Monday, May 3, 2010

လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ ဘဏ္ဍာရေးဆိုင်ရာမူဝါဒ

PAC(2010)'s Financial Policy

လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ ဘဏ္ဍာရေးဆိုင်ရာမူဝါဒ

ကော်မတီဖွဲ့စည်းခြင်းနှင့် ရည်ရွယ်ချက် ။ ။ မြန်မာပြည်တွင်း၌ ပြည်သူ့လွှတ်တော်ခေါ်ယူရေးနှင့် ပြည်သူ့အစိုးရ တရပ် အမြန်ဆုံး ဖွဲ့စည်းနိုင်ရေးအတွက် ပံပိုးကူညီဆောင်ရွက်ရန်နှင့် လူထုတိုက်ပွဲဖော်ထုတ်ရေးအတွက် အင် တိုက်အားတိုက် လှုပ်ရှားဆောင်ရွက်ရန် ရည်ရွယ်၍ ၂၀၁၀ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် တနေရာ၌ ကော်မတီဝင် (၄၂)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် လုပ်ငန်းကော်မတီ (၂၁) ဦးကို ရွေးချယ် ပြီး ထိုအထဲမှ စစ်ဆင်ရေးကော်မတီ (၇) ဦးကို လုပ်ငန်းကော်မတီ (၂၁) ဦး၏ သဘောတူညီချက်ဖြင့် ခန့်အပ် တာဝန်ပေးခဲ့သည်။

ပထမရည်ရွယ်ချက်ဖြစ်သည့် ပြည်သူ့လွှတ်တော်ခေါ်ယူရေးနှင့် ပြည်သူ့အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းနိုင်ရေး အတွက် ပံ့ပိုးကူညီဆောင်ရွက်ရန်ဆိုသည်မှာ ပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲအ နိုင်ရ တိုင်းရင်းသားပါတီများ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) က သော်လည်းကောင်း (သို့မဟုတ်) တာဝန်သိ၊ တာဝန်ရှိသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကသော်လည်းကောင်း ပြည်သူ့လွှတ် တော်ခေါ်ယူပြီး ပြည်သူ့အစိုးရတရပ်ကို အမြန်ဆုံး ဖွဲ့စည်းဆောင်ရွက်ခဲ့ပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ကိစ္စအ၀၀အတွက် လူထုတိုက်ပွဲကော်မတီ (၂၀၁၀) မှ ငွေအား၊ လူအား၊ ပြည်တွင်းပြည်ပ ထောက်ခံမှုအင် အားများဖြင့် အားကြိုးမာန်တက် ပံ့ပိုးကူညီဆောင်ရွက်နိုင်ရန် လုပ်ဆောင်မည်ကို ဆိုလိုခြင်းဖြစ်သည်။

ဒုတိယရည်ရွယ်ချက်ဖြစ်သည့် လူထုတိုက်ပွဲဖော်ထုတ်ရေးအတွက် အင်တိုက်အားတိုက် လှုပ်ရှားဆောင်ရွက် ရန်ဆိုသည်မှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပြည်သူ့လွှတ်တော်ခေါ်ယူရေးနှင့် ပြည်သူ့အစိုးရတရပ် ဖွဲ့ စည်းရန် တရားဝင် လုပ်ကိုင်ဆောင်ရွက်ပိုင်ခွင့် အပြည့်အ၀ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကသော်လည်းကောင်း (သို့မဟုတ်) တာဝန်သိ၊ တာဝန်ရှိသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကသော်လည်း ကောင်း ပြည်သူ့လွှတ်တော်ခေါ်ယူရေးနှင့် ပြည်သူ့အစိုးရတရပ်ကို ဖွဲ့စည်းရန် မစွမ်းဆောင်နိုင်ခဲ့ပါက လူထု တိုက်ပွဲဖော်ထုတ်ပြီး တိုက်ပွဲအတွင်းမှ ပေါ်ထွက်လာမည့်၊ မြန်မာပြည်သူလူထုက ကြည်ညိုလေးစားသည့် ခေါင်းဆောင်များဖြင့် ပြည်သူ့အစိုးရတရပ် ဖွဲ့စည်းနိုင်ရန် ရည်ရွယ်လုပ်ဆောင်မည်ကို ဆိုလိုခြင်းဖြစ်သည်။

ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ ။ ။ ထိုရည်ရွယ်ချက်နှစ်ရပ်ကို အဓိကဦးတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် “လူထုတိုက်ပွဲကော်မတီ (၂၀၁၀)” အနေဖြင့် နှောင်ကြိုးမဲ့ အကူအညီဖြင့် အားသွန်ခွန်စိုက် လုပ်ကိုင် ဆောင်ရွက်နိုင်မည့် တော်လှန်ရေးတရပ်ကို ဆင်နွှဲရန်လိုပြီဟု ခံယူသည်။ ထိုသို့ ခံယူသည်နှင့်အညီ ကော်မတီ သို့ နှောင်ကြိုးဖြင့် ထည့်ဝင်လာမည့် မည်သို့သော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ အကူအညီ၊ အထောက်အပံ့မျိုးကို မျှ ရယူလုပ်ဆောင်မည်မဟုတ်ပေ။ “လူထုတိုက်ပွဲကော်မတီ (၂၀၁၀)” ၏ ရည်ရွယ်ချက်နှင့် မူဝါဒ၊ လုပ်ငန်းစဉ် များအပေါ် သက်ဝင်ယုံကြည်၍ ထည့်ဝင်လာမည့် ရန်ပုံငွေများ၊ ကော်မတီဝင်များမှ လစဉ်ထည့်ဝင်သည့် ငွေ ကြေးအင်အား၊ ကာယ ဉာဏစွမ်းအားများဖြင့်သာ ကော်မတီ၏ ရည်ရွယ်ချက် ပြီးမြောက်အောင်မြင်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။

ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူထုတိုက်ပွဲကော်မတီ (၂၀၁၀) အနေနှင့် နိုင်ငံတကာတွင် ကော်မတီခွဲများ ဖွဲ့စည်းဆောင်ရွက်သွားမည်မဟုတ်ဘဲ ကော်မတီ၏ ရည်ရွယ်ချက်နှင့် မူဝါဒ၊ လုပ်ငန်းစဉ်များ အပေါ် သက်ဝင်ယုံကြည်သည့် ပြည်တွင်းပြည်ပရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများအနေနှင့် ထိုင်း-မြန်မာနယ် စပ်တွင် အခြေစိုက်သည့် “လူထုတိုက်ပွဲကော်မတီ (၂၀၁၀)” သို့ တဦးချင်း ဆက်သွယ်၍ ကော်မတီဝင်အဖြစ် လျှောက်ထားပြီး အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။ ကော်မတီဝင်အဖြစ် အသိအမှတ်ပြုခံရ ပြီးသူများအနေနှင့် ကော်မတီဝင်များ လစဉ်ထည့်ဝင်ရမည့် ရန်ပုံငွေ အနည်းဆုံး (၁၀) ဒေါ်လာ (တတ်နိုင်သူ များ ထို့ထက်ပို၍ စေတနာရှိသလောက်) ကို ကော်မတီသို့ တိုက်ရိုက်ပေးပို့ထည့်ဝင်ကြရမည်ဖြစ်ပြီး မိမိတို့တွင် ရှိသည့် ကာယ၊ ဉာဏစွမ်းအားများဖြင့်လည်း ကော်မတီကို တတ်စွမ်းသမျှ ပံပိုးကူညီကြရမည်ဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် လူထုတိုက်ပွဲကော်မတီ (၂၀၁၀) အနေဖြင့် (၂၁) ဦး ကော်မတီဝင်များမှ တဦးလျှင် တလ ဘတ် (၁၀၀၀) နှုန်းဖြင့် ထည့်ဝင်ငွေများ၊ ပြည်ပရှိ မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူအချို့၏ စတင်ထည့်ဝင်လှူဒါန်းငွေအချို့ဖြင့် လုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ လူထုတိုက်ပွဲကော်မတီ (၂၀၁၀) အနေဖြင့် ကော်မတီသို့ ထည့်ဝင်သည့် ရန်ပုံငွေကို မိမိတို့၏ ကိုယ်ကျိုးစီးပွား အတွက် တပြားတချပ်မျှ သုံးစွဲခြင်းမပြုရန်လည်း သံမဏိစည်းကမ်း ချမှတ်ထားပါသည်။ ငွေကြေးသုံးစွဲရာတွင် (၂၁) ဦး ကော်မတီဝင် အချင်းချင်း အပြန်အလှန် ထိန်းညှိစစ်ဆေးမှုများဖြင့် တိုက်ပွဲပြီးဆုံးသည်အထိ အများ၏ လက်ခံယုံကြည်မှုရရှိအောင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ “လူထုတိုက်ပွဲကော်မတီ (၂၀၁၀)” ၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် ဘဏ္ဍာရေးဆိုင်ရာမူဝါဒများ အပေါ် သက်ဝင်ယုံကြည်သည့် ပြည်တွင်းပြည်ပရှိ မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြသူများအနေနှင့် ကော်မတီဝင်အဖြစ် အားဖြည့်ပါဝင်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ ရန်ပုံငွေထည့်ဝင်လှူဒါန်းခြင်းဖြင့်လည်း ကောင်း မြန်မာပြည်တွင်း၌ ပြည်သူ့အစိုးရတရပ် ပေါ်ထွန်းလာသည်အထိ လူထုတိုက်ပွဲကော်မတီ (၂၀၁၀) နှင့် အင်တိုက်အားတိုက် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လူထုတိုက်ပွဲကော်မတီ (၂၀၁၀)
ထိုင်း-မြန်မာနယ်စပ်တနေရာ

ဆက်သွယ်ရန်

၁။ ဦးစိုးနေလင်း (၂၁ ဦး ကော်မတီဝင် - နိုင်ငံတကာဆက်သွယ်ရေး) - ၀၈၃၁၂၂၈၉၀၄
၂။ ဒေါက်တာလွဏ်းဆွေ (၂၁ ဦး ကော်မတီဝင် - နိုင်ငံတကာဆက်သွယ်ရေး) - ၀၈၁၂၈၄၁၄၁၈
၃။ မကြည်ကြည်ခင် (၂၁ ဦး ကော်မတီဝင် - ဘဏ္ဍာရေးမှူး) - ၀၈၆၂၇၀၇၀၅၅

4 comments:

Unknown said...

ပြည်တွင်းမှာ ဘယ်သူမှလဲ အစိုးရမဖွဲ့ပါလား ၊ တိုက်ပွဲ ကော်မီတီဆိုတာက သူများမြှောက်မပေးပဲ အဖွဲ့ဝင်တွေကိုယ်တိုင် ဘယ်လိုတိုက်ပွဲဝင်ကြမှာလဲ ၊ လေနဲ့  စားပေါက်သစ်ထွင်တာမျိုး တော့ မလုပ်ကြပါနဲ့  ဘဏ်တာရေးကတော့ မယုံဘူးဗျာ

Unknown said...

စစ်ဘေးဒုက္ခသည်များ ထောက်ပံ့လှူဒါန်းရေး လုပ်ဆောင်ကြရန်လိုအပ်ပါသည်။ နာဂစ်မှ ဒုက္ခ ဖြစ်သည် မဟုတ်ပါခင်ဗျာ။ စစ်ဘေး စစ်ဒဏ်သင့် သူများကိုလည်း စာနာစွာ ပေးကမ်းလှူဒါန်း သင့်ကြပါသည်။ ရွာပေါင်းများစွာ ဖျက်ဆီး ခံ ရမှု။ တောင်ယာစပါးခင်းများ ဖျက်ဆီမှုကို ဘေး
ဒုက္ခ မဟုတ်သလို လျစ်လျူရှု ပစ်ထားခြင်းမှာ မသင့်လျော်လှပါ။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ တကယ်ရှိပါသလား။

Unknown said...

ဟ.. စားပေါက်ထွင်ကောင်းအောင် သွားမြှောက်ပေးနေ
ပြန်ပါပြီ ၊ လူထုတိုက်ပွဲကော်မတီဆိုတာကနေ (မဲဆောက်က အဖွဲ့များထုံးစံအတိုင်း) နိုင်ငံရေးဗန်းပြ NGO လုပ်ကွက်တွေဖြစ်သွားမှာတော့ စိုးရိမ်သဗျာ ..၊
တလောလေးကလို ပြည်တွင်းကလူငယ်တွေပါဆိုပြီး
အင်ထုစားတာမျိုးကလဲ စောက်ရမ်းရှက်ဘို့ကောင်းသဗျား
ဖွဲ့ထားတဲ့နာမည်နဲ့လိုက်အောင် ၊ တကယ်လုပ်မယ်ဆိုရင်တော့ အားပေးယုံတင်မဟုတ်
ကိုယ်တိုင်ကိုယ်ကျပါ အတူ တိုက်ပွဲဝင်ချင်ပါရဲ့ တော်တော်တော့ စောင့်ကြည့်ရဦးမယ် ကိုသံဒုတ် တို့ 
ဆရာလွမ်းဆွေ တို့ ကလွဲရင် အင်တွေ စားရမလားဝင် လာတာတွေပဲတွေ့တယ်နော် ပြည်သူတွေအတွက် တကယ်စေတနာမှန်ထားကြပါဗျာ

Unknown said...

ထုံးစံအတိုင်း တောင်းကောင်းအောင်လုပ်နေပြန်ပါပြီ။
မဲဆောက်ကကောင်တွေလုပ်လို့ ဘာတွေများဖြစ်ခဲဖူးလို့ လဲ။
စလာကထဲက ဘဏ္ဍာရေးဆိုတာက လာပြီ။
အဟတ်...ဟတ်။