- စစ်အစိုးရကို ဖိအားတိုးဖို့ အမေရိကန်လုပ်ငန်းရှင်တချို့ တောင်းဆို click
- မြန်မာစစ်အစိုးရကို အထီးကျန်ဖြစ်မည်ဟု မစ္စတာဘန်ကီမွန်း သတိပေး click
- ကုလအတွင်းရေးမှုး မြန်မာခရီးစဉ်ရလဒ်အပေါ် သုံးသပ်ဆွေးနွေး click
- ဘန်ကီမွန်းခရီးစဉ်ကနေ မြန်မာ့နိုင်ငံရေးအကျပ်တည်း ထွက်ပေါက်ရနိုင်မလား (တိုက်ရိုက်လေလှိုင်း) click
- ကုလအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့ခြင်းကို NLD ရှင်းလင်းပွဲ ကျင်းပ click
- မစ္စတာဘန်ကီမွန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ click
- ၀က်တုပ်ကွေးလူနာကို ဆေးရုံမှ ဆင်းခွင့်ပေးတော့မည် click
- A (H1N1) တုပ်ကွေးက မြန်မာ့ခရီးသွားလုပ်ငန်းကို ထိခိုက်စေမလား click
- ထိုင်းရောက် မြန်မာအလုပ်သမားများ အလုပ်လုပ်ခွင့်အတွက် ဆေးစစ်နေ click
- အရောင်းစားခံ မိန်းကလေးငယ်တွေရဲ့ အဖြည့်ခံဘ၀အကြောင်း တစေ့တစောင်း click
- ဇူလိုင် (၇) ရက် လှုပ်ရှားမှုများ ပြည်တွင်းမှာ လျှို့ဝှက်ပြုလုပ် click
- ဆဲဗင်းဂျူလိုင် သွေးစွန်းသောနေ့ ဆန္ဒပြပွဲများ ပြည်ပမှာ ပြုလုပ် click
- (၄၇) နှစ်မြောက် (၇) ဇူလိုင် အထိမ်းမှတ်အခမ်းအနား ကျင်းပ click
- 7th July အထိမ်းအမှတ်ပွဲများ ထိုင်းနိုင်ငံတွင် ကျင်းပ click
- တိုင်းပြည်အတွက် ကျောင်းသားလူငယ်များ တာဝန်ယူစေလို (အင်တာဗျူး) click
- မြောက်ကိုရီးယားသင်္ဘော Kang Nam ပြန်တော်ပြန်ပြီ click
- ရန်ကုန် ဂျီမေးလ်အသုံးပြုသူများ အခက်ကြုံ click
- FM လိုင်းသစ်နှစ်လိုင်း အသစ်တိုးချဲ့မည် click
- ဗမာစစ်အစိုးရနဲ့ ကုလသမဂ္ဂ (မျက်မှောက်ရေးရာ) click
- အမေရိကန်နဲ့ ရုရှား တပြေးညီ ဦးတည်ချက်တွေ အိုဘားမား ချပြ click
- မိုက်ကယ်ဂျက်ဆင်ရဲ့ နောက်ဆုံးခရီး click
- မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု လုံခြုံရေးကောင်စီ အပြင်းအထန် ရှုတ်ချ click
- မငြိမ်မသက်ဖြစ်နေတဲ့ တရုတ် ရှင်ဂျန်းပြည်နယ် နေ၀င်မီးငြိမ်းအမိန့်ထုတ် click
- တရုတ်နိုင်ငံ ရှင်ဂျန်းပြည်နယ် မငြိမ်သက်မှု အမေရိကန်စိုးရိမ် click
- အမေရိကန် ရုရှား ဒုံးလက်နက်အစီအစဉ် လျော့ချရေး သဘောတူ click
- မော်စကိုထိပ်သီးညီလာခံ ထူးခြားတဲ့ တိုးတက်မှုတွေရှိဖို့ အိုဘားမား မျှော်လင့် click
- အမေရိကန်တိုက်ခိုက်ရေးတပ်တွေ အီရတ်မြို့ကြီးတွေက ရုတ်သိမ်း click
- အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ ဒီနေ့စ၊ ယူဒိုယူနို ရှေ့ကပြေး click
- ရှင်ကျန်က မငြိမ်သက်မှု click
- Myanmar rebuilding uneven a year after the cyclone click
- Myanmar's snub of Ban may prompt UN push click
- Burma rebels vow to stop using child soldiers click
- Myanmar's Aung San Suu Kyi gets honorary degree in Northern Ireland click
- Myanmar Must Embrace Human Rights click
- ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံနေ့ ကျင်းပ click
- ၂၀၀၈ ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ရန် အန်အယ်လ်ဒီက မစ္စတာဘန်ကို တင်ပြ click
- ရွှေဂုံတိုင်ကြေညာစာတမ်းကို နအဖ ကျောခိုင်းခြင်းဖြစ်ဟု သတင်းစာဆရာကြီး ဦးဝင်းတင်ပြောကြား click
- မစ္စတာဘန်ကီမွန်းကို နအဖအလိုကျသာ လက်ခံတွေ့ဆုံခွင့်ရ click
- ဘန်ကီမွန်းခရီးစဉ်သတင်း ထိန်ချန်ရေးသား click
- နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ၀န်ကြီးချုပ် ပြော click
- KIO က နယ်ခြားစောင့်တပ်အရေး ထပ်မံဆွေးနွေးမည် click
- ရခိုင်ပြည်နယ်တွင် ဝါဆိုမည့် သံဃာစာရင်း ကောက်ခံ click
- ရမည်းသင်းရွှေဆိုင်လုယက်မှု တရားခံများကို ရုံးတင်စစ်ဆေးနေဆဲ click
- တုပ်ကွေးကူးစက်မှု တရက်အတွင်း (၂၃၁) ယောက်ထိ ခုန်တက်သွား click
- အိန္ဒိယ-မြန်မာနယ်စပ်တွင် ၀က်တုတ်ကွေးဟု သံသယရှိသူ (၅) ဦးတွေ့ရှိ click
- မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ဘိန်းဖြူတင်ပို့ရန် ဘင်္ဂလာဒေခ်ျ့ကို ကြားခံလမ်းကြောင်းအဖြစ် အသုံးပြု click
- အဲမန္တလေး မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပြန်လည်ပျံသန်းမည် click
- မြူးနှင့်ဇူး အထည်ချုပ်စက်ရုံတွင် နားရက်မရှိ အလုပ်စေခိုင်းနေ click
- ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ၀ါဆိုလပြည့် အလှူပွဲများ click
- ပဲခူးမြို့တွင် ကလေးငယ်အများအပြား သွေးလွန်တုပ်ကွေး ထပ်မံဖြစ်ပွား click
- Kang Nam 1 သူ့နိုင်ငံဆိပ်ကမ်းကို ပြန်ရောက်သွားပြီ click
- ရှင်ကျန်အကြမ်းဖက်မှု (၁၅၆) ယောက်ထက်မနည်း သေ click
- မိုက်ကယ်ဂျက်ဆင် အောက်မေ့ဘွယ်အခမ်းအနား ပြင်ဆင်မှုနဲ့ click
- မသန့်ရှင်းတဲ့ လေတွေ ဆူညံသံတွေကြောင့် ဘယ်လိုဒုက္ခရောက်ရသလဲ (ဆွေးနွေးခန်း) click
- သမိုင်းရေးသူများ (ဆောင်းပါး) click
- ရှုံးနိမ့်ခဲ့သည့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းကို ဂုဏ်ပြုပူးတွဲချန်ပီယံဆု ပေးမည် click
- ဘောလုံးကလပ်အသင်းများ ပြန်ခေတ်စား click
- ဖို့တ်ဝိန်းမြို့က ရဟန်းခံရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ (ဓာတ်ပုံသတင်း) click
- ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်တဲ့ ဆဲဗင်းဂျူလိုင် အမှတ်တရပွဲ (ဓာတ်ပုံသတင်း) click
- ဂျပန်နိုင်ငံ တိုကျိုမြို့နဲ့ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့က လှုပ်ရှားမှုများ (ဓာတ်ပုံသတင်း) click
- အင်္ဂလန်ခရီး မပြီးသေးပါ (၆) (ဆောင်းပါး) click
- အကျပ်အတည်းတွေ လွန်မြောက်သွားတဲ့အခါ (ဆောင်းပါး) click
- မိုးမခ နေ့စဉ်သတင်းလွှာကို စကရစ်ဘ်ဝက်ဆိုက်တွင် မျှဝေခြင်း စတင်ခဲ့ click
- တက္ကသိုလ်မှာ ကြွေတဲ့နှင်း (ကဗျာ) click
- Another UN failure in Myanmar click
- Myanmar: IOM refugee resettlement tops 67,000 click
- Anglo-French Summit click
- Burma VJ (Reporting from a closed country) click
- Myanmar gem merchants to take part in ASEAN gem show in China click
- Myanmar earns $292 million from jade sales click
- Border Situation Update 02 Jul 2009 click
- Thailand's paddy politics threatens rice trade click
- Ban Warns Junta of Costly Isolation click
- Activities of the Secretary-General in Myanmar, 03 - 04 Jul click
- Freedom vs. the Firewall click
- Ban’s fruitless Myanmar visit click
- Yet another snub to the UN click
- Burmese Generals Show Their Hand click
- DKBA duped by Burma's junta click
- Myanmar gamble backfires for UN chief click
Tuesday, July 7, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၇-၀၉) (ဆဲဗင်းဂျူလိုင်နေ့)
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:33 PM
0
comments
Labels: သတင်း
ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံကြီး
ဒေါင်းလူငယ်
၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့သည် မြန်မာ့သမိုင်းစာမျက်နှာ၌ ကံဆိုးမိုးမှောင်ကျသော နေ့တနေ့ဖြစ်သည်။ ထို့ပြင် ပါလီမန်ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်၍ စစ်အာဏာရှင်အစိုးရ စတင်ပေါ်ထွန်းခဲ့သော နေ့တနေ့လည်း ဖြစ်လေသည်။ မှန်ပေသည်။ ထိုနေ့နံနက်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ (၀ါ) စစ်အာဏာရှင်တို့သည် သမ္မတ ဦးဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးများဖြစ်ကြသော သခင်တင်၊ ဒေါက် တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ ဒေါက်တာ စောလှထွန်း၊ ဦး ဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရာဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မန်းဘဆိုင်၊ လူ မျိုးစုလွှတ်တော်ဥက္ကဋ္ဌ စ၀်ခွန်ကြည်၊ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်၊ မိုးနဲစော်ဘွား စ၀်ပြည့်၊ လဲချင်းစော် ဘွား စ၀်နွဲ၊ သာမိုင်းခမ်းစော်ဘွား စ၀်ထွန်းအေး၊ ကျိုင်းတုံစော်ဘွား စ၀်ဆိုင်းလုံ၊ မွန်းလွန်းစော်ဘွား စ၀်ခွန်ကိုး၊ မိုင်းခွန်စော်ဘွားစ၀်ကြည်၊ ကျေးသီးမန်းစံစော်ဘွား စ၀်ရွှေမှုံ၊ ဘော်စော်ဘွား စ၀်ခွန်အောင်၊ လွိုင်လင်စော် ဘွား စ၀်မိုးကျော်၊ ပင်းတယစော်ဘွား စ၀်ဝင်းကြည်၊ ရွာငံစော်ဘွား စ၀်ခွန်ရီ၊ မိုင်းပန်စော်ဘွား စ၀်ရွှေကြည်၊ စ ကားစော်ဘွား စ၀်ခွန်ညွန့်၊ မိုင်းလုံစော်ဘွား စ၀်မန်လစ်၊ စ၀်ခွန်ထီး၊ စ၀်မန်ဖ (သိန္ဒီမြောက်ပိုင်းအမတ်)၊ စ၀် အောင်ပူး (လွိုင်လင်အရှေ့ပိုင်းအမတ်)၊ ဦးစံမြတ် (လွိုင်လင်အနောက်ပိုင်းအမတ်)၊ စ၀်ကျော်ခေါင် (လွိုင်လင် အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင်တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန် နော် (ကျိုင်းတုံအနောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းစမ်းအမတ်)၊ ဦးလွန်း (စ ကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦး ကြာပု၊ ဦးမြတ် ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင်တို့ကို ဖမ်းဆီး၍ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်လေ သည်။
သို့ကလို စစ်တပ်မှ အာဏာသိမ်းယူလိုက်ကြောင်း ကြေညာချက်များနှင့်အတူ ပြည်သူတို့အား စီတန်းလမ်း လျှောက်၍ ဆန္ဒပြပွဲများမပြုလုပ်ကြရန် မေတ္တာရပ်ခံချက်များကို သတင်းစာများတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။ ဆန္ဒပြလျှင် အရေးယူမည်ဟုလည်း နောက်ဆက်တွဲသတိပေးထား၏။ ကြေညာချက်များကို ဖတ်ရှုရုံဖြင့် စစ် တပ်က အာဏာသိမ်းကြောင်း ကြေညာချက်ကို ဆန့်ကျင်မှုများ ပေါ်ထွက်လာမည်ကို ဗိုလ်နေ၀င်းနှင့် စစ်အာ ဏာပိုင်တို့သည် ကြောက်ရွံ့နေသည်မှာ သိသာထင်ရှားလှပေသည်။
အိမ်စောင့်အစိုးရခေတ် (၁၉၅၈-၆၀) တွင် ကိုကိုးကျွန်း အကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိုကရေစီ လိုလားသူများနှင့် ကွန်မြူနစ်အရောင်အသွေးရှိသူများဟု ယူဆသူများကို ဒလကြမ်း ဖမ်းဆီးနှိပ်စက်ခဲ့သည့် သင်ခန်းစာရှိသဖြင့် ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်းမရှိစေကာမူ စစ်အစိုးရအလိုမရှိကြောင်း ကန့်ကွက် သောစာများ မတ်လ (၂) ရက်နေ့မှ စတင်ကာ ပလူပျံပေါ်ထွက်လာခဲ့သည်။ လူငယ်တပ်ဦးနှင့် မဟာမိတ်အဖွဲ့ (၁၀) ဖွဲ့၊ ရခိုင်သံဃာတပ်ဦး၊ ရခိုင်သောတုဇနအဖွဲ့ချုပ် စသောအဖွဲ့များ ဆန့်ကျင်ကန့်ကွက်ချက်များ ထုတ်ပြန် ကြသည်။
ရဲဝံ့ပြတ်သားစွာ ကြေညာသော အဖွဲ့အစည်းများမှာ ကျောင်းသားအဖွဲ့အစည်းများ ဖြစ်ကြသည်။ တက္ကသိုလ် တပ်ဦးသစ်၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတို့က စစ်တပ် ကအာဏာသိမ်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ကြောင်း ကြေညာခဲ့ကြသည်။ ကြေညာချက်နှင့်အ ညီ စစ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင်ကြသဖြင့် စစ်အာဏာပိုင်တို့နှင့် ထိပ်တိုက်တွေ့ကြရလေသည်။
ထို့နောက် တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကျောင်းစည်းကမ်းသစ်များ ကိုထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါစည်းကမ်းသစ်များကို အကြောင်းပြု၍ ကျောင်းသားဆန္ဒပြလှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် ကမာရွတ်ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြကြ သည့် ကျောင်းသားများကို ရဲတို့က သေနတ်နှင့်ပစ်ခတ် လူစုခွဲကြသည်။ ကျောင်းသားတဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ပို့ရသောအခါတွင် လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာသဖြင့် ရန်ကုန်ခရိုင် ရာဇ၀တ်တရားသူကြီးက က မာရွတ်အ၀ိုင်းကြီးနယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ပြိး၊ တက္ကသိုလ်နယ်မြေအတွင်း နေ၀င်မီးငြိမ်းအမိန့် ထုတ် ပြန်လေသည်။
ထိုနေ့၌ပင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသည် တက္ကသိုလ်ပရိဝုဏ်တခုလုံး တံခါးများကိုသော့ခတ် ပိတ်ဆို့ပြီး ဒီမိုကရေစီခံတပ်ကြီးဟု ဆိုင်းဘုတ်များတင်ကာ ဒီမိုကရေစီတရားပွဲများကို အသံချဲ့စက်ဖြင့် ဟော ပြောကြသည်။ မကျေမနပ်ဖြစ်နေသော ကျောင်းသားများသည် စစ်တပ်ဆန့်ကျင်ရေးကို အမျိုးမျိုးဟောပြော နေကြရာ “တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးများသည် သုံးယောက်ပေါင်းမှ (၇) တန်းသာ အောင်သူများ ဖြစ်ကြသည်” စသည်ဖြင့် စိတ်တွင်းရှိသမျှ ဟောပြောကြသည်။ ကျောင်းသားများ၏ ဟောပြောချက်များသည် အနာပေါ် တုတ်ကျသည့်အလား နားမခံနိုင်သဖြင့် ဒေါသအမျက်ချောင်းချောင်းထွက်ကာ စစ်တပ်မှ ပစ်ခတ် သတ်ဖြတ်ရန် ဗိုလ်နေ၀င်းက ကြိုးမဲ့အသံလွှင့်စကားပြောခွက်ဖြင့် ကိုယ်တိုင်အမိန့်ပေးခဲ့သည်။
ထိုစဉ်က တက္ကသိုလ်တ၀ိုက်တွင် တပ်စွဲထားသော စစ်တပ်များကို ကွပ်ကဲနေသူ ဒုတိယဗိုလ်မှူးကြီး စိန်လွင်က တပ်သားများအား အဆင့်ဆင့် အမိန့်ပေးသဖြင့် လက်နက်မပါဘဲ မိမိတို့အဆောင်တွင်း၌ စုရုံးဆန္ဒပြနေသည့် ကျောင်းသားများကို အစုလိုက် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိ သည့် အ ဆောင်နေ ကျောင်းသားများကိုပါ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ ပစ်ခတ်သတ်ဖြတ်ကြသည်။
စစ်တပ်သည် ဂျီသရီးမောင်းပြန်သေနတ်သစ်များကို ပထမဆုံးစတင်အသုံးပြုကာ လက်တည့်စမ်းပစ်ခတ်ခဲ့ကြ သည်။ ထိုသေနတ်သစ်များမှာ အနောက်ဂျာမဏီမှ ပစ္စည်းကိရိယာများကို ရန်ကုန်မြို့ရှိ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွင် တပ်ဆင်ခဲ့သည်။ ဂျီသရီးသေနတ်သစ်များကို အာဏာသိမ်းစဉ်က တပ်အချို့သို့ ထုတ်ပေးခဲ့ရာ၌ ခုခံမှုမရှိသဖြင့် အသုံးမပြုခဲ့ရပေ။ ထိုလက်နက်သစ်များကို စမ်းသပ်ရန် လက်ယားနေသူ ဗိုလ် နေ၀င်းအဖို့ အခွင့်အရေးရရှိသွားတော့သည်။ ဇူလိုင် (၇) ရက်နေ့ ကျောင်းသားအရေးအခင်း၌ စစ်အာဏာရှင် အစိုးရက ကျောင်းသား (၁၅) ဦး သေဆုံးပြီး၊ (၂၇) ဦး ဒဏ်ရာရရှိသည်ဟု ကြေညာခဲ့သော်လည်း အမှန်တ ကယ် သေဆုံးခဲ့ရသူပေါင်းမှာ (၂၀၀) နီးပါးခန့်ရှိ၍ (၄၀၀) ခန့်ဒဏ်ရာ ရရှိခဲ့လေသည်။ သို့ကလို ကျောင်းဝင်း အတွင်းသို့ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ၏ အဆောက် အဦကို စစ်တပ်က ၀ိုင်းထားပြန်၏။
တက္ကသိုလ်သမဂ္ဂ အဆောက်အဦကြီးသည် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် အဆောက်အဦဖြစ်သည် သာမက မြန်မာ့နိုင်ငံရေးသမိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေးခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ် အသိအ မှတ်ပြုထားသည့် ဗိမာန်ဖြစ်သည်။ ၁၉၂၀ ခု၊ ဒီဇင်ဘာ (၅) ရက်နေ့ တက္ကသိုလ်ကျောင်းသားများ၏ သပိတ်မှ စတင်ကာ နိုးကြားလာသည့် မြန်မာလူထုကို ကျောင်းသားခေါင်းဆောင်များက နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ များဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ကို ၁၉၂၇ ခုနှစ်က စတင်ဖွဲ့ စည်းခဲ့သည်။ သမဂ္ဂ၏ရုံးအဆောက်အဦကို ၀ံသာနုမြန်မာသူဌေးကြီး ဦးညိုက တည်ဆောက်လှူဒါန်းခဲ့သည်။ အဆောက်အဦကို ကျောင်းသားများ၏ ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေးကိစ္စများကို အသုံးပြုရန်ရည်ရွယ် ခဲ့သဖြင့် အင်္ဂလိပ်တက္ကသိုလ် အာဏာပိုင်များကပင် အားပေးခဲ့ကြသည်။ ကျောင်းသားများက စကားရည်လုပွဲ များ ကျင်းပလေ့ရှိရာတွင် မြန်မာနိုင်ငံအဖို့ အိန္ဒိယပြည်နှင့် ခွဲရေး၊ တွဲရေးပြဿနာ ပေါ်လာသောအခါ သမဂ္ဂ ခန်းမဆောင်မှာ နိုင်ငံရေးခေါင်းဆောင်များ၏ စကားစစ်ထိုးရာ ဗိမာန်ဖြစ်လာခဲ့ပေသည်။ ဦးဘစော၊ ဒေါက် တာဘမော် … စသောခေါင်းဆောင်များသည် တကသခန်းမမှာ ဟောပြောကြရင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။
နောက်ပိုင်း တကသအသင်းကို ကျောင်းသားခေါင်းဆောင်အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်း ဖေနှင့် ကိုရာရှစ်တို့ တက်လာချိန်မှစတင်ပြီး နယ်ချဲ့တိုက်ပွဲ၊ နယ်ချဲ့ခံတပ်အဆောက်အဦကြီး ဖြစ်လာခဲ့သည်။ ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံမှ အင်္ဂလိပ်တို့အား လက်နက်နှင့် တိုက်ခိုက်နှင်ထုတ်မှုအထိ အရှိန်အဟုန် ပြင်း ထန်ခဲ့သဖြင့် လွတ်လပ်ရေးတိုက်ပွဲများ၏ အောင်ဗိမာန်ကြီးအဖြစ် မြန်မာတမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။ ဗိုလ်နေ၀င်း ခေါင်းဆောင်သော စစ်အာဏာရှင်အစိုးရအများစုသည် တက္ကသိုလ်ကျောင်းသားဘ၀က တကသ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိခဲ့သလို၊ ပြည်သူလူထုက ကိုးစားသော ကျောင်းသားခေါင်းဆောင်များကို အမြဲ မနာလိုဖြစ်နေခဲ့သည်။ ထို့ကြောင့် တကသကျောင်းသားလှုပ်ရှားရာ ဘူမိနက်သန် တကသအဆောက်အဦကြီး ကို ဖြိုဖျက်ရန် အမြဲဆင်ကြံကြံရွယ်လျက်ရှိသည်။
ထို့နောက် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို ပစ်ခတ်သတ်ဖြတ်စဉ်က ကျောင်းသားခေါင်းဆောင် များ သေဆုံးခြင်းမရှိ၊ အချို့မှာ ဖမ်းဆီး၍ပင် မမိသေးဘဲ တကသ အဆောက်အဦ မျက်နှာကြက်တွင် ပုန်း အောင်းနေသည်ဟု သတင်းကို ဗိုလ်နေ၀င်းသိရှိသောအခါ တကသခေါင်းဆောင်မှန်သမျှကို သတ်ဖြတ်ရန်နှင့် တကသ အဆောက်အဦကြီးကိုပါ ဇူလိုင်လ (၈) ရက်နေ့တွင် အပြီးအပြတ် ဖျက်ဆီးရန် အမိန့်ပေးခဲ့လေသည်။ သမဂ္ဂရုံးကို ဖြိုဖျက်ပြီးနောက် ဗိုလ်နေ၀င်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော တော်လှန်ရေးကောင်စီက “စည်း မဲ့ကမ်းမဲ့ဘ၀ကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်ကျရောက်နေသဖြင့် တပ်မတော်၏အား တစိတ်တဒေသ ကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းဖြစ်သည်” ဟု ကြေညာခဲ့၏။ ထိုကြေညာချက်မှာ စစ်တပ်ကို အံတုလျှင် ယခုထက် ကြီးမားသော လက်နက်အင်အားနှင့် ဖြေရှင်းမည်ဟု ရာဇသံပေးသည့်သဘော သက်ဝင်၏။
ထို့ပြင် တကသအဆောက်အဦကို ဖျက်ဆီးပြီးနောက် ပြည်သူတို့အား အသံလွှင့်မိန့်ခွန်းပြောရာတွင် သူက သတ်ဖြတ်လိုက်သော ကျောင်းသားငယ်ကလေးများသည် လက်နက်ဟူ၍ အပ်တိုတချောင်းမှ မရှိကြသည်ကို သိပါလျက်နှင့် လက်နက်ကိုင်သူပုန်အဖွဲ့ကြီးကို ရင်ဆိုင်နေသည့်သဖွယ်ပုံကြီးချဲ့၍ ‘ဓားကိုဓားချင်း၊ လှံကိုလှံ ချင်း ရင်ဆိုင်ဖို့အသင့်ရှိပါတယ်’ ဟု ဒေါသပုန်သံနှင့် အသံလွှင့်ပြောကြားခဲ့ပြန်သည်။ ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ် တစုသည် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့်နိုင်ငံက အမွန်အမြတ်ထားသည့် တကသအဆောက်အဦကြီးကို ဗုံးခွဲဖျက်ဆီးမှုကြီးတို့ကို ဒေါသမွှန်ကာ စိတ်လိုက်မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူ့အဖို့ ကြီးလေးသော ရာဇ၀တ်မှုကြီးဖြစ်သလို၊ စစ်တပ်အဖို့လည်း အမည်းစက်ကြီးဖြစ်နေသည်ကို စဉ်းစားမိ လေသည်။ ‘နှံပြည်စုတ်ကို အမြောက်နှင့်ပစ်’ သလို ရာဇ၀င်ရိုင်းလုပ်ဆောင်ချက်ကို တနေ့နေ့တွင် လူထု၏ ဒဏ်ခတ်မည်ကို ကြောက်သွေးဖြာလာကြသည်။
မတရားကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးအတွက် တစိမ့်စိမ့် ကြောက်ဒူးတုန်လာကြသောအခါ တရားခံသည် မိ မိမဟုတ်ပါ။ တဦးကိုတဦးက လက်ညှိုးထိုး၍ အပြစ်ဖို့ရင်း မိမိ၌ အပြစ်မရှိကြောင်း ထုချေမှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင် ကြီးတို့သည် တဦးကိုတဦး တရားခံဖြစ်လေဟန် ဖော်ကောင်လုပ်ကြသည်မှာ ဗမာ့တပ်မတော်ကြီး၏ ထိပ်သီး စစ်သားရင့်မာကြီးများဖြစ်ကြသော်လည်း သာမန်ဓားပြလူဆိုးဂိုဏ်း တခုမျှလောက်ပင် ညီညွတ်မှုမရှိ။ အမှားကို ၀န်ခံရန်သတ္တိမရှိ၊ သူရဲဘောကြောင်သူများသာ ဖြစ်ကြောင်းပေါ်လွင်နေပေသည်။
ထိုစဉ်က ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်အောင်ကြီးက “တကယ်အမိန့်ပေးတဲ့စာ ယူလာပြီး၊ မရမ်း ကုန်းကို ပေးလာသူက ဗိုလ်သန်းစိန်ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေကို အင်ဂျင်နီယာတပ်ခွဲကို မှာယူခဲ့ပါ တယ်။ အဲဒီမှာမလုံလောက်လို့ ပင်မစစ်ပစ္စည်းသိုလှောင်ရေးမှာ သွားယူခိုင်းသူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီတပ် မှူး ဗိုလ်ဝင်းကိုလိုက်ရှာပြီး၊ အင်းတိုင်ကို သွားရောက်ယူရတာပါ။ ခွဲဖို့အမိန့်ပေးသူတွေကတော့ ပြည်ထဲရေးဝန် ကြီးနဲ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ကျော်စိုးဖြစ်ပါတယ်။ တကယ်ဒိုင်းနမိုက်တွေ ဆင်ရတဲ့သူက အင်ဂျင်နီယာ တပ်က ဗိုလ်မှူးထွန်းရီ ဖြစ်ပါတယ်။ အားလုံးဒိုင်းနမိုက်တွေ ဆင်ရတာဟာ ဇူလိုင်လ (၈) ရက်နေ့ နံနက်လင်း အားကြီးမှဖြစ်ပါတယ်။ လက်မှတ်ထိုးမည့်သူ အရာရှိ ကြီးကြီးမားမားမရှိလို့ ပြဿနာတက်နေတုန်း လမ်း လျှောက်ရင်း ရောက်လာတာက ဗိုလ်မှူးကြီးသူရမင်းသိန်း ဖြစ်ပါတယ်။ သူက၀င်ပြီး ခွဲဖို့အမိန့် လက်မှတ်ရေး ထိုးပေးဖို့ ဗိုလ်ထွန်းရီက ပြောလို့ သူက လက်မှတ်ရေးထိုးပြီး ဒိုင်းနမိုက်ခွဲတာဖြစ်ပါတယ်။”
“ကျွန်တော်ဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ် (နေ၀င်း) အိမ်လိုက်အသွား ပါမောက္ခဆရာကြီး ဦးကာကို ဗိုလ် လှဟန်က သမဂ္ဂဖြိုဖို့ အမိန့်ရတယ်လို့ပြောတာ ထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော်စိုးရှိရာ အသံလွှင့်ရုံကို တယ်လီဖုန်းဆက်ပြီး၊ အဲဒီကိစ္စကို ရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါ့မယ်ဆိုပြီး၊ ဟိုရောက်တော့ လည်း ဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့ပါတယ်” လို့ ဗိုလ်မှူးအောင်ကြီးသည် သူ၏စာတမ်းတွင် ဝေ့ လည်ကြောင်ပတ် ရေးသားဖြေရှင်းထားလေသည်။
ဗိုလ်နေ၀င်းကလည်း တဖန် အကြိမ်ကြိမ် ထိုကိစ္စကို ဖြေရှင်းပြသည်။ သူ၏ နောက်ဆုံးနေ့ လူထုက လက်မခံ တော့သဖြင့် မဆလဥက္ကဋ္ဌကြီးရာထူးမှ ထွက်ပေးရသော ၁၉၈၈ ခု၊ ဇူလိုင်လ (၂၃) ရက် အရေးပေါ်ပါတီညီလာ ခံတွင် “အခု ပြည်မှာဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းဟာ (၁၆) ရက်နေ့ကစပြီး (၁၇) ရက်နေ့မှာ ကျွန်တော်တို့ သိရ ပါတယ်။ (၁၇) ရက်နေ့ သိပြီးတဲ့နောက်မှာ ရဲတို့၊ ကောင်စီတို့နဲ့ပဲ ထိန်းလို့နိုင်လိမ့်မယ်လို့ ထင်တယ်။ မျှော်လင့် ခဲ့တယ်။ စောစောက ကျွန်တော်ပြောခဲ့တဲ့ သွေးထွက်သံယိုတွေ မဖြစ်အောင်ဆိုတဲ့အထဲမှာ တပ်မတော်ကို ဟို အသေးအဖွဲကလေးလည်းသုံး၊ ဒီအသေးအဖွဲကလေးလည်းသုံး ဆိုတာမျိုးမဖြစ်ရအောင် တကယ်လိုတဲ့အခါမှာ သုံးဆိုပြီးတော့ ကျွန်တော်မသိဘဲနဲ့ တပ်မတော်ကိုမသုံးပါနဲ့၊ ကျွန်တော်ပြောထားတယ်၊ အဲဒါကြောင့်မို့လို့ ပြည် မြို့ကိစ္စဟာ အေးမသွားဘဲနဲ့ ရောင့်တက်လာကြတယ်။ ဒါကြောင့်မို့လို့ မနေ့ကတော့ ကိုင်း ... စစ်တပ်ဝင်ပေ တော့ဆိုပြီးတော့ ကျွန်တော်ခွင့်ပြုလိုက်တယ်။ အဲဒီတော့ စောစောက ကျွန်တော် ပြောထားတာရှိတယ်။ ကျွန် တော်နိုင်ငံရေးက အနားယူတော့မယ်။ အနားယူတော့မယ် ဆိုပေမယ့်လို့ နောင်အဖွဲ့အစည်းတွေ တာဝန်အ ပြည့် ကွပ်ကဲနိုင်တဲ့အထိတော့ ကျွန်တော်တို့နိုင်ငံကို မပျက်စီးရအောင်၊ ကသောင်းကနင်းမဖြစ်ရအောင် ဆက် ထိန်းရပါလိမ့်မယ်။ အဲဒီထိန်းတဲ့အထဲမှာ တိုင်းပြည်တပြည်လုံး လူထုကို ကျွန်တော်သိစေချင်တယ်။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက် တာ မပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ စစ်တပ်ကိုသုံးလို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေပြောပါတယ်”
လူစုလူဝေးရှေ့မှာ ကျွန်တော်စကားပြောတာ ယခုအကြိမ်ဟာ နောက်ဆုံးအကြိမ်ဖြစ်နိုင်တာမို့ ညီလာခံနှင့် ပတ် သက်သည့် အချက်အလက်တွေ တင်ပြပြီးတဲ့နောက် ကျောင်းသားများ ကျွန်တော်နှင့် တော်လှန်ရေးကောင်စီ တဖွဲ့လုံးအပေါ် အထင်လွဲနေသည့် အဖြစ်အပျက်တခုကို တင်ပြပါရစေ။
တက္ကသိုလ်သမဂ္ဂအဆောက်အဦကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့သည် ကို အများသိပြီးဖြစ်ပါတယ်။ ပထမ ဇူလိုင်လ (၇) ရက်နေ့ညနေ ကျွန်တော်ဆောင်ရွက်သည့်အပိုင်းကို ဖေါ်ပြမှ ထိုနေ့က အဖြစ်အပျက်များအကြောင်း ပြည့်စုံမည်ဖြစ်၍ ဖော်ပြပါမည်။ ထိုနေ့ညနေ (၅) နာရီခန့်တွင် သေနတ် ပစ်သံကြား၍ ကျွန်တော်က တယ်လီဖုန်းဖြင့် ဗိုလ်ကျော်စိုးကို အခြေအနေမေးရာ ဆရာကြီး ဦးကာတို့ မိသားစု အား ဘေးကင်းသည့်နေရာသို့ ပို့ထားပြီးဖြစ်ကြောင်း၊ ကျောင်းသားအချို့နဲ့ ရဲ (၈) ဦး၊ (၉) ဦးခန့် ဒဏ်ရာရ ကြောင်း ပြန်ပြောပါတယ်။
ဆူပူသူကျောင်းသားခေါင်းဆောင်များကို မမိသေးကြောင်း၊ သမဂ္ဂအဆောက်အဦအတွင်းတွင် အချို့ရှိကြောင်း ပြောသဖြင့် ကျွန်တော်က ရဲများ၊ တပ်မတော်သားများ နောက်ထပ် အနာတရမရှိရအောင် အောက်ပါအတိုင်း ဆောင်ရွက်ရန် အကြံပေးညွှန်ကြားပါသည်။
(က) သမဂ္ဂအဆောက်အဦအတွင်းရှိသူများကို အဆောက်အဦမှ ထွက်ကာ အဖမ်းခံရန် အသံချဲ့စက်ဖြင့် ပြော ရန်၊ ထွက်မလာပါက လက်နက်ကြီးများ သုံးမည်ဆိုသည့်အချက် ထည့်ပြောရန်။
(ခ) အသာတကြည်ထွက်၍အဖမ်းမခံပါက (ရီကွိုင်းလက်ဂန်း) ဖြင့် ပစ်ဖမ်းရန်၊ လိုအပ်ပါက (ရီကွိုင်းလက် ဂန်း) သုံးရန်။ အထက်ပါ အချက်တို့ကို မမှောင်ခင်ပြီးအောင် ဆောင်ရွက်ရန်လို့ ဖြစ်ပါတယ်။
ဒီနေရာမှာ အရေးကြီးတာကို ကျွန်တော်ပြောပါ့မယ်။ ထိုဖောက်ခွဲဖျက်ဆီးရန်အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ် ခြင်းတို့တွင် ကျွန်တော်နဲ့ တော်လှန်ရေးကောင်စီဝင်အချို့တို့ မပါခဲ့ပါ။ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဗုံးကြီး ကြီးတလုံး ပေါက်ကွဲသကဲ့သို့ အလွန်ပြင်းထန်သော မြည်ဟည်းသံကြီးကြားသဖြင့် စုံစမ်းတော့မှ သမဂ္ဂအ ဆောက်အဦကို ဒိုင်းနမိုက်တို့နဲ့ ဖျက်ဆီးလိုက်ကြောင်း ကျွန်တော်သိရပါတယ်။ အခြားတော်လှန်ရေးကောင်စီ ၀င် အတော်များများလည်း ထိုပေါက်ကွဲသံကြားပြီးမှ သိကြရပါတယ်။ သို့သော်အသံလွှင့်ရုံတွင် တော်လှန်ရေး ကောင်စီဝင်အချို့တို့ဖြင့် ဖွဲ့စည်းထားသော လုံခြုံရေးကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော လုံခြုံ ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး ကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော အရာထမ်းများ ရောက်နေကြပါတယ်။
ထိုသူများမှာ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီးစောမြင့် (မှူးသ မိန်)၊ ဗိုလ်မှူးကြီး ဘနီ၊ အရာရှိများထဲမှ ထောက်လှမ်းရေးဗိုလ်မှူးကြီး မောင်လွင်၊ ရဲမင်းကြီး ဦးဘအေး တို့ဖြစ် ပါတယ်။ ထိုသူတို့အပြင် အခြားလူတော်တော်များများလည်း ရှိကြပါတယ်။ ထိုဇူလိုင်လ (၈) ရက်နေ့ သမဂ္ဂအ ဆောက်အဦကို ဖြိုလိုက်ကြောင်းသိပြီးနောက် ဗိုလ်ကျော်စိုးကို ခေါ်၍မေးရာ (၇) ရက်နေ့ ညနေက ကျွန်တော် က သမဂ္ဂအတွင်းဝင်ရောက်နေသည့် ဆူပူသူခေါင်းဆောင်များကို ဖမ်းဆီးရာတွင် လိုအပ်လျှင် (ရီကွိုင်းလက် ဂန်း) ကို သုံးနိုင်သည် ဆိုသည့်အချက်ကို သမဂ္ဂအဆောက်အဦ အဖျက်ခိုင်းသည်ဟု ယူဆသဖြင့် ဖျက်လိုက် သည်ဟုဖြေပါတယ်။ ဒီလိုဆိုရင်လည်း စုပေါင်းခေါင်းဆောင်မှုကျင့်သုံးတယ်လို့ လက်ခံထားခြင်းကြောင့် တော် လှန်ရေးခေါင်းဆောင်အနေဖြင့် ဓားဓားချင်း လှံလှံချင်းဆိုတဲ့ စကားလုံးများပါတဲ့ ကြေညာချက်ကို အသံလွှင့် လိုက်ပါတယ်။
နောက်သုံးလေးလကြာပြီးသော် ကျွန်တော်က အရက်မူးမူးနဲ့ သမဂ္ဂအဆောက်အဦကိုဖျက်ဖို့ အမိန့်ပေးတယ် ဟု နိုင်ငံခြားသတင်းစာဆရာတို့ အသိုင်းအ၀ိုင်းတွင် ပြောဆိုနေတာကြားရလို့ ဗိုလ်ကျော်စိုးကို ကျွန်တော်အ ရက်မူးပြီး ဖျက်ဖို့အမိန့်ပေးတယ်လို့ ကျွန်တော်တယောက်တည်းကို တရားခံလုပ်ထားတယ်။ အဲဒါကြောင့် ဇူ လိုင်လ (၇) ရက်က အဖြစ်အပျက်ကို ပြောပြခိုင်းပါတယ်။
အဲဒီတော့မှ ဗိုလ်ကျော်စိုးက အဖြစ်အပျက်အမှန်ကို ပြောပြပါတော့မယ်။ အရင်က တော်လှန်ရေးကောင်စီ တက်ခါစတွင် စိတ်ဝမ်းကွဲနေကြတာ မပေါ်အောင်လို့ ဖုံးဖုံးဖိဖိ ဖြေခဲ့ခြင်းဖြစ်ပါတယ်။ အဖြစ်အပျက်အမှန်မှာ ထို (၇) ရက်နေ့က အသံလွှင့်ရုံရှိလူစုထဲမှ တဦးတယောက်က ဒီသမဂ္ဂအဆောက်အဦကြီးဟာ သူပုန်ဌာနချုပ်ဖြစ် နေတယ်။ ဖျက်ပစ်လျှင် ကောင်းမယ်လို့ စပြောရာမှ ဖျက်သင့်၊ မဖျက်သင့် ဆွေးနွေးကြပါတယ်။ နောက်ဆုံး ဗိုလ်ချုပ် (နေ၀င်း) ကို အသိပေးပြီး၊ ဗိုလ်ချုပ်သဘောတူလျှင် ဖျက်မယ်လို့ ဆုံးဖြတ်ကြပါတယ်။ ထိုစဉ် ဗိုလ် အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားပြီးတင်ပြမယ်။ သဘောတူမတူ အဖြေယူခဲ့မယ်ပြောပြီး၊ ကိုလှဟန်ကိုခေါ်၍ ကားဖြင့် ထွက်သွားပါတယ်။ ထို့နောက် ဗိုလ်အောင်ကြီး အသံလွှင့်ရုံသို့ ပြန်လာပြီး၊ ဗိုလ်ချုပ်က သဘောတူ လိုက်ပြီဟုပြောသဖြင့် အသံလွှင့်ရုံရှိ လူသိုက်တို့ သမဂ္ဂအဆောက်အဦကို ဖျက်ဖို့ ပစ္စည်းများစုပြီး ဖျက်လိုက်ပါ တယ်။ ထိုအဖြေကိုရပြီးနောက် ဗိုလ်အောင်ကြီးမပါဘဲ ကျန်တော်လှန်ရေးကောင်စီဝင်များကိုခေါ်၍ ဗိုလ်အောင် ကြီး ကျွန်တော့်ကို မတင်ပြဘဲ အသံလွှင်ရုံရှိ လူသိုက်ကို ကျွန်တော်သဘောတူလိုက်ပြီလို့ ပြောတဲ့အကြောင်း ကို တင်ပြခဲ့ပါတယ်။
ထိုအကြောင်းမှန်ကို သိပြီးနောက် ဗိုလ်အောင်ကြီးကို ကျွန်တော့်ရဲ့ရုံးခန်းသို့ခေါ်၍ သမဂ္ဂအဆောက်အဦဖျက် ရန် ကျွန်တော်သဘောတူတယ်လို့ ပြောတာကို ကိုယ်သိပြီးပြီ၊ အဲဒီတော့ ကိုယ့်လူ ခေါင်းဆောင်လုပ်ချင်ရင်၊ ခေါင်းဆောင်နိုင်မယ်ထင်ရင် ကိုယ်ထွက်ပေးမယ်။ ကိုယ်ထွက်ရမလား၊ ကိုယ်လူထွက်ရမလား၊ ဆုံးဖြတ်ပေ တော့ဟု ကျွန်တော်ကပြောရာ သူထွက်ပါမယ်ဆိုပြီး သူ့အခန်းပြန်သွားကာ ထွက်စာတင်ခဲ့ပါတယ်။
ကျွန်တော်တင်ပြတာကို မှန်ကြောင်းသက်သေအထောက်အထားများတင်ပြပါမယ်။ ပထမအထောက်အထား ဗိုလ်ချုပ်အောင်ကြီး ၁၉၈၈ ခု၊ မေလ (၉) ရက် နေ့စွဲဖြင့်ရေးသည့် စာတမ်းစာမျက်နှာ (၂၄) ဒုတိယစာကြောင်း မှစ၍ပါသော တရားခံဖြစ်ရတဲ့ ဗိုလ်အောင်ကြီးဆိုသူဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ်အိမ်လိုက်အသွား ပါ မောက္ခချုပ် ဆရာကြီးဦးကာ ခေတ္တရွှေ့နေတဲ့ အင်းလျားကန်ဟိုတယ်နားက တထပ်တိုက်ကလေးမှာ ဆရာကြီး ဦးကာကို ဦးလှဟန်က သမဂ္ဂကိုလည်း ဖြိုဖို့ အမိန့်ရတယ်လို့ ပြောတာထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော် စိုးရှိရာ အသံလွင့်ရုံကို တယ်လီဖုန်းဆက်ပြီး အဲဒီကိစ္စကို ရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါ့မယ်ဆို ပြီး၊ဟိုရောက်တော့လည်း ဗိုလ်ချုပ်ကို ဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့သူဖြစ်ပါတယ်ဆိုတဲ့အချက်၊ ဒါ သူရေးထားတဲ့အထဲက ဒါပထမအချက်။ သက်သေခံ ဒုတိယ သက်သေအထောက်အထားက ဒီကိစ္စနဲ့ ပတ် သက်ပြီးတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကိုခေါ်ပြီး၊ သူတို့သိတာတွေကို အမှန်အတိုင်း ရေးကြပါလို့ ပြောတဲ့အခါ ကျတော့ ဗိုလ်မှူးကြီးလှဟန်တင်ပြတဲ့စာတမ်းထဲမှာ အဲဒီသူ့စာလေး ကျွန်တော့် ဆီမှာရှိပါတယ်။ အဲ သူတင်တဲ့ စာတမ်း၊ စာမျက်နှာ (၅) စာကြောင်းရေ (၄) မှာ ထိုအချိန် ဗိုလ်ချုပ်အောင်ကြီးလည်း ရောက်လာပါတယ်။ သ မဂ္ဂကိစ္စပြောတဲ့အခါ နေကြဦး၊ ကျွန်တော် ဗိုလ်ချုပ်ကြီးဆီသွားပြီး တင်ပြအမိန့်တောင်းမယ်လို့ပြောပြီး၊ ကျွန် တော့်အားခေါ်ပြီး ထွက်လာခဲ့ပါတယ်။ လမ်းတွင် ဗိုလ်မှူးကြီးတင်စိုး အိမ်တွင်ရှိသော ဆရာကြီးဦးကာထံဝင်၍ သတင်းမေးပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရသူ ကျောင်းသားများအရေအတွက်လည်း ပြောခဲ့ပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်က ဆရာကြီးကို သမဂ္ဂအဆောက်အဦကို ဖျက်မယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါသေး တယ်။ ထို့နောက် ကျွန်တော်တို့နှစ်ဦး ဗိုလ်ချုပ်ကြီးထံ ဆက်လက်သွားပါတယ်။ ဗိုလ်ချုပ်နဲ့တွေ့တဲ့အခါ ဗိုလ်ချုပ် အောင်ကြီး က အခြေအနေများ တင်ပြပါတယ်။ တင်ပြရာတွင် သမဂ္ဂအဆောက်အဦကိစ္စ မပါပါ။ ပြန်ရန်ကား ပေါ်တက်ပါတယ်။ ကားပေါ်ရောက်တော့ ကျွန်တော်က ဗိုလ်ချုပ်ဟိုကိစ္စမပြောရသေးဘူးလို့ သတိပေးပါတယ်။ ဗိုလ်ချုပ်အောင်ကြီးက နေပါစေလို့ ပြောသဖြင့် ကျွန်တော်လည်း ဘာမှမပြောဘဲ ဆိတ်ဆိတ်နေလိုက်ပါတယ်။ အသံလွှင့်ရုံသို့ ပြန်ရောက်သောအခါ ဗိုလ်ချုပ်အောင်ကြီးက ဗိုလ်မှူးကြီးကျော်စိုးအား (အိုကေ) ဟု ပြောလိုက် သည်ကို ကြားရပါတယ် ဆိုတဲ့အချက်တို့ဖြစ်ပါတယ်။ အဲဒီတော့ ဒီအချက်အလက်တွေဟာ ကျွန်တော်စောစော ကပြောခဲ့တဲ့ ကျွန်တော်မသိဘဲနဲ့ ကျွန်တော်သိလေဟန်၊ ကျွန်တော်ခိုင်းလေဟန်၊ တခြားလူတွေကို ပြောလို့ ကျွန်တော်သဘောတူပြီဆိုပြီး၊ တခြားလူတွေက ဖျက်လိုက်တာ အဲဒီတော့အထက်က အချက်တွေကို လေ့လာ ပြီးတော့ သမဂ္ဂအဆောက်အဦကို ဖျက်တဲ့ကိစ္စမှာ မည်သူတရာခံအစစ် ဖြစ်တယ်ဆိုတာကို လူထုတရပ်လုံးက မိမိတို့ဘာသာ ဆုံးဖြတ်ကြပါတော့လို့ တင်ပြရင်း စကားပြောခြင်းကို အဆုံးသတ်လိုက်ပါတယ်ဟု ဗိုလ်နေ၀င်း က တိုင်းပြည်သို့ ရှင်းပြခဲ့လေသည်။
ဗိုလ်နေ၀င်း၏ နောက်ဆုံးနေ့ မျက်ဖြေလင်္ကာစာတမ်းကြီးမှာ ကာရန်မညီ၊ စာသားမချော မုသာဝါဒလိမ်လုံးများ သာဖြစ်လေသည်။
ဇူလိုင်လ (၇) ရက်နေ့ သွေးချောင်းစီး လူသတ်ပွဲကြီးနှင့်ပတ်သက်၍ ...
(က) ဗိုလ်နေ၀င်းက စောစောကမသိ သေနတ်သံကြားမှသိရသည်ဟု ဖြေရှင်းခြင်းသည် လိမ်ညာသော မုသား သာဖြစ်သည်။ ကျောင်းသားတို့ ဟောပြောချက်ကို သူ့ထံသို့ ကြိုးမဲ့အသံဖမ်းစက်ဖြင့် လွှင့်ပေးနေသောကြောင့် ကျောင်းသားများ၏ အသံကို စိတ်ဆိုးကာ သတ်ဖြတ်ခွင့် အမိန့်ထုတ်ခဲ့သည်မှာ ဗိုလ်နေ၀င်းကိုယ်တိုင်ပင်ဖြစ် သည်။
(ခ) ထိုစဉ်က တပ်ဦးမှ ပစ်မိန့်ပေးရသူ ဗိုလ်စိန်လွင် (နောင်သမ္မတပြုတ်) က မိမိသည် ဗိုလ်နေ၀င်း၏ အမိန့်အ ရ ပစ်မိန့်ပေးခဲ့ပါသည်ဟု မဆလပါတီပျက်သောအခါတွင် ဖြေရှင်းထုတ်ဖေါ်ခဲ့သည်။
(ဂ) ကျောင်းသားများလက်ချက်နှင့် ရဲ (၇) ဦး၊ (၈) ဦးဒဏ်ရာရရှိသည်ဟု ဗိုလ်နေ၀င်းက ပြောသည်မှာလည်း လိမ်ညာသော မုသားသာဖြစ်သည်။ အဆောင်ဝင်းတံခါးမှန်သမျှကို ကျောင်းသားများက ပိတ်ထားခိုက် ပြင်ပရှိ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ချိန်တွင် တက္ကသိုလ်ပတ်ဝန်းကျင်တွင် ရဲတယောက်မှမရှိ။ ကျောင်းသားတို့က ရဲ တို့အား ရန်ပြုရန်မဖြစ်နိုင်ချေ။
(ဃ) တကသဆောက်အဦမျက်နှာကြက်တွင် ကျောင်းသားခေါင်းဆောင်များကို သတ်ဖြတ်ရန်ဦးတည်ချက်ဖြင့် အဆောက်အဦးကြီးကို ဖျက်စေအမိန့်ပေးသူမှာ ဗိုလ်နေ၀င်းဖြစ်သည်။ မဖျက်ရန် ဟန့်တားလေဟန်ပြောသော ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးလည်း တာဝန်ရှိပေသည်။
(င) တသကကို ဖျက်ဆီးပြီး နောက်တနေ့နံနက်တွင် ဘာကြောင့်ဖျက်ရသည်ဟု တော်လှန်ရေးကောင်စီ၏ ကြေညာချက်တွင် တော်လှန်ရေးကောင်စီသည် စည်းမဲ့ကမ်းမဲ့ ဘ၀ကိုပြင်ရမည့် တာဝန်သည် မိမိတို့အပေါ် တွင် ကျရောက်နေသဖြင့် တပ်မတော်၏ အားတစ်စိတ်တဒေသကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းသည်ဟု သတင်း စာတို့မှ ရေးသားထုတ်ပြန်ချက်တို့ကို လေ့လာကြည့်ပါက တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေ၀င်းက မိမိမသိ ပါ။ မိမိပါဝင်ခြင်းမရှိပါဟု ပြောသည်မှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားနေသော မုသားသာဖြစ်ပါ သည်။
(စ) ယခုဖြစ်ပျက်သည့်ကိစ္စသည် ကျောင်းသားကိစ္စတခုတည်းမဟုတ်ဘဲ၊ နိုင်ငံရေးအမှောင့်ပယောဂများ ဖမ်း စားတယ်ဆိုတာ ကျွန်တော်တို့ရိပ်စားမိပါတယ်ဟု ဗိုလ်နေ၀င်း၏ သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင်အသံလွှင့် ချက်၌ ကျောင်းသားများနောက်ကွယ်မှ ဗကပတို့ ပါလေဟန်ပြောသည်မှာလည်း လိမ်ညာလီဆယ်ချက်ပင်ဖြစ် သည်။ ထိုအချိန်က ဗိုလ်နေ၀င်းက မြို့ပေါ်ရှိ လက်နက်ချဗကပများကို သိမ်းသွင်းကာ တောတွင်းရှိ ဗကပများ အလင်းဝင်ရန် စကားကမ်းလှမ်းနေချိန်ဖြစ်သည်။ ကျောင်းသားတို့လှုပ်ရှားမှုသည် ပြင်ပ ပယောဂမပါသည်ကို သိပါလျက် သတ်ဖြတ်မှုကြီးနှင့် ဖျက်ဆီးမှုကြီးကို လူထုကလက်ခံအောင် လီဆယ်ပြောဆိုချက်သာဖြစ်သည်။
(ဆ) ကျောင်းသားများအား သတ်ဖြတ်ပြီးနောက်၊ ကျွန်တော်တို့ကို အပြောဘ၀မှာ နစ်မွန်းစေခြင်းအားဖြင့် အ လုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင်လုပ်နေကြတယ်ဆိုလျှင်တော့ ကျွန်တော် နောက်ထပ် ဘာမှ မပြာလို တော့ပါဘူး။ အနည်းဆုံး ဓားကို ဓားချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတော့တယ်ဟု ပြောသည်မှာ ဒေသ သံနှင့် တုန်ရီနေသည်ကို ကြားရသူလူထုက သိရှိနားလည်ကြသည်။ ဗိုလ်နေ၀င်းရာထူးမှ ဆင်းပေးရသော ၈၈ ခုနစ်က “စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး၊ နောင်ကို ဆူဆူပူပူ လုပ်တဲ့သူတွေတော့ မသက်သာဘူးလို့သာ မှတ်ပေတော့” ဟု ပြောသောမိန့်ခွန်းနှင့် တသံတည်းဖြစ်သည်ကို လူထုက နောကြေနေပြီဖြစ်သည်။
(ည) ထိုစဉ်က လက်တွေ့ သတ်ဖြတ်ရုံမျှသာမက နှုတ်မှလည်း စစ်ကြေညာခဲ့ပါလျက် နောက်ပိုင်းမှ သူသတ် သည် ငါသတ်သည်၊ သူဖျက်သည် ငါဖျက်သည်ဟု တဦးအပေါ် တဦးလက်ညှိုးထိုး၍ ဖေါ်ကောင်လုပ်ကြစေ ကာမူ၊ ခေါင်းရှောင်စေကာမူ၊ ဗိုလ်နေ၀င်းသည် အဓိကတရားခံသာဖြစ်သည်ကို လူထုက မေ့မရနိုင်ပေ။
မည်သို့ဆိုစေ ယခုအခါ ‘ဆဲဗင်းဂျူလိုင်’ ခေါ် ဇူလိုင်လ (၇) ရက်နေ့ သွေးမြေကျခဲ့ရသော ကျောင်းသားအရေး တော်ပုံကြီးသည် ယခုအခါ ၄၇ နှစ်သို့ တိုင်ခဲ့ပြီးဖြစ်သော်လည်း လူထုတရပ်လုံးသည် ထိုသွေးစွန်းခဲ့ရသော ဇူ လိုင်လ (၇) ရက်နေ့ကို ဦးနှောက်က မေ့ပျောက်သွားသည့်တိုင် နှလုံးသားက ဥဒါန်းမကျေ အစဉ်သတိရလျက် ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။ ယခုအခါ၌လည်း ဗိုလ်နေ၀င်း၏ မျိုးဆက်သစ်လက်ပါးစေ စစ်အာဏာရှင်တို့ သည် ဒီမိုကရေစီအရေးတော်ပုံကြီး အောင်မြင်ရေးအတွက် ရုန်းကန်တိုက်ပွဲနေသော ရဟန်းရှင်လူ၊ ကျောင်း သားများပါဝင်သည့် ပြည်သူလူထုတရပ်လုံးအား နည်းမျိုးစုံဖြင့် ဖြိုခွင်းရန် ဆင်ကြံကြံလျက်ရှိရာ တော်လှန်ရေး သတိ အစဉ်ရှိစေရန် တပ်လှန့်နှိုးဆော်လိုက်ရပါသည်။
ဒီမိုကရေစီအရေးတော်ပုံးကြီး လုံးဝ (လုံးဝ) အောင်ရမည်။
(ကိုဖိုးဇေဘလော့မှ …)
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:17 PM
0
comments
Labels: အမှတ်တရ
ဆဲဗင်းဂျူလိုင် အမှတ်တရကဗျာ - အဖွင့်သစ္စာ (ကြည်ဝင်း - ပခုက္ကူ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:30 AM
0
comments
Labels: အမှတ်တရ
Monday, July 6, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၇-၀၉)
- တရုတ် ၀ီဂါတိုင်းရင်းသားအဓိကရုဏ်း လူ (၁၄၀) သေဆုံး click
- တရုတ်နိုင်ငံ ရှင်ကျန်ပဋိပက္ခ လူ (၁၄၀) ကျော် သေဆုံး click
- A (H1N1) တုပ်ကွေးပိုး ကူးစက်ခံရသူ ထိုင်းမှာ (၂၂၇၂) ဦး ရှိပြီ click
- သွေးလွန်တုပ်ကွေးလူနာများ ဆေးရုံမဆန့်အောင် များပြားနေ click
- မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ထိုင်းအစိုးရ တောင်းဆို click
- သံဃာများက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ရွှေတိဂုံမှာ ဆုတောင်း click
- သံဃာတော်များဦးဆောင်၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲပြုလုပ် click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မြို့ရွာများမှာ ဆုတောင်း click
- စစ်အာဏာရှင် ဆက်လက်ဆန့်ကျင်ရေး တိုက်ပွဲခေါ်သံ ထုတ်ပြန် click
- မြန်မာ့အရေး ဘန်ကီမွန်းဆောင်ရွက်မှုအတိုင်းအတာ ကုန်ဆုံးပြီ ဝေဖန် click
- ဘန်ကီမွန်းမိန့်ခွန်း စစ်အစိုးရမီဒီယာတွင် မဖော်ပြ click
- ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေရချိန်မှာ ဘန်ကီမွန်းနဲ့တွေ့ပေးဖို့ မဖြစ်နိုင်ဟု စစ်အစိုးရအကြောင်းပြ click
- စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း မြင်းခြံခရိုင်အတွင်း စည်းရုံးရေးဆင်း click
- ဓမ္မစကြာအခါတော်နေ့ အိန္ဒိယနဲ့ ထိုင်းမှာလည်း ကျင်းပ click
- ထိုင်းနိုင်ငံမှ ဆားတင်သွင်းမှု နည်းပါးလာ click
- စစ်တပ်အရာရှိ လက်ထပ်ပွဲအတွက် အရပ်သားများထံမှ လက်ဖွဲ့ငွေများ သတ်မှတ်ကောက်ခံ click
- မြန်မာအစိုးရအာဏာပိုင်မှ လယ်သမားများကို အသေးစားချေးငွေ ထုတ်ယူရန် ပိုမိုတိုက်တွန်း click
- ကျောင်းသားများသဖြင့် မိဘမဲ့ကျောင်း လက်ခံရန် ခက်ခဲ click
- ကျောင်းသားသမဂ္ဂ မရှိသဖြင့် ဆုံးရှုံးမှုများစွာ ရင်ဆိုင်ခဲ့ရ click
- အသံညီပြီး အလုပ်တူဖို့အတွက် အမြင်တူပြီး အတွေးညီကြပါစို့ - အပိုင်း (၂) (ဆောင်းပါး) click
- အသံညီပြီး အလုပ်တူဖို့အတွက် အမြင်တူပြီး အတွေးညီကြပါစို့ - အပိုင်း (၃) (ဆောင်းပါး) click
- မော်စကိုထိပ်သီးညီလာခံ ထူးခြားတဲ့တိုးတက်မှုတွေရှိဖို့ အိုဘားမားမျှော်လင့် click
- မြောက်ကိုရီးယားသင်္ဘော လှည့်ပြန်မှုအပေါ် အမေရိကန်ရေတပ် အကြီးအကဲ ကြိုဆို click
- ဖြုတ်ချခံ ဟွန်ဒူးရပ်စ်သမ္မတ ပြည်တော်ပြန်ခွင့်မရ click
- ဟွန်ဒူးရပ်စ်ကို အမေရိကတိုက်နိုင်ငံများ အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်း click
- မြန်မာနေရှင်နယ်လိဂ်ဖလားပွဲ ရတနာပုံ FC ဗိုလ်စွဲ click
- ပထမဦးဆုံး MNL ဖလား မန္တလေးရသွားပြီ click
- ရတနာပုံ FC ဘောလုံးအသင်း ရှုံးပွဲမရှိ ဗိုလ်စွဲ click
- Myanmar junta stage-manages visit by UN chief click
- Snubbing of Ban will prompt world to act click
- Mae Sot’s unsung heroes click
- Ban calls on Myanmar to hold free elections next year click
- Evaluating the inter-agency quality and accountability initiatives in Myanmar click
- ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည် click
- မြန်မာစစ်အစိုးရ နိုင်ငံရေးအခွင့်အလမ်းများ ဆုံးရှုံးဟု ကုလသမဂ္ဂအကြီးအကဲ ဘန်ကီမွန်း ပြောကြား click
- ရန်ကုန်တွင် ဘန်ကီမွန်း သတင်းစာရှင်းလင်းပွဲလုပ်၊ ပြည်တွင်းမီဒီယာများ မေးမြန်းခွင့်မရ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးနိုင်ကြောင်း ကြိုအသိပေးထားဟု နအဖသတင်းစာ ဖော်ပြ click
- ကုလအတွင်းရေးမှူးခရီးစဉ် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းနှင့် လွဲနေသည်ဟုဆို click
- ဘန်ကီးမွန်းခရီးစဉ်အပေါ် နောက်ဆက်တွဲအမြင်များ click
- ဘန်ကီမွန်းခရီးစဉ်အပြီး သဘောထားအမြင်များ click
- ဘန်ကီမွန်းလာသည့်အပေါ် နိုင်ငံရေးအကျဉ်းသားမိသားစုနှင့် ပြည်သူ့အမြင် click
- ဘန်ကီမွန်းနှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တွေ့ဆုံခြင်း (အင်တာဗျူး) click
- ဖိအားပေါင်းစုံအကြားမှာ နအဖအစိုးရဟာလည်း ဆူးကြား ဘူးသီးသလို ဖြစ်နေတယ် (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး နှင်းဆီပန်းဝေသူ အဖွဲ့ချုပ်ဝင် (၂) ဦး ခေါ်မေးခံရ click
- ဒေါ်အောင်ဆန်းစုကြည်၏ သက်သေ ဒေါ်ခင်မိုးမိုးကို မစစ်ဖြစ်ဘဲ နောက်တပတ်ထပ်ချိန်း click
- မြောက်ပိုင်းမှ ရန်စောင်နေမှုတွင် တရုတ်တို့ အဓိက အခန်းကဏ္ဍမှ ပါဝင်လာ (ဆောင်းပါး) click
- လူတုပ်ကွေး ထပ်မံကူးစက်သူ မရှိသေးကြောင်း ထုတ်ပြန်ကြေညာ click
- စိုက်သမျှဘိန်းခြံ လိုက်လံဖျက်ဆီးမည်ဟု စစ်အစိုးရပြည်ထဲရေးဝန်ကြီး ပြော click
- အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ရှိ ကျေးရွာများကို အမာခံနယ်မြေအဖြစ် ဖွဲ့စည်း click
- AASYC မှ လစဉ် သတင်းမှတ်တမ်းလွှာ စတင်ထုတ်ဝေ click
- မိုက်ကယ်ဂျက်ဆင် (သို့မဟုတ်) ယဉ်ကျေးမှုအသစ်ကို ဖန်တီးသူ - အပိုင်း (၂) (ဆောင်းပါး) click
- ရင်ဘတ်သူရဲကောင်း (ပေါ့ပ်ဂီတဘုရင် မိုက်ကယ်ဂျက်ဆင် အမှတ်တရ) click
- ရတနာပုံအသင်းက ရန်ကုန်ယူနိုက်တက်ကို အနိုင်ရ click
- ရှုံးပွဲမရှိ ရတနာပုံ FC အသင်း ရန်ကုန်ယူနိုက်တက်ကို (၆) ဂိုးသွင်းပြီး ဗိုလ်စွဲ click
- မြကြေးမုံ ၀ါကျများ (ကဗျာ) click
- လဇူလိုင်ကို ရဲဝံ့သူသာပိုင်တယ် (ကဗျာ) click
- Despite Humiliation, Ban Irked the Generals click
- NLD Blames Junta for UN's Failed Mission click
- Refugee numbers swell click
- Foreign investment in Myanmar hits 15 bln USD click
- Best practices and lessons learnt: UNICEF Myanmar's response following cyclone Nargis click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:57 PM
0
comments
Labels: သတင်း
Sunday, July 5, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၇-၀၉)
- ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံခရီးစဉ် ရှင်းလင်း click
- မြန်မာခရီးစဉ် လုံးဝအကျိုးမဲ့မဟုတ်ကြောင်း ဘန်ကီမွန်း ဆို click
- မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အမှုကို လွတ်လပ်စွာ စစ်စေချင်သလား (ဆွေးနွေးခန်း) click
- ဘန်ကီမွန်းခရီးစဉ် အောင်မြင်မှုမရ click
- မစ္စတာဘန်ကီမွန်းခရီးစဉ် (တနင်္ဂနွေဆွေးနွေးပွဲ) click
- မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ပိုလာဖွယ်ရှိ click
- ဗြိတိသျှသံရုံး အရပ်သားအရာရှိကို တရားစွဲ click
- ၂၀၀၉ ဇူလိုင်လ ဒုတိယပတ် တီဗွီမဂ္ဂဇင်း အစီအစဉ် click
- ဘင်္ဂလား လက်ကိုင်ဖုံး စစ်ဆင်ရေး ဝန်ထမ်းများဆီသို့ ဦးလှည့် click
- EDITORIAL Humiliation of UN chief click
- Editorial: Ban’s Myanmar trip click
- UN Chief Concerned North Korea is Isolating Itself click
- Ban: Human Rights Must be Foundation for Future click
- UN chief rebukes Burma click
- With No Clear Path Out of a Diplomatic Thicket, a Push to Redraw the Map click
- Myanmar gamble backfires for UN’s Ban–analysts click
- EDITORIAL: Cults of impunity click
- Release prisoners, says PM click
- လွိုင်ကော်မြို့ လောင်းကစားဝိုင်းများကြောင့် ဒေသခံများ အကျင့်ပျက် click
- ဂန္ဒီခန်းမ အစည်းအဝေး (မှတ်စုမှတ်တမ်း) click
- N. Korea Ship Sailing Northward click
- Suu Kyi party blames junta for UN's failed mision click
- UN chief no match for Myanmar ruler click
- UN chief: Myanmar leader promises to hold inclusive general election click
- Did Obama Score a Victory at Sea vs. North Korea? click
- Lopsided Engagement Policy click
- Japanese language proficiency test to be held in Myanmar click
- Burma: Mr U.N. goes to Yangon and fails yet again click
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:28 PM
0
comments
Labels: သတင်း
Saturday, July 4, 2009
ဒေါက်တာလွဏ်းဆွေ - ခေတ်ပြိုင်ဂျာနယ် ဆောင်းပါးများ အတွဲ (၂)
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:52 PM
0
comments
Labels: စာဖတ်ခန်း
မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၇-၀၉)
- ဘန်ကီမွန်းခရီးစဉ် ထူးခြားတဲ့အောင်မြင်မှု မရှိ click
- မြန်မာခရီးစဉ် ဘန်ကီမွန်း စိတ်ပျက် click
- ကုလအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ငြင်းပယ်ခံရ (ဗွီဒီယိုအထူးသတင်း) click
- ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆိုချက် စစ်အစိုးရ ငြင်းပယ် click
- မစ္စတာဘန်ကီမွန်းခရီးစဉ်အပေါ် သူတို့အမြင် click
- မစ္စတာဘန်ကီမွန်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ထပ်မံတွေ့ဆုံမည် click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ရဘဲ ဘန်ကီမွန်း မြန်မာပြည်ကနေ ပြန်ပြီ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ရဘဲ ဘန်ကီမွန်း မြန်မာပြည်ကနေ ပြန်ခဲ့ရ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ဘန်ကီမွန်းက စစ်ဗိုလ်ချုပ်များကို အပြစ်တင် click
- ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ခရီးစဉ် ပြီးဆုံး click
- ၀ နှင့် မိုင်းလားဒေသသို့ တပ်မတော်အရာရှိများ သွားနေတော့မည်ဟု တြိဂံတိုင်းမှူး ပြော click
- ပြီးခဲ့သည့်လက ထိုးစစ်တွင် သေဆုံး၊ ဒဏ်ရာရသူ DKBA ကရင် တပ်ဖွဲ့ဝင် (၂၅၀) ကျော်ရှိ click
- ပဲခူးမှာ ကလေးသူငယ်များ သွေးလွန်တုပ်ကွေး ဖြစ်ပွား click
- မြောက်ကိုရီးယား ရန်စမှုကို တောင်ကိုရီးယား တုံ့ပြန်ရန်အသင့် click
- စိန်ခေါ်မှုတွေ အမေရိကန် ရင်ဆိုင်နေရဆဲ click
- Weekly Eleven က RFA နှင့် မဇ္ဈိမကို တိုက်ခိုက် click
- နာမည်ကျော် စာရေးဆရာမ လွန်းထားထား သမီး မွေးနေ့အတွက် ဆွမ်းကပ် click
- Scant results for Ban in Burma click
- 5,000 days in captivity: The world's most famous political prisoner and a dismal landmark click
- UN chief fails to meet Suu Kyi click
- Brown attacks Burmese leaders click
- Burma junta blocks Ban Ki Moon’s meeting with Aung San Suu Kyi click
- North Korea tunnellers fortify Burma junta click
- Overnight in ‘ghost town’ capital click
- UN chief leaves Myanmar 'disappointed' with junta click
- UK threatens new Burma sanctions click
- Brown raises prospect of more Myanmar sanctions click
- Ban Ki-moon's Speech click
- Burma court accepts appeal over witness ban from Suu Kyi's lawyers click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် တွေ့ခွင့်မရ၊ တွေ့ခွင့်ပေးရန် စစ်အစိုးရ ငြင်းဆို click- ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရဘဲ ဘန်ကီမွန်း ပြန်ရတော့မည် (ဓာတ်ပုံသတင်း) click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ဘန်ကီမွန်း စောင့်နေဆဲ click
- ဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီးနှင့် ထပ်တွေ့မည် click
- ကုလအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရ click
- ဘန်ကီမွန်းခရီးစဉ် မြန်မာလူထု စိတ်ဝင်စား click
- ဘန်ကီမွန်းခရီးစဉ် အကျိုးရလဒ်မရှိဟု လေ့လာသူများပြော click
- ထိုင်းမှာ တုပ်ကွေးနဲ့သေတာ (၅) ယောက်ရှိပြီ click
- တုပ်ကွေးသတင်းလိုက်သူ သတင်းထောက် ဆေးရုံပို့ခံရ click
- အသက်မပြည့်သေးသည့် မိန်းကလေးကို အဓမ္မကျူးလွန်ပြီး လက်ထပ်ပေးရန် အာဏာပိုင်နှင့် ပူးပေါင်းလုပ် ဆောင်နေ click
- ကလေးငယ်နှစ်ဦး စစ်တပ်ထဲရောက်နေကြောင်း ရပ်ကွက်လူကြီးက ပြောမှ မိဘများသိရ click
- “အသံညီပြီး အလုပ်တူဖို့” အတွက် “အမြင်တူပြီး အတွေးညီကြပါစို့” (ဆောင်းပါး) click
- U.N.'s Ban denied Suu Kyi meeting click
- Ban Ki-moon presses Burma's leader to free Aung San Suu Kyi click
- Support Suu Kyi: U2 to fans click
- U.N. chief to meet Thai PM after Myanmar visit click
- Myanmar denies U.N. chief a visit with Suu Kyi click
- Burma's Frustrated Generation Looks Abroad click
- Ban holds second meeting with Myanmar junta chief: officials click
- Ban Ki-moon 'deeply disappointed' at rejection of Aung San Suu Kyi visit request click
- Myanmar junta snubs United Nations secretary-general click
- Community rehab renews life of drug addicts in border village click
- Weekly Business Roundup (July 4, 2009) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:50 PM
0
comments
Labels: သတင်း
ဂျူလိုင် ဒိုင်ယာရီများ (ကဗျာ)
ဂျူလိုင် ဒိုင်ယာရီများမောင်လွမ်းဏီ
ကမ်းနဲ့ သောင်သိ
လမ်းနဲ့ ဖောင်ရှိသော်ငြား
ကတိတလုံး၊ သွေးနဲ့ ထုံးနှောင်
နောက်ဆုံးထွက်သက်
ရက်စွဲရေးထားခဲ့ပါပြီ။
မည်သို့ပင်ဖြစ်စေ
ရက်စွဲတွေက ပြက္ခဒိန်မှာ
နေရာရတယ်မဟုတ်လား။
ဂျူလိုင်မြားတစင်း
ပြူတင်းပေါက်ကို၊ တိုးလျှိုထွင်းဖောက်
လမ်းဖောက်ခဲ့စဉ်
အကျွန်မမြင်ဝံ့ပါတကား။
သမိုင်းတွေကြောင့်ပဲ
သမိုင်းတွေသစ်တယ်
ချစ်သူရယ်
ဒီတရက်ကိုတော့
သည်းခံရေးခြစ်ထားပါရော့။
ဇူလိုင်ရက်စွဲ
မင်းလည်းရေးပါ အညာသား။
မောင်လွမ်းဏီ
၁-၇-၀၉
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:39 PM
0
comments
Labels: ကဗျာ
လျှို့ဝှက်စွာ စီးဆင်းသွားတဲ့ မြစ် (ကဗျာ)
တနေကုန် လိုက်ကောက်ထားတဲ့
တအိုးစာ ထင်းခြောက်ကလေးတွေကလည်း
မတောက်နိုင်သေးတဲ့ မီးကို မွေးရင်းမွေးရင်းက
အခိုးအငွေ့တွေအဖြစ်နဲ့သာ …။
သူ့ အငိုမှာ
နို့ချိုတွေကလည်း ထွက်ကျမလာနိုင်တော့
ပျော့တွဲဘတ်လဘိုင်လိုက်နေတဲ့ သားမြတ်ပျဉ်းတွဲမှာ
သူ့ရင်သွေး ကလေးငယ်လေးရဲ့
သွားဖုံးကြိတ်ဒဏ်ရာတွေက သွေးစိမ်းရှင်ရှင် …။
ပင်လယ်ဟာ
ဘယ်ကိုမှ ထွက်ပြေးမရနိုင်ပါဘူးကွာ ... တဲ့
အဲဒါ ရှင်ပြောနေကျ စကားလေ။
နေလုံးကွယ်လုပြီ
လှိုင်းပုတ်သံတွေက
ခါတိုင်းညတွေထက် ကြမ်းတယ်
လှေငယ်ကလေးနဲ့ အိမ်ဦးရဲ့ အရှင်သခင်ရေ
ဒီည ရှင့်မျက်နှာကို
ကျမ မြင်ခွင့်ရမှဖြစ်မယ်။
ကျမသိပါတယ် …
ရှင်ဟာ ဘယ်တော့မှ
ဘ၀အပေါ် လက်နက်မချဘူးဆိုတာ ...။ ။
ကမာပုလဲ
(ဂျွန်-၁၃၊ ၂၀၀၉)
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:33 PM
0
comments
Labels: ကဗျာ
Friday, July 3, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၇-၀၉)
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလအတွင်းရေးမှူးချုပ် တွေ့ဆုံဖို့ စစ်အစိုးရ ခွင့်မပြု click
- ဘန်ကီမွန်းနဲ့ ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံ click
- ဘန်ကီမွန်းခရီးစဉ်အတွင်း ရလဒ်ကောင်း ထွက်ဖို့လို click
- ကုလအတွင်းရေးမှူးချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့ဆုံ click
- ကုလအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် စောင့်နေဆဲ (ဗွီဒီယိုအထူးသတင်း) click
- မစ္စတာဘန် ခရီးစဉ်နဲ့ ပတ်သက်လို့ သူတို့အတွေး သူတို့အမြင် click
- မြောက်ကိုရီးယား ဒုံးပျံစမ်းသပ်မှုတွေ ထပ်မံပြုလုပ် click
- ဂမ်ဘာရီခရီးစဉ်က ဘာတွေမျှော်လင့်နိုင်မလဲ (တိုက်ရိုက်လေလှိုင်း) click
- မြောက်ကိုရီးယားသင်္ဘောတစ်စီး ဆန်တင်ရန် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာ click
- မန္တလေးပရိသတ် ထောင်ချီ၍ MNL ဗိုလ်လုပွဲသို့ သွားရောက်အားပေးမည် click
- အမ်းအနီး ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်၊ တဦးသေ အများအပြား ဒဏ်ရာရ click
- Myanmar Muddle click
- UN's Ban Ki-moon under fire for praising Burma leaders click
- UK's Brown urges Myanmar to halt Suu Kyi trial click
- Myanmar stalls on UN chief's talks with Suu Kyi click
- Myanmar's frustrated generation looks abroad click
- U.N. Chief´s visit in Myanmar: How effective it will be? click
- UN Chief Asks Burmese Junta for Meeting with Aung San Suu Kyi click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဘန်ကီမွန်းကို တွေ့ခွင့်မပေး click- ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တွေ့ဆုံဖို့ စစ်အစိုးရ ခွင့်မပြု click
- ဘန်ကီမွန်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရ click
- ဘန်ကီမွန်းခရီးစဉ် လုံခြုံရေးများ အထူးတင်းကြပ် click
- ဘန်ကီမွန်း မြန်မာပြည် ဒီကနေ့ရောက်မည် click
- ဘန်ကီမွန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမရ မသေချာသေး click
- မြန်မာနိုင်ငံခရီးစဉ်သည် ခက်ခဲသည့် ခရီးစဉ်ဟု ဘန်ကီမွန်း ပြောဆို click
- နအဖကို ပိုမိုဖိအားပေးရန် ဘန်ကီမွန်း တိုက်တွန်းတောင်းဆို click
- ဒေါ်အောင်ဆန်းစုကြည်အမှု ထပ်မံရုံးချိန်း click
- ဒေါ်အောင်ဆန်းစုကြည်တရားခွင် ရွှေ့ဆိုင်း click
- ဒေါ်အောင်ဆန်းစုကြည်၏ သက်သေကို ရုံးချိန်းထပ်မံရွှေ့ဆိုင်း click
- ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ အင်ဒိုနီးရှားရှိ ဗြိတိန်သံရုံးတွင် ပြသထား click
- ဂျကာတာမြို့ ဗြိတိန်သံရုံး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု click
- အင်းစိန်ထောင်ပတ်ဝန်းကျင် လုံခြုံရေးထူထပ်စွာချထား click
- မြောက်ကိုရီးယား ဒုံးပျံစမ်းသပ်မှုတွေ ထပ်မံပြုလုပ် click
- စစ်အစိုးရနှင့်ပတ်သက်သည့် မြောက်ကိုရီးယားကုမ္ပဏီ အမေရိကန် အရေးယူ click
- စစ်အုပ်စု တူးနေသည့် မိုက်တွင်းများ (သတင်းသုံးသပ်ချက်) click
- မြောက်ကိုရီးယားနှင့် မြန်မာ ဆက်ဆံရေးနီးစပ်လာမှု စိုးရိမ်ဖွယ် click
- လွှတ်တော်အမတ် ခန့်အပ်ပေးရန် ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် တောင်းဆို click
- နယ်ခြားစောင့်တပ်ပြောင်းရေး အပစ်အခတ်ရပ်အဖွဲ့တွေ ထပ်မံဆွေးနွေး click
- စစ်သင်တန်းတက်ရန် ရွာသားများကို ခွဲတမ်းစနစ်ဖြင့် ခေါ်ယူနေ click
- ခန္တီးထောင်အတွင်းမှ အကျဉ်းသားအားလုံးနီးပါ ငှက်ဖျားရောဂါများ ဖြစ်ပွားနေ click
- ထူးဆန်းသည့် ရောဂါတမျိုးကြောင့် စိုက်ပျိုးထားသည့်စပါးများ ပျက်ဆီးနေ click
- မော်လမြိုင်ဈေးသစ် မပြီးသေး၍ ဈေးသည်များ ရောင်းချမှုကျဆင်း click
- တာလီဘန်တွေအပေါ် အမေရိကန်ထိုးစစ်သစ် စတင် click
- ရေနံစိမ်းအိတ်ပျောက်မှု အပြစ်မဲ့သူ (၄) ဦး ဖမ်းဆီးနှိပ်စက်ခံရ click
- စမုန်ညင်းထိန်းသိမ်းရေးစခန်းတွင် ဆူပူမှုဖြစ်၊ မျက်ရည်ယိုဗုံးသုံး၍ ဒဏ်ရာရသူရှိ click
- မုန်တိုင်းသင့်ဒေသတွင် ပညာရေးအတွက် အရေးပေါ်အကူအညီ လိုအပ်နေဆဲ click
- မိုက်ကယ်ဂျက်ဆင်ရဲ့ နောက်ဆုံးဗွီဒီယိုအကြောင်းနှင့် နောက်ဆုံးဖြစ်စဉ်များ click
- မိုက်ကယ်ဂျက်ဆင်ရဲ့ နောက်ဆုံးကကွက်တကွက် click
- ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့ ဟောပြောပွဲ click
- နယူးယောက်မြို့ လမ်းတခုပေါ်က ဈေးရောင်းပွဲ (ဓာတ်ပုံသတင်း) click
- အလှူမင်္ဂလာပွဲသတင်းနှင့် လှုပ်ရှားမှုသတင်းများ click
- နှစ်ပေါင်း (၂၀၀) ကျော် အဖြေရှာမရခဲ့တဲ့ စာဝှက်တစောင် (ဆောင်းပါး) click
- နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (၁၃) ကြိမ်မြောက် အစည်းအဝေးမှ အဖွဲ့ဝင်သစ် ထပ်မံလက်ခံ click
- သောကြာစကားဝိုင်း (ဇူလိုင် ၃၊ ၂၀၀၉) click
- ခေတ်ပြိုင်အားကစား click
- Ban meets junta chief click
- UN chief asks to see Aung San Suu Kyi click
- Burma Rejects Initial U.N. Attempt to See Suu Kyi click
- UN chief gambles on Burma breakthrough click
- UN Chief Denied Suu Kyi Visit click
- UN chief presses Suu Kyi release click
- Junta Itself is Main ‘Sanction’ on Burma: Expert click
- UN chief wants access to Suu Kyi click
- Suu Kyi trial postponed as U.N. chief arrives click
- Suu Kyi Image Lights up Central Jakarta click
- Sarah Brown calls for release of Aung San Suu Kyi click
- NLD Delegation Travels to Naypyidaw to Meet Ban Ki-moon click
- INGOs Kept Waiting for Visas click
- Missing the point on Myanmar click
- Strength and dishonor click
- Myanmar fossil may shed light on evolution click
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:13 PM
0
comments
Labels: သတင်း





















