ဇော်မင်း
ဒီရက်ပိုင်းကတော့ ရွေးကောက်ပွဲဆိုတဲ့ အသံတွေကပဲ စီစီညံနေတယ်ဆိုတာ လူတိုင်းသိပါတယ်။ ရွေး ကောက်ပွဲဟာ ဘာပဲပြောပြော မရှိတာထက်စာရင် ကောင်းတယ်လို့ ငြင်းခုံတဲ့သူတွေ ရှိနေသလို ရွေးကောက် ပွဲဝင်ပြီး ပါလီမန်တွင်းကနေ တိုက်ပွဲဝင်ယူမယ်။ နောင်မှာ တဖြည်းဖြည်းနဲ့ ပြင်ယူသွားမယ်ဆိုတဲ့ နိုင်ငံရေးပါတီ များလည်း ရှိနေပါတယ်။၊ တချိန်ထဲမှာလည်း ရွေးကောက်ပွဲကို မ၀င်ရေး၊ ရွေးကောက်ပွဲကို သပိတ်မှောက်ရေး၊ မဲရုံကိုသွားပြီး မဲမထည့်ရေးကို အဆိုတင်သူများလည်း ရှိပါတယ်။ အကယ်၍ ရွေးကောက်ပွဲသာ ချောချောမော မောဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရက နောက်ခံပေးထားတဲ့ ကြံ့ဖွတ်ပါတီက နေရာအတော်များများမှာ အနိုင်ရဖို့ ကတော့ သေချာသလောက်ရှိနေပါတယ်။ နိုင်ငံရေးစိတ်ဝင်စားသူတိုင်းကလည်း အဲသလို ကြိုတင်သုံးသပ်ကြ ပါတယ်။
အကယ်၍ တစုံတဦးက ကျနော့်ကို မေးလာမယ်ဆိုပါတော့ ...။ ခင်ဗျားက ရွေးကောက်ပွဲ သပိတ်မှောက်ရေး လား သို့မဟုတ် ရွေးကောက်ပွဲလုပ်တာကို ထောက်ခံတဲ့ ဘက်ကလားလို့ မေးလာရင် ကျနော့်အဖြေကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ မဲမထည့်ဘူးဆိုတဲ့ အဖြေကို ပေးမှာဖြစ်ပါတယ်။ ကြိုတင်မဲလည်း မထည့်ဖူး။ မဲရုံကိုသွားပြီး လည်း မထည့်ဘူး။
တချို့ကတော့ ဆိုပါတယ်။ စစ်အစိုးရကို မကြိုက်ပေမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တာကိုတော့ လက်မခံ နိုင်ပါဘူးတဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ ရွေးကောက်ပွဲဆိုတဲ့ အခွင့်အလမ်းကနေ နောင်မှာ ကိုယ်လိုချင်တာ တွေ ဖန်တီးယူသွားနိုင်တယ်လို့ ဆိုပါတယ်။ တချို့ကလည်း စစ်အစိုးရဟာ ရွေးကောက်ပွဲကို ကျင်းပပေးတာ ဟာ အကြောင်းရှိပါတယ်တဲ့။ ဘာအကြောင်းလဲဆိုတော့ စစ်တပ်ဟာ နိုင်ငံရေးကနေ တဖြည်းဖြည်းချင်း စနစ် တကျ ဆုတ်ခွာသွားနေတာလည်း ဖြစ်လို့ပါတဲ့။ အယူအဆကတော့ အမျိုးမျိုးပေါ့လေ။ ကိုယ့်အယူအဆကို ကိုယ်တင်ပြတာ တင်ပြခွင့်ရှိပါတယ်။
ကျနော် ဘာကြောင့် မဲသွားမထည့်ဘူးဆိုတာကို ပြောပြလိုပါတယ်။
နိုင်ငံသားတိုင်းမှာ မွေးရာပါ နိုင်ငံသားတဦးရဲ့ အခွင့်အရေးများရှိပါတယ်။ အဲဒီ့အခွင့်အရေးတွေ ပိတ်ပင်ခံထား ရတယ်ဆိုရင် ပိတ်ပင်တဲ့ အုပ်ချုပ်သူများကို ဝေဖန်ရမှာပဲဖြစ်ပါတယ်။ နိုင်ငံသားတွေဟာ ၂၀၀၈ ခုနှစ်က အ တည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအသစ်ကို ဘာမှန်းသေသေချာချာ မသိလိုက်ရဘဲ မဲထည့်ကြဆိုလို့ မဲထည့်ခဲ့ရပါတယ်။ နိုင်ငံသားတွေအနေနဲ့ မဲမထည့်ခင် အဲဒီ့ဖွဲ့စည်းပုံကို ပြန်လှန်ဆွေးနွေးခွင့်ရခြင်း မရှိခဲ့ပါဘူး။ မရဘူးဆိုတာက လည်း နိုင်ငံသားတွေဆီကို ချပြခဲ့တာမှ မဟုတ်တာကိုး။ သူတို့ဟာ သူတို့ ညီလာခံလုပ်။ သူတို့ဟာသူတို့ ဥပ ဒေတွေရေး၊ ပြီးတော့မှ လူတွေကို ဇွတ်အတင်း မဲထည့်ခိုင်းခဲ့တာ မဟုတ်လား။ မဲထည့်တော့လည်း မဲညစ်ပတ် တာတွေ အများကြီး၊ တိုင်းပြည်မှာ ဖြစ်ခဲ့တာလည်း လူတိုင်းသိနေပါတယ်။
အခုလည်း ရွေးကောက်ပွဲကို မဲထည့်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် ဘာညာဆိုပြီး လုပ်လာပြန်ပါတယ်။ ကျုပ်တို့မှာ ဘာတာဝန်ရှိလို့တုန်းလို့ ပြန်မေးလိုပါတယ်။ အစကတည်းက သူတို့လုပ်ချင်သလို လုပ်ထားတယ်။ လူတွေကိုလည်း ဘာမှအသိမပေး။ လူတွေဆီက သဘောထား တောင်းခံတာလည်း မရှိ။ လူအများကြားမှာ အကျယ်တ၀င့် ရှင်းလင်းပြဆိုခဲ့တာလည်းမရှိ၊ လုပ်ချင်သလိုလုပ်ခဲ့ပြီးမှ အခုကျတော့ မဲထည့်ဖို့ တာဝန်ရှိတယ် ဆိုပြီးပြောတာ နည်းလမ်းကျပါ့မလား။ အဲတာကိုလည်း စစ်အုပ်စုနဲ့ နီးစပ်တဲ့ နိုင်ငံရေးပါတီတွေ၊ စစ်အုပ်စုနဲ့ မ နီးစပ်ပေမယ့် ရွေးကောက်ပွဲဝင်လိုသူ နိုင်ငံရေးပါတီများက ပြောလာပြန်ပါတယ်။
တခါ ရွေးကောက်ပွဲ မ၀င်ဘူးဆိုရင် နိုင်ငံရေးအခွင့်အလမ်းတခုကို လက်လွှတ်လိုက်သလို ဖြစ်သွားမယ်ဆိုပြီး ပြောနေတဲ့ ပညာရှင်အုပ်စုဆိုသူများလည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ အခုအတည်ပြုထားတဲ့ ဖွဲ့စည်းပုံဟာ အမေရိကန်ဖွဲ့စည်းပုံနဲ့ နင်လားငါလား ကောင်းမွန်တယ်လို့ ဟောပြောတဲ့ ပညာရှင်ဆိုသူများလည်း တွေ့ရပါ သေးတယ်။ အမေရိကန်တွေကြားရင် တက်တောင်သေဦးမယ်။ တကယ်လို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအသစ် ဟာ အမေရိကန်ဖွဲ့စည်းပုံလို ထပ်တူနီးပါး ကောင်းပါတယ်ဆိုရင် ကောင်းတဲ့အကြောင်းကို ဘီဘီစီတီဗွီတို့၊ စီ အန်အန်တို့၊ အယ်ဂျာဇီးရားတီဗွီတို့မှာ ကမ္ဘာသိ ပြောရဲသလား (သို့) အမြင်မတူသူများနဲ့ ဒီဘိတ်လုပ်ရဲသလား၊ ဆွေးနွေးရဲသလားလို့ မေးချင်ပါသေးတယ်။
ဒါတင်မကသေးပါဘူး၊ မြန်မာပညာရှင်များက ဒီရွေးကောက်ပွဲကို နည်းနာတခုအနေနဲ့၊ နည်းဗျူဟာတခုအနေ နဲ့ အကျိုးရှိစွာ အသုံးချဖို့ဆိုတာလည်း ပြောပါသေးတယ်။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ အချိန်ကောင်းကို စောင့်ရမယ်လို့လည်း ထပ်ဆောင်းဆိုပါသေးတယ်။ ဒါဟာ တကယ်စိတ်စေတနာ အမှန်နဲ့ ပြောတာလား (သို့) ကိုယ်ဖြစ်စေလိုတဲ့ လမ်းကြောင်းကို ချပေးခြင်တာလား ဆိုတာကတော့ ကာယကံရှင်တွေမှ သိမှာပါ။ နိုင်ငံ သားတွေကို ကိုယ်ဖြစ်စေလိုတဲ့ နည်းဗျူဟာအတိုင်း လိုက်လုပ်စေချင်ရင် အစကတည်းက လူတွေက အသိအ မှတ်ဝိုင်းပြုထားတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်ဖို့တော့ လိုတာပေါ့။ အသိအမှတ်ပြုတယ်ဆိုတာကလည်း အသိအမှတ် ပြုရလောက်အောင် ကောင်းမွန်တဲ့ ချီးကျူးခံရလောက်တဲ့ အလုပ်တွေ ဆက်တိုက်လုပ်ခဲ့မှ ဖြစ်မှာကိုး။
အခုတော့ အဲသလိုမဟုတ်ဘဲ ဘုရားသခင်က ခိုင်းလိုက်လို့၊ တိုက်ရိုက်လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေလို ပဲ သူတို့နည်းဗျူဟာအတိုင်း လူတွေ လုပ်ဆောင်သင့်တယ်လို့ ပြောနေကြတာ နိုင်ငံသားတိုင်းမှာ အခွင့်အရေး ရှိတယ်လို့ ပြောခဲ့ပြီးသားပါ။ မဲထည့်ဖို့ လိုအပ်တယ်လို့ ယူဆရင် ထည့်မယ်။ မဲမထည့်သင့်ဘူးလို့ ယုံကြည်စရာ အကြောင်းတွေ ရှိနေရင်လည်း မဲမထည့်နိုင်ခွင့် လူတွေမှာ ရှိနေတယ်ဆိုတာကိုလည်း လက်ခံဖို့လိုတာပေါ့။ ဒီ မိုကရေစီမှာ သဘောထားကွဲပိုင်ခွင့် ရှိတာကိုး၊ ဟုတ်တယ်မို့လား။
အမှန်ဆိုရင် ဖြစ်သင့်တာက ဖွဲ့စည်းပုံအသစ်နဲ့ ပတ်သက်လို့ နိုင်ငံသားတွေအကြားမှာ ရေရေရာရာ ရှင်းပြတာ တွေ၊ ဆွေးနွေးတာတွေ လုပ်ခဲ့ဖို့လိုပါတယ်၊ ကောင်းတဲ့အချက်တွေ မကောင်းတဲ့ အချက်တွေကို ထောက်ပြ ခွင့် ပေးခဲ့ဖို့လိုပါတယ်။ ဘာဆိုဘာမှ လူတွေကို သိခွင့်၊ ကြားခွင့်၊ ဆွေးနွေးခွင့် မပေးခဲ့ဘဲ အခုကျမှ နိုင်ငံသား တိုင်း မဲထည့်သင့်တယ်လို့ ပြောနေတာ အရုပ်ဆိုးလွန်းတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ကျနော်တို့ မဲတွေထည့်ခဲ့ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးစနစ် အ ပြောင်းအလဲကို လိုချင်ကြလို့ပါ။ ရွေးကောက်ပွဲပြီးတာနဲ့ ဟုန်းကနဲ စီးပွားရေးကောင်းလာဖို့ မျှော်မြင်ပြီး မဲကို ထည့်ခဲ့ကြတာမဟုတ်ပါ။ သို့သော် အနှစ် (၂၀) သာ ကြာခဲ့တယ်။ နိုင်ငံသားတွေ ပေးခဲ့တဲ့ မဲတွေဟာ အမှိုက် တောင်းထဲ အထည့်ခံလိုက်ရသလိုပါပဲ။ ဘာမှ ဖြစ်မလာခဲ့ပါဘူး။ နိုင်ငံသားလူထုတွေရဲ့ဆန္ဒထက် သေနတ် ပြောင်းဝကသာ အဆုံးအဖြတ်ပေးတဲ့ ပေါ်လစီကို ကိုင်ထားခဲ့တာကိုး။ အခုလည်း လာပြန်ပြီ နောက်တခါ။ ရွေး ကောက်ပွဲအသစ်တဲ့။ အရင်တခါကလည်း အလိမ်ခံထားရပြီးပြီ။ ဘာဖြစ်လို့ မဲထည့်ရမှာတုန်း၊ နောက်တခါ ထပ်လိမ်မယ်ဆိုတာကြီးကို သိနေတဲ့ဥစ္စာပဲ။ နိုင်ငံရေးနည်းဗျူဟာတို့ ဘာတို့ ပြောပြီး လူတွေကို မဲထည့်ခိုင်း တဲ့ သူတွေကို ဘယ်လိုယုံကြည်ရမှာလဲ။ ပြီးတော့ အဲသည့်လူတွေဟာ ဘယ်ဥက ပေါက်တာတွေမှန်းလဲမသိ။ သူတို့ဟာ နိုင်ငံသားလူထုတွေဘက်ကလား (သို့) စစ်တပ်ရဲ့ ပျော်တော်ဆက်တွေလားဆိုတာ ကိုယ်တွေမှ မသိတာ။
နောက်တခုက မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းနက်နေတာ နှစ်ပေါင်းများပါပြီ။ ဆင်းရဲတဲ့ အကျိုးဆက်အဖြစ် ငယ် ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ရတဲ့ လူဦးရေက များသထက် များလာနေပါတယ်။ ပညာတတ်တွေ နည်းနည်း လာနေပါတယ်။ လိုအပ်တဲ့အတိုင်းအတာတခုအထိ ပညာသင်ကြားနိုင်ခြင်းမရှိတဲ့ လူ့အဖွဲ့အစည်းတခုအတွင်း မှာ အသိပညာဗဟုသုတ သူများထက် နောက်ကျလေ့ရှိပါတယ်။ အဲတော့ကာ သူများထက် အသိပညာ ဗဟု သုတ နောက်ကျနေတဲ့ ကိုယ့်ရဲ့နိုင်ငံသားတွေကို လိုအပ်တဲ့ ပညာပေးမှုတွေ၊ အသိပေးမှုတွေ အစရှိတာတွေ ကိုတော့ မလုပ်ခဲ့ဘဲနဲ့ ရွေးကောက်ပွဲတော့ ရောက်လာပြီ၊ ကိုင်း ကိုင်း မဲသွားထည့်ကြလို့ ပြောရုံနဲ့တော့ ဒီမို ကရေစီကို တည်ဆောက်ဖို့ ရလိမ့်မယ်လို့ မထင်ပါ။ အရပ်စကားနဲ့ ပြောရရင် ဘာမှမသိတဲ့သူတွေကို နှပ်ချ တယ်လို့ ကျနော်ကတော့ စွပ်စွဲပါတယ်။
နိုင်ငံသားတွေအားလုံးနဲ့သက်ဆိုင်တဲ့ နိုင်ငံ့အရေးအရာ ကိစ္စတွေဟာ ဖြောင့်ဖြောင့်တန်းတန်းနဲ့ ရိုးရိုးသားသား လုပ်ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ နည်းနာအရ နည်းဗျူဟာအရ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါလို့ ပြောသင့်တာမျိုး မဟုတ်ပါဘူး။ သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေး ... အစရှိတဲ့ ကိစ္စတွေမှာတော့ နည်းနာတို့ ဗျူဟာတို့ကြောင့် အဆုတ်၊ အတက်၊ အကွေ့၊ အပတ်တွေ ရှိပါတယ်။ သို့သော်လည်း နိုင်ငံသားတွေ ကြိုက်ခွင့် မကြိုက်ခွင့်၊ သ ဘောတူခွင့် မတူခွင့်တွေ ပါရှိနေတဲ့ နိုင်ငံရေးကိစ္စများမှာတော့ ပွင့်လင်းမှုနဲ့ သွားမှသာ အနာဂတ်အတွက် ရ လဒ်ကောင်းရမှာလည်း ဖြစ်ပါတယ်။ အကောင်းအဆိုး ခွဲခြားသိမြင်အောင် အကူအညီတော့ မပေးခဲ့ဘဲနဲ့ အခုမှ တက်ပါဦး၊ ဆုတ်ပါဦး၊ ကွေ့လိုက်ပါဦးဆိုပြီး လိုင်းခြပေးနေတဲ့သူများကို ကျနော်ကတော့ မယုံပါ။ မယုံရတဲ့သူ တွေ များနေလို့ ဒီရွေးကောက်ပွဲကို ကျနော်သာဆိုရင် မဲမပေးဖူးလို့ ပြောတာဖြစ်ပါတယ်။ နိုင်ငံသားတိုင်းဟာ ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချခွင့် ရှိပါတယ်။ ဒါသာလျှင် ဒီမိုကရေစီရဲ့အစိတ်အပိုင်းများထဲက တခုဖြစ်ပါ တယ်။ ။
ဇော်မင်း
(၃၀) ရက်၊ စက်တင်ဘာလ၊ ၂၀၁၀ ခုနှစ်
Friday, October 1, 2010
ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချခြင်း
Subscribe to:
Post Comments (Atom)
15 comments:
ကောင်းလိုက်လေဗျာ။ ဆက်ရေပေးပါဦး ကိုဇော်မင်းရေ...။ ဒီစာမျိုးကို လူထုအကြားပြန့်နှံ့ဖို့ လိုတယ်ဗျား..။
အားလုံးရွေးကောက်ပွဲကို ဆန့်ကျင်ပါလို့ ထပ်ပြီး သတိပေးပါရစေ..။
အော်.. တခါလာလဲ ဒီမဲပြာပုဆိုး ရွေးကောက်ပွဲကိုသပိတ်မှောက်ဖို့ ပြောတာကလွဲလို့ ရွေးကောက်ပွဲကိုသပိတ်မှောက်ပြီးရင် ဘာဆက်လုပ်မလဲ ပြောသံတွေမကြားရပါလား။ နောက်ထပ်အနှစ်၂၀လောက် ဒီလိုနေနိုင်သေးတယ်ဆိုရင်လဲ ပြီးတာဘဲလေ။ ကောင်းပါတယ်။ ဆက်လက်ပြီး တောင်းဆိုချက်တွေထုတ်လိုက်၊ လူထုကော်မတီတွေဖွဲ့လိုက်၊ ပြီးတော့ ရထားတဲ့ဒေါ်လာတွေကို ဝေစားမျှစား စားသောက်ကြပေါ့ဗျာ။ ခင်ဗျားတို့ချည်းဘဲမူတ်ဘူးဗျ။ မြန်မာ့နိုင်ငံရေးကိုအကြောင်းပြုပြီး ကူညီနေတယ်ဆိုတဲ့ NGO နိုင်ငံခြားသားတွေလဲ ခွဲတမ်းတွေရကြပါတယ်။ မျက်နှာဖြူတွေ မျက်နှာပြပြီး NGO တွေဖွဲ့လိုက်ရင် မြန်မာနိုငံတွက်ဆိုရင် ကူညီချင်တဲ့ကြေးရတတ်တွေလဲ အများသားမူတ်လား။
အားလုံးသတိ
ကျွန်တော်နားလည်တာတော့ ဒီမိုကရေစီ စနစ်ဆိုတာ နိုင်ငံသားတွေ အနေနဲ့ ဘာကိုကြိုက်တယ်.. ဘာကိုမကြိုက်ဘူး.. ဆိုတာကို တိုင်းပြည်အရေးအတွက် မဲတပြားနဲ့ ၀င်ရောက်ဆုံးဖြတ်ပေးတာ ပါပဲ.. ဒါကြောင့်လဲ အဲလိုဆုံးဖြတ်ဖို့ဆိုတာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်.. မဆုံးဖြတ်တော့ပါဘူး.. ငါ့ကိစ္စလဲမဟုတ်ဘူး ဂရုလဲမစိုက်ဘူး ဆိုပီး လုပ်တာဟာ သူ့ကိုယ်ပိုင်အခွင့်အရေးပေမဲ့ နိုင်ငံသားရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒီမိုစံနှုန်းမှာ ဆုံးဖြတ်ကြတာပါပဲ... ဒါကြောင့်လဲ နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံ အရေးမှာ ဖြစ်ချင်တာဖြစ် လက်ရှောင်တယ်ဆိုတဲ့ အနေအထားထက် ကိုယ့်နိုင်ငံသား တာဝန်အရ ရွေးချယ်မှုတစ်ခုခုကို ပြုကို ပြုသင့် တယ်လို့ မြင်ပါတယ်.. ကိုယ်မကြိုက်တဲ့ လူမပါတာမို့ မဲမပေးကြေးဆိုရင် ငါ့လူမပါလို့.. ငါ့ပါတီ မပါလို့.. ဟိုလူမပါလို့.. ဒီလူမပါလို့နဲ့ လူတိုင်းလိုလို ဆင်ခြေပေးပီး ဒီတာဝန်ကို ခေါင်းရှောင်လို့ အလွယ်လေးရပါတယ်.. ဒီနေရာမှာလဲ ကျွန်တော်က ခုဖြစ်နေတာဟာ ဖွဲ့စည်းပုံကြောင့် စနစ်ကြောင့်မဟုတ်ပဲ လူတစ်ယောက် အဖွဲ့တစ်ဖွဲ့မပါလို့ ဒီလိုမဲပေးမဲ့ တာဝန်ကို ရှောင်ပြေးတာ ပါလို့ စွပ်စွဲ ချင်ပါတယ်.. တကယ်လို့ အန်အယ်ဒီဝင်ပြိုင်ရင်လဲ အဲဒီလူတွေ ဖွဲ့စည်းပုံ ဘာညာတွေ အသာထားလို့ မဲပေးကြမှာ အသေအချာပါပဲ.. ဒါကြောင့် ဒီမိုကရေစီ စနစ်မှာ ကိုယ်အားပေးတဲ့ အဖွဲ့မပါလို့ အဆုံးအဖြတ် မပေးပါဘူး.. ခေါင်းရှောင်ပါတယ်ဆိုတဲ့ အယူအဆကို ကိုယ်ကိုယ်တိုင် တင်သာ မက နိုင်ငံသားတွေကိုပါ တိုက်တွန်းနေတဲ့ လုပ်ရပ်ဟာ မှန်ကန် ရဲ့လား.. နိုင်ငံတော် အတွက် နိုင်ငံသားတစ်ယောက် ထမ်းရွက်သင့်တဲ့ မဲပေးရန်တာဝန်ဆိုတဲ့ ဒီမိုအနှစ်သာရကို ခေါင်းရှောင်ပီး အဆုံးအဖြတ်မပေး တာဟာ အားပေးသင့်တဲ့ လုပ်ရပ်ဟုတ်ပါရဲ့လား.. မဟာဒီမို ရွေးကောက်ပွဲဆန့်ကျင်သူ.. မဲမပေးချင်သူ ခေါင်းရှောင်ကြီးများခင်ဗျား.. ဟားဟား..
မှန်ပါတယ်.. မဲ ပေးတာမပေးတာ ခင်ဗျားတို့ အခွင့်အရေးပါ.. တာဝန်ဆိုတာ တာဝန်သိတတ်သူတွေ ယူရတာ ဖြစ်ပီး၊ အခွင့်အရေးဆိုတာ အားလုံးအတွက် ဖြစ်ပေမဲ့၊ တာဝန်ယူမှုမပါတဲ့ အခွင့်အရေးတွေကတော့ အခွင့်အရေးသမားတွေ အတွက် ပါပဲ.. ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတိုင်းဟာ အဆုံးအဖြတ် မဲပေးဖို့ တာဝန်ရှိပီး အဲဒီတာဝန်ဟာ တန်ဖိုးထား ရယူရမဲ့ ခေါင်းမရှောင်သင့်တဲ့ အရာလို့ လက်ခံပါတယ်ခင်ဗျာ..
သက်သာဗျို့..
မောင်သတိ
ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား။
(ပိုကောင်းလာအောင်တော့) ငါလည်းမလုပ်တတ်ဘူး။
ရွေးကောက်ပွဲကိုသပိတ်မှောက်၊ တိုက်ပွဲဝင်ကြ၊ လူထုဆန္ဒပြပွဲတွေလုပ်၊
ဒေါ်စုကြည်ကိုထောက်ခံ၊ NLD ကိုဝိုင်းရံ။
အင်္ဂါနေ့ဆုတောင်းပွဲတွေလုပ်ကြ။
ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ များများနားထောင်၊
ပိတ်ဆို့ရေးတွေလုပ်၊ အလုံးစုံပျက်သုံးရေးမူကိုကိုင်ထား။
နိုင်ငံရေးအကျဉ်းသားတွေလွှတ်၊
တိုင်ပြည်ကချွတ်ခြုံကျနေပြီ။ ပညာတတ်တွေနည်းနေပြီ။
နိုင်ငံတွင်းကပြည်သူတွေ ပညာရည်နိမ်ကျ၊ နိုင်ငံရေးနကန်းတလုံးမှနားမလည်၊
ဘာမှမသိတဲ့သူတွေကို နှပ်ချတာ။
တိုင်ပြည်ကြီးပျက်စီးနေပြီ။
တစ်တိုင်းပြည်လုံးစစ်ကျွန်ဖြစ်နေပြီ။
နိုင်ငံသားတွေမဲထဲ့တာအရုပ်ဆိုးတဲ့လုပ်ရပ်မို့မထည့်ကြနဲ့။ (ကျွန်တော်လည်းမထည့်ဘူး)
“sorry ဗျာ၊ ပြောရတာနဲနဲမောသွားတယ်။ ဒီအသံတွေကို အနှစ် ၂၀ လုံးလုံးကြားနေရတာများတော့ သိပ်ပြီးမထူး ဆန်းတော့ပါဘူး။
မဲမပေးလည်းရပါတယ်။ ဘယ်သူမှဘာမှမပြောပါဘူး။
ဒါပေမယ့် တစ်တိုင်းပြည်လုံးမဲပေးမလားမဲမပေးဘူးလားဆိုတာ ပြည်သူတွေဆုံးဖြတ်ရမှာပါ။ ရွေးကောက်ပွဲ နေ့ကြရင် ကြည့်လိုက်ပေါ့ကွာ။ ပြည်သူတွေဘယ်လောက်အတိုင်းအတာအထိမဲပေးတယ်။ ဘယ်သူတွေကို ပြတ်ပြတ် သားသားရွေးတယ်ဆိုတာသိရမှာပေါ့။ ဒီမိုကရေစီစနစ်ကိုလက်ခံတယ်ဆိုရင် ပြည်သူတွေဆုံးဖြတ်တာ ကို စောင့်ကြည့်လိုက်ပေါ့။ ပြီးရင်လည်း ပြည်သူတွေ ဆုံးဖြတ်တဲ့အတိုင်းလက်ခံလိုက် ပေါ့။ တစ်ခုတော့ရှိတာပေါ့ဗျာ။ ကိုယ့်ဒေါသနဲ့ကိုယ် ၀င်မပြိုင်တဲ့ အန်အယ်ဒီတို့၊ အိမ်ထဲမှာ အချုပ်ကြနေတဲ့ Mrs Michael Aris Suu Kyi တို့ကိုတော့ ရွေးချင်ပေမယ့်လည်း မဲပေးခွင့်မရတော့ Sorry ပေါ့။ ဒါပေမယ့် တစ်တိုင်းပြည်လုံး မှာ သူတို့ဘဲရှိတာမှ မဟုတ်တာ။ သူတို့မပါလည်း နအဖစစ်အာဏာရှင်တွေလုပ်မယ့် ရွေးကောက်ပွဲကို ဘယ်သူမှ လာပျက်အောင်လုပ်လို့မရတော့ဘူးလေ။ ပြည်သူသန်း၅၀ ကျော်ရဲ့အရေးကို ပြည်သူတွေမဲပေးပြီး ဆုံးဖြတ်ပါစေ။ မဲပေးမယ့် ပြည်သူတွေကတော့ မင်းလို Hysteria ဖြစ်နေတဲ့သူတွေမဟုတ်ဘူးဆိုတာလေးဘဲ သိထားစေချင်ပါတယ်။
ခုဆောင်းပါးက သဘောအရဆိုရင်တော့ ဟုတ်သလိုလိုပါ။ တကယ်တန်းကျတော့ လက်တွေ့နဲ့ကင်းကွာနေပါတယ်။
ကွန်မန်.၅ ခုမှာ ၄ ခုက ကိုဇော်မင်းပို.စ်ကို မထောက်ခံကြပါဖူး ဆန်ကျင့်ဘက်ရေးတဲ့ ကွန်မန်.ရှည်ကြီးတွေက ဖတ်လို.ကောင်းလိုက်တာ ဒီမိုများအိပ်များပျော်သေလားမသိဖူး လုပ်ပါဦးဗျာ ပွဲကသိပ်ပြီးကြည့်လို.မကောင်းဖူး၊ ပွဲကတစ်ဘက်သတ်ကြီးဖြစ်နေတယ်၊ ဘာမှရေးရမှန်း မသိပဲနဲ. အထက်က ကွန်မန်. ရေးသူတွေကိုတော့ မဆဲပါဗျာ အမြင်မတူရင် ပြေပြေလည်လည် ဆွေးနွေးလို.ရတယ် မြန်မာအချင်းချင်းတွေပဲဗျာ ခင်ခင်မင်မင်ပေါ့ အချက်ကျကျပြန်လည်ရှင်းမဲ့ ကွန်မန်.တွေကိုမျှော်နေပါ့မယ် ...
သတိ ဆိုတဲ့ အသိမရှိ သတိမရှိ တဲ့ ကောင် နိုင်ငံသားတိုင်းဟာ မဲပေးရမယ့် တာဝန်ရှိတယ်ဆိုတာ မငြင်းပါဘူး ဘာဖြစ်လို့ လဲဆိုတော့ ငါတို့ က နိုင်ငံသားအခွင့်အရေး နိုင်ငံသား တာဝန်ဝတ္တရားကို ယုံကြည် တန်ဖိုးထားလို့ ပဲ ဒါပေမယ့် ဖွဲ့ စည်းပုံ ဥပဒေ ရေးဆွဲ တုန်းက နိုင်ငံသားပြည်သူတွေမှာ ဆွေးနွေးပိုင်ခွင့် ဝေဖန်ထောက်ပြပိုင်ခွင့် ရှိခဲ့လို့ လား 5/96 နှင့် ပိတ်ထားတယ် ကိုယ်စားလှယ်တွေကို ပြည်သူတွေ စတ်ကြိုက်ရွေးချယ်ခွင့် ရှိခဲ့လား နအဖ က သူ့ လက်ကိုင်တုတ်တွေကို ခေါင်းခေါက် ရွေးသွားခဲ့တယ် ပြည်သူတွေ ကန့် ကွက်ခွင့်ရှိခဲ့လား ၉၀ တုန်းက ပြည်သူတွေ တာဝန်သိသိ ပေးခဲ့ တဲ့ မဲရလဒ်ကို အကောင်အထည် ဖော်ပေးလား တချိန်လုံး ပြည်သူ့ အခွင့်အရေး တွေကို နည်းနည်းလေးမှ လေးစားမှု မရှိပဲ ခုကျမှ မဲပေးရမှာ နိုင်ငံသား တာဝန်လေး ဘာလေးနဲ့  နိုင်ငံသားတွေမှာ ကိုယ့်နိုင်ငံကောင်းမွန် ကိုယ့်ကြိုက်တဲ့ စနစ် ၊ လမ်းစဉ်ကို ရွေးချယ်ခွင့် ရှိတယ် ဆိုတာ သတိမရှိတဲ့  သတိ စဉ်းစားမိလား နိုင်ငံသားတွေရဲ့  ဆန္ဒ ကို လစ်လျူ ရှု ပြီး ကိုယ်သွားချင်တဲ့ လမ်းကို သွားနိုင်ဖို့  ပြည်သူ အသုံးလို တော့တဲ့အခါမှ မဲပေးရမှာ နိုင်ငံသား တာဝန်လေး ဘာလေး မောင်သတိတို့  ဘက်တော်သားတွေရဲ့  ဦးနောက် ဟာလေ အသားအရည်မပြည့်တဲ့ အုန်းသီးလိုပဲ မင်းတို့ ဘက်တော်သားတွေနှင့် ပြည်သူ့ ရှေ့ မှောက် မှာ ဒီဘိတ် လို့ ဖို့  စိန်ခေါ်တယ် မင်းတို့ သတ္တိ ရှိရင် လုပ်ကြည့်လိုက်။
ဇော်မင်း
"နည်းဗျူဟာအတိုင်း လိုက်လုပ်စေချင်ရင် အစကတည်းက လူတွေက အသိအ မှတ်ဝိုင်းပြုထားတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်ဖို့တော့ လိုတာပေါ့။ " လို့ ဆိုပြီး
"နည်းနာအရ နည်းဗျူဟာအရ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါလို့ ပြောသင့်တာမျိုး မဟုတ်ပါဘူး။" ဆို။
တခါ
"ဘာတာဝန်ရှိလို့တုန်းလို့ ပြန်မေးလိုပါတယ်။ " တို့
"မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအသစ် ဟာ အမေရိကန်ဖွဲ့စည်းပုံလို ထပ်တူနီးပါး ကောင်းပါတယ်ဆိုရင် ကောင်းတဲ့အကြောင်းကို ဘီဘီစီတီဗွီတို့၊ စီ အန်အန်တို့၊ အယ်ဂျာဇီးရားတီဗွီတို့မှာ ကမ္ဘာသိ ပြောရဲသလား (သို့) အမြင်မတူသူများနဲ့ ဒီဘိတ်လုပ်ရဲသလား၊ ဆွေးနွေးရဲသလားလို့ မေးချင်ပါသေးတယ်။" တို့
"အသိအမှတ်ပြုတယ်ဆိုတာကလည်း အသိအမှတ် ပြုရလောက်အောင် ကောင်းမွန်တဲ့ ချီးကျူးခံရလောက်တဲ့ အလုပ်တွေ ဆက်တိုက်လုပ်ခဲ့မှ ဖြစ်မှာကိုး။ " တို့
"နိုင်ငံသားတွေအကြားမှာ ရေရေရာရာ ရှင်းပြတာ တွေ၊ ဆွေးနွေးတာတွေ လုပ်ခဲ့ဖို့လိုပါတယ်၊ ကောင်းတဲ့အချက်တွေ မကောင်းတဲ့ အချက်တွေကို ထောက်ပြ ခွင့် ပေးခဲ့ဖို့လိုပါတယ်။ " တို့
"ပညာတတ်တွေ နည်းနည်း လာနေပါတယ်။ လိုအပ်တဲ့အတိုင်းအတာတခုအထိ ပညာသင်ကြားနိုင်ခြင်းမရှိတဲ့ လူ့အဖွဲ့အစည်းတခုအတွင်း မှာ အသိပညာဗဟုသုတ သူများထက် နောက်ကျလေ့ရှိပါတယ်။ အဲတော့ကာ သူများထက် အသိပညာ ဗဟု သုတ နောက်ကျနေတဲ့ ကိုယ့်ရဲ့နိုင်ငံသားတွေကို လိုအပ်တဲ့ ပညာပေးမှုတွေ၊ အသိပေးမှုတွေ အစရှိတာတွေ ကိုတော့ မလုပ်ခဲ့ဘဲနဲ့ " တို့
"မဲသွားထည့်ကြလို့ ပြောရုံနဲ့တော့ ဒီမို ကရေစီကို တည်ဆောက်ဖို့ ရလိမ့်မယ်လို့ မထင်ပါ။" တို့
"အကောင်းအဆိုး ခွဲခြားသိမြင်အောင် အကူအညီတော့ မပေးခဲ့ဘဲနဲ့" တို့
"ဘာမှမသိတဲ့သူတွေကို နှပ်ချ တယ်လို့ ကျနော်ကတော့ စွပ်စွဲပါတယ်။" တို့
"နိုင်ငံရေးကိစ္စများမှာတော့ ပွင့်လင်းမှုနဲ့ သွားမှသာ အနာဂတ်အတွက် ရ လဒ်ကောင်းရမှာလည်း ဖြစ်ပါတယ်။ " တို့ ဆိုပြီး
"ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါလို့ ပြောသင့်တာမျိုး မဟုတ်ပါဘူး။" ဆို။
"ဖွဲ့စည်းပုံအသစ်ကို (ဘာမှန်းသေသေချာချာ မသိလိုက်ရဘဲ) မဲထည့်ကြဆိုလို့ မဲထည့်ခဲ့ရပါတယ်။ " ဆိုပြီး
"အမေရိကန်ဖွဲ့စည်းပုံနဲ့ နင်လားငါလား ကောင်းမွန်တယ်လို့ ဟောပြောတဲ့ ပညာရှင်ဆိုသူများလည်း တွေ့ရပါ သေးတယ်။ အမေရိကန်တွေကြားရင် တက်တောင်သေဦးမယ်။" လို့ ပြောပြန်တယ်။
""ဖွဲ့စည်းပုံအသစ်ကို (ဘာမှန်းသေသေချာချာ မသိလိုက်ရဘဲ)" ဘူး ဆို။
ဘာတွေလဲ??????
ဇော်မင်း
"အကယ်၍ တစုံတဦးက ကျနော့်ကို မေးလာမယ်ဆိုပါတော့ ...။ ခင်ဗျားက ရွေးကောက်ပွဲ သပိတ်မှောက်ရေး လား သို့မဟုတ် ရွေးကောက်ပွဲလုပ်တာကို ထောက်ခံတဲ့ ဘက်ကလားလို့ "
တို့ မင်းကို ဘာမှ မမေးတော့ ပါဘူး၊
မင်းကပဲ
"လူတွေကို ဇွတ်အတင်း မဲထည့်ခိုင်းခဲ့တာ မဟုတ်လား။" တို့
"ကျုပ်တို့မှာ ဘာတာဝန်ရှိလို့တုန်းလို့ ပြန်မေးလိုပါတယ်။ " တို့
"မဲထည့်ဖို့ တာဝန်ရှိတယ် ဆိုပြီးပြောတာ နည်းလမ်းကျပါ့မလား။ " တို့
"ကမ္ဘာသိ ပြောရဲသလား (သို့) အမြင်မတူသူများနဲ့ ဒီဘိတ်လုပ်ရဲသလား၊ ဆွေးနွေးရဲသလားလို့ မေးချင်ပါသေးတယ်။" တို့
လို့ မင်းကပဲ မေးနေတာ။
မင်းတစ်ယောက်တည်း အမေးအဖြေ လုပ်နေတာ။
မဲပေးရန်လုံးဝစိတ်မ၀င်စားပါ၊ ပေးရမည့်သူ/partyူမရှိပါ။ မပေးချင်သောသူ/party သာရှိပါသည်. သာမန်ပြည်သူတဦးဧ။်ခံစားချက်ဖြစ်ပါသည်။
ခုတလော ဒေါက်တာလွမ်းဆွေဘလော့မှာဖတ်ကြည့်သလောက် အကြမ်းဖျင်း အမြင် ၃မျိုးတွေ့ရပါတယ်။ ဒါတွေကတော့ လက်ဝဲလမ်းစဉ်၊ လက်ယာလမ်းစဉ်၊ ဒါမှမဟုတ် လက်ရှိအန်အယ်ဒီကျင်သုံးနေတဲ့ ပိုနေမြဲကျားနေမြဲ အလယ်အလတ်လမ်းစဉ်၊
ပွင့်ပွင့်လင်းလင်းပြောပါ့မယ်၊ လက်ရှိအန်အယ်ဒီကျင့်သုံးနေတဲ့လမ်းစဉ်ကို လုံးဝလက်မခံနိုင်ပါ။ အောင်မြင်မယ်လို့မယုံကြည်ပါ။ အစွန်းတဘက်ဘက်ကိုရွေးချယ်စေချင်ပါတယ်။ ၉၀ရွေးကောက်ပွဲရလာဒ်နဲ့ အစိုးရအဖွဲ့ဖွဲ့စည်းမလား၊ လူထုအုံကြွမူ့ဖန်တီးမလား၊ ဒါမှမဟုတ် နအဖကို အကြမ်းနည်းနဲ့တိုက်ခိုက်မလား၊ ဖြစ်နိုင်ချေတခုခုကို ရှာဖွေသင့်ပါတယ်။ ဒါက လက်ဝဲလမ်းစဉ်။
အဲဒါတွေအားလုံးမဖြစ်နိုင်ဘူးထင်ရင် ရွေးကောက်ပွဲနည်းနဲ့ ပြောင်းလဲမူ့တွေဖြစ်လာအောင်ကြိုးစားမလား၊ အန်အယ်ဒီကတော့ ခုချိန်မှာ အခါနှောင်းသွားပါပြီ။ အနဲဆုံးတော့ ရွေးကောက်ပွဲဝင်မယ့်လူတွေကို မတိုက်ခိုက်သင့်ပါ။
ဒီလိုမှမဟုတ်ဘဲ အေးအေးဆေးဆေးနဲ့ နိုင်ငံခြားသတင်းဌာနတွေနဲ့ တောင်ပြောမြောက်ပြော လူပြိန်းကြိုက်အောင်ပြောပြီး အာဏာရှင်စံနစ်ကိုဆန့်ကျင်သွားမယ်ဆိုရင်တော့ လူထုက ဘိုင့်ဘိုင်ပြသွားပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင် ဘာတွေများဖြစ်လာနိုင်မလဲ မျှော်လင့်ချက်တွေထားကြတာ သတိထားမိပါတယ်။ ဒေါ်အောင်ဆန်စုကြည်လွတ်လာလို့ နဲနဲလေးလူပ်ရှားတာနဲ့ နေအိမ်အကျယ်ချုပ်ကိုပြန်ပို့လိုက်ရင် ဘယ်လိုဆက်လုပ်ကြမှာလဲ အန်အယ်ဒီဘာလုပ်လုပ်ထောက်ခံသူတွေ ခုကတည်းစဉ်းစားထားသင့်ပါတယ်။
Boycott the election is the only path left for Burmese. This is very unfortunate for everyone. Follow the 2010 election news yourselves and you would be left with no option but to boycott the election.
I am the captain of my mind, body and soul. My head might be stained with blood but I will never bow to the dictator. Each and every one of us is on our own initiative to BOYCOTT ELECTION. NO followers. no leaders. no organization. no team. Your brother, sisters, mother, father and uncle do not know your decision to stay away. You do not know others` decision to Boycott. All of us on our own to boycott it. Boycott election.
People who boycott the election should be rated as egocentric and inconsiderate of most vulnerable poorest citizens who cannot wait for another 20 years.
"ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမဲ့ လွှတ်တော်ဟာလည်း အစိုးရဖွဲ့ခွင့်၊ စစ်ရေးကိစ္စ ဆုံးဖြတ်ခွင့်၊ သမတက ခန့်အပ်လိုက်သူတွေ၊ ဘတ်ဂျက် ခွင့်ပြုချက်တွေအပေါ် ငြင်းဆို ကန့်ကွက်ပိုင်ခွင့်စတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ မရှိတဲ့ လွှတ်တော်မျိုးသာ ဖြစ် ကြောင်း၊ ဒီမိုကရေစီဘက်သား ပါတီတွေက အမတ်တွေဟာလည်း ဒီလို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခဲယဉ်းကြောင်း၊ ကံကောင်း ထောက်မလို့ နိုင်ခဲ့ရင်လည်း ဒီလိုလွှတ်တော်မျိုးမှာ သူတို့ အသံမကျယ်နိုင်ကြောင်း၊ ဒီတော့ ဒီလို ရွေးကောက်ပွဲမျိုးကို နိုင်ငံတကာက အရေးစိုက်ပြီး စောင့်ကြည့်ဖို့ လိုပါသေးသလား လို့ ဦးဝင်းတင်က မေးခွန်း ထုတ်လိုက်ပါတယ်။ "
မေးခွန်း ထုတ် မနေနဲ့ တော့ ။
NLD အမေးအဖြေ ပေါင်းချုပ်သာထုတ်။
လွှတ်တော် မှာ-
ကြံ့ခိုင်ရေးပါတီ = 10%
စစ်တပ် = 10%
NLD = 10 %
ရွေးကောက်ပွဲဝင်မည့် ဒီမိုကရေစီပါတီများ = 10 %
တိုင်းရင်းသားပါတီများ = 10%
ကျောင်းသား = 10%
လက်နက်ကိုင် တိုင်ရင်းသား တော်လှန်ရေး အဖွဲ့များ = 10%
ဘုန်း်ကြီး = 10%
ပြည်သူ = 10%
ပြည်ပဒီမို = 10%
လွှတ်တော် မှာအားလုံးပေါင်း = 100%
လွှတ်တော် မှာအားလုံး လဲပါ။
10% ရွှေဝါရောင်ဦးဇင်း တို့လဲပျော်
10% ပြည်ပဒီမို တို့လဲပျော်
အားလုံး လဲပျော်...
Post a Comment