သစ်သီးပုပ်များ
စိုးနေလင်း
စိုးနေလင်း
ပြင်သစ်ပြည်ကျေးလက်က
ဆယ်ကျော်သက်ကလေးတွေရဲ့
အေးစက်ခက်ရှ အကြည့်က
နာဇီဝါဒရဲ့ ခြေလှမ်းတွေကိုတောင်
ယောင်ကန်း ရှက်အမ်းဖြစ်စေခဲ့ကြ။
ဒီမှာက ...
မျက်လွှာချ ပြုံးပြ
အတောင်ပံမှ မဖြန့်ရဲဘဲ
ကောင်းကင်ပြင်ထဲ ပျံဝဲချင်သတဲ့
ပြည့်တန်ဆာမတယောက်ရဲ့
သဲ့သဲ့ညည်းတွားသံကမှ
ဘ၀အနက်အဓိပ္ပါယ်
တင့်တယ်ပြည့်ဝနိုင်သေးပါရဲ့။
ပဲ့ကြွေသွားတဲ့ သစ္စာတရားထဲမှာ
အနုပညာဝါဒအားလုံး
ပြုန်းတီးချနင်းခံလိုက်ရပြီ …
ပတ်ဘလိုနီရူဒါ* ရယ်
ကြယ်ကြွေတွေကိုယ်စား
စကားနည်းနည်း ပြောပေးစမ်းပါ။
ဒါဟာ …
ဧရာဝတီရဲ့ဝမ်းဗိုက်ထဲက
ထွက်ကျလာတဲ့ ပိုးလောက်တွေ
ရွှေရည်စိမ်တံဆိပ်တွေ ချိတ်လို့
ပျို့အံချင်စရာအပြုံးက
မြေခွေးမျက်လုံးတွေကို ဖုံးကွယ်မရ
ဆုချနေတဲ့ လက်ချောင်းတွေထဲမှာ
သားရေကြာပွတ်တခုရှိတယ်။
မေ့ပျောက်လွယ်သူတွေပါပဲ
တစစ အေးခဲထုံထိုင်းလာကြ
ခဏငယ်လေးအတွင်းမှာပင်
ရာဇ၀င်ညစ်စွန်း
မှောင်လွန်းတဲ့ တမွန်းတည့်အောက်
ညှိုးခြောက်ကွယ်ပျောက်သွားပေလိမ့်မယ်။ ။
* Poet Pablo Neruda - ချီလီကဗျာဆရာ
စိုးနေလင်း
(လူထုကို သစ္စာဖောက်ပြီး
စစ်အာဏာရှင်တို့နှင့် ပူးပေါင်းအကျိုးပြုနေကြသော
အနုပညာရှင်များကို ရည်ညွှန်းပါသည်)
4 comments:
ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့များထင်နေသလား
နအဖ တင်မဟုတ် ကိုယ်နဲ့အမြင်မတူ နအဖကို ပုန်ကန်မှုမလုပ်တိုင်း အဆင့်မရှိတဲ့စကားလုံးတွေနဲ့ ပုတ်ခတ်နေတာ ပြည်သူတွေကတော့ နအဖ ကို မုန်းတီးမယ့်အစား ဒီလို သပုတ်လေလွင့် နေတဲ့သူတွေကို ပိုပြီး မုန်းတီးမှုများလာတာတွေ့ရတယ်...အနုပညာရှင်တွေဆိုတာကလည်း ပညာတတ် အသိဥာဏ်ရှိတဲ့သူတွေပဲ သူတို့ကိုယ်တိုင် ဝေဖန်ပိုင်ခြားနိုင်စွမ်းရှိတယ်...ဒါကို အတိုက်အခံမလုပ်လို့ ပြစ်တင်ဝေဖန်လေလေ အနုပညာရှင်တွေမက ပြည်သူတွေကပါ တပ်မတော်နဲ့ပိုပြီး ရင်းနှီးချစ်ခင်ပြီး ၂၀၁၀ ကိုတောင် အတူလက်တွဲပြီး လျှောက်လှမ်းနေတာ တွေ့နေရတယ်...မစားရတဲ့ အမဲ သဲနဲ့ ပတ်မယ့်သူများကို ပြည်သူများက မုန်းတီးလျှက်ရှိတယ်...
Science ရေ မင်းပထွေးတွေမို့ စောက်ရှက်မရှိ ရုပ်ရှင် (၂) ကားလောက်နဲ့ အကယ်ဒမီပေးပွဲ ကျင်းပနေတာ။ စင်ပေါ်မှာ ပြောသွားတဲ့ စောက်ဖားတွေရဲ့ စကားတွေကိုလဲ ကြည့်ဦး။ ကြည့်ရတဲ့ ပြည်သူတိုင်းက ဖိနပ်ချီးသုပ်ပြီ တက်ရိုက်ချင်နေတာ မင်းသိလား ခွေးသား။
စားဖားများနဲ့ဖားစားသူများကိုရှုတ်ချပါတယ်။
ကဗျာဆရာရေ ဆက်ရေးပါ။
Post a Comment