ဒေါက်တာလွဏ်းဆွေခင်ဗျား ...
ကျနော်တို့ အင်းလေးကန်ထဲမှာ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ ပြုပြင်မွမ်းမံဖို့အတွက် ပြင် ဆင်မယ့် စာသင်ကျောင်းဝန်း၊ ဘုန်းတော်ကြီးကျောင်းဝန်းထဲမှာပဲ အပျော်တမ်း ဂုံဂင်းခုံ (၂) ခုံလောက်ခင်း၊ ၀ါ သနာပါတဲ့ အင်းသူ၊ အင်းသားတွေက ကစားကြတယ်။ ရန်ပုံငွေလေး ဘာလေး အဲ့ဒီနည်းနဲ့ ရှာကြတာ ဟိုရှေး ပဝေသဏီကတည်းကပါဗျာ။ ဒါကို သက်ဆိုင်ရာနယ်မြေခံ ညောင်ရွှေမြို့နယ်ကပေါ့ဗျာ၊ ဌာနဆိုင်ရာတွေက သိတယ်။
သူတို့တွေက သိပ်ရက်ကြာကြာမလုပ်ရင် ဘာမှမလုပ်ဘူး။ ဒီအတိုင်းပဲ မသိချင်ယောင်ဆောင်နေကြတာပါ။ အင်းသားတွေ ကစားတယ်ဆိုလည်း သိပ်များများစားစား ပိုက်ဆံတွေကိုင် ကစားကြတာမဟုတ်ဘူးဗျ။ တ သောင်းဆိုတာ တော်တော်ကစားတဲ့ကောင်မှ ဖြုန်းဖြစ်တာပါ။ ဆိုလိုချင်တာကဗျာ ကျနော်တို့ အင်းထဲမှာ ဒီလို ပဲ ရိုးရာကစားဝိုင်းလေးတွေ လုပ်လေ့လုပ်ထရှိတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ ကစားဝိုင်းလေးတွေက စစ်ခွေး တွေအတွက် အမဲတွေ ဖြစ်ခဲ့တယ်ဗျာ။
ဒီလ သြဂုတ်လ (၁၇) ရက်နေ့ကပေါ့၊ အင်းထဲက ဇရပ်ကြီးရွာမှာ ဘုန်းတော်ကြီးကျောင်း ပြုပြင်ဖို့ ရွာလူကြီးရဲ့ ကြီးကြပ်မှုနဲ့ ကစားဝိုင်းလေး လုပ်ပါတယ်။ ဒါကို တပ်နယ်ကြီး နယ်မြေ (၂) က ဆိုပြီး တပ်နယ်မှူး အမိန့်နဲ့ ငွေ လာတောင်းတယ်ဆိုပဲဗျ။ တပ်ကြပ်ကြီးစာရေးတယောက် သူ့နောက်က စစ်သား (၂) ယောက်နဲ့။ တောင်းတဲ့ ငွေကလည်း နည်းတာမဟုတ်ဘူး။ ဒီကစားဝိုင်းအားလုံးပြီးတောင် အများဆုံးရမှ ရန်ပုံငွေက (၇) သိန်းလောက် ပဲရတာပါ။ သူတို့တောင်းတာက (၅) သိန်းတောင်ပေးရမယ်ဆိုပဲဗျာ။ စဉ်းစားသာကြည့်ပေတော့။ ဒီပိုက်ဆံသာ မပေးရင် စစ်တပ်နဲ့ ဖမ်းမယ်ဆိုပဲဗျ။ သူတို့အဖေလောက်ရှိတဲ့ ကျေးရွာဥက္ကဌကိုများ ပြောသွားလိုက်တာဗျာ ...
“အဖေရင်းကျတော့ မပူဇော်ဘူးတဲ့၊ မွေးစားအဖေတွေကျတော့ ပူဇော်ပသလိုက်တာ၊ ခင်ဗျားတို့ စစ်တပ်အ ကြောင်း ကောင်းကောင်းသိစေရမယ်” တဲ့။ မိုက်ရိုင်းလိုက်တာဗျာ။ တော်တော်လေး ကိုယ်ချင်းစာတရားမဲ့တဲ့ ကောင်တွေ၊ အမှန်ဆို ဒီကောင်တွေက သူတို့အထက်လူကြီးတွေမသိဘဲ သက်သက်လာမိုက်ကြေးခွဲတာဗျ။ သူတို့အထက်က လူကြီးတွေကတော့ ရှေ့က အင်းထဲမှာ စည်းရုံးရေးတွေ လုပ်နေတာ ၀န်ကြီးချုပ်ဆိုလည်း အင်းထဲလာ စည်းရုံးရေးဆင်းသွားတာ မကြာသေးဘူး။ ဒီကောင်တွေကတော့ သူတို့လူကြီးတွေ လက်နဲ့ ရေး ထားတာကို ခြေနဲ့ လာဖျက်သလို လုပ်နေတာဗျ။ ကျနော်တို့ အင်းသားတွေက ရိုးသားကြပါတယ်ဗျာ။ အဲဒီလို အနိုင်ကျင့်တာတော့ မခံတတ်ကြဘူးဆိုတာ သိစေချင်တယ်ဗျာ။ ဒေါက်တာလွဏ်းဆွေကို ကျနော် ရင်းနှီးလာ ခဲ့တာ ကြာပါပြီ။ ပရိသတ်တယောက်ပါ။ ဒေါက်တာ့အနေနဲ့ ကျနော့်မေးလ်လေးကို စစ်ခွေးတွေ နောက်ထပ် အင်းထဲမှာ အမဲမလိုက်နိုင်တော့အောင်၊ သူတို့လူကြီးတွေ သိသွားအောင် ဖော်ပြပေးစေလိုပါတယ်။
အစဉ်လေးစားလျက် .....
အင်းသားလေး
Tuesday, August 31, 2010
စစ်ခွေးတွေ နောက်ထပ် အင်းထဲမှာ အမဲမလိုက်နိုင်တော့အောင် ... (ပေးစာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment