မင်္ဂလာပါဆရာ ...
ကျနော်ကတော့ ဆရာရဲ့ website ကို အမြဲဖတ်ရှုအားပေးနေသူတဦးပါ။ ကျနော့်နာမည်က မောင်ဘချိုပါ။ သီ ပေါမြို့မှာ နေပါတယ်။ ကျနော် အင်တာနက်ကဖေးလေးတခု ဖွင့်ထားပါတယ်။ ဒီမှာတင် ကျနော် ဒုက္ခမျိုးစုံ ရောက်တော့တာပဲ။ အဲ့ဒီဒုက္ခတွေအကုန်လုံးကလည်း အကျင့်ပျက် ၀န်ထမ်းတဦးကြောင့်ပဲ ကြုံရတာပါ။
ကျနော်တို့ရဲ့ အင်တာနက်ကွန်နက်ရှင်ကတော့ အများသိကြတဲ့အတိုင်း အင်မတန် နှေးလှပါတယ်။ နောက် ရက်အနည်းငယ်ကြာတော့ ကွန်နက်ရှင်က လုံးဝကို ပျက်သွားတော့တာပဲ။ လားရှိုးမြို့ပေါ်က ဆိုင်တွေကို မေး ကြည့်တော့ “သုံးလို့ရပါတယ်” လို့ ပြန်ဖြေကြတယ်။ အင်တာနက်ကဖေးဆိုတော့လည်း ဖောက်သည်များရဲ့ ဖိ အားပေးမှုကြောင့် ကျနော်လည်း ကွန်နက်ရှင်ပြန်ကောင်းအောင်လုပ်ဖို့ နည်းလမ်းလေးတွေ စဉ်းစားလာရပါ တယ်။ အဲ့ဒါနဲ့ ဟိုဟိုဒီဒီ ဖုန်းဆက်မေးကြည့်တော့ အကြံလေးတွေရတာနဲ့ ကျနော်လည်း ကျနော့်ဆိုင်ကယ် လေးနဲ့ သီပေါကနေ လားရှိုးကို တက်ခဲ့ပါတယ်။ (၄၄) မိုင် ခရီးဆိုတော့ ပန်းတာပေါ့ ဆရာရယ်။
လားရှိုးကို ရောက်တယ်ဆိုရင်ပဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်ရုံးကို သွား၊ ဦးသောင်းမြင့်နိုင် ဆိုတဲ့ အင်တာနက်ဆိုင်ရာ တဦးတည်းသော အင်ဂျင်နီယာကြီးကိုရှာတော့ ရုံးမရောက်သေးဘူးတဲ့။ မနက် ၁၁း၀၀ နာရီရှိနေပြီ။ ပြီးတော့ အင်္ဂါနေ့ကြီး၊ ဘာအစည်းအဝေးမှလည်း မရှိလောက်ဘူး။ ကျေးဇူးရှင် လက်ဖက်ရည်ဆိုင် ထိုင်၊ လေပစ်နေတာနေမှာပါလို့ တွေးပြီး စောင့်လိုက်တာ ကိုယ်တော်က နေ့လည် ၁း၀၀ နာရီထိုးမှ ပေါ်လာ တယ်။ အစိုးရ၀န်ထမ်းတယောက်ဖြစ်ပြီး ဒီလို ရုံးကို နာရီပေါင်းများစွာ နောက်ကျပြီး တက်လို့ရတယ်ဆိုတော့ ဒင်း ... ဆရာကြီးပဲလို့ တွေးလိုက်မိပါတယ်။
မျက်နှာကို အတတ်နိုင်ဆုံး ချိုပြီး “အစ်ကိုခင်ဗျား။ ကျနော်ကတော့ သီပေါကပါ။ အင်တာနက်ကဖေးလေး တ ဆိုင် ဖွင့်ထားပါတယ်။ အခုအခါမှာ ကွန်နက်ရှင်ပျက်နေလို့ ကျေးဇူးပြုပြီး ...” ပဲ ပြောရသေးတယ်၊ ပုဂ္ဂိုလ်က ဒါ သူနဲ့ မဆိုင်ဘူးတဲ့။ ရန်ကုန်က ပျက်တာတဲ့။ အဲ့ဒီတော့ ကျနော်ကလည်း “ဗျာ ... အခြားသူတွေက သုံးလို့ရ တယ်လေ အစ်ကို။ ရန်ကုန်က ကျနော့်တယောက်တည်းကို ရွေးပြီး ပျက်တာလား” လို့ မေးတော့ သူ မွေးထား တဲ့ ခွေးတကောင်ကို အော်ဟစ်သလို အော်တော့တာပဲ။ ဒီတော့ ကျနော်ကလည်း စိတ်တိုပြီး ...
“လားရှိုးမြို့ပေါ်က ဆိုင် (၂) ဆိုင်ကိုတော့ အစ်ကိုက လှိုင်းအားတွေ တင်ပေးထားတာပဲ။ လှိုင်းဘယ်တော့မှ မ ပျက်အောင် စောင့်ရှောက်ပေးထားပြီး ကျနော်တို့ကိုကျတော့ ဒီလိုဆက်ဆံတာ မကောင်းပါဘူး။ ၀န်ထမ်းကျင့် ၀တ်နဲ့ မညီညွှတ်ဘူးလို့ ပြောတော့ ... “ဟေ့ကောင် ... မကျေနပ်ရင် ကြိုက်တဲ့နေရာ သွားတိုင်၊ တိုင်းမှူး တိုင် မှာလား ... ဦးသန်းရွှေ တိုင်မှာလား ... သောက်ဂရုမစိုက်ဘူးလို့ ပြောပြီး ကျနော့်ကို သူ့ရုံးခန်းထဲက တွန်းထုတ် ပြီး တံခါးကို ဆောင့်ပိတ်လိုက်တော့တာပဲ။
ကျနော့်ရင်ထဲမှာ အောင့်ခနဲ ဖြစ်သွားတယ်။ လားရှိုးမြို့ပေါ်က သူနဲ့ အဆင်ပြေတဲ့ ဆိုင် (၂) ဆိုင် ရှိတယ်။ အဲ့ဒီ ဆိုင်တွေကို လှိုင်းအားတွေ မြှင့်ပေးထားတာ တမြို့လုံးသိတယ်။ အင်း ... လစဉ် ဘယ်လောက်ရနေလဲမှ မသိ တာ။ ကျနော်တို့ နယ်မြို့ကလေးက လူတွေကိုတော့ လူလို့တောင် မထင်ကြဘူး။
ကိုင်း ... ၀န်ထမ်းတယောက်ဟာ နိုင်ငံတော်လစာ စား၊ နိုင်ငံတော်ကပေးတဲ့ ၀န်ထမ်းအိမ်ရာမှာ အခန့်သားနေ၊ နိုင်ငံတော်ကပေးတဲ့ ဖုန်းကို ဖြေချင်တဲ့ဖုန်း ဖြေတယ်။ မဖြေချင်တဲ့ဖုန်း မဖြေဘူး။ တခါတလေ စက်တောင်ပိတ် လိုက်သေးတယ်။ နိုင်ငံတော်က လုပ်ငန်းလည်ပတ်ချောမွေ့စေရေးအတွက် ထုတ်ပေးထားတဲ့ ဖုန်းတွေကို ရုံး ချိန်အတွင်းမှာ ပိတ်ထားသေးတယ်။ ရုံးကို နာရီပေါင်းများစွာ နောက်ကျပြီးလာတယ်။ လာဘ်ယူပြီး အင်တာ နက်ကွန်ရှင်တွေကို မြှင့်ပေးတယ်။ အခက်အခဲကို ရိုးသားစွာ တင်ပြလာသူတွေကို မောက်မာရိုင်းပြစွာ ပြော တယ်။ ဘာကိုမှ ကူညီဖြေရှင်းပေးတာမျိုးမရှိဘူး။ နိုင်ငံတော်က သူ့ကို ဒီပြဿနာတွေရှင်းဖို့ ရာထူးနဲ့ လုပ်ပိုင် ခွင့် ပေးထားတာ။ သူကတော့ အလွဲသုံးစားလုပ်၊ ငွေညှစ်၊ ရိုင်းပျစော်ကား။ အင်း ... တားမယ့် လူတယောက် လောက်တော့ ရှိတန်ကောင်းပါရဲ့။
အဲ့ဒါကြောင့် ဆရာ့ထံ ဒီစာကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ အများပြည်သူ စိတ်ချမ်းသာစေရန် အကျင့် ပျက် ၀န်ထမ်းတဦးအား အရေးယူပေးနိုင်စေဖို့ ရည်ရွယ်ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
လေးစားစွာဖြင့် ...
ဘချို
Tuesday, August 31, 2010
အကျင့်ပျက် ၀န်ထမ်းတဦးအား အရေးယူပေးနိုင်စေဖို့ ... (ပေးစာ)
Subscribe to:
Post Comments (Atom)
4 comments:
လှိုင်းအားမြုင့်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ. bandwidth တိုးပေးတယ်လို့ဆိုလိုတာလား. ကျွန်တော်အထင်တော့ local engineer တယောက်အနေနဲ ဘာမှလုပ်လို့မရပါဘူး သူအဆင့်က လိုင်းမန် လို ကြိုးတပ်ပေးတဲအဆင့်ပဲရှိပါတယ်. ခုcomplainလုပ်တဲသူကိုယ်တိုင်က ကိုပာကိုမြင်းစီးလို့ အထီမှန်းအမ မှန်းမသိတာသေချာပါတယ်. ဒီလိုအစိုးရရုံးက ကောင်တွေနဲ ဖိုက်မယ်ဆိုရင် ကိုဘက်က knowledge ရှိအောင်လုပ်ထားသင့်တယ်
သီပေါမှာရှိတဲ့အင်တာနက်လိုင်းတွေက သီပေါအိတ်ချိန်း မှာရှိတဲ့ adsl စက်နဲ့ ရန်ကုန်မှာ ရှိတဲ့ adsl အိတ်ချိန်းကို E1 လိုင်းနဲ့ချိတ်ဆက်ပြီးပေးတဲ့အတွက် အခုအင်တာနက်
လိုင်းမရတာ လားရှိုးသူတွေနဲ့မဆိုင်ပါဘူး .. သူက သူနဲ့ မဆိုင်ဘူးလို့ပြောတာ အမှန်ပါ ... သီပေါမှာ ရှိတဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို လားရှိုးမှာရှိတဲ့
သူတွေက ဖွင့်/ပိတ်လုပ်လို့မရပါဘူး ... အင်တာနက်
လိုင်းမရရင် အစ်ကိုက သက်ဆိုင်ရာ မြို့နယ်တာဝန်ခံ တွေကိုပဲ complain ပေးပြီးဖြေရှင်းသင့်ပါတယ် ..အင်တာနက်လိုင်းမရဘူးဆိုတာ ဖုန်းလိုင်းပျက်လို့မရ
တာလား၊ ဒါမှမဟုတ် ဖုန်းလိုင်းကောင်းရင်လဲ လိုင်းမသန့်ရင် အင်တာနက်မရတာမျိုးတွေရှိပါတယ်
ကိုယ့်နားမလည်တဲ့အမှားကို သူများကိုသွားပီးအပြစ်
မတင်သင့်ပါဘူး.. လိုင်းမြှင့်ပေးတယ်ဆိုတယ် နယ်မှာရှိ
တဲ့သူတွေက လုပ်လို့မရပါဘူး .. ရန်ကုန် adsl အိတ်ချိန်း
ကပဲလုပ်လို့ရပါတယ် .. ကိုယ့်ရဲ့အမှားကြောင့် သူတစ်ပါး ထိခိုက်သွားမယ်ဆိုရင် မကောင်းပါဘူး..
အင်တာနက်ဆိုင်ဖွင့်ထားတဲ့သူတစ်ယောက်က ဒီလောက်တော့ နားလည်အောင် လေ့လာ ထားသင့် ပါတယ်...နောက်တစ်ခါ လိုင်းမကောင်းရင် သက်ဆိုင်ရာ လိုင်းမန်းတွေကိုပဲ complain ပေးသင့်ပါတယ်ကိုဘချိုရေ ...
ကိုဘချိုရေ
သီပေါမှာ အင်တာနက်လိုင်းမရတာကို ဘယ်နှယ့် လားရှိုးက သူကိုသွားပြီးရမ်းရတာလဲ ...
သီပေါမှာအင်တာနက်လိုင်းမကောင်းတာ သီပေါက
လိုင်းမန်းတွေကိုပဲ ပြောပေါ့ ... အင်တာနက်လိုင်းပျက်
တာရဲ့ ၉၉% ကတော့ လိုင်းမကောင်းလို့ပျက်တာပါ ..
အဲ့ဒီတော့ ဒီတစ်ခါပျက်ရင် (၄၄)မိုင်ဝေးတဲ့ လားရှိုးကိုသွားနေစရာမလိုပါဘူး ... သီပေါမှာတာဝန် ရှိတဲ့ လိုင်းမန်းကိုပဲ အမြန်ပြေးခေါ်ပြီး ပြင်ခိုင်းလိုက်ပါဗျာ အိုကသွား ပါလိမ့်မယ် ... လိုင်းမြှင့်တယ်ဆိုတာ နယ်မှာရှိတဲ့ သူတွေ က လုပ်လို့မရ
ပါဘူး ... ရန်ကုန်ကနေ သီပေါကိုE1 လိုင်းနဲ့ပေးတဲ့
အတွက် ရန်ကုန်မှာရှိတဲ့ adsl အိတ်ချိန်းကပဲ လုပ်လို့ရပါတယ်လို့ ဗဟုသုတအနေနဲ့ပြောချင်ပါတယ်ဗျာ
ကိုယ့်ကနားမလည်လို့ပြောတဲ့ဟာက သူတပါးထိခိုက်သွားမယ်ဆိုရင် မခက်ဘူးလား ကိုဘချိုရေ ..ထပ်ပြီးလေ့ လာထားစေချင်ပါတယ်
ပာုတ်ပါတယ်.. တာပေမဲ ဆက်သွယ်ရေးမှာလဲ customer complain လာရင် problem definition လုပ်ဖို့ check list (questions and answer) ရှိသင်ပါတယ်.ပြီးတော့ အစိုးရ၀န်ထမ်းဆိုသော fiber channel 2mb ကို media covert tor ကအထွက်ကိုကြည့်ပီ 100MB ပါလို့ပြောတတ်တဲလူတွေကိုလဲ SLA (service level agreement)ဆိုတာဘာလဲဆိုတာ သင်ပေးဘို့လာပါလိမ်မယ်.
Post a Comment