ဆင်သေကို ဆိတ်သားရေနဲ့ ဖုံး၊ လိပ်ကို ကြမ်းပိုးဖြစ်အောင်ပြောတဲ့ နအဖ
ဇာနည် (ပခုက္ကူ)
ဇာနည် (ပခုက္ကူ)
စက်တင်ဘာ (၄) ရက် ညသန်းခေါင်၊ ပဲခူးနယ်မြေခံတပ်ရင်းက အရာရှိနှစ်ယောက်နဲ့ စကားများရာကနေ စစ် သားတွေက သေနတ်နဲ့ လိုက်ပစ်လို့ ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်က အရပ်သားလူငယ် (၂) ယောက် သေဆုံးသွားရတဲ့ သတင်းဟာ စစ်တပ်ရဲ့ သူရဲဘောကြောင်မှု၊ ရက်စက်ယုတ်မာမှုကို ပေါ်လွင်စေပါတယ်။
ဒါကို ဒီကနေ့ စက်တင်ဘာ (၁၀) ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာကနေ တပ်မတော်မှာ တာဝန် ထမ်းဆောင်တဲ့ လူငယ်တချို့နဲ့ အရပ်သားလူငယ်အချင်းချင်း ရန်ဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဉ်လို့ ရေးထားပါတယ်။
ဒါဆိုရင် တပ်မတော်သားတွေက အမြဲတမ်းအပြင်မှာထွက်ပြီး မူးယစ်ရမ်းကား အရပ်သားတွေနဲ့ ရန်ဖြစ်နေတာ မထူးဆန်းဘူးပေါ့။ စည်းကမ်းပြည့်ဝတဲ့ တပ်မတော်ဆိုပြီး အသံကောင်းဟစ် မြို့ကြီးပြကြီးတွေပေါ်မှာတောင် ရှေ့တန်းစစ်မြေပြင်လို လက်ရဲဇက်ရဲ ကြာခို၊ ဓားမြတိုက်၊ မူးယစ်ရမ်းကားနေတာဟာ ပြည်သူကို အကာကွယ် ပေးမယ့် တပ်မတော်လား။
“တကယ်လို့ သတ္တိရှိတယ်ဆိုရင်၊ လက်ရုံးရည် နှလုံးရည် ယှဉ်ချင်တယ်ဆိုရင် ဦးသန်းရွှေကအစ (၄) သိန်းကျော်ရှိတဲ့ တပ်မတော်သားတိုင်း ဓားဓားချင်း၊ လှံလှံချင်း၊ လက်လက်ချင်း ပုဝါမကူ ရေမရှူကြေး တပွဲတလမ်း အကဲစမ်းလိုက်ကြရအောင်ဗျာ။ ကျုပ်တို့ပြည်သူဘက်ကလည်း (၄) သိန်းကျော်ရွေးထားပြီး စောင့်နေမယ်”
ဒီသတင်းစာကို ဖတ်ကြည့်လိုက်ရင် ကိုယ့်အပြစ်ကို လိမ်ညာဖုံးကွယ်ဖို့ အေးချမ်းသာယာမှုကို မလိုလားသူ တွေနဲ့ ပြည်ပမီဒီယာတွေက တိုင်းပြည်ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်တာဆိုပဲ။ ပြည်ပမီဒီယာတွေက ထုတ်တဲ့ သတင်းတွေမှာ ဘယ်ဟာ ပိုပြောသွားပါတယ်ဆိုတာ ထောက်မပြနိုင်ရှာပါဘူး။
အဖြစ်မှန်ကို တင်ပြရဲတယ်ဆိုရင် သေနတ်နဲ့ပစ်တဲ့ အရာရှိဟာ ဘယ်တပ်က ဘယ်သူဘယ်ဝါ ဘယ်လိုပစ် လိုက်တယ်ဆိုတာ ပြောပြသင့်တာပေါ့။ ခုတော့ သေနတ်ဒဏ်ရာ (၆) ချက်နဲ့ (၄) ချက်မှန်တဲ့ အောင်သူဟိန်းနဲ့ စိုးပိုင်ဇော်တို့ရဲ့ ရုပ်အလောင်းတွေကိုတောင် မိဘဆွေမျိုးတွေကို ကြည့်ခွင့်မပေးရဲတာ တရားသလား။
သတ္တိရှိတဲ့ ယောက်ျားမှန်ရင် ဓားဓားချင်း လှံလှံချင်း ယှဉ်ရဲရမှာပေါ့။ ခုတော့ ဘာလက်နက်မှ ကိုင်မထားတဲ့ အ ရပ်သားလေး (၂) ယောက်ကို စစ်သား (၁၀) ယောက်က ၀ိုင်းပြီး လက်နက်အားကိုးနဲ့ ပစ်သတ်တာ ကြားလို့မှ ကောင်းရဲ့လားဗျာ။ သိပ်တော့ မထူးဆန်းပါဘူးလေ။ တပ်မတော်ရဲ့ကျေးဇူးရှင်လိုလို အရှက်မရှိဆိုနေလေတဲ့ ဗိုလ်သန်းရွှေကိုယ်တိုင်တောင် အပ်တိုတချောင်း ကိုင်မထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသည်းခိုက်ခိုက် တုန်အောင် ကြောက်နေမှတော့၊ လက်နက်အားကိုး အာဏာတန်ခိုးနဲ့ ထောင်သွင်းအကျဉ်းချထားသေးတာဆို တော့ လူမိုက်ရဲ့သားတွေက ရမ်းကားမှာပါပဲလေ။
ချောင်းရိုက်ရဲတဲ့သူ၊ အလစ်ဝင်သတ်ရဲတဲ့သူ၊ နောက်ကျောကို ဓားနဲ့ဝင်ထိုးတဲ့သူ၊ ဗလအားကိုး လက်နက်အား ကိုးနဲ့ အားနည်းသူကို အနိုင်ယူတာဟာ သတ္တိရှိတဲ့သူမဟုတ်ဘူး၊ သူရဲဘောကြောင်တဲ့သူတွေပဲ။ တကယ်သာ ခင်ဗျားတို့နအဖ သတ္တိရှိမယ်ဆိုရင် ခုဖြစ်စဉ်မှာ ပစ်ခတ်ခဲ့တဲ့ ရဲဘော်တွေရော အမိန့်ပေးတဲ့ အရာရှိကိုရော ပြည် သူကြားနာခွင့်ရှိတဲ့ တရားခွင်မှာ စစ်ဆေးပြီး သက်သေပြပေးပါ။ ဒင်းတို့ကတော့ သရဲဘောကြောင် သတ္တိမရှိ သူတွေဆိုတော့ မသိမသာ နယ်ပြောင်းပေးရုံလောက်ပဲ အရေးယူမှာကို ကြိုမြင်နေပါသေးတယ်။
တကယ်လို့ သတ္တိရှိတယ်ဆိုရင်၊ လက်ရုံးရည် နှလုံးရည် ယှဉ်ချင်တယ်ဆိုရင် ဦးသန်းရွှေကအစ (၄) သိန်း ကျော်ရှိတဲ့ တပ်မတော်သားတိုင်း ဓားဓားချင်း၊ လှံလှံချင်း၊ လက်လက်ချင်း ပုဝါမကူ ရေမရှူကြေး တပွဲတလမ်း အကဲစမ်းလိုက်ကြရအောင်ဗျာ။ ကျုပ်တို့ပြည်သူဘက်ကလည်း (၄) သိန်းကျော်ရွေးထားပြီး စောင့်နေမယ်။
ခင်ဗျားတို့ လုပ်ရဲမယ်မထင်ပါဘူး။ ရွေးကောက်ပွဲတောင် ရှင်းရှင်းလင်းလင်း မကျင်းပရဲဘဲ ငို့ဘ (ငါဖို့) ဥပဒေ တွေနဲ့ နွားသေကြိုးတုပ်လုပ်ပြီးမှ လူကြားကောင်းတရားနာ ရွေးကောက်ပွဲတဲ့ ဟားတိုက်ရယ်လိုက်ချင်သေး။
စည်းကမ်းပြည့်ဝတဲ့ တပ်မတော်ဖြစ်ဖို့ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တာပါ။ စည်းပျက်ကမ်းပျက် တပ်မ တော်ရှိနေတာဟာ တိုင်းပြည်အတွက် ဆူးညှောင့်ခလုတ်ဖြစ်နေတဲ့အပြင် ၀န်ထုပ်ဝန်ပိုးကြီးပဲ မရှိတာကောင်းပါ တယ်။ တကယ်မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ ဒီလိုမျိုးအပြောမခံချင်ရင် ဒီစနစ်ကို တွန်းလှန်ပြီး ပြည်သူလိုလားတဲ့ တပ်မတော်ဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။
သူရဲဘောကြောင်တဲ့ လူရမ်းကားတွေ လက်ချက်ကြောင့် ကျဆုံးသွားတဲ့ ပဲခူးက ညီငယ် အောင်သူဟိန်းနဲ့ စိုး ပိုင်ဇော်ကို ဒီဆောင်းပါးနဲ့ ဦးညွတ်အလေးပြုလိုက်ပါတယ်။
အမှန်တရားများ အမြန်ပေါ်ထွန်းပါစေ ...
ဇာနည် (ပခုက္ကူ)
23 comments:
ပလီပလာ မာယာတွေသုံးပြီး အကြင်နာတွေမပါပဲ ဒီကိစ္စကို ချေးခြောက်ရေနူးပြီး ထပ်ခါတလဲလဲနဲ့ ရွတ်ပြ သွေးထိုးပြနေတာ အခုထိပါပဲလား...အမှန်ကိုချပြတော့လည်း ဝေ့လည်ကြောင်ပါတ် မလိမ့်တစ်ပါတ်နဲ့ အလိမ်ညာတွေသုံးလို့ ထပ်ခါထပ်ခါ ကွန့်မြူးပြနေတာကလည်း မျက်စိရှုပ်စရာ...ရွေးကောက်ပွဲကျင်းပမယ့်ရက်ထိများ ရေးနေအုံးမှာလားမသိဘူး...
mg = monkey + goat
လူသတ်သမားကို ထောက်ခံတာ မင်းပဲရှိတယ်
မင်းလည်း ကြံရာပါ ဖြစ်မယ်။ မင့် ဗိုလ်ရှုပ်တွေက
အမှန်ကို ဝန်ခံရဲတဲ့သတ္တိ၊ လုပ်ရဲရင် ခံရဲတဲ့ သတ္တိ မရှိပါဘူး။ သေနတ်အားကိုးနဲ့
ညစ်ကျယ်ကြီးပဲ လုပ်ရဲတယ်
ငါ့ညီတွေများဖြစ်နေခဲ့ရင်ဆိုတဲ့ လူသားစိတ်လေးနည်းနည်းသွင်းကြည့်ပါလား။
မိသားစုမှာ ဒီလိုမျိုး သေကွဲကွဲကြတယ်ဆိုတဲ့ အဖြစ်မျိုး ဘယ်သူမှမကြုံချင်ကြဘူးလေ။ ယောက်ျားချင်းဓား
ဓားချင်းခုတ်ကြလို့ ဘယ်သူသေသေ ဒီလိုမျိုးဆိုဘယ်သူမှ အရေးတယူပြောနေကြမှာမဟုတ်ဘူး။
ဘာလို့ များ ကိုယ့်လူက သေနတ်နဲ့ ပစ်ခံရတဲ့ သူတွေရဲ့ မိခင်တွေကို ကိုယ်ချင်းစာစိတ်မ၀င်နိုင်ပဲ သေနတ်နဲ့ ပစ်တဲ့ စစ်သားတွေကို ကာကွယ်ချင်နေရ လည်း စဉ်းစားလို့ မရနိုင်ဘူး။ ခင်ဗျားဟာ စစ်သားတယောက်ဖြစ်ပြီး စစ်တပ်ကို ကာကွယ်ချင်ရင်တော့ ဒီလိုလက်နက်အားကိုး ပြီး အနိုင်ကျင့်တတ်တဲ့ စစ်သားတွေဖက်က လိုက်ပြီး ပြောနေတာမှားတယ်ဗျို့ ။
ခုလို ဆက်ပြီး မှန်မှန်သာ ရေးပေး။
ကိုယ့်လူအလှည့်လည်းရောက်လာဦးမှာ။မပူနဲ့။
ကိုယ့်လူမှာလည်း အမေတို့ ။ညီတို့ ညီမတို့ ဆွေမျိုး တို့ ဆိုတာရှိတာပဲမဟုတ်လား။မပူနဲ့။ အနှေးနဲ့အမြန်ပဲကွာမှာ။ မောင်ကနေ မောင်းဖြစ်ပြီး အထုခံရတော့မှ မောင်းကွဲကြီးရဲ့ အသံကြားချင်ပါသေး ဟေးဟေး
ဘုန်းကြီးသတ်၊ ကျောင်းသားသတ်၊ အရပ်သားသတ်၊ အပြစ်မဲ့ကလေးတွေသတ် နဲ့ မိစ္ဆာဝါဒီဖြစ်တဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲပေးတာဟာ
မိစ္ဆာဒိဋ္ဌိကို ဆရာတင်တာနဲ့ အတူတူပဲ
ဒေဝဒတ်ကို မင်းမြှောက်တာနဲ့ အတူတူပဲ
ထောက်ခံသမျှ မဲဟာ မိစ္ဆာဒိဋ္ဌိဂိုဏ်ဝင်သွားတဲ့ မဲပဲ။
ခုလို မိစ္ဆာစိတ်ရှိတဲ့ စစ်ဗိုလ်လူထွက်တွေ သမ္မတ ဖြစ်လာတာဟာ ဒေဝဒတ် သမ္မတ တက်လုပ်တာနဲ့ အတူတူပဲ။
စစ်သားတွေ သတ်တာပါပဲဗျာ http://www.youtube.com/watch?v=DyDFZqc60Z0&feature=player_embedded
ကြည့်ကြည့်ပါဦး ၅ လ သားအရွယ်ကလေးတောင် မနေရဘူး။
လူဆိုတာ ကြောက်စရာသတ္တ၀ါပါလားဗျာ။ တရိဆ္စန်အချင်းချင်းရန် ဖြစ်တာထက်တောင်ဆိုးပါသေးလား။
ခင်ဗျားပေးတဲ့လင့်ခ် ဖွင့်ကြည့်လိုက်တာ စကားလုံးတွေထက် အများကြီး တာသွားတယ်။ လူဆိုတာ အဲဒီလိုတယောက်နဲ့တယောက် သတ်နေဖြတ်နေ တဲ့သတ်တ၀ါ ပဲထင်ပါတယ်။
gm ဆိုတာ ဘာကောင်ထင်သလဲ...။ မည်းမည်းမြင်ဟောင်တဲ့ သခင်းအားကျွန်ပါးဝလုပ်တတ်တဲ့ ခြံထောင့် (သို့) ခွေးကတက်မှာ ခွေခွေအိပ်ပြီး အရိုးအရင်းလေးတွေကို မျှော်နေတတ်တဲ့.. ဝဲစားနေတဲ့ နံပိန် ခွေးရူးပါပဲခင်ဗျား...။
ရှူးတိုးတိုး...။ ခွေးတွေကြားရင် ကြိုးဆွဲချ သေနေလိမ့်မယ်...။
Hi, if you were in their place, if you lost after fighting, what will you do?
အဲ့ ဒီ mg ဆိုတာ သန်းရွေ ကျွေးထားတဲ့  ခွေးဝဲစားလေးတကောင်ဆိုတာ သိသာပါတယ်။ ခွေးဆိုတာ လူစကားနားမလည်တော့  ခွေးဝဲစားဆိုတာ ပိုတောင်နားမလည်ရှာမှာ ပေါ့။ သူ့ သခင်လ့ူ့ ငနွားကြီးဆီက အရိုးအရင်းလေး ချကျွေးလို ချကြွေးငြား ဟောင်ကြည့် နေတာပါ၊ ထားလိုက်ကြပါဗျာ။ အမှန်တွေ ရေးလိုက်တာ့ သူတို့ ဒေ၀ဒတ်အကြံတွေ လူသိများသွား ပြီးလားလို့  အလန့် တကြား ယောင်ယန်းပြီး ထအူလိုက်တာပါ။ ဒီလို ခွေးဝဲစားလေးတွေ အူတိုင်းသာ ထကြည့် နေရရင် ဘယ်မှာ အကောင်းနေရတော့မလဲ။
ကြည်မြင့်
အဲ့ ဒီ mg ဆိုတဲ့သတ္တ၀ါဟာ ခုလောက်ဟောင်ချက်ကလေးတွေများလာတော့ သူ့ သခင်လ့ူ့ ငနွားကြီးသန်းရွှေဆီက အရိုးအရင်းလေး နှစ်ခု သုံးခုလောက်တော့ချကြွေးပေးဘို့  အမြီးနှ့ံ တောင်းလို့ ရပြီပေါ့။ ပိုသေချာအောင် 8888 email group ကို သူ့ ဟောင်သံလေးတွေ copy လုပ်ပြီး ဖြန့် ပေးလိုက်ကြပါ။ ဒါမှ သူ တကယ်ဘဲ သူ့ သခင် လူ့ နွားကြီးသန်းရွှေဆီက အရိုးအရင်းလေး တောင်းဘို့  လက်ဆုတ်လက်ကိုင် ပြစရာရှိမှာ။ သနားစရာခွေးဝဲစားလေးပါ၊ မေတ္တာထားလိုက်ပါ။
ကြည်မြင့်
ကပ်ပြေးသစ္စာခံ ခွေးဝဲစား mg မင်းတို့  လိုလူ့ ခွေးဝဲစားပေါက်စလေးတွေထက်အများကြီး seniorလဲဖြစ် ပညာလဲပိုတတ် ဗဟုတလဲပိုကြွယ်ဝတဲ့  ဗိုလ်မှူးချုပ်ဟောင်းဇော်ထွန်း ပြောခဲ့စကား ကြားဘူးသလား ခွးဝဲစား mg။ လူ့ ငနွားကြီးသန်းရွှေကို ဗိုလ်ချုပ်ဇော်ထွန်းက (မင်းခုလိုဘဲကူးရေးထဲ့လိုက်တဲ့ အပေါစားဝါဒဖြန့် စကားတွေဘဲပါတဲ့ )့ နအဖ TV သတင်းတွေလာရင် ပြည်သူတွေက ချင်းပိတ်ပစ်ပြီး Korea ကားတွေလာမှ TV တွေကို ပြန်ဖွင့် ကြပါတယ်ဗိုလ်ချုပ်မှူးကြီးခင်ဗျားတဲ့ ။ ဗိုလ်ချုပ်ဇော်ထွန်းလည်း အမှန်တရားကိုပြောရလို့  ဖြုတ်ထုပ်လုပ်ခံလိုက် ရတယ်။ ဒါပေမဲ့  တကဲ့ အတုယူစရာ ယေက်ျားကောင်းတယောက်ပါ။
ဗိုလ်ချုပ်ဇော်ထွန်းရဲ့ သတ္တိနဲ့ အမှန်တရားကိုပြောရဲတဲ့ ယောက်ျားဆန်မှုကို အတုယူပါ့ ခွေးဝဲစားmg။ နောက်ပြီးတော့ အထူးမေတ္တာရပ်ခံပါတယ်။ နောက်တခါ သန်းရွှေတပ် ၀ါဒဖြန့် ချိရေးသင်တန်းထဲက ရိုက်သွင်းထားတာလေးတွေကို့ ခွေးဝဲစားmg က copy and paste လုပ်မပေးပါနဲ့ ။
မင်းတို့ ထက် အဆ ရာထောင် ပညာတတ်သော
ကြည် မြင့် 
ဒီမို လူတွေကတော့ ဟုတ်နေပါလား။ ဆောင်းပါး ရေးချင်တဲ့သူကရေး အဲဒါကို ဘာရေးရေး ထောက်ခံတဲ့သူက တပုံတပင်နဲ့
ဘာပဲပြောပြောအားလုံးကမြန်မာတွေပဲနော်.......မြန်မာအချင်းချင်းအဲလိုပဲကိုက်နေကြတော့မှာလား.....တိုးတက်ရာတိုးတက်ကြောင်းလုပ်ကြပါလား....အဲလိုတွေပြောနေမယ့်အစားဒီမိုလုပ်တဲ့ လူကလုပ်...စစ်သားလုပ်တဲ့ လူကလုပ်နဲ့ ....စစ်သားကလဲပြော...ဒီမိုတွေကလဲပြော..ဟိုဘက်တိရစ္ဆာန်ဒီဘက်တိရစ္ဆာန်နဲ့ ...နောက်ဆုံးအားလုံးကဘာတွေဖြစ်သွားကြမလဲ..နဲနဲပါးပါးစဉ်းစားကြပါအုံး...မြန်မာပြည်ကိုချစ်တဲ့ ...မြန်မာအားလုံးကိုချစ်တဲ့ .......
ကလိမ်ကကျစ်စာရေးသူဆိုသူကလည်း ပခုက္ကူဆိုတဲ့ နာမည်တောင်ရေးထည့်လိုက်သေးတယ်...ပြောချင်တဲ့ ရည်ရွယ်ချက်က ၂၀၀၇ တုန်းက သံဃာအရေးခင်းက ပခုက္ကူကစခဲ့တယ်ဆိုတာကို ပြသချင်တာနဲ့ အဲဒီလိုဆူပူမှုထပ်လုပ်အောင် ပခုက္ကူ ဆိုတဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး ပလီပလာမာယာများပြီး လုပ်လိုက်တာပါပဲ...
ခွေးဝဲစား mg မင်းတို့ တတွေဟာ "ပခုက္ကူ " ဆိုတဲ့ နာမည်ကိုတော့ တော်တော် ကြောက်နေတာ ပေါ်လွင် လှချည့် လား။ ဒါဟာကိုပြသလဲဆိုရင် "ပခုက္ကူ " ဆိုတ့ဲ့ နာမည် ကြားတိုင်း မင်းတို့ ဟာ မင်းတို့ ကျူးလွန်ခဲ့တဲ့  သာသာနာတော်ကို စော်ကားခြင်း ။ သံဃာကိုရိုသတ်ခြင်း စတဲ့ ရာဇ၀တ်မှုဆိုးကြီးတွေက မင်းတို့ ကို ထက်ချပ်မကွာ လိုက်နေတယ်ဆိုတာကို မင်းတို့ အမြဲသွေးလန့် နေတယ်ဆိုတာဘဲ။ ဒီအကုသိုလ်ကြီးတွေကြောင့် မင်းတို့ ဟာ စစ်မောင်တို့  တင်ဦးတို့ လို ရာဇ၀တ်ကောင်တွေလို အသေဆိုးနဲ့ သေရင်သေ ဒါမဟုတ် ရှေးကုသိုလ်ကံကြောင့်  မင်းတို့ လူ့ ငနွားကြီး ငသန်းရွှေ တချိန်က ဘုရားလိုထိုင်ရှိခိုး ပြီး ဒူးတုတ်ခစားခဲ့ရတဲ့  မိစ္ဆာကြီးနေ၀င်းလို လူ့ ပြည်မှာဆက်ပဲနေရနေရမေရ သူ့ လိုဘဲ ဘ၀ဇာတ်သိမ်းမလှဘဲ စိတ်ဆင်းရဲခြင်းများစွာနဲ့ သေရမှာဘဲ။ သေပြီးနောက်လဲ သံဃာ့ဘေဒက ကံကြောင့် မင်းတို့ အားလုံး အ၀ီစိကို တန်းဆင်းရလိမ့်မယ် ငမောင်နှင့် ခွေးဝဲစား အပေါင်း တို့ ။
ကြည်မြင့် 
ခွေးဝဲစား mg မင်းတို့ တတွေဟာ "ပခုက္ကူ " ဆိုတဲ့ နာမည်ကိုတော့ တော်တော် ကြောက်နေတာ ပေါ်လွင် လှချည့် လား။ ဒါဟာကိုပြသလဲဆိုရင် "ပခုက္ကူ " ဆိုတ့ဲ့ နာမည် ကြားတိုင်း မင်းတို့ ဟာ မင်းတို့ ကျူးလွန်ခဲ့တဲ့  သာသာနာတော်ကို စော်ကားခြင်း ။ သံဃာကိုရိုသတ်ခြင်း စတဲ့ ရာဇ၀တ်မှုဆိုးကြီးတွေက မင်းတို့ ကို ထက်ချပ်မကွာ လိုက်နေတယ်ဆိုတာကို မင်းတို့ အမြဲသွေးလန့် နေတယ်ဆိုတာဘဲ။ ဒီအကုသိုလ်ကြီးတွေကြောင့် မင်းတို့ ဟာ စစ်မောင်တို့  တင်ဦးတို့ လို ရာဇ၀တ်ကောင်တွေလို အသေဆိုးနဲ့ သေရင်သေ ဒါမဟုတ် ရှေးကုသိုလ်ကံကြောင့်  မင်းတို့ လူ့ ငနွားကြီး ငသန်းရွှေ တချိန်က ဘုရားလိုထိုင်ရှိခိုး ပြီး ဒူးတုတ်ခစားခဲ့ရတဲ့  မိစ္ဆာကြီးနေ၀င်းလို လူ့ ပြည်မှာဆက်ပဲနေရနေရမေရ သူ့ လိုဘဲ ဘ၀ဇာတ်သိမ်းမလှဘဲ စိတ်ဆင်းရဲခြင်းများစွာနဲ့ သေရမှာဘဲ။ သေပြီးနောက်လဲ သံဃာ့ဘေဒက ကံကြောင့် မင်းတို့ အားလုံး အ၀ီစိကို တန်းဆင်းရလိမ့်မယ် ငမောင်နှင့် ခွေးဝဲစား အပေါင်း တို့ ။
ကြည်မြင့် 
မိစ္ဆာစိတ်ရှိတဲ့ စစ်ဗိုလ်လူထွက်တွေ သမ္မတ ဖြစ်လာတာဟာ ဒေဝဒတ် သမ္မတ တက်လုပ်တာနဲ့ အတူတူပဲ။
မိစ္ဆာစိတ်ရှိတဲ့ စစ်ဗိုလ်လူထွက်တွေ သမ္မတ ဖြစ်လာတာဟာ ဒေဝဒတ် သမ္မတ တက်လုပ်တာနဲ့ အတူတူပဲ။
မိစ္ဆာစိတ်ရှိတဲ့ စစ်ဗိုလ်လူထွက်တွေ သမ္မတ ဖြစ်လာတာဟာ ဒေဝဒတ် သမ္မတ တက်လုပ်တာနဲ့ အတူတူပဲ။
အောင်မလေး mg ရေ
သူတို့ခေါ်နေတဲ့ နာမည်က တိုင်ပင်မထားပဲ အားလုံးဆင်တူနေတော့ မင်းနာမည်လို့တောင် ကိုယ်က မှတ်ယူလိုက်ပြီ။ ဖြစ်နိုင်စရာလည်းများစွာရှိပါတယ်။ ငါအခုထိမရှင်းသေးလို့မေးပါအုံးမယ်။ 2007ကိစ္စ၊ 2008 Nargis ကိစ္စ၊ အခုပဲခူးကိစ္စ၊အဲဒါတွေက တကယ်မဟုတ်ပါဘူးလို့ မင်းအတိအလင်းပြောရဲလား။ မင်းဗုဒ္စဘာသာဆိုရင် ကျိန်ကြည့်လေ။ မဟုတ်မမှန်လိမ်ပြောရင် မင်းဘ၀ဒီဘ၀တင် လူဖြစ်ရှုံးပါစေလို့။ ဘ၀ပျက်ပါစေလို့ကျိန်ကြည့်မလား။(မင်းမိသားစုဘ၀ပျက်ပါစေလို့တော့မကျိန်ခိုင်းပါဘူး။ဘာဖြစ်လို့လဲဆိုတော့ မင်းလုပ်ရပ်ကြောင့် မင်းရဲ့မိသားစုက ဓားစာခံဖြစ်မှာစိုးလို့)အဲလိုဘာလို့ပြောလဲဆိုတော့ ငါတွေးတာ လူဆိုတဲ့အထိုင်ပေါ်ကတွေးကြည့်လို့ပဲ။ ငါကစစ်သားမို့ ငါ့ကိုကျွေးမွေးနေတာစစ်အသိုင်းအ၀ိုင်းမို့ ဆိုပြီး မျက်စိမှိတ်ပြီး အရူးချီးပန်း။ဆင်ကန်းတောတိုး၊ခွေးဖျာလိပ်ထဲဝင်သလို မထူးတော့ပါဘူးဆိုပြီး ဇွတ်အတင်းဝင်နေတဲ့မင်းလိုကောင်မျိုးမဟုတ်လို့ပဲ။ မင်းအတွေးအခေါ်တွေက အ၀ီစိကကိုမဆင်းပါလား ဂျိုးကပ်မယ့်ကောင်လေးရယ်။ ဒါကိုတောင် ဆက်ပြီးမင်းပြောနေရင်တော့ မင်းအတွက်သင်တန်းတစ်ခု အကိုညွန်ပေးလိုက်မယ်။ အတွေးအခေါ်မြင့်မားရေးသင်တန်း လို့တော့မထင်နဲ့။ ဘယ်လိုပဲမင်းကို ဆွဲတင်ဆွဲတင်မင်း အတွေးခေါ်တွေက အ၀ီစိကတက်လာမှာမဟုတ်တော့ မင်းနဲ့ကိုက်တဲ့သင်တန်းကို အကိုပြောပြမယ်။ အဲဒီ့သင်တန်း က "ရှက်နည်းသင်တန်း" တဲ့ သွားတက်လိုက်ပါကွာ။ အဲဒီ့သင်တန်းမှာ အထူးပြူဘာသာရပ်အနေနဲ့ စောက်ရှက်မရှိ မျက်နှာပြောင်နဲ့ မပြောရဲအောင် သင်ပေးတဲ့ဘာသာရပ်လေးလဲပါတယ်။ မင်းနဲ့တော့ကွတ်တိပဲ။ တက်ဖြစ်အောင်တက်လိုက်နော်။ ညီလေး။
ko violetbravo ရေးတာ အရမ်းသဘောကျတယ်၊ တခြားသူတွေရေးတာတွေရောဘဲ. Bloger ကိုအကြံပေးချင်တယ်၊ Comments တွေစုပြီး ဘယ်အရုးကဘယ်ဆောင်းပါးကိုဘယ်လိုတုန့် ပြန်လို့ လူတွေကဘယ်လို ၀ိုင်း ရေးကြဆိုတာလေးစုဆောင်းတင်ပြပေးလိုပါတယ်။
ဒီစောက်ရူးက July တုန်းကလည်း ဒေါ်စုကိုစော်ကားရေးလို့ ဝိုင်းဆဲခံရပြီးပြီ. သောက်မှတ်ကိုမရှိတာ. ကောင်းတယ် ko violetbravo, Bravo bravo.....
mg ဆိုတဲ့ ..........
မင်းတို့ စစ်သားတွေသတ္တိ ရှိတယ်ဆိုရင် လူငယ်အချင်ချင်း ရန်ဖြစ်တာဆိုရင် လက်သီးနဲ့ ထိုးတာ လက်သီးနဲ့ ပြန်ထိုးပေါ့ဟ..တုတ်နဲ့ ရိုက်ရင် တုတ်နဲ့ ပဲပြန်ရိုက်ပေါ့...ဘယ်နဲ့ အဖော်သွားခေါ်ပြီး သေနတ် နဲ့ ပစ်ခိုင်းရတာလဲ..
အဲဒါ သတ္တိ လားဟ....
Post a Comment