မောင်ဂဒိုး
နိုင်ငံတကာ နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ်များနဲ့ မြန်မာ့နိုင်ငံရေး ပရောဟိတ်ဆိုသူများက ရံဖန်ရံခါ မြန်မာ့နိုင်ငံရေး ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်နေတယ်၊ နိုင်ငံရေးဒီရေ အီနေတယ် .. စသဖြင့် ပြောလေ့ရှိကြတယ်။ ထင် သာမြင်သာတဲ့ အပြောင်းအလဲတွေဖြစ်လာမှ တိုးတက်မှုရှိတယ်လို့ ယူဆတတ်ကြတယ်။ အရည်အချင်းရှိတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့အတွက် အရှိန်အဟုန်ယူနေတဲ့ ကာလ၊ ကြိုးစားဆဲ (တနည်း) သဘာ ဝတရားရဲ့ ပြုပြင်ဖန်တီးမှုပြုနေရတဲ့ ကာလတွေကို မျှော်လင့်ချက်မဲ့တဲ့ အချည်းအနှီးကာလလို့ သတ်မှတ်ကြ တယ်။
လူမှုဘဝဖြစ်စဉ်ကို ဆင်ခြင်သုံးသပ်ရာမှာ ရှုထောင့်တမျိုးက မြင်ခြင်းဖြစ်တာမို့ အပြစ်တင်ဖွယ်ရာတော့မဟုတ် ပါလေ။ ၁၇ ရာစုရဲ့လူရည်ချွန် သိပ္ပံပညာရှင် ဗြိတိသျှလူမျိုး နယူတန်ကတောင် “အလုပ်” ရဲ့ သဘောသဘာဝ ကို သီအိုရီထုတ် ပြသတဲ့အခါ ဘယ်လောက်ပဲ အားစိုက်စိုက် “အရွေ့” ဆိုတာရှိလာမှ “အလုပ်” ဖြစ်မြောက် တယ်လို့ ဆိုကြောင်း အလယ်တန်းကျောင်းသားဝက သင်ခဲ့ရတာပဲ။ နောက်ပြီး အရာဝတ္ထုတွေမှာ “နေမြဲနေ လိုတဲ့ သဘာဝ” ရှိတယ်ဆိုတာလည်း သူ့ရဲ့ “အင်နားရှားသီအိုရီ” ဆိုတာနဲ့ ဖော်ပြခဲ့ပါသေးတယ်။ ပတ်ဝန်း ကျင်ပယောဂ မပါဘူးဆိုရင် ရပ်တည်နေတဲ့ အရာဝတ္ထုတခုဟာ နဂိုအတိုင်း နေမြဲနေလိုတဲ့ သဘာဝရှိတယ်ဆို တာပါပဲ။ ပြောင်းလဲမှုမရှိဘူးဆိုပါတော့။
၂၀ ရာစုရဲ့အကျော်အမော် ပါရမီရှင် အဲလ်ဘတ်အိုင်းစတိုင်း ပေါ်လာတော့ နယူတန်ရဲ့အယူအဆ နောက် ကောက်ကျသွားပါတော့တယ်။ စကြာဝဠာကြီးထဲမှာ ဘယ်အရာမှ “မလှုပ်ရှားမပြောင်းလဲဘဲ တည်မြဲ” နေ တယ်ရယ်လို့ မရှိကြောင်း၊ လှုပ်ရှားပြောင်းလဲနေခြင်းသာ အရာဝတ္ထုများရဲ့ မူလသဘာဝဖြစ်ကြောင်း အိုင်းစ တိုင်းက ဆိုပါတယ်။ တကယ်တော့ ကျနော်တို့ ဗုဒ္ဓမြတ်စွာက လွန်ခဲ့တဲ့ နှစ်ပေါင်း (၂,၅၀၀) ကျော်ကတည်းက အရာရာတိုင်းဟာ မတည်မြဲ “ဖြစ် ပျက်” ပဲလို့ စကြာဝဠာတခုလုံးဆိုင်ရာ အမှန်တရားကို ဟောပြောဆုံးမခဲ့ပြီး ဖြစ်ပါတယ်။ မြင်သာတဲ့ အတိုင်းအတာမဟုတ်ပေမယ့် မမြင်သာတဲ့ ဘောင်ထဲက အတွင်းအနှစ်သာရဟာ တ စစ ပြောင်းလဲပြုပြင် စီရင်ဖန်တီးနေတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်လာခဲ့တာ (၄၈) နှစ်၊ ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ ကြိုး စားလာခဲ့တာ (၂၂) နှစ် အသီးသီးရှိကြပြီ။ ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်မလာသေးတာနဲ့ဘဲ ဒီတော်လှန်ရေး မှာ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့သူတွေ၊ အနစ်နာခံ ဆောင်ရွက်နေတဲ့သူတွေရဲ့ လုပ်ရပ်ဟာ အရာ မထင်ဘူးလို့ ပြောမလား၊ မြန်မာ့နိုင်ငံရေးဟာ ဒီရေလို အီနေတယ်ပြောမလား။
အသိဉာဏ်နည်းတဲ့ နအဖဟာ လက်ထဲမှာ သေနတ်ရှိနေတော့ အစဉ်အဆက် အာဏာမြဲအောင် လုပ်ထားနိုင် လိမ့်မယ်လို့ တွက်ဆထားတယ်။ ကောက်ကျစ်စဉ်းလဲတဲ့ ဉာဏ်နီဉာဏ်နက်မျိုးစုံသုံးပြီးတော့လည်း အားထုတ် လုံးပမ်းနေတယ်။ ဒီလို လတ်တလော ထင်သာမြင်သာရှိတဲ့ အကြောင်းအချက်လောက်ပဲတွက်ပြီး နအဖ နိုင် လိမ့်မယ်၊ ထင်သလို လုပ်နိုင်လိမ့်မယ် ... စသဖြင့် ယူဆနေကြတယ်။ တချို့က နအဖ ရွေးကောက်ပွဲ တထစ်ချ ဖြစ်မယ်တွက်ပြီး “ရွေးကောက်ပွဲလွန် နိုင်ငံတော်” ဆိုပြီးတော့တောင် ကြိုပြီးခန့်မှန်းနေကြတယ်။ ဒါ သူတို့ဖြစ် စေချင်တဲ့ ဆန္ဒလား။ အရှက်မရှိတဲ့ နအဖကို သရော်တာဖြစ်ကောင်းဖြစ်ပေမယ့် ဒီမိုကရေစီရေး ကြိုးစားအား ထုတ်နေတဲ့သူတွေရဲ့လုပ်ရပ်ကို သရော်နေသလိုပါပဲ။ သူ့လူကိုယ့်ဘက်သားတွေလား။ လေးသံကြားရုံနဲ့ အား ကုန်နေကြတဲ့သူတွေပဲ။ သွေးသံရဲရဲမြင်ရုံနဲ့ လဲကျသွားနိုင်တဲ့သူတွေက တော်လှန်ရေးစကား ပြောနေကြတာ နဲ့ပဲ တူတော့တယ်။ ဒီလိုသာဖြင့် ဘုရင့်နောင်တို့ ခက်ရချည့်။ ရှိနှင့်ပြီးသား ဖောင်တောင် ဖျက်ပစ်တယ်။ ယုံ ကြည်ချက်ပဲ အရေးကြီးတယ်။ ဖြစ်ချင်ရင်ဖြစ်တယ်။ ဆန္ဒနဲ့ ဝိရိယကြီးမားသူကို ဘယ်လိုအရာကမှ တားဆီးလို့ မရဘူးဆိုတဲ့ ရှေးပညာ ရှိစကားလည်း ရှိတယ်။ ဘုရားဟောတာ ဆန္ဒာဓိပတိ၊ ဝိရိယာဓိပတိ တဲ့။ လိုရင်း ကိစ္စ ပြီးမြောက်အောင်မြင်ဖို့ ရာမှာ ဒီနှစ်ချက်က အရေးကြီးဆုံးပါ။ ညီညီညွတ်ညွတ် အလုပ်လုပ်ဖို့သာ လိုရင်းပါ။
လက်နက်ကိုသာ အားကိုးဖြေရှင်းတတ်တဲ့ နအဖကို ဆန့်ကျင်တော်လှန်ဖို့ လက်နက်မပါတဲ့ အန်အယ်လ်ဒီ၊ ကျောင်းသားသမဂ္ဂ၊ သံဃာ့သမဂ္ဂ၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတို့က လူထုကို စည်းရုံးပြီး ရွေးကောက် ပွဲဆန့်ကျင်ရေး တိုက်ပွဲဖော်ဆောင်ဖို့ ကြိုးစားနေကြတယ်။ ၂၀၀၇ ခုနှစ် ဗကသအဖွဲ့ချုပ်နဲ့ အခြားလူငယ် ကျောင်းသားအဖွဲ့ (၄) ဖွဲ့တို့ ပူးပေါင်းပြီး ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှု အရှိန်အဟုန်နဲ့ တိုးမြှင့်နိုင်အောင် ဆောင်ရွက်နေကြပြီ။
အန်အယ်လ်ဒီက တပြည်လုံးအနှံ့ ခြေဆန့်ပြီး စည်းရုံးရေးဆင်းနေကြတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ သူတို့ မျှော်မှန်းတဲ့အတိုင်း ဆောင်ရွက်ပြီးစီးနိုင်တာမို့ နအဖ စိတ်တိုင်းကျ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်လို့ ဘယ်သူအတတ်ဟောနိုင်မှာလဲ။ သေနတ်ရှိတာတခုတည်းနဲ့ နအဖသာလျှင် စေတလုံးရှင်လို့ ထင်နေရင် အ မှားကြီးမှားလိမ့်မယ်။ ပြည်သူသာ လက်မခံရင် မနက်ဖြန်မှာတင် ဒီပွဲပျက်သွားနိုင်တယ်။ ဒါ့ကြောင့် ရွေး ကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပြည်သူတွေ တခဲနက် ပါဝင်လာစေရေးဟာ အလွန်လိုအပ်ပါတယ်။ ပြည် သူဆိုတာ လူအမျိုးမျိုး စိတ်အထွေထွေ အခြေအနေအစားစား ပေါင်းစုပါဝင်ထားတာမို့ အချို့ကို အားမရပေ မယ့် အများစုတွေကတော့ အရေးကြုံရင် သက်လုံကောင်းပြီး ပါးနပ်ကြပြီးသားပါ။ ဒါကို ၉၀ ခုနှစ် ရွေးကောက် ပွဲအရ သိနိုင်ပါတယ်။
လမ်းပြင် ကွန်ကရစ်ခင်းပေးပေမယ့် စစ်ကျွန်ဖြစ်မယ့်အရေးမို့ ရွေးကောက်ပွဲဖြစ်ရင်တောင် သူတို့ကို မဲမပေး ဝေးသေး။ ဒါပေမယ့် မသမာတဲ့ နည်းမျိုးစုံသုံးပြီး နအဖက မဲရဖို့ ကြိုးစားနေတယ်ဆိုတာလည်း သိတာပဲ။ ဒီနေ ရာမှာ အယောင်ဆောင် ဒီမိုကရေစီသမား၊ ရွေးကောက်ပွဲဝင်မယ်ဆိုသူများနဲ့တော့ အကွာကြီးကွာတယ်။ ပြည် သူလူထုက အာဏာရှင်စနစ် အမြစ်ဖြုတ်မယ့်အင်အားစုပါ။ ရွေးကောက်ပွဲဝင်မယ်ဆိုသူတွေက စစ်အုပ်စု သက် ဆိုးရှည်စေဖို့ နအဖသစ်ပင် ကိုင်းကူးစိုက်ဖို့ပြင်နေတဲ့ “ဂွင်” သမားတစုရယ်ပါ။ သူတို့အတွက်နဲ့ နအဖသာ အ ကျိုးရှိသွားမှာ၊ သူတို့ဘဝကတော့ ဆရာကြီး ဦးဝင်းတင် ပြောသလို နွားသတ်ရုံကို အပို့ခံရတဲ့ နွားတွေလို မျှော် လင့်ချက်မဲ့နေပါပြီ။
နအဖဟာ လုပ်ချင်ရာလုပ်တာမို့ ဒီအဆိပ်အတောက် လူအစိတ်လောက်ကိုည်း တရားခံအဖြစ် အပြစ်ဖို့မနေ ချင်တော့ပါဘူး။ နအဖကသာ ဒီရွေးကောက်ပွဲဆိုတာကြီးကို သူတို့ဘာသာရေးဆွဲထားတဲ့ လမ်းပြမြေပုံဆိုတာ ကြီးအရ သူတို့အာဏာမြဲစေဖို့ တွန်းထိုးလုပ်နေတာ။ မြန်မာနိုင်ငံအရေး ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာမ ဟုတ်လို့ ဘယ်နိုင်ငံတကာကမှ အရေးမလုပ်ဘူး။ ဒီရွေးကောက်ပွဲကနေ ဘယ်လိုအပြောင်းအလဲမှ ဖြစ်ပေါ်လာ လိမ့်မယ်မဟုတ်ဘူးလို့ ဗြိတိသျှအစိုးရအဖွဲ့ထဲက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး Jeremy Browne က ပြောထားပါတယ်။
အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mark Toner ကတောင် “နိုဝင်ဘာ (၇) ရက်နေ့မှာ ထွက်လာမယ့် ရလဒ်ဟာ တရားဝင်မှုမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်တယ်” လို့ ဆိုတယ်။ လောလောဆယ် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ မြန်မာ့မိတ် ဆွေနိုင်ငံများရဲ့ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ မစ္စတာဘန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအ ကျဉ်းသားများကို လွှတ်မပေးပါက ရွေးကောက်ပွဲရလဒ်ဟာ တရားဝင်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြော ကြားလိုက်ပြီဖြစ်ပါတယ်။
အဲဒီတော့ နအဖဟာ လောလောဆယ်မှာ ဘယ်တုန်းကနဲ့မှ မတူအောင် ဖိအားတွေ ဝိုင်းပေးနေတာကို ခံနေရ တာပါ။ ဒါတင်မကသေးပါဘူး။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံအရေးကိုင်တွယ်မှုကို အားမရကြမှု၊ လုံခြုံရေးကောင်စီမှာ ဆွေးနွေးကြတိုင်း အဆင့်မရှိ အရှက်မဲ့ ကိုယ်ကျိုးစီးပွားသမားတရုတ်နဲ့ ရု ရှားတို့ရဲ့ ဗီတိုအာဏာသုံးပယ်ချနေမှု ... စတဲ့အကြောင်းတွေကြောင့် နိုင်ငံတကာခေါင်းဆောင်များက စစ်အစိုး ရရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လူ့အခွင့်အရေးကောင်စီရဲ့ အများစုဆုံးဖြတ်ချက်နဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။ အောင်မြင်ဖို့ နီးစပ်နေသလို အောင်မြင်လာရင် မှူးကြီးနဲ့ သူ့ လူတသိုက် စက်တိုင်တက်ရုံပဲ။
ဗြိတိန်၊ အမေရိကန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျ၊ စလိုဗက်ကီးယား၊ ကနေဒါ၊ ဟန်ဂေရီ၊ နယူးဇီ လန်၊ နယ်သာလန်၊ ပြင်သစ်နိုင်ငံတို့က ထောက်ခံထားကြပြီး ဘယ်လ်ဂျီယံနိုင်ငံကလည်း ထောက်ခံလာဖွယ် ရှိတယ်လို့ သိရပါတယ်။ ဥရေပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံး ပါဝင်ထောက်ခံလာနိုင်အောင်လည်း တိုက်တွန်း ထားကြသလို ဂျပန်အစိုးရက တရားဝင် ထောက်ခံပေးဖို့ကိုလည်း ဂျပန်အင်ဂျီအို (၅) ဖွဲ့က တောင်းဆိုထားပါ တယ်။ ဒါ့အပြင် ဒီလ (၁၇) ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာစစ်အစိုးရကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ဆွေးနွေးပွဲပြုလုပ်ရာမှာ ဂျပန်နိုင်ငံက ထူးထူးခြားခြား “နိုဝင်ဘာလ ရွေး ကောက်ပွဲဟာ မျှတမှုမရှိနိုင်” ကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲမှာ တရုတ်နဲ့ ရုရှားကတောင် ခပ်မဆိတ်နေခဲ့ကြတယ်။
ပြည်တွင်းအခြေအနေကလည်း နအဖကို တစက်ကလေးမှ မျက်နှာသာမပေးပါဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ် တပ်တွေမှာလည်း အထက်အမိန့်ကို ဖီဆန်ကုန်ပြီလို့ သိရပါတယ်။ ဆရာတော် အရှင်ပညာစာရကို မတရားအ မှုဆင် ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီးတော့လည်း သံဃာများ စုဝေးကာ နအဖအာဏာပိုင်များကို အင်အားပြနေ ကြတဲ့အပြင်၊ ပြည်နယ်အတိုင်းအတာနဲ့ သံဃာများ လက်မှတ်ထိုးပြီး လွှတ်ပေးဖို့ တောင်းဆိုမှုလည်း လုပ်နေ ကြပါတယ်။
အပစ်ရပ် မွန်ပြည်သစ်ပါတီကလည်း နအဖတပ်များ ဝင်လာရင် ပစ်ခတ်ဖို့ အမိန့်ပေးထားပါတယ်။ ကေအိုင်အို ကလည်း နအဖရဲ့စစ်ရဟတ်ယာဉ်ကို သတိပေးပစ်ခတ်ကြောင်းသိရပါတယ်။ ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်ရာမှာ လည်း ဗိုလ်မှူးအဆင့်အပါအဝင် နအဖတပ်သားအများအပြား မကြာခဏကျဆုံးရပါတယ်။ စစ်အစိုးရကို တိုက် ခိုက်ဆဲ လက်နက်ကိုင်တပ်ဖွဲ့များနဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ နအဖက တိုက်ခိုက် လာပါက ယင်းတို့အချင်းချင်း ပူပေါင်းကူညီကြရန် ချင်းမိုင်မှာ ဆွေးနွးမှုများပြုလုပ်ကြပြီး သဘောတူညီမှုရကြ ကြောင်း သိရပါတယ်။
ဒီကြားထဲ သူတို့ စီစဉ်ဖန်တီးထားတဲ့အတိုင်း ဖြစ်မလာတဲ့အတွက် မြန်မာပြည်အရှေ့မြောက်ပိုင်း ဝ ဒေသမှာ လည်း နအဖဟာ တပ်များ တိုးချဲ့ချထားပြီး စစ်မျက်နှာဖွင့်ဖို့ ပြင်ဆင်နေရတာပါ။ ဦးက လှုပ်ရင် ပဲ့က ထောင် ဆိုသလို ပြည်သူလူထုအတွင်းမှာလည်း ဒီမိုကရေစီဘက်သား ကျောင်းသား ... စတာတွေက အခွင့်အရေးပေး ရင် ပေးသလို လှုပ်ရှားနေကြပါတယ်။ သံဃာတော်များကဆိုရင် ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်ပြည့်အထိ နအဖကို သပိတ်မှောက်ကံဆောင်ထားဆဲပါ။ ကဲ ... ဘယ်မလဲ နအဖ လွယ်လွယ်နဲ့ အောင်လံထူနိုင်မယ့် အ ချက်။
ကျနော်တို့ရဲ့ ဗုဒ္ဓတရားတော်အရကလည်း ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ၊ နွားခြေရာခွက်နောက် လှည်း ဘီးလိုက်သလို ကိုယ်လုပ်တဲ့ကံ ကိုယ်ထံပြန်လာစမြဲ။ ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ၊ အကျိုးမပေးဘူး ရယ်လို့မရှိဘူး။ ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ လက်သမားရဲ့ပဲခွပ်ရိုးမှာ လက်ရာထင်သလို တစတစနဲ့ လက်ရာတွေ ထင်ရှားသထက် ထင်ရှားလာသလိုပါပဲတဲ့။ အသေးအဖွဲကနေ ကြီးကျယ်လာတတ်ပါသတဲ့။ အ ကုသိုလ်ဟူသမျှ အသေးအဖွဲလေးကအစ အကြီးကြီးအထိ မလုပ်ဖူးတာမရှိတဲ့ သန်းရွှေကို အကုသိုလ်လှည်း ဘီးကရော နောက်ကနေ လိုက်မနေတော့ဘူးတဲ့လား။ သန်းရွှေနိုင်မယ်ချည်းပဲ အမြဲထင်နေကြသလား။
တခါ ကျနော်တို့ ပြည်သူတွေဘက်ကို ကြည့်ရင်ကော။ ကျနော်တို့အားလုံးဟာ စစ်အာဏာရှင်စနစ်ကို ဖြိုလှဲ ပစ်လိုကြတယ်။ ဒီမိုကရေစီစနစ်ကို နှလုံးသားထဲက နှစ်သက်လိုလားကြတယ်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လည်း ကြိုးစားနေကြတယ်။ ဒီနေရာမှာ ဘယ်လိုနည်းပရိယာယ်ကို သုံးရမယ်ဆိုတာထက် ပြင်းပြတဲ့ဆန္ဒ၊ ထက်သန်တဲ့ ဇွဲ ဝိရိယကို အရင်းတည်ပြီး ပစ္စက္ခလက်ငင်းအခြေအနေနဲ့ ကိုက်ညီတဲ့၊ ဖြစ်နိုင်တဲ့ လုပ်ရပ်များကို လုပ်ကိုင်ဆောင်ရွက်နေကြတယ်။ ဘုရားဟော ပဌာန်းဒေသနာတော်ထဲမှာလည်း နည်းလမ်းရှာကြံ ကြိုးစား အားထုတ်မှုဆိုတဲ့ ဝီမံသာဓိပတိဆိုတာ ဆန္ဒာဓိပတိ၊ ဝိရိယာဓိပတိ၊ စိတ္တာဓိပတိတို့ပြီးမှ လာတာပါ။ ကိုယ် တတ်နိုင်သမျှ ကြိုးစားလုပ်ကိုင်နေဖို့သာ လိုရင်းပါ။ ဆန္ဒဝိရိယနဲ့ ကြိုးစားလုပ်ကိုင်နေသမျှ နိုင်ငံရေးဒီရေ အီနေ တယ်ဆိုတာ မရှိပါဘူး။
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက ပြည်တွင်းမှာရော ပြည်ပမှာပါ လက်နက်မပါ ငြိမ်းချမ်းတဲ့နည်း များနဲ့ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေကြတယ်။ သံဃာတော်များက ဆုတောင်းမေတ္တာပို့လွှတ်ရင်းနဲ့ ဆန္ဒပြုကြတယ်။ နိုင်ငံတကာမှ မြန်မာ့အရေး စိတ်ဝင်စားကြသူများကလည်း စာနာစိတ်ထားကြရင်းနဲ့အတူ တတ်နိုင်သမျှ ကူညီကြတယ်။ တိုင်းရင်းသားတပ်ဖွဲ့များကလည်း နအဖကို ထောင်ထားခြားနားနေကြတယ်။
အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် ကိုလူမော်လတ်က စက်တင်ဘာ (၂၂) ရက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်း အနားမှာ တကမ္ဘာလုံး ငြိမ်းချမ်းပါစေရေးအတွက် ချိုးငှက်ကလေးများကို အဆုံးအဆမဲ့ ကောင်းကင်ထက် လွှတ်ပေးခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်စေဖို့လည်း ဆုမွန်တောင်းကြတယ်။ ဒါ့အပြင် ပြည် သူတရပ်လုံးကလည်း ဘာသာတရားကိုင်းရှိုင်း၊ သဒ္ဒါတရားထက်သန်၊ အလှူရေစက်လက်နဲ့မကွာ၊ စိတ်စေတ နာ ဖြူစင်ကြသူများမို့ ဒီလုံ့လဥဿဟနဲ့ ကုသိုလ်အဖို့ဘာဂအစုစုတို့ဟာလည်း ပဲခွပ်ရိုးမှာ လက်ရာထင်သလို အကျိုးပေးဖို့ အချိန်အခါ ဆိုက်ရောက်လာတော့မှာမလွဲပါပဲ။
ဒါ့ကြောင့် မကြာခင် နအဖ နေဝင်ချိန်ကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်လို့ဆိုရင် လွန်မယ်မ ထင်ပါကြောင်း ...။ ။
မောင်ဂဒိုး
(၂၉) စက်တဘာ၊ ၂၀၁၀
Thursday, September 30, 2010
နအဖ နေဝင်ချိန် (၂)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment