Saturday, July 4, 2009

ဂျူလိုင် ဒိုင်ယာရီများ (ကဗျာ)

ဂျူလိုင် ဒိုင်ယာရီများ
မောင်လွမ်းဏီ

ကမ်းနဲ့ သောင်သိ
လမ်းနဲ့ ဖောင်ရှိသော်ငြား
ကတိတလုံး၊ သွေးနဲ့ ထုံးနှောင်
နောက်ဆုံးထွက်သက်
ရက်စွဲရေးထားခဲ့ပါပြီ။

မည်သို့ပင်ဖြစ်စေ
ရက်စွဲတွေက ပြက္ခဒိန်မှာ
နေရာရတယ်မဟုတ်လား။

ဂျူလိုင်မြားတစင်း
ပြူတင်းပေါက်ကို၊ တိုးလျှိုထွင်းဖောက်
လမ်းဖောက်ခဲ့စဉ်
အကျွန်မမြင်ဝံ့ပါတကား။

သမိုင်းတွေကြောင့်ပဲ
သမိုင်းတွေသစ်တယ်
ချစ်သူရယ်
ဒီတရက်ကိုတော့
သည်းခံရေးခြစ်ထားပါရော့။

ဇူလိုင်ရက်စွဲ
မင်းလည်းရေးပါ အညာသား။

မောင်လွမ်းဏီ
၁-၇-၀၉

No comments: