Saturday, September 11, 2010

ဂွတ်ဒ်မောနင်းကျောင်း စာပေဟောပြောပွဲ (၅-၉-၂၀၁၀)

ဂွတ်ဒ်မောနင်းကျောင်း စာပေဟောပြောပွဲ (၅-၉-၂၀၁၀)
ဓာတ်ပုံ - Good Morning

စက်တင်ဘာလ (၅) ရက် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ‘Good Morning’ မြန်မာရွှေ့ပြောင်းစာ သင်ကျောင်းတွင် စာပေ၀ါသနာရှင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဦးစီး၍ စာပေဟောပြောပွဲတရပ် ကျင်း ပပြုလုပ်ခဲ့ပြီး စာရေးဆရာ သန်းဝင်းလှိုင်နှင့် ဒေါက်တာလွဏ်းဆွေတို့ ဟောပြောခဲ့ကြသည်။

စာပေဟောပြောပွဲကို “လူထုအကြား စာပေအသိပညာ ဗဟုသုတ တိုးပွားမြှင့်တင်နိုင်ရေး၊ မြန်မာ့သမိုင်း ကြောင်းအမှန်ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ရေး၊ ညီညွတ်ရေးကို ရှေးရှုသည့် ရင်းနှီးချစ်ကြည်မှုကို တည်ဆောက်ရေး၊ မြန်မာစာပေယဉ်ကျေးမှုအမွေအနှစ် ဖွံ့ဖြိုးတိုးတက်စေရေး” ဟူသည့် ရည်ရွယ်ချက် (၄) ရပ် နှင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားအမှူးအဖြစ် စောကျော်ကျော်မင်းက ဆောင်ရွက်သည်။

ဟောပြောပွဲတွင် ဒေါက်တာလွဏ်းဆွေက “စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် တော်လှန်ရေးတွင် စာပေ၏ အ ရေးပါပုံ” အကြောင်း ဦးတည်ပြောကြားပြီး စာရေးဆရာ သန်းဝင်းလှိုင်က “ဂဠုန်ဦးစော၏ ရှုပ်ကွက်မြှုပ်ကွက် များ” ခေါင်းစဉ်ဖြင့် သမိုင်းဖြစ်ရပ်မှန်များ ပေါ်ပေါက်ရေးကို ဦးတည်ကာ အကျယ်တ၀င့် ဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့က သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပြီး ကျေးဇူးတင်စကား ပြောကြားသည်။

No comments: