မိသားစုဝမ်းရေး တဘက်တလမ်းမှ ကူညီဖြေရှင်းပေးနေကြသော နိုင်ငံခြားရောက် မြန်မာလူငယ်များက မိအိုဖ အိုများကို ၄င်းတို့အလုပ်လုပ်ရာ တိုင်းပြည်များသို့ အလည်ခေါ်ကြပါတယ်။ မိသားစုလည်း ပြန်လည်ဆုံဆည်းရ၊ ဒေသန္တရဗဟုသုတလည်းရလို့ အလွန်ကျေနပ်ပျော်ရွှင်စရာပါ။ အချို့လည်း နှစ်လ သုံးလ၊ အချို့လည်း နှစ် ပေါက်နေခွင့်ရလို့ ကျေနပ်စရာပါ။ မြန်မာပြည်က အထွက်အ၀င်လည်း အစစ အဆင်ပြေပါတယ်။
ဒါပေမယ့် ... ဒုက္ခအစက Passport သက်တမ်းတိုးမှ အလုံးအရင်းနဲ့ လာတော့တာပါပဲ။ သက်ဆိုင်ရာ နိုင်ငံများ က မြန်မာသံရုံးမှ အလုပ်မလုပ်ကြောင်း ထောက်ခံစာပါမှ သက်တမ်းတိုးပေးမယ်တဲ့။ ထောက်ခံစာ မပြနိုင်ရင် နေခဲ့တဲ့ လအလိုက် နှစ်အလိုက်ကို အခွန်ဆောင်ရမယ်တဲ့။
ပညာတတ် လူငယ်လူရွယ်တွေတောင် အလုပ်ရဖို့ ခက်ခဲနေတဲ့ ကာလမှာ အသက် (၅၀) အထက် အိုကြီးအိုမ သေခါနီးတွေကို ဘယ် Company တွေက ခိုင်းမှာလဲ။ စဉ်းစဉ်းစားစားလည်း လုပ်ကြပါဦး ဉာဏ်ကြီးရှင် Passport ဌာန အကြီးအကဲဆိုတဲ့ ပုဂ္ဂိုလ်ထူးများခင်ဗျား ...။ အခွန်ကောက်ရုံကလွဲလို့ ဘာမှ (အလကား) ကူ ညီဖြေရှင်းပေးခြင်းမရှိတဲ့ မြန်မာသံရုံးက ၀န်ထမ်းများနဲ့ ပေါင်းပြီး ရိုက်စားတော့ မလုပ်ကြပါနဲ့လို့ ...။
သက်ကြီးရွယ်အို
Thursday, September 30, 2010
နိုင်ငံခြားအလည်ရောက်သူ သက်ကြီးရွယ်အို မြန်မာများရဲ့ဒုက္ခ (ပေးစာ)
Subscribe to:
Post Comments (Atom)
2 comments:
မိသားစုဝမ်းရေး အဆင်ပြေလို့ အလည်ခေါ်နိုင် တာပါပဲ။
"ထောက်ခံစာပါမှ" ကို ဒုက္ခလို့ မစဉ်းစားပါနဲ့။
"မိသားစုလည်း ပြန်လည်ဆုံဆည်းရ၊ ဒေသန္တရဗဟုသုတလည်းရ အလွန်ကျေနပ်ပျော်ရွှင်စရာ။
အချို့လည်း နှစ် ပေါက်နေခွင့်ရလို့ ကျေနပ်စရာပါ။ " ဆို
"ဒုက္ခ အလုံးအရင်းနဲ့ လာတော့တာပါပဲ" ဆိုလည်း
အလည် မခေါ်ကြ နဲ့။
I think this post is not talking abt official letter, is showing how stupid embassy are asking free money from all burmese ppl even old folks who visit to overseas..stupid burmese embassy are having long life with all our hard earned money....
Post a Comment