ထွန်းအောင်ကျော်
NLD ကို တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်လိုက်ပြီဟု သန်းရွှေ၏ ဉာဏ်နီဉာဏ်နက်များနှင့် စေ ခိုင်းသည့်အတိုင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါပြီ။ NLD ကလည်း ဒီကြေညာချက်ကို တရားမ ဝင်ဘူးဟု ပြောသည်။ သိပ်မှန်သည်။ ဤနေရာတွင် “ရွေးကောက်ပွဲကော်မရှင်ဆိုတာ ဘာလဲ” ဟု ဆန်းစစ်ရန် လိုသည်။ သေချာသည်မှာတော့ သူတို့တွင် ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီကြီးကို တရားမဝင် ကြောင်း ကြေညာနိုင်လောက်သည့် အခွင့်အာဏာမရှိပါ။
ရွေးကောက်ပွဲကော်မရှင်သည် သန်းရွှေ ခင်းကျင်းပြသနေသည့် မျောက်ပွဲတခုသာဖြစ်သည်။ ကော်မရှင် မျောက်များက သန်းရွှေက တုတ်ကိုင်ပြီး အချက်ပြလိုက်လျှင် အမြီးမြှောက်လိုက်၊ ဂျွမ်းထိုးလိုက် လုပ်နေရ သည့်သဘောဖြစ်သည်။ သန်းရွှေက ဘယ်ပါတီကို ပိတ်လိုက်ဆိုလျှင် ၎င်းတို့က သန်းရွှေအလိုကျ လုပ်ရသည့် ဆပ်ကပ်မျောက်များသာဖြစ်သည်။ ၎င်းတို့တွင် NLD ကို တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ပိုင်ခွင့် အာဏာမရှိ၊ ထို့နည်းတူ ၎င်းတို့ဆရာကြီး သန်းရွှေတွင်လည်း လုပ်ပိုင်ခွင့်မရှိချေ။
စင်စစ် NLD ပါတီသည် ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ပေါက်ဖွားလာသော ပြည်သူ့ပါတီဖြစ်သည်။ ပြည်သူ တို့ မိုးယံသို့ဟိန်း၍ ဟစ်ကြွေးလိုက်သော ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး၊ လူ့အခွင့်အရေးတို့ အပြည့်အဝရရှိ ရေးအတွက် ပြည်သူ့ထောက်ခံမှုဖြင့် ဖွဲ့စည်းလိုက်သည့် ပြည်သူ့ပါတီကြီးဖြစ်သည်။ သန်းရွှေအာဏာစက်နှင့် ဖျက်လို့မပျက်နိုင်သည့် အမြုတေပါတီဖြစ်သည်။
NLD ပါတီ၏ တည်ရှိမှုသည် NLD ပါတီဝင်များက မိမိပါတီအပေါ် ယုံကြည်မှုကင်းမဲ့သွားသည့်အခါ သို့တည်း မဟုတ် ပြည်သူများက NLD ပါတီအပေါ် ထောက်ခံအားပေးမှု မရှိတော့သည့်အခါမှသာ ပျက်ပြယ်ပါလိမ့်မည်။ သန်းရွှေ အမိန့်ပေးရုံမျှဖြင့် NLD သည် အလွယ်တကူ မြန်မာ့မြေပေါ်မှ အငွေ့ပျံ ပျောက်ကွယ်သွားမည့် ပါတီမ ဟုတ်ဟု လုံးဝယုံကြည်မိပါသည်။
ပြည်သူများ ယုံကြည်အားကိုးမှု ရှိနေသမျှ၊ ပြည်သူတို့၏ အကျိုးကို ဆောင်ရွက်နေသမျှ၊ ပြည်သူတို့ နစ်နာချက် များကို တိုက်ပွဲဝင်နေသမျှ NLD ပါတီသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရင်း ဆက်လက်ရပ် တည်နေမည်သာဖြစ်သည်။
မြန်မာပြည်တွင်းပြည်ပရှိ မျိုးချစ်မြန်မာများအားလုံး NLD ပါတီ တည်ရှိနေမှုကို အသိအမှတ်ပြုသည့် ဆန္ဒပြပွဲ များ၊ NLD ပါတီကို ထောက်ခံသည့် ပွဲများကို ကမ္ဘာအနှံ့ တပြိုင်တည်းပြုလုပ်ကြဖို့ လိုပြီဟု တိုက်တွန်းနှိုးဆော် လိုက်သည်။
ပြည်သူ့ပါတီ NLD ကို စစ်အုပ်စု ဖျက်၍ မပျက်နိုင်၊ NLD ပါတီ ခေါင်းဆောင်းများ တိုက်ပွဲလမ်းကြောင်းမှ သွေ ဖည်၍ စစ်အုပ်စုကို အရှုံးပေးသည့်အခါ၊ ပြည်သူ့လိုလားချက်များကို မျက်ကွယ်ပြုသည့်အခါမှသာ NLD သည် သူ့အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်သည်။
ထို့ကြောင့် ယနေ့ပြည်သူတို့ ရင်ဆိုင်နေရသော စစ်ကျွန်ဇာတ်သွင်းခံရမည့် ၂၀၁၀ ရွေးကောက်ပွဲကို NLD ပါ တီအနေနှင့် ရဲရဲဝံ့ဝံ့တိုက်မည်လော၊ တိုက်ပွဲလမ်းကြောင်းမှ သွေဖည်၍ ကြေညာချက်များထုတ်ရင်း အချိန်ကုန် ခံမည်လောဟု စောင့်ကြည့်ရပေလိမ့်မည်။
နိဂုံးအားဖြင့် NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နောက်ဆုံးအနေနှင့် စွဲကိုင်ပြီး အစိုးရတရပ်အဖြစ် ကြေညာရဲဖို့ လိုပေသည်။ “ကြောက်ရင် လွဲ၊ ရဲ မင်းဖြစ်” ဆိုသည့် စကားရှိသည် မဟုတ်ပါလား။
ထွန်းအောင်ကျော်
9 comments:
စောက်တင်းပြောလို့မပြီးကြသေးဘူးလား
Since Thi Baw(king),(so many this, these,that,those),always arguing with each other till now.
စစ်အစိုးရက ရွေးကောက်ပွဲမလုပ်ဘူးလို့ ကြေညာထားတဲ့ ဒေသတွေက ကြံ့ဖွံ့တွေကို စည်းရုံးရေးဆင်းရင် ပစ်ခတ်မယ်လို့ ပြောထားတာကို ကြောက်လို့ပဲ။
အဲဒီတော့ ပြည်သူတွေ လမ်းပေါ်ထွက်စရာ မလိုပါဘူး။ အိမ်ထဲကနေပဲ ကြံ့ဖွံ့တွေကို လက်မခံပဲ နေကြည့်ပါ။ ချောင်းမြောင်းပြီး ပစ်ခတ်ကြည့်စမ်းပါ။ တနိုင်ငံလုံးရွေးကောက်ပွဲ မလုပ်ရအောင် လုပ်ကြည့်စမ်းပါ။ ညီညွတ်ကြည့်စမ်းပါ။ အာဏာရှင် ထိုင်ငိုသွားစေရမယ်။
ဂျောက်ဂျက် ကိုစောက်ခွက် တစ်ချက်လောက်ရိုက်လိုက်ကွာ...
ပုံ/သန်းရွှေ
ထွန်းအောင်ကျော် ..ဆိုတာ အမေရိကန် က ထွန်းအောင်ကျော်လား ..။ ဘေးထိုင်-ဘုပြော ... နေလဲ အပိုဘဲ ..။
အမှန်ပဲ..
ညီညွတ်ကြဘို့လိုပြီ..
အရင်ဆုံး ပုဂ္ဂိုလ်ရေး ယုံကြည်လေးစားမှုပြန်တည်ဆောက်ကြ။
This Website is NOT for Myanmar Military DOGS.
မြန်မာပြည်စစ်တပ်က zombie တွေနဲ့တူတယ်။ မြန်မာတွေ သတိထားကြ။
စောက်ရှက်မရှိတဲ့ဂျောက်ဂျက်
မြောက်လက်နဲ့ KEYBOARD လာမကိုင်နဲ့
blog သနတယ်ကွာ။
ငါတို့က စောက်တင်းပြောတယ်ပဲထားပါတော့
မင်း အမေလင် တွေလို ပြေ
ာင်လိမ်နေတာမဟုတ်ဘူး
တတောင်းစား နာမည်ကိုက စောက်ဆင့်မရှိဘူး
ကလေးသာသာ ကလောင်နာမည်နဲ့
ခွာသေးသေး အတွေးတွေ လာမပြောနဲ့
မင်းရယ် မောင် ဆိုတဲ့အောကာင်ရယ်က သေချာတာတော့ စွမ်းအားရှင်တွေထက်တော့ သာမယ်ဆိုတာ ငါသိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
မင်းအမေလင်တွေက မင်းတို့ကို online ပေါ်တက်ပြီး ကိုက်ဖို့ တာဝန်ပေးထားသလားတောင်အောင့်မေ့ရတယ်။
ဒါကြောင့်မင်းတို့က စွမ်းအားရှင်ထက်သာတယ်ဆိုတာ မင်းတို့က online သုံးပြီး ပြန်ကိုက်တာဆိုတော့ အဆင့်မြင့်တယ်လေ ဟိုကောင်တွေက online ဆိုဆာဘာမှန်းးတောင် သိမှာမဟုတ်ဘူး
technical tern အရပြောရရင် မင်း နဲ့ မောင်ဆိုတဲ့ အကောင်က online ပေါ်က ကိုက်ရတာဆိုတော့ e-dog ပေါ့ကွာ။ နဲနဲတော့အဆင့်မြင့်တာပေါ့။ ဟား ဟား
e - dog လေးဂျောက်ဂျက်။
Post a Comment