ပြည်သူ့သူရဲကောင်းများအုပ်စုမှ ပေးပို့သည်။
အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုကြောင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံး ဖြတ်ချက်ဖြင့်တောင်ကုတ်မြို့နယ် စည်းရုံးရေးအဖွဲ့ဝင်တာဝန်မှ ရပ်စဲခံထားရသော ဦးသန်းဖေသည် အာဏာ ပိုင်များနှင့် ပူးပေါင်းကာ ရခိုင်ပြည်နယ်စည်း ဒု-ဥက္ကဋ္ဌ၊ တောင်ကုတ်မြို့ နယ်စည်း ဥက္ကဋ္ဌ၊ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင်အား လွန်ခဲ့သည့် မေလဆန်းက တောင်ကုတ်မြို့ နယ်တရားရုံး၌ အသရေဖျက်မှု (ပုဒ်မ-၅၀၀) ဖြင့် တရားစွဲဆိုခဲ့သည်။ ယင်းအမှုအား မေလ (၁၄) ရက်နှင့် မေ လ (၂၉) ရက်နေ့များတွင် တရားရုံးချိန်းခေါ်ယူကာ လိုပြသက်သေ (၂) ဦးဖြစ်သော ဦးသန်းဖေနှင့် ဦးမျိုးမြင့် တို့အား စစ်ဆေးခဲ့ပါသည်။
အမှုဖြစ်စဉ်မှာ ဦးသန်းဖေနှင့် ဦးမျိုးမြင့်တို့အဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့အား အကြောင်းပြ၍ တောင် ကုတ်မြို့ပေါ် ရပ်ကွက်များ၌ တရားမ၀င်ငွေကြေး ကောက်ခံနေသည်ဟု ကာယကံရှင်အချို့ လာရောက်တိုင် တန်းကြခြင်းအပေါ် အဖွဲ့ချုပ်မြို့နယ်ဥက္ကဋ္ဌအနေဖြင့် မိမိ၏ တာဝန်အရ စွပ်စွဲခံရသူအားဖြေရှင်းပေးပါရန် ၂၂- ၁၀-၀၈ နေ့တွင် အကြောင်းကြားထားရှိခဲ့သည်ကို ပြန်လည်ဖြေကြားခြင်းမရှိဘဲ ၂၀၀၉ မတ်လတွင် အဖွဲ့ချုပ် (ဗဟို)ှ က ၄င်းအား တာဝန်မှရပ်စဲအပြီး (၇) လကြာသည့်အခါမှ တရားစွဲဆိုခြင်းဖြစ်သည်။ လိုပြသက်သေ (၂) ဦးထွက်ချက်အရ စွဲဆိုစဉ်က အသရေဖျက်မှု ပုဒ်မဖြစ်သော်လည်း ၈-၈-၀၈နေ့ တောင်ကုတ်မြို့ ၈-လေးလုံး နှစ် ၂၀ ပြည့် လူငယ်များလမ်းလျှောက်ဆန္ဒပြမှုတွင် အဓိကဦးဆောင်သူမှာ ဦးကျော်ခိုင်ဖြစ်ကြောင်း၊ ဦးသန်း ဖေအနေဖြင့် ဆန္ဒပြပွဲလုံးဝမဖြစ်စေရန် နည်းပေါင်းစုံသုံး၍ တားဆီးခဲ့ကြောင်း၊ သြဂုတ်လ (၈) ရက်နေ့ကပင် ၄င်းသည် အန်အယ်လ်ဒီမဟုတ်တော့ကြောင်း ... စသည်ဖြင့် ဦးသန်းဖေက အသက် (၉၀) အရွယ် လွှတ်တော်
ကိုယ်စားလှယ် ဦးကျော်ခိုင်အား ပုဒ်မပြောင်း၍ ထောင်မကျကျအောင် ကြိုးပမ်းခဲ့ကြသလို ပါတီတွင်းအတွင်း ရေးများကို တရားခွင်၌ သစ္စာမဲ့စွာ ဖွင့်ချပြခဲ့ကြသည်။
အဆိုပါ ဦးသန်းဖေမှာ အစပိုင်း၌ အတက်ကြွဆုံးအသွင်ဖြင့် လှုပ်ရှားပြခဲ့သော်လည်း နောက်ပိုင်းတွင် အာဏာ ပိုင်များ၏ အသုံးချမှု၊ ကြံ့ခိုင်ရေးအဖွဲ့၏ ထောက်ပံ့မှုကိုခံယူကာ ရခိုင်ပြည်နယ်၏ နိုင်ငံရေးလှုပ်ရှားမှု အားအ ကောင်းဆုံးဖြစ်သော တောင်ကုတ်မြို့ရှိ နိုင်ငံရေးအင်အားစုများကို အပြတ်အသတ်ချေမှုန်းတိုက်ဖျက်ရန် စနစ် တကျ ဆောင်ရွက်လာခဲ့သဖြင့် တောင်ကုတ်မြို့နယ်စည်းအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဗဟိုသို့တင်ပြရာမှ တာဝန် ရပ်စဲခံထားရခြင်းဖြစ်သည်။
ဦးသန်းဖေနှင့် အပေါင်းပါအချို့ အဖွဲ့ချုပ်အား အပုပ်ချဖြိုခွဲရန် စီစဉ်ညွှန်ကြားပေးနေသူမှာ တောင်ကုတ်မြို့မှ ကြံ့ခိုင်ရေးအဖွဲ့ဝင်၊ နအဖလက်ကိုင်တုတ် ဦးကျောက်တောင်ပင်ဖြစ်ကြောင်း ဒေသခံမျက်မြင်သက်သေများ က ဆိုကြသည်။ ဇွန်လ (၁၁) ရက်နေ့တွင် တတိယအကြိမ် ရုံးချိန်းဆင့်ခေါ်ထားပြီး၊ အဖွဲ့ချုပ်အနေဖြင့် အသက် အရွယ်ကြီးရင့်လှပြီး ကျန်းမာရေးမကောင်းလှသော်လည်း ပြည်သူလူထုအတွက် ခိုင်မာလှသည့် နိုင်ငံရေးယုံ ကြည်ချက်ဖြင့် လူထုရှေ့မှ မားမားမတ်မတ် ရပ်တည်နေသည့် ဦးကျော်ခိုင်အတွက် ဥပဒေဆိုင်ရာ အထောက် အကူပေးသွားမည်ဖြစ်ကြောင်း၊ ယခုကိစ္စသည် နိုင်ငံရေးပါတီတရပ်၏ ပါတီတွင်းကိစ္စသာဖြစ်ပြီး ဤအမှုကို လက်ခံသည်ဆိုကတည်းကပင် ဥပဒေနှင့်မညီ၊ တရားမျှတမှုမရှိသည်မှာ ထင်ရှားကြောင်းဖြင့် ပြည်နယ်စည်း အဖွဲ့ဝင်တဦးက ပြောကြားသည်။
တချိန်တည်းတွင် လွန်ခဲ့သည့်မေလအတွင်းက အဖွဲ့ချုပ် ရခိုင်ပြည်နယ်စည်းရုံးရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသိန်းလှိုင်အား ဥပဒေဖြင့်ပုဒ်မတပ်အရေးယူရန် အပြစ်ရှာမရ၍ လုပ်ကြံရှင်းပစ်ရန် ပြည်ထဲရေးဝန်ကြီး မောင် ဦးက တောင်ကုတ်မြို့မှ နအဖလက်ကိုင်တုတ် ဦးကျောက်တောင်ကို တာဝန်ပေးစေခိုင်းထားကြောင်း ကျောက် တောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တဦးက ပြောဆိုသည်။ တဆက်တည်းပင် ဦးသိန်းလှိုင် နေထိုင် ရာ ရမ်းဗြဲမြို့၌လည်း သတင်းတပ်ဖွဲ့ဝင်များသည် ဦးသိန်းလှိုင်၏ ဓာတ်ပုံအား ၄င်း၏ တပည့်များထံတွင် ခြိမ်း ခြောက်တောင်းခံနေကြောင်း သိရသည်။
ဦးသိန်းလှိုင်မှာ ကျူရှင်ဆရာတဦးဖြစ်သလို ရခိုင်သမိုင်းသုတေသီ စာရေးဆရာတဦးလည်း ဖြစ်သည်။ ၁၅ နှစ် ကြာမျှ ပြသလာခဲ့သော ၄င်း၏ ကျူရှင်အား ၂၀၀၇ ခုနှစ် ရမ်းဗြဲမြို့နယ်မှ အဓမ္မလုပ်အားစေခိုင်းမှု (၅) မှုကို အ ပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်သို့ တိုင်တန်းရာတွင် ပါဝင်မှုဖြင့် ၂၀၀၇ ဇွန်လတွင် ကျူရှင်အပိတ်ခံခဲ့ရ သည်။ မောင်လှိုင်(လမု) ကလောင်အမည်အပါအ၀င် အခြားကလောင်ခွဲများစွာဖြင့် ဒေသထုတ်မဂ္ဂဇင်းများတွင် ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းသုတေသန ဆောင်းပါးများလည်း ရေးသားခွင့်မရရှိတော့ပေ။
ယခုအခါ ၄င်းအနေဖြင့် အဖွဲ့ချုပ်(ဗဟို)၊ ရခိုင်ပြည်နယ်စည်းရုံးရေးအဖွဲ့တို့မှ ပေးအပ်ထားသည့် တာဝန်များကို ကျန်းမာရွှင်လန်းစွာ ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် စစ်တွေမြို့၌ နေထိုင်လျက်ရှိသော ပြည်နယ်စည်း ယာယီဥက္ကဋ္ဌ၊ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကြွင်းအောင် မှာလည်း ၄င်း၏ နေအိမ်အား ရဲတပ်ဖွဲ့ဝင်များ အချိန်ပြည့် ကင်းချစောင့်နေခြင်း၊ နယ်မြေခံသတင်းတပ်ဖွဲ့ဝင် များ နေ့စဉ်လာရောက် စစ်ဆေးဖိအားပေးမှုကို ခံနေရကြောင်း ရခိုင်ပြည်နယ်စည်းရုံးရေးအဖွဲ့မှ ပြောဆိုသည်။
Sunday, June 7, 2009
ရခိုင်ပြည်နယ်၌ ဖိနှိပ်မှုပြင်းထန်လာခြင်း
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:36 PM
0
comments
Labels: သတင်း
JAC ရဲ့ ပေးစာ (၇-၆-၀၉)
ဒေါက်တာလွဏ်းဆွေခင်ဗျား ...
ကျနော်တို့ JAC ရဲ့ ဆန္ဒပြမှုသတင်းတွေကို ကိုယ်တိုင်လာရောက်သတင်းယူ အချိန်နဲ့တပြေးညီ သတင်းတင်ပြ ပေးတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ပထမပြောချင်ပါတယ်။ နောက်နောင်လည်း ဆက်လက်ဖေါ်ထုတ် တင်ပြပေးပါလို့ ပြောပါရစေ။
အခုအဓိက ပြောပြလိုတာက ကျနော်တို့ JAC အနေနဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ပူးပေါင်းပြီး တူညီတဲ့လုပ်ဆောင် မှုတွေလုပ်ဖို့ အမြဲဆန္ဒရှိသလို ဖြစ်နိုင်သမျှလည်း တင်ပြအကြောင်းကြားပါတယ်။ ဒါပေမယ့် JAC အနေနဲ့ C BOX တွေထဲမှာ အကောင်းသတင်းပဲဖြစ်ဖြစ် အဆိုးသတင်းကိုပဲဖြစ်ဖြစ်၊ ဝေဖန်တာပဲဖြစ်ဖြစ် ချီးကျူးတာပဲဖြစ် ဖြစ် ရေးသားခြင်းမျိုး မလုပ်ပါဘူးဆိုတာကို ပြောပြချင်တာပါ။
ဒီနေ့ ဒေါက်တာ့ C BOX ထဲမှာ JAC နာမည်နဲ့ ဝင်ရေးသားသူဟာ အကောင်းမြင်တဲ့ ရှုထောင့်က ဝင်ရောက် ရေးသားတာ မှန်ပေမယ့် နောက်နောင်မှာ အခြားသူတွေကလည်း JAC နာမည်ကို အသုံးပြုပြီး ရေးချင်သလို ရေးလာနိုင်တဲ့အတွက် ကြိုတင်အသိပေး အကြောင်းကြားထားတာ ဖြစ်ပါတယ်။
တဆက်တည်းတင်ပြလိုတာက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းဟာ ဒီနေ့မှ ရောက်လာတာ မဟုတ်ဘဲ ကျနော်တို့ JAC စတင်ဖွဲ့စည်းဖို့ ပြင်ဆင်ကတည်းကစလို့ ယခုအထိ အကြံဉာဏ်ကောင်းများစွာ ပေး ခဲ့သူ၊ အကူအညီပေးခဲ့သူ ဖြစ်သလို ကိုမိုးကြိုးဟာလည်း ကျနော်တို့ရဲ့ဆန္ဒပြပွဲတိုင်းမှာ လိုအပ်တာတွေကို အမြဲ လို ကူညီခဲ့ပါတယ်။ ဒေါက်တာနိုင်အောင်ကလည်း ကျနော်တို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အ ထူးဆုတောင်းပွဲမှာ ကတည်းက လာရောက်ဆုတောင်းစကားတွေ ပြောပေးခဲ့သလို ယခုအချိန်အထိလည်း လို အပ်သလို ဝိုင်းဝန်းကူညီ အကြံဉာဏ်ပေးခဲ့ပါတယ်။ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကလည်း ဒီနေ့မှာ လူအင် အားနဲ့ ဝိုင်းဝန်းကူညီခဲ့တာကို မှတ်တမ်းတင်လိုပါတယ်။ အခြားအဖွဲ့အစည်းက ခေါင်းဆောင်များကိုလည်း လိုအပ်သလို ဝိုင်းဝန်းအကြံပေးဖို့ JAC က ဖိတ်ခေါ်ပါတယ်။
JAC ရဲ့ သတင်းတွေ၊ ထုတ်ပြန်ချက်တွေကို လက်ရှိဖေါ်ပြနေတဲ့ http://cacburma.blogspot.com မှာပဲ အမြဲ ဖေါ်ပြသွားမှာဖြစ်သလို JAC ရဲ့ သတင်းပေးပို့ချက်တွေကိုလည်း cacburma@gmail.com နဲ့ cacburma1@ gmail.com တို့ကသာ ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်။
ခင်မင်ရင်းနှီးစွာဖြင့် ...
1.Aung Khine
2.Htet Aung
3.Nai Oausai
4.Saw Moshew
5.Aung Kyaw Naing
Leading Group
Joint Action Committee
ယနေ့ဆန္ဒပြပွဲမှာ ထိုင်းဝန်ကြီးချုပ်ကို ပေးပို့ခဲတဲ့ အိတ်ဖွင့်ပေးစာကိုပါ တပါတည်း ပေးပို့လိုက်ပါတယ်။
Prime Minister Abhisit Vejjajiva
Office of the Prime Minister
Government House
Dusit, Bangkok, 10300 Thailand
June 7, 2009
Dear Prime Minister,
Request for Thailand to lead ASEAN towards a collective and effective response for peace in Burma
The Joint Action Committee (Burma) would like to thank you for the work the government of Thailand has done to assist refugees, activists and migrants from Burma. We also heartily appreciate efforts to further the release of Daw Aung San Suu Kyi and all political prisoners. This amazing Nobel laureate stands as a commendable example not just for Burma but also for the entire region of peaceful and democratic leadership. We implore you to take all measures necessary to support cohesive and strong international actions towards realizing genuine national reconciliation in Burma.
As you are aware, Burma’s military regime has created decades of continual instability, causing millions to leave out of dire necessity. The junta’s efforts to oppress and dominate populations in order to secure their own power is only furthering the rapid deterioration of the country. It has been well documented and reported how problems do not stay within borders. We’d like to urge you to also consider not just the current problems in Burma, but also the potential that exists within our country if it was truly democracy and peace, especially the advantage it could bring to the region. By supporting the release of all political prisoners and political dialogue in Burma, more will profit than just the 52 million people of Burma.
Thailand currently has the Chairmanship of ASEAN and we ask you to focus your efforts at this time on changing the direction of your country’s neighbour. We ask you to continue to show leadership on the unjust detention of Daw Aung San Suu Kyi and that of the over 2000 other political prisoners and continue with your work to build a stronger regional and international response to a regime which denies basic human rights to the people it rules. The military junta frequently counteracts any efforts by the international community to encourage democratic and economic progression. To this end, there must be collective and targeted international efforts which state categorically that oppression by a government in Asia will not be tolerated and that the junta must work towards meaningful national reconciliation. We are thankful for your efforts in coordinating with US, EU, UN, China, India and ASEAN to reach a joint response and to work towards this. We firmly support the recent ASEAN chair statement, and urge the Thai government to use all measures possible to ensure a change in direction within Burma before the 2010 elections.
We would be happy to meet with your office at any point to further explain our position.
Respectfully,
Aung Khine Htet Aung Nai Oausai Saw Moshey Aung Kyaw Naing
Joint Action Committee (Burma)
The Joint Action Committee is a collective of political groups, activists and former political prisoners who have been exiled to Mae Sot due to political activities in Burma.
Contact persons;
Aung Khine (0800293350), Htet Aung (0875247034), Contact email; cacburma@gmail.com
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:03 PM
0
comments
Labels: ပေးစာ
မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၆-၀၉)
- မန္တလေးမှာ ပလပ်စတစ်ထုတ်ပိုးပစ္စည်း မသုံးရ အမိန့်ထုတ် click
- စင်္ကာပူဝါရင့်ဝန်ကြီး ဂိုချုပ်ထောင် မြန်မာနိုင်ငံသွားမည် click
- ဒေါ်အောင်ဆန်းစုကြည်အရေးနဲ့ တုံ့ပြန်မှုအခြေအနေ (မျက်မှောက်ရေးရာ) click
- ခြင်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါများ click
- နယ်ခြားစောင့်တပ် အဆိုပြုချက်အပေါ် အပစ်အခတ်ရပ်အဖွဲ့များ တုံ့ပြန်ချက် click
- NDAK နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး မြောက်ပိုင်းတိုင်း တိုင်းမှူး ခေါ်ယူဆွေးနွေးမည် click
- ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားထိပ်မှာ ဆန္ဒပြ click
- တမူးမြို့မှာ ဗုံးပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွား click
- အလုပ်သမားအခွင့်အရေးနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားအလုပ်သမားများ (တနင်္ဂနွေဆွေးနွေးခန်း) click
- မြန်မာအရေးနဲ့ ပတ်သက်တဲ့ ILO အစည်းအဝေး ဆုံးဖြတ်ချက် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲပြုလုပ် click
- တရုတ်နိုင်ငံ၊ မြန်မာ့အရေးနဲ့ လက်ရှိအခြေအနေ သုံးသပ်ချက် (ဆောင်းပါး) click
- မလေးရှားတွင်ပြုလုပ်သည့် ခိုင်မိုးလင်းနေ့ အခမ်းအနား လူပေါင်း ၁၀၀ ကျော် တက်ရောက် ဂါရ၀ပြု click
- BURMA: Jurists Want Security Council to Open War Crimes Probe click
- Isolating Burma Isn’t Helpful click
- SM Goh visits Myanmar click
- The Burmese factor in Thai-Sino relations click
- Many Burmese See Pagoda Collapse as an Omen for the Junta click
- Sri Lanka President to visit Myanmar click
- Demonstrators Demand Aung San Suu Kyi's Release click
- Aid Groups: 3, 000 Villagers Flee Myanmar Shelling click
- 1st Japan Cup Karatedo Championship to be held in Myanmar click
- ဗိုလ်ချုပ်ရွှေမန်း တရုတ်ပြည်ကို တိုးတိုးတိတ်တိတ် သွားရောက်နေ click
- စစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိအားပေးနေခြင်း click
- ဒေါ်အောင်ဆန်းစုကြည်အမှု တရားမျှတစွာ စစ်ဆေးသလား (ဆွေးနွေးခန်း) click
- ဒေါ်အောင်ဆန်းစုကြည်အား သိက္ခာကျဆင်းစေသည့် ဓာတ်ပုံများ အာဏာပိုင်များဖြန့်ဝေ click
- ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျစေမည့် ညစ်ညမ်းပုံများကို အထက်မြန်မာပြည်မြို့များတွင် ဖြန့်ဝေ click
- လူထုခေါင်းဆောင်နှင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်သည့် ဥပဒေ (ဆောင်းပါး) click
- စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ILO တိုက်တွန်း click
- လုပ်အားပေးခိုင်းစေခြင်း အဆုံးသတ်ရန် ILO က စစ်အစိုးရကို တောင်းဆို click
- အဓမ္မလုပ်အားပေးမှု ILO တင်ပြချက် နအဖ ပယ်ချ click
- KNLA နှင့် နအဖ-ဒီကေဘီအေ ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွား click
- နအဖနှင့် ဒီကေဘီအေတပ်များ ဒုက္ခသည်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် click
- စစ်အစိုးရရဲ့ အပစ်အခတ်ရပ်စဲရေးခေါ် ချေမှုန်းရေးမဟာဗျူဟာ (ပထမပိုင်း-၂) click
- D-Day (၆၅) နှစ်ပြည့် အခမ်းအနား သမ္မတ အိုဘားမား တက်ရောက် click
- နောင်လာမယ့် အနှစ် ၂၀ (အက်ဆေး) click
- SM Goh to visit Myanmar click
- Army braced for more fighting at Burma border click
- Over 3,000 Karen villagers flee Myanmar military to Thailand click
- Myanmar, Sri Lanka celebrate 60th anniversary of diplomatic ties click
- Forced labour criticised click
- Burma: Bangladesh border security force pushing back refugees click
- Myanmar democracy movement appears to be weakening click
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:52 PM
0
comments
Labels: သတင်း
Saturday, June 6, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၆-၀၉)
- စစ်အစိုးရ၏ ထိုးစစ်ကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် ထွက်ပြေးလာဟု KNU က ပြော click
- အစိုးရစစ်ဆင်ရေးကြောင့် ကရင်ရွာသားများ ထိုင်းဘက်ပြေး click
- စစ်အစိုးရရဲ့ အပစ်အခတ်ရပ်စဲရေးခေါ် ချေမှုန်းရေးမဟာဗျူဟာ (အမြင်နှင့်သုံးသပ်ချက်) click
- မြန်မာစစ်အစိုးရကို အရေးယူကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ညီလာခံ ဆုံးဖြတ် click
- နိုင်ငံတကာစိုးရိမ်မှုကို မြန်မာစစ်အစိုးရ နားထောင်သင့်ကြောင်း ဂျပန်အစိုးရ ပြောဆို click
- ၇၄ ဂျွန် (၆) နှစ်ပတ်လည် အလုပ်သမားသပိတ် အထူးအစီအစဉ် click
- ဒေါ်အောင်ဆန်စုကြည်ဓာတ်ပုံ ဖြန့်ဝေရေးလှုပ်ရှားမှုများ click
- ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျစေမယ့် ပုံတွေ ဖြန့်နေ click
- မြန်မာဘက်မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေရှ့်တံငါသည်များ ဒဏ်ရာရ click
- တီယန်နန်မင်အရေးအခင်း အနှစ် (၂၀) တရုတ်မျိုးဆက်သစ် လူငယ်တွေရဲ့ အမြင် (ဗွီဒီယိုသတင်း) click
- မုန်တိုင်းသင့်ဒေသလယ်သမား အခက်အခဲကြားက မလွတ်သေး click
- အိန္ဒိယရဲ့ ပထမဆုံး အမျိုးသမီးအောက်လွှတ်တော်ဥက္ကဋ္ဌ Meira Kumar အကြောင်း တစေ့တစောင်း click
- Labor Group Urges Burma to End Forced Labor click
- India’s Policy On Burma Is Discouraging click
- Clashes fear forces 2,000 to flee Burma click
- ILO alarmed by forced labour clause in Myanmar constitution click
- India seals free-trade pact with Thailand click
- Rights Group Warns of Clashes in Burma click
- Burma Rebukes Opposition Leaders for Criticizing Trial of Aung San Suu Kyi click
- Myanmar efforts to halt forced labor minimal: report click
- 3 injured in plane accident in Myanmar click
- စစ်အစိုးရ၊ DKBA နှင့် KNU တိုက်ပွဲများ ဆက်လက်ဖြစ်ပွား click
- နစက တပ်ဖွဲ့များ၏ ကျူးကျော်ဝင်ရောက်ပစ်ခတ်မူကြောင့် ဘင်္ဂလီငါးဖမ်းသမား (၁၁) ဦး ဒဏ်ရာရ click
- စစ်တွေတွင် လေယာဉ်ပြေးလမ်းချော်သွား၍ လေယဉ်မှူးနှင့် ခရီးသည်အမျိုးသမီးငယ်တဦး ဒဏ်ရာရ click
- ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် အဖွဲ့ချုပ်လူငယ် ပြင်းထန်စွာ ကန့်ကွက် click
- ရယကမှ တက္ကသိုလ်ကျောင်းသားများ ညအပြင်ထွက်ခွင့်ချိန် ကန့်သတ် click
- လက်နက်ကိုင် အစိုးရ၀န်ထမ်းများကို ပေါကြွယ်စရိတ်အဖြစ် လစာတိုးပေး click
- ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် သက်သေ (၃) ဦးကို လက်ခံရေး စဉ်းစားမည် click
- ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားမှုအသစ်များ စတင်ပြုလုပ် click
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေသာ အကျဉ်းသားအစစ် (ဆောင်းပါး) click
- မဟာဗောဓိတထောင် ဓာတ်လှေကား ပြတ်ကျ၊ ဆရာတော်နှစ်ပါး ထိခိုက် click
- မိုးသည်းထန်၍ မြေပြိုမှုကြောင့် ကော့သောင်းမြို့တွင် သေဆုံးဒဏ်ရာရမှုများဖြစ် click
- ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြပွဲ (တိုကျို၊ ဂျပန်) click
- မြန်မာမိသားစုများ ပါဝင်ကပြကြမယ့် အာရှအနုပညာပြပွဲ click
- Suu Kyi party warned over trial criticism: media click
- Passenger jet crash-lands in Myanmar, 3 injured click
- Burma: Suu Kyi trial postponed without reason click
- Myanmar efforts to halt forced labor minimal: report click
- Burma: Civilians flee amid fears of attack by army click
- ICC Orphanage In Burma Attacked by Burmese Government Forces click
- Karen villagers seek refuge in Thailand click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:53 PM
0
comments
Labels: သတင်း
၂၀၁၀ ဆိုတာ အလကား၊ ကြပ်ပြေးနေပြည်တော်မှာ ဝေလေလေက များ
စွာကျယ်
၂၀၁၀ နီးလာတော့ ဖမ်းလား၊ ဆီးလား၊ တရားစွဲတာတွေပါ များလာ၊ တကမ္ဘာလုံးက အသံတွေ ပွက်လောညံ၊ နေပြည်တော်ကြပ်ပြေးက ဒင်းတို့တတွေကတော့ ဟန်ကိုယ့်ဖို့ ဆိုစကားလို ခါတိုင်းလိုပုံစံမျိုးနဲ့ သွားနေကျ၊ စား နေကျ၊ ဒင်းတို့ဝန်မင်းကြီးတွေ ၂၀၀၉ ကုန်လို့ ၂၀၁၀မှာ ကြပ်ပြေးရုံးတွေကနေ ဘယ်လိုစွန့်ခွာသွားကြမလဲဆို တာ ကျုပ်တို့တတွေက အသံတိတ်နဲ့ အိပ်ပြီးစောင့်ကြည့်နေကြတာလို့ ထင်ရင်ရတယ်။
ရန်ကုန်ကနေ ဒီကို ကြက်တွေလို ခြင်းထဲထည့် ခေါ်လာပြီထား။ ဒင်းတို့က ကျုပ်တို့ကို ဒီလောက်ဆိုရင် လည် လိမ်ပြီလို့ ထင်ကြမှာ။ ဒီလိုထင်လို့လဲ ဒင်းတို့ဝန်မင်းကြီးတွေလုပ်ပြရဲနေကြတာတွေ့ရတယ်၊ နိုင်လုံ-လို့ခေါ်တဲ့ နိုင်ငံတော်လုံခြုံရေးအစည်းအဝေး၊ ဗဟိုကြံ့ဖွံ့အစည်းအဝေး၊ ကက်ဘိနက်အစည်းအဝေးတွေ ပုံမှန်ဆက်လုပ် နေကြတယ်။ ဒီအစည်းအဝေးသုံးခုက ၂၀၀၉ ကနေ ၂၀၁၀ ကို ဘယ်လိုသွားမလဲ၊ ဘယ်လိုဆက်ညစ်ပတ်ရမ လဲ၊နလံမထူနိုင်အောင် နှိပ်ကွပ်ထားမယ့် နည်းစနစ်တွေပြဋ္ဌာန်း၊ ဆက်ပြီး Run မယ့် အစီအစဉ်တွေအပြင် ဒီအ စည်းအဝေးသုံးခုပြီးတဲ့ အပတ်စဉ် ကြာသာပတေးနေ့တွေဟာ ဒင်းတို့ ၂၀၁၀ အတွက် ဟိုပြေး၊ ဒီပြေး၊ ရွာ ဆော်ကြီးခွေးတွေလို၊ ဟိုစမ်း၊ ဒီစမ်း၊ သွေးရူးသွေးတန်းတွေလို ဆက်လုပ်နေကြ။
ဒီအစည်းအဝေးတွေမှာ ၀န်မင်းချုပ်ကြီးက ၂၀၁၀ ကို အေးအေးဆေးဆေး ဖြတ်သန်းပြီး အသွင်ပြောင်းရမယ် တဲ့။ အခုလည်း စတုတ္ထ (၅)နှစ်စီမံကိန်းလို့ ဒင်းတို့သတ်မှတ်ခဲ့တာ ၂၀၀၀-၂၀၀၉ခုနှစ်က တတိယနှစ်ကုန်တော့ စတုတ္ထ (၅) နှစ်ရဲ့ စတုတ္ထထဲရောက်ပြီတဲ့။ ဒီစတုတ္ထ (၅)နှစ်စီမံကိန်းရဲ့ တတိယနှစ်ကုန်မှာ စီးပွားရေးတိုးတက် မှုနှုန်းက (၁၀.၄) ရာခိုင်နှုန်း၊ လူတဦးရဲ့တနှစ်ပျမ်းမျှဝင်ငွေက (၄.၉၈) ကျပ်သိန်းရပြီလို့ တွက်ထားတာမို့ လာ မယ့်စတုတ္ထနှစ်ထဲမှာလည်း ပြီးခဲ့တဲ့နှစ်လို ကြိုးစားနေကြ၊ ပုံမှန်အတိုင်း စာရင်းလိမ်မပျက်၊ အပြောမပျက်၊ အ ဟောမပျက်သလို ဒင်းတို့က ပြည်သူများထံ အာဏာပြန်လည်အပ်နှံရမယ့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ကို စ နေပြီဆိုပါလား။ ဒါ့ကြောင့် အရေးကြီးတဲ့ ကာလကို စတင်ဖြတ်သန်းပြီတဲ့။ ဒါက ၀န်မင်းချုပ်ကြီးက ဒင်း တို့ကျင်းပနေကျ ကက်ဘိနက်က ထွက်လာတဲ့အသံ။
ဒါကြောင့်လည်း ဒင်းတို့က ဒီလိုအပတ်စဉ် အစည်းအဝေး တွေပြီးတိုင်း အာဏာပြန်အပ်မယ့် တောက ပြည်သူ တွေဆီကို အပြိုင်အဆိုင်သွားကြလာကြ၊ ကွင်းဆင်းပြနေကြတာကိုး။ ဒင်းတို့ထူထောင်ထားတဲ့ အထူးဒေသ ကြီး (၂၄) ခုကို ဖွံ့ဖြိုးအောင်လုပ်ကြ၊ နယ်စပ်ဒေသအကျိုးပြုလုပ်ငန်းတွေကို Media လုပ်ငန်းနဲ့ တွဲပြီး ကျယ် ကျယ်ပြန့်ပြန့်ထူထောင်ကြ၊ စည်းရုံးရေး စ ဆင်းရာမှာ မိမိရဲ့ ပုဂ္ဂိုလ်ရေးအတွက် မလုပ်ကြဘဲ ယုံကြည်ထားတဲ့ သဘောထားနဲ့ လုပ်ငန်းစဉ်အပေါ် အခြေခံစည်းရုံးကြ၊ ပြည်သူနဲ့ အတတ်နိုင်ဆုံးထိတွေ့ ပေါင်းစပ်လုပ်ကိုင်ြက။ ဒါမှ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ချောမွေ့အောင်မြင်မှာတဲ့။ ဒါက ၀န်မင်းချုပ်ကြီးက မှာလိုက်တဲ့စကား တွေ။
ဒါ့အပြင် ပြည်သူတွေအများစုဖြစ်တဲ့ ကျေးလက်ဒေသမီးလင်းရေး အစီအစဉ် ထည့်သွင်းလုပ်ကြဖို့ ထပ်ပြီးမှာ လိုက်လို့ ၀န်မင်းကြီးပေါင်းစုံ၊ နွားချေးကနေမီးလင်းတဲ့ LED မီးအိမ်တွေကို ရွာရိုးကိုးပေါက်လှည့်လည်လျှောက် ပြနေတာ၊ မျက်လှည့်ဆရာအဖွဲ့တွေလိုလို၊ ဒီအထဲမှာ ဆပ်ပြာသည်ဝန်မင်းကြီး သူတို့ဒေသက အညာဖုန်ထူထူ နေပူပူမှာ ရေရအောင်တော့ လုပ်မပြနိုင်ပေမယ့် ဒီမီးလင်းရေးအလုပ်မှာ အကဲဆုံးတွေ့ရတယ်။ နွားချေးနဲ့ဆား ရောနှောပြီးနယ်၊ ဓာတ်ခဲခြောက်အဟောင်းကို အပေါက်ဖောက်လို့ရတဲ့ လျှပ်စစ်နဲ့ LED ဆိုတဲ့ ဖန်ချောင်းမီး လင်းစေ။ ဒါကို တပြည်လုံး တောရွာတွေမှာ လျှောက်ပြကြ၊ အလကားလုပ်ပေးကွ၊ ဒါမှ မှောင်မှောင်မဲမဲ ရွာငယ် ဇနပုတ်၊ မီးကလေးမှိတ်တုတ်ကနေ မီးရောင်သဲ့သဲ့လေးမြင်ရမှာကွ၊ ၂၀၁၀ အတွက်လည်း စည်းရုံးရေးဆင်းပြီး သားဖြစ်မယ်ဆိုတာ မင်းတို့မြဲမြဲမှတ်ထားပြီးလုပ်ကြ။
ငါတို့ကတော့ နိုင်ငံ့သဘာဝဓာတ်ငွေ့ကို ပြည်ပကို ပိုက်နဲ့သွယ်ပြီး ဒလဟောရောင်းတဲ့ ထုတ်လုပ်မှုဝင်ငွေက ဘယ်လောက်ကောင်းသလဲဆိုတာ တွက်ကြည့်ရင် ဂျီဒီပီဆိုတာ ဘယ်နှစ်ရာခိုင်နှုန်းအထိ တက်သွားမလဲ။ အင် တာနက်က သဘာဝဓာတ်ငွေ့ပေါက်ဈေး တမီတာကျု (၄) ဒေါ်လာနှုန်းကို ဒို့ကလျှော့ပြီး (၃.၂) ဒေါ်လာနဲ့ ရောင်းပေးတာပဲရှိသေးတာ။ ဒီထက်ပိုရောင်းရရင် တမျိုးသားလုံး ၀င်ငွေဘယ်လောက်အထိရမယ်ဆိုတာ မင်း တို့တွက်ကြည့်ကြလို့ ဒင်းတို့ရဲ့ ကြီးလေကဲလေဆိုတဲ့ အကြီးအကဲကြီးရဲ့မိန့်စကားတဲ့။ ဒီလိုမျိုးတွေပြောပြီး မဲ ဆွယ်ကြအောင် ဒင်းတို့ရဲ့ အဘက လမ်းပြနေတာလည်း ကျုပ်တို့က အမြင်ပဲ။
ဒီလိုအကြီးအကဲကြီးက လမ်းပြထားတော့ ၀န်မင်းချုပ်ကြီးက ၀န်မင်းကြီးဋ္ဌာနတွေမှာ လုပ်ရမယ့်ကိစ္စ အသွင် ပြောင်းကာလလို့ သတ်မှတ်ဖို့ မှာလိုက်သေး။ အသွင်ပြောင်းကာလတဲ့၊ ဘယ်လိုအသွင်ပြောင်းမှာမို့ ၀န်မင်းချုပ် ကြီးက အသွင်ပြောင်းကာလလို့ ပြောတာတုန်း။ ဒင်းတို့က ၂၀၀၈ ခုနှစ် မေလတုန်းကလို ၉၂ ရာခိုင်နှုန်းကျော် ရပြီလို့ အခုထဲက အော်မလို့လား။ ဒီသဘောနဲ့ပြောတာ ထင်ရှားနေတယ်။
နောင်ဖြစ်ပေါ်လာမယ့် အစိုးရအဖွဲ့က ၀န်ကြီးသက်တမ်းက (၅) နှစ်တကြိမ်ဆိုတော့ အစိုးရသက်တမ်းကလည်း (၅) နှစ်တဲ့။ အနည်းဆုံး အစိုးရသက်တမ်းနှစ်ကြိမ်ကို ဒင်းတို့က အသွင်ပြောင်းကာလဆိုပါလား။ လက်ရှိ ဒီလိုပုံ စံနဲ့ (၁၀) နှစ်ကြာဦးမယ်ဆိုတော့ ကျုပ်တို့ဘ၀က ကျွန်သက်(၁၀) နှစ်ထပ် ရှည်ရဦးမှာလား။ တပြည်လုံး (၁၀) နှစ် ပြားပြားဝပ်ရဦးမှာလား။ ဒီမေးခွန်းတွေ ကျုပ်တို့မေးရလိမ့်မယ်။ ၈၈ စက်တင်ဘာ (၁၈) ရက်မှာ ဒင်းတို့က အသွင်ပြောင်းခဲ့တာ တရက်တောင်မကြာဘူးဆိုတာ ဒင်းတို့သတိမရဘူးလား။ ၂၀၁၀ မရောက်သေးဘူး အပိုင် ကွလို့ တွက်ဆထားပြီးပြီလေ။
ဘယ်ဝန်မင်းကြီးက ဘယ်နယ်က သူ့ဇာတိမို့ အဲဒီကိုသွား၊ ဟို ဒီဂျီဆိုတဲ့လူက ရ ခိုင်ဆိုတော့ သူ့စစ်တွေကိုပြန်၊
ဒီအညာတောသားဝန်မင်းကတော့ နေပူလေပူတဲ့ ဒေသတောတန်းကို သွားကြတဲ့။ သူတို့အစီအမံ သူ့ဟာနဲ့သူ တော့ ဟန်ကျနေကြတာ။ ကျုပ်တို့က အိပ်ချင်ဟန်ဆောင်ပြီး စောင့်ကြည့်နေတာ။ ဟို GM တို့ MD တို့ကတော့ အသက် (၆၀) နားနီးတော့ ၂၀၁၀ နဲ့ ကွက်တိ။ မဲဆွယ်မလား၊ နားမလား။ စားထားပြီးသားမို့ ဗိုက်ကကားနေလို့ နားရလည်း ပြဿနာမရှိ။ ဒါက သူတို့ဋ္ဌာနက ၀န်မင်းကြီးရဲ့ အစီအမံကို မလွန်ဆန်ရဲကြဘူး။
ကြပ်ပြေးမှာ အာဏာရှိတုန်း ရသမျှလာဘ်လာဘ အကုန်ယူရေး - ဒို့အရေး - ဒို့အရေး၊ ဥတ္တရသီရိက အိမ်တော် အမြန်ပြီးစီးရေး - ဒို့အရေး၊ သားသမီး မြေးတွေအတွက် စီးပွားရေးလုပ်ငန်းထူထောင်ပေးရေး - ဒို့အရေး စတဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ ဒင်းတို့တတွေက တာဝန်ထမ်းရလို့ ပမ်းနေသယောင် ဟန်ဆောင်ပြကြသေး။ လစာ သုံး - လေးသောင်းရတဲ့ ၀န်ထမ်းတွေက တနေကုန် ကြပ်ပြေးနေပြည်တော်ရုံးတွေမှာ ဒင်းတို့တပ်ဆင်ပေးထား တဲ့ တီဗွီလိုင်းတွေကြည့်လိုက်၊ ငိုက်လိုက်၊ အိပ်လိုက်နဲ့ တနေ့စာတာဝန်ပြီးလို့ ရုံးဆင်းပြီ၊ လခတသိန်းလောက်ရ တဲ့ အလယ်အလတ်တန်း အရာရှိတွေကတော့ လက်ဖက်ရည်သောက်လိုက်၊ စီးကရက်ခဲလိုက်၊ အထက်က စွန့် ပေးတဲ့ ငရဲမလားဘူးထင်တဲ့ နှစ်ပဲတပြားလေး ရလိုက်ယူလိုက်နဲ့ လူမိုက်တွေလိုလို ဟိုပြောဒီပြော ၂၀၁၀ အ တွက် ရင်မောနေသယောင်။
ဒင်းတို့ဝန်မင်းကြီးတွေအားလုံး ကြာသပတေးနေ့ကနေ တနင်္ဂနွေအထိ အာဏာဆက်ရရေး - ဒို့အရေး စည်းရုံး ရေးခရီး ကဒီးကဒီး ပြေးလွှားသွားချိန်မှာ ကြပ်ပြေးက ကျုပ်တို့အောက်ခြေ၀န်ထမ်းတွေ သွားစရာ၊ လာစရာ၊ လမ်းသလားစရာမရှိတဲ့ အဆောင်တွေမှာ တနေကုန်အချင်းမများဘဲ ပုလင်းပြားလေးတွေမော့ပြီး နေပူပူလေ တ၀ူးဝူးမှာ ပဲကြီးလှော်နဲ့မူးပြီ။
မိသားစုပါလာတဲ့ ၀န်ထမ်းအများစုကတော့ အိပ်လိုက်စားလိုက်၊ ပဲပြုတ်လိုက်၊ ကြက်ဥကြော်လိုက်နဲ့ တနေကုန် သလို အချိန်တွေကုန်နေကြရော့။ မိသားစုမပါတဲ့ လူလွတ်ဆိုတဲ့ သကောင့်သားတွေကတော့ ဟိုအခွေ ဒီအခွေ DVD ဆိုတာ အစုံကြည့်လို့ တဟိဟိနဲ့ အသံတိတ်နေပေမယ့် မြို့မဈေးပတ်ချာလည် ပလက်ဖောင်းမှာ ဒီအခွေ တွေအစုံရှိတယ်ဆိုတဲ့ ငုပ်တုပ်ထိုင်ရောင်းသူတွေက အရမ်းများတော့ လမ်းသလားပြီး ၀ယ်နေစရာမလို အလို လိုအသင့်ဖြစ်နေတာက သက်သေပြလျက်။ လာာ်လာဘရွှင်လို့ လေတချွန်ချွန်နဲ့ အကြံအဖန်ပီတဲ့ဋ္ဌာနက ငနဲ တွေကျတော့ အမြဲလိုလို ရုံး (၃) ရက် ဘယ်နေ့ ဆက်တိုက်ပိတ်မလဲဆိုတာပဲ ပြက္ခဒိန်အမြဲလှန်ကြည့်ပြီး၊ နေ့ မြင်ညပျောက်တဲ့ အမြန်လမ်းပေါက်ကနေ ရန်ကုန်ပြန်နဲ့ ဟန်ကျနေကြတာဆိုတော့ ...
“၂၀၁၀ ဆိုတာ အလကား၊ ကြပ်ပြေးနေပြည်တော်မှာ ဝေလေလေက များ” ...။
စွာကျယ်
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:10 PM
0
comments
Labels: ဆောင်းပါး
Friday, June 5, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၆-၀၉)
- ဗောဓိတထောင်မှာ ဓာတ်လှေကားပြုတ်ကျ၊ အရှင်ဆန္ဒာဓိကနဲ့ အရှင်ရဝေနွယ်(အင်းမ)တို့ ဒဏ်ရာရရှိ click
- ထင်ရှားသည့် ရဟန်း (၂) ပါး ဘုရားဖူးခရီးစဉ်အတွင်း ဒဏ်ရာရ (ဓာတ်ပုံသတင်း) click
- ဒေါ်အောင်ဆန်းစုကြည် တရားစစ်ဆေးမှုရုံးချိန်း နောက်သီတင်းပတ်ထိ ရွှေ့ဆိုင်းထား click
- ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် သက်သေ (၃) ဦးအရေး တရားရုံးက ရက်ချိန်းထပ်ပေး click
- သက်သေခေါ်ဆိုခွင့်ပြင်ဆင်မှု ဇွန် (၉) ရက်သို့ ရုံးချိန်း click
- ဒေါ်အောင်ဆန်းစုကြည်၏ ပြင်ဆင်ချက်တင်သွင်းမှု မေလ (၉) ရက်နေ့ ဆုံးဖြတ်မည် click
- သက်သေလိုက်ခွင့်ရှိမရှိ နောက်တပတ်မှာ ဆုံးဖြတ်မယ် click
- ရန်ကုန်ရှိ အမေရိကန်နှင့် ဗြိတိသျှသံရုံးများက ဒီချုပ်ကို ကူညီနေဟု နိုင်ငံပိုင်သတင်းစာက ရေးသား click
- NLD လူငယ်ခေါင်းဆောင်များအား အာဏာပိုင်များ ခေါ်ယူသတိပေး click
- အဲန်အယ်လ်ဒီ လူကြီးလူငယ်တချို့ သတိပေးခံရ click
- သြစတြေးလျ လွှတ်တော်အမတ်များ မြန်မာ့အရေးဆွေးနွေး click
- ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျအောင် လုပ်ကြံဓာတ်ပုံများ ဖြန့်ဝေ click
- ဂျွန်ယက်တောက ရုံးတော်ကိုတင်ဖို့ စာတစောင် ရှေ့နေသို့ ပေးအပ် click
- ရန်ကုန်ရဲ့ ရေဒုက္ခ (ဓာတ်ပုံသတင်း) click
- ရန်ကုန်ရှုခင်း (သတင်းဆောင်းပါး) click
- ၀ိုးတ၀ါး ဓနုတ်ပုံရိပ် (ဆောင်းပါး) click
- သမ္မတအိုဘားမား ဥရောပ ခရီးဆက် click
- ဇင်ဘာဘွေတရားရုံးမှာ သတင်းထောက်တွေ ပြန်ကြားရေးဋ္ဌာနကို အနိုင်ရ click
- နာဇီအကျဉ်းစခန်းဟောင်းသို့ အီရန်သမ္မတ သွားလည်သင့်ကြောင်း သမ္မတအိုဘားမား အကြံပြု click
- ကရင်ဒေသတိုက်ပွဲကြောင့် လယ်ပေါ်ဟဲမှ ဒုက္ခသည်များ ထွက်ပြေး (ဓာတ်ပုံသတင်း) click
- ပတ်ဝန်းကျင်ထိန်းသိမ်းရေး အနုပညာပြပွဲ ကျင်းပ click
- ကော့သောင်း-ရနောင်း ဖြတ်ခွင့်ပိတ်လိုက်သောကြောင့် ပြည်သူများ အခက်တွေ့ click
- မဲဆောက်နှင့် ဘန်ကောက် PB လေကြောင်းလိုင်း စတင်ပြေးဆွဲ click
- မြောက်ဦးမြို့တွင် ရေတွင်းတူးရာမှ ရှေးခေတ်လှေတစ်စင်း ထွက်ပေါ်လာ click
- မြောက်ဦးမြို့တွင် စစ်သားနှင့် လူငယ်များ ခိုက်ရန်ဖြစ်ပွား၍ အရပ်သားနှစ်ဦး ဓားထိုးခံရ click
- Burmese Court Postpones Aung San Suu Kyi's Trial click
- Suu Kyi ready to face verdict, says lawyer click
- Blogger Zarganar completes first year in prison, 34 years to go click
- မုံရွာဗောဓိတထောင်ဘုရား ဓာတ်လှေကားပျက်ကျ၊ ဆရာတော် (၂) ပါး အပါအ၀င် (၈) ဦးဒဏ်ရာရ click
- ဓာတ်လှေကားပြုတ်ကျ လူ (၈) ဦး ဒဏ်ရာရ click
- အစိုးရ၏ ဓနုတ်ဘုရားသတင်း လူထုယုံကြည်မှုကင်း click
- ဒေါ်အောင်ဆန်းစုကြည် တရားခွင် ဇွန် (၁၂) ရက်နေ့သို့ ချိန်းဆို click
- ဘန်ကီမွန်း မြန်မာပြည်သွားမည် click
- နအဖနှင့် ဒီကေဘီအေ စစ်ရေးလှုပ်ရှားမှု စတင်၊ ရွာသားများ ထိုင်းဘက်ကမ်းသို့ ထွက်ပြေး click
- ထိုင်းနိုင်ငံဘက်သို့ ကရင်ဒုက္ခသည် ၇၀၀ ခန့် ထပ်မံ ရှောင်တိမ်းလာ click
- စစ်အစိုးရက ဘားအံခရိုင်တွင် ထိုးစစ်ဆင် click
- A(H1N1) တုပ်ကွေး လူလူချင်းကူးစက်မှု ထိုင်းနိုင်ငံတွင် စတင်တွေ့ရှိ click
- ထိုင်း-မြန်မာလက်ဝှေ့ပွဲ ဖျက်သိမ်း click
- အမေရိကန်သံရုံးရှေ့ဆန္ဒပြသူများ ကိုထွေးသိန်းမိသားစုမဟုတ် click
- နအဖပြောတဲ့အတိုင်း ငြိမ်းအဖွဲ့တွေ လက်ခံကြမလား (ဆောင်းပါး) click
- ခေတ်ပြိုင်အားကစား click
- သောကြာစကားဝိုင်း (ဇွန် ၅၊ ၂၀၀၉) click
- ၀င်းဒိုးဆဲဗင်း အောက်တိုဘာ (၂၂) ရက်နေ့ ထွက်ရှိမယ် click
- ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြပွဲ (မလေးရှား) click
- ဆန်ဒီရေးဂိုးမှာ မြန်မာဒုက္ခသည်များအတွက် အကူအညီပေးမယ့်သူများ လိုအပ်နေ click
- မွန်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ပေါ်လာပြန်ပြီ click
- ကုန်သည်များနှင့် အာဏာပိုင်တို့ ညှိနှိုင်းမှုကြောင့် လူပွဲစားများဖမ်းဆီးရန် အမိန့်ထုတ်ခြင်းမှ ရုတ်သိမ်း click
- ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လှေသမားများ လှေမထွက်ရဲ click
- ၃၂ နှစ်မြောက် ဥက္ကဋ္ဌကြီး ခိုင်မိုးလင်းနေ့ အခမ်းအနား ကျင်းပ click
- သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ခြောက်လပတ်အစည်းအဝေး ကြေညာချက်ထုတ်ပြန် click
- Suu Kyi lawyers challenge barring of defence witnesses click
- Aung San Suu Kyi trial to resume next week click
- Myanmar nationals in Malaysia call for Suu Kyi's freedom click
- Suu Kyi lawyers to argue witness appeal click
- Two Myanmar monks injured in second temple accident within a week click
- Jury's out on Myanmar's election click
- A hard reign continues in Myanmar click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:10 PM
0
comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၀၉ ခု မြန်မာ့သင်္ကြန်၊ ၀မ်းပျက်ဝမ်းလျှောနဲ့ ၂၀၁၀ ရွေးကောက်ပွဲ အတွေးစများ
ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၀၉ ခု မြန်မာ့သင်္ကြန်၊ ၀မ်းပျက်ဝမ်းလျှောနဲ့၂၀၁၀ ရွေးကောက်ပွဲ အတွေးစများ
ရွှေဆည်းဆာ (ရန်ကုန်မြို့)
ဒီနှစ်သင်္ကြန်မှာတော့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ အင်းယားကန်ကို ကျောပေးပြီးဆောက်တဲ့ သင်္ကြန်မဏ္ဍပ် တွေနဲ့ စည်ကားတယ်ဆိုပဲ။ သင်္ကြန်ပိတ်ရက်မတိုင်ခင်ထိ ရုံးသွားရုံးပြန် အဲဒီလမ်းပေါ်က ဖြတ်နေကျမို့ ခပ်စော စောပိုင်းထဲက ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဘုံကျောင်းရဲ့ မျက်စောင်းထိုးကစပြီး စင်မြင့်တွေဆောက်နေတာ တွေ့ရပါတယ်။ ကျွန်မတို့ငယ်ငယ်က ကြားဖူးခဲ့တဲ့ “ကန်တော်ကြီးကို ခြေကန်ပက်တော့ ရီတာပေါ့ ရီတာပေါ့” ဆိုတာကို ပြန်လည်သတိရမိတယ်။ အခုတော့ “အင်းယားကန်ကို ခြေကန်ပြီးတော့ အန်တာပေါ့ အန်တာပေါ့” လို့ ပြင်ရလောက်အောင်ကို ရေပက်နေတဲ့စင်မြင့်နောက်မှာ ပုလင်းထောင်ကြ မူးကြ ရူးကြ အန်ကြ ရန်ဖြစ်ကြနဲ့ ဖြစ်နေလိုက်ကြတာ စင်ရှေ့က တဒုန်းဒုန်း တဒိုင်းဒိုင်းဖွင့်နေတဲ့ အသံချဲ့စက်တွေနဲ့အပြိုင် စင်ရဲ့နောက်ဘက် မှာကားလမ်းပေါ်မှာ ရေပက်ခံကားတွေပေါ်မှာ တလှုပ်လှုပ်တရွရွနဲ့ ဒိုးဒိုးဒန့်ဒန့်တွေနဲ့အပြိုင်ပဲလို့ မြန်မာ့သင်္ကြန် ရဲ့ မြင်ကွင်းကို ဖောက်သည်ချကြပါတယ်။
အခုခေတ်မှာ သင်္ကြန်ရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုတာများတော့ စာထဲမှာ ဆောင်းပါးတွေထဲမှာ ဖတ်ဖို့ရာပဲရှိတယ်။ အတာသင်္ကြန်မှာ အေးချမ်းဖို့ သိမ်သိမ်မွေ့မွေ့နဲ့ ရေကစားတဲ့ ယဉ်ကျေးမှုပွဲတော်အဖြစ်ကနေ စိတ်ရူးပေါက်သ လောက် လွတ်လွတ်လပ်လပ် အော်ဟစ်သောက်စားကြ လူရှေ့သူရှေ့ အမြင်မတော်အောင် ၀တ်စားဆင်ယင် ပြီး အနောက်တိုင်းက ဟစ်ပီတွေလို ဖြစ်ချင်တိုင်းဖြစ်ခွင့်ရတဲ့ ပွဲတော်တခုလို မြင်တွေ့နေရတာ စိတ်ပျက်စရာပါ။
ဒါ့ထက်ပိုဆိုးတာက အရှေ့တိုင်းသား နိုင်ငံခြားသားတယောက်နဲ့ စကားပြောမိတော့မှပဲ အရှက်ကွဲတော့တဲ့ အ ဖြစ်ပါ။ သူက ရန်ကုန်မှာ (၇) နှစ်လောက်ကို နေထိုင်ပြီး လုပ်ငန်းလုပ်နေတဲ့သူပါ။ ကျွန်မက သူဘယ်ကိုသွားသ လဲ မေးမိတော့၊ ဘယ်မှမသွားပါဘူး။ မျက်စေ့တွေရှုပ် နားတွေ ဆူလွန်းသတဲ့။ မင်းတို့တိုင်းပြည်မှာ အခုခေတ် လူငယ်တွေ ပိုပြီးခေတ်မီတယ်။ ပြီးတော့ ငါဖတ်ဖူးခဲ့တဲ့ မင်းတို့ရဲ့ ရိုးရာသင်္ကြန်ပွဲတော်နဲ့ မတူတော့ဘဲ တနှစ်ပြီး တနှစ် ၀တ်စားဆင်ယင်မှုတွေက ပိုလို့သရုပ်ပျက်လာတယ်။ အနောက်တိုင်းဆန်တာ လွန်ကဲလာသလိုပဲ။ ရေ ပက်ခံကားနဲ့ ထွက်လည်ကြတဲ့သူတွေကလည်း ယောက်ျားမိန်းမ လူကြီးလူငယ်အားလုံးလိုလို အရက်သောက် ကြတယ်။ မူးနေကြတာပဲ။ ဖတ်ဖူးခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုဟာ သိမ်မွေ့တယ်၊ ယဉ်ကျေးတယ်၊ လူငယ်က လူ ကြီးကို ရိုသေလေးစားတယ်၊ ဂါဝရတရားနဲ့ နေထိုင်ကြတယ်။ ငါ ဒီကိုမရောက်ခင်က ဖတ်ဖူးခဲ့တဲ့ မြန်မာဆိုတာ အရှေ့တိုင်းချင်းအတူတူ တရုတ်တို့ ဂျပန်တို့ ထိုင်းတို့နဲ့ မတူဘဲ ယဉ်ကျေးမှုအသိုက်မြုံ မပျက်သေးတဲ့ လူမျိုး တွေပါလားဆိုပြီး လေးစားအထင်ကြီးခဲ့တယ်။
ဒါပေမယ့် အခု ငါ ရန်ကုန်ကိုရောက်တာ (၇) နှစ်ရှိပြီ၊ ရောက်ခါစထက်ပိုပြီး ခေတ်လူငယ်တွေရဲ့ ၀တ်စားဆင် ယင်မှုတွေက အနောက်တိုင်းဖက်ရှင်ကို အမီလိုက်နိုင်တယ်။ ပြီးတော့ ဒီနှစ်ယိုးဒယားသင်္ကြန် ဘန်ကောက်မှာ ဘာဖြစ်ခဲ့လဲသိလား။ သူတို့ ဘန်ကောက်မြို့ထဲမှာ သင်္ကြန်မကျဘူး၊ မင်းတို့မြန်မာတွေ အများဆုံးရှိတဲ့ ချင်းမိုင်၊ မဲဆောက်လောက်မှာပဲ သင်္ကြန်ကျတယ်။ လောလောဆယ် သူတို့ဆီမှာ ပြည်သူနဲ့ အုပ်ချုပ်တဲ့အစိုးရ အတိုက် အခံ အခြေအနေဖြစ်နေတာ။ ဒီနေရာရောက်မှပဲ ကျွန်မလည်း ၀င်ပြောနိုင်ပါတယ်။ အေး သူတို့က ပါလီမန်ဒီမို ကရေစီကိုး၊ လူထုကမကြိုက်ရင် နှုတ်ထွက်ပေးရတယ်၊ တို့ဆီမှာက ဒီလိုမှမဟုတ်ဘဲ။
သူက ကျွန်မကို ကြည့်ပြီး ပြုံးပါတယ်။ သူ့ရဲ့ မျက်လုံးထဲမှာ သရော်တဲ့အပြုံးလို့ ခံစားလိုက်ရပါတယ်။ မင်းက အဲဒါစနစ်လို့ ပြောတာလား။ မဟုတ်ဘူး။ သူတို့ရဲ့စိတ်ထဲက ခံယူချက်ပဲ။ ဆန္ဒရှိလို့လုပ်နေကြတာ။ အဲဒီထိုင်း တွေ ဘယ်လောက်ပဲ ယဉ်ကျေးမှုပျက်တယ်ပြောပြော၊ ဘယ်လိုစီးပွားရှာတယ်ပြောပြော သူတို့ရဲ့တိုင်းပြည်နဲ့ လူမျိုးအရေးကြုံလာရင် ကျန်တာတွေအားလုံး သူတို့ဘာမှဂရုမစိုက်ဘူး။ သူတို့ဟာ ဘယ်သူ့ရဲ့ ကိုလိုနီလက် အောက်ခံမှ တရားဝင်မဖြစ်ခဲ့ဘူး။ တခုတော့ ကြားဖူးတယ်။ မင်းတို့သမိုင်းမှာ စစ်ရေးထက်တဲ့ ဘုရင်တပါးက သူတို့ဆီထိသွားပြီး သိမ်းပိုက်လို့ ပျက်စီးခဲ့ရတဲ့ မြို့ပျက်ကို အခုထိ ပုံစံမပျက်ထိမ်းသိမ်းထားပြီး မြန်မာတွေရဲ့ လုပ်ရပ်လို့ လက်ညှိုးထိုးပြစားနေတုန်းပဲ။
ဘယ်လောက်ပဲ ပါတီတွေ ကွဲကွဲ များများ သူတို့ရဲ့ဘုရင်ကို သိပ်အလေးထားတယ်။ ပြီးတော့ သူတို့လုပ်ရမယ့် အလုပ်ကို သူတို့လုပ်တယ်။ ဒီနှစ်အတွင်းမှာ သူတို့အကြီးအကျယ် သပိတ်မှောက်တာ အတိုက်အခံလုပ်တာ နှစ် ခါရှိပြီ။ နောက်ပြီး ငါတွေးမိသေးတယ်။ ငါနေတဲ့ မရီနာဟိုတယ်က အခန်းက ကန်ဘက်ကို မြင်နေရတဲ့အခန်း၊ စိတ်မှန်းနဲ့ကြည့်မယ်ဆိုရင် ငါ့အခန်းရဲ့ ဘယ်ဘက်မျက်စောင်းထိုးလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ် ရှိမယ်ထင်တယ်။ မနက်တိုင်း တွေးမိတယ်၊ ဒီအမျိုးသမီး ဘာတွေလုပ်နေပါလိမ့်လို့။ ကမ္ဘာမှာ နိုင်ငံခြားတိုင်း ပြည်တွေကပေးတဲ့ ဆုအများဆုံးရတဲ့ သူတွေအထဲမှာ သူလည်းပါမယ်ထင်တယ်။
သူ့ရဲ့ယုံကြည်ချက်အတွက်နဲ့ မဆုတ်မနစ်တဲ့ ဇွဲနဲ့ ကြံ့ကြံ့ခံရင်း နေထိုင်နေတဲ့သူ၊ သူ့အဖေရဲ့ ဂုဏ်ကို ထိန်း သိမ်းသလို သူ့ကိုယ်သူ အများအကျိုးအတွက် အနစ်နာခံနေတယ် မဟုတ်လား။ ဒီလောက်ထိ သည်းခံ ဒုက္ခခံ နေတဲ့ အမျိုးသမီးဟာ ဘယ်အတွက်ကြောင့်လဲ။ မင်းတို့ တိုင်းသူပြည်သားတွေအတွက်ပဲ မဟုတ်လား။ ဒါ တောင် ဒီအမျိုးသမီးရဲ့အိမ်နဲ့ ရေကန်တကန်အကွာအဝေးပဲခြားတဲ့ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာ သူ့အိမ်ကို ကျောပေးထားပြီး မြန်မာ့ရေသဘင်ပွဲတော်ကို နွှဲပျော်နေလိုက်ကြတာများ၊ ဘာမှမသိခဲ့ရင် အပူပင်မဲ့ ဖွံဖြိုးတိုး တက်စနိုင်ငံလို့တောင် ထင်ကြမှာပဲ။ ငါတော့ သူ့ကို သနားတယ်။ သူ အနစ်နာခံပေးနေပေမယ့် သူ့ဖခင် အ သက်စွန့်ပြီး လွတ်လပ်ရေးကြိုးပမ်းပေးခဲ့ပေမယ့် သူ့ကို ဂရုမစိုက်တဲ့ နိုင်ငံသူနိုင်ငံသားတွေလည်း ရှိနေသေး တာကို တွေးမိပြီးတော့ပေါ့။
အမယ်လေး ကျွန်မတော့ ကိုယ့်ကိုကိုယ် သေဟဲ့ နန္ဒိယလို့သာ အော်လိုက်ချင်တာပဲ။ ပြောလည်း ပြောစရာပဲ ကိုး။ ကျွန်မလည်း လေသံပြော့လေးနဲ့ ဒါတော့ဟယ် မင်းလည်းသိတဲ့အတိုင်းပဲ တို့တိုင်းပြည်မှာ စစ်အာဏာရှင် တွေက လက်နက်နဲ့အာဏာနဲ့ ဘာလက်နက်မှမရှိတဲ့ ပြည်သူကို ဖိနှိပ်အနိုင်ကျင့်ထားတော့ ဘယ်လိုလုပ်ပြီး ဒီ ပြည်သူတွေက ဒီစစ်အာဏာရှင်တွေကို ယှဉ်ပြိုင်တွန်းလှန်နိုင်ပါ့မလဲ။ တို့လည်းတတ်နိုင်သလောက် လုပ်ခဲ့တာ ပါပဲ။ မင်းမျက်မြင်ပဲလေ၊ ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်းတုန်းက ဘယ်သူမှ မတိုက်တွန်းရပါဘူး။ လမ်းပေါ်ကို လူတွေအများအပြား ထွက်လာလိုက်တာများ။ လက်ချည်းဗလာနဲ့ ပြည်သူတွေကို စစ်အစိုးရက ဘယ်လိုကြိုဆိုနှုတ်ဆက်တယ်ဆိုတာ။ ဒါတောင် သူတို့ကိုယ်သူတို့ မြန်မာဗုဒ္ဓဘာသာတွေလို့ ပြောသေးတာပဲ။ ကျွန်မလည်း တတ်နိုင်သလောက်ပြန် ချေပရတော့တာပေါ့။
သူ နောက်ဆုံးပြောလိုက်တဲ့ စကားလုံးတော့ ကျွန်မလည်း အပြည့်အ၀ သဘောတူပါတယ်။ အေး ... မင်းတို့အ စိုးရက လူမှမဟုတ်တာတဲ့။ ကျွန်မလည်း တွေးမိရဲ့ အဲဒီလူမဟုတ်တဲ့ စစ်အာဏာရူးတွေရဲ့ ဖိနှိပ်အနိုင်ကျင့်မှု အောက်မှာ ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဘယ်အချိန်ထိ ဒုက္ခရောက်နေကြရဦးမှာလဲ။ သူပြောခဲ့သ လို မတရားဥပဒေနဲ့ နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ မိန်းမတယောက်၊ အဲဒီအာဇာနည့်သမီး မိန်းမတ ယောက်ရဲ့နောက်မှာပါလာမယ့် ပြည်သူလူထုဆိုတဲ့ အင်အားကို လက်နက်ကိုင်ပြီး စိုးရိမ်ကြောက်လန့်နေတဲ့ အာဏာရူးစစ်အုပ်စု။ ရှက်တတ်ရင် လဲသေဖို့ကောင်းနေပြီ။
ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ကျွန်မနဲ့သိတဲ့ ဦးလေးတယောက်နဲ့ စကားပြောဖြစ်တယ်။ အိမ်အပြန် ညနေ ဖက်ဆို ဘတ်စ်ကားမရလို့ လမ်းလျှောက်ပြန်ရင်း ထွေရာလေးပါး ပြောနေကြပါ။ သူက အသက် ၇၀ လောက် ရှိပါပြီ။ နေ့တိုင်း ဗိုလ်ချုပ်ဈေးသွားပြီး ကျောက်ပွဲစားတန်းမှာ အလုပ်လုပ်တဲ့သူပါ။ သင်္ကြန်အပြီးမှာ အရောင်းအ ၀ယ်ကောင်းလား မေးရာကနေ အရောင်းအ၀ယ် မကောင်းတာ ကြာပြီဆိုတဲ့အကြောင်း၊ အလုပ်မဖြစ်လည်း အိမ်မှာထိုင်မနေချင်လို့ နေ့တိုင်းသွားနေတာဆိုတဲ့အကြောင်း၊ နေ့တိုင်းစားဖို့မပူရသော်လည်း အလုပ်မလုပ်ဘဲ အိမ်မှာနေရင် ထိုင်းမှိုင်းပြီး ရောဂါဝင်လာမှာစိုးလို့ ဆိုတာကစပြီး အခုတလော ၀မ်းပျက်ဝမ်းလျှောတွေဖြစ်နေ လို့ မြောက်ဥက္ကလာဆေးရုံမှာ လူနာတွေများနေတယ်။
ဝမ်းပျက်လို့လာတဲ့ လူနာတွေကို ဆေးကုဖို့ထက် အဲဒီလူနာတွေရဲ့ အညစ်အကြေးတွေကိုတောင် သန့်ရှင်း အောင် မသိမ်းဆည်းနိုင်လို့ ယင်ကောင်ကတဆင့် ၀မ်းပျက်ရောဂါ ပိုပြီးပြန့်ပွားလာနိုင်တယ်။ ငါတို့တိုင်းပြည် မှာ ၀မ်းပျက်တာလည်း မပြောနဲ့လေ၊ ဖရေဇာလမ်း (အနော်ရထာလမ်း) လမ်းမလို လမ်းပေါ်မှာတောင် ခေါက် ဆွဲသုတ်၊ ကြာဇံသုတ်ရောင်းတဲ့သူတွေ အသုတ်သုတ်ပြီးရင် လက်ကိုဘယ်လိုဆေးလဲသိလား။ ဘေးမှာချထား တဲ့ရေပုံးထဲ လက်နှိုက်ပြီး ဗလပ် ဗလပ်နဲ့ လက်ကို ရေထဲနှစ်ပြီး နှစ်ချက်သုံးချက် လှုပ်လိုက်တာပဲ။ ပြီးရင် အဲဒီ လက်နဲ့ပဲ ငရုတ်ဆီအချဉ်ရေနဲ့နယ်ထားတဲ့ အသုတ်ပန်းကန်ကို နှုတ်ခမ်းပန်းနား သတ်ပေးလိုက်တာပဲ။ စားတဲ့ သူတွေကလည်း အားရပါးရ ငုံ့စားနေကြတာ။ အေးလေ ချဉ်ချဉ်တူးတူး မူးပြီးရောမို့လား။
ငါက နေ့တိုင်း ဗိုလ်ချုပ်ဈေးနောက်ဘက် ဘုရားလမ်းဘူတာကနေ ချော်တွင်းကုန်း ပါရမီဘူတာထိ မြို့ပတ်ရ ထားစီးတယ်။ ပြီးတော့မှ ဘူတာရုံကနေ ပါရမီဂိတ်ထိလမ်းလျှောက်ပြီး မြောက်ဒဂုံကို ပါရမီကားပြန်စီးတာ။ အဲ ဒီမနက်လာ ညနေတိုင်းပြန်တာပဲ။ ဒီတော့ မနက်လာတဲ့အခါ တခါတလေ ဘာတွေ့ရသလဲဆိုတော့ တိုးရစ် ဂိုက်တွေက သူတို့ရဲ့ဧည့်သည် နိုင်ငံခြားသားတွေကို မြို့ပတ်ရထားစီးဖို့ ခေါ်လာတတ်တယ်။ ဘူတာကိုရောက် တော့ စတွေ့ရမှာက မီးရထားလမ်းဘေးတလျှောက်လွင့်နေတဲ့ ကြွပ်ကြွပ်အိတ်တွေနဲ့ ပြန့်ကျဲနေတဲ့ အမှိုက်တွေ၊ ဘူတာရုံမှာ ဈေးရောင်းတဲ့ ခေါင်းရွက်ဗျတ်ထိုးဈေးသည်ပေါင်းစုံ။ မြင်ကွင်းကတော့ မလှပါ့ကွာ။
ဘူတာရုံမှာ ရာင်းတဲ့ ကြာဇံသုတ်တပွဲ ဘယ်လောက်လဲသိလား။ ကျွန်မက ၁၀၀ကျပ်လောက် ပေးရမှာပေါ့လို့ ပြောတော့ ဘယ်ကလာ တပွဲမှ ၅၀ ပဲ၊ နင်စဉ်းစားကြည့်စမ်း ကြာဇံသုတ်တပွဲ ၅၀ နဲ့ ဘယ်လိုရောင်းနိုင်သလဲ ဆိုတာ သူတို့သုံးတဲ့ ဂေါ်ဖီတွေက ၀ယ်တာမဟုတ်ဘူး။ ဂေါ်ဖီထုပ်တွေရဲ့ အပေါ်ဆုံးက ဖယ်ထုတ်ထားတဲ့ အ ပေါ်ယံအဖတ်တွေကို ရေဆေး ပါးပါးလှီးပြီး ငရုတ်ဆီနဲ့ ဆီချက်လေး ပါလေဟန်လေးနဲ့ လူးထားတာ။ အဲဒီပါး ပါးလှီးထားတဲ့ ဂေါ်ဖီမှာပါတဲ့ ရွက်ဖြန်းဆေးတို့ ရွက်ထွားဆေးတို့ကို ဘယ်လောက်ကြာအောင် ရေစိမ်ရမယ်၊ ရေဘယ်နှစ်ထပ်ဆေးသင့်တယ်ဆိုတာ သူတို့မသိဘူး။ အဲဒီတော့ ပြောရရင်လည်း မိုးမဆုံးမြေမဆုံးဖြစ်ဦးမယ်။
အဲဒီလို လမ်းဘေးဈေးရောင်းရသူတွေခမျာ ပညာသိပ်မသင်ခဲ့ရာရှာတော့ ဗဟုသုတမရှိ။ ဈေးရောင်းတဲ့သူက ဗဟုသုတမရှိတော့ ကျန်းမာရေး ဘယ်လိုထိခိုက်မယ်ဆိုတာ မသိ။ ဈေးပေါပေါနဲ့ ရောင်းနိုင်ရင် ပေါပေါရမှစား မယ့်သူများမှာမို့ ဖြစ်သလိုရောင်းတယ်။ ၀ယ်စားတဲ့သူတွေဘက်ကလည်း သူ့တို့လို လက်လုပ်လက်စား နွမ်းပါး တဲ့သူတွေဆိုတော့ ဗိုက်ဝဖို့ အရေးကြီးတာမို့ ဒီလိုပေါပေါနဲ့ရတဲ့ဆီမှာ စားကြရ၊ ဒီတော့ မသန့်ရှင်းတဲ့ အစားအ သောက်ကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်လို့ ဆေးရုံရောက်ကြ။ ဆေးရုံက ကုသရေးနဲ့ သန့်ရှင်းရေးကို ဖိ ဖိစီးစီး မလုပ်နိုင်တော့ အဲဒီကနေထပ်ဆင့်ပြီး ကူးစက်ကြနဲ့ ဆင်းရဲနွမ်းပါးမှုက စလိုက်တဲ့ဂယက် ဘယ်လောက် ထိအောင် ကျယ်ပြန့်သွားလဲ။ ပြောရရင် သာမန်ပြည်သူတွေအတွက်ကတော့ အားကိုးရာမဲ့ဘ၀နဲ့ ဆင်းရဲတွင်း နက်ရတဲ့အထဲ ဖွတ်သထက်ညစ်ကြရဦးမှာပဲလေ။
ငါတို့တိုင်းပြည်လည်း ဘယ်သောကာလရောက်မှ ပြည်သူကိုချစ်တဲ့ အစိုးရ၊ ပြည်သူက အားကိုးလို့ရတဲ့ အစိုးရ ကို ပိုင်ဆိုင်နိုင်ရမလဲဆိုတာ မပြောတတ်တော့ပါဘူး။ ပြီးတော့ ဟိုကောင်မလေးကိုလည်း သနားတယ်။ (သူ့အ နေနဲ့ကြည့်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကောင်မလေးပေါ့) သူ မြန်မာပြည်ရောက်ကာစက အသက် ၄၄ နှစ်ပဲရှိသေးတာ။ ခုတော့သူ့ခမျာ မိသားစုနဲ့လည်း တကွဲတပြား မတရားချုပ်နှောင်ထားတဲ့ နေအိမ်အကျယ် ချုပ်ဆိုတာကြီးကလည်း ပြီးဘဲမပြီးနိုင်ဘူး။ နှစ်ပြည့်ကာနီးလာပြီဆိုရင် အကြောင်းပြချက်တခုခုနဲ့ ထပ်ပြီး သက် တမ်းတိုးဖမ်းချုပ်တော့တာပဲ။
အာဇာနည် ဗိုလ်ချုပ်ရဲ့သမီး ပီသပါပေတယ်။ ဒါကြောင့်လည်း ချောင်းရိုးမြောင်းရိုး တိမ်ကောမယ် လူမျိုးမတိမ် ကောဘူးရယ်လို့ ရှေးလူကြီးများက ဆိုခဲ့ကြတာကိုး။ ဒီတိုင်းပြည်မှာ အုပ်ချုပ်ရေးဘက်မှာ လုပ်ပိုင်ခွင့်ရထားသူ တွေ အာဏာရထားသူတွေအထဲမှာ ပညာတတ်တွေရှိနေပါရက်နဲ့ အမှန်တရားကို လက်မခံကြဘူး၊ အမှန်တ ရားအတွက် အလုပ်မလုပ်ကြဘူး။ ကပ်မြောင်ပြီး ကိုယ်ကျိုးရှာနေကြတာ။ ကိုယ်ကျိုးရှာသမားတွေကြောင့် အ မှန်တရားတွေ ပျောက်ကွယ်နေပြီး တိုင်းပြည်နဲ့ချီပြီး ဆုံးရှုံးနေကြရတာ။
ကိုယ့်အကျိုးထိခိုက်မယ့် အလုပ်ဆိုရင် မလုပ်ချင်ဘူး။ ကိုယ်မရသင့်တဲ့ အခွင့်အရေးရဖို့အတွက် မတရားမှုတွေ ကို မမြင်ဟန်ဆောင်နေကြတယ်။ တာဝန်မဲ့တဲ့စိတ်တွေ မတရားရယူချင်တဲ့လောဘတွေ ကြီးစိုးနေတော့ ကိုယ့် တိုင်းသူပြည်သားရယ်လို့ ကိုယ်ချင်းစာစိတ်မရှိကြဘူး။ အစိုးရအဖွဲ့မှာ အကောင်ပဲ ၊ ဘယ်သူဘယ်ဝါနဲ့ အမျိုးတဲ့ စီးပွားဖက်တဲ့၊ လုပ်ပိုင်ခွင့်ရှိတယ်၊ အာဏာရှိတယ် အဲဒီရှိတယ် ရှိတယ်တွေနဲ့ သွေးနားထင်ရောက် ဂုဏ်မောက် ပြီး ငရဲအရောက်သွားကြမယ့် အကောင်တွေ။
ဦးလေးလည်း တဆက်တည်း စကားပြောလိုက်ရလို့ မောသွားတဲ့ပုံနဲ့ စကားရပ်သွားပါတယ်။ ဦးလေးရေ အဲဒီ ကောင်တွေ ငရဲရောက်မှာက နောင်၊ နောက်ဘ၀ဖြစ်ရင်လည်း ဖြစ်မယ်။ ဒါပေမယ့် လောလောဆယ်တော့ ဒီ ကောင်တွေကြောင့် ကျွန်မတို့တော့ လောကငရဲကိုခံစားနေကြရတယ်။ လူတန်းစေ့မနေနိုင် မစားနိုင်ရတဲ့ကြား ထဲ မတရားမှုဖြစ်လို့မှ အားကိုးစရာ တရားဥပဒေမရှိ၊ သူတို့ကိုယ်နှိုက်က မတရားလုပ်နေမှတော့ ကျွန်မတို့က အမှန်တရားအတွက် အရေးယူပေးပါလို့ ဘယ်သွားပြောရမလဲ။ အေး ... အဲဒါပြောတာပေါ့၊ အဲဒီ မတရားမှုတွေ၊ ဖိနှိပ်မှုတွေ၊ လူချင်းကိုယ်ချင်းမစာမှုတွေအတွက် နင်တို့ ငါတို့ အားလုံးက ကိုယ့်တာဝန်ကိုယ်သိကြရမယ်၊ အဲဒီ ကောင်တွေ သက်ဆိုးမရှည်အောင် ငါတို့က လုပ်သင့်တဲ့အလုပ် လုပ်ရမယ်မဟုတ်လား။
ဒီကောင်တွေ သက်ဆိုးရှည်နေသရွေ့ ငါတို့ရဲ့တိုင်းပြည်နဲ့လူမျိုး ဘယ်တော့မှ နလန်ထူမှာမဟုတ်ဘူး။ ကမ္ဘာ့ အလယ်မှာလည်း မျက်နှာငယ် ၊ ဆင်းရဲတွင်းနက်သထက်နက်လာတော့ လူတွေအကျင့်ပျက်တာတွေ များလာ မယ်။ ငါတော့ လူတိုင်းကို ပြောချင်တာပဲ၊ ၂၀၁၀ မှာလုပ်မယ့် နအဖရဲ့ ကလိန်စေ့ငြမ်းဆင် ရွေးကောက်ပွဲကို အတည်ပြုလို့မရအောင် မြန်မာပြည်သူပြည်သားများအနေနဲ့ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ ကြိုတင်တွေး ထားကြပါ။ ရွေးကောက်ပွဲမှာ မဲထည့်ရမယ်ဆိုတာနဲ့ မဲထည့်ပြီး ပြီးရော သဘောနဲ့ ခပ်ပေါ့ပေါ့ တွေးနေလို့က တော့ ဒင်းတို့အသက်ရှည်အောင် အဆိပ်ပင်ရေလောင်းပေးတာနဲ့ အတူတူပဲ။ ဒီစစ်အာဏာရူးတွေ ရှိနေသရွေ့ အများပြည်သူတွေအားလုံး လူမှုဒုက္ခပေါင်းစုံကို လည်စင်းပြီး ခံနေကြရဦးမှာမလွဲဘဲ၊ သူတို့အမျိုးအဆွေတွေက လွဲလို့ပေါ့။ ကဲ အေ ... လမ်းထိပ်လည်းရောက်ပြီ၊ နောက်တွေ့တော့မှ ထပ်ပြောကြသေးတာပေါ့တဲ့။ ကိုလွဏ်း ဆွေရေ ... အဲဒါတွေကတော့ သင်္ကြန်အပြီးမှာ ကျွန်မနဲ့ စကားပြောဖြစ်တဲ့ လူနှစ်ဦးရဲ့ အမြင်တွေပါပဲ။
ကျန်းမာပါစေ။
ရွှေဆည်းဆာ
ရန်ကုန်မြို့
Posted by
ဒေါက်တာလွဏ်းဆွေ
at
2:36 PM
0
comments
Labels: ဆောင်းပါး
Thursday, June 4, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၆-၀၉)
- ဓနုတ်စေတီ ပြိုကျရခြင်းမှာ မိုးကြိုးပစ်ချခြင်းကြောင့်ဟု ရွာခံအချို့က ဆို click
- နယ်ခြားစောင့်တပ်အဖြစ်ကူးပြောင်းရေး အပစ်ရပ်အဖွဲ့တွေ သဘောကွဲ click
- ဇွန်မကုန်မီ နအဖထံ တရားဝင်အဖြေပေးရေးအတွက် ၀ ခေါင်းဆောင်များ ဆန္ဒရပ်တည်ချက်ချမှတ် click
- မွန်ပြည်သစ်ပါတီနယ်မြေအတွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်လှုပ်ရှား click
- ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့ ဆန္ဒပြ click
- ရန်ကုန်ရှိ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြမှုဖြစ်ပွား click
- ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေ (၃) ဦးကို လက်ခံရေး ကြားနာစစ်ဆေးမည် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲ ပြုလုပ် click
- ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး မလေးရှားဆန္ဒပြပွဲ တားမြစ်ခံရ click
- တားဆီးမိန့် ဥပဒေဘောင်ကျော်မှု အဓိက လျှောက်လဲမည် click
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများဖြန့်ဝေ click
- ဥပဒေကို ဖိနှိပ်ရေးအတွက် အသုံးချခြင်း (ဆောင်းပါး) click
- နိုင်ငံခြားအလုပ်လုပ်ချင်သူများကို လိမ်သည့် မြန်မာကုမ္ပဏီများ အလိမ်ခံရ click
- အဓမ္မဖမ်းဆီးခံရသော မြန်မာကလေးစစ်သားတဦးအမှု click
- မြန်မာနိုင်ငံအလုပ်သမားအခွင့်အရေး တိုးတက်မှုမရှိကြောင်း ILO ညွှန်ချုပ်ပြောဆို click
- ကုန်စုံဈေးနှုန်းများ တက်နေသောကြောင့် ဒေသခံခြံရှင်များ အဆင်မပြေဖြစ် click
- သမ္မတအိုဘားမားမိန့်ခွန်း အာရပ်ကမ္ဘာ ကြိုဆို click
- အမေရိကန်နဲ့ မူစလင်ကမ္ဘာ ဆက်ဆံရေးသစ်စဖို့ သမ္မတအိုဘားမား နှိုးဆော် click
- ဂေါ်ဒွင်ဘရောင်း ထွက်ဖို့တောင်းဆို click
- အမြင်မှန်ဖို့ လိုပြီ (ဆောင်းပါး) click
- အမှတ်တရ ၆၄ (အက်ဆေး) click
- သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ (ဆောင်းပါး) click
- Quiet support expressed for Suu Kyi click
- Cops arrest women, children click
- KNU welcomes Security Council statement on Burma click
- First Sitting Buddha Statue Discovered click
- Burmese dictators get a free pass click
- POST BAG AIPMC on Burma click
- Burma reels from poor PR but Aung San Suu Kyi verdict is close click
- Myanmar provides humanitarian aid to Sri Lanka click
- အထိန်းသိမ်းခံတဦးကို လွှတ်ပေးရန် အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြ click
- အမေရိကန်သံရုံးရှေ့ ဆန္ဒပြသူများ အဖမ်းခံရ click
- အမေရိကန်သံရုံးရှေ့ ခဏတာ စုဝေးမှုဖြစ် click
- ဆောက်လုပ်ရေးညံ့ဖျင်းမှုကြောင့် ဓနုတ်စေတီတော်ကြီး ပြိုရ၊ နအဖသတင်းစာများ ၀န်ခံရေးသား click
- ကေအန်ယူတပ်မဟာ (၇) ကို နအဖနှင့် ဒီကေဘီအေ ထိုးစစ်ဆင် click
- နယ်ခြားစောင့်တပ်ဖွဲ့ရန် အပစ်ရပ် ကရင်နီအဖွဲ့အများစု သဘောတူရန်ရှိ click
- “ဝ” တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်ပြောင်းလဲရန် စစ်အစိုးရ ထပ်ပြော click
- ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးမှုအပေါ် ကိုရီးယားအစိုးရက စိုးရိမ်မှုပြသ click
- ဦးတင်ဦး အကျယ်ချုပ် ၆နှစ် မပြည့်သေးဟု စစ်အစိုးရ တွက် click
- သပိတ်စုံ၊ သူပုန်ထ၊ တော်လှန်ကြစို့ (ဆောင်းပါး) click
- ပြင်ဆင်နေတဲ့ လှုပ်ရှားမှုသတင်းများနဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်းမှတ်စု click
- ရန်ကင်း အန်အယ်ဒီဥက္ကဋ္ဌ ထောင်ပြောင်းရဖွယ်ရှိ click
- နယ်စပ်ကုန်သွယ်ရေး စည်းမျဉ်းတင်းကျပ်၊ တံစိုးလက်ဆောင်ပစ္စည်း ပေးနေရ click
- မိုး/ဇလ ညွှန်ချုပ်ကို တာဝန်မှ ရပ်ဆိုင်း click
- မြန်မာနှင့်တင်းမာမှု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဝေဖန် click
- ကော့သောင်းတွင် မြေပြို၊ အနည်းဆုံး ၄ ဦး သေ click
- ကော့သောင်း မြေပြိုမှုတွင် လူ ၄ ဦး သေဆုံး click
- ကော့သောင်းတွင် မိုးကြီးရေလျှံပြီး မြေပြိုကျ၊ ၄ ဦး သေဆုံး click
- ကျောင်းသားများ အပါအ၀င် မြန်မာအလုပ်သမား ရာကျော် ဖမ်းဆီးခံရ click
- ရခိုင်အမျိုးသမီးများ ယုဇန စားအုန်းဆီခြံများတွင် အလုပ်လုပ်ရန် ထွက်ခွာနေ click
- အရပ်သားလူငယ်တဦး မတော်တဆ ကျည်ဆံထိမှန်၍ သေဆုံး click
- ဆရာမောင်ဆုရှင် ဈာပနပြီးစီး click
- စွယ်စုံရစာရေးဆရာကြီး မောင်ဆုရှင် ကွယ်လွန်မှုအပေါ် အများက စိတ်မကောင်းဖြစ် click
- ဇေကမ္ဘာ၏ ချယ်ရီ FM တောင်ကြီးတွင် မကြာမီ စတင်မည် click
- အသက်ဘေးလွတ်လာသူများရဲ့ နာဂစ်အလွန် စိန်ခေါ်မှုများ click
- ပါလီမန်လွှတ်တော်နှင့် ဒီမိုကရေစီအနာဂတ် (အယ်ဒီတာ့အာဘော်) click
- ပင်လုံသက်သေ မွေခံထိုက်စေ (ဆောင်းပါး) click
- ခေတ်ပြိုင်အားကစား click
- ပျောက်ဆုံးသားငယ် တပ်ထဲရောက်နေဟု မိဘများ ပြောဆို (အင်တာဗျူး) click
- အတောင်တူ ငှက်တို့ရဲ့ တောင်ပံခတ်သံများ (ဆောင်းပါး) click
- အနှစ် ၂၀ ပြည့် တရုတ်နိုင်ငံ တီယန်မင်အရေးအခင်း click
- တီယန်နန်မင်မှာ သေဆုံးသူခဲ့သူစာရင်း ထုတ်ပေးဖို့ အမေရိကန် တောင်းဆို click
- တီယင်မင်ရင်ပြင် ကျောင်းသားလှုပ်ရှားမှု အနှစ် (၂၀) click
- သီတဂူဆရာတော် ဦးဉာဏိဿရကို မေးမြန်းလျှောက်ထားခြင်း - အပိုင်း (၂) click
- သီတဂူဆရာတော် ဦးဉာဏိဿရကို မေးမြန်းလျှောက်ထားခြင်း - အပိုင်း (၃) click
- အမေရိကန်ရဲ့ နယ်စပ်ဖြတ်ကျော်ခွင့် စည်းမျဉ်းသစ် click
- Women and children held after rare protest in Myanmar click
- Myanmar court mulls more witnesses in Aung San Suu Kyi case click
- Suu Kyi trial a chance for Myanmar UN inquiry click
- Good Strategy Needed To Help Myanmar: Nobel Prize Laureate click
- Fund crunch threatens rice production in Burma: WFP click
- Activists skeptical of release of child soldiers click
- Mistreatment and child soldiers in the Burma Army: Interviews with SPDC deserters click
- Ancient boat unearthed in Myanmar click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:01 PM
0
comments
Labels: သတင်း
သခင်ကိုယ်တော်မှိုင်းနဲ့ တိုင်းရင်းသားအရေး
သခင်ကိုယ်တော်မှိုင်းကို မြန်မာနိုင်ငံထဲမှာ စာပေယဉ်ကျေးမှုနယ်ပယ်က တပ်မှူးကြီး၊ သတင်းစာဘိုးအေကြီးအ ဖြစ်တင်မက အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းထက်မြင့်တဲ့ လွတ်လပ်ရေး ဘိုးအေကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီးအဖြစ် အာဏာရအုပ်စိုးသူအဆက်ဆက်၊ အထူးသဖြင့် စစ်အာဏာရှင်တွေ ကလွဲလို့ အားလုံးက သတ်မှတ်လက်ခံထားကြပါတယ်။ ဒါပေမယ့် နယ်စပ်ဒေသ အပါအ၀င် တချို့တိုင်းရင်း သားတွေကြားမှာတော့ သခင်ကိုယ်တော်မှိုင်းကို မဟာလူမျိုးကြီးဝါဒီတယောက်၊ လူမျိုးခွဲခြားရေးသမားတ ယောက်အဖြစ် မြင်နေကြပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကိုယ်၌က အဲသလိုမြင်နေကြတာဖြစ်ပါ တယ်။
ဒီကိစ္စရဲ့အကြောင်းရင်းကတော့ ဒီနယ်စပ်ဒေသဘက်မှာ တချိန်က ပျံ့နှံ့ခဲ့ဖူးတဲ့ “သခင်ကိုယ်တော်မှိုင်းရဲ့ သေ တမ်းစာ” ဆိုတဲ့ စာတမ်းတခုကြောင့် ဖြစ်ပါတယ်။ ဒီ “သေတမ်းစာ” ဆိုတာထဲမှာ ရခိုင်နဲ့ပတ်သက်လို့ “သမိုင်း ကြွေးမဆပ်နိုင်အောင်၊ နလံမထူနိုင်အောင် မင်းတို့တတွေ စွမ်းဆောင်တတ်ရမယ်။ ... ရှမ်းဆိုတဲ့လူတွေလည်း တောင်ပေါ်သားအသိထက် မကျော်လွှားမိစေဖို့ ကြပ်ကြပ်သတိထားရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကြီးထွားလာခဲ့ ရင်၊ ဒါဟာ ဗမာ့ရန်သူပဲ၊ ပြတ်သားတဲ့နည်းကို ကျင့်သုံးရမယ်။ ... ကရင်ဆိုတာလည်း ရန်သူတမျိုးပဲ။ ဘ၀ကို မြေတောင်မြှောက်မပေးနှင့်။ လက်မြန်ခြေမြန်ဝါဒရှိတယ်။ သတိလစ်ရင်လစ်သလို ဗမာတွေ အသက်ရှူကျပ် လိမ့်မယ်။” ကချင်လူမျိုးများနဲ့ ပတ်သက်လို့ “ဘယ်လိုပဲဆိုဆို ငါတို့တတွေဟာ လက်ဦးထားဖို့က အရေးကြီး တယ်။ မညှာနဲ့၊ ညှာရင်နာမယ်။ ဗမာတွေ သတိထားကြ။” ... မွန်တိုင်းရင်းသားအပေါ် သဘောထားအဖြစ် လည်း “အတိတ်က သူပိုင်တယ်၊ ငါပိုင်တယ်ဆိုတာ ဗမာတွေ နားမလည်ဘူး။ လက်ရှိမှာ ဘယ်လိုရှိနေသလဲ၊ ရှိနေသလိုပဲ ထိန်းထားတတ်ရမယ်” စသဖြင့် မြန်မာပြည်ရဲ့ အဓိက တိုင်းရင်းသားလူမျိုးစုတွေအပေါ် ဖိနှိပ်ချိုး နှိမ်ရေးတရားတွေ ဟောထားပါတယ်။ “ဗမာဟာ မဟာဗမာဖြစ်ဖို့ အဓိကပဲ”လို့ အဲဒီ “သေတမ်းစာ” ဆိုတာထဲ မှာ နောက်ဆုံး နိဂုံးချုပ်မှာကြားထားပါတယ်။
ဒီ “သေတမ်းစာ” ပါ သဘောထားအမြင်တွေဟာ အင်မတန်မှ ဆိုးဝါးလှပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ တသက်တာပတ်လုံး ရပ်တည်လှုပ်ရှားချက်တွေနဲ့ ကွဲလွဲနေပါတယ်။ ဒါကြောင့် ဒီသေတမ်းစာဟာ တကယ်အ မှန်အကန် ဟုတ်မဟုတ် စိစစ်ဖို့ လိုလာပါတယ်။
သခင်ကိုယ်တော်မှိုင်းရဲ့ စိတ်ဓာတ်နဲ့ ရပ်တည်ချက်အမှန်ကိုသိရအောင် သူ့ဘ၀တသက်တာထဲက ဖြစ်ရပ်တွေ ကို လေ့လာကြည့်တဲ့အခါ အခုလို တွေ့ရပါတယ်။
ဆရာကြီးဟာ အင်္ဂလိပ်ကိုလိုနီဘ၀မှာ နိုင်ငံလွတ်လပ်ရေးအတွက် စည်းရုံးရေးအနေနဲ့ ဇာတိမာန် မျိုးချစ်စိတ် တက်ကြွစေဖို့ အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊ အလောင်းဘုရား စတဲ့ နာမည်ကျော် ဗမာဘုရင်တွေ ကို အမွှမ်းတင် ချီးမြှောက်တာ လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီခေတ်ဟောင်းဘုရင်တွေလို စတုတ္ထမြန်မာနိုင်ငံ ထူထောင်ရေး၊ မဟာဗမာအင်ပါယာထူထောင်ရေး စိတ်ဓာတ်တွေကိုတော့ အမွေမဆက်ခံခဲ့ပါဘူး။
ရှေးရိုးစွဲ ခေတ်ဟောင်းအတွေးအခေါ် မရှိတဲ့အကြောင်းကို ၁၉၂၇ ခုနှစ်ဆန်းက ဖြစ်ခဲ့တဲ့ “ဆယ်ကုဋေကျော် အရေးတော်ပုံ” ဆိုတဲ့ ဖြစ်ရပ်မှာ စတွေ့နိုင်ပါတယ်။ ၁၉၂၆ နှစ်ကုန်ပိုင်းက သူရိယသတင်းစာထဲပါတဲ့ ဦးဘဖေ ရဲ့ ဆောင်းပါးတပုဒ်မှာ ဗမာပြည်ဟာ ဘုန်းကြီးပျံတွေ၊ ဘုရားပွဲတွေကြောင့် တနှစ်ကို ကျပ်ငွေ ဆယ်ကုဋေ ကျော် (ကျပ်သန်း ၁၀၀ ကျော်) ကုန်ကျနေတဲ့အကြောင်း၊ တိုင်းသူပြည်သားတွေ ဆင်းရဲလှတဲ့နိုင်ငံမှာ ဒီလိုမျိုး ငွေဖြုန်းတီးမယ့်အစား ဆင်းရဲသားလူထုအကျိုးရှိမယ့် တခြားလုပ်ငန်းတွေမှာ သုံးသင့်ကြောင်း ရေးထားလို့ သံ ဃာတွေအပါအ၀င် ဘာသာရေးသမားတွေကြားမှာ ဆူပွက်သွားခဲ့ပါတယ်။ ဒီဆောင်းပါးကို ဆန့်ကျင်တဲ့ဘက်နဲ့ ထောက်ခံတဲ့ဘက် အပြန်အလှန် အပြင်းအထန် ရေးကြဟောပြောကြလို့ ဆယ်ကုဋေကျော်အရေးတော်ပုံ သို့မ ဟုတ် ဆယ်ကုဋေကျော်တိုက်ပွဲဆိုပြီး နာမည်ကျော်သွားပါတယ်။ အဲဒီတိုက်ပွဲမှာ ဆရာကြီးသခင်ကိုယ်တော် မှိုင်းဟာ ဦးဘဖေကိုထောက်ခံပြီး မလိုအပ်တဲ့ဖြုန်းတီးမှုဆန့်ကျင်ရေးဘက်က ရပ်တည်ခဲ့ပါတယ်။ သံဃာတော် တွေက အကြီးအကျယ် ရှုတ်ချတိုက်ခိုက်တာ ခံခဲ့ရပေမယ့်လည်း မိမိအယူအဆကိုပဲ ခိုင်ခိုင်မာမာ ကိုင်စွဲခဲ့ပါ တယ်။ ဒါကိုကြည့်ရင် ဆရာကြီးမှိုင်းဟာ ခေတ်ဟောင်းပဒေသရာဇ်ဝါဒစွဲ၊ ဘာသာရေးစွဲ၊ လူမျိုးရေးစွဲမရှိတာ သိ သာပါတယ်။
၁၉၃၃ ခုမှာ ခွဲရေး-တွဲရေးကိစ္စ ပေါ်လာတဲ့အခါမှာလည်း ဗမာပြည်ကို အိန္ဒိယပြည်နဲ့ခွဲရေးကို ဆရာကြီးက ဆန့် ကျင်ခဲ့ပါတယ်။ အင်္ဂလိပ်ကျွန် ဖြစ်ရတာချင်းအတူတူ လူမျိုးရေးအရ ခွဲတာကို မလိုလားဘဲ အဖိနှိပ်ခံချင်း ရိုင်း ပင်းလက်တွဲ တိုက်ပွဲဝင်ရေးဘက်က ရပ်တည်ခဲ့ပါတယ်။ ဒီထက်ပိုထင်ရှားတဲ့အဖြစ်ကတော့ ၁၉၃၈ ခု ကုလား-ဗမာအဓိကရုဏ်းမှာ ကုလားဆန့်ကျင်ရေး မဟာဗမာလူမျိုးရေးကို အတိအလင်း ဆန့်ကျင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက သခင်ကိုယ်တော်မှိုင်းရဲ့ “ကုလားအရေးလောက်ကိုဖြင့်၊ ဓားသွေးလောက်တယ် ဆရာမထင်လို့မို့ ...” ဆိုတဲ့ လေးချိုးကဗျာစာသားဟာ ထင်ရှားကျော်ကြားပြီး ထိမိခဲ့လှပါတယ်။
၁၉၃၇ ခုမှာ သခင်ကိုယ်တော်မှိုင်းဟာ တိုးတက်ရေးမဂ္ဂဇင်းထဲမှာ ဆရာစံသူပုန်ကိုထောက်ခံတဲ့ “ပုန်ကန်ခြင်း” ဆောင်းပါးကို ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ ရာဇ၀င်ထဲက “အပြစ်လွတ်သောပုန်ကန်ခြင်း” ဥပမာတွေကို ထောက်ပြရာမှာ မွန်အမတ် ငရန်မန်ကန်းက ဗမာဘုရင်စောလူးမင်းကို ပုန်ကန်တာကို အပြစ်လွတ်တဲ့ ပုန်ကန် ခြင်း၊ အခုခေတ်စကားနဲ့ပြောရရင် တရားတဲ့တော်လှန်စစ်အဖြစ် ဖော်ပြခဲ့ပါတယ်။ ဗမာပြည်မှာ ဟိုးအရင် ပဒေ သရာဇ်ခေတ်၊ အင်္ဂလိပ်ခေတ်ကရော၊ အခု နအဖခေတ်အထိပါ အများသိထားတာက ငရန်မန်ကန်းဟာ ပထမ မြန်မာနိုင်ငံတော်ကို ဖျက်ဆီးဖို့ကြံတဲ့ ဆူပူသောင်းကျန်းသူ ဗီလိန်အဖြစ် သိထားကြ၊ ၀ါဒဖြန့်နေကြတာဖြစ်ပါ တယ်။ အဲဒီအယူအဆကနေ ခွဲထွက်ပြီး ငရမန်ကန်းကို မှန်ကန်တိုးတက်တဲ့ တော်လှန်ရေးသမားအဖြစ် သတ် မှတ်တာဟာ ကျနော်သိသလောက် သခင်ကိုယ်တော်မှိုင်းက ပထမဆုံးဖြစ်ပါတယ်။ ငရန်မန်ကန်းပုန်ကန်မှုကို ပထမဆုံး မွန်အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးအဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့တဲ့ ဒုတိယမြောက် ဗမာနိုင် ငံရေးသမား၊ စာပေသမားကတော့ ဆရာဗန်းမော်တင်အောင်ဖြစ်ပြီး “မြန်မာနိုင်ငံတော်သမိုင်း” စာအုပ်မှာ သုံး သပ်ခဲ့တာဖြစ်ပါတယ်။
၁၉၄၈ ခုလွတ်လပ်ရေးရပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ တော်လှန်သောဗမာ့တပ်မတော် တို့ ပုန်ကန်တော်လှန်ပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ၁၉၄၉ ခုနှစ်ဆန်းမှာ တော် လှန်ရေးစတဲ့အတွက် ရွက်စုံတက်စုံပြည်တွင်းစစ်ကြီး ဖြစ်လာတဲ့အခါ ဒီလိုမဖြစ်ရအောင် စောစောကတည်းက နိုင်ငံရေးအရ ဒီမိုကရေစီနည်းကျကျ ဖြေရှင်းဖို့ သခင်ကိုယ်တော်မှိုင်း ကြိုးပမ်းခဲ့တာ မအောင်မြင်ခဲ့တဲ့အ ကြောင်းကို “လောကတခွင်မှာနော်ကွယ်၊ ဟောမရ ပြောမရတာတွေကြောင့်၊ သောကပူပင် ...” စသဖြင့် ဖဆ ပလခေါင်းဆောင်တွေကို ရှုတ်ချတဲ့ ကဗျာစပ် ရင်ဖွင့်ခဲ့ပါတယ်။
သခင်ကိုယ်တော်မှိုင်းဟာ လက်ဝဲသူပုန်တွေနဲ့ တိုက်တာဖြစ်ဖြစ်၊ တိုင်းရင်းသားသူပုန်တွေနဲ့ တိုက်တာဖြစ်ဖြစ် ပြည်တွင်းစစ်အားလုံးကို ဆန့်ကျင်ခဲ့တဲ့ ငြိမ်းချမ်းရေးသမားစစ်စစ်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် အုပ်စိုးသူတွေက ဘယ်လောက် မတရားလုပ်လုပ် ငုံ့ခံရေးအယူအဆရှိတဲ့ ရွှေပြည်အေးငြိမ်းချမ်းရေးသမား Pacifist တော့ မ ဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် ဆွေးနွေးညှိနှိုင်းပြီး အာဃာတမထားရေး၊ သူမနာ-ကိုယ်မနာ ငြိမ်းချမ်းရေးရဖို့ ရပ် တည်သူဖြစ်ပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောနေတဲ့ သင်ပုန်းချေရေး၊ စေ့စပ်ဆွေးနွေးရေးဆိုတာတွေကို ဗမာပြည်မှာ ပထမဆုံးစပြောခဲ့သူဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် သခင်ကိုယ်တော်မှိုင်းဟာ ဗမာပြည်အနှံ့ ခရီးထွက်စည်းရုံးခဲ့ရာမှာ ၁၉၅၄၊ ၅၆- ၅၇၊ ၆၁ ခုမှာ မြစ်ဝကျွန်းပေါ်ဒေသ၊ ၁၉၅၆ ခုမှာ ကချင်ပြည်၊ ၁၉၅၇ ခုမှာ ရခိုင်ပြည်တို့ကို သွားခဲ့ပါတယ်။ ဗမာ တွေတင်မက ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်တိုင်းရင်းသားလူထုတွေက အကြီးအကျယ် အုတ်အော်သောင်းနင်း ကြိုဆိုကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လာတုန်းက မကြိုဆိုခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေဟာ သခင်ကိုယ် တော်မှိုင်းကိုတော့ အကြီးအကျယ် ကြိုခဲ့ကြပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အကြီးအကျယ် ကြိုဆိုထောက်ခံ တဲ့ ဗမာခေါင်းဆောင်ဆိုတာ သခင်ကိုယ်တော်မှိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ပဲရှိမယ်ထင်ပါတယ်။ ဗမာအမျိုးသမီးတွေတင်မက တိုင်းရင်းသူအမျိုးသမီးတွေကပါ သခင်ကိုယ်တော်မှိုင်းသွားရာလမ်းမှာ ဆံပင်ဖြန့် ခင်းပေးတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ပြည်တွင်းက တိုင်းရင်းသားတွေနဲ့ သခင်ကိုယ် တော်မှိုင်း ဆက်ဆံရေးအနေအထားကို အလွယ်တကူ သိနိုင်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှည့်လည်စည်းရုံးရာမှာ ကရင်အမျိုးသား နိုင်ငံရေးသမားတွေဖြစ်တဲ့ မန်းထွန်းရင်၊ မန်းကျော်အုံး၊ စောကျော်စိုး (အင်းစိန်)၊ စောကျော်စိန်၊ ဒေါက်တာ ဆင်ဖိုးတို့နဲ့ တွဲခဲ့ပါတယ်။ ဒေါက်တာဆင်ဖိုးဟာ ဆရာကြီးရဲ့ကျန်းမာရေးကို တောက်လျှောက်အနီးကပ်တာဝန် ယူခဲ့သူဖြစ်ပါတယ်။ ဆရာကြီးဟာ ကရင်ခေါင်းဆောင် မန်းဒါဝိတ်နဲ့အထူးရင်းနှီးလှပြီး ဆရာတပည့်လို၊ သားအ ဖလို နေထိုင်လက်တွဲခဲ့ပါတယ်။ မန်းဒါဝိတ်ဟာ မြေပေါ်ကရင်အမျိုးသားခေါင်းဆောင်တယောက် ဖြစ်ရုံမက ကေအဲန်ယူရဲ့ ယူဂျီခေါင်းဆောင်တယောက်ဖြစ်ပြီး မဆလခေတ်မှာ နှစ်ကြိမ်၊ န၀တခေတ်မှာ တကြိမ် ထောင် ကျခဲ့ပါတယ်။ ၁၉၉၂ ခုမှာ အင်းစိန်ထောင်မှာပဲ ကျဆုံးသွားခဲ့ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကော်မတီမှာ သခင်ကိုယ်တော်မှိုင်းနဲ့ လက်တွဲလှုပ်ရှားခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူး ချုပ်ဟောင်း ကျော်ဇောက ဆရာကြီးရဲ့ တိုင်းရင်းသားလူမျိုးတွေအပေါ် သဘောထားကို ၂၀၀၇ ခုနှစ်တုန်းက ဒီလိုပြောပြခဲ့ဖူးပါတယ်။ “သခင်ကိုယ်တော်မှိုင်းဟာ ကေအဲန်ယူနဲ့ ပြည်တွင်းစစ်ကို စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ ငြိမ်းချမ်းရေးရဖို့ ရပ်ခံခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှည့်လည်ရာမှာ မြစ်ဝကျွန်းပေါ်ကရင်များက အထူးကြည်ညိုလေးစားကြတယ်။ ကရင်ရွာများကို သွားရောက်ဟောပြောခဲ့တယ်။ သူ့မှာ တိုင်းရင်းသားလူမျိုး စုတွေအပေါ် အထင်သေးနှိမ်ချတဲ့စိတ်၊ ခွဲခြားဖိနှိပ်ချင်တဲ့စိတ် လုံးဝမရှိဘူး။ စိတ်သဘောထား အင်မတန်နူးညံ့ သူဖြစ်တယ်။ ... ဆရာကြီးကွယ်လွန်ချိန်အထိ ကျနော်တောက်လျှောက် အနီးကပ်နေခဲ့တာ၊ ကျနော့်လက်ပေါ် မှာပဲ ဆုံးသွားတာဖြစ်တဲ့အတွက် ဒီလိုသေတမ်းစာဆိုတာမျိုး လုံးဝမရှိခဲ့ဘူးလို့ ကျနော်သေချာပြောရဲတယ်။ ဒါ့ အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံမှာ၊ ဗုဒ္ဓဘာသာထုံးစံမှာ သေတမ်းစာ ဆိုတာလည်း မရှိပါဘူး” လို့ ဗိုလ်ကျော်ဇောက ခိုင်ခိုင်မာမာ ပြောပြပါတယ်။
၁၉၆၁ ခု ဇွန်လမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တောင်ကြီးညီလာခံကျင်းပပြီး ၁၉၄၇ အခြေခံဥပဒေပြင် ဆင်ရေးအတွက် ဖက်ဒရယ်မူ (ခေါ်) ရှမ်းမူကို ဖော်ထုတ်ခဲ့တဲ့အခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ခေါင်း ဆောင် တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ဦးအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်းအစ်ကို)၊ ဦးသိန်းဖေမြင့်တို့က ထောက်ခံခဲ့ကြပါတယ်။ သူတို့နောက်ကွယ်မှာ သခင်ကိုယ် တော်မှိုင်းရှိနေတာ ယုံမှားစရာမရှိပါဘူး။
အကယ်၍သာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ မဟာဗမာဝါဒီတယောက်၊ တိုင်းရင်းသားဖိနှိပ်ရေးသမားတ ယောက်ဖြစ်ခဲ့ရင် ဗြောင်အတိအလင်း ဖက်ဒရယ်ဆန့်ကျင်ရေး စတုတ္ထမဟာဗမာအင်ပါယာထူထောင်ရေး ဗမာ အမျိုးသားရေးသက်သက်ဝါဒသမားတွေဖြစ်တဲ့ သခင်ဗစိန်၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဦးကျော်ငြိမ်းတို့နဲ့ တသား တည်းတွဲမိခဲ့မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဒီလူတွေဟာ ဆရာကြီးအပေါ် အခါးသီးဆုံး ရန်ဘက်တွေ လိုပဲ သဘောထားခဲ့ကြပါတယ်။ ဒါ့အပြင် ကိုယ့်အာဏာအတွက် တိုင်းရင်းသားတွေကို လိုရင်လိုသလို အသုံးချ သွားတဲ့ ပါလီမန်ဒီမိုကရေစီဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဖက်ဒရယ်ဆန့်ကျင်ရေး စစ်အာဏာရှင် ဗိုလ်နေ၀င်းတို့နဲ့ လည်း ဘယ်လိုမှ အစေးမကပ်ခဲ့ပါဘူး။ ဒါကြောင့် န၀တ-နအဖ တို့ကလည်း သခင်ကိုယ်တော်မှိုင်းအခန်းကဏ္ဍ ကို ဘယ်လိုမှ နေရာမပေး အသိအမှတ်မပြုကြတာ ဖြစ်ပါတယ်။
ဒါကြောင့် “သခင်ကိုယ်တော်မှိုင်းသေတမ်းစာ”ဆိုတဲ့ စာတမ်းဟာ တန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့ လက် နက်ကိုင်တိုင်းရင်းသားလူမျိုးတွေနဲ့ ရိုးသန့်စင်ကြယ်တဲ့ ဗမာလူမျိုးဒီမိုကရေစီသမားတွေ ပေါင်းစည်းညီညွတ်မိ သွားမှာကို စိုးရိမ်တဲ့ အာဏာရှင်ဘက်တော်သားတွေရဲ့ လုပ်ကြံလီဆယ်မှုသက်သက်ပဲ ဖြစ်ပါတယ်။
ဂါမဏိ
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:13 PM
4
comments
Labels: ဆောင်းပါး

















