြည်ချက်တို့၊ ခံယူချက်တို့၊ တိုင်းပြည်အတွက် တော်လှန်ရေးအတွက်တို့၊
တိဗက်လူငယ်ဥက္ကဋ္ဌနဲ့ အတွေ့အကြုံ ဖလှယ်မိတဲ့အခါ တို့၊ သခင်စိုးကြီးစကားအတိုင်း ခပ်ကြမ်းကြမ်းလေး ပြောရရင် တို့၊ ပြောမနေပါနဲ့ တော့။

တို့က မြောက်ကိုရီးယားမှာ တလ ဇာတ်ပျက်ခဲ့ပြီးသား။

mahathuriya : said...

NLD နဲ့  pro-nld.. တွေက…no vote…no vote..နဲ့ ….မဲမပေး..ဘို့ ..
လှုံ့  ဆော်ကြတယ်..။

no vote ..ကို..ပြောစရာ..မရှိပါ..။

ဒါပေမယ့်……….
NLD..မဟုတ်တဲ့…နိုင်ငံရေးပါတီ..အဖွဲ့ အစည်း..အားလုံးကို…ရန်သူလိုသဘောထားလာခဲ့တယ်..။

ပါတီတွေထဲမပါတဲ့…နိုင်ငံရေးအင်အားတွေ…
အများကြီးရှိနေသေးတယ်ဆိုတာ…သတိထားမိပုံမရဘူး.။
ရွေးကောက်ပွဲ..၀င်ရင်…စစ်အစိုးရဘက်ကလို့ ..စွပ်စွဲလာတယ်..။
လမ်းပြတ်ကမ်းပြတ်…အမျိုးသားချင်းစစ်ခင်းချင်..တာလား..?

NLD…နဲ့ .. ပြည်တွင်းပြည်ပ…pro-nld..တွေကို…ဂရုဏာသက်ရုံကလွဲရင်…nothing…ပါ..။
ကိုယ့်လမ်းကိုယ်လျှောက်ကြရုံပါ..။

NLD..ဟာ.. ဘ၀င်မြင့်..မာန်တက်လို့ ..လူထုတင်တဲ့စင်မြင့်ပေါ်က…ပြုတ်ကျခဲ့ပြီးပြီ…။
ဒါကို..သင်ခန်းစာ..မယူနိုင်သေးပဲ….ထပ်ကွန့် ပြီး..ငါနဲ့ မတူငါ့ရန်သူ…ဗကပ..မူ..ကို..
ကျင့်သုံးလာပြန်ပြီ..ဆိုရင်တော့….သေချာစဉ်းစားပါ….
နိုင်ငံရေး..ဆိုတာ..ကိုယ်ယုံတာကိုယ်လုပ်ကြတာနော်…။
ရေဆုံးရေဖျား..ပဲ..မှတ်ပါ..ပြတ်တယ်..။

အမျိုးသားပြန်လည်သင့်မြတ်ရေး..ကြွေးကြော်ပြီး…အလုံးစုံပျက်သုဉ်းရေးဦးတည်မယ်…ဆိုရင်တော့..
အမှားကြီးမှားလိမ့်မယ်..။

အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး…ဆိုတာကို.. အလုံးစုံပျက်သုဉ်းပြီးမှ..လုပ်မယ်..လို့ …..ရည်ရွယ်ရင်တော့….လူထုရဲ့  ဒဏ်ခတ်တာ…သမိုင်းမှာ..ခံပေရော့..လို့ ပဲ..ကြိုပြောထားလိုက်ပါ့မယ်..။

yoo said...

ရဲဘော်ကျော်သန်းက - "၈၈ နိုင်ငံရေး ဒီရေကြီးလည်း နှစ် (၂၀) ကျော် ကာလအတွင်းမှာ ရေစုန်မျောသွားခဲ့ရတယ်" ဆိုတယ်။

-ရေစုန်မျောသွားခဲ့တာ မဟုတ်ဘူး။
တနေရာထဲမှာ ဝဲဂရက် ဖြစ်နေတာ..
ဒီတော့
ထွက်ပေါက်မလိုဘူး။
ဝဲဂရက် ဖြစ်နေမှတော့ ဖောက်ထွက်ဖို့ မလိုဘူး။

ခု သူများကို
"တကယ်တမ်းတော့ နိုင်ငံတကာမှာ ပြန့်ကျဲနေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကို ပြန်စုစည်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်တွင်းခေါင်းဆောင်တွေ၊ အင်အားစုတွေရဲ့သဘောထားကို နိုင်ငံတကာမှာ ကျယ်ပြန့်အောင် ဖြန့်ချိတာတွေ၊ စစ်ကျွန်ဖွဲ့စည်းပုံရဲ့ ဖောက်ပြန်မှုတွေကို ဖော်ထုတ်တာတွေ၊ အတုအယောင် ရွေးကောက်ပွဲရဲ့ မတရားမှုနဲ့ ဇာတိရုပ်တွေကို ဖွင့်ချတာတွေပြုလုပ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလွန်ကာလ မျှော်မှန်းချက်ဖြစ်တဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု နိုင်ငံရေးတရားဝင်ရေး ကြိုးပမ်းချက်ကို ကြိုတင်ဟန့်တား တိုက်ဖျက်ရမှာဖြစ်ပါတယ်။ အခုတော့ အဲဒီ့အလုပ်တွေကို ပြန့်ကျဲနေတဲ့ အင်အားစုတွေကပဲ ကိုယ့်ဒေသနဲ့ ကိုယ် တကွဲတပြား ဆောင်ရွက်နေကြရတယ်။ " လို့ ထောက်ံပြတယ်။

"၈၈ က စခဲ့တဲ့ ကျုပ်တို့တော်လှန်ရေးမှာ" ဆို။

ကျုပ်တို့ တဲ့။
ကျုပ် က ပြုံးပြုံး ပြုံးပြုံးနဲ့ ခြင်ထောင်အပြင်ထုတ်ထားတာ နှစ် နှစ်ဆယ် လား။

လူဆို့းနော်။

ရွာပျော်ကြီး said...

လှည်းဘီးဟာ လည်ဖန်များတော့ ချီးမိတာပဲ။ နှစ် ၂၀ ခိုးစား ဝှက်စား၊ လိမ်စား ညာစားခဲ့တာ ပေါ်ပြီမဟုတ်လား။ ဧရာဝတီကိုလည်း ပိုက်ဆံမပေးတော့ဘူးတဲ့... ကောင်းမှကောင်းပဲ။ ဒီလောက်ငွေကြေးတွေကို သေနတ်ဝယ်တပ်ထောင်ပြီး ရန်သူကိုတိုက်ရင် ဒီမိုကရေစီရတာ ကြာပြီပေါ့။ တကယ့်တော်လှန်ရေးလုပ်နေတဲ့ ရဲဘော်တွေတိုက်မယ်ဆိုရင်ပေါ့လေ။ အောင်ဇော်တို့ကတော့ မြုံးပြီး ဝါးမျိုးနေကြပေါ့။ အခုတော့ သူခိုး မိပြီ။ ဆံပင်ရှည်ရှည်ထား လမ်းသရဲလိုလို၊ ဂျလေဘီလိုလို ဘာစောက်ကန်းတလုံးမှ နားမလည်တဲ့ကောင်က အယ်ဒီတာလုပ်နေမှတော့ ဘာစောက်သုံးကျတော့မလဲ။35792468wa