ဂျင်ဂလိ
ဂျင်ဂလိတို့မြန်မာနိုင်ငံဟာ နအဖစစ်အုပ်စုနဲ့ သူတို့ရဲ့ပထွေး ဗိုလ်နေ၀င်း အာဏာလက်ဝါးကြီးမအုပ်ခင်ကာလ က အရှေ့တောင်အာရှမှာ ဆန်စပါးတင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့ပြီး အာရှတိုက်ရဲ့စပါးကျီရယ်လို့တောင် တင် စားခေါ်ဝေါ်တာကို ခံခဲ့ရတာကလား။ အဲ .. အာဏာရူး ဗိုလ်နေ၀င်းနဲ့ သူ့ရဲ့ဒူးမနာသားတွေ (နအဖစစ်အာဏာ ရူးတွေ) တိုင်းပြည်ကို အလုံးစုံ ဖျက်ဆီးလိုက်တဲ့အခါကျမှ အဲဒီဂုဏ်ပုဒ်တွေဟာ မြောင်းထဲကိုကျခဲ့ရတာခင်ဗျ။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အရည်အချင်းက ချာတူးလန်ပြီး တောင်သူဦးကြီးတွေကို နည်းပညာအရလည်း ခေတ်မီအောင် မဆောင်ကြဉ်းပေးနိုင်တဲ့အခါကျတော့ ဆန်းစပါးအထွက်နှုန်းကကျ၊ အရည်အသွေးကမမီနဲ့ အ၀ယ်တော်နိုင်ငံတွေရဲ့ လက်ခါပြတာကိုခံရတာ အဆန်းမဟုတ်ဘူးပေါ့ခင်ဗျာ။
ပိုဆိုးတာက နိုင်ငံခြားတင်ပို့တဲ့ အိတ်စပို့ကွာလတီဆန်အိတ်တွေထဲမှာ ကျောက်စရစ်ခဲအဖြူလေးတွေ ရော မွှေထားတာကို ဖောက်သည်နိုင်ငံတွေက သိသွားတဲ့အခါကျတော့ ဘလက်လစ် (နာမည်ပျက်စာရင်း) သွင်း တာကိုပါ ထပ်ပြီးခံရပြန်တယ်ခင်ဗျ။ ဒါကလည်း နအဖနဲ့ ပလူးပြီး ပေါင်းစားနေတဲ့ ဆန်ကုန်သည်တွေရဲ့ တနပ် စား ဉာဏ်နီဉာဏ်နက်တွေကြောင့် ဖြစ်ရတာပါ။ နအဖစစ်အာဏာရူးတွေက အပေါ်ကနေ နင်းကန်မိုက်ကြေး ခွဲနေတဲ့အခါကျတော့ ဆန်ကုန်သည်တွေခမျာလည်း သူတို့အတွက် ကိုက်အောင်လုပ်ရင်း နာမည်ပျက်လူဆိုး တွေ ဖြစ်ကုန်ကြဟန်တူပါရဲ့ (တိုင်းပြည်မျက်နှာကို တော်တော်အိုးမဲသုတ်တဲ့ စစ်အုပ်စုလို့ ဂျင်ဂလိ ပြောရင် ၀မ်းစမိုးဆိုပြီး လက်ခုပ်ထမတီးကြပါနဲ့ခင်ဗျာ။ သူတို့အိုးမဲသုတ်တာက ဘက်ပေါင်းစုံဆိုတော့ တီးရလွန်းပြီး လက်ပန်းကျမှာစိုးလို့ပါ)။ အဲဒီလို နာမည်ပျက်လူဆိုးဖြစ်ပြီး ဆန်မတင်ပို့ရလို့ စစ်အာဏာရူးတွေခမျာ လက် နက်ဝယ်ဖို့ နိုင်ငံခြားငွေရအောင် ဘိန်းအထွက်တိုးရေးကို တိုးမြှင့်လုပ်ဆောင်နေတာလားတော့ ဂျင်ဂလိ မ ပြောတတ်ဘူးခင်ဗျ။
အခုလည်း သတင်းတွေ ကြားနေရပြန်ပြီ။ ဆန်အိတ်စပို့လုပ်တာကို ဖောက်သည်နိုင်ငံတွေက လက်မခံတော့ ပဲတင်ပို့ခိုင်းပြန်တယ်တဲ့။ ပဲတင်ပို့ခိုင်းတဲ့အခါမှာလည်း အိတ်စပို့ပဲအိတ်တွေထဲမှာ ကျောက်စရစ်ခဲဝါ၀ါတွေ ပါ နေလို့ ဖောက်သည်နိုင်ငံတွေက မယူကြတော့ပြန်ဘူးတဲ့ခင်ဗျ။ စစ်အုပ်စုလက်ထက်မှာ ဘယ်ထွက်ကုန်ကိုပဲ အိတ်စပို့လုပ်လုပ် အဲသလို နာမည်ပျက်တဲ့ သတင်းတွေကိုပဲ ကြားနေရလို့ တနေ့သားမှာ ဂျင်ဂလိလည်း တိုင်း ရေးပြည်ရေး စိတ်ဝင်စားတဲ့ မိတ်ဆွေတယောက်နဲ့ အဲဒီအကြောင်းဆွေးနွေးဖြစ်တယ်။ ဆွေးနွေးရင်း ငြင်းခုန် ရင်း ဂျင်ဂလိက “နအဖလည်း ဘာကိုပဲ အိတ်စပို့လုပ်လုပ် နာမည်ပျက်နေတော့တာပဲဗျာ” လို့ ပြောလိုက်မိ တယ်။
အဲဒီလိုပြောတာကို မိတ်ဆွေက လက်မခံတဲ့ ပုံစံနဲ့ မျက်မှောင်ကျုတ်ပြီး “ဟာ ခင်ဗျားကလည်း နအဖလက် ထက်မှာ ပတ်ဝန်းကျင်နိုင်ငံတွေကို အလုံးအရင်းနဲ့ အိတ်စပို့လုပ်နေတာ နှစ်မျိုးတောင်ရှိပါတယ်ဗျ” လို့ အ တည်ပေါက်ပြန်ပြောလိုက်တော့ ဂျင်ဂလိလည်း ဘာတွေပါလိမ့်လို့တွေးပြီး ပါးစပ်အဟောင်းသားဖြစ်သွား တယ်။ မိတ်ဆွေက ပြုံးဖြီးဖြီးနဲ့ ဆက်ပြောလိုက်မှ ဂျင်ဂလိလည်း ကြောင်စီစီဖြစ်ရာကနေ ထရယ်မိတော့တယ်။ မိတ်ဆွေ ဆက်ပြောလိုက်တဲ့ စကားကတော့ “နအဖလက်ထက်မှာ ပတ်ဝန်းကျင်နိုင်ငံတွေဆီ ဒုက္ခသည်နဲ့ အေအိုင်ဒီအက်စ်ရောဂါတွေ ဒီလောက် အိတ်စပို့လုပ်နေတာ ခင်ဗျားမသိဘူးလား” တဲ့။
ဂျင်ဂလိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)
Saturday, May 29, 2010
နအဖရဲ့ ပို့ကုန်
Subscribe to:
Post Comments (Atom)
1 comment:
ဘိန်းဖြူလည်းပါတယ်လေ
Post a Comment