Friday, April 16, 2010

ခံစားမိသလို ရေးဖွဲ့ပါသည်

ခံစားမိသလို ရေးဖွဲ့ပါသည်
အက်စစ်
(ဘလော့ဂ်အီးမေးလ်သို့ ရောက်ရှိလာသော စာတပုဒ်အား စာဖတ်သူများ တွေးဆဆင်ခြင်နိုင်ရန်
တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ ရေးသူ၏ အာဘော်သာဖြစ်ပါသည်)


“ရန်ကုန်မဟာသင်္ကြန်ကတော့ သွေးတွေနဲ့ အရုပ်ဆိုး အကျည်းတန်သွားပြီ” လို့ ပြောသူက ပြော၊ “အပြစ်မဲ့ ပြည်သူတွေတော့ ခံရရှာပြန်ပြီ၊ ဘယ်သူတွေပဲလုပ်လုပ် ရှုတ်ချပါတယ်” လို့ ဆိုသူက ဆို၊ သူ လုပ်သယောင် အမည်ခံချင်သူက ခံချင်၊ ဒါကတော့ မြန်မာစစ်အစိုးရရဲ့ ပက်စက်လှတဲ့အကြံလို့ ဝေဖန်သူတွေကလည်း ဝေဖန် ကြနဲ့ပေါ့။

မြန်မာပြည်မှာ သင်္ကြန်လို ရက်တိုတိုလေးထဲက မိနစ်ပိုင်းလေးမှာမှ အရုပ်ဆိုး အကျည်းတန်ခဲ့တာ မဟုတ်ပါ ဘူး။ နှစ်ပေါင်းများစွာကတည်းက အပြစ်မဲ့တဲ့ ပြည်သူတွေ သေခဲ့ရ၊ ဘ၀တွေပျက်ခဲ့ရ၊ နှိပ်စက်ညှင်းပန်းခံခဲ့ရနဲ့ ဒီနေ့ထိ မပြီးဆုံးသေးတဲ့ နာတာရှည်ဝေဒနာတွေနဲ့ နှစ်ရှည်ငရဲထဲ ဖြတ်သန်းနေရတာတွေကို ပြန်ပြောင်းသတိ ရနေမယ်ဆိုရင် မနေ့တနေ့က လူ (၉) ယောက်လောက် သေတာဟာ ဘာမှဟုတ်လောက်တဲ့အရာတွေ မ ဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။

မြန်မာပြည်ကြီးထဲက အပြစ်မဲ့ ပြည်သူတွေအဖို့တော့ အရုပ်ဆိုး အကျည်တန်တဲ့ ဖြစ်ရပ်တွေ ဖြစ်နေတာဟာ ကြာခဲ့ပါပြီလို့လည်း ပြောရမှာပါ။ တရားသဘောနဲ့ ရှုမြင်ရင် ဘယ်သူမဆို သေကြေဒဏ်ရာရတယ်ဆိုတာ မ ကောင်းပါဘူး။ ဒါပေမယ့် သူတို့အကုသိုလ် ကံတရားတွေကြောင့် အကြောင်းရှိလို့ အကျိုးတွေဖြစ်လာတယ် ဆို တာကတော့ ဘာသာတရားအရ မငြင်းပယ်နိုင်တဲ့ အရာတွေပါ။

“လူမသိ သူမသိ သေခဲ့ရတဲ့ ဘ၀တွေ၊ လူသိသူသိ နှိပ်စက်ရိုက်နှက်လို့ သေခဲ့ရတဲ့ ပြည်သူတွေ၊ လက်ပြန်ကြိုးတုပ်ပြီး စစ်ခွေးတိုက်က လောကငရဲ ခံနေရတဲ့၊ ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေ၊ ပူပင်သောကတွေနဲ့ သားသမီးတွေအတွက် ဒုက္ခပင်လယ်ဝေနေရတဲ့ မိဘတွေ ... သူတို့တွေ သူတို့တွေအတွက် ကိုယ်ချင်စာတရား ထားနိုင်ကြဖို့ အသိတရားတွေရှိဖို့ အားလုံးက မကြိုးစားသင့်ဘူးလား”

လူမသိ သူမသိ သေခဲ့ရတဲ့ ဘ၀တွေ၊ လူသိသူသိ နှိပ်စက်ရိုက်နှက်လို့ သေခဲ့ရတဲ့ ပြည်သူတွေ၊ လက်ပြန်ကြိုး တုပ်ပြီး စစ်ခွေးတိုက်က လောကငရဲ ခံနေရတဲ့၊ ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေ၊ ပူပင်သောကတွေနဲ့ သား သမီးတွေအတွက် ဒုက္ခပင်လယ်ဝေနေရတဲ့ မိဘတွေ .. သူတို့တွေ သူတို့တွေအတွက် ကိုယ်ချင်စာတရား ထား နိုင်ကြဖို့ အသိတရားတွေရှိဖို့ အားလုံးက မကြိုးစားသင့်ဘူးလား။

စားဝတ်နေရေးအတွက် တိရိစ္ဆာန်တွေလို ရုန်းကန်နေရတဲ့ ပြည်သူတွေက အခုလို ပျော်ပျော်ရွှင်ရွှင်ကြီး ရေက စားနေနိုင်ကြပ့ါမလား။ အဲဒီတော့ အပြစ်ရှိ ပြည်သူတွေ စတေးခံရတာလို့ပဲ မှတ်ရလေမလားပဲ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလို ငွေသိန်းနဲ့ချီပြီး ပျော်ပွဲကျင်းပနိုင်တဲ့ ရေကစားမဏ္ဍပ်ကြီးတွေမှာ ရေကစားနိုင်ကြသူတွေက လူတွေကို လူလိုမထင်တဲ့ အသိုင်းအ၀န်းက လူတွေဖြစ်နေလို့ပါပဲ။ အဲဒီနားမှာ လုံခြုံရေးနဲ့ တာဝန်ယူပေးနေရ သူတွေက ကောက်ကျစ်ယုတ်မာမူတဲ့ အာဏာရှင်တွေရဲ့ လက်ပါးစေတွေဖြစ်သလို သူတို့ရဲ့ လူလွန်မသား သားသမီးတွေ ပျော်ပါးဖို့ လုပ်ပေးနေရသူတွေ၊ စစ်တပ်ရဲ့ပါမစ်ရလို့ ကောင်းစားနေတဲ့ အနုပညာလောကသား တွေဆိုတော့ ကြင်နာသနားစိတ်တွေ ပျောက်ကွယ်သွားမိတယ်။

သတင်းတွေကတော့ နိုင်သူတွေ ရေးစတမ်း ခေတ်ကြီးထဲမှာ အခွင့်ရေးရသူတွေက လိုသလို ရေးကြပါလိမ့် မယ်။ အမှန်တရားကို လိုလားသူတွေကလည်း သူ့နည်းသူဟန်နဲ့ ဖော်ထုတ်ကြပါလိမ့်မယ်။ သမိုင်းဆိုတာက ခေတ်ကာလ ဘယ်လောက်ကြာကြာ လိမ်ညာလို့မရတာတော့ အမှန်ပါပဲ။

သြော် ... တရားရစရာကောင်းတာက ပြည်ပက လုပ်စားသူတွေပါ။ ဘာလုပ်လုပ် သူတို့ပဲ လုပ်သလို ပြော၊ ဘာ ဖြစ်ဖြစ် သူတို့ပဲ ခိုင်းထားသလို ပြော၊ လှည့်ပတ်ပြီး ငွေတောင်းကြ၊ လူတွေ အထင်ကြီးအောင် ပြောကြ၊ စစ် လားဆေးလား ခံရပြီဆိုတော့ ပြေးလွှားကြ ပုန်းအောင်းကြနဲ့ သူတို့ကိုယ်သူတို့  ဒီမိုကရေစီဘက်တော်သားကြီး တွေ၊ အကြမ်းမဖက်သူတွေအဖြစ်လည်း မျက်နှာတွေကို လိုသလို ပြောင်းတတ်ကြပါတယ်။ သူတို့ကို ထင် ယောင်ထင်မှားဖြစ်အောင်လည်း လုပ်တတ်ကြပါသေးတယ်။ ဘာအလုပ်မှမလုပ်တဲ့ သူတို့တွေက ပြည်သူတွေ ရဲ့ မျက်နှာတွေကို ရောင်းစားသူ ရောင်းစား၊ ကိုယ်ကျိုးရှာသူတွေက ရှာ၊ စစ်အုပ်စု ချပေးတဲ့ လမ်းကြောင်းတ ကြောင်းပေါ်လာတိုင်း အရိုးလိုက်လုနေတဲ့ အုပ်စုတွေ ဖြစ်လိုဖြစ်နဲ့ သူတို့အလှည့်လည်း ဘယ်တော့ရောက်လာ လေမလဲ တွေးတောဆင်ခြင်နေမိပါတယ်။

ဖြစ်ရပ်တွေဟာ အကြောင်းရှိလို့ ဖြစ်လာရတာတွေပါ။ နှစ်သစ်သင်္ကြန်ဆိုတာက အကျည်းတန် အရုပ်ဆိုးနေတဲ့ တိုင်းပြည်မှာ နှစ်သစ်မင်္ဂလာဆိုတာ မရှိပါဘူး။ အ,မင်္ဂလာတွေ အနိဌာရုံတွေ နေ့စဉ်ဖြစ်ပျက်နေတဲ့ တိုင်းပြည် မှာ သွေးထွက်သံယိုမှုတွေက ထူးခြားမှုမရှိပါဘူး။ အကြင်နာ မေတ္တာတွေ ထားချင်တယ်ဆိုရင် ကိုယ့်လုပ်နေတဲ့ အပျော်အလုပ်တွေကို ဘေးဖယ်ပြီး ပြည်သူတွေအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ ကိုယ့်ဘာသာ မေးခွန်း ထုတ်ရမှာပါ။ တိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းနေပါပြီဆိုတဲ့ စစ်အုပ်စုအတွက်ကတော့ သွေးပျက်ခြောက်ခြား စရာကောင်းတဲ့ အိပ်မက်တွေကို စတင်မက်ရပြီ။ သူတို့ရဲ့ လက်ပါးစေတွေ၊ ဆွေမျိုးမိသားစုဝင်တွေက ဒီနှစ်အ တာမှာ သွေးတွေနဲ့ ပက်ဖျန်းကြရပြီဆိုတော့ ...။

အက်စစ်

65 comments:

Unknown said...

စိတ်ထဲတစုံတခုဘ၀င်မကျသလို ခံစားနေရချိန်မှာ ဒီဆောင်းပါးကိုဖတ်လိုက်ရလို့ ဒီစာရေးတဲ့သူကို ကျုပ်အနေနဲ့ကျေးဇူးတင်လေးစားမိပါတယ်။ အတွေးတိမ်သူတွေကတော့ ဖြစ်ဖြစ်ချင်း ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အတိမ်အနက်ကို စာရေးသူလို နက်နက်ရှိုင်းရှိုင်းမတွေးဘဲ လူလူချင်းပဲကိုယ်ချင်းစာသလိုလို လုပ်တဲ့လူပဲအကြမ်းဖက်သမားလိုလို စိတ်ထဲပေါ်ရာ လျှောက်ပြောကြတာပေါ့ဗျာ။ ဒါကလဲ နအဖဖိနှိပ်တာ တကယ်ခံနေရတဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ကိုယ်ချင်းမစာနိုင် မစာတတ်တဲ့ စာရေးသူပြောတဲ့ လူလွန်မသားတွေက အများစုဖြစ်မှာပါ။ စာရေးသူပြောသလို အကြောင်းရှိလို့ အကျိုးဖြစ်လာတာဆိုတာ ကျုပ်တော့လက်ခံပါတယ်။ အာဏာအတွက် အပြစ်မဲ့ပြည်သူအပေါ် နိုင်တိုင်းကျင့်နေသရွေ့ မြန်မာပြည်မှာဒါမျိုးဖြစ်ရပ်တွေ မကြားချင်တဆုံး ဆက်ဖြစ်လာအုံးမယ်လို့ထင်ပါတယ်။ အသိသစ်အတွေးသစ်တွေပေးနိုင်တဲ့ စာတွေဆက်ရေးပါဦး စာရေးသူ။ အားပေးဖို့စောင့်နေပါမယ်။

ကျားလိမ္မာ said...

အစိုးရက သတ်လို့ အကျည်းတန်နေတယ် မထူးတော့ဘူး ငါတို့လည်း သတ်မယ်ကွာ ဆိုတဲ့ စိတ်မျိုးလား မင်းတို့ကောင်တွေက လူတွေမှ ဟုတ်ရဲ့လား အစိုးရသတ်တာ သေနေတာ တော်တော်များနေပြီ ငါတို့အခုမှ ၉ ယောက်ပဲသတ်ရ သေးတယ်ပေါ့...။ သိပ်ပြီး ဇရှိနေကြရင် ဖိုးလပြည့် မဏ္ဍပ်ကို ဘာလို့ မခွဲရဲတာလဲ နေပြည်တော်ကိုရော ကိုယ့်ကိုယ်ကိုရော အသေခံ ဗုံးခွဲရဲလား။

Unknown said...

ခွေးလိမ်မာလေး
လာပြန်ပြီကော မပူပါနဲ့ကွာ မင်း၇ှိတဲ့နေရာကိုလည်း
လာခွဲအုန်းမှာပါ အသေခံခွဲတာ မျိုး ဘာလို့လုပ်ရမှာလဲကွ
မတန်မှ မတန်တာ ခွေးတွေနဲ့ လူတွေရဲ့ တန်ဖို့း
တန်တာကိုပဲ လုပ်ရမှာပေါ့ ဒေါသတွေကြီးလှချည်လား
လိမ်မာတယ်ဆိုရင် ဒေါသတွေ မကြီးရဘူးနော်

Unknown said...

ခွေးလိမ်မာ သိစေရန်
မင်းမယားလေး မုဆိုးမ ဖြစ်မှာစိုးလို့ပါ။
(၁)စည်ပင်အုပ်ချုပ်ေ၇းမူသန့်စင်သိမ်း(သေဆုံး)
(၂) အမှတ် ၄ဒေသ ဗိုလ်မူးကြိးတယောက် (ဒဏ်ရာပြင်း)
(၃)မယက ဥကဌ(ဒဏ်ရာပြင်း)
(၄)ဒုရဲအုပ်မောင်မောင်ဟန် (အတွင်းလူနာ)
(၅)ပါမစ်ရ တေဇအပေါင်းပါ အမျိုးသမီးတဦး(သေဆုံး)
(၆)ဗိုလ်မူးကြီးတဦးရဲ့ သား (အတွင်းလူနာ)
(ရ)ဗိုလ်မူးကြီးတယောက်ရဲ့ မြေး(သေဆုံး)

သိသလောက်စာရင်းများသာဖြစ် သေသင့်သူများ သေကြပါစေ

---- said...

စာရေးသူရေ. ကျေးဇူးတင်ပါတယ်..

ကိုယ့်ရှူးကိုယ်ပတ်သလို ဖြစ်သွားတာရယ်..
နှစ်သစ်မှာ. နိမိတ်ပြသလို ဖြစ်သွားတာရယ်ကြောင့်.. အာဏာရူးတွေ ကြာကြာ မခံနိုင်တော့ပါဘူးး...

ကံ-ကံ၏ အကျိုးပေးက ဆက်တိုက်ဆိုသလို လာတော့မှာပါ.

စောင့်ကြည့်ကြပေါ့..

Nge Naing said...

ဘလော့ဂ်က C-Box မှာ Link လာထားခဲ့လို့ ကျွန်မ လာဖတ်သွားပါတယ်။ ခံစားရသလိုရေးတော့ ခံစားမှုအဖြစ်ပဲ နားလည်ပါတယ်။ အမှန်တရားမဟုတ်ဘူး။ ကျွန်မကတော့ ဘယ်သူက ဘယ်သူ့ကိုပဲ ခွဲခွဲ အဲဒီဗုံးခွဲတဲ့သူကို ရှုပ်ချပါတယ်။

Unknown said...

အကြမ်းဖက်သမားစစ်တပ်ကို အကြမ်းဖက်နည်းနဲ့တိုက်ခိုက်မှ
အောင်မြင်မှုရမယ်ဆိုတာ....
U Thant အရေးအခင်းပြီးကတည်းက
လက်ခံ ယုံကြည်ခဲ့တယ်....

ဆက်လုပ်ပါ....

the track keeper said...

မြန်မာတွေအတွက် သင်္ကြန်ဟာ ဒီမိုကရေစီဘဲလို့ ဒီဗီဘီ မေးခွန်မှာ ဇော်ဝင်းထွဋ် က ပြောသွားတာ တွေ့လိုက်လား.. ဒီလို ဒီမိုကရေစီ အချိန်မျိုးမှာ ဗုံးပေါက်တယ်ဆိုလဲ ပျော်ပျော်ကြီးသေရုံဘဲ လို့ အယူအဆရှိနေတဲ့နောက် .. ဘယ့်နှယ်လုပ် ဒီမိုကရေစီကို တကယ်မျှော်လင့်နိုင်မလဲ.. ဒီမိုကရေစီအတွက် လမ်းပေါ်ထွက် စွန့်စားကြတုန်းက အဲဒီလိုပျော်ပျော်ကြီးသေမယ် ဆိုတဲ့သူတွေ ဘယ်ရောက်နေကြသလဲ ..

Unknown said...

အကြမ်းဖက်သမားစစ်တပ်ကို အကြမ်းဖက်နည်းနဲ့တိုက်ခိုက်မှ
အောင်မြင်မှုရမယ်ဆိုတာ....
U Thant အရေးအခင်းပြီးကတည်းက
လက်ခံ ယုံကြည်ခဲ့တယ်....

ဆက်လုပ်ပါ....

Unknown said...

ထောင်ထဲကငိုသံတွေ တနေ့ ထက်တနေ့ ထမင်းမ၀လို့ ငိုနေရတဲ့သူတွေ ၊ ဘယ်တော့မှပြန်မလာ တော့တဲ့ ကိုယ့်သားသမီးတွက်ငိုနေရသူတွေ ၊ ဘာမှမရှိတော့လို့ မိမိကိုယ်ရောင်းစားရင်းငိုနေရသူတွေရဲ့ အသံတွေကို ပျော်မြူးနေတဲ့သူတွေကြားနိုင်ကြပါစေ၊ ဗမာပျော် တတ် နေလို့ နှစ်ပေါင်းများစွာစစ်ကျွန်ဖြစ် နေရတာပါ ခံပြင်း ပြီးဝိုင်းတိုက်မယ်ဆိုပြီးတာကြာနေပြီ ၊နိုင်ငံရေး ဆိုတာကိုယ်နဲ့ မဆိုင်မ ဆိုင်သလို နေပြီးပျော် နေမြူးနေြ က မယ်ဆိုရင် ဒီအဖြစ်မျိုးတွေ ထပ်ဖြစ်မှာဘဲ ဒါအစဘဲ

Unknown said...

ထောင်ထဲကငိုသံတွေ တနေ့ ထက်တနေ့ ထမင်းမ၀လို့ ငိုနေရတဲ့သူတွေ ၊ ဘယ်တော့မှပြန်မလာ တော့တဲ့ ကိုယ့်သားသမီးတွက်ငိုနေရသူတွေ ၊ ဘာမှမရှိတော့လို့ မိမိကိုယ်ရောင်းစားရင်းငိုနေရသူတွေရဲ့ အသံတွေကို ပျော်မြူးနေတဲ့သူတွေကြားနိုင်ကြပါစေ၊ ဗမာပျော် တတ် နေလို့ နှစ်ပေါင်းများစွာစစ်ကျွန်ဖြစ် နေရတာပါ ခံပြင်း ပြီးဝိုင်းတိုက်မယ်ဆိုပြီးတာကြာနေပြီ ၊နိုင်ငံရေး ဆိုတာကိုယ်နဲ့ မဆိုင်မ ဆိုင်သလို နေပြီးပျော် နေမြူးနေြ က မယ်ဆိုရင် ဒီအဖြစ်မျိုးတွေ ထပ်ဖြစ်မှာဘဲ ဒါအစဘဲ

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

အခုဆောင်းပါးမှာ ဗုံးဖေါက်သတ်ဖြတ်မှုကို အားပေးထားတယ်။ အဲဒါကို ဒီမိုသမားအများစုက မသိသလိုပြုနေမယ့်အစား.. ပွင့်ပွင့်လင်းလင်း ဒီဆောင်းပါးရှင်ကို ရှုံ့ချသင့်တယ်။ အဲဒါမှမဟုတ်ရင်တော့.. ဒီမိုသမားအားလုံးဟာအကြမ်းဖက်သမားတွေ.. အဖျက်သမားတွေဆိုတဲ့ နအဖရဲ့စကားကို ယုံကြည်လက်ခံတဲ့သူတွေများလာလိမ့်မယ်။ စဉ်းစားပေါ့ဗျာ

Unknown said...

ဘယ်လိုလူမျိုးကပဲလုပ်၂မထောက်ခံနိုင်ဘူး။

Unknown said...

သခင်မျိုးက သူ့ သခင်တွေပါသွားတယ်ထင်တယ် စိတ်မကောင်းမဖြစ်ပါနဲ့  မင်းထိုင်ရှစ်ခိုးရမယ် သခင်တွေအများကြီးရှိပါသေးတယ်ကွာ ၊မင်းကခင် လို့အော်ပြီး ကျွန်စိတ်နဲ့ ကြောက်နေလို့  မင်းအဖေနအဖတွေ တချိန်လုံး သတ်ဖြတ်နေတာ၊ အာဏာရှင်ကိုဖျက်တဲ့အဖျက်သမားကို ထောက်ခံတယ် သူတို့ ကြောက်တဲ့သူပေါ်လာမှ တိုင်းပြည်ပြောင်းလဲမှာ ဗမာလူမျိုးကြီးလို နဲ့  သခင်ဘွဲခံပြီး ဖင်ခံနေတဲ့သူတွေ ဘာများလုပ်ရဲကြလို့ လည်း ခု မင်းအဖေသေတဲ့စာရင်းထွက်လာပြီ အလောင်းနားမှာသွားငိုလေ

Unknown said...

အော်ရေးစရာကျန်နေလို့  ဘုရားပုံပြပြီး လိမ်စားမနေနဲ့
ဘုရားလူကြီးလည်းလွတ်မှာမဟုတ်ဘူး သတိပေးပါရစေ

Unknown said...

ဟိုလိုလို ဒီလိုလို ရေးထားတဲ့ဆောင်းပါးနဲ့ အဲဒီဆောင်းပါး ကို နဝေတိမ်တောင်ကော်မင့်တွေနဲ့ ပံ့ပိုး ပေးထားပါလား။ မသိမသာနဲ့ ဗုံးတရားခံကို ဒီမိုတွေဘက် ထည့်စွက်ထားတာတွေလဲတွေ့ရ။ အဲလောက်ယုတ်မာတဲ့လုပ်ရပ်မျိုး လုပ်ဝံ့တဲ့သူမျိုးရှိနေတဲ့ နိုင်ငံရေးရပ်ဝန်းဟာ အရှုံးနဲ့ပဲအဆုံးသတ်ရမှာပါ၊ ယုတ်မာတဲ့လုပ်ရပ်ဟာ လူယုတ်မာတွေအတွက်ပဲ ဖြစ်ပါတယ်၊ ဆောင်းပါးရေးသူရော ကော်မင့်ရေးသူတွေပါ ဆင်ခြင်တုံတရားရှိကြပါစေ၊ မနောအကြံကို စာလုံးတွေနဲ့ ကာယကံမြောက်ပုံဖော်ထားခဲ့ကြတာမို့ အဲဒါတွေဟာ လုပ်ဆောင်ပြီးသူတိုင်း ခံစားရတော့မယ်အကျိုးတွေရဲ့ အကြောင်းတရားစစ်စစ်တွေဆိုတာ သတိရှိကြပါ၊ နောက်နောင်အတွက် ပြုင်ကြပါဗျာ။

Unknown said...

ကိုစိုးရေ ခင်ဗျာရေးသလိုဆို နအဖကအရမ်းရုတ်မာပြီးလူမဆန်တာ ဘာလို့ ဇတ်သိမ်းခမ်းမရောက်သေးတာလဲ?ကျုပ်ထင်တာ ခင်ဗျားက လူတွေကို ကြောင်လိုဝက်လိုနေခိုင်းနေတာလား၊
မင်းတို့ ဘက်ကတနိုင်ငံလုံးသတ်နေတာများနေပြီ

Unknown said...

soe ဆိုတဲ့ငကြောင်က လူယုတ်မာစစ်ခွေးတွေ အိမ်ပေါ်တက်မုဒိန်းကျင့်တဲ့အထဲမှာ သူ့အမေ သူ့အစ်မညီမတွေပါမှ အသိတရားရမယ့်ငကြောင်ထင်တယ်။ လူလိုမသိတဲ့ တိရိစ္ဆာန်ကောင်တွေကို ဒီနည်းနဲ့ပဲသတိပေးရတယ် ငကြောင်ရ။ မင်းအလှည့်လဲရောက်လာဦးမယ် သတိထားဦးငကြောင်ရေ။ တတိုင်းပြည်လုံးကြိမ်မီးအုံးနေချိန်မှာ ကမြင်းကြောထနေတဲ့ နန့်ကြောဆွဲနေတဲ့သူတွေသေတာ သေပစေပေါ့ ဘာဝမ်းနည်းစရာရှိလဲငကြောင်ရာ။

wingayo said...

သခင်မျိုးဆိုတာသန်းရွှေ နဲ.ရောင်းရင်းတွေကိုဆိုလိုတာလား ခွေးလောက်တောင်ဆင်ခြင်တုံတရားမရှိတဲ.သတ္တ၀ါတွေ

သတိ said...

အားလုံးသတိ

မြန်မာပြည်သူတွေဟာ ဖိနှိပ်နေတဲ့ အစိုးရကို အသက်စွန့်မတော်လှန်ရင် ခုလိုအပြစ်ပေးခံရမှာပဲဆိုတဲ့ ဆိုလိုရင်းလို့ နားလည်ပါတယ်.. တော်တော်စိတ်ပျက်ဖို့ ကောင်းတဲ့ အယူအဆဖြစ်သလို ပြည်ပက ဒီမိုတွေကြားထဲ တိတ်တဆိတ်ပြန့်နေတဲ့ အိုင်ဒီယာဆိုတာ ခုလိုဗုံးပေါက်ချိန်မှာ ရှုံ့ချပစ်တင်ဖို့ နှုတ်တွန့်နေတာ.. တချို့ ပရမ်းပတာ ပြောဖို့ ၀န်မလေးသူတွေဆို အစိုးရနေမှပေါ့ဆိုတဲ့ စတိုင်နဲ့ လျောချပစ်တာတွေ ကြည့်ပီး သိနိုင်ပါတယ်ခင်ဗျ..

တကယ်မှန်ဆို ကျွန်တော်တို့ ပြတ်ပြတ်သားသား ကန့်ကွက်သင့်တဲ့ လုပ်ရပ်မျိုး မဟုတ်ဘူးလားဗျာ.. ဘယ်လောက် ဆိုးဝါးပီး သတ္တိမဲ့တဲ့ လုပ်ရပ်ပါလဲလေ.. နစ်နာခဲ့သူတွေဟာ အပြစ်မဲ့သူတွေမဟုတ်ဘူးလား.. ဒီမိုအရေး အစိုးရကို မတွန်းလှန်လို့ဆိုတဲ့ အပြစ်တခုဟာ ခု နစ်နာခဲ့တဲ့ ပြည်သူတွေ ရယူရမဲ့ကိစ္စဆိုရင် ပြည်ပက တဖြဲနှစ်ဖြဲစားပီး ဒီမိုလုပ်နေသူတွေ ကိုယ့်ဘာသာ အပြန်တစ်ရာ သတ်သေသင့်နေပီလို့ မောင်သတိ တိုက်တွန်းချင်ပါရဲ့..

အားလုံးသက်သာ
မောင်သတိ

Anonymous said...

တိုင်းရင်သားလက်နက်ကိုင်တွေ ၊NLD ၊ ပြည်ပအဖွဲ့စည်းတွေနဲံ့  နအဖကြားမှာတော့
ဗုံးကွဲတဲံကိစ္စနဲ့ ပတ်သတ်ပြီး သူလိုလို ငါလိုလို
သံသယတွေ စွပ်စွဲချက်တွေ ဖြစ်နေကြတယ် ။ အဲဒီအချိန်မှာ သင်္ကြန်အတက်နေ့ မှာ ...ရန်ကုန်မြိုံက မူဆလင်းအားလုံး ဗလီထဲမှာ အောင်ပွဲခံနေကြတာကိုတော့ ....
ပြည်သူတွေအားလုံး မသိလိုက်ကြပါ ။ နအဖ စစ်အစိုးရ...ထောက်လှမ်းရေးများလည်း ဒီတခါတော့ တပတ်ရိုက်ခံလိုက်ကြရပီလေ....။

အဲဒီဖေါက်ခွဲမှုအတွက် ......မူဆလင်းများ
စည်းလုံးညီညွတ်ရေး အသင်းက ဂုဏ်ပြုဆုငွေ အမြောက်အများ ...ချီးမြင့်လိုက်တာကြောင့်......

နောက်ထပ်လုပ်ကြံဖို့  အားတက်သရော .....ပြင်ဆင်နေသူ မူဆလိမ်လူငယ်များလည်း .... အချိန်ကောင်းကို စောင့်ဆိုင်းနေကြကြောင်း သိရပါတယ်.။.......။

Anonymous said...

တိုင်းရင်သားလက်နက်ကိုင်တွေ ၊NLD ၊ ပြည်ပအဖွဲ့စည်းတွေနဲံ့  နအဖကြားမှာတော့
ဗုံးကွဲတဲံကိစ္စနဲ့ ပတ်သတ်ပြီး သူလိုလို ငါလိုလို
သံသယတွေ စွပ်စွဲချက်တွေ ဖြစ်နေကြတယ် ။ အဲဒီအချိန်မှာ သင်္ကြန်အတက်နေ့ မှာ ...ရန်ကုန်မြိုံက မူဆလင်းအားလုံး ဗလီထဲမှာ အောင်ပွဲခံနေကြတာကိုတော့ ....
ပြည်သူတွေအားလုံး မသိလိုက်ကြပါ ။ နအဖ စစ်အစိုးရ...ထောက်လှမ်းရေးများလည်း ဒီတခါတော့ တပတ်ရိုက်ခံလိုက်ကြရပီလေ....။

အဲဒီဖေါက်ခွဲမှုအတွက် ......မူဆလင်းများ
စည်းလုံးညီညွတ်ရေး အသင်းက ဂုဏ်ပြုဆုငွေ အမြောက်အများ ...ချီးမြင့်လိုက်တာကြောင့်......

နောက်ထပ်လုပ်ကြံဖို့  အားတက်သရော .....ပြင်ဆင်နေသူ မူဆလိမ်လူငယ်များလည်း .... အချိန်ကောင်းကို စောင့်ဆိုင်းနေကြကြောင်း သိရပါတယ်.။.......။

Unknown said...

မင်းဆိုးမင်းညစ်တွေအုပ်ချုပ်တဲ့တို့တိုင်းပြည်....
တရားဥပဒေမရှိတဲ့တို့တိုင်းပြည်....
ဖမ်းချင်ရင်ဝင်ဖမ်း...လွှတ်ချင်တဲ့အချိန်မှပြန်လွှတ်တဲ့ တို့တိုင်းပြည်....
အရိုက်ခံရသူတွေ...ထောင်ကျတဲ့ တို့တိုင်းပြည်...
သယံဇာတတွေ ကုန်တော့မည့် တို့တိုင်းပြည်....
ယောက်ျားတွေအရက်သမားဖြစ်တော့မည့်တို့တိုင်းပြည်..
မိန်းခလေးတွေ ဖာဖြစ်တော့မည့် တို့တိုင်းပြည်...
စစ်ဗိုလ်ကို ဘုရား ထူးရတဲ့ တို့တိုင်းပြည်...
အရပ်သားကို လူလို့မထင်တဲ့တို့တိုင်းပြည်....
သေသော်မှတည့် သြော် ကောင်း၏။

ဖိုးတုတ် said...

"လူ (၉) ယောက်လောက် သေတာဟာ ဘာမှဟုတ်လောက်တဲ့အရာတွေ မ ဟုတ်ဘူးလို့ ပြောနိုင်ပါတယ်" ...ဆရာ ရယ် ... သေဆုံးတဲ့ မိသားစု တွေ ဆရာ့ဆောင်းပါး ရဲ. အထက်ပါ စာပိုဒ် ကို ဖတ်မိရင် ဘယ်လို ခံစားရမလဲ ၊ အဲဒီလို တော့ လက်လွတ်စပယ် မရေးသင့်ပါဖူး၊ အကြမ်းဖက်လုပ်ရပ် ကို ပြင်းထန်းစွာ ရှုတ်ချပါသည်၊ ဒီလိုသာ အကြမ်းဖက်ဝါဒ ကျင့်သုံးနေပါက ဒီမိုကရေစီ နှင့် အလှမ်းဝေးနဲ. ဦးမှာပါ၊ ကျွန်တော် စိတ်မကောင်းတာ က ဗမာပြည် လူ.အဖွဲ.အစည်းက (၂) ပိုင်းကွဲ သွားပါပြီ၊ ဘယ်သူတွေ မှန်မှန်၊မှားမှား အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ကို ပြန်လည် ဆွေးနွေး သင့်ပါပြီ၊ ကျွန်တော်တို့ဟာ မြန်မာပြည်သား တွေ မဟုတ်ပါလား?

NW said...
This comment has been removed by the author.
Unknown said...

ကျောင်းသာတပ်မတော်ကို ၀င်တုန်းက
လက်နက်ကိုင်တော်လှန်ရေးကိုလုပ်ဖို့မ ဟုတ်လား
ငယ်နိုင်ရဲ့  စစ်မှာမတရားတယ် တရားတယ် မ၇ှိဘူး
စစ်ဆိုတာ လက်နက်ကိုင် တိုက်နည်း ပျောက်ကြားနည်း
ဆိုတာ ၇ှိတယ် ရန်သူကို ခံစစ်မှာပဲ စောင့်နေတဲ့ခေတ်
ကုန်သွားပြိ။ မင်းလို ပညာလေးသင်ပြီး လင်နဲ့ အေးဆေး
နေတဲ့ သူရဲ့ကွန့်မန့်ကကော အမှန်တ၇ားလို့ ပြောနိုင်ပါသ
လား။ စောစောစီးစီး အခွင့်ေ၇းလေးရတုန်း
တတိယ နိုင်ငံကိုထွက်ပြေး အခွင့်ေ၇းယူနေသူ
တွေစကားတွေကို လေထဲက စကားတွေလို့ ပဲယူဆတယ်

Unknown said...

မောင်သတိ မင်းလည်း
မတ်တပ်ရပ်သတိဆွဲပြိး သေရမဲ့သူပါ
မင်းလည်း ဖိုးလပြည့်မဏပ်မှာ သတိနဲ့လုံခြုံရေးကို
နောက်နှစ်အတွက် ကြိုယူထား။ မင်းတို့သေတာကို
ဘယ်သူက ရှုံ့ချရမှာလဲ ၀မ်းနည်းစကားပြောရမှာလဲ။
သေကြ သေကြ မင်းတို့အလှည့် စရောက်ပြီ လို့ မှတ်

Unknown said...

MaMa
စိတ်တွေကို ထိမ်းပါ မမ ချစ်လို့ သတိပေးတာပါ
နအဖ နဲ့ပတ်သတ်တဲ့သူတွေကို ထိခိုက်တာ ကျွန်တော်လည်း မရှုံချပါဘူး...

ဒါပေမယ့် မမ ရှုံချသင့်တာကတော့ သာမာန်ပြည်သူတွေသေကြေထိခိုက်ရတဲ့ဘက်ကနေပြီးတော့ ဗုံးခွဲတဲ့လုပ်ရပ်မျိုးလုတွေကို ရှုံချသင့်တယ်လို့ ကျွန်တော်ထင်တယ်...အခုဆောင်းပါးမှာ လူ ၉ ယောက်သေတာဟာ ဘာမှမပြောပလောက်ဘူးလို့ ဆောင်းပါးရှင်က ဆိုထားတော့ ဒီဆောင်းပါးရှင်က ဗုံးခွဲတာကို အားပေးသလိုဖြစ်မနေဘူးလား?
ထိခိုက်သေကြေ ဒဏ်၇ာရတဲ့သူတွေနဲ့ ပတ်သတ်နီးစပ်တဲ့သူတွေသာ ဒီလိုစာမျိုးကို ဖတ်ရရင် ဘယ်လောက်များ ဒေါသထွက်မလဲ?

နောက်တစ်ခုက မမ က မောင်သတိ ကိုထပ်ပြီး သတိပေးထားတာက(သေကြ သေကြ မင်းတို့အလှည့် စရောက်ပြီ လို့ မှတ်) ဒါလေးကိုကြည့်ရင် မမ တို့က တိုက်ပွဲတွေ ဆင်နွှဲအုံးမယ် ထပ်လာအုံးမယ်ဆိုတဲ့ သဘောလား?တည်ငြိမ်အေးချမ်းတဲ့ ပြည်သူတွေကို ကျီးလန့်စာ ဖြစ်အောင် လုပ်အုံးမလို့လား?...

Unknown said...

မစော်ကားကြနဲ့င့ါလူတို့ စာရေးသူက အကြောင်းအကျိုး ဆိုတာကိုထည့်သုံးလို့ ဘာသာရေးအသိရှိသူ ဖြစ်မယ်ထင်လို့ ရေးခဲ့ပါတယ်ခင်ဗျာ၊ လူယုတ်မာတွေ စော်ကားခွင့်ရနေတာဟာ ကိုယ်က သူတို့ထက် ပိုယုတ်မာခဲ့လို့ပဲ ဆိုတာကို အမြန်ဆုံးသိကြပါစေ၊ ခုလဲ ယုတ်မာသောစိတ်ထားတွေ အပြုအမူတွေ မောင်ရင်တို့ ထပ်လုပ်နေဦးမယ်ဆိုရင် အဲဒီလူယုတ်မာတွေကို အခွင့်အလမ်းဆက်ပေးထားတာနဲ့အတူတူပဲ ဆိုတာ အမြန်ဆုံးနားလည်နိုင်ကြပါစေ။

Unknown said...

အော်အမြင်တော်တော့ ၀င်ပြောရပြန်ပြီ
တိုင်းပြည်မှာ ဘာဖြစ်ဖြစ် ငါတို့ အလုပ်မဟုတ်ဘူး
ငါတို့ကတော့ ငါတို့ထွက်ပေါက်တွေကိုပဲ ၇ှာနေမယ်
ဆိုတဲ့သူတွေက အပြစ်မဲ့ပြည်သူတွေလို ဆိုချင်ဆို
ထပ်ပြိး ရာထူးတိုးပေး အုန်းမယ် တာဝန်မဲ့ ပြည်သူလို့ဆိုလိုက်မယ်။
တခြားသူတွေ ဘာဖြစ်ဖြစ် တိုင်းပြည်ပျက်ပျက်
ကမ္ဘာမိးလောင် ငါတို့အလုပ်မဟုတ်လို့ သဘောထား
နေကြသူတွေ ရှိနေကြလို့ကော တိုင်းပြည်က ငြိမ်းချမ်းမတဲ့လား အခုတော့အသိတရားလေး နည်းနည်းတော့ရသွားတာပေါ့ ကွာ

Unknown said...

စစ်ကို စစ်နဲ့ပဲတိုက်မှ ငြိမ်းမယ်
မြန်မာပြည်က ငြိမ်းချမ်းရေးဖခင်ကြီး သခင်
ကိုယ်တော်မှိုင်းတောင်ပြောဘူးတယ်။
နိုင်ငံေ၇းဆိုတာ ဥပုဒ်စောင့်ရမဲ့ကိစ္စမဟုတ်ဘူးတဲ့
ဒီလောက်မေတ္တာရပ်ဝန်း ငြိမ်းချမ်းရေး စကားတွေ
ပြောနေသူတွေ နှစ်ဖက်လုံးက အကြမ်းဖက်မူတွေရပ်ပါ
ဆိုပြိး ကိုယ့်ဖာသာ မိးရှိုပြီး လောကချုပ်ငြိမ်းရာ မြတ်နိဗာန်ကို
မြန်မြန်ေ၇ာက်ပါစေ ဆုတောင်းပြီး ရွေတိဂုံဘုရားပေါ်မှာ တက်သေလိုက်ပါလား ။ မြန်မာပြည်ကြီး ငြိမ်းချမ်းသွားမလား ကြည့်ချင်လို့

မန်းကိုကို said...

ဒေါက်တာရေ .. ဘာစိတ်ကူးနဲ့များ မီးခဲတစ်ခဲ ချပေးရတာလည်းဗျာ။ ဆောင်းပါးရှင်ရဲ့စိတ်ကူးက မမှားပေမယ့် တင်ပြပုံက ကြည့်တဲ့ဘက်အပေါ် မူတည်ပြီး ယူဆလို့ရနေတော့ မသင့်တော်လှဘူး ထင်ပါတယ်။ ဒီနေ့ခေတ်ကြီးမှာ အကြမ်းဖက်လုပ်ရပ် ဘယ်လုပ်ရပ်မဆို ဆန့်ကျင်ခံရတာချည်းပါ၊ ဒါကြောင့်လည်း နအဖကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့ အားလုံးလိုလို သာမန်အရပ်သားတွေကို ထိခိုက်အောင်လုပ်ဖို့ တရားဝင် မူဝါဒမရှိကြတာ ပြည်မက သိနိုင်ဖို့ အခွင့်အရေး မရှိသူတွေကလွဲပြီး သိကြပါတယ်။ လူအများကနေ ဆန့်ကျင်ခံရမယ့် သင်္ကြန်မှာ ဒီကိစ္စ ဖြစ်လာတာလည်း သံသယတော့ ဖြစ်စရာပါ။ နအဖကို ဆန့်ကျင်သူ အားလုံး (လူမျိုး၊ ဘာသာဝင်အားလုံး) ဒီအန္တရာယ်ကို မသိသူ မရှိပါဘူး။ ဆန္ဒရှိရင် အကြမ်းမဖက် နည်းလမ်းလေးတွေ အကြံပေးကြ ရအောင်ဗျာ။ ကျုပ်တို့ တိုင်းရင်းသားတွေကတော့ သွေး၊ မျက်ရည်နဲ့ အိုးအိမ်စည်းစိမ်တွေ လူမသိသူမသိ ဆုံးရှူံးရပေါင်း များလွန်းလို့ အေးချမ်းတဲ့ ဘဝကိုယ်စီ ရှိစေချင်တာပါပဲ။ မန်းကိုကို၊ http://mahnkoko.blogspot.com/

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

I think we need to focus on this recent event . I oppose those who did this on this special day. I would like to suggest all of you to keep ur mouths shut before we know who the real criminal is. Who said it's people from border or democracy side ? who said it's regimes ? I dont know but what I am sure is the criminal who do that kind of crime is never arrested . on the other hand the regimes cann't find out who commit the crime...visit www.simpleviewsonmyland.blogspot.com

ko said...

" ပီးတော့ အဲဒီလူမဆန်တဲ့ ခွေးမသားတွေကို (ကန်တော့ပါစာဖတ်သူ မောင်သတိရိုင်းပါရစေဗျာ) မြှင့်ပီးများမတွေးပါနဲ့.. လူရှုပ်ရှုပ်ထဲ အထုပ်လေးလာချပီး မကွဲခင်တစ်မိုင်လော က်ဝေးအောင် ပြေးမဲ့ အဲဒီကောင်တွေမှာ အကျင့်ယုတ်တဲ့ စိတ်ဓါတ်ကလွဲလို့ သတ္တိဆိုတာလဲ တပြားမှမရှိတော့ လုံခြုံရေး နဲနဲများနိုင်တဲ့ နေရာတွေကို အနားတောင် မသီရဲပါဘူးခင်ဗျာ့.."
မောင်သတိ

မောင်သတိလေးရေ..

စကားအကုန်မပြောနဲ့ကွဲ့..ဒီခေတ်ကြီးထဲမှာ technology ကမြင့်မှမြင့်နဲ့..တော်ကြာ မင်းနေရာသိသွားပြီး လာဆော်နေမှဖြင့်..

ဟာသလေးတွေ ဖတ်နေရတဲ့ ငါတို့အတွက် ဘလော့တကာ လှည့်ေ၇းနိုင်တဲ့ အလုပ်လက်မဲ့
ရဲဘော်တကောင်လျော့သွားပါဦးမယ်..

Unknown said...

အခုတောင် မြစ်စုံရေကာတာကို ထပ်ပြီး ဗုံးဖောက်တယ်ဆိုတာ ဒီဗုံးဖောက်ခွဲမှုဟာ အစိုးရ က ဖောက်တာ မဟုတ်ဘူးဆိုတာတော့ သေချာသွားပြီ... သင်္ကြန် ဗုံးရော မြစ်စုံဗုံးရောဟာ တွေးစရာတွေထဲမှာ နအဖ မဟုတ်တာသေချာတဲ့အတွက် အတိုက်ခံ နဲ့ လက်နက်ကိုင်ဖွဲ့ကလွဲပြီး ဘယ်သူတွေရှိအုံးမှာလဲ?

kyaw said...

ဟေ့ကောင် sun မင်းက ဗုံး ခွဲ တဲ့ ကောင် ဟုတ်လို့ နာနေ တာလား...မင်းပြောတဲ့ သူတွေ ဆိုတာ ဘာအ ဆင့်မှရှိတာ မဟုတ် ဘူး၊ လမ်းဘေးမှာ လျှောက်သွားနေ တဲ့ ကောင် တွေ...သူ တို့ ကို သတ် ချင် ရင် ဓား နဲ့ ထိုး သတ် လို့တောင် ရ တယ် ...မင်းအ တွေးအ ခေါ် နဲ့ ထမင်း စားတဲ့ လူကောဟုတ်ရဲ့လား...

Anonymous said...

ထူးခြားတာကတော့ ဒီဗုံးပေါက်တဲ့အမှုကို လူပေါင်းများစွာ ၀င်ပြီး ကွန်မင့်တွေပေးကြတာဘဲ။ အဲဒီလို သဘောထားတွေ ခံစားချက်တွေ ထုတ်ဖေါ်လာ တဲ့အတွက် ကျနော်တော့ ကြိုဆိုတယ်ဗျာ။ သင်္ကြန်မှာ လူတွေ ထိခိုက်သေကြေရတာတော့ တကယ်ကို စိတ်မကောင်းဖြစ်ရတယ်။ ဒေါသလဲ ဖြစ်ရတယ်။ ဒါကို လုပ်တဲ့သူတွေကိုတော့ ဘယ်သူ့ ကို မဆို လူမဆန်ဘူး လို့ သတ်မှတ်တယ် ပြင်းပြင်းထန်ထန် ရှုံချတယ်။
စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မကြိုက်တဲ့ သူတော်တော် များကတော့ စစ်အစိုးရက အာဏာ အတွက် အပြစ်မဲ့ ပြည်သူအပေါ် အခုလုပ်တယ်လို့  စွပ်စွဲတယ်။ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မကြိုက်ပေမဲ့  အကျိုးစီးပွား တစုံတရာရနေသူတွေ တော်တော်များ ကတော့ ဒီမိုကရေစီသမားတွေ သောင်းကျန်းသူတွေ လုပ်တာ လို့  စွပ်စွဲကြတယ်။ အားလုံးက တရားပါတယ်။

အခုသေဆုံးတဲ့ စာရင်းအရတော့ ဗမာစစ်အစိုးရ အတွက် သိပ်အရေးမပါလှတဲ့ ရာထူးအဆင့်တွေပါ။
ထို့ အတူ ဒီမိုကရေစီ အင်အားစုအတွက်လဲ လူလွတ်ပြီး သတ်ခိုင်းလောက်တဲ့ အဆင့်တွေ မဟုတ်ပါဘူး။ အဲတော့ ဘယ်သူလဲလို့ မေးမှာပေါ့ ။ ကိုယ်ဖာသာ ကိုယ် စဉ်းစားကြဗျာ
တပ်မတော်မှာ အာဏာနဲ့  ပတ်သက်ရင် မြောက်ပိုင်း တိုင်း တိုင်းမှူး ဗိုလ်ချုပ်အယ်ခွန်ဖန်လို အဆင့်မျိုး တောင် သတ်ရဲတယ် သတ်ခဲ့ကြတဲ့ သမိုင်းရှိတယ်။ အခုသေဆုံးသွားတဲ့ သူတွေလောက်တော့ ဗမာစစ်အစိုးရက သတ်မယ်ဆိုလဲ သတ်ရဲပါတယ်။ ဘာရမှာလဲဆိုတာတော့ လုပ်တဲ့ သူတွေကသာ သူတို့  ရည်ရွယ်ချက် ရည်မှန်းချက်တွေ သိမှာပေါ့။
တကယ်တော့ သူသတ်တာ ငါသတ်တာ မဟုတ်ဘူး သူလူမဟုတ်ဘူး ငါကမှလူ လို့  ၀န်လိုင်းမှာ ပြောဆို ငြင်းခုန် ညစ်ပတ်၇ိုင်းစိုင်းစွာတွေ ဆဲဆို နေမဲ့ အစား။ ထိခိုက်ဒဏ်ရရသူတွေကို ဘာအကူအညီ ပေးကြမလဲ။ အဲဒီဒဏ်ရာရတဲ့သူတွေထဲမှာ န၀တ အမျီုးမဟုတ်သူ တွေ ဘယ်နှစ်ယောက်ပါသလဲ ။ ဘယ်လောက် ထိခိုက် သလဲ တသက်လုံး ဒုကခိတဖြစ်မဲ့သူ့  ဘယ်နှစ်ယောက်လဲ။ အဲဒီစင်မြင့်မှာ လာပျော်ကြတဲ့ သူတွေသောက်တဲ့ ပုလင်းခွန် လာကောက်တဲ့ ခလေး လူကြီးရော ထိခိုက်သေးလား။ ဆေးရုံခတွေကော ဘယ်သူကပေးလဲ။ သေဆုံးဒဏ်ရာတဲ့သူတွေအတွက် နစ်နာဆုံးရှုးမှုကို ဘယ်သူတာဝန်ယူမလဲ။ ပါမစ်ရသင်္ကြန်မဏ္ဍပ်က တာဝန်ရှိတယ် သို့ မဟုတ် သူတို့ က အစိုးရကို ငွေပေးဆောင်ပြီးလို့ အစိုးရက တာဝန်ယူရမယ်။ တကယ်လို့  အစိုးရက တာဝန်မယူရင် တရားစွဲမယ် ဘယ်သူကူပြိး တရားစွဲ ပေးမလဲ စေတနာဝန်ထမ်းရှေ့ နေတွေလိုမယ် ။ ဘယ်သူလုပ်မလဲ။ နောက်တခုက အဲလို နစ်နာကြေးဥပဒေတို့  ကြိုတင်ကာကွယ်မှုမှာ တာဝန်ပျက်ကွက်လို့ အရေးယူ၇မဲ့ ပုဒ်မတို့ ။ ဘယ်သူ့  တာဝန်လဲတို့ ဆုတာမျိုးတွေ ပြောကြရမှာနော်
သေချာတာက သင်္ကြန်မှာ ပျော်တာကတော့ လူငယ်တွေဘဲ စစ်ဗိုလ်သားလဲ မြန်မာပြည်က လူငယ်ဘဲ မဟုတ်လား သူ့ အဖေလဲ တသက်လုံး အာဏာရှိချင်မှ ရှိမှာပေါ့။ မင်းခစား ကမ်းနား သစ်ပင် လေ။ ဈေးလာရောင်းတဲ့ ခလေးနဲ့ သူ့ အမေလဲ ပါသွားနိုင်တယ်။ ဖေါက်သည်လာရှာတဲ့ မိန်းခလေးလဲ ပါမှာပေါ့။ ဘယ်လို သဘောထားမလဲ ပြောကြစမ်းပါ၊၊ ဖတ်ပါ၇စေဗျာ
တချက်စဉ်းစားမိတာက သင်္ကြန်မဏ္ဍပ်တွေ ပါမစ်ရဖို့  ကကော လွယ်သလားဗျ။ ဘယ်သူတွေကို ဘယ်လိုကပ် ဘယ်လောက်ပေးကြရသလဲဆိုတာ သိကြမှာပေါ့နော် သူတို့ အချင်းချင်း မနာလို အူတိုလို့ ချလိုက်လို့  လဲရပါတယ်။ အဲဒါလဲထည့် စဉ်းစားသင့်တာ တခုဘဲနော်
တကယ် လက်နက်ကိုင်ပြီး တော်လှန်သူစစ်စစ်တွေက တော့ ကျီးမနိုးပွဲလုပ်တဲ့ လူငယ်ကာလသားတို့ အဆင့်လောက်ကိုတော့ စဉ်းစားကြမှာ မဟုတ်ပါဘူး
ဗိုလ်သန်းရွေမြေးတော့ အာမ မခံရဲဘူးဗျို့ 
တုန့် ပြန်မှုတွေကို ကြိုဆိုပါတယ်

Unknown said...

အဟေး
ဒီတခါ ကျွန်တော်ထွန်းအောင် နောက်ကျသွားတယ်။
ကွန်မင့်တွေဖတ်ရတာက ရန်ဖြစ်နေကြတာပဲ။
ဘာလုပ်မှာလဲ။
ပြောချင်တာက...ဗုံးပေါက်ပြီ။
သေတဲ့သူလဲသေသွားပြီ။
ဘာဆက်လုပ်မလဲ။
ုမြန့် မာဒီမိုကရေစီအရေးဟာ လေထဲမှာပဲ သူ့ ကိုယ်ဆဲ့ ကိုယ့်သူဆဲနဲ့  ရှေ့ မရောက်တော့ပါလား။
နှစ်သစ်မှာဗုံးနဲ့ စတာတော့မကောင်းဘူး။
န အ ဖ ရဲ့ ရွေးကောက်ပွဲမှာလဲ အတိုက်အခံတွေက ၀င်မပြိုင်ကြဘူး။
ဘာလို့ အရှုံးပေးချင်ရတာလဲ။
ဝင်မပြိုင်တော့ပိုရှုံးတာပေါ့။
စစ်မှန်တဲ့ ဒီမိုကရေစီရ မှဆိုပြီးတင်းခံမနေနဲ့ ။
အာရှမှာ ဒိမီုစစ်စစ်နိုင်ငံများရှိလို့ လား။
ဒါကိုသိရက်နဲ့  အတိုက်အခံတွေခေါင်းမာနေရင်တော့ ဒီလိုပဲ လေနဲ့ လုပ်တဲ့ အတိုက်အခံလောကဖြစ်သွားမှာပါပဲ။
အင်းလေ ဘာပဲဖြစ်ဖြစ် ဘူး..ဘူး ...ရမှာပေါ့။
မဟုတ်ရင် စားပေါက်ပိတ်သွားမှာပေါ့။
ဘာမှမဟုတ်တဲ့ သံချပ်ပြိုင်ကြမဲ့အစား ပြည်တွင်းဝင်ပြီး ဆော်ပါလား။

ei ko said...

ဒေါက်တာလွှဏ်းဆွှေ၇ဲ.မေးလ်ထဲကိုေ၇ာက်လာသော
စာမဟုတ်ပါ၊နအဖဒလန်ဖြစ်သောကြောင်.အတိုက်အခံ
ဟုထင်ေ၇ာင်မှားဖြစ်စေ၇န်လွှဏ်ဆွှေ၇ဲ.အကြံအဖန်
ဆောင်းပါးသာဖြစ်ပါတယ်။အမှန်တကယ်ဗုံးခွဲသူများမှာ
မူဆလင်ဘာသာဝင်များဖြစ်ပါတယ်။ပဲခူးမှဝှက်ထားသော
ဗုံးများကိုလာေ၇ာက်ခွဲခြင်းဖြစ်တယ်။အ၇င်တုန်းက
shopping mall တွေမှာလက်တဲ.စမ်းခဲ.တဲ.အဖွဲ.ဘဲဖြစ်
ပါတယ်။လွန်ခဲ.သော၇က်ပိုင်းကပဲခူးတွင်ပေါက်ကွဲခဲ.
သောဖိနပ်ထဲတွင်ဝှက်ထည်.ထားသောဗုံးမျိုးဟုယူဆ၇
ပါသည်။

Nge Naing said...

ဒီဆောင်းပါးရေးသူက ဒီလုပ်ရပ်ကို မှန်တယ်၊ မှားတယ် ပြောထားတာ မတွေ့ရဘူး။ ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ အခုဖြစ်သွားတဲ့ အဖြစ်အပျက်အပေါ်မှာ သူခံစားရသလို သူရေးထားတာကိုပဲ တွေ့ရပါတယ်။ ဒါပေမဲ့ မှတ်ချက်ပေးတဲ့သူတွေအထဲမှာတော့ ဒီမိုကရေစီ လူ့အခွင့်အရေးကို လိုလားတဲ့ အစိုးရဆန့်ကျင်သူလိုလိုနဲ့ ဒီလုပ်ရပ်ကို ထောက်ခံထားတာကို တွေ့ရလို့ ဒီမိုကရေစီဆိုတာ ဒါပဲလို့ သူများ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နေတာလား၊ တကယ်ပဲ မသိလို့လားဆိုတာ ကျွန်မ စဉ်းစားလို့ မရဘူး။ အထူးသဖြင့် အောက်ကတယောက်ပါ။

MaMa said...

((((((( ကျောင်းသာတပ်မတော်ကို ၀င်တုန်းက လက်နက်ကိုင်တော်လှန်ရေးကိုလုပ်ဖို့မ ဟုတ်လား ငယ်နိုင်ရဲ့  စစ်မှာမတရားတယ် တရားတယ် မ၇ှိဘူး စစ်ဆိုတာ လက်နက်ကိုင် တိုက်နည်း ပျောက်ကြားနည်း ဆိုတာ ၇ှိတယ် ရန်သူကို ခံစစ်မှာပဲ စောင့်နေတဲ့ခေတ် ကုန်သွားပြိ။ မင်းလို ပညာလေးသင်ပြီး လင်နဲ့ အေးဆေး နေတဲ့ သူရဲ့ကွန့်မန့်ကကော အမှန်တ၇ားလို့ ပြောနိုင်ပါသလား။ စောစောစီးစီး အခွင့်ေ၇းလေးရတုန်း တတိယ နိုင်ငံကိုထွက်ပြေး အခွင့်ေ၇းယူနေသူတွေစကားတွေကို လေထဲကစကားတွေလို့ ပဲယူဆတယ်။)))))))

ကျွန်မကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားတာကိုတော့ ထားလိုက်တော့ ကျွန်မကို mama ထင်ချင်သလို ထင်နိုင်ပါတယ်။ ကျွန်မဟာ သိပ်အလုပ်များသူ တယောက်ဖြစ်လို့ အချိန်ကုန်ခံပြီး ဖြေရျင်းနေမှာ မဟုတ်ပါဘူး။ ကျွန်မ ABSDF မှာ ဘာလုပ်ခဲ့တယ်ဆိုတာ အတူလုပ်ခဲ့ဖူးတဲ့ လုပ်ဖေါ်ကိုင်ဘက်တွေသိပါတယ်။ အခုဘာလုပ်တယ်ဆိုတာ ABSDF, Australia Branch က လူတွေ သိပါတယ်။ mama သိဖို့မလိုဘူး။ ဒါပေမဲ့ mama သိဖို့လိုတာက လက်နက်ကိုင် တော်လှန်ရေးဆိုတာ ဒီလို မဆီမဆိုင် အရပ်သားတွေကို ဗုံးခွဲသတ်တာ မဟုတ်ဘူး၊ ဒီလို လူမဆန်တဲ့နည်းနဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးအတွက်ဆိုပြီး မတရား လုပ်လို့မရဘူးဆိုတာတော့ mama သိဖို့၊ လေ့လာဖို့ အများကြီး လိုအပ်ပါတယ်။

ဒီလို ပြောလိုက်လို့ ကျွန်မကို ပြောလို့ နာပြီး ပြန်ပြောတယ် မထင်ပါနဲ့။ ပုထုစဉ်ပဲ ကိုယ့်ကို ထိရင် ဘယ်သူမဆို နည်းနည်းတော့ မကျေမနပ် ဖြစ်မှာပေါ့။ ဒါပေမဲ့ ကျွန်မ အခုပြောတာ မကျေနပ်မှုက အဓိကမဟုတ်ဘူး စိုရိမ်မှုက အဓိကပါ။ ဘာကိုစိုးရိမ်တာလဲဆိုတော့ mama ရဲ့ မှတ်ချက်က ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ကျောင်းသားတပ်မတော်ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ထိခိုက်နေလို့ မမအပါအ၀င် မသိသူအားလုံးက ဒီမိုကရေစီလူ့အခွင့်အရေး၊ လက်နက်ကိုင်တော်လှန်ရေးကို ထင်ယောင်ထင်မှား ဖြစ်မှာကို စိုးရိမ်ပြီး ထောက်ပြတာသာ ဖြစ်တယ်။

ဒီပို့စ်ကို ဒေါက်တာလွမ်းဆွေက တင်တဲ့အတွက် ကိုယ်တိုင်ရေး အာဘော် မဟုတ်ရင်တောင်မှ ဒီပို့စ်ကို တင်ပြီး ပေးချင်တဲ့ Message အတိုင်းမဟုတ်ဘဲ တလွဲချော် ထင်နေ ရေးနေတာမျိုး ဖြစ်နေရင် ဒေါက်တာလွမ်းဆွေအနေနဲ့ တည့်မှတ်ပေးဖို့ တာဝန်ရှိတယ်လို့လည်း ကျွန်မ အကြံပြုချင်ပါတယ်။

Unknown said...

နဝတ ပြုတ်ရေးအတွက် အဏုမြူဗုံး ကြဲမှရမယ်ဆိုရင်လဲ အပြတ်ထောက်ခံပါတယ်။

Unknown said...

သဘောမတူသူများ ဗုံးဖောက်တာကို ရှုံ့ချသူများက တခြားနည်းလမ်းများရှိရင် အကြံပေးကြပါ။

Unknown said...

ဂျောက်ဂျက် မင်းစောက်ခွက်က အောက်စက်လောက်တောင်တန်ဘိုးမရှိတဲ့ကောင် ကြောက်တတ်ရင် ဂေါက်လပ်ကိုမသွားနဲ မယားနဲ့ဘဲအိပ်နေပါ စိတ်ပါရင် လိတ်စာရေးပေးပါလား ခွေးသားရေ ဒို့ ကအကြွေးမထားဘူး မင်းတို့  ဖေါ်လံဖါးတွေ အော်သံကြားချင်တယ် အမလေးဗျလို့ 

Unknown said...

သတိထား
လက်ပါတ်နီနီ ၀တ်ခါကြွားတော့ လမ်းမပေါ်မှာသေလိမ့်မယ် စစ်တတ်ခိုင်းလို့  ပြည်သူကိုရိုက် ဒီလူမိုက်တွေ သေကြကွယ်၊
သတိဆွဲကာ ဆရာခေါ်လို့ ဖေါ်လံဖါးတွေ သေအုံးမယ် ၊
ဘယ်သူကြိုက်ကြိုက်မကြိုက် ငါတို့ ကတော့ခိုက်
ချပါချပါမောင်တို့ ရာ ဒါမှပွဲစည်မှာ ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
KHIN

အခြောက်တွေလုပ်တဲ့ အလုပ်ကို. . .သဘောမတူပါဘူး။ ရှုံ့ချပါတယ်။ တခြားနည်းလည်း အကြံပေးပါမယ်။ စစ်တပ်တို့ ရဲစခန်းတို့မှာ သွားဖေါက်ပါ။ ဒီထက်ပိုပြီးအကြံကောင်းလိုချင်သပဆိုရင် ဗုံးအင်္ကျီဝတ်ပြီး ဦးသန်းရွှေကို ပြေးဖက်လိုက်ပါ။ ကိုယ်ကိုကိုထိမှာ ကြောက်လို့.. အရမ်းလုပ်ရလွယ်တဲ့ လူထုကို တိုက်ခိုက်တာ.. အခြောက်တွေအလုပ်ပါ။ ငါလိုချင်တဲ့ ဒီမိုဝါဒကို မတောင်းဆိုရကောင်းလာဆိုပြီး.. ဗုံးခွဲသတ်ခွင့်မရှိပါ။ ငါမကြိုက်တဲ့ နအဖကို လမ်းပေါ်မှာ အသေခံပြီးဆန္ဒမပြရကောင်းလားဆိုပြီး ဗုံးခွဲသတ်လျှင် လူမဆန်ပါ။ ခင်ဗျားတို့က စစ်တပ်ကိုဖေါက်ရင်.. ပြစ်သတ်ခံရမှာစိုးလို့ မဖေါက်ရဲဘူးဆိုရင်… ဘာကြောင့် လူထုကို ဗုံးခွဲသတ်ချင်ရတာလဲ? ဖြေရဲလား?

စစ်ဗိုလ်တွေလို မျက်ရည်ကျမပြပဲ.. ဗုံးခွဲမှုကိုဆန့်ကျင်တဲ့
မဟာမြန်မာဝါဒီသခင်ကြီး ★ဆရာဇော်မျိုး★

aye said...
This comment has been removed by the author.
Unknown said...

စစ်တပ်နဲ့ ရဲကိုမှ တည့်တည့်ခွဲလိုက်တာလေ
ယူနိဖောင်းအလောင်း မြင်မှာစိုးလို့ မဏပ်စင်အောက်
ထိုးသွင်းခဲ့တဲ့အလောင်းများ တွေလိုက်သူတွေ ရှိပါတယ်။
သေသူများက မယက စည်ပင်နဲ့  စစ်တပ်က ကောင်များ တမြိုနယ်လုံးက ရဲ များ လက်ပတ်အနီဝတ်ထားတဲ့
ရယကများ သေသူ အနည်းလေ ၂၀ကျော်တယ်ဆိုတာ
ဆေးရုံမှတ်ချက်အရသိရတယ်
အထိနာသွားလို့ အပြစ်မဲ့လူထု အပြစ်မဲ့လူထုလို့
အော်နေရတာ တက်နင်းလို့ခလုပ်တိုက်လို့ ဒဏ်ရာရသူတွေလည်းရှိချင်၇ှိပေမပေါ့။
ကမြင်းထတဲ့သူေ၇ှဆုံးကနေရာဦးသူလည်း
ဒဏ်ရာရချင်ရပေမပေါ့ သူတို့ခမျာ ရင်နာနေရပြီ
နာရေးကြော်ငြာတောင် မထည့်ရဲ တဲ့အဖြစ်
အလောင်တွေ နှစ်မကူးစေဖို့အမြန် မီးရှို ရနဲ့ သနားစရာပေါ့ ဇော်ခွေးမျိုးရယ်
မဆီမဆိုင် ဒီမိုကရေစီအင်အားစုဆိုသူများက လေသံဖမ်းပြိး တရားနာ ဆုတောင်း ဖယောင်းတိုင်ထွန်း ငြိမ်းချမ်းရေးတရားဟော
ဝမ်းနည်းနေလိုက်ကြတာ ဆရာကြီး ဆရာမကြီးလို့ လေသံဖမ်းသူက ဖမ်း နဲ့ စောက်မြင်ကတ်ပုဒ်မနဲ့ခင်ဗျားတို့ပါ မသာထပ်ပေါ်နေအုန်းမယ် သိတ်ပြီး ငြိမ်းချမ်းချင်ရင်
မြန်မာပြည်ပြန် ပြီး ဂန္ဒီကြီးလို ကျင့်ကြံပါလား
ဘာလို့ နိုင်ငံခြားမှာနေပြီး ကိုယ့်စီးပွားကိုယ်ရှာနေရတာလဲ အချိန်မရှိတာတော့ နားလည်ပါတယ် ကျွန်လိုလုပ်နေရတာကို

Unknown said...

Khin
အဆိုကို သဘောတူတယ်ဗျို့ ။
သူတိုအားလုံးသာပြုတ်မယ် ဆိုရင် ကျနော်လည်း
ဗုံးကြဲခံလိုက်ချင်တယ် ။
သတ္တိရှိလို့ လုပ်သူကလုပ်ပြီးပြီး
ကျနော်တို့ ထောက်ခံရမှာပဲ
ကိုယ်တောင်မလုပ်နိုင်တဲ့ကိစ္စ
သေသူတွေကို ကြည့်ပါလား
သူတို့အဖေတွေကျနေတာပဲ
ဒါတွေနဲ့သေချာ သုံးသပ် ဆုံးဖြတ်နိုင်တဲ့ ဦးနှောက်တွေ
မရှိပဲ သူတို့ကိုကျွန်လို့
ခိုင်းစားနေတဲ့ နိုင်ငံတွေရဲ့ ဒီပလိုမေစီတွေကို
နားထောင်ရင်း ဒီမိုကရေစီနဲ့ဒီပလိုမေစီ မှားပြီး
ဝမ်းနည်းကြောင်း ဆန်ကျင်ကြောင်းတွေ
ပြောဆို လုပ်နေကြတာ
ယိုသူမ၇ှက် မြင်သူရှက်တယ်

Unknown said...

သခင်မျိုး...
ကိုထင်ကျော်..ဦးအုန်းသန်း...မမီးမီး..စုစုနွေး..တို့နဲ့ တခြားဆန္ဓပြသူတွေကို ရိုက်နှက်ပြီး ကားပေါ်အတင်းဆွဲတင် ဖမ်းဆီး သွားတဲ့ ဗီဒီယိုတွေ ကြည့်ဖူးရင်..."ပြည်သူလူထု"..ဆိုတာအမျိုးမျိုးရှိတယ်လို့
သိသင့်တယ်။ Uniform မ၀တ်တဲ့ ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေကို "အပြစ်မဲ့ပြည်သူ"စာရင်းထဲထည့်မလား။ စစ်တပ်ကအငြိမ်းစားပေးပြီး ဌာနဆိုင်ရာတွေမှာ
ဝင်လုပ်နေတဲ့ အရာရှိုအရပ်ဝတ်တွေကကော "ပြည်သူ"စာရင်းထဲမှာ ပါသလား။ တေဇတို့..Max ဇော်ဇော် တို့လိုလူတွေကကော ပြည်သူလူထုစာရင်းထဲပါသလား။ အဲဒီလိုလူတွေကိုရှောင်ပြီး ဗုံးခွဲရမှာလား။
တခြားနိုင်ငံကခေါင်းဆောင်တွေလို ပြည်သူတွေနဲ့ရောနှောပြီး လက်ဆွဲနူတ်ဆက်တာမျိုး သန်းရွှေ လုပ်ရဲတဲ့တနေ့ မှာ သူ့ကိုဖက်ပြီး အသေခံမဲ့ တကဲ့ သခင်မျိုးဟေ့ဒို့Sucide Bomber တွေအများကြီးပေါ်ထွက်လာမယ်ဆိုတာသိထားပါ။
"အခြောက်" ဆိုတာ "လူသားတဦး" ဆိုတဲ့ Human Rights ကိုနားလည်သလား။ လူသားအချင်းချင်းမစော်ကားသင့်ပါ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
ကိုThaung

“ကိုထင်ကျော်..ဦးအုန်းသန်း...မမီးမီး..စုစုနွေး..တို့နဲ့ တခြားဆန္ဓပြသူတွေကို ရိုက်နှက်ပြီး ကားပေါ်အတင်းဆွဲတင် ဖမ်းဆီး သွားတဲ့ ဗီဒီယိုတွေ ကြည့်ဖူးရင်” ဆိုတဲ့စကားဟာ ချဲ့ကားပြောထားတာပါ။ ဘာဖြစ်လို့ လိမ်ညာပြောချင်ရတာလဲ? အဲလိုလိမ်ညာတော့.. တခြားလူတွေက မသိပဲနေမှာလား? စက်တင်ဘာအရေးအခင်းဖြစ်စမှာ ကားပေါ်ဆွဲတင်တာပဲရှိတယ်။ ဘယ်သူတစ်ကိုမှ မရိုက်နှက်ပါဘူး။ ကားပေါ်ဆွဲတင်တာလေးတောင် ခံစားချက်ပြင်းထန်နေရင်. . . ဗုံးထိပြီးသေသွားတဲ့သူတွေရဲ့ မိသားစုတွေနဲ့ .. ဒဏ်ရာရတဲ့သူတွေက … ခင်ဗျားတို့ကို ဘယ်လောက်အထိ စိတ်နာမလဲဆိုတာ စဉ်းစားကြည့်ပေါ့။

ကျုပ်ကတော့ ခင်ဗျားတို့လို နအဖဆိုးတာနဲ့ ဒီမိုဝါဒကို ကောင်းတယ်လို့ လက်မခံပါဘူး။ ဒီမိုဝါဒက ကောင်းလွန်းလှပြီဆိုပြီးပြောနေတဲ့ propaganda တွေကို ခင်ဗျားပဲမျက်ကန်းယုံပါ။ ဒါပေမယ့် . . ကျုပ်လို ဒီမိုဝါဒကို စိတ်မ၀င်စားသူတွေကို နအဖကို လမ်းပေါ်မှာ အသေခံဆန္ဒမပြရကောင်းလားဆိုပြီး…. အတင်းဆန္ဒပြအောင်လုပ်တယ်ဆိုရင် … လူကျင့်ဝတ်အရ လက်ခံသင့်လား? လူဆိုတာ.. စောင့်ထိမ်းမှုလေးတော့ ရှိရပါတယ်။ ငါဖြစ်ချင်တာ ဖြစ်ဖို့ပဲအလေးထားမယ်.. ဘေးလူတွေ.. သေကျေဒဏ်ရာရတာကို ဂရုမစိုက်ဘူးဆိုတဲ့ စိတ်မျိုးက.. လူလို့တောင်မခေါ်ထိုက်ပါဘူး။ ခင်ဗျားလိုစိတ်ထားနဲ့ . . နအဖကို ဝေဖန်နေတော့ … စာဖတ်တဲ့သူတွေအတွက် ရယ်စရာဖြစ်နေပါတယ်။

လေးစားလျှက်
ဇော်မျိုး

Unknown said...

ဖိုးလပြည့်နဲ့ စစ်ဘက် ရဲဘက်ဆိုင်ရာ ပုဂ္ဂိုလ် များကို ရည်ရွယ်တိုက်ခိုက်တယ် ဆိုတဲ့အကြောင်း နောက်ဆုံး သတင်းတွေအရ သိလိုက်ရပြိ ဆိုတော့ ပိုပြိး ရှင်းလင်းပြီး
ထင်သာမြင်သာဖြစ်ခဲ့ရပြီလို့ ပြောလို့ရပါပြီ။
သနားစရာမြန်မာတွေကတော့ အားအားရှိ ဆုတောင်း
ဝမ်းနည်းနေတာတွေကိုလည်း တွေ့ ရတော့
သူတို့ဟာ ဒီလို လုပ်မှ ခေတ်မှိတယ် ထင်လို့လားလို့
စဉ်းစားမိနေပါတယ်။ကျွန်စိတ် ပေါက်နေလို့ မိမိ ဖာသာ
သခင်ဖြစ်ကြောင်း ကိုယ့်ဖာသာ အားပေးနေတဲ့ စိတ်ဝေဒနာ
ရှင် သခင်မျိုးဟေ့ တို့ငကြောင် ကလည်း ကွန်မန်တွေထဲမှာဖောက်ဖောက်ပြီး လာရေးနေတော့ ဒံပေါက် ထဲမှာ မစင်ပါလာသလို ဖြစ်နေပါတယ်။ တနင်္သာရီတိုင်းက ချုံတိုးအီးပါ ဘ၀ကနေ လာရတဲ့ မမငယ်တယောက်ကလည်း
မမြင်ဘူး မတွေ့ ဘူးတာတွေကို တွေ့  မနေထိုင်ဘူး တဲ့ နိုင်ငံတွေရောက်ပြီးယဉ်ယဉ်လေးနဲ့ သွက်သွက်ခါအောင်
ဘ၀င်ရူးလေး ရူးနေတော့ ခွင့်လွတ်နေရတယ်
သူကိုတော့ ငပိဆေးလေးကျွေးမှ ဘ၀ဟောင်းကို ပြန်ပြန်သိနေတယ် ပိရှာ ပိထောင်းလေးပေါ့။
ဘာပဲ ဖြစ်ဖြစ်တော့ သေခါနီး ရဲတွေ သူများကို နှိပ်စက်တာပဲ ရှိတော့ ဗုံးကွဲတဲ့အချိန် လန့်ဖြန်ပြီး အဘ
အဘနဲ့တောင် ဂယောင်ခြောက်ခြားတွေ အော်နေကြတယ် ဆိုပဲ ဖိုးလပြည့်လေးလည်း ကြောက်လို့ ပြေးဆိုတော့ ဒီသင်္ကြန်ပွဲကတော့ ဘ၀သင်္ခန်းစားတွေကိုပေးလိုက်တယ်လို့ ယူဆမိပါတော့တယ်

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
ကြာကူလီတပည့်Ma Ma

ဘာမှမပူပါနဲ့ကွာ။ အဓိက ကိုယ့်ဖာသာ ဘာလူမျိုးလည်းဆိုတာ ထုတ်ပြောရဲတဲ့ သတ္တိုလေးတော့ရှိအောင် ကြိုးစားပေါ့။ မြန်မာဒီမိုဆိုပြီး ဟန်ဆောင်မပြောနဲ့လေ။ ကျွန်ကုလားက.. ကျွန်ကုလားပဲပေါ့။ လောကမှာ.. ဗုံးပေါက်၊ စစ်ဖြစ်၊ အဓိကရုဏ်းဖြစ်တိုင်း ကျက်သရေတစက်မှ မရှိတဲ့ ကျွန်ကုလားတွေနဲ့ ကင်းလှတာ မဟုတ်ပါဘူး။ ဒို့မြန်မာတွေ သေတော့.. မင်းတို့ ကျက်သရေတုံး ကျွန်ကုလားတွေ ပျော်မြူးတာ မဆန်းပါဘူး။ (ဒါပေမယ့် နေ့စဉ်နဲ့ အမျှအသေဆိုးနဲ့ သေနေတာ ကျွန်ကုလားတွေချည်းပါကွာ) နအဖက အတိုက်အခံလုပ်တယ်ပြောတယ်။ အတိုက်အခံက နအဖလုပ်တယ်ပြောတယ်။ တချို့ကလဲ ကျွန်ကုလားတွေလို့ပြောနေတယ်။ ဟဲဟဲ.. မင်းတို့ လုပ်တယ်ဆိုတဲ့ သတင်း အတိအကျ မပေါ်ပါစေနဲ့ဆုတောင်းထားနော်။ မြင့်မြတ်တဲ့ မြန်မာ့မြေပေါ် မွတ်ဆလင်နေ့ချင်း.. ညချင်းပျောက်ကွယ်သွားလိမ့်မယ်။ သနားလို့ သတိပေးတာပါ။


မြင့်မြတ်သည့်ငါတို့ မြန်မာ့မြေပေါ်တွင် ယုတ်ညံ့သည့် မွတ်ဆလင်ဝါဒမရှိစေရ
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

Nge Naing said...

Mama, ဒီမိုကရေစီ ဘက်တော်သားအဖြစ် အမည်ခံထားရင် မလိုအပ်တာတွေ သိပ်ထပ်မပြောစေချင်ဘူး။ အရင်ပြောထားတာတွေတောင် တော်တော်လေး သက္ခာကျနေပါပြီ။ သိပ်ကို ရိုင်းစိုင်းတဲ့ အမူအရာနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ဘဲ တတ်တာ လူတယောက်ရဲ့ Personality နဲ့ပဲ ဆိုင်ပါတယ်။ ဒီမိုကရေစီအရေး လူ့အခွင့်အရေးသမားတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာကို စာဖတ်သူတွေ ခန့်မှန်းတတ်ပါစေလို့ပဲ ဆုတောင်းရမယ်ထင်တယ်။

((((((တနင်္သာရီတိုင်းက ချုံတိုးအီးပါ ဘ၀ကနေ လာရတဲ့ မမငယ်တယောက်ကလည်း
မမြင်ဘူး မတွေ့ ဘူးတာတွေကို တွေ့  မနေထိုင်ဘူး တဲ့ နိုင်ငံတွေရောက်ပြီးယဉ်ယဉ်လေးနဲ့ သွက်သွက်ခါအောင်
ဘ၀င်ရူးလေး ရူးနေတော့ ခွင့်လွတ်နေရတယ်
သူကိုတော့ ငပိဆေးလေးကျွေးမှ ဘ၀ဟောင်းကို ပြန်ပြန်သိနေတယ် ပိရှာ ပိထောင်းလေးပေါ့။))))))

ပို့စ်နဲ့ မဆိုင်ပေမဲ့ ကျွန်မကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့ ဒါလေးကိုတော့ ကျွန်မ စိတ်ဝင်စားလို့ မမလည်း ဗဟုသုတရအောင် နည်းနည်း ပြောပြချင်ပါတယ်။ တခြား မဆိုင်သူတွေ စိတ်အနှောင့်အယှက် ဖြစ်ရရင်တော့ တောင်းပန်ပါတယ်။ ကျွန်မက အိမ်နားက စားသောက်ဆိုင်တွေမှာ အနောက်တိုင်းစားစရာ တွေ ဈေးချိုချိုနဲ့ အချိန်မရွေး ၀ယ်စားလို့ ရပေမဲ့ အခုထိ ငပိ၊ တို့စရာ (ဟင်းသီးဟင်းရွက် အကျက်၊ အစိမ်း)၊ ဟင်းချို (သို့) သီးစုံအချဉ်ဟင်း၊ ငါး (သို့) ပုဇွန် အကင်နဲ့ ထမင်းကိုပဲ နေ့တိုင်း အချိန်ကုန်ခံပြီး ချက်စားတယ်။ အဲဒါတွေပဲ ကျန်းမာရေးနဲ့ ညီညွတ်တယ်။ Mama ထင်တာ နိုင်ငံခြား ရောက်နေလို့ ဆိုပြီး ကိုယ့်စိတ်နဲ့ နှိုင်းပြီး ပီစာ၊ ဘာဂါ၊ စပါဂစ်တီ၊ hot chip နေ့တိုင်းစားနေတယ် ထင်ပုံရတယ်။ တခါတလေ သွားရေစာအဖြစ်ပဲ စားပါတယ်။ ဒါက ကျန်းမာရေးနဲ့ ညီညွတ်အောင် မမလည်း စားချင်ရင် စားလို့ရအောင် ကျွန်မ တမင်ရေးပေးတာ ဖြစ်တယ်။

နောက်တခု ကျွန်မ တနင်္ဂင်္သာရီတိုင်းမှာ မှမဟုတ်ဘူး ချုံတိုးပြီးအီးပါလာတာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်တွေအထိ တောက်လျှောက်ပါပဲ။ ရှေ့တန်းသွားရင် (သို့) စခန်းအတည်တကျ မရှိသေးခင် ဒီပြဿနာကို ကျားကျားမမ ဒီလိုပဲ ဖြေရှင်းရတယ်။ ကျွန်မက ဒီမိုကရေစီရေးအတွက် ပြည်တွင်းမှာ ကျောင်းသားသမဂ္ဂ၊ နယ်စပ် ABSDF မှာ အဲဒီလိုချုံတိုး အီးပါပြီး သွားမှ ရောက်တဲ့ ရှေ့တန်း စစ်မြေပြင် ပြောက်ကျားတိုက်ပွဲတွေကနေ ကမ္ဘာ့အမြင့်ဆုံး လူ့အခွင့်အေရေးအတွက် တိုက်ပွဲဝင်ရာနေရာ ဂျီနီဗာ လူ့အအခွင့်အရေး ကော်မရှင်မှာ သံတမံရေးရာ တိုက်ပွဲ ၀င်တဲ့အထိ ပါဝင်ခဲ့ဖူးပါတယ်။ ဒါကြောင့်မို့ မမတို့လို တခုတည်းလုပ်ဖူးပြီး (သို့) ဘာမှ မလုပ်ဖူးဘဲ ကိုယ်လုပ်တဲ့ တခုပဲ မှန်တယ်၊ သူများလုပ်နေတာ အကုန်မှားတယ်ဆိုပြီး အစွန်းရောက်တဲ့ သဘောထား ကျွန်မမှာ မရှိဘူး။ ပြည်တွင်းမှာ တိုက်နေတဲ့တိုက်ပွဲ၊ နယ်စပ်က လက်နက်ကိုင်တပ်တွေရဲ့ ရှေ့တန်းပြောက်ကျား တိုက်ပွဲနဲ့ UN နဲ့ နိုင်ငံတကာမှာ တိုက်နေတဲ့ သံတမံအသိုင်းအ၀ိုင်းကြားမှာ သွားတိုက်ရတဲ့ လူ့အခွင့်အရေး lobby တိုက်ပွဲအားလုံးကို တမျိုးစီ အရေးကြီးတယ်ဆိုတာ ကျွန်မ နားလည်တယ်။ ဒါကြောင့် ကိုယ်လုပ်တာ၊ ကိုယ်ထင်တာပဲ မှန်တယ်လို့ မတွေးဘဲ အရာအားလုံးကို Critical Thinking ရှိရှိ လက်တွေ့ကျကျ စဉ်းစားပြီး ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးကို အကျိုးရှိအောင် အသုံးချဖို့ Mama ကို အကြံပြုလိုတဲ့အတွက် အခုလို မှတ်ချက် ရှည်ရှည် ပြန်ရေးလိုက်ပါတယ်။

Unknown said...

ငယ်နိုင်ဆိုတဲ့ အမျိုးသမီးရေ
မင်းရဲ့ မှားယွင်းချက်က ဆောင်းပါးရှင်ရေးတာ ခံစားမူ ဖြစ်တယ် ဆိုတဲ့အထိ လက်ခံပါတယ် အမှန်တရား မဟုတ်ဘူးလို့ ဆိုတာကတော့ အတွေးတိမ်တိမ် စဉ်းစားတဲ့
မင်းအတွက် သင်္ခန်းစာပေးသင့်တယ်လို့ ယူဆမိတယ်အတွက်
ရေးနေရတာပါ ။ ထပ်ေ၇းနေရရင် မငးရဲ့ကြွားလုံးတွေပဲ ကြားနေ၇လွန်းလို့ေ၇းချင်စိတ် ကို ကမ်းကုန်ပါတယ်။
မင်းအကြောင်းကို မသိပဲ ရေးသူမဟုတ်ဘူးလို့လည်း
ပြောလိုက်ပါရစေ။မင်းလိုပဲ တိုက်ပွဲထဲမှာပါဘူးတဲ့
အမျိုးသမီးတွေများစွာ ရှိပါတယ် မင်းလိုတော့အကြွားမထူကြပါဘူး။
မင်းေ၇း သလို တိုက်ပွဲတိုင်း မှာ ပုံသဏန်မျိုးစုံ ရှိတယ်
ဆိုတာလက်ခံရင် သူများတွေ ရဲ့ လုပ်ရပ်တွေ မစော်ကားဖို့ သတိပြုပါ ။ ကိုယ့်အယူအဆမှ မှန်တယ် ဆိုတဲ့ အ ယူအဆက မင်းရဲ့ အရေးအသားတိုင်းက ပြသနေတယ်။ သိအောင်ပြောလိုက်အုန်းမယ် ကမ္ဘာတ၀ှမ်းမှာ အကြမ်း ဖက်မူတိုက်ပွဲကို အကြမ်းဖက်မူ တိုက်ဖျက်ရေးတိုက်ပွဲနဲ့ နှိမ်နင်းနေကြတယ်။၂ဖက်လုံးကတော့အကြမ်းဖက်နေကြတာပဲ လေ။
အမေရိကန်က အစ ။ ဒါ ပေမဲ့လည်း ၂ဖက်လုံးက တော့
ကိုယ့်တော်လှန်ရေးကို ကိုယ့်ဆင်နွဲတာပဲ ။ ၉၊၁၁ ဖြစ်တယ် အမေ၇ိကန်စီပွားပျက်အောင်လုပ်ပစ်တယ် အကျိုးဆက် အကြမ်းဖက် တိုက်ဖျက်ရေးလုပ်တယိုဆိုတယ် အာဖဂန်အနှံ့  ဗုံးကြဲဖြစ်တယ် ဒါတွေက သူတို့ယုံကြည်ရာတိုက်ပွဲတွေနဲ ရန်သူကို ချေမှုန်းကြတာပဲ ။အာဏာရှင် အုပ်ချုပ်တဲ့ အီရတ်မှိာုဟူစိန်ကို မိပြီး နေတိုင်းဗုံးကွဲတယိုလူအခွင့်ေ၇းအော်နေတဲ့ အမေရိက န်တွေ လည်း အိရတ်အမျိုးသမီးတွေကို ဆိုးဆိုးဝါးဝါး အဓမ ပြုကျင့်တာတွေလုပ်တယ် စစ်မှာ တရားတာမတရားတာ မရှိဘူး ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး တိုက်ပွဲတွေကို ပုံဖော်တယ်
ဘယ်သူမှားတာယ် မှန်တယ် ပြောလို့မရဘူး ဒီတော့ ပြောချင်တာ မင်း ဗဟုသုတတွေကိုများများ ရှာဖွေပါ ။

Unknown said...

ပြောက်ကျားနည်းအကြောင်းလေးး ထပ်လေ့လာပါ
တောတွင်းမှာပဲ ခံစစ် ရှောင်စစ် ပြေးစစ်တွေနဲ့ အချိန်ကုန်မနေပဲ ပြည်တွင်းက ရန်သူတွေ ရန်သူဒေါက်တိုင်တွေ
ရန်သူအားပေးတွေ ရန်သူစိးပွားတွေ ကို ပြောက်ကြား
နည်းနဲ့တိုက်တာကိုတော့ မြိုတွင်းပြောက်ကျား တိုက်ပွဲလို့
ခေါ်ပါတယ် လွတ်လပ်ရေးမရခင်က တိုက်ပွဲတွေ အမေရိကန်ကိုတိုက်ခဲ့တဲ့ ဗီယက်နမ်တိုက်ပွဲတွေ
ကျူးဘားတော်လှန်ရေး တရုပ်တော်လှန်ရေးတွေကို
လေ့လာပါ မြန်မာတိုင်းရင်းသားနယ်မြေ
အသီးသီးက ရွာမိးရှို့
မဒိန်းကျင့် ပေါတာဆွဲ နို့စိုကလေးက အစ သတ်ဖြတ်
ထောင်ထဲက နိုင်ငံေ၇းအကျဉ်းသားတွေဆို အသက်အောင်ထိ နှိပ်စက် ဝေးလံတဲ့ထောင်ူတွေ ပို့
နာဂစ်ဖြစ်တဲ့ပြည်သူတွေဆို ထမင်းငတ်လို့သေရဒါတွေက
စစ်အစိုး၇ကြောင့်ကွ
ဒါတွေကို မင်းရဲ့သံတမန်တိုက်ပွဲတွေနဲ့ တိုက်လိုရသလောက်တိုက်ပါ သူများ တိုက်ပွဲတွေကို မစော်ကားဖို့တော့ မင်းပါးစပ်က စည်းကမ်းရှိဖို့တော့လိုအပ်ပါတယ်

Kyaw Zin said...

ဗျိုးးးးးးးးး။
ကိုဝီကိုလျှံကိုသာကိုဂိ နဲ့ ကိုတင့် တို့ဘယ်ရောက်နေ့ကလဲ ဗျိုးးးးးးးးးးးးးးးး။
ခင်ဗျားတို့မှတ်ချက်တွေ့ကားချင်လိုက်တာ

Kyaw Zin said...

အဲ Bravo့ ကီးလဲပါသပေါ့။

Unknown said...

ငယ်နိုင်ဆိုတဲ့ အမျိုးသမီးရေ
မင်းရဲ့ မှားယွင်းချက်က ဆောင်းပါးရှင်ရေးတာ ခံစားမူ ဖြစ်တယ် ဆိုတဲ့အထိ လက်ခံပါတယ် အမှန်တရား မဟုတ်ဘူးလို့ ဆိုတာကတော့ အတွေးတိမ်တိမ် စဉ်းစားတဲ့
မင်းအတွက် သင်္ခန်းစာပေးသင့်တယ်လို့ ယူဆမိတယ်အတွက်
ရေးနေရတာပါ ။ ထပ်ေ၇းနေရရင် မငးရဲ့ကြွားလုံးတွေပဲ ကြားနေ၇လွန်းလို့ေ၇းချင်စိတ် ကို ကမ်းကုန်ပါတယ်။
မင်းအကြောင်းကို မသိပဲ ရေးသူမဟုတ်ဘူးလို့လည်း
ပြောလိုက်ပါရစေ။မင်းလိုပဲ တိုက်ပွဲထဲမှာပါဘူးတဲ့
အမျိုးသမီးတွေများစွာ ရှိပါတယ် မင်းလိုတော့အကြွားမထူကြပါဘူး။
မင်းေ၇း သလို တိုက်ပွဲတိုင်း မှာ ပုံသဏန်မျိုးစုံ ရှိတယ်
ဆိုတာလက်ခံရင် သူများတွေ ရဲ့ လုပ်ရပ်တွေ မစော်ကားဖို့ သတိပြုပါ ။ ကိုယ့်အယူအဆမှ မှန်တယ် ဆိုတဲ့ အ ယူအဆက မင်းရဲ့ အရေးအသားတိုင်းက ပြသနေတယ်။ သိအောင်ပြောလိုက်အုန်းမယ် ကမ္ဘာတ၀ှမ်းမှာ အကြမ်း ဖက်မူတိုက်ပွဲကို အကြမ်းဖက်မူ တိုက်ဖျက်ရေးတိုက်ပွဲနဲ့ နှိမ်နင်းနေကြတယ်။၂ဖက်လုံးကတော့အကြမ်းဖက်နေကြတာပဲ လေ။
အမေရိကန်က အစ ။ ဒါ ပေမဲ့လည်း ၂ဖက်လုံးက တော့
ကိုယ့်တော်လှန်ရေးကို ကိုယ့်ဆင်နွဲတာပဲ ။ ၉၊၁၁ ဖြစ်တယ် အမေ၇ိကန်စီပွားပျက်အောင်လုပ်ပစ်တယ် အကျိုးဆက် အကြမ်းဖက် တိုက်ဖျက်ရေးလုပ်တယိုဆိုတယ် အာဖဂန်အနှံ့  ဗုံးကြဲဖြစ်တယ် ဒါတွေက သူတို့ယုံကြည်ရာတိုက်ပွဲတွေနဲ ရန်သူကို ချေမှုန်းကြတာပဲ ။အာဏာရှင် အုပ်ချုပ်တဲ့ အီရတ်မှိာုဟူစိန်ကို မိပြီး နေတိုင်းဗုံးကွဲတယိုလူအခွင့်ေ၇းအော်နေတဲ့ အမေရိက န်တွေ လည်း အိရတ်အမျိုးသမီးတွေကို ဆိုးဆိုးဝါးဝါး အဓမ ပြုကျင့်တာတွေလုပ်တယ် စစ်မှာ တရားတာမတရားတာ မရှိဘူး ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး တိုက်ပွဲတွေကို ပုံဖော်တယ်
ဘယ်သူမှားတာယ် မှန်တယ် ပြောလို့မရဘူး ဒီတော့ ပြောချင်တာ မင်း ဗဟုသုတတွေကိုများများ ရှာဖွေပါ ။

Kyaw Zin said...

ကျွန်တော်လား?
နေမကောင်းဘူးဗျ။

Nge Naing said...

Mama

Mama က မရေးချင်ဘူးလို့သာ ပြောတယ် ထပ်ခါတလဲလဲ ဖြစ်နေပြီး ဘာဖြစ်လို့ လိမ်ချင်နေရတာလဲ။
ကြွားတယ်ဆိုတာ အကြွားခံရတဲ့သူထက် သာမှ ကြွားလို့ရတယ်ဆိုတော့ ကြွားတယ်ထင်ရင်လည်း မမတယေက်တည်းကိုပဲ ကြွားတယ်လို့ သဘောထားလို့ရပါတယ်။ အခုလို မမကိုကြွားရခြင်းရဲ့ ရည်ရွယ်ချက်က မမလို ဒုက္ခသည်စခန်းဆိုလည်း ဒုက္ခသည်စခန်း၊ မဲဆောက်ဆိုလည်း မဲဆောက်မြို့ပေါ် တနေရာလေးတည်းမှာ လုပ်ဖူးတဲ့ လက်နက်ကိုင် တော်လှန်ရေးသမားမဟုတ်ခဲ့လို့ ကွက်ကွက်လေးအမြင်နဲ့ ပြောတာမဟုတ်ဘူး၊ မမထက် ပိုပြီး ဘက်ပေါင်းစုံ နည်းပေါင်းစုံ တိုက်ပွဲပေါင်းစုံတွေမှာ ပါဝင်ခဲ့ဖူးတယ်ဆိုတဲ့အကြာင်းကို သိစေချင်တာနဲ့ War and Terror ကိုမကွဲဘဲ ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်း မသိတဲ့ မမ တယောက်တည်းကိုပဲ မလွဲသာမရှောင်သာလို့ ကြွားရခြင်း ဖြစ်ပါတယ်။ ကျန်တဲ့သူတွေ နားကြားကပ်သွားနိုင်မှာကိုတော့ ကျွန်မတကယ်ကို အားနာမိပါတယ်။ ပထမဦးစွာ War and Terror ကို ကွဲပြားအောင် အရင်လေ့လာဖို့ အကြံပြုပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်တာ Terrorist ကို လက်ခံလို့မရဘူး War ကိုပဲ လက်ခံတယ်။ ဒုတိယကမ္ဘာာစစ်ပြီးတဲ့အချိန်မှာ လူ့အခွင့်အရေးဆိုတာ ပေါ်လာပြီး နောက်ပိုင်း စစ်ဆိုတာ တရားတယ်ဆိုပြီး ကိုယ်လုပ်ချင်တာ လုပ်လို့မရတော့ဘူးမမ။ မမပြောတဲ့ ဆွန်ဇူးရဲ့ စစ်အတတ်ပညာထဲက အချက်တွေက ဒုတိယကမ္ဘာစစ် မတိုင်ခင် ရှေးအ၀သဏီ အကြောင်းအရာတွေ ဒါကို အကုန်လုံး ပုံသေယူလို့ မရတော့ဘူး။ လက်ခံထားတဲ့ War မှာလည်း စစ်သုံ့ပန်းပေါ်လစီရှိပြီး Geneva Convention ကို အတိအကျ အတိအကျ လိုက်နာရပါတယ်။ ကျွန်မက လက်နက်ကိုင်တော်လှန်ရေးကို အရင်လုပ်ဖူးတဲ့အတွက် ဆွန်ဇူးရဲ့ စစ်အတတ်ပညာထဲက အကြောင်းတွေကို ကျွန်မက မမထက်အရင် လေ့လာဖူးတယ်ဆိုတာ သဘောပေါက်သင့်တယ်။ ဆွန်ဇူးရဲ့ ပြောက်ကျား စစ်ဆင်ရေးကို ယူလို့ရပေမဲ့ မော်ဆီတုံးရဲ့ အရပ်သားတွေကိုသတ်ပြီး ရန်သူဒေါင့်တိုင်ဖြိုတဲ့နည်းကတော့ ဒေါင့်တိုင် ပြုတ်တာက တချောင်း ပြည်သူသေတာက များများမို့ တကယ့် Terrorist ဖြစ်တယ်။ ဒီလို အရပ်သားတွေကို လက်နက်ကိုင်တွေက အနိုင်ကျင့်ချင်သလို ကျင့်တာကို တရားတယ်လို့ ပြောလို့ရမလား။ Geneva Convention ကို လေ့လာလိုက်ပါ မမ။ ဒီမိုကရေစီ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတယ်ဆိုပြီး ကိုယ်ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖေါက်ရင် အပြောနဲ့အလုပ် ညီပါ့မလား။ အရပ်သားတွေကို စော်ကားချင်ရင် ဒီမိုကရေစီ လူ့အခွင့်အရေးအတွက် လုပ်နေတယ်လို့ မပြောပါနဲ့။ မမ ပြောနေတဲ့ အကြောင်းအရာတွေက မမ လုပ်နေတဲ့ အဖွဲ့အစည်းကို ထိခိုက်နေတယ်။ ဒါကို သတိထားဖို့ ကျွန်မ ပြောတာ။ ဆက်ဆွေးနွေးချင်ရင် ngenaing2008@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။ ဒီမှာ ကျွန်မ ထပ်မပြောချင်ဘူး။

cherry said...

Hee Heee... very good to read.Each other fighting. Who is right or not? Nobody know.I also want to know. So.. have to wait time.

Nge Naing said...

ဟုတ်တယ် Cheery ဒီမိုကရေစီဆိုတာ ဒီလိုပဲ အချင်းချင်း ကြားမှာလည်း ၀ါဒရေးရာတွေကို အပြန်အလှန် ငြင်းခုန်ရပါတယ်။ တယောက်နဲ့တောယက် အမြင်ဆိုတာ ဘယ်လိုမှ ထပ်တူ မကျနိုင်တဲ့အတွက် ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်တာတွေ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ လက်ပါခြေပါ ဒုတ်ဆွဲ၊ ဓါးဆွဲတွေ မဖြစ်စေဘဲ ယဉ်ယဉ်ကျေးကျေးနဲ့ ဒီလိုပဲ ငြင်းခုန်ပြီး အဖြေရှာရပါတယ်။ ဒါသဘာဝပါပဲ။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို စံအဖြစ်ထားရင် အဲဒီစံအတိုင်းပဲ ဖြစ်ရလိမ့်မယ်။ ဒီမိုကရေစီ လူ့အခွင့်အရေး မပါဘူး စစ်အုပ်စု ပြုတ်ကျဖို့အတွက်သက်သက်ဆိုရင်တော့ သူ့အယူအဆနဲ့ သူကိုယ့်အယူအဆနဲ့ကိုယ့်ပဲမို့ အမှန်အမှားကို အတိအကျ ပြောလို့မရပါဘူး။

လူတိုင်းက ကိုယ်လုပ်နေတာကို ကိုယ်မှန်တယ်ထင်ကြပါတယ်။ ဒီမိုကရေစီဆိုတာ တဘက်အမြင်မဟုတ်ဘူး ဘက်ပေါင်းစုံအမြင်ဖြစ်ပါတယ်။ တခြားသူလုပ်တာ မမှန်ဘူးထင်ရင် သူဘာကြောင့် ဒါကို လက်ခံထားတယ်ဆိုတာ နားလည်အောင် လေ့လာရမယ်။ အပြန်အလှန်လေးစား နားလည်နိုင်ရမယ်။ အခု အဲဒီက မှတ်ချက်တွေမှာ မမ လက်ခံထားတာ အာဏာရှင်ပြုတ်ကျဖို့ ဘာပဲလုပ်လုပ် တရားတယ် ဆိုပြီး အရပ်သားတွကို စစ်မြေပြင်မဟုတ်တဲ့ ရပ်ထဲရွာထဲမှာ လက်နက်နဲ့ အနိုင်ကျင့်ပြီး သတ်ဖြတ်တာတွေကို တရားတယ်လို့ ယူဆနေတယ်။ လူ့အခွင့်အရေးကို ထည့်မတွက်ဘဲ စစ်မှာ ဘာပဲလုပ်လုပ် တရားတယ်ဆိုရင် စစ်တပ်လူ့အခွင့်အရေး ချိုးဖေါက်နေတာတွေလည်း တရားတာတွေ ဖြစ်သွားလိမ့်မယ်။ ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတဲ့ တရားမျှတမှု ရှိတဲ့ စံကိုမထားရင် လူဆိုတာ ကိုယ်ထင်တာ ကိုယ်မှန်တယ် ထင်နေကြတော့ လူတိုင်းက တယောက်တမျိုးစီ ဘာပဲလုပ်လုပ် တရားတယ် ဆိုပြီး ထလုပ်ကြတော့မှာပေါ့။ ရန်သူ့ဒေါင့်တိုင်ကို ဖြိုဖို့ဆိုပြီး အပြစ်မရှိတဲ့ အရပ်သွားတွေကို သွားဒုက္ခပေးမိလို့ ဒေါင့်တိုင်တတိုင်မှ ဘာမှ မဖြစ်ဘဲ အကယ်၍များ mama ရဲ့ ဆွေမျိုးတအုပ်လုံးကို မတော်တဆ သွားထိပြီး သေကုန်ရင် ဘယ်လိုလုပ်ခံစားရမလဲ ဆိုတာ တချက်လေး တွေးလိုက်ရင်တော့ ဒီနည်းလမ်းဟာ မကောင်းဘူး ဆိုတာ mama သဘောပေါက်နိုင်လိမ့်မယ်။

ဒါနဲ့ အပေါ်မှာ Kyaw Zin ဆိုတဲ့ နာမည်နဲ့ ရေးထားတဲ့တယောက်က Public Health in Myanmar မှာ စာလာဖတ်နေတဲ့ ဒေါက်တာကျော်ဇင်ဆိုရင်တော့ တိုင်းပြည်တပြည်မှာ အမြင့်မားဆုံးအဆင့် သတ်မှတ်ထားတဲ့ ပညာရေးကို သင်ယူထားပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်နေတဲ့ Health Care Professional တယောက်အနေနဲ့ ပို့စ်နဲ့ ပတ်သက်တာ ဒါမှမဟုတ် ဆွေးနွေးထားတဲ့ အချက်တွေနဲ့ ဆိုင်တာကိုပဲ Professional ဆန်ဆန် ဆွေးနွေးပေးစေချင်ပါတယ်။ Professional တယောက် ဒီလို ပေါတောတော မှတ်ချက်တွေ ၀င်ရေးတာ သိပ်ကို မအပ်စပ်လို့ အပြုသဘောနဲ့ ဆရာ့ကို ကျွန်မ အကြံပြုတာဖြစ်ပါတယ်။ ၀ီလျံသာဂိတို့ ဒေါက်တာတင့်တို့ နာမည်တွေပါနေလို့ ဒေါက်တာ ကျော်ဇင် ထင်ပြီး ပြောတာပါ။ မဟုတ်ရင်တော့ တောင်းပန်ပါတယ်။


ဒီမိုကရေစီ လူ့အခွင့်အရေးအတွက် ဆိုပြီးအမည်သာခံပြီး လက်တွေ့မှာ အဲဒီအတိုင်းမလုပ်ကြသူတွေအတွက် ဘလော့ဂ်မှာ ပို့စ်တခု တင်ထားပါတယ်။ လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။

Unknown said...

တော်ကြတော့
ကြွားတာလည်းတော်(တော်ဆိုတာ ၇ပ်ဖို့ပြောတာနော်)
ဘယ်နှယ့်ကိုယ့်ယုံကြည်ရာ ကိုယ့်လုပ်ကြပေါ့
အလကား သောက်မြင်ကတ်အောင် လာရေးနေကြတယ်
ကိုယ့်အလုပ်ကိုယ့်လုပ်ကြ
မမလည်း သူမေလ်းကိုသာပိုလိုက်တော့
တော်ကြာ ငယ်နိုင် အဆိုအမိန့်များ လေးဘက်သွားဘ၀ကနေ ဆံဖြူ သွားကျိုးအထိ ကိုယ်ရေး အထုတ်ပတ္တီ စာအုပ်ထွက်လာတော့မယ်
ရေးနေတာက ။ တိုက အသုဘ စာရင်းသိချင်တာ
ဒီထဲမှာ ဘယ်ဗိုလ်တွေ ဘယ်ရဲတွေ မယကတွေ ရယကတွေ ဖိနှိပ်ခဲ့တဲ့ကောင်တွေ ခွေးနဲ့ ပေါင်းစားတဲ့
စိးပွားရေးသမားတွေ စာရင်းကို ပြုစုထားတဲ့စာအုပ်ကိုစောင့်နေတာ သောက်ေ၇းမပါတဲ့
အကြောင်းတွေကို မဖတ်ချင်တော့ ဘူး ရပ် ဟူးးးးးး

Unknown said...

နောက်ဆုံးသတင်းတွေအရ သိတ်ပြီးကျေနပ်စရာကောင်းတာက အသဲထိ စစ်ဒေသမူးက ၅၀ ၅၀တဲ့ သေမှာကိုပြောတာ။
ဒုရဲအုပ်က ၂ယောက် သေသွားရှာလေပြီ
မယကကလည်း ၇၀ ၃၀တဲ့ ။သေမဲ့ရာခိုင်နှုံးကများများ
ရဲတအုပ် အလောင်းတွေကို လည်းညသန်းခေါင်မှ
သင်္ဂြိုလ်ရလို့ သုဘရာဇာနဲ့ သုသာန် ရေးရာ ကျွမ်းကျင်သူတွေ
ညဂျုတီပါ ဆင်းပေးနေရတယ်။ ဆေးရုံမှာလည်း တဖြုတ်ဖြုတ် (ရယကများ)ကြံဖွတ်များ
တောင်ညွန်တခုလုံးဆိုင်၇ာ။
အော်ကျွတ်ကျွတ် သနားစရာ ကောင်းလေစွ ။တို့ဘုန်းဘုန်းတွေ ရဲ့ အလောင်းတွေ ကိုရိုက်သတ်ပြီး မြစ်ထဲမျှောလိုက်တုန်းက လူအခွင့်ရေး ဆိုတာ ကျယ်ကျယ်လောင်လောင်အော်ကြပါလား အ၇ပ်ကတို့။အခုမှ သနားတတ်နေကြတာ ။နောက်ဆို ရန်ကုန်သင်္ကြန်သွားလည်ကြ။ သမိုင်းဝင် ၀မ်းနည်းကြောင်းတွေ ရမယ်။။