“ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိနှင့် အောင်ဆန်းလက်ရွေးစင်ကျမ်းများ” ပြုစုရေး အဆိုပြုချက်
မိတ္ထီလာ-မြင့်မြင့်အေး (၁၉ ဇူလိုင်၊ ၂၀၁၀)
မိတ္ထီလာ-မြင့်မြင့်အေး (၁၉ ဇူလိုင်၊ ၂၀၁၀)
ကျမတို့ မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးတဲ့ အာဇာ နည်နေ့အခမ်းအနားကို ဘယ်လိုဟန့်တားနှောက်ယှက်မှုတွေ ရှိနေပါစေ ၀တ်မပျက် ကျင်းပခဲ့ကြတာ ဖြစ်ပါ တယ်။
အာဇာနည်ခေါင်းဆောင်ကြီးများဟာ အမိနိုင်ငံတော်ရဲ့ ကျေးဇူးရှင်ကြီးများ ဖြစ်ကြပါတယ်။ ကျမတို့ နိုင်ငံသူနိုင် ငံသား ပြည်သူလူထုကြီးက ကျေးဇူးရှင် အာဇာနည်ခေါင်းဆောင်ကြီးများကို ဘယ်တော့မှ မမေ့မလျော့ ဂုဏ်ပြု ကျေးဇူးဆပ်ရမယ်ဆိုတဲ့ အသိခံယူချက်နဲ့ ဒီလိုဝတ်မပျက် ကျင်းပခဲ့တာဖြစ်ပါတယ်။
နောက်တကြောင်းက ကျမတို့ရဲ့ လူငယ်တွေဟာ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ကောင်းမြတ်တဲ့ တိုင်း ပြည်အကျိုးပြုမှုနဲ့ အလေ့အထများကို အတုယူရေးနဲ့ အမိနိုင်ငံတော်မှာ အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ နိုင်ငံ့ခေါင်းဆောင်ကြီးများ ပေါ်ထွန်းရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဇူလိုင် (၁၉) ရက် (၆၃) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ကျမတို့ အမျိုးသားခေါင်းဆောင်ကြီး ဖခင်ဗိုလ်ချုပ် အောင်ဆန်းအကြောင်းကို တင်ပြလိုပါတယ်။
ကျမတို့တတွေ ဗိုလ်ချုပ်အကြောင်း သိရှိကြည်ညိုလေးစားနေကြတာဟာ ကိုယ်ကျိုးမရှာ အလွန်ရိုးသားတဲ့ ကြည်ညိုဖွယ် ခေါင်းဆောင်ကြီးအဖြစ် တင်စားနေတာသာများပါတယ်။
မှန်ပါတယ်။ ဗိုလ်ချုပ်ဟာ ရိုးသားဖြောင့်မတ်သူ ကိုယ်ကျိုးမရှာ နိုင်ငံအကျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်တဲ့ ကြည်ညိုဖွယ် ခေါင်းဆောင်ကြီးပါ။ နိုင်ငံရေးဆိုတာက နိုင်ငံအတွင်းရှိ လူအပေါင်းတို့ရဲ့ အရေးပါ။ ကိုယ်ကျိုးမ လုပ်ဘဲ နိုင်ငံအတွင်းရှိ လူအပေါင်းတို့ရဲ့အရေး နိုင်ငံ့အရေးလုပ်တဲ့ ပုဂ္ဂိုလ်ကို နိုင်ငံရေးသမားလို့ ခေါ်ကြတာပါ။ ဗိုလ်ချုပ်ဟာ နိုင်ငံရေးသမားစစ်စစ် ဖြစ်ပါတယ်။ နိုင်ငံရေးသမားတိုင်း စံနမူနာယူကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကို အဲဒါလောက်ကလေး တင်စားကြည်ညိုနေတာနဲ့ မလုံလောက်ပါဘူး။ ဗိုလ်ချုပ်ဟာ ကျမတို့ မြန်မာ နိုင်ငံတမျိုးသားလုံးရဲ့ အမျိုးသားခေါင်းဆောင်ကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မပေါ်ပေါက်ဘူး သေးတဲ့ အလွန်လိမ္မာပါးနပ်တဲ့ နိုင်ငံရေးသုခမိန်ကြီးဖြစ်တယ်ဆိုတာ ကျမတို့ နားလည်ကြည်ညိုကြရမှာ ဖြစ်ပါ တယ်။ ဒါမှ ပြည့်စုံလုံလောက်မယ်ထင်ပါတယ်။
အဲဒီလို လိမ္မာပါးနပ်တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးဖြစ်လို့ ဗိုလ်ချုပ်ဟာ နှစ်ပေါင်းရာကျော် ဆုံးရှုံးကျွန်ဖြစ်နေခဲ့ရ တဲ့ နိုင်ငံတော်ကို လွတ်မြောက်အောင် လွတ်လပ်ရေး ရယူပေးနိုင်ခဲ့တဲ့ လွတ်လပ်ရေးဗိသုကာကြီး ဖြစ်ပါတယ်။
ကျွန်ဘ၀အတွင်းမှာ (၆) လက္မကျော် ဓားလက်နက်ကိုင်ခွင့်မရတဲ့ အထဲက ဒီနေ့လို ခေတ်မီ ဗမာ့တပ်မတော် ကြီး တည်ဆောက်ထူထောင်ပေးနိုင်ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီးလည်း ဖြစ်ပါတယ်။
အမိနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံပြည်သူတွေဟာ ပဒေသရာဇ်စနစ်နဲ့ နယ်ချဲ့ရဲ့သွေးခွဲမှု ကြောင့် ညီညွတ်ရေးပြိုကွဲနေတာကို တမျိုးသားလုံးသွေးစည်းညီညွတ်ရေးအတွက် စည်းရုံးပေးနိုင်ခဲ့တဲ့ မဟာ အမျိုးသားစည်းရုံးရေးမှူးကြီး၊ အမျိုးသားခေါင်းဆောင်ကြီးလည်းဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်နဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရယ်လို့ ဒီမိုကရေစီနိုင်ငံတော် တည် ဆောက်နိုင်ခဲ့တဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီးလည်းဖြစ်ပါတယ်။
ဒီလို အမိနိုင်ငံတော်ရဲ့ ကြီးလေးတဲ့ တာဝန်တွေကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့တာဟာ အလွန်လိမ္မာ ပါးနပ်ကျွမ်းကျင် အမြော်အမြင်ကြီးတဲ့ နိုင်ငံရေးသုခမိန်ကြီးဖြစ်လို့သာ ထမ်းဆောင်နိုင်တာဖြစ်ပါတယ်လို့ ကျမ ပြောလိုတာပါ။
ကျွမ်းကျင်လိမ္မာပါးနပ်တယ်လို့ ကျမ သုံးနှုန်းတာက လှည့်ဖြားတတ်တဲ့ ပရိယာယ်ကြွယ်ဝတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဗိုလ်ချုပ် ဒီတာဝန်တွေ ထမ်းဆောင်နိုင်ခဲ့တာဟာ အသက် (၃၂) နှစ် အတွင်းမှာဖြစ်ပါတယ်။ ကမ္ဘာမှာ အသက်အငယ်ဆုံး (Head of state) နိုင်ငံခေါင်းဆောင်ဖြစ်တယ်လို့ သတ်မှတ်ကြတာပါ။ အာရှမှာ နေထွက်ဘုရင် အကြီးကျယ်ဆုံး ဂျပန်နိုင်ငံ ခေါင်းဆောင်ကြီးများနဲ့ နေမ၀င်အင်ပါယာပိုင်ရှင် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ အင်္ဂလိပ်ဗြိတိသျှ ခေါင်းဆောင်ကြီးများနဲ့ တန်းတူရည်တူမဟုတ်။ ကျွန်နိုင်ငံ ငယ်ကလေးက ခေါင်းဆောင်ငယ်လေးတဦးအနေနဲ့ ဒီတာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့အရည်အချင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရေးခေါင်းဆောင်ကြီး ဂျဝါဟာလာပဏ္ဍစ်နေရူးက “အောင်ဆန်း ကျဆုံးရတာဟာ မြန်မာနိုင်ငံရဲ့ ဆုံးရှုံးမှုသာမက အာရှတိုက်ကြီးရဲ့ ဆုံးရှုံးမှုပါ” လို့ ဆိုပါတယ်။ ခေါင်းဆောင်ကြီး နေရူးက အာရှမှာ အားကိုးစ ရာဟာ ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်း၊ အင်ဒိုနီးရှားခေါင်းဆောင်ကြီး ဆူကာနိုနဲ့ ဗမာပြည်က အောင် ဆန်း (၃) ဦးရှိတဲ့အနက် သမ္မတ ဟိုချီမင်းနဲ့ သမ္မတ ဆူကာနိုတို့က အသက်ကြီးရင့်နေပြီဖြစ်လို့ အောင်ဆန်း သာ အာရှရဲ့ အားကိုးရမယ့် ခေါင်းဆောင်လို့ဆိုကြောင်း လေ့လာသိရှိရပါတယ်။
ကျမတို့နိုင်ငံ လွတ်လပ်ရေးရပြီးနောက် နိုင်ငံကို ခေါင်းဆောင်ခဲ့တဲ့ သူတွေဟာ သူတို့အာဏာမြဲရေးအတွက် သူတို့လုပ်နေတာဟာ ဗိုလ်ချုပ်လမ်းစဉ်ပါလို့ လိမ်ညာခဲ့တဲ့ ခေါင်းဆောင်တွေလည်းရှိခဲ့ပါတယ်။ ဒီကနေ့မှာ တော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကို ဖျောက်ပစ်ဖို့ ရှေးရှေးတုန်းက သမိုင်းပြ တိုက်ထဲမှာ ထားရမယ့် ခေတ်မမီ အရာမ၀င်တော့တဲ့ ပဒေသရာဇ်ခေါင်းဆောင်တွေ၊ ခေါင်းဆောင်ဟောင်းများ ကို ပွဲထုတ်အစားထိုးဖို့ လုပ်နေကြတာကိုလည်း တွေ့နိုင်ပါတယ်။
ဒီကနေ့ (၆၃) ကြိမ်မြောက် အာဇာနည်နေ့မှာ လူငယ်တွေကို ကျမ တိုက်တွန်းလိုတာက ကျမတို့ဖခင် ဗိုလ်ချုပ် ရဲ့အတ္ထုပ္ပတ္တိများနဲ့ ဗိုလ်ချုပ်ရဲ့ မှန်ကန်တဲ့ အတွေး၊ မှန်ကန်တဲ့ အမြင်၊ မှန်ကန်တဲ့ မိန့်မှာစကား၊ ရေးသားမှုများ၊ မှန်ကန်တဲ့အပြုအမူနဲ့ မှန်ကန်တဲ့လုပ်ရပ်များကို ရှာဖွေလေ့လာကြပါ။ အတုယူကြပါ။ ဗိုလ်ချုပ်လိုခေါင်းဆောင် မျိုး နိုင်ငံရေးသမားမျိုးဖြစ်အောင် ကြိုးစားကြပါလို့ ဆိုချင်ပါတယ်။
ဒိထက် တဆင့်တက်ပြီး တင်ပြလိုတာက ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ခေါင်းဆောင်တွေ၊ စာရေးဆရာတွေ၊ သမိုင်းဆရာတွေ၊ တဦးချင်း မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတွေနဲ့ ရေး သားထားကြတာတွေ ရှိပါတယ်။ ဗိုလ်ချုပ်ကိုယ်တိုင် ရေးတာလည်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရေး သားပြုစုထားတာလည်းရှိပါတယ်။ ဒါပေမယ့် နိုင်ငံတော်က တမျိုးသားလုံး လက်ခံရမယ့် အတ္ထုပ္ပတ္တိရယ်လို့ မရှိသေးပါဘူး။ အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိပြုစုရေး ကော်မရှင်တရပ်ဖွဲ့ပြီး အားလုံးစုပေါင်း တည်းဖြတ်ပြုစုသင့်ပါတယ်။ နောက်တခုက ဗိုလ်ချုပ်ရေးသားတဲ့ ဗိုလ်ချုပ်ပြောကြားတဲ့ စာပေနဲ့ မိန့်ခွန်းများကို ရှာဖွေစုဆောင်းတည်းဖြတ်ကာ “အောင်ဆန်းလက်ရွေးစင်ကျမ်းများ” ပြုစုရေးကော်မရှင်ဖွဲ့ပြီး ပြုစုထားသင့်ပါ တယ်။
“ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ” ပြုစုရေးနဲ့ “အောင်ဆန်းလက်ရွေးစင်ကျမ်းများ” ပြုစုရေးတာဝန်ကို ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးက တာဝန်ယူ ခေါင်းဆောင် ဆော်သြ၍ ဖြစ်မြောက်အောင် ဆောင်ရွက်ကြပါ လို့ ဒီကနေ့ (၆၃) ကြိမ်မြောက် အာဇာနည်နေ့မှာ အဆိုပြုတင်ပြလိုက်ပါတယ်။
ဒေါ်မြင့်မြင့်အေး
အတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိတ္ထီလာ။
3 comments:
hello!
when i was young,i have read may b either a novel or biography(not autobiography)''AUNG SAN OF AUNG THAN)written by HIS nearest elder brother U Aung Than which made me facinated till now n i had to understand why Burmese people(WE) love him from the bottom of heart.now who can know about him exactly?neither Ma Ma Su can, as she was only two years old when He was assassinated.SHE can only know whatever HER BELOVED MOTHER told HER.
Uncle U Aung Than also passed away.so this book should b published again n b used as a reference,as well as the other books written by others especially TEKTHO NE WIN.
နေ၀င်းထက် ပိုယုတ်မာပက်စက်တဲ့ ဗိုလ်ချုပ်မှူုးကီး ဆိုသူ သန်းရွှေရဲ့  ပက်စက်မှုေုကာင့်-မျိုးဆက်သစ်တွေ တော်တော်များများကတော့ ဗိုလ်ချုပ်အောင်ဆန်းအေုကာင်း မျက်ခြေပြတ်နေုကပါပြီ.. အခုခေတ် အခြေခံပညာကျောင်းသူ/သားတွေဆို လုံးဝကို မသိုကတော့သလောက်ပါပဲ... ကျွန်တော်တို့ တောင် မှီတယ်ဆိုရုံပါ.. အခုတော့လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့  ပတ်သက်ပြီး ရသလောက် အချက်လက်တွေတော့ စုထားပါတယ်... မုကာခင်တချိန်မှာ ကျွန်တော်တို့  အားလုံးတောင့်တတဲ့ အနေအထားတွေကို ပြန်ရောက်လာတော့မှာပါ.. သန်းရွေဆိုတဲ့ကောင် နှစ်ပေါင်းရာထောင် အသက်ရှည်မဲ့ကောင်မို့ လို့ လား... စံစရာရှိတုန်း အားရပါးရစံ- ဒါပေမယ့် အချိန်တန်ရင် ခံရဖို့ လည်း ပြင်ထားပေါ့ မောင်သန်းရွေရယ်- သူ့ မျိုးဆက်တွေရယ်.. တဖက်ကလည်း ကျွန်တော်တို့  အခြေအနေပေးသလောက် ပြည်သူတွေကို နိုင်ငံရေးအသိ နိုးကားမှုတွေ ပေုးကပါစို့ လား.. ဒေါက်တာလွဏ်းဆွေကိုတော့ သူဆိုတဲ့ သီချင်းတွေ အဲသလောက် မုကိုက်မိပေမယ့် သူ့ ဘလော့ဂ်ကိုတော့ လေးစားစွာနဲ့  နေ့ စဉ်အားပေးဖြစ်တယ် :) ...နောက်တခု အုကံပေးချင်ပါသေးတယ်- မနက်ဖြန် အာဇာနည်နေ့  အထူးအစီအစဉ်အနေနဲ့  ပြည်ပအသံလွှင့်ဌာနများ(ပြည်းတွင်းက မဖြစ်နိုင်မှန်းသိနေလို့ ) ရော-အင်တာနက်သတင်းဌာနများပါ အာဇာနည်နေ့ နဲ့  ပတ်သက်တဲ့ ဗိုလ်ချုပ်ရဲ့ သမိုင်း၊ သတင်း၊ သီချင်းတွေကို ပြည်သူတွေ စွဲစွဲထင်ထင် ရှိစေဖို့  သီးသန့် စီစဉ် ထုတ်လွှင့်ဖို့  ဖြစ်နိုင်ရင် လုပ်စေချင်ပါတယ်..
သမိုင်းကို ဘယ်သူမှမဖျောက်ဖျက်ကြပါဘူး သမိုင်းကို ယနေ့လူငယ်တွေ ကျောင်းသားတွေ အကုန်မသိကြတော့တာဟာ သမိုင်းကို စိတ်မ၀င်စားလာကြလို့ပါပဲ...ခေတ်အလိုက် လူတွေဟာ ရှေးအစဉ်ဆက်ကအရာတွေကို စိတ်မ၀င်စားကြတော့ပဲ ပစ္စုပန်နဲ့ အနာဂတ်မှာ ဖြစ်လာမယ့် ဖြစ်နေတဲ့အရာတွေ modernတွေကိုပဲ စိတ်ဝင်စားနေကြတယ်..အထူးသဖြင့် ယနေ့လူငယ်ကျောင်းသားများဟာ သမိုင်းတစ်ပုဒ်ကိုသေချာဖတ်ရှူလေ့လာဖို့ထက် အပျော်ပါးသွားဖို့ပဲ စိတ်ဝင်စားနေကြတာပါ...အရင်ကလူတွေနဲ့ ယနေ့လူငယ်တွေရဲ့ ခံယူချက် ကွာခြားသွားတာပါပဲ...
ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းအမှန်ကိုသိရှိဖို့အတွက် ဖုံးကွယ်ထားနေတဲ့အရာတွေကို ပြန်လည်ဖော်ထုတ်ရမယ်...ပြန်လည်ကျင့်သုံးရမယ်...ယနေ့လူငယ်တွေ စိတ်မ၀င်စားလာတာကို စိတ်ဝင်စားလာအောင် သမိုင်းကိုသိအောင် နှိုးဆော်ပေးရမယ်...
သတိထားရမှာက ခေတ်တွေတိုးတတ်လာတဲ့အချိန်မှာ ခေတ်စနစ်နဲ့ကိုက်ညီထွေပြောမယ့်အရာတွေကိုသာ ကျင့်သုံးရမှာဖြစ်ပြီး လွတ်လပ်ရေးခေတ်က အတွေးခေါ်အပြောဆို အယူဆတွေနဲ့ ပုံသေနည်းတွက်ဆပြီး ယနေ့ခေတ်မှာ နေရာတိုင်းမှာ လုပ်လို့မရဘူးဆိုတာပါပဲ...
Post a Comment