ကိုလွဏ်းဆွေရေ ...
ကိုလွဏ်းဆွေရဲ့ blog မှာပါတဲ့ ‘အာကာထက်’ ရေးထားတဲ့ “မျက်မှန်စိမ်းအတပ်ခံရခြင်းမှ ...” ဆောင်းပါးကို ဖတ်ပြီး ရေးလိုက်တာပါ။ ၁၉၈၈ အရေးတော်ပုံကာလအတွင်း ဖြစ်ရပ်တွေထဲမှာ အထင်ကရ ဖြစ်ပွားခဲ့တဲ့ တောင်ဥက္ကလာ စီမံကိန်းရပ်ကွက်က အဖြစ်အပျက်ကို ဖော်ထုတ်ရေးသားတဲ့သူ မရှိသလောက်ပါပဲ။ အခုမှပဲ တွေ့ရတာပါ။ သာမန်အဖြစ်အပျက် မဟုတ်ပါဘူး။ သမိုင်းမှာ အရေးပါပါတယ်။ ဆောင်းပါးရှင်က ရက်စွဲမမှတ်မိ ဘူးဆိုလို့ ကျနော်ရေးလိုက်ပါတယ်။ နိုင်ငံတော်အာဏာကို စစ်အုပ်စုက ယုတ်မာကောက်ကျစ်မှုတွေနဲ့ အရယူ ဖို့ ခြေလှမ်းအများကြီးထဲက တလှမ်းလှမ်းလိုက်တာပါပဲ။ ၁၉၈၈ စက်တင်ဘာ (၄) ရက်နေ့ပါ၊ ကျနော်လည်း အဲဒီအဖြစ်အပျက်ထဲမှာ သူ့လိုပဲ တောက်လျှောက်ရှိနေခဲ့ပါတယ်။ ၁၉၈၈ ကျနော်ကြုံခဲ့တဲ့ အဖြစ်အပျက်တွေ အားလုံးထဲမှာ သွေးပျက်စရာအကောင်းဆုံးနဲ့ ညစ်ပတ်စက်ဆုပ်ဖို့ကောင်းတဲ့ ဖြစ်ရပ်ပါပဲ။ ဆောင်းပါးရှင် အာ ကာထက် ပါဝင်ခဲ့တဲ့ ရှုထောင့်နဲ့ ကျနော်ပါဝင်ခဲ့တဲ့ ရှုထောင့် မတူတာကလွဲရင် ဖြစ်ရပ်တခုလုံး တူပါတယ်။
အဲဒီတုန်းက ကျနော်တို့ ဗကသ စခန်းချတာက ရန်ကုန်ဆေးရုံကြီးနဲ့ လသာ အထက (၂) မှာပါ၊ ၃-၉-၈၈ နေ့ လည် ၃း၀၀ နာရီလောက်မှာ လူတချို့ ကျနော်တို့ဆီရောက်လာပြီး လုံခြုံရေး လာတောင်းပါတယ်။ သံဃာ တော်လည်း ပါပါတယ်။ ကျနော်တို့ ညနေ ၆း၀၀ နာရီလောက် တောင်ဥက္ကလာ (၁၃) ရပ်ကွက်ကို ရောက်ပါ တယ်။ တောင်ဥက္ကလာက ကြည်ကြည်ဘီစကွတ်စက်ရုံကို ဖောက်မယ်လို့ သတင်းရပါတယ်။ ည ၈း၀၀ နာရီ ကျော်လောက်မှာ ကျနော်တို့ ရှိနေတဲ့ (၁၃) ရပ်ကွက်က ဓမ္မာရုံရှေ့ကို လူတချို့ရောက်လာပြီး စက်ရုံကို ဖောက်တော့မှာဖြစ်တဲ့အတွက် အကူအညီပေးဖို့ လာပြောပါတယ်။
ကျနော်တို့နဲ့ အတူထိုင်နေတဲ့ ဦးဇင်းက“သွားနှင့် လိုက်ခဲ့မယ်” လို့ ပြောပါတယ်။ နောက်နာရီဝက်လောက်ကြာ တဲ့အခါ ထပ်ရောက်လာပြီး “အရေးကြီးပြီ အမြန်လာခဲ့ကြပါ” လို့ထပ်ပြောပါတယ်။ ဦးဇင်းကလည်း ပထမတုန်း ကအတိုင်း ပြောလိုက်ပြန်တယ်။ ဒီတခါတော့ ကျနော်လည်း မနေနိုင်တော့တာနဲ့ ဦးဇင်းကို သွားကြဖို့လျှောက် တော့ ဦးဇင်းက “ဒကာလေးတို့ မသိပါဘူး။ ဒီကောင်တွေ ကလိန်ကကျစ်ကောင်တွေ” လို့ ပြောပါတယ်။ ကျ နော် စဉ်းစားမရခဲ့ဘူး။ လာခေါ်တဲ့လူတွေက အင်္ကျီချွတ်တွေနဲ့ဆိုတာတော့ သတိထားမိတယ်။
တတိယမြောက်လာခေါ်တဲ့အခါ ဦးဇင်းက “ဒို့ဘက်ကလူတွေ တယောက်မှ အင်္ကျီမချွတ်ကြနဲ့လို့ပြောပြီး ကျ နော်တို့ လိုက်သွားကြပါတယ်။ ရှေ့ဆုံးကသွားတဲ့လူတွေ စက်ရုံဝင်းထဲရောက်တော့ ဝင်းသံတံခါးကြီးကို ပိတ် ချလိုက်ပြီး ဂျင်ဂလိတွေနဲ့ ဝိုင်းပစ်ကြပါတယ်။ အဲဒီမှာတင် သံချောင်းခေါက်သံတွေ ဆူညံသွားပြီး အင်္ကျီဝတ် ထားတဲ့ လူတွေနဲ့ အင်္ကျီချွတ်ထားတဲ့လူတွေရဲ့ တိုက်ခိုက်တဲ့ အသံတွေဟာ ပွက်ပွက်ညံနေပါတော့တယ်။ သံ ချောင်းခေါက်သံတွေလည်း အဆက်မပြတ်ပါပဲ။ တောင်ဥက္ကလာ အခြားရပ်ကွက်တွေကလည်း ရောက်လာကြ ပါတယ်။ မိန်းမတွေလည်း ပါပါတယ်။ မီးသတ်ကားတွေနဲ့လည်း ရောက်လာကြတယ်။ သွေးပျက်ထိတ်လန့် ဖွယ် ဆူညံအော်ဟစ်သံတွေနဲ့ ကမ္ဘာပျက်သလိုပါပဲ။ ညမှောင်မည်းကြီးထဲမှာ ပြေးကြလွှားကြ၊ အော်ကြဟစ် ကြ၊ သံချောင်းခေါက်သံတွေ ဆူညံနေတာပါပဲ။ အရုဏ်တက်ခါနီးကျတော့ ကျနော်တို့တွေ ငမိုးရိပ်ချောင်းစပ် က ကိုင်းတောတွေထဲ ရောက်နေကြပြီ။ ကျနော်တို့အဖွဲ့မှာ အများဆုံးထိတာ GTI ကျောင်းသားတွေပါ။
မနက် ၆း၀၀ နာရီလောက်မှာ ရန်ကုန်ဆေးရုံကြီးကို ဖုန်းဆက်တော့ သမဂ္ဂခေါင်းဆောင်ကျောင်းသားတွေ မ ရောက်ကြသေးဘူး။ အဲဒီအချိန်မှာ ကျနော်တို့ဘက်က အခြေအနေကို တော်တော်လေး ထိန်းထားနိုင်နေပြီ။ ဖမ်းမိထားတဲ့ အင်္ကျီချွတ်လူတွေကို တောင်ဥက္ကလာ ရဲစခန်းမှာ စစ်ဆေးပါတယ်။ အားလုံး ကြောင်တောင် တောင်ဖြစ်နေကြပြီး မေးသမျှကို တခွန်းမှပြန်မဖြေပါဘူး။ ရဲစခန်းအပြင်မှာ စောင့်နေတဲ့ လူတွေကလည်း ဒေါ သထွက်နေကြပြီ။ ဖမ်းထားတဲ့ လူတွေထံက ပိုက်ဆံတွေလည်း အများကြီးသိမ်းမိပါတယ်။ ထူးခြားတာက ငွေ စက္ကူတွေအားလုံး အသစ်စက်စက်တွေပါ (အဲဒီမတိုင်ခင်ရက်တွေမှာ စစ်တပ်က ဘဏ်ကငွေတွေ များစွာထုတ် ယူသွားခဲ့ပါတယ်)။ သိမ်းဆည်းလို့ရတဲ့ ဂျင်ဂလိတွေက ဆောင်းပါးရှင် အာကာထက် ပြောသလိုပါပဲ။ ပုံစံတူ၊ ဆိုဒ်တူ၊ စကေးတူ တရွယ်တစားထဲပါပဲ။ စက်ရုံကထုတ်တဲ့ ဂျင်ဂလိတွေပါ။
ဖမ်းမိထားတဲ့ လူတွေကို “မင်းတို့ကို ဘယ်သူခိုင်းတာလဲ၊ မပြောရင် နားရွက်ဖြတ်ပစ်မယ်” လို့ ပြောတော့ ကြောင်တောင်တောင်တွေနဲ့ ပြန်ကြည့်နေကြပါတယ်။ ကြောက်လန့်နေတဲ့ပုံ မတွေ့ပါဘူး။ တကယ် နားရွက်ကို ဖြတ်တော့လည်း နာကျင်ပုံမရပါဘူး။ အဲဒီလိုနဲ့ နားရွက်နောက်တဘက်၊ နှာခေါင်း ဆက်ဖြတ်ပြန်တော့လည်း သွေးတွေကျရုံကလွဲလို့ မထူးခြားပါဘူး။ ဒီမှာတင် ကျနော်တို့ကျောင်းသားတွေနဲ့ ရဲစခန်းအပြင်မှာရှိနေတဲ့ လူစုလူဝေးတို့ရဲ့ပြဿနာ စပါတော့တယ်။ ဖမ်းမိထားတဲ့ လူတွေဟာ အမှောင့်ပယောဂမိနေတဲ့လူတွေ၊ ဘီ လူးသရဲတွေ ... စသဖြင့် အမျိုးမျိုး ထင်မြင်ချက်တွေပေးပြီး သတ်ပစ်ဖို့ အော်ဟစ်ကုန်ကြပြီ။ ဒေါသထွက်ပြီး ထိန်းလို့မရတော့ဘူး။ အော်ဟစ်နေကြတဲ့ လူစုလူဝေးထဲမှာ တောင်ဥက္ကလာသားတွေ မသိတဲ့ အခြားလူတွေ လည်း ပါနေတယ်ဆိုတာသိရတယ်။ နောက်ဆုံး ဖမ်းမိထားတဲ့ လူတွေကို ခွဲတမ်းချပါတော့တယ်။ ပြီးတော့ လမ်းဆုံလမ်းခွတွေမှာ အဲဒီလူတွေကို မီးရှို့ကြပါတယ်။ အဲဒီလူတွေကလည်း မီးလောင်ခံနေရတာတောင် ပူပုံ မရကြပါဘူး။
မနက် ၁၀း၀၀ နာရီလောက်မှာ ကိုကိုကြီး၊ ပေါ်ဦး (မင်းကိုနိုင်) နဲ့ ကျနော်တို့အဖွဲ့တွေ ရောက်လာပါတယ်။ သူ တို့ကို အခြေအနေအားလုံး ပြောပြတယ်။ သူတို့ရောက်တဲ့အချိန် လူထုကို ထိန်းဖို့ မလွယ်တော့ပါဘူး။ ညနေ ပိုင်းလောက်ကျတော့ ငွေကြာရံကျောင်းတိုက်ကို အသက် (၃၀) ခန့် ဂျပန်အမျိုးသားနှစ်ယောက် စကားပြန်နဲ့ ရောက်လာပါတယ်။ သူတို့ရဲ့ထင်မြင်ချက်တွေကို ကျနော်တို့နဲ့ ဆွေးနွေးပြီးတော့ ဖမ်းမိထားတဲ့ လူတချို့ကို ခေါ်လာပြီး နားရွက်အနောက်နားကို ဆေးထိုးပေးလိုက်တဲ့အခါ ချက်ချင်းသတိလည်လာပြီး ဆရာတော်ကို ပြေးပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်လျှောက်ထားပါတော့တယ်။
ဒါနဲ့ ကျနော်တို့လည်း ဆရာတော်ရဲ့ မေတ္တာရပ်ခံချက်နဲ့ လမ်းဆုံလမ်းခွတွေက မီးမရှို့ရသေးတဲ့ လူတွေကို လိုက်စုပြီး ငွေကြာရံကျောင်းတိုက်မှာ စောစောက လူတွေလိုပဲ ဆေးထိုးပေးပြီး ဆရာတော်က အဲဒီလူတွေ အားလုံးကို သင်္ကန်းဝတ်ပေးလိုက်ပါတယ်။ လူတွေကို ပြန်လိုက်စုတော့ လူထုနဲ့ ပဋိပက္ခဖြစ်ရပါသေးတယ်။ ကျနော်ပြောလိုတာက ဒီအရေးအခင်းကြီးကို ဘယ်သူတွေက ရည်ရွယ်ချက်ရှိရှိ စနစ်တကျ အကွက်ချ ဖန်တီး သွားသလဲဆိုတာကို သိဖို့ပါပဲ။
အဲဒီအချိန်က တတိုင်းပြည်လုံးလမ်းတွေပေါ် ထွက်ဆန္ဒပြနေကြလို့ မဆလရဲ့ အုပ်ချုပ်ရေးဟာ ရပ်ဆိုင်းသ လောက်ဖြစ်နေပါပြီ။ ဒါပေမယ့် ကျနော်တို့ နိုင်ပြီလို့ ထင်နေတဲ့အချိန်ဟာ ကျနော်တို့ စရှုံးနေပြီဆိုတာ ၇-၉-၈၈ နေ့ လမ်းမတော်ဆေးတက္ကသိုလ် မှာလုပ်တဲ့ (၁၁၉) ဦး အစည်းအဝေးမစခင် ကိုကိုကြီးကို ကျနော်ပြောခဲ့ပါ တယ်။ အဲဒီနောက်မှာတော့ ကျနော်တို့လည်း ... ...။
ဖိုးဂတုံး (၈၈ - ဗကသ)
၁၉-၈-၂၀၁၀
Tuesday, August 31, 2010
၈၈ အရေးတော်ပုံကာလအတွင်း တောင်ဥက္ကလာ စီမံကိန်းရပ်ကွက်က အဖြစ်အ ပျက်ကို ဘယ်သူတွေ အကွက်ချ ဖန်တီးခဲ့သလဲ (ပေးစာ)
Subscribe to:
Post Comments (Atom)
8 comments:
ကျွန်တော်လိုတာလေးနဲနဲဖြည့်ပေးပါရစေ၊ပထမတစ်ယောက်ရေးထဲကဖြည့်ပြောပေးမလို့ပါ ၊ ကျွန်တော်က တောင်ဥက္ကလာသပိတ်စခန်းမှာ တောက် လျှောက်ရှိနေခဲ့သူပါ၊ဖြစ်စဉ်အားလုံးလဲအသေးစိတ်သိပါတယ်၊တကယ်တမ်းကဒီဖြစ်စဉ်တွေက အရေးတော်ပုံကိုရုပ်ဆိုးအောင် ၊ ဒီလိုတွေကို အကြောင်းပြပြီး အာဏာပြန်သိမ်းလို့ကောင်းအောင် စစ်ဝါဒီတွေရဲ့အကွက်ချစီစဉ်မှုတွေပါ ၊ ကျွန်တော်တို့ကဒီပွဲကို စီမံကိန်းအရေးအခင်းလို့ခေါ် ပါတယ် ၊န၀တသတင်းစာတွေမှာတော့ ကြည်ကြည်ဘီစကစ်စက်ရုံခေါင်းဖြတ်မှုလို့ရေးပါတယ် ၊ဖြစ်စဉ်ရဲ့အစကဒေါက်တာမောင်မောင်တက်လာပြီး ပြည်သူတွေ ကိုယ့်အုပ်ချုပ်ရေးကိုယ်လုပ်ကြကထဲကပါ ၊ ကျွန်တော်တို့မြို့နယ်မှာအဲဒိစစ်မှုထမ်းဟောင်းရပ်ကွက်က အမြင့်ဆုံးတပ်ကြပ်ကြီး ရာထူးသာထမ်းဆောင်ခဲ့ကြတာဖြစ်ပြီး အောက်ခြေရဲဘော်တွေသာများတဲ့အတွက် အစိုးရရဲ့ဘာစောင့်ရှောက်မှုကိုမှလဲမရခဲ့တော့ အင်မတန်ဆင်းရဲ မွဲတေပြီးတနေ့လုပ်တနေ့စားတွေစုဝေးရာဖြစ်ပါတယ်၊ရှစ်လေးလုံးဖြစ်ပြီးလက်လုပ်လက်စားတွေဝင်ငွေရပ်နေချိန် အဲဒိစစ်မှုထမ်းဟောင်းရပ်ကွက်နဲ့ ကပ်လျှက်ရပ်ကွက်တွေ(အထူးသဖြင့်၁၄/၁၊၁၄/၂တွေမှာ)စစ်သားဟောင်းတွေငတ်နေပြီ ၊ ဓါးပြထွက်ထွက်တိုက်တယ်ဆိုတဲ့သတင်းတွေဖြစ်လာပြီး တုတ်ဓါးတပြင်ပြင်ကင်းစောင့်ကြပါတယ်၊စစ်မှုထမ်းဟောင်းရပ်ကွက်မှာကျတော့ လူတွေကစစ်တပ်ကမတရားပစ်သတ်ထားတာကိုတော်တော်နာ ကျည်းနေကြတယ် ၊ကုလားမနိုင်ရခိုင်မဲတော့မှာလက်ရှိသေနတ်လက်ထဲရှိနေတဲ့ စစ်တပ်ကိုတော့တုန့်ပြန်ရဲမှာမဟုတ်ဘူး၊လက်နက်မဲ့နေတဲ့မင်းတို့ကို လက်စားချေတော့မှာဆိုတဲ့သတင်းတွေဖြစ်နေပါတယ်၊ဒီလိုနဲ့တရပ်ကွက်နဲ့တရပ်ကွက်ဓါးတုတ်တပြင်ပြင်နဲ့သတိထားစောင့်ကြည့်ရင်း မသိမသာရန် စောင်နေကြပါတယ်။
တိုက်ပွဲဖြစ်တဲ့အဲဒီနေ့ညကသပိတ်စခန်း(ရဲစခန်း)ကို ကြည်ကြည်ဘီစကစ်စက်ရုံဖေါက်မှုဖြစ်တယ်သတင်းရောက်လာလို့သပိတ် စခန်းတာဝန်ရှိဘုန်းကြီးတွေ(ငွေကြာယံကျောင်းတိုက်)နဲ့ကျောင်းသားတွေ၆ယောက်၇ယောက်သွားကြပါတယ် ၊ဘုန်းကြီးတွေကျောင်းသားတွေကို သတ်လိုက်ပြီ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့သတင်းတွေထပ်ရောက်လာတော့ တစ်မြို့နယ်လုံးလူစုပြီးသွားကြပါတယ်၊ည၉နာရီဝန်းကျင် လောက်ထဲက စက်ရုံထဲနဲ့စက်ရုံပြင် ဂျင်ကလိတိုက်ပွဲဆော်လိုက်ကြတာ၊ကျွန်တော်က စက်ရုံရဲ့ညာဘက်ထောင့်၁၄/၂ရပ်ကွက်ထိပ်၊မြိုင်တန်းသာ လမ်းလယ်ကွင်းမှာပါ ၊ စက်ရုံရဲ့မျက်နှာစာအလျားလိုက်အရှည်က ပေ၁၂၀၀လောက်ရှိပါတယ် ၁၄/၁ ရပ်ကွက်ရဲ့၁လမ်းကနေ၉လမ်းထိရှည်တာပါ၊ အဲဒီတလျှောက်လူအုပ်(ပြည်သူတွေ)ရှိနေပြီးသောင်းဂဏန်းရှိပါတယ်၊ ကြည်ကြည်ဘီစကစ်စက်ရုံထဲကနေဂှင်ကလိတွေနဲ့ပြန်ခံပစ်တဲ့အတွက် တည လုံးရန်ကုန်ဆေး၇ုံကြိးကိုခေါက်တုန့်ခေါက်ပြန်ထိခိုက်ဒါဏ်ရာရသူတွေကိုပို့နေရပါတယ်၊မနက်လင်း၎နာရီလောက်မှာ ဒီတိုင်းတော့မရတော့ဘူး၊မီးရှို့ ကွာလို့ဘယ်သူပေးမှန်းမသိတဲ့အကြံကြောင့် စက်ရုံဝန်းထဲကိုအ၀တ်တွေကိုဓါတ်ဆီဆွတ်ထားတဲ့မီးတုတ်တွေပစ်ထည့်ာကပါတယ် ၊ခြံစည်းရိုးတွေနဲ့ အတူ စက်ရုံဝန်းထဲကအိမ်တလုံးပါမီးလောင်ပါတယ်၊အဲဒီတော့မှ လူအုပ်နဲ့ခြံစည်းရိုးကိုလှကျော်ဖြတ်ပြီးစီးမိပါတယ်၊သက်ကြီးရွယ်အိုနဲ့မိန်းမကလေး တွေအပါအ၀င်လူ၁၃၀လောက်ဖမ်းမိပါတယ် ၊သူတို့ကိုဖမ်းပြီးသပိတ်စခန်းကိုမခေါ်ခင် ကြည်ကြည်ဘီစကစ်စက်ရုံကနေတစ်ဂိတ်(ခုအခေါ်၃၁ဂိတ် ဟောင်း)ကိုသွားတဲ့လမ်းဘယ်ဘက်ခြမ်းက ဓမ္မာရုံလေး(အဲဒီအချိန်ကပျဉ်ထောင်လေးမျှသာဖြစ်ပြီးခုRCတိုက်ဓမ္မာရုံကြီး)မှာ ခနထားကြပါတယ်၊ လူအုပ်ကအဲဒီမှာထဲက ဓမ္မာရုံကိုဝိုင်းထားပြီး သတ်ဘို့ထုတ်ပေးဘို့တောင်းနေတာပါ ၊ သတ်ပြစ်တဲ့နည်းလမ်းကိုသုံးဘို့ မြှောက်ပေးနေတဲ့သူတွေ ရှိနေသလို့ နာကျည်းဒေါသထွက်နေတဲ့လူအုပ်ကြီးကလဲ လိုလိုလားလားသတ်ချင်နေတာပါ။
ဖမ်းမိတဲ့လူတွေထဲက မိန်းမ၂ယောက်အပါ၆၀လောက် ဟာ မူးယစ်ဆေးတမျိုးမျိုးသုံးထားသလိုဖြစ်နေပြီး နာကျင်ခံစားမှုမဲ့ဖြစ်နေတာတွေ့ရပါတယ် ၊ပြီးတော့ရဲစခန်းခေါ်သွားပြီးစစ်တော့လဲ ကိုဖိုးဂတုံးရေးသလို နားရွက်ဖြတ်တာတောင်နာရမှန်းမသိတာတွေတွေ့ရပါတယ် ၊ အဲဒီလူတွေကလွဲရင်ကျန်တဲ့သူတွေကို ဘုန်းကြီးတွေက စောင့်ရှောက်မှုပေးခေါ်သွားပြီးဘုန်းကြီးကျောင်းတွေမှာထားပါတယ် ၊ မနက်၈နာရီကျော်ဝန်းကျင်မှာ ရဲစခန်းကိုလူအုပ်ကြီးဝိုင်းလာပြီး ထုတ်ပေးဘို့ တောင်းပြန်ပါတယ် ၊ လူအုပ်ရဲ့ဒေါသက ရဲစခန်းနံရံတွေကိုတောင်ဂျင်ကလိတွေလာစိုက်ပါတယ် ၊ ထုတ်ပေးလိုက်သူကိုဝိုင်းခုတ်ထစ်ကြတော့ နာကျင်မှုကိုမတွေ့လို့ မီးသာရှို့ဆိုပြီး ရဲစခန်းလမ်းဆုံတင်အရှင်လတ်လတ်မီးရှို့သတ်ကြပါတယ်၊နောက်ပိုင်းတော့ ရှေ့ကရေးသွားသူတွေပြောသလို ပါပဲ ၊ ရပ်ကွက်တွေကိုသတ်ဘို့ခွဲတမ်းပေး ၊ လမ်းဆုံလမ်းခွတွေမှာ ပုံစံအမျိုးမျိုးသတ်ကြပြီး နောက်ပိုင်းသပိတ်ကော်မီတီမှာ အားချင်းအစည်းအဝေး လုပ် သတ်တာတွေမလုပ်တော့ဘို့ ဘုန်းကြီးတွေတာဝန်ခံမယ်ဆိုတာကြောင့် မှီသလောက်ကိုပြန်လိုက်အလှုခံပါတယ် ၊ ပြီးတော့သင်္ဃန်းတွေစီးပေး
ပါတယ်။ဖြစ်စဉ်ကအဲဒါပါ၊ ၂ချက်တွေ့ရပါတယ် ၊ ၁ချက်ကစစ်ဒါဒီတွေကိုယ်တိုင်ဖန်တီးတယ်ဆိုတာပါ ၂အချက်က နာနာကျည်းကျည်းမြိုသိပ်ခံစား နေခဲ့ရတဲ့ တစ်သက်လုံးအနိုင်ကျင့်မှုပဲခံနေခဲ့ရတဲ့ ပြည်သူတွေရဲ့ပေါက်ကွဲမှုပါ နောင်လဲတွေ့ရဦးမှာပါ ။
(တောင်ဥက္ကလာသပိတ်ကော်မီတီခေါင်းဆောင်တယောက်ဖြစ်ခဲ့တဲ့ကျွန်တော့အဖေက အာဏာသိမ်းပြီမကြာခင် ကြည်ကြည်ဘီစကစ် စက်ရုံခေါင်းဖြတ်မှုဆိုပြီးအဖမ်းခံခဲ့ရပြီး တသက်တကျွန်းထောင်ကျခဲ့ပါတယ်)
အော်
တော်တော်မြင့်မြတ်တဲ့
အဖြစ်အပျက်တွေပါလား
အောက်မေ့ဖွယ်
လူထုအောင်ပွဲ
အိုဘယ့် ရှစ်လေးလုံး
ဟုတ်စ..
ထပ်ဖြစ်လို့ရရင် ဖြစ်ချင်သေးတယ်
ဟုတ်စ...
ဒါပေါ့ သေချာပေါက်လဲထပ်ဖြစ်ဦးမှာပဲ
အဲအခါကျမှ မင်း(Horizontal)လိုကောင်တွေရော
နအဖစစ်ခွေးမှန်သမျှပါ ထပ်သတ်ဦးမှာ
ဒီတခါကမသတ်ခင် လက်ချောင်းလေးတွေတဆစ်ချင်းဖြတ် အသားတတုံးစီလှီး
ဦးမယ်ဟေ့
ငါတို့ပြည်သူတွေခံထားရသမျှ ပြန်ကိုယူဦးမှာကွ
စီမံကိန်း ရပ်ကွက် သူတွေကို ခင်ညွန် နဲ့  စနာဝင်း တို့် က တအိမ်ထောင် ကို ငွေ ၆၀၀၀ နဲ့  ဆန်တအိတ် ပေးပြီး ခိုင်းတယ်လို့  အဲဒီအချိန်က ကြားတာပဲ..
သို့
အသက်ကြီးကြီးနွားအိုဒီမိုငတုံးများ
မင်းတို့ ဒီမိုငတုံးတွေလည်း ကျောင်းသား အချင်းချင်းသတ်ခဲ့တာပဲ။ ဒီမိုအစိုးရတွေလဲ လူသတ်ခဲ့တာ အများကြီးရှိတာပဲ။ နိုင်ငံရေးမှာ သတ်တာနဲ့ လိမ်လည်တာတွေ လုပ်နေတာ ဆန်းသလားကွာ? မင်းတို့ ကောင်တွေက ဗုဒ္ဓဘာသာတွေပဲ။ အသက်တွေကကြီးနေပြီ။ တရားဓမ္မကို အခုထက်ထိ မလေ့လာသေးဘူးထင်ပါ့။ ၈၈ မှာ သတ်ခဲ့တာကို ရန်ငြိုးထားနေရင် ပြဿနာ ပိုရှုပ်တာပဲ ရှိမယ်။ 88မှာ သေတဲ့သူတွေ . . ငရဲရောက်တဲ့သူက ငရဲမှာနေသားကျနေပြီ။ နတ်ပြည်ရောက်တဲ့သူကလဲ နတ်သမီးတွေနဲ့ စံစားနေပါပြီ။ လူပြည်ပြန်ရောက်တဲ့သူကလဲ အိမ်ထောင်ကျနေလောက်ပါပြီ။ အဲဒီ ၈၈မှာ သေသွားတဲ့ အသုဘကောင်တွေ… မသာလောင်းတွေထက် . . . အခုအသက်ရှင်နေတဲ့ လူတွေအကျိုးကို ဦးစားပေးပါ။ လွန်ခဲ့တဲ့ နှစ်၂၀ အတိတ်က ဖြစ်ရပ်ကို ချေးခြောက်ရေနှုး မလုပ်ကြပါနဲ့။ ဒီမိုငတုံးအဖိုးကြီးတွေ.. ဦးဏှောက်ရှိရင် ရန်ငြိုးမထားပါနဲ့။ တိုင်းပြည် ပြဿနာပြေလည်ချင်ရင် ရန်ငြိုးတွေဖျောက်ပြီး မကြီးမငယ်စောက်တင်းပြော စောက်ပြစ်တင်တဲ့ စောက်ကျင့်တွေကို ဖျောက်ကြပါ။
အသက်ကြီးပြီး တရားဓမ္မကင်းမဲ့သော ဒီမိုငတုံးတွေကို ဆန့်ကျင်သည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
Post a Comment