ကျနော်တို့ ရဲတွေရဲ့ အခက်အခဲနဲ့ ပြည်သူတွေအပေါ်ထားတဲ့ စေတနာလေးကို ပြည်သူတွေသိအောင်လို့ အင် တာနက်ကနေ တင်ပြလိုက်ပါတယ်။
ကျနော်တို့ ရဲတွေတင်မကပါဘူး၊ တတိုင်းပြည်လုံးမှာရှိတဲ့ ၀န်ထမ်းတွေဟာ အထက်က အမိန့်ကို ကျေပွန်စွာ ထမ်းဆောင်ရင် တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းလို့ ခံယူတာဟာ အစိုးရ၀န်ထမ်းဖြစ်ရင် မခံ ယူလို့မရလို့ပါခင်ဗျာ။
ဒါပေမယ့် ကျနော်တို့ ရဲဝန်ထမ်းဘ၀တွေကတော့ ကံကိုဆိုးပါတယ်လို့ ပြောရမလားပဲခင်ဗျာ။ ပြည်သူကို ဖမ်း မယ်၊ ဖော်မယ်၊ သိမ်းမယ်ဆိုရင် ရဲအလုပ်ပါပဲ။ အထက်က လာတဲ့ တချို့အမိန့်တွေဟာ တကယ်အကောင်အ ထည်ဖော်လို့မရပါဘူး။ ဥပမာ ... ပျံကျဈေးသည်တွေကို ဖျက်ခိုင်းခြင်း၊ ကျူးကျော်ရပ်ကွက်တွေကို ဖျက်ခိုင်း ခြင်း၊ အထက်ကပြောတဲ့ တရားမ၀င် ပစ္စည်းမျိုးစုံကို ဖမ်းခိုင်းခြင်း၊ လာတဲ့အခါမှာလည်း တရားဥပဒေနဲ့အညီ ပြင်းထန်စွာ အရေးယူပါ၊ အမိန့်အတိုင်း တိကျစွာ ဖော်ဆောင်ပါ ... စတဲ့ ပြင်းထန်တဲ့ ဖိအားတွေနဲ့ လာတာပါ ခင်ဗျာ။
အဲဒီအမိန့်တွေအတိုင်းသာ တသဝေမတိမ်း လုပ်ဆောင်ရင်တော့ ပြည်သူနဲ့ ရဲ ထရိုက်ကြဖို့ပဲ ရှိပါတော့တယ်။ ဟိုးအရင်အချိန်တုန်းက ဒီအမိန့်တွေကို ဖော်ဆောင်ရာမှာ အခက်အခဲ မရှိလှပေမယ့် အခုနောက်ပိုင်း ကျနော် တို့ရှေ့မှာတင် တိုင်းပြည်ငတ်မွတ်လာခြင်း၊ သူတောင်းစား များလာခြင်း၊ ဒီအလုပ်ကိုမှမလုပ်ရင် လုပ်စရာအ လုပ်မရှိတော့ခြင်း၊ အဓိကကတော့ အစိုးရကို အသည်းထဲရင်ထဲကနေ မုန်းတီးလာခြင်းများကြောင့် အမိန့်တွေ ကို ဖော်ဆောင်တဲ့နေရာမှာ နှစ်ဦးနှစ်ဘက် အဆင်ပြေစေမယ့် နည်းမျိုးတွေနဲ့ လုပ်လာရပါတယ်။
ဒါကြောင့် လောင်းကစား၊ ချဲ၊ အရက်ဆိုင်တွေ၊ မှောင်ခိုလုပ်ငန်းတွေကို မင်းတို့ အမြတ်ရမယ်ဆိုရင် ဖွင့်၊ လုပ်၊ ငါ တို့ကိုလည်း ပေး၊ စီမံချက်တို့၊ စစ်ဆေးရေးတို့ လာမယ်ဆိုရင် ပိတ်ထားဖို့၊ သိမ်းထားဖို့ ကြိုပြောတယ်။ ဖမ်းမိရင် သူတို့ မိသားစုဘ၀ ပျက်စီးမှာဖြစ်သလို ကျနော်တို့မိသားစုလည်း စားပေါက်ပိတ်သွားမှာ ဖြစ်ပါတယ်။ ရဲလစာနဲ့ ရပ်တည်ရမယ်ဆိုရင်ဖြင့် မတွေးပင်မတွေးရဲ။ တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ဆန်ဖိုး၊ ကျောင်းဖိုးကိုပင် မမီရေးချမမီ။ ဒါကြောင့် သူတို့လည်း အဆင်ပြေ၊ ကျနော်တို့ ရဲမိသားစုတွေလည်း အဆင်ပြေမယ့်လမ်းကို လျှောက်ရတာပဲ။ မနေတတ် မထိုင်တတ်လို့ အဆင်မပြေတာလေးတွေ ရှိတာကလွဲရင် တခြားပြဿနာမရှိ။
အဲဒီမှာ ပြဿနာတခုက စတက်လာတယ်။ နိုင်ငံရေးသမားများနဲ့ ပြည်ပမီဒီယာတွေနဲ့ အဆက်အသွယ်ရှိသူ တွေက တိုင်လာကြတယ်။ အင်တာနက်များကို စာပို့ပြီး တိုင်လာကြတယ်။ အဲလိုတိုင်လာရင်းနဲ့ လူ (၂) မျိုး ကွဲ လာခဲ့ပါတယ်။ တချို့လူတွေက လောင်းကစားတွေ၊ မှောင်ခိုမှုတွေ နည်းသွားအောင် အကောင်းမြင်နဲ့ ပေးစာ သဘောမျိုး ပေးကြလေတယ်။ တချို့ကျတော့ ဒီလိုမဟုတ် အစိုးရဘက်ကနေ အရေးမယူတောင် ဒီအရာရှိ နာ မည်ပျက်သွားစေဖို့၊ သူများ စားကွက် (ဂွင်) ကို လောဘမသတ်နိုင်ဘဲ ထပ်ယူချင်လို့၊ ချောက်တွန်းပြီး အထက် အရာရှိရှေ့မှာ နာမည်ယူဖို့၊ ရာထူးချင်း ပြိုင်ဆိုင်ပြီး ရတဲ့စားကွက်ကို မနာလိုလို့ .. အဲဒီလို မကောင်းတဲ့ အချက် တချက်ချက်နဲ့ တိုင်ကြလေတယ်။ ဒီလို အင်တာနက်ကနေ ပေးစာကို ဖော်ပြရာမှာ အဆိုးကော အကောင်း ကော ဒွန်တွဲဖြစ်ပေါ်စေပါတယ်။
ရပ်ကွက်တရပ်ကွက်မှာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ သဘောမျိုး ထိန်းသိမ်းထားတဲ့ ၀န်ထမ်း ကောင်းတွေ အပြောင်းအလွဲ လုပ်ခံရသလို ပြည်သူများလည်း ယခင်ကလို လွတ်လွတ်လပ်လပ် လုပ်လို့မရ တော့ပါ။ ဒီ့ထက်ပိုဆိုးတာက နောက်ဝင်လာတဲ့ ၀န်ထမ်းက ဒီရပ်ကွက်ကို ငြိမ်ဝပ်ပိပြားအောင် ထိန်းသိမ်းရမှာ ဖြစ်တဲ့အတွက်ကြောင့် ပိုပြီး ကြမ်းချင်လည်းကြမ်းနိုင်တယ်။ နအဖ စာအုပ်ကြီးအတိုင်း လုပ်ချင်လည်း လုပ်မယ် ဒါမှမဟုတ် ပိုပြီး စားချင်လည်း စားနိုင်တယ်။
မည်သို့ပင်ဆိုစေ နောက်ဆုံးတော့ သည်ဘူတာပဲ ဆိုက်တယ်လို့ ပြောရမလိုပင်။ သားသမီးမကောင်း မိဘ ခေါင်း၊ ပြည်သူမကောင်း အစိုးရခေါင်း ဆိုတဲ့အတိုင်း အထက်က ပြည်သူကို လုပ်ချုင်တိုင်းလုပ်ပြီး ထင်တိုင်းကြဲ နေတာကို အောက်က ၀န်ထမ်းက ဘယ်လောက်ပဲ လုပ်ပေးချင်ကာမူ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာလို့မ ရသလိုပဲ ဘယ်လိုမှ လုပ်ပေးလို့ရမည်မဟုတ်ပါ။
အဲဒါကြောင့် မြန်မာပြည်သူပြည်သားတွေ ဒီကနေ့ခေတ် မြန်မာပြည်မှာ စီးပွားရေး လုပ်ဆောင်မယ်ဆိုပါက သ ဘောထားပျော့ပျောင်းပြီး ပေးရကမ်းရလွယ်ကူတဲ့ အရာထမ်းတွေနဲ့ ဆက်ဆံရပါက မဖောက်မပြန် ဆက်ဆံရင် ဖြင့် အကျိုးဖြစ်ထွန်းမှာဖြစ်ကြောင်းကို အင်တာနက်က ကျနော်ရဲ့ နည်းပါးလှတဲ့ အတွေ့အကြုံလေးနဲ့ ရဲဘ၀ရဲ့ အခက်အခဲများနဲ့ ရဲမှာလည်း အသည်းနှလုံးရှိကြောင်းကို ပြောပြခွင့်ရတဲ့အတွက်ကြောင့် အထူးပဲ ၀မ်းသာလှပါ တယ်ခင်ဗျား။
ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ...
ရဲဝန်ထမ်းတဦး
စကားချပ် ။ ။ ကျနော့်ရဲ့ ရာထူးအဆင့်အတန်းကို တိကျစွာ ဖော်မပြနိုင်တာကို အလွန်ပဲတောင်းပန်အပ်ပါ တယ်။ ယခုအချိန်မှာ အငြိမ်းစားယူပြီးဖြစ်တဲ့အတွက် မိသားစုရဲ့ လုံခြုံရေးရှိတာကြောင့် ဖတ်ရှုရတဲ့ ပြည်သူ တွေ နားလည်ပေးပါလို့ ...။
Friday, July 9, 2010
ရဲမှာလည်း အသည်းနှလုံးနဲ့ပါ (ပေးစာ)
Subscribe to:
Post Comments (Atom)
2 comments:
စားချင်ရင်လဲ စားချင်တယ် ရှင်းရှင်းပြောသင့်ပါတယ်။ ပြည်သူလူထုက မတရားတာ ခံရတာ ခင်များတို့ ရဲတွေ လုပ်ချင်တာလုပ်တာ မသိဘူးထင်လို့ လား။ အမှုလိုလို့ ဖမ်းတိုင်း ငွေများများပေးတဲ့ သူကို လွှတ်ပေး ဆင်းရဲသားကိုသာ ဖမ်းပေးတာ ကောင်းတဲ့ အသည်းနှလုံးမှ မဟုတ်တာ။ ချဲထီဆို ဒိုင်ကြီးမဖမ်းပဲ ကော်မရှင်ခလေးနဲ့ စားနေရတဲ့ ဆင်းရဲသားကို ဖမ်းပြီး အမှုပြတာမျိုးလုပ်တဲ့ အသည်းက ရွံ စရာကြီးဗျ။ လစာနဲ့ တင်ရပ်တည်ရမယ်လို့ မဆိုလိုပါဘူး။ ပြသနာ နှစ်ဖက်ဖြစ်တိုင်းမှာ ငွေပေးတဲ့ဖက်ကို ကွယ်ပြီး ငွေမပေးတဲ့ ဆင်းရဲသားကိုသာ ဖိတာ ဘယ်လိုအသည်းလဲ။ အဲလိုမျိုးမဟုတ်တဲ့ အခြားနေရာမှာ စားတာ ၀ိသမလောဘသမားဆီက စားတာ လူထုက ဘာမှမပြောလိုဘူး။ ဆင်းရဲသားလူထုကို မညှာတာပဲ နိုင်ထက်စီးနင်းလုပ်တာ ခင်များတို့ ရဲတွေထဲမှာ အများကြီးပဲဗျ။ ဘုရားတရားနဲ့ နေပြီးမှန်ကန်တဲ့ရဲ တွေ့ဖူးပါဘူး။ များသောအားဖြင့် လူထုလုံခြုံရေးထက် မတရားလာဘ်လာဘကို ရှာနေတာ အသိသာကြီးကို မုံလာဥ လုပ်နေအုံးမှာလား။
မောင်မောင်မင်းရောသူတို့နေရာမှာဆိုဘာလုပ်မလဲသိချင်တယ်ဖြေပေးပါ။
Post a Comment