Sunday, July 18, 2010
၂၂/ ၁၁/ ၆၂ ရထား
ယုံကြည်ချက်ကို
မိဘနှစ်ပါးရဲ့ ဘ၀မျက်ရည်သံလမ်းပေါ်မှာ
စွန့်စားမောင်းနှင်ခဲ့တယ် …။
တခါတခါ
လမ်းခုလတ်မှာ ယာယီနားလိုက်ချင်ပေမယ့်
ရှက်တယ်
ကြောက်တယ်
ရှင်လျက် တသက်စာ
မျက်နှာငယ်နေရမယ်
မေမေက
ဒါမျိုးကို သံသရာအဆက်ဆက် ခွင့်လွှတ်မှာမဟုတ်ဘူးလို့
အလေးအနက် မှာလိုက်တယ်လေ ...။
တခါတခါတော့
ထင်မှတ်မထားတဲ့ ဇာတ်တွေက
အသည်းထဲထိနာတယ် မေမေ …။
ခု …
ကျနော် ခေတ္တရောက်ရှိနေတဲ့အရပ်
ဒီနှစ်မှာ ၀ါသာမထပ်ခဲ့ရင်
ဝါဆို၊ ၀ါခေါင် ရေဖောင်ဖောင်ဖြစ်ရမှာ
ခုတော့
ဝါဆို၊ ၀ါခေါင် နွေခေါင်ခေါင်ကြီး ...။
ဘယ်ဘူတာမှာမှ မနားခဲ့ပါဘူး
ခရီးဆုံးထိ မောင်းနှင်သွားဖို့ပါ
ရိုးမြေကျတဲ့အထိ ...။ ။
ကမာပုလဲ
၁၇၊ ၀၇၊ ၂၀၁၀
Subscribe to:
Post Comments (Atom)
2 comments:
ဟုတ်လို့ လားဗျာ
ကဗျာကကဗျာ
ခံစားမှုကခံစားမှု
လက်တွေ့ဘ၀နဲ့  ဆန့် ကျင်ဖြတ်သန်းနေတာပဲမလား။
ကဗျာထဲမှာပဲရှိတော့တဲ့
အာသာပြေခံစားချက်တွေ
ကဗျာအစစ်လို့ပြောဘို့ ခက်ပါတယ်လေ
၂၀၁၀.အသစ် သို့
ကဗျာကို စစ်ခြင်း၊ တုခြင်း ခွဲနိုင်တဲ့ ကျမ်းတတ်သုခမိန် တယောက်လေလားပဲ။ ကဗျာနဲ့ ခံစားမှုကို ပြဒါးတလမ်း သံတလမ်း ခွဲခြားရဲတဲ့ သတ္တိကိုလည်း အံ့သြမိတယ်။ သြော် တစ္ဆေမကြောက်တဲ့ မျက်မမြင်ဆိုလည်း ထားလိုက်ပါတော့လေ ...
လက်တွေ့ဆိုတာမှာ ဘ၀ နဲ့ အခြေအနေ ဆိုတာရှိတယ်။ ဘ၀ဆိုတာက တည်မြဲခြင်းမရှိတဲ့ ထာဝရသဘော၊ အခြေအနေဆိုတာက တည်မြဲခြင်းမရှိတဲ့ ယာယီသဘော။ လူတွေဟာ ဘ၀ကိုဦးဆောင်ပြဌာန်းနေသူနဲ့ အခြေအနေရဲ့ လက်အောက်ခံ ဒီနှစ်မျိုးပဲရှိတယ်။
ဒါလောက်ကလေးမှ နားမလည်ရင်လည်း ...
စာဖတ်သူတွေကိုယ်စား ရှက်လွန်းလို့ဝင်ပြောလိုက်တာပါ။
Post a Comment