လူ့အသက်ပေါင်း တသိန်းလေးသောင်းခန့်ကို ညတွင်းချင်း ဇီဝိန်ခြွေခဲ့ပြီး လူပေါင်း နှစ်သန်းခွဲခန့်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည့် နာဂစ်ဆိုင်ကလုန်မုန်တိုင်းကြီး တိုက်ခတ်ရက်စက်ခဲ့သည်မှာ မေလ (၂) နေ့ကဆိုလျှင် တနှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်၏။ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူပြည်သား အများစုက နာဂစ်အိပ်မက်ဆိုး ကြီးမက်ခဲ့ရသည်ကို မနေ့တနေ့ကကဲ့သို့ပင် ထင်မှတ်နေကြဆဲပြီးဖြစ်ပြီး သေဆုံးခဲ့ရသူများအတွက် အပူလုံးကြွ ယူကျုံးမရဖြစ်ကာ အောက်မေ့လွမ်းဆွတ်မှုအခမ်းအနားများ၊ ၀တ်ပြုဆုတောင်းပွဲများ ကျင်းပပြုလုပ်၍ ကောင်း မှုကုသိုလ်ပြု အမျှအတန်းပေးဝေခဲ့ကြ၏။
သို့သော် ရှင်ဘုရင်ရူးရူးကာ အုပ်ချုပ်မင်းလုပ်နေသည့် နေပြည်တော်မှ ဗိုလ်သန်းရွှေနှင့် အပေါင်းအပါ စစ်အုပ်စု ၀င်များကား နာဂစ်တနှစ်ပြည့် အခါသမယတွင် သေဆုံးသူများအတွက် ၀မ်းနည်းကြေကွဲခြင်း၊ အောက်မေ့ဖွယ် အခမ်းအနားများ ကျင်းပပြုလုပ်ခြင်း၊ အသက်မသေဘဲ ကျန်ရစ်ခဲ့သည့် နာဂစ်ဒဏ်ခံ ဒုက္ခသည်ပြည်သူများထံ သို့ သွားရောက်၍ အားပေးစကားပြောကြားခြင်း အလျဉ်းမပြုကြဘဲ မြန်မာပြည်၌ နာဂစ်မုန်တိုင်း မတိုက်ခတ်ခဲ့ သယောင်ပင် ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေနေကြသည်ကို အံ့အားသင့်ဖွယ်တွေ့ရှိရ၏။ လက်ဖျားခါလောက် အောင် လူစိတ်ကင်းမဲ့လှသည့် စစ်အုပ်စုဟုပင် ဆိုရချေတော့မည်။
စစ်အုပ်စုပိုင် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာများတွင် နာဂစ်နှစ်ပတ်လည်အတွက် တစိုးတစိမျှ အသား ပေးဖော်ပြခြင်းမျိုး မတွေ့ရသည့်အပြင် နာဂစ်တနှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်နှင့် ပတ်သက်၍ သတိ တရ ရေးသားဖော်ပြကြသည့် ပုဂ္ဂလိကစာနယ်ဇင်းများကိုလည်း စစ်အုပ်စု၏ လက်ကိုင်တုတ် စာပေစိစစ်ရေး ဋ္ဌာမှ တားဆီးပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်ဟု သိရ၏။ နှစ်ပတ်လည်ခဲ့သော်ငြား အခက်အခဲ၊ အကျပ်အတည်း များနှင့် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည့် နာဂစ်ဒုက္ခသည်များ၏ အခြေအနေမှန်များကို စစ်အုပ်စုမှ သတင်းအ မှောင်ချပြီး ဖုံးကွယ်ထားမြဲဖြစ်၏။
စစ်အုပ်စုအနေနှင့် နာဂစ်ဆိုသည့် ဘေးဒုက္ခဆိုးကြီးမှ လွန်မြောက်ခဲ့ပြီး ဒုက္ခကင်းစင်သည့် မြန်မာပြည်ကြီးဖြစ် နေသယောင် မိမိ၏ပြည်သူနှင့် ကမ္ဘာသို့ လိမ်လည်လှည့်ဖျားလို၍ ထိုသို့ ဆိတ်ဆိတ်နေခြင်းပေလော သို့တည်း မဟုတ် သေဆုံးခဲ့ရသူများနှင့် ဒုက္ခသည်ပြည်သူများအား လူသားစင်စစ်ဧကန်ဖြစ်သည်ဟု သဘောမထား၍ မျက်ကွယ်ပြု လျစ်လျူရှုနေခြင်းပေလောဟု တွေးတောမိပေ၏။
စစ်အုပ်စုက အသံတိတ် နှုတ်ဆိတ်နေသော်လည်း ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာ နှင့် ပြည်တွင်းအန်ဂျီအိုအဖွဲ့များ၏ နာဂစ်နှင့် ပတ်သက်သည့် ပြောကြားချက်များကို ပြည်ပသတင်းမီဒီယာများ က ထုတ်လွှင့်တင်ဆက်ပေးမှုကြောင့် ဒုက္ခသည်များ၏ အခြေအနေမှန်များအား ကြားသိနေရ၏။ ဒုက္ခသည် ပြည်သူတို့၏ အခက်အခဲ အကျပ်အတည်းများအတွက် ရတက်မအေး ဖြစ်ကြရ၏။
နာဂစ်ဒဏ်ခံခဲ့ရသည်မှာ တနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ အကူအညီများ လိုအပ်နေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂမှ သတိပေးနှိုးဆော်နေရ၏။ ဒုက္ခသည် ၅ သိန်းအတွက် လူနေအိမ်ခြေများ အမြန် ဆောက်လုပ်ပေးဖို့ လိုအပ်နေကြောင်း Inter-Agency Standing Committee (IASC) အဖွဲ့ကြီးက အသိ ပေးပြောကြားနေရ၏။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အခြေခံပညာကျောင်း ၄၀၀၀ ကျော် ပျက်စီးခဲ့သော်လည်း ၁၄၀၀ ကျော်သာ ပြုပြင်ရသေးပြီး ဧရာဝတီတိုင်းအတွင်း ပျက်စီးကုန်သည့် စေတီ ၄၀၀ ကျော်၊ ဘုန်းကြီး ကျောင်း ၂၀၀၀ ကျော် မှာလည်း အနည်းအကျဉ်းသာ ပြုပြင်ရသေးသည်ဟု နာဂစ်အလွန် အစီရင်ခံစာများအရ သိရ၏။
မုန်တိုင်းသင့် ဒုက္ခသည်များအနေနှင့် သောက်သုံးရေသန့် ရှားပါးမှု၊ စားနပ်ရိက္ခာအထောက်အပံ့များ လိုအပ်မှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ဒုက္ခသည်များ၏ စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးအခြေအနေများ ပြန်လည်နလန်ထူလာခြင်း မ ရှိသေးမှု၊ နာဂစ်မုန်တိုင်းကြောင့် ဆားငန်ရေ၀င်ကုန်သည့် လယ်မြေများတွင် စိုက်ပျိုးသော စပါးနှင့် ကောက်ပဲ သီးနှံများ အောင်မြင်ဖြစ်ထွန်းမှုမရှိဘဲ ပျက်စီးဆုံးရှုံးမှု၊ စိုက်ပျိုးရေးဆိုင်ရာ အထောက်အကူပြုပစ္စည်များ မလုံ လောက်မှု၊ မုန်တိုင်းသင့်ဒေသမှ လယ်သမားများ လယ်ယာမြေဆုံးရှုံးပြီး ကြွေးမြီတင်ရှိမှု၊ ဝင်ငွေရသည့် အ လုပ်အကိုင်များ ရှားပါးနေမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများ အကြီးအကျယ် လိုအပ်နေမှု … စသည့် လိုအပ် ချက်ပေါင်းများစွာကို တူညီစွာ အစီရင်ခံဖော်ပြကြ၏။ အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးဖို့လိုကြောင်း သတိပေးနှိုးဆော်နေကြ၏။
ထိုသို့သောအခြေအနေတွင် စစ်အုပ်စုက သူတို့လက်ဝါးကြီးအုပ်ထားသည့် မီဒီယာများ၌ မမှန်သတင်းများ၊ အ လိမ်အညာ သတင်းဆောင်းပါးများ ထုတ်လွှင့်ရေးသား၍ တိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းနေသယောင် အပူ ရုပ်ကို ဟန်လုပ်ကာ မယောင်ရာဆီလူးနေကြ၏။ နာဂစ်မုန်တိုင်း တိုက်ခတ်ခြင်းခံရ၍ ပြည်သူများ အပူမီးကြွနေ ချိန်တွင် ၂၀၀၈ ညောင်နှစ်ပင်ဖွဲ့စည်းပုံကို လိမ်လည်အတည်ပြုခဲ့သလို ယခုအခါ၌လည်း စစ်အာဏာရှင် ယန္တ ရားကြီး တရားဝင်တည်တံ့နိုင်ရေးအတွက် ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကိုသာ ဉာဏ်နီဉာဏ်နက် အမျိုးမျိုးထုတ် လုပ်ဆောင်နေသည်ကို တွေ့ရ၏။
စစ်အုပ်စု၏ အိတ်ကပ်ထဲသို့ နှစ်စဉ်သဘာဓာတ်ငွေ့ရောင်းချရမှုမှ ရရှိငွေနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက် ကားမှုမှ ဆက်ကြေးကောက်ခံရရှိငွေ ဒေါ်လာသန်းထောင်ပေါင်းများစွာ ရောက်ရှိနေသော်လည်း ဒုက္ခသည် ပြည်သူများအတွက် တပြားတချပ်မှ အသုံးမပြုသည့်အပြင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးကာစက ဒုက္ခသည်များ အတွက်ပေးလှူသော အကူအညီများကို စစ်အုပ်စု၏ အကျိုးစီးပွားအတွက် ခုတုံးလုပ်အမြတ်ထုတ်သည့် သာဓ ကများရှိခဲ့မှုကြောင့် အလှူရှင်များက မယုံသင်္ကာဖြစ်ကာ အကူအညီဆက်ပေးဖို့ လက်တွန့်နေကြ၏။ ထို့အပြင် နိုင်ငံတကာအကူအညီများ ပိုမိုရရှိအောင် လမ်းဖွင့်မပေးဘဲ စည်းကမ်းသတ်မှတ်ချက် အမျိုးမျိုးထုတ်ပြန်ကာ အကူအညီပေးချင်သူများ စိတ်ပျက်အောင် တားဆီးပိတ်ဆို့နေမှုများကြောင့်လည်း ဒုက္ခသည်များအနေနှင့် အ ကူအညီများ ရသင့်သလောက် မရဘဲဖြစ်နေကြရ၏။
ထိုသို့ရက်စက်ယုတ်မာပြီး လူသားစိတ်ကင်းမဲ့လှသော စစ်အုပ်စုနှင့် အကူအညီပေးလိုသူ နိုင်ငံတကာမိသားစု ၀င်များအကြား နာဂစ်ဒဏ်ခံပြည်သူများ အကူအညီပိုမိုရရှိလာအောင် ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ လက် အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအန်ဂျီအိုများ၏ အခန်းကဏ္ဍအပြင် ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူပြည်သားများ၏ တနိုင်တပိုင် ကူညီဆောင်ရွက်ပေးမှုများကလည်း အရေးကြီးသည့် အခန်းကဏ္ဍ မှပါဝင်နေသည်ဟု ယုံကြည်မိပါ၏။ သို့ဖြစ်ပါ၍ ပြည်တွင်းပြည်ပနေ မြန်မာပြည်သူပြည်သားများအနေနှင့် ဖြစ် တုန်းခဏသာ ကူညီဆောင်ရွက်လိုသည့် ကောက်ရိုးမီးစိတ်ဓာတ်မျိုးနှင့်မဟုတ်ဘဲ မိမိတို့၏ ညီရင်းအစ်ကို မောင်ရင်းနှမ ဒုက္ခသည်များ၏ဘ၀ ပြန်လည်နလန်ထူမတ်လာသည်အထိ အရှည်သဖြင့် ကူညီဆောင်ရွက်နိုင် ရေး ၀ိုင်းဝန်းကြိုးစားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း ...။ ။
လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
Thursday, May 7, 2009
နာဂစ်ဒုက္ခသည် ပြည်သူများအရေး သွေးမအေးကြစေလို …
Posted by
ဒေါက်တာလွဏ်းဆွေ
at
11:35 PM
0
comments
Labels: နှိုးဆော်ချက်
Wednesday, May 6, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၅-၀၉)
- ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ အမေရိကန်တဦး ရေကူးသွား click
- မြန်မာကလေးများ လုံခြုံရေးကောင်စီ အကာကွယ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို click
- ၀က်တုပ်ကွေးကူးစက်မှု အာရှနိုင်ငံတွေ ဆွေးနွေးမည် click
- သမ္မတအိုဘားမား ပါကစ္စတန်-အာဖဂန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ click
- မဲဆောက်က မြန်မာအလုပ်သမားတွေ လခမရလို့ ဆန္ဒပြ (ဗွီဒီယိုသတင်း) click
- စစ်ခေါင်းဆောင်မိသားစုနှင့် မြန်မာ-တရုတ် စီးပွားရေးဆက်ဆံမှု အလားအလာ click
- အပစ်ရပ်အဖွဲ့များကို စစ်အစိုးရ ဖြိုခွဲနေကြောင်း တိုင်းရင်းသားတပ်ပေါင်းစု သတိပေး click
- အလုပ်ခွင်မှာ ဒဏ်ရာရခဲ့သူများကို လျော်ကြေးမပေးသေး click
- ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ ကျန်းမာရေးမကောင်း click
- အထုတ်ခံရသော အလုပ်သမားများ နစ်နာကြေးကိစ္စ ILO ကို တိုင်မည် click
- လေနီကြမ်းကြောင့် အိမ်များပျက်စီး၊ သေဆုံးသူတချို့ရှိ click
- အရန်မီးသတ်ကို ဘန်းပြပြီး မီးသတ်အရာရှိ ကိုယ်ကျိုးရှာ click
- လက်နက်တိုက် ဖောက်ထွင်းခံရ၊ လက်နက်နှင့် ကျည်ဆံများ ပျောက်ဆုံး click
- နိုင်ငံရေးအင်အားစုအားလုံး လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ရလျှင် ၂၀၁၀ ကို ဂျပန်နှင့် အီးယူက လက်ခံ click
- နအဖစစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်ရေး ဘန်ကောက်တွင် ဆွေးနွေး click
- အမေရိကန်-အာဖန်ဂန်-ပါကစ္စတန် ဆွေးနွေးပွဲ click
- ဆွပ်(Swat)တောင်ကြားကို ထိုးစစ်ဆင်တော့မည် click
- မငြင်းကြနဲ့တော့ - WatchList (သတင်းဖတ်စာ) click
- သဟာယဆရာတင်နှင့်သူ့တေးများ (ဆောင်းပါး) click
- မဲဆောက်တွင် မြန်မာအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ် click
- မြန်မာမှ မူဆလင်ဘာသာဝင်များ ဘင်္ဂလာသို့ ထွက်ပြေးမှု ပိုများလာ၊ တပတ်အတွင်း ၆၅ ဦး ပြန်ပို့ခံရ click
- အလုပ်သမားအရေး ညွန်ကြားရေးမှူးကိုယ်တိုင် ရှင်းပေး click
- နယ်စပ်၌ သောင်တင်နေသော မြန်မာအလုပ်သမားများ နေရပ်ပြန်ကြပြီ click
- ဗုဒ္ဓဘာသာညီလာခံ နိုင်ငံပေါင်း ၈ဝ တက်ရောက် click
- John William Yeattaw, American, Arrested For Swimming Across Lake And Entering Suu Kyi Home click
- US man arrested in lake outside Aung San Suu Kyi's home click
- Burma police enter Suu Kyi house click
- Myanmar police 'enter Suu Kyi home' click
- US man enters Suu Kyi home click
- American arrested for secretly entering Aung San Suu Kyi house click
- Human Rights Groups Urge UN Security Council to Protect Burmese Children click
- Aung San Suu Kyi's Hopes of Freedom Dashed click
- No more denial: Children affected by armed conflict in Myanmar (Burma) - Report click
- Myanmar children write book to help their countrymen click
- Cyclone Nargis survivor's stories click
- Rohingya sent back by Bangladesh click
- Will the mangrove forests be rebuilt? click
- Refugee First Aid click
- အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် နအဖပြော၊ ၀ တပ်ဖွဲ့ မကျေမနပ်ဖြစ်နေ click
- လစာမရသည့် မြန်မာအလုပ်သမားများ စားဝတ်နေရေး အဆင်မပြေသဖြင့် ဆန္ဒပြ click
- နယ်စပ်ရှိ မွန်ပြည်သစ်ပါတီနယ်မြေတွင် နိုင်ငံသားကတ်ပြား စတင်ထုတ်ပေး click
- “ဆန်ရှင်” မထိရောက်ဟု စာရေးဆရာကျော်ဝင်း ပြော click
- လူ သန်း ၁၀၀ ပင် စား၍မကုန်ဟု ဗိုလ်ချုပ်မှူးကြီးပြော click
- မဲဆောက် ဆန္ဒပြအလုပ်သမားများ သပိတ်လှန် click
- မြန်မာကလေးများ ကံဆိုးမိုးမှောင်ကျ click
- ဒေါ်အောင်ဆန်းစုကြည် အယူခံ ပယ်ချခံရ click
- အင်တာနက် မိစ္ဆာစာရများ (ထွေရာလေးပါး) click
- ပြန်တိုက်မည်လော၊ အညံ့ခံမည်လော (ဆောင်းပါး) click
- လိုအပ်ချက်အပြည့်နဲ့ တိုင်းပြည် (ဆောင်းပါး) click
- နိုင်ငံတကာရာဇဝတ်ခုံရုံးတွင် တရားစွဲသင့်ဟု BLC ပြောကြား click
- ကိုရီးယားလွှတ်တော်အမတ် ၂ ဦး မြန်မာပြည်သွားမည် click
- အလုပ်ရှင်နှင့် သဘောတူညီမှုရ၊ မဲဆောက်ဆန္ဒပြပွဲ ပြီးဆုံး click
- အပစ်ရပ်အဖွဲ့များ အသွင်ပြောင်းရေး စစ်အစိုးရက နောက်ဆုံးရက် သတ်မှတ် click
- ၃ လစာ ကြိုတင်ငွေပေးနေရ ဖုန်းပြောခ click
- ပဲခူးအလုပ်သမ ၁ဝ ဦး လျော်ကြေး သဘောတူညီမှုမရ click
- ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့ click
- ဗိုလ်ချုပ်ကြီးများ အိတ်ဖောင်းဖို့ အကူအညီရန်ပုံငွေတွေ ထပ်တောင်း click
- ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကို ပြန်ရုပ်သိမ်းမည်ဟု နအဖဗျူဟာမှူး ခြိမ်းခြောက် click
- ယုဒ္ဓယခေတ်အကြောင်းပြ ဗမာအလုပ်သမားအပေါ် ဆိုးခိုးလုယက်သည့် ထိုင်းနှစ်ယောက် ဖမ်းမိ click
- ရဲက သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) အဖွဲ့ဝင်ဟောင်းကို ဖမ်းဆီးသတ်ဖြတ် click
- ဒေသခံများ ၀က်သားစားရန် ကြောက်ရွံ့နေ click
- ကရုပ္ပိတံတားဆောက်ရန်အတွက် ငွေထပ်မံကောက်ခံ click
- အနည်းငယ် မြင့်တက်လာသည့် ရာဘာဈေး click
- ပါကစ္စတန်တိုက်ပွဲကြား အရပ်သား ၅၀၀,၀၀၀ လောက် ထွက်ပြေးနိုင် click
- မက္ကဆီကိုမှာ ကျောင်းတွေ ပြန်ဖွင့်တော့မည် click
- ချင်းပြည်နယ် စားနပ်ရိက္ခာရှားပါးမှု စိုးရိမ်ရဆဲ click
- ၂၀၁၀ ရွေးကောက်ပွဲ NLD ၀င်သင့်သလား (တိုက်ရိုက်လေလှိုင်း) click
- မြန်မာအစိုးရ ဥပဒေချိုးဖောက် click
- နယ်ခြားစောင့်တပ်ဖွဲ့ရန် နအဖ ဖိအားပေးသည်ကို ၀ တပ်မှ လက်မခံ click
- တွံတေးမှ ဆုတောင်းသူနှစ်ဦးကို တတိယအကြိမ် ရုံးထုတ် click
- ဈေးရွှေ့ခိုင်း၍ လပွတ္တာဈေးသည်များ ဒုက္ခရောက် click
- ပါရဂူဘွဲ့ဝင်ခွင့် အသက် ၃၀ အောက် သတ်မှတ် click
- ရှိခိုးဦးခိုက် အလွမ်းရိုက်လို့ ရေးတဲ့စာ (ဆောင်းပါး) click
- လွယ်အိတ်လေး (အတွေးအမြင်) click
- ဖေဖေ့အကြောင်း (ဆောင်းပါး) click
- တာလီဘန်နှင့် ပါကစ္စတန်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနိုင်၊ လူငါးသိန်းခန့် ထွက်ပြေး click
- မဟာအောင်မြေကျောင်း နှစ်သစ်ကူး အလှူတော်မင်္ဂလာ (မှတ်တမ်းဓာတ်ပုံ) click
- မြောက်ကယ်ရိုလိုင်းနားပြည်နယ်က လှုပ်ရှားမှု (မှတ်တမ်းဓာတ်ပုံ) click
- ခေတ်ပြိုင်အားကစား click
- US citizen arrested for swimming in Myanmar click
- Myanmar opposition weighs options click
- Zoya Phan: the face of Burmese protest click
- Photography exhibit highlights survivors and recovery in southern Myanmar click
- Myanmar introduces project on HIV prevention for migrant workers click
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:05 PM
0
comments
Labels: သတင်း
Tuesday, May 5, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၅-၀၉)
- ဂျော်ဂျီယာတပ်တွင်းပုန်ကန်မှု အချိန်မီပြန်ထိန်းနိုင် click
- စစ်အစိုးရတပ်ပိုင် စစ်လက်နက်တိုက် အဖောက်ခံရ click
- ခြေလျင်တပ်ရင်း စစ်လက်နက်တိုက် အဖောက်ခံရ၊ လက်နက်ခဲယမ်းများ ပါသွား click
- မြန်မာပြည်လူဦးရေ သန်းတရာဖြစ်လာတဲ့အထိ ဆန်အတွက် မပူနဲ့တဲ့ click
- မြန်မာနိုင်ငံမှာ ၀က်တုပ်ကွေးမကူးစက်ရေး အနီးကပ်စောင့်ကြည့် click
- တရုတ်နိုင်ငံရောက် မက္ကဆီကိုနိုင်ငံသားတွေ စင်းလုံးငှားလေယာဉ်နဲ့ ပြန်ခေါ်ပြီ click
- တရုတ်နိုင်ငံရောက် မက္ကဆီကိုနိုင်ငံသားတွေကို ပြန်ခေါ် click
- ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို စစ်အစိုးရပယ်ချ click
- အာဆီယံဒေသ လူ့အခွင့်အရေးညီလာခံကို မြန်မာအတိုက်အခံအဖွဲ့ တက်ရောက် click
- မြန်မာ့အကျပ်အတည်းများကို ဖြေရှင်းဖို့ EU နှင့် ဂျပန်တို့ စစ်အစိုးရကို တောင်းဆို click
- ILO နှင့် နေပြည်တော်၏ ဆုံးဖြတ်ချက် အောင်လံအာဏာပိုင်များ မလိုက်နာ click
- မုန်တိုင်းသင့်ဒေသမှာ မျိုးစပါးနှင့် စိုက်ပျိုးရေးအကူပစ္စည်း မလုံလောက် click
- တွံတေးအန်အယ်လ်ဒီက ဒေသအာဏာပိုင်များအား သာသနာညှိုးနွမ်းစေမှုဖြင့် တရားပြန်စွဲ click
- သောကနဲ့ ဒေါသကြောင့် ပြောမပြနိုင်အောင်ဘဲ မောလှချည်ရဲ့ (ဆောင်းပါး) click
- လွတ်လပ်စွာသတင်းယူနိုင်ကြောင်း ငါးအဖွဲ့ချုပ်က ပြောဆို click
- ဝတ်ပြုဆုတောင်းသူများကို သာသနာရေးဌာနက တရားစွဲ click
- ထိုင်းအလုပ်သမားဝန်ကြီးဌာနက အလုပ်သမား ၇ သိန်း ထပ်လက်ခံမည် click
- နိုင်ငံတကာဥပဒေကို မျက်ကွယ်ပြုပြီး ခြံစည်းရိုးခတ်ပါက ထိုင်ကြည့်နေမည်မဟုတ်ဟု ဘင်္ဂလားထိပ်တန်းအ ရာရှိတဦးမှ သတိပေးပြောကြား click
- ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်အမှု အယူခံပယ်ချ၊ အယူခံပိုင်ခွင့် အခွင့်အရေး မရရှိ click
- တပ်ဖွဲ့အင်အား လျှော့ချမည့်ကိစ္စ ဒီကေဘီအေအတွင်း သဘောထားကွဲ click
- ဧရာဝတီတိုင်းတွင် ကန်ရေကြောင့် ၀မ်းရောဂါဖြစ်သူများ click
- ဘောလုံးပွဲ၊ လက်ဝှေ့ပွဲများကို လုံခြုံရေးတင်းကျပ် click
- နာဂစ်လေဘေးဒုက္ခသည် ၅ သိန်းအတွက် နေအိမ်များ လိုအပ်ဆဲ click
- မီးစတဖက်၊ ရေမှုတ်တဖက် နအဖရဲ့ စီမံချက် (အပိုင်း-၁) (ဆောင်းပါး) click
- ခေတ်ပြိုင်အားကစား click
- ဖမ်းဆီးရမိ သစ်ကားများ ဗန်းမော်သို့ ပို့ဆောင် click
- မြန်မာ့ဂီတရေစီးကြောင်း အချိုးအကွေ့၊ အပြောင်းအလဲ (ဆောင်းပါး) click
- လူထုကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းသည် ကပ်ရောဂါများကို ဖိတ်ခေါ်နေ click
- တနှစ်ပြည့် နာဂစ်ဒေသ၏ အစီရင်ခံစာ (ဆောင်းပါး) click
- ကုက္ကိုလှ နွေစပါးစီမံကိန်း ရေအခက်အခဲဖြစ်နေ click
- နာဂစ်ဒေသရှိ အခမဲ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ လျှော့ချ click
- နာဂစ် နှစ်ပတ်လည်သတင်းများ ဖော်ပြခွင့်မရ click
- ကျောင်းတွေဖွင့်လျှင် … (ဆောင်းပါး) click
- ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ - အပိုင်း (၄) click
- မင်းကိုနိုင်ကျန်းမာရေး မိသားစုတွေ ပူပင်နေရ click
- သင်တန်းကြေးမရလို့ ဆရာ၊ ဆရာမတွေ အခက်ကြုံ click
- ထိုင်းဘက်မှလာသည့်ကားမှ လက်နက်များ မြန်မာဘက်တွင် ဖမ်းမိ click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံ နအဖပယ်ချ click
- ပြည်တွင်းက နာဂစ်တနှစ်ပြည့် ကုသိုလ်ပြုပွဲများ click
- Junta rejects Suu Kyi's appeal click
- Relief and recovery in a harsh environment click
- Listening to voices from inside: Myanmar civil society’s response to Cyclone Nargis click
- Message to the Int'l community; "there are no political prisoners in Burma" click
- Myanmar has food surplus, junta claims click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:44 PM
0
comments
Labels: သတင်း
Monday, May 4, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၅-၀၉)
- ၀က်တုပ်ကွေး နှိုးဆော်ချက်အဆင့် ကုလ ထပ်မတိုးသေး click
- နာဂစ်မုန်တိုင်းသင့် ဘုန်းကြီးကျောင်းတွေ ပြိုပျက်ဆဲ click
- ဒေါ်အောင်ဆန်းစုကြည် အယူခံလွှာ စစ်အစိုးရအဖွဲ့ ပယ်ချ click
- တိုင်းရင်းသားလက်နက်ကိုင်များ နယ်ခြားစောင့်တပ်အသွင် ပြောင်းဖွယ်ရှိ click
- ကမ္ဘာတ၀န်း ၀က်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၀၀၀ ကျော်သွားပြီ click
- ဖွဲ့စည်းပုံပြင်ပေးရင် ရွေးကောက်ပွဲကို အန်အယ်လ်ဒီ စဉ်စားမည် click
- နာဂစ်ဘေးသင့်ဒေသ သောက်ရေသန့် ရှားပါးနေ click
- တပတ်ရစ် ဖော်ကာလေယာဉ်များဝယ်ဖို့ စစ်အစိုးရ စီစဉ်နေ click
- မီးဘေးဒုက္ခသည် ကိုယ်ပိုင်မြေနေရာ ပြန်ရရေး အဆမတန် ငွေပေးနေရ click
- ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှာ လက်နက်ခဲယမ်းများ ဖမ်းမိ click
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်အစိုးရတွေ့ဆုံရာမှာ မွန်ပြည်သစ် မပါသေး click
- အပစ်ရပ်အဖွဲ့များ၏ စစ်အင်အားလျှော့ချဖို့ စစ်အစိုးရ၏ ကမ်းလှမ်းချက် click
- ဆန်တင်ပို့ခွင့် စည်းမျဉ်းသစ်ကြောင့် ဆန်ကုမ္ပဏီအများစု အဆိုးဆုံးအခြေအနေဆိုက် click
- အိုဘားမားရဲ့ အခွန်ဥပဒေ ပြင်ဆင်ချက် click
- မြန်မာဘလော်ဂါအတွက် အဆိုးရွားဆုံး သတင်းလွတ်လပ်ခွင့် အကင်းမဲ့ဆုံးနိုင်ငံ click
- နာဂစ်တနှစ်ပြည့်ပြီ၊ အကူအညီ လိုနေဆဲ click
- မြန်မာနိုင်ငံရှေ့နေများကောင်စီကို စစ်အစိုးရက မတရားအသင်းကြေညာ click
- အဖွဲ့ချုပ်ဆုံးဖြတ်ချက်ကို ၈၈ မျိုးဆက်၊ သံဃာ့တပ်ပေါင်းစုနှင့် ဗကသတို့က ထောက်ခံ click
- နာဂစ်လေဘေး၌ ကူညီခဲ့သူများအား ပြန်လွှတ်ပေးပါဟု စစ်အစိုးရကို တောင်းဆို click
- လပွတ္တာ၊ ဘိုကလေး - လာမည့်မိုးရာသီ လယ်လုပ်ငန်းပြန်စရန် မလွယ် click
- ရဲရဲတောက် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း (ဆောင်းပါး) click
- ကြေးစားကလပ်အသင်းများတွင် ဘောလုံးသမားများ ဈေးကောင်းရပြီ click
- မြန်မာ-ဂျပန်လက်ဝှေ့ပွဲများ ရန်ကုန်တွင် ကျင်းပပြီးစီး click
- ဝက်တုပ်ကွေးရောဂါ မြန်မာပြည်လေဆိပ်များတွင် စစ်ဆေး click
- နာဂစ်အလှူငွေတွေ ရသင့်သလောက်ရပါရဲ့လား (အပိုင်း -၂) click
- ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁) click
- အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည် click
- အလိုချင်ဆုံးက … တာရိုး (ဆောင်းပါး) click
- ထိုင်း-မြန်မာနယ်စပ်ဂိတ်တွင် လက်နက်ခဲယမ်းများမိ click
- ပြောင်းလဲဖွဲ့စည်းရန် ကေအိုင်အိုနှင့် နအဖ မကြာမီ ဆွေးနွေးမည် click
- နအဖတပ်ကို ကရင်နှင့် ပအိုဝ်း ပူးပေါင်းခြုံခိုတိုက်ခိုက်၊ နအဖ ၁၂ ဦး သေဆုံး click
- နိုင်ငံရေးနှင့်ဆက်စပ်၍ ဖမ်းဆီးခံရသူများကို နိုင်ငံရေးအမှုနှင့် တရားမစွဲဆိုရန် ညွှန်ကြားချက်ထုတ် click
- “ရွှေပြည်ရခိုင်” ဘတ်စ်ကားတိမ်းမှောက်၍ လူ ၅ ဦးသေဆုံး click
- စိတ်ဒဏ်ရာနှင့် စိုးရိမ်သောကတို့ ဆိုင်ကလုံးမုန်တိုင်းဒဏ်မှ နလန်ထူရေးတွင် အနာရွတ်တခုဖြစ်နေ click
- မန္တလေး မြို့တည် နန်းတည် နှစ်ပတ်လည်ပွဲတော် ကျင်းပ click
- ထိုင်းဘက်မှ သယ်လာသည့် လက်နက်များ ဖမ်းဆီးရမိ click
- ယူဒီပီ ဘယ်လဲ၊ ဘာလဲ (ဦးသုဝေနှင့် အင်တာဗျူး) click
- ဂျပန်နှင့် ထိုးသတ်ပွဲတွင် မြန်မာလက်ဝှေ့ကျော်များ အနိုင်ရ click
- အပစ်ရပ်တို့ သက်တမ်းကုန်ဆုံးပြီဟု စရဖအရာရှိချုပ် ပြော click
- နအဖစစ်ကြောင်းတခုလုံး သေကြေဆုံးရှုံးရသည်အထိ ကရင်/ပအိုဝ်း ပူးပေါင်းတပ် ခြုံခိုတိုက်ခိုက် click
- နှင်းယွန်းနွေဦး (ဆောင်းပါး) click
- နှစ်ရှည်လောင်းကစားဝိုင်းကြောင့် ဒေသခံများ စိတ်အနှောင့်အယှက် ဖြစ်နေကြရ click
- ဘုရားသုံးဆူမြို့တွင် ဝက်သားရောင်းချစားသုံးခွင့် တားမြစ် click
- Cyclone Nargis, A Sad Anniversary click
- 21 Cyclone Nargis Volunteers in Jail click
- Photo exhibit highlights Myanmar recovery efforts click
- Repression Continues Since Burma Cyclone click
- EU-Japan calls for progressive changes in Burma click
- Junta censors Nargis anniversary reports click
- International call for the release of all political prisoners in Burma click
- ICT exhibition opens in Myanmar former capital city click
- Burma tops list of worst places to be a blogger click
- အန်အယ်လ်ဒီကြေညာချက်အပေါ် အကောင်းမြင်ရေးသားမှု ပြည်တွင်းမီဒီယာမှာ ဖော်ပြခွင့်ရ click- စိစစ်ရေးက ပြည်တွင်းဂျာနယ်များအား သတင်းပိတ်၊ ဆိုးဆေးသုံး ငါးပိသတင်း ကြိုတင်ဖော်ပြခွင့်မပြု click
- နာဂစ်တနှစ်ပြည့်အလှူ မပြုလုပ်နိုင်သူ များပြား click
- အနားတောင်းစနစ်မဲ့ လက်ဝှေ့ပွဲတွင် ဂျပန်က သရေနှင့် အရှုံးရရှိ click
- ပြည်သူ့ပြည်ချစ်ပါတီ ဒု-ဥက္ကဋ္ဌနှင့်အဖွဲ့ နအဖထံ သွားရောက်ပူးပေါင်း click
- အထူးအစည်းအဝေးရဲ့ ထူးခြားချက် (ဆောင်းပါး) click
- ခေတ်ပြိုင်အားကစား click
- ဂျပန်နှင့် ထိုးသတ်ပွဲတွင် မြန်မာလက်ဝှေ့ကျော်များ အနိုင်ရ click
- သမာသတိနဲ့ သတ္တိရှိတဲ့ ဆုံးဖြတ်ချက် (ဆောင်းပါး) click
- ငါးပိမှာလည်း ဆိုးဆေးတွေ့ click
- ၀က်တုပ်ကွေးဗိုင်းရပ်စ် စိုးရိမ်ခဲ့သလောက် အသေအပျောက် မများနိုင် click
- ဆိုးဆေးသုံးငပိ စားသုံးရန် မသင့် click
- နာဂစ်တနှစ်ပြည့်ပြီ အကူအညီလိုနေဆဲ click
- လပွတ္တာ-ဘိုကလေး လာမည့်ရာသီ လယ်လုပ်ငန်းပြန်စရန် မလွယ် click
- နိုင်ငံတကာအလုပ်သမားနေ့ မဲဆောက်အလုပ်သားများ ဆင်နွှဲ click
- နာဂစ် ငါမချစ်တော့ဘူး (ကဗျာ) click
- မြစ်နဲ့ ကျောက်ဆောင် (ကဗျာ) click
- လူကနေ ၀က်ကို ပြန်ပြီးကူးစက်သွားတဲ့ ၀က်တုပ်ကွေး click
- မစိုးရိမ်ဆရာတော် ဘန္ဒန္တကောဝိဒါဘိဝံသ၏ အန္တိမဈာပန (ဒုတိယနေ့) (မှတ်တမ်းဓာတ်ပုံ) click
- ပြောင်းလဲဖွဲ့စည်းရန် ကေအိုင်အိုနှင့် နအဖ မကြာမီ ဆွေးနွေးမည် click
- အရိုက်ခံခဲ့ရသော်လည်း အရိုက်မခံခဲ့ရဟု အတင်းအဓမ္မ လက်မှတ်ထိုးခိုင်း click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:37 PM
0
comments
Labels: သတင်း
ဆိုင်ကလုန်းနာဂစ်တနှစ်ပြည့် နှစ်ပတ်လည်ဆုတောင်းပွဲအခမ်းအနား မယ်တော် ဆေးခန်းမှာ ကျင်းပပြုလုပ် (ဓာတ်ပုံသတင်း)
နာမည်ကျော် ဂျပန်အဆိုတော်များမှ နာဂစ်ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်
ပေးပို့ - MTK Library
သီချင်းများကို ကိုယ်တိုင်ရေးစပ်သီကုံးပြီး စန္ဒရားကို ကိုယ်တိုင်တီးခတ်ဖျော်ဖြေလေ့ရှိသည့် နာမည်ကျော် ဂျ ပန်အဆိုတော် Tomoe Sawa မှ ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန် တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် တိုကျို မြို့၊ Shibuya ရပ်ရှိ Tower Records Vedio and Books ရောင်းချ သည့် စင်တာတွင် မေလ ၂ ရက်(စနေနေ့)က အခမဲ့ သီဆိုဖျော်ဖြေသွားခဲ့သည်။''Kokoro, Iiuta Iroiro, When I was most Beautiful'' စီးရီးများဖြင့် နာမည်ကျော် အဆိုတော်တဦးဖြစ်လာခဲ့ သည့် ကိုးရီးယားကပြားလူမျိုး Tomoe Sawa မှ ဂျပန်သီချင်း၊ ကိုယ်တိုင်ရေး ကိုးရီးယားနှင့် အင်္ဂလိပ်သီချင်း များအပါအဝင် သီချင်းစုစုပေါင်း ၉ ပုဒ်ကို အားပါးတရဖျော်ဖြေသွားပြီး သီးချင်းတပုဒ်နှင့်တပုဒ်ကြားတွင် သူမ လေ့လာထားသည့် မြန်မာပြည်အရေး၊ နအဖစစ်အာဏာရှင်တော်လှန်ရေး၊ သံဃာသပိတ်အရေးနှင့် နာဂစ်မုန် တိုင်းတိုက်ခတ်ခဲ့ခြင်းကြောင့် မြန်မာပြည်သူများ အတိဒုက္ခရောက်ရခြင်းအကြောင်းများကိုပါ ဟောပြောသွားခဲ့ သည်။
''ပရိသတ်ထဲက မြန်မာပြည်ကို ရောက်ဖူတဲ့သူများရှိပါသလား။ ကျမတော့ မရောက်ဖူးသေးပါဘူး။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာပြည်ကို ရောက်ဖူးတဲ့သူများရှိရင် ဂုဏ်ယူပါတယ်လို့ ပြောပါရစေရှင်၊ ပြီး တော့ ဒီ Concert ပွဲကိုလည်း ပြီးဆုံးတဲ့အထိ အားပေးကြပါလို့ ပြောပါရစေရှင့် ...'' ဟု ချိုသာစွာ နှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ပြီး ဂျပန်အနုပညာရှင် Ito Seiro San နှင့်တွဲဖက်၍ ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးစပ်ထားသည့် Free Daw Aung San Suu Kyi အမည်ရှိ ကဗျာရွတ်ဆိုမှုကိုပါ ပြုလုပ်သွားခဲ့သည်။
ဂျပန်ပရိသတ် ၂ဝဝ ကျော်မှ စိတ်ပါဝင်စားစွာ ခန်းလုံးပြည့်လာရောက်အားပေးခဲ့ကြပြီး သူမ၏ နာဂစ်ရန်ပုံငွေ စီဒီအခွေကို တချပ်လျှင် ယန်း ၁၈ဝဝ ဖြင့် ရောင်းချခဲ့သည်။ ရရှိသည့်အမြတ်ငွေများကို မုန်တိုင်းကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ ပေးပို့လှူဒါန်းသွားမည်ဟု သိရှိရပြီး “မြန်မာ့ရေးရာပြည်သူ့အဖွဲ့ People Forum Of Burma (PFB-Japan)” တဆင့် စီစဉ်ပေးသွားမည်ဟု သိရှိရသည်။
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:34 PM
0
comments
Labels: သတင်း
မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၅-၀၉)
- ၀က်တုပ်ကွေး ဗိုင်းရပ်စ် စိုးရိမ်ခဲ့သလောက် အသေအပျောက် မများနိုင် click
- အိန္ဒိယသူပုန်တွေ မြန်မာပြည်ဘက်က လက်နက်မှောင်ခိုဝယ် click
- ၀က်တုပ်ကွေးဗိုင်းရပ် ကမ္ဘာ့နိုင်ငံများအကြား ကူးစက်ပျံ့နှံ့နေဆဲ click
- သန်း ၁၂၀ ဘီလီယံဖိုး အာရှငွေကြေးရန်ပုံငွေ ထူထောင်မည် click
- မေလ ပထမပတ် တီဗွီမဂ္ဂဇင်း အစီအစဉ် click
- တရုတ်-အာဆီယံ ကုန်သွယ်ရေး (မျက်မှောက်ရေးရာ) click
- နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ထိုင်းနိုင်ငံမှာ ဆုတောင်းပွဲကျင်းပ click
- PNLA ပအိုဝ်းတပ်ဖွဲ့နဲ့ KNLA ကရင်ပူးပေါင်းတပ်ဖွဲ့များ စစ်အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွား click
- အလုံအန်အယ်လ်ဒီဥက္ကဋ္ဌ ဦးဘမြင့် ကျန်းမာရေးမကောင်း click
- နာဂစ်ဒုက္ခသည်များ စိတ်ပိုင်းဆိုင်ရာကုစားရေး အကူအညီလိုအပ်နေ click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရွှေဂုံတိုင်ကြေညာချက် (တနင်္ဂနွေဆွေးနွေးပွဲ) click
- အီဂျစ်မှာ ၀က်မွေးသူတွေနဲ့ ရဲတွေ ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ကြ click
- သံချပ်မင်းသား မောင်ကြေးမုံ (အသံလွှင့်ဆောင်းပါး) click
- ဧရာဝတီ e ဂျာနယ် ထွက်ပြီ click
- Did the cyclone change Burma's junta?click
- Myanmar Press Release click
- A year after Cyclone Nargis no official memorial in Burma click
- Burma: Cyclone Nargis: one year on, six jailed for burying the dead click
- Myanmar red cross expands TB prevention program to southwest division click
- Myanmar wins one, draws one in "goodwill" bouts with Japan click
- သင်္ကြန်မဏ္ဍပ်များကြောင့် ပျက်စီးခဲ့သော သစ်ပင်များအတွက် စည်ပင်မှ လျော်ကြေးငွေကောက်ခံ click
- ၈ နှစ်အရွယ် ဆော်ဒီကလေးငယ်က အသက် ၅၀ အရွယ် သူ့ခင်ပွန်းနဲ့ ကွာရှင်းပြတ်စဲလိုခြင်း click
- အမေတွေး (ကဗျာ) click
- လောကဓံကို သည်းခံခြင်း (ဆောင်းပါး) click
- မမခင်ဦးစံပယ်သို့ တမ်းချင်း - ၆ (ကဗျာ) click
- မစိုးရိမ်ဆရာတော် ပျံလွန်ခြင်း အောက်မေ့ဘွယ် အခမ်းအနား click
- သုန္ဒရာရာမဗြဟ္မ၀ိဟာရကျောင်းတိုက် သင်္ကြန် ၇ ရက်တရားစခန်း click
- မစိုးရိမ်ဆရာတော်ကြီးရဲ့ ပဋ္ဌာန်းအဖွဲ့ (ဆောင်းပါး) click
- AFC ခြေစစ်ပွဲ မြန်မာဘောလုံးအသင်း အုပ်စုဗိုလ်စွဲ click
- Indian police say separatist forces smuggle arms from Myanmar to India click
- One Year Later, Burma's Nargis Victims Still Need Help click
- Burma survivors mark cyclone anniversary click
- World's 10 worst countries for blogging click
- ASEAN appeals for more int'l assistance for Myanmar cyclone survivors click
- Nargis victims lack shelters click
- UN must press junta to embrace the NLD’s gesture of goodwill click
- The lessons of Cyclone Nargis click
- Religious offerings fall by half in cyclone-hit region click
- One year after Nargis: the Tripartite Core Group continues to support the affected people click
- Cyclone tragedy forces Burma junta to build bridges click
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:39 AM
0
comments
Labels: သတင်း
Sunday, May 3, 2009
တပ်ချုပ်ကြီးအား ခြောက်လှန့်နေသော မေလပုံရိပ်များ
၂ဝဝ၈ ခုနှစ၊် မေလ (၁) ရက်၊ နံနက် (၁ဝ) နာရီ
ဦးထွန်းလွင်၏ မျက်နှာမှာ စိုးရိမ်စိတ်ကြောင့် အနည်းငယ်နီမြန်းနေသည်။ နောက် (၁ဝ) နာရီဆိုလျှင် ဧရာဝတီ တိုင်း၏ ကံကြမ္မာမှာ မည်သို့ဖြစ်မည်ကို မတွေးရဲလောက်အောင် ပူပန်နေပေမယ့် စိတ်ကိုရှည်ရှည်ထားပြီး တပ် ချုပ်ကြီး ထွက်အလာကို စောင့်မျှော်နေရသည်။
ဒုတိယတပ်ချုပ်ကြီးကို အကြောင်းစုံ ဆွေးနွေးတင်ပြသော်လည်း ဆုံးဖြတ်ချက်မပေးနိုင်ဘဲ ပေါ့ပျက်ပျက်နိုင်လှ သော စကားကြောင့် စိတ်မကောင်းဖြစ်ခဲ့ရသည်။ လူပေါင်းသန်းနှင့်ချီသော ကြမ္မာဆိုးကို ဂရုမစိုက်ဘဲ မကြာမီ ကျင်းပတော့မည့် လူထုဆန္ဒခံယူပွဲတွင် မသမာသောနည်းဖြင့် အနိုင်ရရှိရေးကိုသာ အာရုံရောက်နေသည်။ ခုပဲ ကြည့်လေ နေ့လည်ကြောင်တောင်ကြီးမှာတောင် စကားပြောလိုက်တိုင်း အနံ့ဆိုးအရက်နံ့က ထွက်နေသည်။ မသင်္ကာသော မျက်နှာဖြင့်လည်း မေးခွန်းထုတ်လိုက်သေးသည်။
“သေချာရဲ့လား မုန်တိုင်းသတင်းက။ ဒီအချိန်မှာ ပြည်သူလူထုတွေကို စိတ်မခြောက်ခြားစေချင်ဘူး။ ခုလုပ် မယ့် ဆန္ဒခံယူပွဲဟာ ဒို့တပ်မတော်အတွက် အရေးပါဆုံးအချိန်ပဲကွ။ ခင်ဗျားတင်ပြတဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ဖို့ဆိုတာဟာ တပ်ချုပ်ကြီးနဲ့ပဲဆိုင်တယ်။ သူ့ကို သွားဆွေးနွေးတင်ပြလိုက်ပါ”
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေးမှူး ဦးထွန်းလွင်တယောက် လေးလံသောခြေလှမ်းများဖြင့် ဒုတပ်ချုပ်မှူး ကြီး မောင်အေးအိမ်မှ ထွက်လာပြီး တပ်ချုပ်ကြီး အိမ်ဘက်သို့ ခြေဦးလှည့်လိုက်သည်။ အိမ်တအိမ်နှင့် တအိမ် အကွာအဝေးမှာ တမိုင်ကျော်ကွာဝေးနေပြီး နေအိမ်နှစ်လုံးကြားတွင်လည်း စစ်ဆေးရေးဂိတ်သုံးခုကို ဖြတ် ကျော်ခဲ့ရသည်။ နောက်ဆုံးဂိတ်အရောက်တွင်လည်း ငါးမိနစ်ခန့် ကားကို ရပ်တန့်ပေးရပြီး လာရင်းကိစ္စ၊ အ ဆင့်ရာထူးများကိုပါ မေးမြန်းစစ်ဆေးခြင်းခံနေရသည်။
ကွန်မန်ဒိုတပ်ခွဲငါးခွဲဖြင့် ခြံရံထားသော တပ်ချုပ်ကြီးအိမ်ရောက်တော့ ဧည့်ဆောင်၌ တပ်ချုပ်ကြီးထွက်အလာ ကို စောင့်မျှော်နေရသည်။ တနာရီတိတိကြာသည်ထိ တပ်ချုပ်ကြီး ထွက်ပေါ်မလာခဲ့ပေ။ ဘုရားဝတ်ပြုခန်းတွင် ရှိနေခြင်းမဟုတ်ဘဲ မည်သူမျှ အကြောင်းကြားပိုင်ခွင့်မရှိသော ကိုယ်ပိုင်သီးသန့်ခန်းတွင် အနားယူနေကြောင်း သိရှိရ၍ လက်မြှောက်အရှုံးပေးကာ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။ မိမိအနေဖြင့်အသိပေးတင်ပြခြင်းကို တရားဝင်ဖြစ်အောင်တော့ လုပ်ရမည်ဟူသောစိတ်ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံးသို့ နောက်ဆုံးဝင်ရောက် အကြောင်းကြားရာ တပ်မှူးကြီးရွှေမန်း၊ တပ်မှူးကြီးမြင့်ဆွေတို့ကိုတွေ့ရ၍ အားတက်မိသွားသည်။
တပ်ချုပ်ကြီးကို တင်ပြခွင့်မရခဲ့ပေမယ့် မပြေးသော်လည်း ကန်ရာရှိဆိုသလို တပ်မှူးနှစ်ဦးအား အစီရင်ခံတင်ပြ ရာတွင် အိန္ဒိယမိုးလေဝသသတင်းဌာန၏ အရေးပေါ်သတိပေးချက်အရ ဘင်္ဂလားပင်လယ်အော်တွင် အစပျိုး ဖြစ်ပေါ်နေသော မုန်တိုင်းသည် အားကောင်းလာပြီး အရှေ့မြောက်ဘက်သို့ရွေ့ရှားနေကြောင်း၊ လေတိုက်နှုန်း မိုင် ၈ဝ မှ ၁ဝဝ ကြားတွင်ရှိပြီး လှိုင်းကြီးရုံတင်မက ဒီရေပါ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လွှမ်းနိုင်ကြောင်း၊ အ ထူးသဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအဖို့ အရေးပေါ်ကြေညာချက်ထုတ်ပြီး ပြင်ဆင်ထားနိုင်လျှင် ၁ဝ နာရီ ခန့် အချိန်မီသေးကြောင်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ် (ဧရခ) မှလည်း မုန်တိုင်းတိုက်ခတ်မည့် လက္ခဏာ များရှိနေ၍ မိုးလေဝသဌာနသို့ တနာရီတကြိမ် ပုံမှန်သတင်းပေးပို့နေကြောင်းတို့ကို တပ်မှူးကြီးနှစ်ဦးအား ရှင်း လင်းတင်ပြပြီး အရေးပေါ်ကြေညာချက် ထုတ်ပြန်နိုင်ဖို့အတွက် တပ်ချုပ်ကြီးကို ထပ်ဆင့်အကြောင်းကြားရန် စစ်ကူတောင်းခံခဲ့သည်။
မေလ (၂) ရက်နေ့
မြန်မာ့သဘာဝဘေးဆိုးများတွင် အဆိုးဆုံးသော မုန်တိုင်းဒဏ်ကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ခံစား လိုက်ရသည်။ မုန်တိုင်းသတင်းများကို ပြည်ပအသံလွှင့်ဌာနများတွင် အကျယ်တဝင့် ကြိုတင်ကြေညာထား သော်လည်း မိမိတို့မိုးလေဝသဌာနမှ အမှန်အတိုင်း ထုတ်ပြန်ချင်သော်ငြားလည်း နေပြည်တော်မှ ပိတ်ဆို့မှုများ ကြောင့် သိက္ခာကျဆင်းခဲ့ရသည်။ မိုးလေဝသဌာနသုံး ရဟတ်ယာဉ်တစီးကတော့ မင်္ဂလာဒုံကွင်းထဲတွင် အ ထီးကျန်စွာဖြင့် ရပ်တန့်နေရှာသည်။ အခြားသောလေယာဉ်များ အထူးသဖြင့် တပ်ချုပ်ကြီးနှင့် စီးပွားရေးသာမ က လူမှုရေးများတွင်ပါ ပါဝင်ပတ်သက်နေသူ မောင်တေဇပိုင် လေယာဉ်များမှာ ထူးထူးခြားခြား မတွေ့ရပေ။
နောက်မှသိရှိရသည်မှာ မိမိနေပြည်တော်မှအပြန် ညနေခင်းကတည်းက မန္တလေးသို့ ပြောင်းရွှေ့သွားမှန်းသိခဲ့ ရသည်။ အရေးပေါ်ကြေညာချက် ကြိုတင်ထုတ်ပြန်ဖို့ သွားရောက်စောင့်ဆိုင်းနေစဉ် လုံးဝထွက်အတွေ့မခံဘဲ လေယာဉ်များရွေ့ပြောင်းရေးအတွက်ကိုတော့ တပ်ချုပ်ကြီးအမိန့်ပေးခဲ့သည်မှာ ယုတ္တိလုံးဝမရှိချေ။ မုန်တိုင်းစ တင်တိုက်ခတ်ကတည်းက မိမိဌာနနှင့် ဧရာဝတီရေတပ်စခန်းဌာနချုပ်မှာ အဆက်အသွယ် လုံးဝမပြတ်ခဲ့ချေ။
ရေတပ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးသိန်းကိုယ်တိုင် ဆက်သွယ်ရေးစက်မှတိုက်ရိုက် မိမိနှင့်အဆက်အသွယ်ရ နေပြီး မုန်တိုင်းအခြေအနေကို တနာရီတကြိမ် ပေးပို့နေသောကြောင့် နေပြည်တော်ကိုလည်း ထပ်မံအစီရင်ခံ နေရသည်။ ဗိုလ်ချုပ်စိုးသိန်းမှာ ဗိုလ်ကြီးအဆင့်ဖြင့် ဥရောပတွင် ရေတပ်ဆိုင်ရာ စစ်ပညာကို လေ့လာသင်ယူ နေစဉ် မိမိနှင့် သိကျွမ်းခဲ့ရသည်။ ထိုစဉ်ကမိမိမှာလည်း မိုးလေဝသဆိုင်ရာလေ့လာဆည်းပူးဖို့ရန် နိုင်ငံတော်စ ရိတ်ဖြင့် ဥရောပတခွင် ရောက်ရှိနေချိန်ဖြစ်သည်။
“ခင်ဗျားဌာနနဲ့ ကျနော့်တို့ရေတပ်က လင်မယားလိုပဲနော်၊ နောက်များလည်း မကြာမကြာ တွေ့ကြရဦးမယ်။” သတ္တုသံပါသောအသံ၊ နှုတ်ဆက်ဖော်ရွေခြင်းနှင့် ခန့်ညားသော ဥပဓိရုပ်ပိုင်ရှင် ဗိုလ်ကြီးစိုးသိန်းကို မိမိဥရောပ တွင် စတင်ခင်မင်ခဲ့ရသည်။ အထူးသဖြင့် မိမိကြည့်မရသော စစ်သားများထဲတွင် ထူးထူးခြားခြား ဗိုလ်ကြီးစိုး သိန်းမှာ ခင်မင်စရာကောင်းနေသည်။
ဗိုလ်ကြီးစိုးသိန်းမှာ ယခုတော့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ရာထူးကြီးရနေသလို မိမိမှာလည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်နေရသည်။ အမြဲတမ်းလိုလို တာဝန်အရဆက်ဆံနေရပြီး ယ ခုမုန်တိုင်းကာလတွင် တိုက်ရိုက်ဆက်သွယ်စကားပြောနေရသည်။ အရေးပေါ်အခြေအနေထုတ်ပြန်ဖို့ တပ်ချုပ် ကြီးကို သွားလျှောက်ဖို့လည်း ဗိုလ်စိုးသိန်းက အကြံဉာဏ်ပေးခဲ့ရှာသည်။ သို့သော် မျှော်မှန်းသလို တပ်ချုပ်ကြီး က ထွက်မတွေ့သောကြောင့် မုန်တိုင်းကို အန်တုစောင့်ကြည့်နေရုံသာရှိကြောင်း နှစ်ဦးသားတိုင်ပင်ကြသည်။
မုန်တိုင်းလွန်သော် ...
“ကျနော့် (ပ-တ-ခ) ရေတပ်တော့ပျက်ပြီ။ ... စာရင်းချုပ်အရ စစ်သင်္ဘောကြီးငယ် (၃၆) စီး မြုပ်သွားတယ်။ ကို စိုးဝင်း (ဝန်ကြီးချုပ်ဟောင်း) တရုတ်သွားတုန်းက ဟိုက မီးရထားတွဲ (၁၅ဝ) ကျော် လက်ဆောင်ပေးလိုက် တယ်။ ကျနော့်ကိုတော့ ရေယာဉ်ကြီး (၄) စီး ပေးတယ်။ နှစ်စီးကတော့ ကိုကိုးကျွန်းမှာ ကပ်ထားလို့ မုန်တိုင်း ဒဏ်က လွတ်သွားတယ်။ ဟိုင်းကြီးကျွန်းက နှစ်စီးကတော့ နစ်တဲ့ထဲပါသွားပြီ။ ပြည်သူကို ကယ်ဖို့မဆိုထားနဲ့ ကိုယ့်ဟာကိုယ်တောင် မဆယ်နိုင်ဘူးဗျာ။”
ဗိုလ်စိုးသိန်းမျက်နှာမှာ နှမြောစိတ်ကြောင့် မကောင်းလှပေ။ မိမိမှာလည်း နေပြည်တော်သို့ အမြန်ဆုံးလာဖို့ ဆင့်ဆိုထားသောကြောင့် လာမယ့်ဘေး ပြေးတွေ့ရဦးမည်။ မသွားခင် ကိုယ့်ဘက်မှမှားယွင်းမှုမရှိအောင် ပြင် ဆင်ထားဖို့လည်း သူငယ်ချင်း ဗိုလ်စိုးသိန်းက သတိပေးရှာသည်။
တပ်ချုပ်ကြီး၏ ဟန်ဆောင်ပူပန်ခြင်း
“ဒီလောက်ထိကြီးဖြစ်လိမ့်မယ်လို့ လုံးဝ ကျနော်မမျှော်လင့်ဘူးဗျာ။ အဓိက မိုးလေဝသဌာနမှာ တာဝန်အရှိဆုံး ပါ။ ညွှန်မှူးထွန်းလွင်ကို တာဝန်ရှိသလိုသာ ဆက်လုပ်လိုက်ပါ။ လောလောဆယ် နာဂစ်ဒေသကို သိန်းစိန်နဲ့ လွှတ်ထားလိုက်ပါ။”
အချိန်မီ သတိပေးပျက်ကွက်မှုကြောင့် ညွှန်မှူးထွန်းလွင်ကိုဖြုတ်ရန် တပ်မှူးကြီး သူရရွှေမန်းနှင့် တွဲဖက်တပ် မှူး မြင့်ဆွေတို့ကို မှာကြားပြီး တပ်ချုပ်ကြီးတယောက် ဥက္ကဌရုံးမှ ထွက်ခွာသွားသည်။ ကျန်ရစ်ခဲ့သော တပ်မှူး နှစ်ဦး တယောက်မျက်နှာ တယောက်ကြည့်ကာ ခေါင်းကိုက်ခဲသွားလေတော့သည်။ တကယ်တော့ ညွှန်မှူး ထွန်းလွင် ကြိုတင်၍ အစီရင်ခံခဲ့သည်။ မိမိတို့ကိုလည်း သေချာရှင်းလင်းတင်ပြခဲ့ပါသည်။ ထွက်မတွေ့ဘဲ အ ခန်းအောင်းနေသူက တပ်ချုပ်ကြီးဖြစ်ကြောင်း သဘောပေါက်သည်။ မည်သူ့တွင် တာဝန်ရှိသည်ကို မေးနေစ ရာမလိုပါ။ တပ်မှူးနှစ်ဦးစလုံး တစုံတခုကို ဆုံးဖြတ်ချက်ချလိုက်သည်။
မတည်မြဲသော ရာထူးသင်္ခါရ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးရာထူးကို ဦးထွန်းလွင်တယောက် မဆုံးရှုံးခဲ့ပါ။ သူငယ်ချင်းဖြစ်သူ ရေ တပ်ချုပ်ကြီးမှာ ရာထူးနှစ်ဆင့်ကျကာ စက်မှု (၂) ဝန်ကြီးရာထူးသို့ လျှောကျသွားသည်။ အံ့သြစိတ်ကြောင့် လည်း သူငယ်ချင်း၏ ရင်ဖွင့်သံကို မျှဝေခံစားပေးနေရသည်။
“ပထမတော့ ကျနော်လည်း သူတို့စစ်သဘောင်္တွေ ရောက်လာလို့ စိတ်နည်းနည်းတိုသွားတယ်။ နောက်မှ သူ တို့ဘက်က ရှင်းပြတယ်။ ထိုင်းနဲ့လုပ်မယ့် (Cobra) စစ်ရေးလေ့ကျင့်တာကို ရွေ့ဆိုင်းလိုက်ပြီး နာဂစ်အတွက် လာတာတဲ့။ ရေယာဉ်ပေါ်မှာ လက်နက်မပါဘဲ ကယ်ဆယ်ရေးပစ္စည်း တင်ဆောင်လာတယ်ဆိုတာကို တက်ပြီး စစ်ဆေးဖို့လည်း ဖိတ်တယ်လေ။ ခင်ဗျားပဲစဉ်းစားကြည့်ပါဗျာ။ ခုနေချိန်မျိုးမှာ ကိုယ်က ပြည်သူတွေကို ကယ်ဖို့ နေနေသာသာ ကိုယ့်ဟာကိုယ်တောင် မကယ်နိုင်ဘဲ ဒုက္ခဖြစ်နေတာပဲလေ။ အကူအညီမှန်သမျှ များများနဲ့ မြန် မြန် လက်ခံရမှာပဲဗျ။ ကျနော်တင်မကဘူး။ ရေတပ်စခန်းတခုလုံးက သူတို့သင်္ဘောတွေလာကပ်တာကို ဝမ်းသာ နေကြတယ်။”
ရေတပ်ချုပ်ကြီး၏ စိတ်ဓာတ်ကို ချီးကျူးလေးစားမိသည်။ အနောက်တိုင်းတခွင် ပညာသင်ခဲ့ဖူးတာကြောင့် ခေတ်မီစိတ်ထားနှင့် ပကတိအခြေအနေတွင်လည်း အမှန်ဘက်တွင် ရပ်တည်ခြင်းဖြစ်သည်။ သို့သော် ဆန့် ကျင်ဘက် စိတ်ထားရှင် နေပြည်တော်တပ်ချုပ်ကြီးက ရေတပ်ချုပ်ကြီးသည် အမေရိကန်စစ်သဘောင်္များကို ဆိုက်ကပ်ခွင့်ပေးခြင်း၊ စစ်သဘောင်္များနှင့် နေ့စဉ်ဆက်သွယ်စကားပြောခြင်း၊ အမေရိကန်ရေတပ်ဦးစီးချုပ်အား မင်္ဂလာဒုံလေယာဉ်ကွင်းတွင် ကြိုဆိုစဉ်က မိမိအား လူစိတ်မရှိသယောင်ပုံစံမျိုး ပြောဆိုသွားခြင်း စသော ပြစ် ချက်များသတ်မှတ်ကာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ရာထူးမှ ထုတ်ပယ်ခဲ့သည်။ မတတ်နိုင်လွန်း၍ ကျန်ရေတပ် ကေဒါများ ပူညံပူညံလုပ်မည်စိုး၍ စက်မှု (၂) ဝန်ကြီးရာထူးပေးကာ ချွေးသိပ်ခဲ့သည်။
အတိတ်ပုံရိပ် အိပ်မက်ခြင်း
စံအိမ်တော်ဘေးတွင် စိုက်ထားသောထင်းရှူးပင်မှာ သဘာဝအတိုင်း စိုက်ပျိုးထားခြင်းမဟုတ်ဘဲ အပင်ကြီးကို ကရိန်းဖြင့်ဆွဲနှုတ်ကာ ကျင်းတူး၍ စိုက်ပျိုးထားခြင်းကြောင့် အရွက်များမှာ အချိန်တိုအတွင်း ခြောက်သွေ့နေ သည်။ လေတိုက်လိုက်တိုင်း သစ်ရွက်ခြောက်မြည်သံကြောင့် တပ်ချုပ်ကြီး၏စိတ်ကို ခြောက်ခြားစေသလိုဖြစ် နေသည်။ ယခုလည်း စံအိမ်တော်မှာ ကိုးကွယ်ပူဇော်နေသော သထုံမြို့မှ အလံတရာဆရာတော် ရောက်ရှိနေ သည်။ ယခင်ရွှေဝါရောင်လူသတ်ပွဲအပြီးတွင်လည်း စိတ်ခြောက်ခြားနေ၍ ဆရာတော်ကိုပင့်ဖိတ်၍ တရားရေ အေးတိုက်ကျွေးခိုင်းဖူးသည်။
ခုတော့ သက်သာမည်မထင်ပါ။ တသက်လုံးဖုံးခဲ့သမျှသည် ဘူးပေါ်သလိုပေါ်နေပြီ။ မိမိ၏ သမီးတော်လေး ကိုယ်ဝန်နှင့် မင်္ဂလာဆောင်စဉ်က ဗီဒီယိုခွေမှာ လက်ကျန်ထောက်လှမ်းရေးများ လက်ဆော့လိုက်သဖြင့် ကမ္ဘာ ပျံ့သွားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ခေါင်းကိုက်နေချိန်တွင် လူဆိုးကြီး ဆက်ဒမ်ဟူစိန်ကို ကြိုးပေးသတ်လိုက် တော့ နှလုံးရောဂါပါဖြစ်ပြီး စကာင်္ပူဆေးရုံသို့ လစ်ရတော့သည်။ စင်္ကာပူဆေးတန်ခိုးကြောင့် ရောဂါသက်သာခဲ့ ပေမယ့် ယခုအချိန်မှာ နာဂစ်အကျိုးဆက်ကြောင့် မိမိအပေါ် တကမ္ဘာလုံး အော့နှလုံးနာဖြစ်နေသည့်ရောဂါကို ဘယ်ဆေးဝါးမျိုးနှင့်မျှ သက်သာအောင် ကုနိုင်မည်မထင်ပါ။
အခံရအခက်ဆုံးမှာ မိမိမွေးထားသော တပ်မှူးနှစ်ဦးက မိမိအမိန့်ကို အာခံကာ ညွှန်မှူးထွန်းလွင်ကို ဖြုတ်ချ ခြင်းမပြုဘဲ ထွန်းလွင်အစီရင်ခံစာကို ကဗျည်းထိုးမှတ်တမ်းတင်ထားသည်။ ရေခြားမြေခြားရောက်နေသော ထောက်လှမ်းရေးအောင်လင်းထွဋ်ကလည်း ဖုံးကွယ်ထားခဲ့သော လူသတ်ပွဲကို အစပျိုးဖော်ထုတ်နေလေပြီ။ တ ခြားသူတဦးတယောက်ဆို တော်ပါသေးသည်။ ခုတော့ တရားခံပြသက်သေအဖြစ် ကမ္ဘာကိုကြေညာနေပြီ။
ဂြိုလ်မွှေသည့် မေလ
ဒီလဒီကာလရောက်လေတိုင်း စိတ်သောကရောက်ရစမြဲဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ်ကတည်းက မိမိတို့ကို အလဲ ထိုးအနိုင်ယူခဲ့သော ရွေးကောက်ပွဲအောင်ပွဲက ခုထိခြောက်လှန့်နေသည်။ မိမိ၏လက်စွဲတော် လူမိုက်များက လို သည်ထက်ပိုမို၍ လက်လွန်သွားသော ဒီပဲယင်းရိုက်သတ်ပွဲကြောင့် ကမ္ဘာက အယုံအကြည်ကင်းမဲ့ခဲ့ရသည်။ ၉ဝ ရွေးကောက်ပွဲကို ချေဖျက်နိုင်ဖို့ အင်တိုက်အားတိုက် လုံးပမ်းခဲ့ရသော ဆန္ဒခံယူပွဲကလည်း ထင်သလောက် ဖြစ်မလာဘဲ ပိပိရိရိ မသေသပ်မှုကြောင့် အရှက်ကွဲနေရသည်။ လွန်ခဲ့သောနှစ် မေလကတိုက်ခတ်သော နာဂစ် ကြောင့်လည်း အကြင်နာတရားကင်းမဲ့သည့် ကမ္ဘာ့အဆိုးဝါးဆုံးပုဂ္ဂိုလ်ဘွဲ့ကို ရရှိစေခဲ့သည်။
မကြာမီရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာ လွတ်ရက်စေ့၍ ပြန်လွှတ်ပေးရတော့မည့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ် အကျယ်ချုပ်ပြဿနာဖြစ်သည်။ လွှတ်ပေးလိုက်ရရင်လည်း ကြွတက်လာမည့် လူထုလှိုင်းသည် မိမိတို့ကို ရိုက် ခတ်သွားနိုင်သည်။ ဆက်လက်ထိန်းထားလျှင်လည်း အကျယ်ချုပ်လက်နက်ထိပ်တုံးကို မိမိကိုယ်တိုင် ထမ်းပိုး ရတော့မည်။ ထို့ပြင် ကလော်တုတ်ဆဲဆိုကြမည့် နိုင်ငံတကာအသိုင်းအဝိုင်းမှ လက်ညှိုးများကိုလည်း အန်မတု ဝံ့ပေ။ အဆိုးဝါးဆုံးမှာ မိမိမွေးထားခဲ့သော တပည့်ကျော်များကလည်း ယုံကြည်စိတ်ချရမှုမရှိသေး။ မိမိသာအာ ဏာမဲ့သွားလျှင် ဆရာကြီးဦးနေဝင်းကဲ့သို့ ဖြစ်သွားနိုင်သည်။ အာဏာကို ဆက်ဆုပ်ကိုင်ထားသောကြောင့် လည်း မိမိရုပ်မှာ ဘီလူးကဲ့သို့လား ထင်မှတ်နေရသည်။
သောကကင်းငြိမ်းဖို့ရာ ဗုဒ္ဓတရားရေအေး တိုက်ကျွေးဖို့ခေါ်ထားသော သထုံအလံတရာဆရာတော်ကလည်း ပင့်ဖိတ်လို့မရ။ နောက်ဆုံးအားကိုးရာဖြစ်သော ကြင်သူသက်ထား မကြိုင်ကြိုင်က ဘေးနားမှနေ၍ မေတ္တာ သုတ်ကို ရွတ်ဖတ်ပေးနေရှာသည်။ မေတ္တာသုတ်ကို နားစွင့်ရင်း ဘုရားအာရုံပြုလိုက်သောအခါ မနောစိတ်တွင် ဘုရားပေါ်မလာဘဲ ရွှေဝါရောင်ကာလက ရိုက်သတ်ခဲ့သော မေတ္တာသုတ်ပိုင်ရှင် သံဃာတော်များ၏ ပုံရိပ်က သာ မင်းမူနေပါတော့သတည်း။
မင်းလွင် (ရှမ်းပြည်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:32 PM
1 comments
Labels: ဆောင်းပါး
Saturday, May 2, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၂-၅-၀၉)
- မုန်တိုင်းဒေသ သတင်းမှန် စစ်အစိုးရ ဖုံးထားဆဲ click
- ၀က်တုပ်ကွေး လူကတဆင့် ၀က်ကိုပြန်ကူး click
- အာဆီယံထိပ်သီး ဆွေးနွေးပွဲ ပြန်ဆက်ဦးမည် click
- တနှစ်ပြည့်မြောက်ခဲ့ပေမယ့် လူတွေရင်ထဲမှာ ဒီအဖြစ်ကြီးကို မေ့နိုင်ပြီလား click
- ဆိုင်ကလုန်းနာဂစ်တနှစ်ပြည့် အထူးအစီအစဉ် click
- နာဂစ်အပြီး ပြန်လည်တည်ဆောက်ကြပုံများ (ဓာတ်ပုံ) click
- နာဂစ်လွန်ဘ၀များ (ဓာတ်ပုံ) click
- နာဂစ်မုန်တိုင်း ဗွီဒီယိုများ click
- နာဂစ်မုန်တိုင်းကြောင့် အပျက်အစီးများ (ဓာတ်ပုံ) click
- နာဂစ်ဒုက္ခသည်တွေ ဘာတွေလိုအပ်နေသေးလဲ (ဆွေးနွေးခန်း) click
- မေဒေးနေ့မှာ အစိုးရက အကူအညီတွေပေးဖို့ အလုပ်သမားတွေ တောင်းဆို click
- ထိုင်းနိုင်ငံမှာ ၀က်တုပ်ကွေးအန္တရာယ် တပ်လှန့်ထား click
- နာဂစ်မုန်တိုင်း တနှစ်ပြည့်ပေမယ့် ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ click
- ငါးပိတွေမှာ ဓာတုဆိုးဆေး ရိုဒါမင်း-ဘီ ပါနေ click
- နာဂစ်တနှစ်ပြည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် click
- လယ်သမားတွေ လာမယ့်မိုးရာသီ စပါးစိုက်ဖို့ အခက်အခဲဖြစ်နေ click
- နာဂစ်အထောက်အပံ့တွေ လိုနေသေးဆဲလို့ ကုလ သတိပေး click
- ၁၉၇၄ ဇွန်လ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားများ click
- နာဂစ်နှစ်ပတ်လည်နေ့ သေဆုံးသူများအတွက် ဧရာဝတီတိုင်း၊ ပြင်ခရိုင်တွင် အလှူဒါနပြုလုပ် click
- မုန်တိုင်းဒဏ်ခံ အဆောက်အဦးများ မပြီးစီးနိုင်သေး click
- ကွဲပြားမှုများကို ကျော်ဖြတ်ခြင်း (ဆောင်းပါး) click
- လုပ်ငန်းခွင်အတွင်း စက်ရုံလုပ်သားသေဆုံးမှု လျော်ကြေးမရ click
- Myanmar to host East Asia Business Council meeting in June click
- Ancient wrecked vessel found in Myanmar Bago River click
- Myanmar cyclone, China quake top global disasters: UN click
- Disease threatens survivors of Burma cyclone click
- Myanmar junta softens 1 year after deadly storm click
- Cyclone survivors still need support click
- တားမြစ်ငပိများ ဈေးကွက်အတွင်းမှ ပြန်သိမ်းရန် ခက်ခဲ click- နာဂစ်အလွန် ၁ နှစ်ကျော်အကြာ ဗွီဒီယိုများ click
- သောက်သုံးရေရှားပါးမှုအတွက် ရေရှည်အဖြေရှာရန်လို click
- မတရားအသင်းကြေညာခြင်းမှာ တရားမဝင်ဟု BLC တုန့်ပြန် click
- နာဂစ်ဒုက္ခသည်ကူညီသူတွေ ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို click
- အရှေ့အာရှ ပထမဆုံး ၀က်တုပ်ကွေး ဟောင်ကောင်မှာတွေ့ click
- သတင်းလွတ်လပ်ခွင့်ချိုးဖောက်မှု မြန်မာစာရင်းဝင် click
- ငါးပိတွင် ဆိုးဆေးများပါဝင်ကြောင်း စစ်အစိုးရက ကြေညာချက်ထုတ်ပြန် click
- နာဂစ်ဆိုင်ကလုန်း တနှစ်ပြည့်သတင်းများ click
- အိပ်ခ်ျဝမ်း အန်ဝမ်း တုပ်ကွေးသတင်းများ click
- မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ပြုလုပ်မယ့် မြန်မာနှစ်သစ်ကူးပွဲ click
- ဗုဒ္ဓသာသနာ ဘာသာရေးပွဲ သတင်းများ click
- "We are all prisoners in our own country" click
- Homeless, in debt: Myanmar cyclone survivors struggle click
- A year later, Myanmar remembers Cyclone Nargis click
- Rulers silent on Nargis anniversary click
- UN still waiting on Burma cyclone aid click
- Myanmar citizens' rage boils in film about 2007 protests click
- Homeless, in debt: Myanmar cyclone survivors struggle click
- Myanmar bans 101 kinds of fish paste click
- One year on, Myanmar endures cyclone's ravages click
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:48 PM
0
comments
Labels: သတင်း
နာဂစ်အိပ်မက်ဆိုး နှစ်ပတ်လည် ကြေကွဲလွမ်းဆွတ်မှု အမှတ်တရ
စီ.ဂျေ
နံနက်ခင်းကတည်းက မိုးတွေအုံ့မှိုင်းလို့နေသည်။ ရွာတော့ မရွာသေး။ နေရောင် မမြင်ရသဖြင့် ရန်ကုန်တမြို့ လုံး ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေသည်။ နံနက် ၉း၀၀နာရီ၊ အီးမေးလ်ဖွင့်ကြည့်လိုက်တော့ US Embassy၊ ရန် ကုန်မြို့က အဆင့်မြင့် သတိပေးမှုတခု ပေးပို့ထားသည်ကို ဖတ်လိုက်ရသည်။ အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေ သော ‘နာဂစ်’ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့ဘက်သို့ အရှိန်အဟုန်ပြင်းစွာ ရွှေ့လျားနေပြီး နောက်ထပ် သုံး နာရီအတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်းတော့မည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် သတိပေးထားခြင်း ဖြစ်သည်။ ထိုနေ့က ရန်ကုန်မြို့၊ အမေရိကန်သံရုံး ပိတ်ထားလိုက်သည်။ အမေရိကန် မိုး လေ၀သဋ္ဌာန၏ သတိပေးချက်အရ မုန်တိုင်းအရှိန်ဖြင့် ပင်လယ်ဒီရေ (၁၈)ပေအထိ မြင့်တက်နိုင်သည်ဟု ဆို သည်။ မုန်တိုင်းဒဏ်ခံရပြီးလျှင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် အထူးသ ဖြင့် ‘သောက်ရေ’ အလုံအလောက် ရရှိရေး ကြိုတင်ပြင်ဆင်ထားရန် နှိုးဆော်ထားသည်။
အမေရိကန်သံရုံးမှ အီးမေးလ်ဖြင့် ကြိုတင်သတိပေး နှိုးဆော်မှုက အတန်အသင့် ထိရောက်သည်ဟု ဆိုနိုင် သည်။ နံနက် (၁၀)နာရီကျော်မှာပင် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ရန်ကုန်လူထုမှာ လှုပ်လှုပ်ရှားရှား ဖြစ် လာသည်။ “နောက်သုံးနာရီမှာ မုန်တိုင်းဖြတ်မယ်လို့ ပြောတယ်” သံရုံးအသိုင်းအ၀ိုင်းနှင့် နီးစပ်သူများ၊ ကုမ္ပဏီ ၀န်ထမ်းများက ‘မုန်တိုင်း’ သတင်းကို အထိတ်တလန့် ဖြစ်နေသော်လည်း သာမန်လက်လုပ်လက်စား အသိုင်း အ၀ိုင်းကတော့ သတိမူမိပုံမရ။ ထိုနေ့ထုတ် ကြေးမုံသတင်းစာတွင် ‘နာဂစ်’ မုန်တိုင်းသတင်းအကြောင်း မိုးလေ ၀သဋ္ဌာနမှ ဦးထွန်းလွင်၏ ပြောကြားချက် ပါသော်လည်း ထိရောက်သော သတိပေးမှုမျိုးမပါ။ အစိုးရထုတ် မြန် မာ့အလင်း သတင်းစာနှင့် ကြေးမုံက ပုံမှန်အတိုင်း နေ့လည်လောက်မှ ထွက်သည်။ ရန်ကုန်လူထု အများစု သ တင်းစာ မဖတ်သဖြင့် ‘နာဂစ်’ သတင်းကို မသိကြ။
မွန်းလွဲ ၁း၀၀နာရီကျော်တွင် ရန်ကုန်တစ်မြို့လုံး မိုးတွေအုံ့မှိုင်းပြီး စတင်ရွာသည်။ တချို့နေရာတွေမှာ မိုး သည်းပြီး တချို့နေရာတွေမှာတော့ စွေရုံမျှ စွေသည်။ ခါတိုင်း မုန်တိုင်းရှိသည်ဆိုသော သတင်းထွက်လျှင် သည်လိုပဲ မိုးတွေ တအားရွာသဖြင့် မိုးစဲသွားလျှင် မုန်တိုင်းပြီးပြီဟု ရန်ကုန်လူထု အများစု မှတ်ယူထားကြ သည်။ မိုးက မွန်းလွဲပိုင်းမှစပြီး တောက်လျှောက် တစ်ညနေလုံး ရွာသည်။ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေစတင် လွှမ်းသည်။ သို့သော် ကြီးကြီးမားမား ထိခိုက်မှု ဘာမျှမရှိသေး။ သည်လိုနှင့် မေ(၂)ရက်နေ့ညကို ဖြတ်သန်းခဲ့ သည်။
ည(၈း၀၀)နာရီ ကျော်ကျော်တွင် အရှေ့ဘက်မှ လေတွေ တဟူးဟူး အော်ပြီး တိုက်လာသည်။ လေသာတိုက် ပြီး မိုးမပါသေး။ လေတိုက်နှုန်းက သမားရိုးကျတိုက်ပြီး ရပ်သွားသည်မဟုတ်။ တရစပ်အားဖြင့် တိုက်နေရာ သစ်ပင်ကြီးများအားလုံး အနောက်ဘက်သို့ ယိမ်းညွှတ်ပြီး အကိုင်းတွေ အရွက်တွေ စတင်ပြတ်ထွက်သည်။ လေဒဏ် ခံနိုင်စွမ်းမရှိသော အပင်ကြီးအချို့ မြေသို့ ဗုန်းဗုန်းလဲပြိုသည်။ အိမ်ပြတင်းမှန်များ လေဒဏ်ကြောင့် ဖျောင်းခနဲ ဖျောင်းခနဲ ကွဲသည်။ အိမ်ခေါင်းမိုကို နာနာဘာဝ တစ်ကောင်လို လာရောက် ဆွဲမွှေ့နေသည့် အသံ က လေသံနှင့် ရောနေသည်။ လေနှင့်အတူ မိုးများပါလာပြီ။ အိမ်ပြတင်းတံခါးကို မည်သူမျှ မဖွင့်ရဲ။ တောဆင် ရိုင်းတစ်ကောင်လို တဟူးဟူး အသံပေးပြီး ၀င်လာသော လေပြင်းနှင့် ယိမ်းထိုးနေသော သစ်ပင်ကြီးများကို အ မှောင်ထဲမှာ မြင်ရသည်။ ပုံမှန်လျှပ်စစ်မီးမရသော ရန်ကုန်မြို့သည် ထိုနေ့ မွန်းလွဲပိုင်းကတည်းက လျှပ်စစ် ဓာတ်အားလိုင်း အားလုံးကို ဖြတ်ထားလိုက်ပြီ။
ဖျောင်းခနဲ သစ်ကိုင်းကျိုးသံ၊ ၀ုန်းခနဲ အိမ်ခေါင်မိုး လန်ကျသံ၊ ဗြန်းခနဲ အဝေးမှ လေနှင့်အတူ ပြုတ်ကျလာ သော အရာဝတ္ထုသံများ ဆူညံနေသည်။ ခေါင်မိုးတွင် တပ်ထားသော ဂြိုဟ်တုစလောင်းမှာ ထီးရွက်စုတ်တစ်ခု လို အရိုးတံပဲ ကျန်ခဲ့သည်။ ညသန်းခေါင်ကျော် နောက်တစ်နေ့ နံနက် ၄း၀၀နာရီ ကျော်မှာတော့ စောစောက အရှေ့ဘက်မှ တိုက်နေသောလေသည် အနောက်ဘက်မှ တဟူးဟူး ပြန်တိုက်လာသလို ရေတိုင်ကီတွေ မှောက်ချလိုက်သလို မိုးက ဒလဟော သည်းထန်စွာ ရွာသည်။ အိမ်ခြံဝင်းထဲမှာ ပေါင်လယ်လောက် ရေ၀င် လာသည်။ ပုံမှန်မိုးသည်းလျှင်တောင် ခြေမျက်စိလောက်ပဲ ရေမြုပ်သည့် နေရာမှာ ရေဒလဟော ၀င်လာသဖြင့် အောက်ထပ်တခုလုံး ရေလွှမ်းသည်။ စာအုပ်စင်၊ ကွန်ပျူတာ၊ အရေးကြီး ပစ္စည်းများအားလုံး ရေလွတ်ရာ သိမ်း ကျုံးရွှေ့ပြောင်းရသည်။ “အမေတို့ တသက်နဲ့ တကိုယ် တစ်ခါမှ မကြုံဖူးဘူး” အိမ်ရှိ အသက် ၈၀ကျော် အမေ အိုက မှတ်ချက်ချသည်။
နံနက်(၈း၀၀)နာရီအထိ မိုးရော လေရော ကောင်းနေတုန်းဖြစ်သည်။ လမ်းပေါ်ကြည့်လိုက်တော့ တစ်နွေလုံး အရိပ်ပေးထားသည့် ခရေပင်တွေ တစ်ပင်မျှ မရှိတော့။ အားလုံး အမြစ်ကျွတ်ကာ လဲပြိုပြီး လမ်းမပေါ် တုံးလုံး ပက်လက် ဖြစ်နေသည်။ နေ့လည် (၁၁း၀၀)နာရီ အကျော်မှာ မိုးရောလေရော အရှိန်နည်းနည်း လျော့လာ သည်။ လမ်းမပေါ် လူတချို့ ထွက်လာသည်။ အိမ်ရှေ့မှာ ရေကြီးနေပြီ။ ရပ်ကွက်တခုလုံး ရေလွှမ်းထားသည်။
အခြေအနေ သိချင်သဖြင့် အိမ်ထဲမှ ထွက်ခဲ့သည်။ ပေါင်လယ်လောက် ရောက်နေသော ရေထဲမှဖြတ်၍ လမ်းမ ရှိရာ မှန်းလာခဲ့သည်။ လမ်းရှာမရတော့။ လမ်း၏ ဟိုဘက်သည်ဘက်မှ သစ်ပင်ကြီးများအားလုံး လဲကျသဖြင့် ရှေ့ဆက်၍ မရတော့။ တယ်လီဖုန်းတိုင်များ ပြိုကျနေသည်။ ကွန်ကရစ် ဓာတ်တိုင်များ လမ်းမပေါ် အတုံးအရုံး ကျိုးကျနေသည်။ သစ်ကိုင်းများ၊ ဓာတ်ကြိုးများကို ဖယ်ရှားပြီး လူတစ်ကိုယ်စာ ရှောင်ရှားရင်း လမ်းမပေါ် မ ရောက်အရောက် ထွက်ခဲ့သည်။ လူတွေအားလုံး မင်သက်မိနေသည်။ လမ်းဆုံလမ်းခွရှိ အချက်ပြ မီးတိုင်များ တုံးလုံးပက်လက် လဲပြိုသလို ကြော်ငြာဆိုင်းဘုတ်ကြီးများ လမ်းပေါ်ပြားကျနေသည်။ သစ်ပင်ကြီး အားလုံးနီး ပါး လဲပြိုကာ ကျန်နေသော အပင်အားလုံး အရွက်ကြွေကုန်သဖြင့် မြင်နေကျ ရန်ကုန်မြင်ကွင်းမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ စစ်ကြီးပြီးစ မြင်ကွင်းမျိုး။ မကြာသေးမီကမှ ဗုံးဒဏ်ခံလိုက်ရသလို မြင်ကွင်းမျိုး။
ဘယ်မှာလဲ ကြက်ခြေနီ၊ ဘယ်မှာလဲ မီးသတ်၊ ဘယ်မှာလဲ ကြံ့ဖွတ်၊ ဘယ်မှာလဲ ရဲ၊ ဘယ်မှာလဲ စစ်တပ်။ လမ်းမပေါ်မှာ အတုံးအရုံး လဲပြိုနေသော သစ်ပင်ကြီးများကြောင့် ယာဉ်သွားလာမှု လုံးဝရပ်တန့်သွားသည်။ ဟို နားသည်နား ဆိုက္ကားခ ၃၀၀၀၊ ၄၀၀၀။ တက္ကစီ ၁၀၀၀၀။ ဘတ်(စ်)ကား ၅၀၀ကျပ်။ လမ်းပေါ်မှာ အပင်ကြီး တွေ လဲနေသဖြင့် အချို့ကားများ ရှောင်ကာကွင်းကာ မောင်းသွားရသည်။ အချို့လမ်းများ လုံးဝ သွားမရ တော့။ တာမွေအ၀ိုင်းကြီးထိပ်ရှိ ရွှေညောင်ပင်ကြီး လမ်းမပေါ် တုံးလုံးလဲကျသည်။ လမ်း၏ ဟိုဘက်ခြမ်းမှ ကြော်ငြာဘီလ်ဘုတ်ကြီးက အလျားလိုက် တစ်ဖက်ခြမ်းသို့ လဲကျသဖြင့် လမ်းပိတ်သွားသည်။ ဦးဝိစာရလမ်း တလျှောက် အပင်ကြီးများအားလုံး လဲပြိုသည်။ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ လူသုံးဖက်စာ လောက် ကြီးသော ကုက္ကိုပင်ကြီးမှာ လမ်းပေါ်အလျားလိုက် လဲကျသဖြင့် နောက်ငါးရက်လောက်အထိ သည် အတိုင်း ပိတ်ဆို့နေသည်။
မုန်တိုင်းစဲပြီး နောက်တနေ့အထိ ရန်ကုန်မြို့မှာ ငြိမ်သက်နေသည်။ ဘာကယ်ဆယ်ရေးမှ မရှိ။ ဘာအကူအညီ မှ မလာ။ ကိုယ့်အိမ်ရှေ့ သစ်ပင် ကိုယ့်ဖာသာကိုယ် ခုတ်ရှင်း။ အတုံးအရုံး အလဲအပြို အကျိုးအပျက်များ … သည်အတိုင်း … ရှင်းမည့်သူ မရှိ၊ ကူမည့်သူ မရှိ၊ တစ်ရက် နှစ်ရက် သုံးရက် …။
“ကျွန်တော်တို့ ပြည်သူတွေဟာ မိဘမဲ့ ကလေးတွေလို အားကိုးမဲ့ကြရတယ်။ တာဝန်ယူသူမဲ့၊ စောင့်ရှောက်သူ မဲ့နဲ့ အစွန့်ပစ်ခံတွေလို နေကြရတယ်။ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရဟာ ကိုယ့်ပြည်သူပြည်သားတွေ ဒုက္ခရောက်နေတာကို မသိကျိုးကျွံ လျစ်လျူရှုနေနိုင်ခဲ့တယ်။ ဘာမှ မဖြစ်သလို၊ ဘာမှ မဆိုင်သလို လက်ပိုက် ကြည့်နေတာဟာ အင်မတန် အကြင်နာကင်းမဲ့တဲ့ လုပ်ရပ် လူသားချင်း စာနာစိတ်ကင်းမဲ့တဲ့ လုပ်ရပ်ပဲ”
“ဆန္ဒပြတဲ့ လူတွေကို သေနတ်နဲ့ပစ် ဖြိုခွဲဖို့ လက်မနှေးတဲ့ စစ်တပ်၊ အခု လူတွေ ဒုက္ခရောက်နေတော့ ဘယ် ရောက်နေသလဲ”
“မနေ့တနေ့က ဆန္ဒမဲပေးဖို့ လိုက်ဆွယ်နေတဲ့ ကြံ့ဖွတ်တွေရော ဘယ်ရောက်ကုန်ပြီလဲ”
နာဂစ်မုန်တိုင်း ၀င်မွှေအပြီး ရန်ကုန်သူ ရန်ကုန်သားတို့၏ ရင်ထဲမှ အသံတွေက ပွက်လောရိုက်လို့ နေတော့ သည်။
(စီ.ဂျေ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:45 PM
0
comments
Labels: အမှတ်တရ


















