နွေဦးမှာ လေရူးတွေက ကြမ်းကြမ်းတမ်းတမ်း မွှေ့ဆော်သရမ်းနေလို့ စိတ်တွေက ဟိုယိမ်းလို့ ဒီယိုင်၊ ဖမ်းဆုပ် ကိုင်ဖို့ ခပ်ခက်ခက်။ ရာသီကူးပြောင်း လေကြောင်းတွေက သိသိသာသာကြီးနဲ့ကို သူ့ရာသီခွင်ထဲ ညှို့ယူဆွဲ သွင်းနေတာ။ ကိုယ်က အလိုက်တသိနဲ့ ခပ်သော့သော့လေး မျှောလိုက်လိုက်တာပါပဲ။ မြင်ကွင်းတွေက အသစ် အသစ်ဟန်တွေနဲ့။ ပွင့်ဦးပန်းအလှတွေက ပင်ယံထက်မှာ ဖူးငုံပွင့်တုံတလှည့်၊ လှချင်ရက် စက်စက်ယို။ အစို့အ ညှောက်နဲ့ ရွက်သစ်တွေက ထူးထူးကဲကဲ နုဖတ်နေလိုက်တာ၊ ယုယစရာ ကောင်းပါရဲ့။
ကောင်းကင်ထဲ လူးလိမ့်ပျော်ဝင်လေ့ရှိတဲ့ တိမ်ရောင်တိမ်သွေးတွေတော့ အနားယူနေသလား၊ ရှောင်ကွင်း မျက်ကွယ်ပြုနေသလားပဲ။ သူတို့မရှိလို့ ကြည်လင်တဲ့ အပြာရောင် ဝတ်ရုံကြီးကသာ ခန့်ခန့်ထည်ထည်၊ မိုးတိုး မတ်တတ်နဲ့ လောကတခွင် အလှဆင်နေလေရဲ့။ အာကာဝေဟင်က တိတ်ဆိတ်နေတုန်း၊ မြေပြင်ထက်မှာ နု နယ်ပါးလွှာတဲ့ သစ်ပင်ပန်းမန်နဲ့ ကျေးငှက်သံသာတွေ ကြီးစိုးနေတယ်။ အခက်အလက်တွေက တဖျတ်ဖျတ်၊ ရွက်ခြောက်တွေက မြေမှာခကြ၊ လူးလိမ့်ကြနဲ့။ ပွင့်ချပ်နဲ့ ဝတ်မှုန်တွေက အရှိန်ယူစ၊ နိုးထစ။ တကယ့်ကို ကြွကြွရွရွ၊ လှလှပပ။ လေရဲ့ ဆောင်ကြဉ်းရာဆီ ဝေ့ကာဝိုက်ကာ လိုက်ပါကြနဲ့။
ဒီအချိန်ဆို အလွမ်းတွေက ပိုလို့ပိုလို့ ရင်တွင်းမှာ ဘောင်ဘင်ခတ်လာတယ်။ အိပ်လျက်က လမ်းလျှောက်ရသ လို၊ မူးမေ့လဲပြိုချင်သလို၊ ပျင်းအားကြီးသလိုလို။ အလည်တခေါက် ပေါက်ချလာတဲ့ ရင်လှိုင်းခတ်ဒဏ် တိုးရပြန် ပေါ့။ နှစ်ပေါင်း ၂ဝ၊ မျိုးဆက်တဆက်လောက် အစဉ်လိုက်ပါခဲ့တဲ့ အဟောင်းအမြေ့တခု၊ မိတ်ဟောင်းဆွေ ဟောင်းတခု အထူးသဖြင့် အလွမ်းတခု။ အကြိမ်ကြိမ် အကျော့ကျော့ လည်ပတ်၊ သံသရာ ချားရဟတ်ထဲမှာ တော့ ဒီအလွမ်းတွေက အဟောင်းတကာ့ အဟောင်းဆုံး၊ အကောင်းတကာ့ အကောင်းဆုံး။ ဖယ်ခွာထုတ်နှစ် လို့မရ။
အတွေးအမြင်သစ်၊ စိတ်သစ်လူသစ် ရှိတတ်ပေမယ့် လွမ်းစိတ်ကတော့ သစ်မလာဘဲ၊ ပြောင်းမလာဘဲ ရှိနေဆဲ ပဲ။ အမှောင်ညမှာ အဖြူထည် ပန်းပွင့်တွေက လင်းလက်ကြယ်စင် မရှိခိုက် အားဖြည့်ပေးသလိုမျိုး။ ဒီအလွမ်း တွေကပဲ ကိုယ့်ရဲ့ အစပြုရာအရပ်ဆီ တမ်းတမ်းတတ ဖြစ်စေပြန်တာကိုး။ ဟောင်းနွမ်းအိပ်မက်ရှည်ကို ဒီရာသီ ခွင်ထဲမှာလည်း ဆွတ်ပျံ့ကြည်နူးဖွယ်ရာ နိုးကြားထကြွပြန်စေတာ ဒီအလွမ်းပါပဲ။
ဒီရာသီထဲမှာပဲ နှစ်သစ်ကူး တန်ခူးလ၊ ပန်းပိတောက်တွေ ဝေဆာတဲ့ အခါသမယ၊ အားလုံးကို လွမ်းအားကြီး စေတဲ့ ကာလ၊ ဝေးနေသူတိုင်းအတွက် အပြန်အလှန် လွမ်းဆွတ်တသ သတိရပြန်တဲ့ တခဏ။ ဆင့်ကာဆက် ကာ လွမ်းရပြန်တာပါ့။ အလွမ်းဟာ ပြန်ပြောင်းအောက်မေ့ရင်း သာယာကြည်နူးမှု ပေးတတ်သလို၊ မှန်းဆတမ်း တရင်း အင်ပြည့်အားပြည့် ဖြစ်တတ်တယ်။ စိတ်ကူးနဲ့ နောက်ကြောင်းပြန်ခွင့်ပေးလို့ နုနယ်ရွှင်လန်းမှု ရှိတတ် တယ်။ တခြားမကောင်းတတ်စေတာတွေတော့ မေ့ထားလိုက်ဦးစို့။ ကြည့်စမ်းပါဦး၊ ဒီကာလမှာ မြင်ယောင်နေ ရတာတွေ၊ မြင်ယောင်မိတာတွေ ...။
ကမယ့်သူတွေ အကတိုက်ကြ၊ ဆိုမယ့်တီးမယ့်သူတွေ စုရုံးကြ၊ စင်မြင့်တွေဆောက်၊ ပန်းတွေကောက်နဲ့ အလှ တွေဆင်၊ ရေအတွက်ပြင်ပေါ့။ အဲဒီ ဝါသနာရှင်တွေ၊ ဝါသနာတူတွေက အထိုင်သမား။
အထသမားတွေက ဂျစ်ကားဘောနက်ဖုံး ကြံ့ခိုင်အောင် ခင်း၊ ဆီအလုံအလောက် ဖြည့်တင်း၊ အရက်ဆို ဂါလံ ပုံးနဲ့ရအောင် အလျင်စလို စုဆောင်း၊ အလှပြကားတွေဖြစ်အောင် ထုထောင်း၊ သစ်သားရိုက်သံ တူနှက်သံတွေ နဲ့ ဟန်ချက်ကို ညီနေလိုက်တာ။
ဘယ်သူမဆို လာစားပါဆိုတဲ့ စေတနာသက်သက် စတုဒိသာ အလှူရှင်တွေက အကျွေးအမွေးမဏ္ဍပ်တွေနဲ့။ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်၊ ရွှေရင်အေး ကျွေးမှကျွေးပဲ။ မုန့်လုံးရေပေါ်ဆိုတာ ကောက်ညှင်းဆန်မှုန့်ကို နယ်ပြီး အထဲမှာ ထန်းလျက် ဒါမှမဟုတ် ကြံသကာထည့်၊ ပြီးရင် ပွက်ပွက်ဆူ ရေနွေးထဲမှာ ပြုတ်ထားတဲ့ လက် မသာသာ အလုံးလေး။ ကောင်းပေ့ဆိုရင် အထဲက အချိုခဲဟာ အရည်ပျော်နေတာ ...။
မယိုမစိမ့်အောင် ဖဲ့မစားနဲ့၊ တလုံးလုံး ပါးစပ်ထဲ ပစ်ထည့်စား။ တချို့အလုံးတွေထဲမှာ ငရုပ်သီး ရှိတတ်တယ်။ စားမိလို့လည်း မထောင်းသာဘူး။ ရှူးရှူးရှဲရှဲ အပျော်အရွှင်လေးတွေ။ ဒါက အထက်အညာဘက်က ဓလေ့တ ခု။ တနေရာနဲ့ တနေရာ ထပ်တူထပ်မျှ မတူပါဘူး။
နေ့လည်း နေ့မို့၊ ညလည်း ညမို့။ မပြတ်မလပ် ကကြခုန်ကြ ပျော်မြူးကြတာ။ ဘုရားရိပ် တရားရိပ် သွားသူက သွားကြ၊ သီလယူကြ၊ လှူဖွယ်ရာတွေ ကပ်လှူကြ။ လူကြီးမိဘတွေကို ခေါင်းလျှော်ဖွပ်ရင်း၊ နှိပ်နယ်ရင်းနဲ့ ကု သိုလ်ယူသူက ယူကြ၊ အပြစ်ဝန်ချတောင်းပန်ကြလို့ ခွင့်လွှတ်ကျေအေးကြ။ ပိုက်ဆံတောင်းသူက တောင်း။ ပေးလို့လည်း ကောင်း၊ ယူလို့လည်း ကောင်း။ ဘယ်သူမဆို အတာသင်္ကြန်ပွဲတော်မှာ တနေရာရာကနေ ပါရ တာပဲ။
ပြိုင်ပွဲဝင် အလှပြကားတွေနောက်၊ ဂီတဝိုင်းတွေနောက် ခြေလျင်တမျိုး၊ စက်ဘီးတဖုံ။ အချိန်ကုန်ချင်ကုန်၊ ရင် ခုန်ရင်ပြီးရော။ မမောမပန်း လျှောက်လှမ်းပေရော့။ ဗေထိသံကြားရင် ရွှင်လန်းလာတာ။ ယိမ်းအကတွေကြည့် ရင် ကိုယ်ဟန်နွဲ့နှောင်း ပျော့ပြောင်းလာတာ။ ဖန်တီးမှု အနုလက်ရာတွေကြည့်ရင်း စိတ်ကူးစိတ်သန်းတွေ၊ ခံ စားချက်တွေ၊ အသွေးအသားတွေ ပွင့်လန်းလာတာ။ သောက်တတ်သူတွေလည်းရှိလို့ မျောမနေဘဲ၊ သွားလာ သတိ ဆင်ခြင်မိဖို့တော့လိုမှာ ...။
ကကြိုးကကွက်တွေ၊ အတီးအမှုတ်တွေက မြိုင်မြိုင်ဆိုင်ဆိုင်၊ တေးသီချင်းတွေက အပြိုင်အဆိုင်။ နေ့ခင်းဘက် ရေကစားလို့ ညဘက် စောစောစီးစီး အိပ်ရာဝင်မယ် မပြင်နဲ့။ ညဝိုင်းတွေက ရောင်စုံတေးသွားတွေ၊ အနုအလှ အကတွေကြား နစ်မျောရပြန်တယ်။ ညဘက် အိပ်ရေးပျက်လို့ နေ့ခင်းဘက် အနားယူမယ် မကြံနဲ့။ တုံချမ်းချမ်း အသံ၊ ဟွန်းသံ၊ အော်ဟစ်ပြေးလွှားသံတွေကြား မျောပါရပြန်တယ်။ ခဏတဖြုတ် လုအိပ်၊ မရမက ပျော်ပါး။ ၃ ရက်လား၊ ၄ ရက်လား။ လာစမ်းဟဲ့၊ ပက်လိုက်စမ်းမယ်။ သွားစမ်းဟဲ့၊ ခြေဦးတည့်ရာ။
သက်ကြီးရွယ်အိုတွေ၊ ဘုရားကျောင်းကန် သွားသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နေထိုင်မကောင်းသူတွေ၊ ရေမ ပက်ဖို့ တောင်းပန်သူတွေကို အသာတကြည် ပေးလွှတ်ရတယ်။ ခွက်စုတ်နဲ့ ပက်၊ ရေပူဖောင်းနဲ့ ပေါက်၊ ရေ ပိုက်နဲ့ ထိုး၊ ခွက်နဲ့ လောင်း၊ ပိတောက်ခက်နဲ့ ဖြန်း။ ကြိုက်သလိုသာလုပ်။ ညီအကိုမောင်နှမ စိတ်ဓာတ်နဲ့ ပျော် ရွှင်ချမ်းမြေ့မှု ရှိရေးပါပဲ။ ကြမ်းတမ်းရမ်းကားလို့ ဘယ်ဖြစ်မလဲ။ ကိုယ်ချင်းစာရင် အလုပ်ဖြစ်တယ်၊ ပြေလည် တယ်။
သင်္ကြန်ကားကြီး ကားငယ်နဲ့ မြို့လုံးကျွတ် လှည့်သူတွေ၊ ဆိုက်ကား-မြင်းလှည်းနဲ့ သွားသူတွေ၊ ခြေကျင် အုပ်စု တွဲနဲ့ တယောက်ထဲလည်း လမ်းလျှောက်သူတွေ၊ မျက်နှာမှာ ရောင်စုံခြယ်သ၊ ဆိုင်းဘုတ်တွေကိုင်ကြနဲ့ ပျော် လွန်ကျူးနေပုံများ စိတ်ညစ်ညူးစရာမရှိ။ သင်္ကြန်ပွဲကို နွှဲပြီဆိုမှဖြင့် ဒီအရသာတွေက တလျှောက်လုံး အမျှင်မ ပြတ်ရနေတာ။
တချို့ကျ စည်ကားပါပေ့ဆိုတဲ့ မြို့တွေဆီ နယ်ကနေလာပြီးတော့ ပျော်တာ၊ မြို့လေးတွေက တချို့ကျ မြို့ကြီး တွေဆီ တက်ပျော်ကြတာ။ အလုပ်ရုံတွေ ရပ်နား၊ ကျောင်းတွေ ပိတ်ထား၊ စီးပွားရေးလုပ်ငန်း အများစု ရပ်ထား လို့ အခါကြီးရက်ကြီးဟာဖြင့် စည်ကားပါသလေ့ စည်သလေ့ပဲ။
‘ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့၊ ရီ(ရယ်)တာပေါ့ ရီတာပေါ့’၊ ‘ရေမပက်တဲ့ အပျိုတွေ၊ မုဆိုးဖိုနဲ့ ညားပါ စေ’၊ ‘သူများပျော်လို့ မပျော်နိုင်၊ ချစ်သူပျောက်လို့ မှိုင်’၊ ‘ရန်ကုန်မြို့ကြီး ကျယ်တယ်ဆို၊ လျှောက်ပတ်ကြည့် တော့ ကျဉ်းကျဉ်းလေး’ လို့ အော်ဟစ်ပျော်ပါးသံတွေကတော့ မဆိတ်သုဉ်းနိုင်တဲ့ သင်္ကြန်ဆောင်ပုဒ်တွေအ လား။ မန္တလေး မြို့မဂီတဝိုင်းထွက် သင်္ကြန်သီချင်းတွေက မရိုးနိုင်၊ မအီနိုင် သင်္ကြန်မဏ္ဍိုင် သီချင်းတွေအလား။
ရေပက်မဏ္ဍပ်သူနဲ့ ရေပက်ခံသူ မျက်စိကျလို့ တဦးကိုတဦး အပြန်အလှန် ရေပက်ကစားတာ၊ ချစ်ရေးကြိုက် ရေးဆိုတာ၊ မထိတထိ ကြည်စယ်နေတာတွေလည်းရှိပါ့။ သင်္ကြန်အကြောင်းပြုပြီး ရည်းစားတွေ ဖြစ်ရ၊ နောက် ပိုင်း အိမ်ထောင်ကျ၊ ကလေးမွေးကြနဲ့ ဟုတ်လို့။ သူတို့ကို သင်္ကြန်ချစ်သူ၊ သင်္ကြန်ဖူးစာလို့ ဆိုရမှာပဲ။ အဲဒီလို ချစ်စရာကောင်းတာတွေအပြင် ဆွဲလားရမ်းလား၊ လက်ကစားတာတွေလည်း မြင်မကောင်း ရှုမကောင်း တွေ့ တတ်တယ်။
သင်္ကြန်ကာလဆို ရဲစခန်းမှာ အရက်မူးလွန်သူတွေ၊ ခိုက်ရန်ဖြစ်သူတွေ၊ လက်ရောက်သူတွေ၊ သင်္ကြန်ကားတွေ နဲ့ ပြည့်နေတတ်တယ်။ သူတို့ကို အများအားဖြင့် နှစ်ဆန်းတရက်မှာ ပြန်လွှတ်တယ်။ အပျော်လွန်ပြီး ထိခိုက် ဒဏ်ရာနဲ့ သေဆုံးအထိတောင်ရှိတယ်။ ဆေးရုံတွေလည်း ပိတ်ကားပိတ်၏၊ မနားရဘူး။ မစည်ကားအပ်တဲ့ အ ရပ်မှာလည်း အဲသလိုအားဖြင့် စည်းကားရတယ်။ စိတ်မချမ်းသာစရာ။ ဘုန်းကြီးကျောင်းတွေမှာတော့ ဒုလ္လဘ ရဟန်းခံသူတွေရှိပါ့။ သက်ဆိုင်ရာ ဘာသာဝင်တွေအတွက် တရားရစရာ၊ အားကျစရာ ...။
နှစ်ကူးသင်္ကြန်အခါ အတာရေဟာ အန္တရာယ်ကင်းဘေးရှင်း၊ ကောင်းကျိုးချမ်းသာရ၊ စိတ်ကို ကြည်နူးနှစ်သက်၊ ယဉ်ကျေးဖို့အတွက် လိုအပ်ပါတယ်။ ရန်ကုန်က ကြေးကြီးကြီးပေးရတဲ့ မဏ္ဍပ်တချို့တလေ နောက်မှာ အပူ လှိုင်းတွေ ကြွနေတာ၊ အဖော်အချွတ်တွေ အသားပေးနေတာ၊ လူကြားသူကြား ကော့ကန်ကား အကတွေနဲ့ သ မီးပျိုတချို့ ကနေတာ၊ အမူးလွန် အရမ်းလွန်နေတာ၊ မကြားဝံ့မနာသာတွေလည်း အလွန်အမင်းရှိတယ်လို့ ကြားရပါတယ်။
ရိုးရာဓလေ့ဆိုတာ ဘယ်လူမျိုးတိုင်းအတွက်မဆို မမေ့အပ်တဲ့ အခရာ၊ ထိပါးမခံနိုင်တဲ့ အရာ၊ ပျော်မွေ့လဲ လျောင်းရာ၊ ဘယ်သူဘယ်ဝါဆိုတာရဲ့ အစ။ ထိန်းသိမ်းသူမှန်သမျှ တာဝန်ကျေကြတယ်လို့ ဆိုရမှာပါပဲ။
သင်္ကြန်အချိန်မှာ အကျဉ်းကျနေသူတွေအဖို့ သင်္ကြန်ရဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝ ခံစားခွင့်တော့ ရနိုင်မယ် မဟုတ်ပါဘူး။ နေရပ်ကို အလွမ်းသယ်ရတဲ့ အချိန်မျိုးပါ။ အကျဉ်းသားတွေဆို ထောင်ပြင်ပက အသံဗလံတွေ ကို နေ့စဉ်ရက်ဆက် ၃ ရက်လောက်ကို ကျယ်ကျယ်လောင်လောင်နဲ့ ကြားနေရတာ။ သူတို့တွေထဲမှာ သူများ အကျိုးဆောင်လို့ ကိုယ့်အကျိုး အမှောင်ကျနေသူတွေ ရှိပါတယ်။ ဖြေသာနိုင်သမျှနဲ့ ဖြေနေရတဲ့ ကာလပါ။ အ လွမ်းတွေနဲ့ နှစ်သိမ့်နေရတာပါ။
မွေးရပ်မြေ သင်္ကြန်နဲ့ အလှမ်းဝေးနေသူတွေ အဖို့လည်း သင်္ကြန်အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားနိုင်မှာ တော့ မဟုတ်ပါဘူး။ အမိမြေကို အစားထိုး အလွမ်းဖြေနေရတဲ့ အခါမျိုးပါ။ အကျဉ်းသားတွေလိုပဲ ကိုယ့်တိုင်း နိုင်ငံရင်းက သင်္ကြန်ရဲ့ အရိပ်အငွေ့တွေကို မှန်းဆတွေးရော်ရင်း နေရတာပါ။ အလွမ်းတွေနဲ့ပဲ နှစ်သိမ့်နေရ တာပါပဲ။
ဒါ့အပြင် ကုမရတဲ့ ဝေဒနာသည်တွေ၊ ကုန်းကောက်စရာမရှိသူတွေ၊ ကျောင်းပျောက်နေသူတွေ၊ မိဘမဲ့ကလေး တွေ၊ အမေ့အိမ်ကို ပြန်ချင်တိုင်း ပြန်မရသူတွေ၊ နေရပ်မဲ့နေသူတွေ၊ လူမျိုးဘာသာ ခွဲခြားခံရသူတွေ၊ ဒီလူတွေ ကရော ဟောဒီမဟာသင်္ကြန်မှာ ပျော်နိုင်မှာမို့လား။ ရင်ဘတ်မဲ့ ဟာလာလင်းလင်းပြင်ကနေ အတာသင်္ကြန်ကြီး ကို သူတစိမ်းလို စိမ်းစိမ်းကားကား ကြည့်နေမလားလို့ အတွေးရောက်ရပြန်တယ်။ ဒီရာသီခွင်မှာ ရင်ဘတ်ထဲ က အကျိတ်အခဲတွေက အတုံးလိုက် အတစ်လိုက် ပေါ်လာတတ်ပြန်တယ်။
တကယ့်ကို ရာသီခွင် အကျိတ်အခဲပါပဲ။
ရဲရင့်အောင် (နယူးဒေလီ)
Saturday, April 11, 2009
ရာသီခွင် အကျိတ်အခဲ
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:10 PM
0
comments
Labels: ဆောင်းပါး
ညွန့်ပေါင်းအစိုးရနဲ့ ရက်ပေါင်းတရာ့နှစ်ဆယ် (ဆလိုင်းကိုကိုဦး)
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:13 PM
5
comments
Labels: ဆောင်းပါး
Friday, April 10, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၀-၄-၀၉)
- အန်အယ်လ်ဒီ ပြည်နယ်နှင့်တိုင်းအစည်းအဝေး ဧပြီလကုန်မှာ ကျင်းပမည် click
- အန်အယ်လ်ဒီဗဟိုနှင့် ပြည်နယ်-တိုင်းစည်းဝင်များ ဆွေးနွေးမည် click
- လယ်သမားမိသားစု ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် click
- စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူမယူ ကရင်နီတပ်ဖွဲ့ကို ထိုင်းစစ်တပ် မေးမြန်း click
- မုန်တိုင်းကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများကို အထူးတရားရုံးက စီရင်ချက်ချ click
- မုန်တိုင်းသင့်ရုပ်အလောင်းများ သင်္ဂြိုဟ်သူများ ထောင်ဒဏ်ကျခံရ click
- အန်အယ်လ်ဒီ အင်္ဂါဆုတောင်းအဖွဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့ကူညီ click
- မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူရေး လောလောဆယ် ဂျပန် ကျင့်သုံးဖို့မရှိ click
- လွဲမှားစွာ တရားစီရင်ပုံ လူ့အခွင့်အရေးကော်မရှင် ထောက်ပြ click
- ကျန်းမာရေးမကောင်းသော နိုင်ငံရေးအကျဉ်းသား ဆေးကုသခွင့်မရ click
- မြစ်ကြီးနားထောင်ရောက် ဇာဂနာနှင့် တွေ့ခွင့်မရဘဲ ငွေလိမ်ခံရ click
- စစ်အစိုးရ၏ စွပ်စွဲချက် ရှေ့နောက်မညီကြောင်း ဝေဖန် click
- ဆေးဝါးခက်ခဲ၍ အဆုတ်ရောဂါဆေးယဉ်သူ အများအပြားရှိနေ click
- ထိုင်းဆန္ဒပြသမားတွေ အာဆီယံထိပ်သီးစည်းဝေးပွဲ လုံခြုံရေးလိုင်းကို ကျော်လွန်ဝင်ရောက် click
- အရေးပေါ်ရန်ပုံငွေ ထည့်ဝင်ရေး အာဆီယံ သဘောတူ click
- ထိုင်းနိုင်ငံလုပ် တရားမဝင် တင်သွင်းဆေးများ သတိပေးခံရ click
- သင်္ကြန်မှာ ငွေရှိမှ ပျော်နိုင်မှာလား (ဆွေးနွေးခန်း) click
- မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေး ရှေ့နေဦးကြည်ဝင်း ၀န်ကြီးချုပ်ထံ စာတင်မည် click
- အလဲဗင်းမီဒီယာ၊ စာပေစိစစ်ရေးနဲ့ မီဒီယာလွတ်လပ်ခွင့် - ဘာလဲ ဘယ်လဲ (သတင်းဆောင်းပါး) click
- လူထုဒေါ်အမာကွယ်လွန်ခြင်း တနှစ်ပြည့်အခမ်းအနား မန္တလေးမှာ ကျင်းပ click
- လျှပ်စစ်အရာရှိလုပ်ရပ်ကြောင့် မြို့ခံများ မကျေမနပ်ဖြစ်နေရ click
- ကျနော်မရေးနိုင်ခဲ့တဲ့ ကိစ္စတရပ် (ဆောင်းပါး) click
- ဟစ်ပ်ဟော့ဖြင့် ရိုးရာကို မြှင့်တင်မည် click
- သင်္ကြန်ကား အငှားမသွက် click
- နှစ်သစ်ကူး အမှတ်တရစကားများ click
- သောကြာစကားဝိုင်း (ဧပြီ ၁၀၊ ၂၀၀၉) click
- ဧရာဝတီ သင်္ကြန်အထူးအစီအစဉ် click
- တရုတ်ကျောင်းများ သင်္ကြန် အားလပ်ရက် ၇ ရက် ပိတ် click
- ယူနက်စကို သတင်းလွတ်လပ်ခွင့်ဆု သီရိလင်္ကာသတင်းစာဆရာ ရရှိ click
- Foreign ministers meet ahead of the 14th ASEAN summit click
- Myanmar PM leaves for ASEAN summits in Thailand click
- Holiday gives Myanmar chance to let off steam, AS click
- ရုပ်သေးအရပ်သား အစိုးရသစ်အတွက် အရာရှိမွေးဖို့ စစ်အစိုးရ ကြိုးပမ်းနေ click- သင်္ကြန်ရက်နီး ရန်ကုန်မှာ ခရီးသွားလာရေးပိုခက် click
- ဘန်ကောက်မြို့လယ် ပို့ဆောင်ရေးပြတ်တောက် Victory Monument အ၀ိုင်းကို ဆန္ဒပြသူတွေ စီး click
- ပဲလိမ်ကုန်သည်ပိုင်ပစ္စည်းများ လျှို့ဝှက်လေလံပွဲကျင်းပ click
- မန္တလေးရတနာပုံသက်တမ်း နှစ် ၁၅၀ ပြည့် click
- ကြပ်ပြေးနေပြည်တော် အမြန်လမ်းရဲ့နိဒါန်း၊ ဇာတ်လမ်းမှတ်တမ်းတင် စမ်း click
- လျှပ်စစ်အရာရှိလုပ်ရပ်ကြောင့် မြို့ခံများ မကျေမနပ်ဖြစ်နေရ click
- အင်အားစုအားလုံး ဆွေးနွေးရေး NDF က တောင်းဆို click
- ရွှေဖီချိန်မို့ ချစ်၍ခေါ်ရာ မလိုက်နိုင် (ဆောင်းပါး) click
- အလုပ်သမားများ ရပိုင်ခွင့်တောင်းဆို click
- တောင်ငူကားတိုက်မှုတွင် လူ ၇ ဦး ပွဲချင်းပြီးသေဆုံး click
- တားဂက်တက် သင်္ကြန်စာ (ထွေရာလေးပါး) click
- ဘယ်သူနိုင်သလဲ (ဆောင်းပါး) click
- အဝေးရောက် သင်္ကြန် (ဆောင်းပါး) click
- ဒါရိုက်တာမောင်တင်ဦးရဲ့ သင်္ကြန်ခံစားမှု (အင်တာဗျူး) click
- မီဒီယာသစ်၊ နည်းပညာ အကန့်အသတ်နှင့် ပြည်တွင်းမီဒီယာ click
- ဒီကေဘီအေနှင့် စစ်အစိုးရပူးပေါင်းတပ် ကေအဲန်ယူအား ဆက်လက်ထိုးစစ်ဆင် click
- သျှမ်းပြည်အနှံ့ လောင်းကစားဝိုင်းများဖွင့် - ဒေခံအာဏာပိုင်များ အပြိုင်ဘော်ချက် click
- ဌာနဆိုင်ရာမှ ရခိုင်အမျိုးသမီးဝန်ထမ်းများ ရခိုင်ရိုးရာသင်္ကြန်တွင် ပါဝင်ဆင်နွှဲခွင့်မရ click
- ဗမာမိသားစု ၁၅၀ စံပြကျေးရွာများတွင် နေထိုင်ရန်အတွက် မောင်တောသို့ရောက်ရှိ click
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:16 PM
0
comments
Labels: သတင်း
Thursday, April 9, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၉-၄-၀၉)
- အင်ဒိုနီးရှားရွေးကောက်ပွဲ သမ္မတဆူဆီလိုပါတီ ရှေ့ကပြေး click
- တရုတ်စီးပွားရေးချဲ့ထွင်မှုကြောင့် နယ်စပ်ဒေသ ပတ်ဝန်းကျင် ပြုန်းတီး click
- လေ့လာသိကောင်းစရာ ထိုင်းနိုင်ငံရေး (မျက်မှောက်ရေးရာ) click
- ဂျီ ၂၀ အုပ်စု ထိပ်သီးညီလာခံ click
- မြန်မာ့စီးပွားရေး ၂၀၀၉ ခုနှစ်မှာ အားနည်းမယ် click
- အစာလမ်းကြောင်းက ပိုးမွှားများနဲ့ မိခင်ခံတွင်းသန့်ရှင်းရေး click
- ကေအန်ယူကို တဘက်က ဆွေးနွေးပြီး တဘက်က တိုက်ခိုက်နေ click
- မန်းဝင်းမောင် အတ္ထုပတ္တိ - အပိုင်း ၁၃ click
- ပိတောက်ပွင့်ချိန် မဲဆောက်သို့ ကင်ဒိုဓားများ လက်ဆောင် (ကဗျာ) click
- မီသိန်းဓာတ်ငွေ့မှ လျှပ်စစ်မီးထုတ်ရန် စီစဉ်နေ click
- စောနေစိုးမြ ခွဲထွက်ခြင်းသည် ပုဂ္ဂလိကကိစ္စဟု လေ့လာသူ ပြောဆို click
- အန်စီဂျီ၏ တီမောခရီးစဉ်နှင့် ကြားကာလစီမံချက် click
- ဝ တပ်ဖွဲ့ အနှစ် ၂ဝ ပြည့်ပြီ click
- ဓာတ်ဆီဆိုင်မီးလောင်ပြီးနောက် ဆိုင်ပိုင်ရှင် ထွက်ပြေးတိမ်းရှောင် click
- Infiltration through Mizoram frontier click
- Abducted girl back home, thanks to Umno Youth click
- Myanmar click
- Burma: Fears for Safety of Five Union Delegates Arrested by Junta click
- ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး အယူခံ ထပ်မံတောင်းဆိုမည် click
- မန္တလေးတွင် မဏ္ဍပ်အရေအတွက် ယမန်နှစ်ကထက် လျော့နည်း click
- မြန်မာ့အရေး ကိုယ်စားလှယ်အဖွဲ့ဖွဲ့ရန် အမေရိကန်အမတ်များ တောင်းဆို click
- ရာဘာစိုက်ပျိုးရေးကြောင့် ဒေသခံများ ဒုက္ခရောက် click
- ကရင့်အမျိုးသားလွတ်မြောက်ရေးခရီးနှင့် ... စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေး လုပ်သူ အပိုင်း (၁) (ဆောင်းပါး) click
- ဆန္ဒပြပွဲသတင်းယူစဉ် လုံခြုံရေးသတိပြုရန် ထိုင်းမီဒီယာသတိပေး click
- အကြွေးတင် ပဲကုန်သည် ၅ ဦးပိုင် ပစ္စည်းများ လေလံတင် click
- အမေရိကန်သင်္ဘော ပင်လယ်ဓားမြလက်က ပြန်ရ click
- အာဆီယံဆွေးနွေးပွဲ ကုန်သွယ်ရေးဦးစားပေးဖို့ တရုတ်တိုက်တွန်း click
- အင်ဒိုနီးရှားလွှတ်တော် ရွေးကောက်ပွဲကျင်းပ click
- ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ click
- မြန်မာနှစ်ကူးမှာ ရွှေတိဂုံစေတီတော်ကြီး ရွှေသင်္ကန်းကပ်လုပ်ငန်း အရှိန်မြှင့် click
- ရန်ကုန်-ကြပ်ပြေးသွား ခရီးသည်တင်ကား တိမ်းမှောက်၊ ၃ ဦး သေဆုံး click
- မလိုချင်တဲ့ အီးမေးလ်များ၊ ကွန်ဖစ်ကာနှင့် ကွန်ပျူတာဆိုင်ရာသတင်း click
- မောင်စွမ်းရည်ပြောပြတဲ့ တင်မိုးနဲ့ ပညာရေး - အပိုင်း ၃ (ဗွီဒီယိုမှတ်တမ်း) click
- တရုတ်၏ စီးပွားရေးချဲ့ထွင်မှုကြောင့် ရှမ်းအရှေ့ပိုင်းမှပြည်သူများ အခက်တွေ့ click
- တာကာသိန်းပေါင်း တထောင်ကျော်တန် ကံဆိပ်ကျေးရွာ သိမ်တော်ကြီးပြီးစီး click
- မောင်တောမြောက်ပိုင်းတွင် တပ်အင်အားကို တိုးချဲ့ချ click
- ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အသစ် ခန့်အပ် click
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ရခိုင်အမျိုးသားများ ဒက္ကားတွင် ဆွေးနွေး click
- Myanmar's Karen Rebels Seek Peace - State Media click
- Minister defends handling of Myanmar workers click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:57 PM
0
comments
Labels: သတင်း
ပိတောက်စိမ်း
ကယ်လီဖိုးနီးယားရဲ့
ပူနွေးသော နေရောင်အောက်မှာ
ပိတောက်နာကျတဲ့နေ့ကပေါ့။
ရေမပက်တဲ့ အပျိုတွေ
အလိပ်ထဲမှာ မုဆိုးဖိုနဲ့ ညားနေတယ်
မြနန္ဒာနေညိုညိုရစ်ကာသန်းတော့
အလိပ်ထဲမှာ မန်းတောင်ရိပ်ခိုနေတယ်
င၀န်မြစ်ထဲက ရေချိုးပြီးတက်လာတဲ့
ရေစက်လက်နဲ့ နေမ၀င်တံတားကြီးတန်းလမ်းမကြီးပေါ်မှာ
ဂျစ်ကားတစင်းနဲ့ ရေပက်ခံထွက်နေတယ်
သင်္ကြန်မဏ္ဍပ်တွေမှာ
သံချပ်တွေ လိုက်ကြည့်နေတယ်။
ဆူရှီဘားထဲ
အမှတ် (၁) အထကကျောင်းအလံတိုင်မှာ
ခွပ်ဒေါင်းအလံ တလူလူလွှင့်နေတယ်
ကိုရွှေသိမ်းမင်းရဲ့ ‘မင်းရဲ့ချစ်ခြင်းမဲ့လူ’ ၀တ္ထုထဲမှာ
ဆုဝေအတွက် ပိတောက်တွေပွင့်နေတယ်။
ခင်သန်းနုက ရွှေခြေကျင်းတွေနဲ့ ၀င်းပလို့
စန္ဒရားဆရာလေး ကိုငြိမ်းမောင်က
ဆေးပေါ့လိပ်မီးခိုးငွေ့တွေကြားမှာ ဝေရီလို့
ဆူရှီဘားထဲ
၁၀ ကြိမ်မြောက် ‘သင်္ကြန်မိုး’ရုပ်ရှင်ကြည့်နေတယ်။
လောကကို ထိုးပက်ဖို့
သားလက်က ရေပြွတ်ကလေး
ရေစုပ်ပေးနေတယ်
အမေ့ကိုလည်း
တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ပေးနေတယ်။
ဆူရှီဘားထဲ
ပြည်လှဖေက
ကိုယ်တိုင်လှရာရာရွေးလို့ရယ်
ပန်မပေးရ ဆံမြညှာကေနေတယ်
ကယောမလေးက
ဂစ်တာတီးပြီး ကိုယ့်ကို သီချင်းတွေဆိုပြနေတယ်။
ခုလိုနှစ်သစ်ကူးအခါသမယမှာ
ဂျီ-၂၀ အစည်းအဝေးကို
နားစွင့်နေတယ်
မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေကိုလည်း
ပြန်ပြီးစောင့်ကြည့်လေ့လာနေမိတယ်။
ကယ်လီဖိုးနီယားရဲ့ ပူနွေးတဲ့နေရောင်အောက်မှာ
ပိတောက်နာကျတဲ့နေ့ကပေါ့
ဆူရှီဘားထဲ
ဓားတလက်နဲ့ ရေပက်တမ်းကစားရင်း ...။
အတာရေ မစိုမှာစိုးလို့
ရေချိုးခန်းထဲဝင်ပြီး
ကိုယ့်ကိုယ်ကို ရေလောင်းချိုးနေမိတယ်။ ။
သစ်ကောင်းအိမ်
(၈. ဧပရယ်လ. ၂၀၀၉)
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:17 PM
1 comments
Labels: ကဗျာ
Wednesday, April 8, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၈-၄-၀၉)
- ရာထူးက နှုတ်ထွက်ဖို့ ဆန္ဒပြတောင်းဆိုမှု ထိုင်းဝန်ကြီးချုပ် ငြင်းဆန် click
- ဒိန်းမတ်ကုန်သင်္ဘော ဆိုမာလီပင်လယ်ပြင်မှာ ပြန်ပေးဆွဲခံရ click
- မုန်တိုင်းသင့် ပြည်သူအတွက် အမေရိကန် ဆန်လှူ (ဗွီဒီယိုသတင်း) click
- ဘန်ကောက် အိုင်စီဖျော်ဖြေပွဲ မြန်မာတွေ အဖမ်းခံရ (ဗွီဒီယိုသတင်း) click
- အန်အယ်လ်ဒီလူငယ်ဖွဲ့စည်းရေး အဆက်မပြတ် လုပ်ဆောင်နေ click
- ထိုင်းအရာရှိများနှင့် ကရင်ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံမှု ထုတ်ဖော်ပြောဆို click
- ကရင်နီလက်နက်ကိုက်တပ်ဖွဲ့ကို ထိုင်းစစ်တပ်က ဖိအားပေး click
- အဓမ္မအလုပ်စေခိုင်းရာ မလိုက်လျှင် ဒဏ်ငွေတပ် click
- ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်သစ် ခန့်အပ် click
- ဒုက္ခသည်ယောင်ဆောင်သူက ဒုက္ခသည်တွေဆီ ရေးတဲ့စာ click
- အကျဉ်းစံလူထုခေါင်းဆောင်ရဲ့ အနာဂတ်အလင်းသစ် (ကဗျာ) click
- ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၇၁) - ပိတောက်ရိပ်ဝယ် (အသံလွှင့်ဆောင်းပါး) click
- သင်္ကြန်ကာလအတွက် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့လမ်းမတွင် အတားအဆီးများ တိုးမြှင့် click
- အဖွဲ့ဝင်များကို ဖမ်းဆီးသည့်အပေါ် FTUB က ရှုတ်ချ click
- ဂျပန်ရှိ မင်္ဂလာဒိုးအဖွဲ့၏ သင်္ကြန်သံချပ်များ ဖြန့်ချိ click
- ထိုက်သင့်ပြစ်ဒဏ် မဟုတ်သဖြင့် ဘလော့ဂါ ၂ ဦးကို လွှတ်ပေးရန် RSF တောင်းဆို click
- ရခိုင်အောင်လံတော်လွှင့်တင်ပွဲနှင့် အမျိုးသားသီချင်းဖွင့်ပွဲအခမ်းအနား ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ကျင်းပ click
- မြန်မာဘက်က ၀င်ရောက်ပစ်ခတ်မူကြောင့် ဘင်္ဂလီငါးဖမ်းသမား တဦးသေ ၂ ဦးဒဏ်ရာရ click
- ခေါင်းဆောင်နှစ်ဦး စတင်ဆွေးနွေးသင့်ဟု အန်အယ်လ်ဒီ ပြောဆို click
- ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရန် ပထမအဆင့်လိုအပ်ဟု ကေအန်ယူတောင်းဆို click
- ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို ကေအင်ယူလက်ခံ click
- ထိုင်းအစိုးရကို ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်စွပ်စွဲ၊ ကရင်ကလေးသူငယ်များကို စစ်သင်တန်းပေးဟု ပြော click
- ကရင်အမျိုးသားချင်း တိုက်ပွဲဖြစ်နေမှု SSA ခေါင်းဆောင် ၀မ်းနည်းမိကြောင်းပြော click
- ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် အနှစ် ၂၀ ပြည့်အခမ်းအနား ကျင်းပရက်နီး click
- ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ကျော်ဝင်းသမီး ရန်ကုန်မှာ အသတ်ခံရ click
- ရန်ကုန်-နေပြည်တော်သွား ကား ၁ စီး မှောက်၊ ၃ ဦး သေဆုံး click
- လှိုင်သာယာ Daiko Myanmar အအေးခန်းစက်ရုံ လုပ်ငန်းများရပ်ဆိုင်း (သတင်းဆောင်းပါး) click
- အစိုးရဖြုတ်ချရေး ဘန်ကောက်ဆန္ဒပြပွဲကြီး ခေတ်ပြိုင်သတင်းဘလော့ click
- လယ်သမားများ အကြွေးမဆပ်နိုင်သဖြင့် လယ်မြေနှင့် ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းခံရ click
- နာဂစ်ပန်းပုပွဲ ရန်ကုန်တွင်ပြုလုပ် click
- တတိယအင်အားစုနှင့် မြန်မာ့နိုင်ငံရေး (ဆောင်းပါး) click
- သိကြားမင်းနဲ့ တိုင်ပြောလိုက်မယ် (ထွေရာလေးပါး) click
- စစ်တပ်ကရိုက်သဖြင့် အတွင်းလူနာအဖြစ် ဆေးရုံတက်ရ click
- နောက်တခါ လာပြန်ပြီလား (မဇ္ဈိမအယ်ဒီတာ့အာဘော်) click
- ထိုင်းဆန္ဒပြမှု အရှိန်မြှင့်လာ click
- ထိုင်းဝန်ကြီးချုပ် တိုက်ခိုက်ခံရ၊ ဆန္ဒပြမှုများ ပိုမိုဆိုးရွားလာဖွယ်ရှိ click
- လော့စ်အိန်ဂျလိစ်မှာ သင်္ကြန်ပွဲအတွက် ပြင်ဆင်နေကြ click
- အစ္စရေးလ်က ဒုံးကျည်ကာကွယ်ရေးစနစ် စမ်းသပ် click
- လူ့အခွင့်အရေးလိုက်နာမှ တိုင်းပြည်အကျိုးရှိနိုင်ကြောင်း ၈၈ မျိုးဆက်များက စစ်အစိုးရကိုပြော click
- တော်လှန်ရေးအင်အားစုများရဲ့ ၁၂ ကြိမ်မြောက် မဟာဗျူဟာညှိနှိုင်းဆွေးနွေးပွဲ ပြီးစီး click
- အိန္ဒိယက မြန်မာ၌ ထရပ်ကားစက်ရုံ တည်ဆောက်မည် click
- စံပြကျေးရွာများတွင် အခြေချနေထိုင်မည့် ဗမာပြည်မှ မိသားစုများ စစ်တွေသို့ ရောက်ရှိ click
- 20 pilgrims die in bus accident click
- Tata Motors to establish manufacturing facility in Myanmar click
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:11 PM
0
comments
Labels: သတင်း
လူထုအမေ ဒေါ်အမာ (အင်တာနက်ပေါ်မှ စုစည်းချက်များ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:01 PM
0
comments
Labels: မှတ်စု
မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၄-၀၉)
- လူထုဒေါ်အမာကွယ်လွန်ခြင်း တနှစ်ပြည့်အထိမ်းအမှတ် ပြုလုပ် click
- လူထုဒေါ်အမာ ကွယ်လွန်ခြင်း တနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ click
- လူထုဒေါ်အမာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် သီလရှင်အပါးလေးရာအား သကျသီဟဘုရားတွင် ဆွမ်းကျွေး click
- သမ္မတ အိုဘားမား အီရတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ click
- Burma VJ မှတ်တမ်းတင်ဗွီဒီယို အမေရိကန်ရုပ်ရှင်ပွဲတော်မှာ ဆု ၃ ဆု ရရှိ click
- စစ်အစိုးရပေါ် စီးပွားရေးပြစ်ဒဏ်များ ရုတ်သိမ်းပေးရေး သတင်းစာရှင်းလင်းပွဲပြုလုပ် click
- ကရင်အဆင့်မြင့်ကိုယ်စားလှယ်နှင့် ထိုင်းနိုင်ငံခြားရေးအရာရှိများ တွေ့ဆုံ click
- လမ်းတံတားကြေး များပြား၍ ကားသမားများ အခက်တွေ့ click
- အဆိပ်သင့် တိုင်းရင်းဆေးများကို စစ်အစိုးရက ပိတ်ပင်သော်လည်း ဆက်လက်ရောင်းချ click
- ပီရူးသမ္မတဟောင်း ဖူဂျီမိုရီ ထောင်ဒဏ်နှစ်ရှည်ကျ click
- ထိုင်းအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး ဆွေးနွေး click
- သင်္ကြန်မှာ သံချပ်မလိုဘူးလား (ဆွေးနွေးခန်း) click
- Missing teenager in safe hands click
- ADRA Mourns Death of Colleague in Myanmar click
- Tata Motors to set up CV plant in Myanmar click
- Senior CPC official returns home after four-nation visits click
- Arsenic found in 2 traditional Myanmar medicines, AS click
- Myanmar PM to attend ASEAN summits with other regional countries click
- Militant killed in Manipur click
- Human trafficking click
- Cops pick up 14 ‘China dolls’ in raid click
- HIFF adds showing of controversial "Burma VJ" click
- မြစ်ကြီးနားထောင်မှ လူရွှင်တော်ဇာဂနာ ထောင်ဝင်စာ ငြင်းပယ်ခံရ click
- ကော့သောင်းမြို့၌ လူမှောင်ခိုပွဲစားများ ဘုန်းကြီးကျောင်းတချို့နှင့် ပြဿနာဖြစ် click
- သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းနှင့် ကားများ အသိမ်းခံရ click
- ဆယ်တန်းစာမေးပွဲအဖြေလွှာများ စတင်ဖျက်နေ၊ ဇွန်တွင် အောင်စာရင်း ထွက်ပေးနိုင်သည်ဟုသိရ click
- တပ်ဆင်၏ နောက်ဆုံးတိုက်ပွဲ ထိုင်းနိုင်ငံရေးကို ပြောင်းလဲနိုင်ပါ့မလား (သတင်းသုံးသပ်ချက်) click
- မဟာသင်္ကြန် ရေသဘင်ပွဲတော် (ဆောင်းပါး) click
- ကုမ္ပဏီပိုင်လယ်များ ရေရရန် ဆည်ဖောက်ချသဖြင့် အနိမ့်ပိုင်းလယ်များနှင့် ကျေးရွာများ ရေနစ်မြုပ်နေ click
- လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်သူကို စစ်တပ်က ပေါ်တာခေါ် click
- ယခုနှစ်သင်္ကြန်စာ အဓိပ္ပာယ်နှစ်ခွ ဖော်ပြ click
- လူ့အခွင့်အရေးလေးစားရန် ၈၈ အဖွဲ့ တောင်းဆို click
- အန္တရာယ်ရှိသော သူငယ်နာဆေးများကို နယ်ဘက်တွင် ဆက်လက်သုံးစွဲနေ click
- လူကြမ်းတွေ နားရင် ကြိုက်လား click
- အာဆီယံဆက်စပ်အစည်းအဝေး မြန်မာဝန်ကြီးချုပ် တက်ရောက်မည် click
- ပျောက်ဆုံးသူ ၁၂ နှစ်အရွယ် သီလရှင်လေး ပြန်တွေ့ပြီ click
- ဖိုးလပြည့် သင်္ကြန်မဏ္ဍပ်များ ရောင်းချနေ click
- အတိုက်အခံတပ်ပေါင်းစုကြီး ဖွဲ့စည်းမည် click
- သမ္မတ အိုဘားမား မကြေညာဘဲ အီရတ်ရောက် click
- မုန်တိုင်းသင့်ပြည်သူအတွက် အမေရိကန်ဆန်လှူ click
- ထိုင်းဆန္ဒပြသူတွေ ၀န်ကြီးချုပ်အဘီဆစ်ကားကို တိုက်ခိုက် click
- ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကေအန်ယူခေါင်းဆောင်တွေနဲ့တွေ့ click
- ၂၀၁၀ ရွေးကောက်ပွဲအကြို ဂီတသမားတွေကို စည်းရုံး click
- အီတလီငလျင် အသက်မသေ ကျန်ရစ်သူတွေကို ရှာဖွေနေဆဲ click
- သမ္မတအိုဘားမား မွတ်စလင်ကမ္ဘာနှင့် အမေရိကန်ဆက်ဆံရေး ပြန်ကောင်းမွန်စေလို click
- ထိုင်းအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး ဆွေးနွေး click
- အီတလီငလျင်မှာ သေဆုံးသူ ၁၅၀ ကျော်ပြီ click
- မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၅ ဦး အဖမ်းခံရ click
- မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုဆန့်ကျင်ရေးအဖွဲ့ ကြေညာချက်ထုတ် click
- ရှမ်းခေါင်းဆောင် ခွန်ထွန်ဦး ကျန်းမာရေးအခြေအနေ ဆိုးလာ click
- သင်္ကြန်ပျော်ချင်သူများ အခုကတည်းက ကြိုတင်ပြင်ဆင်နေ click
- မကွေးမြို့တွင် ၀မ်းရောဂါကြောင့် သေဆုံးသူတချို့ရှိ click
- ကေအန်ယူနှင့် နအဖစစ်တပ် တိုက်ပွဲဖြစ်နေ click
- တော်လှန်ရေးအင်အားစုများ၏ ၁၂ ကြိမ်မြောက် မဟာဗျူဟာဆွေးနွေးပွဲပြီးစီး click
- ၈၈ ကျောင်းသားခေါင်းဆောင် လေးလွင် (ခ) ကိုလေး ကျန်းမာရေးအခြေအနေ စိုးရိမ်ရ click
- မလေးရှားမှ မြန်မာအမျိုးသမီးနှစ်ဦးကို ဘိန်းဖြူများဖြင့် ဖမ်းမိ click
- မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပြုလုပ်မယ့် နယူးယောက်က ဆန္ဒပြပွဲ click
- မျက်နှာပြောင်းခဲ့သော မိတ်ဆွေများနှင့် စစ်အေးတိုက်ပွဲသင်ခန်းစာများ click
- သျှမ်းဒီချုပ်အား ထောင်ဝင်စာသွားတွေ့ရန် မိသားစုများ အခက်တွေ့ click
- ရေနံတူးဖေါ်ရန်အတွက် စစ်တွေမြို့နယ်မှ ကျေးရွာနှစ်ရွာကို ပြောင်းရွေ့မည် click
- ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ဘင်္ဂလာနယ်စပ် တောင်ပြိုသို့ လျှပ်တပြက်ရောက်ရှိ click
- နယ်စပ်တွင် ဆံပင်ဈေး ပြန်လည်မြင့်တက် click
- ပငနွားပွဲတွင် ထည့်လောင်းငွေများကို အာဏာပိုင်တို့ သိမ်းဆည်းသွား click
- မုဒုံမြို့နယ် ထုံမင်ရွာတွင် မီးလောင်မှုဖြစ်ပွား click
- ဘုရားသုံးဆူ အဝေးပြေးကားလမ်းတွင် ဆိုင်ကယ်လု လူသတ်မှုဖြစ်ပွား click
- မြန်မာစစ်အစိုးရ အာဏာပိုင်တွေက နယ်စပ်မြို့တွင် ပြည်သူ့စစ်သင်တန်းပေး click
The Nation / ဧပြီလ(၇) ရက်၊ ၂၀၀၉

Posted by
ဒေါက်တာလွဏ်းဆွေ
at
12:19 AM
0
comments
Labels: သတင်း
Tuesday, April 7, 2009
အမေလူထုဒေါ်အမာ ကွယ်လွန်ခြင်း တနှစ်ပြည့်အမှတ်တရ
ကဗျာစာအုပ်ကလေးတွေ လုံးချင်းအဖြစ်နှင့် ဟော ... တအုပ်၊ ဟော ... တအုပ် ထွက်လာသည်မှာ စစ်ပြီး ခေတ် မြန်မာစာပေ၏ ကဗျာကဏ္ဍမှ တိုးတက်မှုတရပ် ဖြစ်ပေသည်။
ကဗျာစာအုပ်ကလေးများသည် အချို့လည်း နှစ်လိုဖွယ်ကောင်းသည်။ အချို့လည်း ရွက်ကြမ်းရေကြိုမျှ ရှိ သည်။ အချို့လည်း အဆင့်အတန်း မမြင့်လှ။ သို့သော် အဆင့်မြင့်သည့် ကဗျာစာအုပ်သည် ကျန်ရစ်မည်ဖြစ် ပြီး၊ အဆင့်မမြင့်သည့် ကဗျာများသည် ကာလကြာသည့်အခါ တိမ်မြုပ်သွားပေလိမ့်မည်။ ဤသည်မှာ ဓမ္မတာ ဖြစ်သည်။ အဆင့်မြင့်သည့် ကဗျာများမူ ဤကဗျာများကိုပင် အသစ်ကို လက်ခံသည့် ငယ်ရွယ်သူတို့က ရွတ် ဖတ်ကြလိမ့်မည်။ ကျက်မှတ်ကြလိမ့်မည်။ ဤကဗျာတို့ကို အခြေပြု၍ ဤကဗျာတို့ထက် ကောင်းနိုးရာရာ အ သစ်အသစ်သော ကဗျာတို့ကို အနာဂတ်တွင် ရေးစပ်ကြပေလိမ့်မည်။ သက္ကရာဇ် ၁၉၃၀ နှင့် ၄၀ အကြားတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာပေဥယျာဉ်ကြီးအတွင်းမှ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်သန့်စင်၊ မောင်သုတ၊ ကုသ၊ သိပ္ပံမောင်ဝ စသော ခေတ်စမ်းစာပေ၊ ခေတ်စမ်းကဗျာ ဆရာများ ပွင့်ဖူးခဲ့သည်။ ထိုအပွင့်အဖူးတို့က ကျသည့် မျိုးဖြင့် လူ့တဆက်အကွာ ၁၉၅၀ ခုနှစ်နှင့် ၁၉၆၀ ခုနှစ်အကြားတွင် မန္တလေးတက္ကသိုလ် မြန်မာစာပေဥယျာဉ် အတွင်းမှလည်း တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ မောင်သိင်္ဂါ စသော ခေတ်စမ်းကဗျာသမားကလေးများ ပွင့်ဖူးလာကြသည်။
ဤလူငယ်ကလေးများသည် ဇော်ဂျီ၊ မင်းသုဝဏ်တို့က ပေးသည့် ဖွဲ့ဟန်ကို ကိုင်စွဲလာကြသော်လည်း ဇော်ဂျီ တို့ မင်းသုဝဏ်တို့ထက် သူတို့က ပို၍တွေးရဲလာကြသည်။ သူတို့အတွေးအခေါ်နှင့် သူတို့အဘိဓမ္မာသည် သူ တို့ဆရာများထက် တိုးတက်လာကြလေသည်။ ဤသို့ ဖြစ်ရခြင်းမှာ ခေတ်၏ ခြားနားခြင်းကြောင့် ဖြစ်သည်။ ခေတ်စမ်းကဗျာပေါ်စခေတ်က မြန်မာနိုင်ငံတွင် နဂါးနီစာအုပ်တိုက် မပေါ်သေး။ ထို့ကြောင့် ဆရာကြီးသခင် ကိုယ်တော်မှိုင်းကို လေးစားမြတ်နိုး၍ ဆရာကြီး၏ နိုင်ငံရေးသြဇာညောင်းသော ဇော်ဂျီနှင့် မင်းသုဝဏ်တို့က "အို ... မြန်မာတို့" ဟူသော ကဗျာမျိုး၊ "သပြေညို" ကဗျာမျိုးကိုသာ ရေးကြသည်။ မြန်မာနိုင်ငံတွင် ကွန်မြူနစ် ပါတီ စတင်တည်ထောင်သည်မှာ ၁၉၄၁ ခုနှစ်ကမှ ဖြစ်သည်။ ထို့ကြောင့် ခေတ်စမ်းကဗျာခေတ်တွင် တိုးတက် သော အတွေးအခေါ်သစ်များက မြန်မာလူငယ်ပညာတတ်တို့ ဦးခေါင်းတွင်းသို့ ချဉ်းနင်းဝင်ရောက်မှုက နည်း ပါးပေသေးသည်။ ဇော်ဂျီ၏ ၁၉၃၅ ခုနှစ်က အိုးဝေမဂ္ဂဇင်းပါ ကဗျာတပုဒ်မှာ ...
အို ... မြန်မာတို့ အမည်ဖြင့် ...
"ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာပြေကား
စေတီဘုရား၊ များလည်းများ၏။
များပါလေလဲ ...
တမွဲမွဲနှင့်၊ ဆင်းရဲစိတ်မှာ
ကာလကြာလျှင် ...
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက် ...
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိလိမ့်တကား။
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာပြေကား
ရေချိုးသောက်ရန်၊ မြစ်ကြီးကန်နှင့်
သီးနှံစပါး၊ များလည်းများ၏
များပါလေလဲ ...
တမွဲမွဲနှင့်၊ ဆင်းရဲစိတ်မှာ
ကာလကြာလျှင် ...
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်လိမ့်တကား။
ထလော့မြန်မာ၊ မြန်မာထလော့
အားမပြော့နှင့်
မလျှော့လုံ့လ၊ ဉာဏ်ရောင်ပြ၍
၀၀စားရန်၊ ဆွမ်းတင်ရန်ဟု
ကြံပါကုန်ကြ၊ ကြံကုန်ကြလော့
သူကအစ၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်နိုင်စေ၊ စွမ်းကြစေလော့
ဤပြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤစာစကား၊ ဘယ်သူ့စကားလဲ
ထားလော့တာဝန်၊ ပြွန်လော့လုပ်ငန်း
ဉာဏ်ရွှင်လန်း၍
တ၀မ်းတစိတ် ညီစေတကား။ ။"
ဟူ၍ ရေးစပ်ခဲ့သည်။
မင်းသုဝဏ်က ၁၉၃၈ ခုနှစ်၌ သပြေညို အမည်ဖြင့် ...
"သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညိုရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုကအသွေး။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။"
ဟူ၍ ရေးစပ်ထားပေသည်။
ထိုကာလမှ အနှစ် ၂၀ ကြာ၍ လူ့တဆက်သို့အကူး စစ်ပြီးခေတ်တွင်ကား လွတ်လပ်ရေးမျှနှင့် ပြည်သူက မ တင်းတိမ်တော့၊ ဆိုရှယ်လစ်ဗမာနိုင်ငံ ထူထောင်ရေးအထိ တောင်းဆိုလာသည်။ နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင် ရေး၊ အမျိုးသားလွတ်လပ်ရေး၊ ငြိမ်းချမ်းရေးလှိုင်းတံပိုးကြီးက ဗမာပြည်တနံတလျားလုံး ကြီးမားစွာ ရိုက်ခတ် ၍နေသည်။ ဤလှိုင်းတံပိုးကြားတွင် လူဖြစ်လာသည့် လူငယ်များအနက် မန္တလေးတက္ကသိုလ်မှ ဖူးပွင့်လာသည့် တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်ဟူသော ကဗျာဆရာလူငယ် ၃ ဦးသည်၊ သူများထက် ရဲရဲတွေးပြီး ရဲရဲရေး လာကြသည်။
ကဗျာတပုဒ်ဟူ၍ ဖြစ်ပေါ်လာရာ၌ (၁) စာဆိုသူ ဖြတ်သန်းကြီးပြင်းလာခဲ့ရသည့် ဘ၀ခရီးတာ၊ (၂) စာဆိုသူ ခံ ယူသည့် ဘ၀အဘိဓမ္မာနှင့် ဦးတည်ရည်မှန်းချက် သို့မဟုတ် ဘ၀နှင့်ပတ်သက်သော သူ့ယုံကြည်ချက်၊ (၃) စာ ဆိုသူ လက်လှမ်းမီသည့် အသိအမြင်ဗဟုသုတနှင့် ဝေါဟာရတို့အပေါ်တွင် အခြေခံလျက် ကဗျာသည် ပေါက် ဖွားသည့်သဘော ရှိပါသည်။ ထို့ကြောင့်လည်း တဆရာတည်း သင်ကြ၊ တကျောင်းတည်း ထွက်လင့်ကစား တယောက်နှင့်တယောက် မတူညီသော ကဗျာများကို သီကုံးနိုင်ကြခြင်း ဖြစ်ပါလိမ့်မည်။
မောင်ကြည်အောင်သည် တိုးတက်သော အဘိဓမ္မာကို လက်ခံပုံရ၍ တနေ့သောအခါ လူနှင့်လူချင်း သွေးစုပ်မှု ကင်းသော လောကသို့ ဦးတည်ရည်မှန်းဟန်ရှိသည်။ ထို့ပြင် သူ့အနေနှင့် သူဖြတ်သန်းခဲ့ရသည့် ဘ၀ခရီးသည် ပန်းခင်းလမ်းချည်း ဟုတ်ဟန်မတူ။ မြွေတံတား၊ ကျားခလုတ်၊ သစ်ငုတ်သင်ဖြူး၊ ဆူးမွေ့ရာချည့် မဟုတ်လင့်က စား အများစုသော ပညာတတ်လူတန်းစားတို့ ဖြတ်သန်းကြီးပြင်းခဲ့ရသလို သာတောင့်သာယာများက များလှ ဟန်မရှိ။ ဤခံယူချက်၊ ဤအတွေ့အကြုံများဖြင့် သူသည် ဤကဗျာကလေးများကို ရေးစပ်ထားပုံရသည်။ ဖော် ပြပါ ခုနှစ်သက္ကရာဇ်တို့ကို ထောက်ခြင်းအားဖြင့် သူ့ကဗျာသက်တမ်းသည် ဘာမျှလည်း မကြာလှသေး၊ ၇ နှစ် မျှသာ ရှိပေသေးသည်။
မောင်ကြည်အောင်က အနုပညာသည် အနုပညာအတွက် သက်သက်ဆိုသည်ကို လက်မခံ၊ အလှသည် အလှ သက်သက်ပင်ဖြစ်သည်ဆိုလျှင် ထိုအလှ၌ ဘာတန်းဘိုးရှိသနည်းဟု သူက အောက်မေ့ပုံရသည်။ အလှသည် အကျိုးရှိသောအလှ၊ လူကိုအကျိုးပြုသော၊ ကျေးဇူးပြုသော အလှဖြစ်ရမည်ဟုလည်း ကိုင်ဆွဲထားဟန်ရှိသည်။ သူက သူ့ကဗျာကို လှရုံအတွက် သို့မဟုတ် ကာရန်ပြေရုံအတွက် နားဝင်ပီယံသက်သက်ဖြင့် မဖွဲ့။ သူ့ကဗျာ သည် တိုလိုက တိုပေမည်၊ ရှည်လိုက ရှည်ပေမည်။ သို့သော် ထိုအတိုအရှည်တို့၌ သူ့ယုံကြည်ချက် တကွက်ပါ လေသည်ချည်း တွေ့ရသည်။ သူသည် အကြောင်းအရာမရှိဘဲ စာစီကုံးသူမျိုးမဟုတ်။ သူ့တွင် တစုံတခုသော ပြောစရာ၊ တစုံတခုသော ခံစားချက်၊ တစုံတခုသောအမြင် ရှိလေသည်။ ထိုအရာကို သူက ကာရန်ရှာ၍ ကဗျာ ဖွဲ့ထားသည်။
စာရေးသည်ဖြစ်စေ၊ ကဗျာဖွဲ့သည်ဖြစ်စေ၊ တေးစပ်သည်ဖြစ်စေ မိမိတွင် ပြောစရာရှိမှ ရေးဖွဲ့စပ်သင့်ပါသည်။ ဘာဟူ၍ မည်မည်ရရ ပြောရန်မရှိ၊ မိမိက ဘာယုံကြည်သည်၊ ဘာကိုဦးတည်သည်ဟူ၍ မိမိကိုယ်နှိုက်က မ ပြတ်သားဘဲ စာရေးခြင်း၊ ကဗျာဖွဲ့ခြင်း၊ တေးသီခြင်းပြုလျှင် ပြောင်မြောက်သော စာ ကဗျာတေးများ ထွက်နိုင်ဖို့ မရှိပါ။ နှင်အား မောင်းအားမပါသော စာငုတ်တုတ်များသာ ထွက်ပါလိမ့်မည်။
မောင်ကြည်အောင်သည် သူ့ရင်ထဲ၌ သူပြောချင်သည်ကလေးများ၊ သူခံစားရချက် ကလေးများ ခိုလိုးခုလု ရှိပုံ ရသည်။ ယင်းခိုးလိုးခုလုကလေးများ ရင်တွင်း၌ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသည့်အခါ သူက ကဗျာဖွဲ့သည်။ ကာရန်ရှာသည်။ ဥပမာ သူ့ကဗျာတပုဒ်ဖြစ်သော မုဆိုးကြီး၊ သူတော်စင်၊ နွားကျောင်းသူ ကဗျာ၌ သူတွေးမိ သည့် အချက်တချက်ကို ကဗျာဖတ်သူသို့ သူက လက်ဆင့်ကမ်းလေသည်။
လက်တွင် မြွေဆေးနှင့် မိန်းမပျိုကို မြို့သူအဆင်အပြင်နှင့် မြင်တွေ့လာသောအခါ တောမှမြို့တက်၍ ပျက်ရသူ လုံမငယ်ကို သူက သနားသည်။ လူ့ဒုက္ခိတ ပိုးတုံးလုံးမကို ပွဲပြ၍စားရသည့် ဤလောကကိုလည်း ရက်စက်ပါ ပေ့ဟု သူက ရင်နာသည်။ အရူးမ သားပိုက်ကောင် ဘ၀ရောက်အောင် ပို့ရက်ကြသည်တကားဟုလည်း သူက စက်ဆုပ်သည်။ ထီလက်မှတ် သုံးစောင်မှ အတိတ်ကို ဖတ်ရင်း ယနေ့ လူနေမှုစနစ်ကား ဘ၀လုံခြုံမှုဟူ၍ ဘာ ကမှ မရှိပါတကားဟုလည်း သူက လူမှုရေး စီးပွားရေး သံဝေဂဖြစ်သည်။ သူသည် ဘုရားပွဲကို လည်မည်၊ ဆွမ်းတော်တင်ပွဲတွေကို မြင်မည်၊ သစ်သီးစင်မှ စားချင်စဖွယ်တို့ကို စားချင်ရှာသူ မ၀မလှသော လူတန်းစားကို ကြည့်၍ သနားလေသည်။ သူဌေးကြီးအိမ်က ခွေးသမင်နှင့် သူဌေးကြီး၏ ထမင်းချက်တို့ကိုလည်း သူက ဖြစ်ရ လေခြင်းဟု အောက်မေ့တတ်လေသည်။ အရင်းရှင်လူ့ဘောင်၏ အပ်ချစရာမရှိ ပြည့်နေသော ထိုအနာအဆာ များကို ကြည်အောင်က ကာရန်ကလေးများရှာပြီး ကဗျာတို ကဗျာရှည်ကလေးများနှင့် ဖော်လှစ်သည်။ ကြည် အောင်သည် တဖက်က အရင်းရှင်လူနေမှုစနစ်ကြောင့် ကမောက်ကမ လူ့လောက ဖြစ်နေပုံများကို သတိထား မိသည်နှင့်အတူ မြန်မာ့ရိုးရာ ချစ်စဖွယ်ဓလေ့ကလေးများကိုလည်း အင်းဝသားတဦးအနေနှင့် ဖက်ပွေ့၍ ထား လေသည်။
ကြည်အောင်၏ လာလာလေလိုက်ခဲ့တော့ ကဗျာကို ဖတ်ရသည်မှာ သူနှင့်အတူ တောအပျိုကို မိန်းမခိုးလိုက်ရ သကဲ့သို့ ခံစားရသဖြင့် ပျော်စရာကောင်းလှသည်။ ကြည်အောင်၏ နိဗ္ဗာန်ဈေးမှာကား လင်မရနိုင်သည့် အပျို ကြီးမကို သူ့ဇာတ်လိုက်နှင့်အတူ ရောလျက် မျက်စောင်းထိုးမိလိမ့်မည်။
ထို့အပြင် စလေဆရာကြီး ဦးပုည၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ မြို့မငြိမ်းတို့ကို မြတ်နိုးနှစ်ခြိုက်သောအား ဖြင့် ကြည်အောင်က ဤပုဂ္ဂိုလ်များအပေါ် သူ့လေးစားမှုကို ကဗျာနှင့် ဂုဏ်ပြုဖော်ထုတ်ထားလေသည်။
ကြည်အောင်၏ ကဗျာများတွင် စစ်ဆန့်ကျင်ရေး၊ ညူကလီးယားလက်နက် ပိတ်ပင်ရေးနှင့် ပြည်တွင်းစစ်၏ ဒဏ်ရာဒဏ်ချက်များကို ဖော်ထုတ်သည့် ကဗျာအပုဒ်ပေါင်း အတော်များများ ပါသည်။ ဒုတိယကမ္ဘာစစ်ကြီး၏ မီးလျှံတွင်းဝယ်၊ ရူးသွပ်သွားသော အမေရိကန်လေသူရဲ၊ မမွေးခဲ့သော ကလေးငယ်၊ မပြီးသေးသောစစ်၊ ငြိမ်း ချမ်းရေးသို့ စသည့် ကဗျာများသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တမ်းတစပ်ဆိုသည့် ကဗျာ တွေဖြစ်သည်။ စင်စစ် သူ့ကဗျာစာအုပ်ငယ်သည်၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကလောင်ကဲ့သို့ သူ့ကလောင်ကို နှင်နိုင် ပါစေကြောင်းအတွက် ကလောင်သွေးသည့် စာအုပ်ငယ်ဖြစ်သည်ဟုပင် ဆိုချင်သည်။
သူက ဤကမ္ဘာ၌ နယ်ချဲ့စနစ်၊ လူနှင့်လူချင်း ခေါင်းပုံဖြတ်စနစ်မရှိမှ စစ်ဘေးစစ်ရန်ကင်း၍ ဤကမ္ဘာ ငြိမ်းချမ်း သာယာမည်၊ ကမ္ဘာငြိမ်းချမ်းသာယာမှ မြစ်ချောင်းအင်းအိုင် အသီးသီး၌ လမင်းတရာသာနိုင်မည်၊ လမင်းတရာ သာနိုင်ပါမှ ကဗျာဆရာတို့ ချမ်းမြေ့ရွှင်လန်းစွာ ကဗျာသီကုံးနိုင်ပေလိမ့်မည်ဟု ဆိုလိုသည်။ ထို့ကြောင့် သူ့က ဗျာစုကိုလည်း လမင်းတရာသာစေကြောင်းအတွက် နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ် ရေးနှင့် ငြိမ်းချမ်းဆီသို့ ဦးတည်ပြီး သူခံယူသော အဘိဓမ္မာ၊ သူပွေ့ပိုက်သော ယုံကြည်ချက်များကို သူဖြတ် သန်းခဲ့သည့် ခရီးကြမ်းတို့မှ အတွေ့အကြုံများနှင့် အင်းဝအညာသား၏ ဝေါဟာရဘဏ်မှ ကာရန်ရှာလျက် ဤ ကဗျာစုကို မွေးထုတ်ခြင်း ဖြစ်တန်ရာသည်။
ကြည်အောင် မျှော်မှန်းသည့် လမင်းတရာ သာသည့်ခေတ်ကား ဝေးကွားလှတော့မည်မဟုတ်။ ကြည်အောင် ဖွဲ့ဆိုသည့် ဗီယက်နမ်ပြည်သူများ ကဗျာတွင် ပါသကဲ့သို့ တရားသောစစ်နှင့် မတရားသောစစ်ကို ခွဲခြားလျက် တရားသောစစ်ပွဲများ ဆင်နွှဲကြသူတွေမှာ အာရှတွင်သာမက အာဖရိကနှင့် လက်တင်အမေရိက တိုက်ကြီး တွင်လည်း အများအပြားပင် ရှိနေလေပြီ။ နိုင်ငံတကာရှိ ဤပြည်သူတကာ၏ မရပ်မနား လှုပ်ရှားရုန်းကန်မှု၊ ဗမာပြည်သူ၏ မရပ်မနား လှုပ်ရှားရုန်းကန်မှုများကြောင့် မဝေးကွာလှတော့သည့် အနာဂတ်ကာလ၌ လမင်းတ ရာသာနိုင်တော့မည် ဧကန်ဖြစ်ပါသတည်း။
လူထုဒေါ်အမာ
(မာယာအွန်လိုင်းမဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
3:52 PM
0
comments
Labels: အမှတ်တရ
ကွယ်လွန်သူ ကဗျာဆရာကြည်အောင် အမှတ်တရ ‘လမင်းတရာ’
လမင်းတရာ၊ ညအခါဝယ်
ကမ္ဘာအနှံ့ သာလျက်ပါ။
တရုတ်ပြည်မှ ...
ရေကြည်ရစ်ဖြာ၊ မြစ်သဲဝါ၀ယ်
ညခါလမင်း၊ ရေသောက်ဆင်း၏။
ဆိုဗီယက်မှ ...
မြစ်မစိမ်းပြာ၊ ဗော်လဂါဝယ်
ညခါလမင်း၊ ရေချိုးဆင်း၏။
တိုင်းအီဂျစ်၏ ...
နိုင်းမြစ်ရေပြင်၊ လမင်းရှင်သည်
ပျော်ရွှင်ကခုန်၊ လှိုင်းရေစုန်နှင့်။
မစစ္စပီ၊ မြစ်နဒီဝယ် ...
သိင်္ဂီရွှေနှိုင်း၊ လမင်းဝိုင်းသည်
ရေလှိုင်းယက်ကြား၊ ပြေးကစားလျက်။
အိန္ဒိယ၏ ...
မြစ်မဂင်္ဂါ၊ ရေကြည်ပြာဝယ်
ညခါလရိပ်၊ လျောင်းပျော်အိပ်လျက်။
ပြည်မြန်မာ၏ ...
ဧရာဝတီ၊ ရေပြာကြည်ဝယ်
ပီပီရွှန်းရွှန်း၊ လပြည့်ဝန်းသည်
ပေါ်ထွန်းကြည်လင်၊ ရွှေရိပ်ထင်လျက်
ရေပြင်လှိုင်းယက်၊ တလက်လက်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်အစဉ်ပါတကား။
သို့တစေလည်း ...
သူ့ရေမြေပေါ်၊ စစ်ကျူးကျော်သော်
ရွှေလှော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငုပ်လျှိုးသွားတကား။
မြစ်မရေတွင်း၊ စစ်ကျော်နင်းလျှင်
လမင်းမှုန်ရီ၊ သွေးစွန်းနီကာ
ပီပီမလင်းနိုင်ရှာပေ။
ကမ္ဘာမြေပေါ် ...
ကျူးကျော်စစ်ခင်း၊ နယ်ချဲ့နင်းက
လမင်းတရာ မသာနိုင်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်ထိန်ကြည်၊ ငြိမ်းအံ့ရည်၍
တိုင်းပြည်ကိုကျူး၊ နယ်ချဲ့ရူးကို
တပ်ဦးဖွင့်ကာ တော်လှန်သည်။
နယ်ချဲ့ကင်းမှ ...
လမင်းလည်းသာ၊ ကမ္ဘာလည်းအေး
တေးလည်းအနှံ့၊ ပန်းသင်းပျံ့လိမ့်
နိုင်ငံ့ပြည်သူ နိုးကြားသည်။
နယ်ချဲ့ကင်း၍ ...
လမင်းတရာ၊ သာသောခါဝယ်
ကမ္ဘာငြိမ်းချမ်းလာလိမ့်တကား။ ။
ကြည်အောင်
၁၉၆၃
(မာယာအွန်လိုင်းမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
3:07 PM
0
comments
Labels: အမှတ်တရ
Monday, April 6, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၄-၀၉)
- အီတလီငလျင် လူ ၉၀ ကျော် သေဆုံး၊ အများအပြား ပိတ်မိဆဲရှိ click
- အီတလီငလျင်ကြောင့် လူအများအပြား သေဆုံး click
- ပြင်းအား ၆.၃ ရှိ အီတလီငလျင် click
- ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ကွယ်လွန် click
- ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ကင်ဆာရောဂါဖြင့် ကွယ်လွန် click
- ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ မြန်မာစစ်အစိုးရသို့ အိတ်ဖွင့်ပေးစာပို့ click
- နိုင်ငံရေးအခွင့်အလမ်းကောင်း စစ်အစိုးရဆုပ်ကိုင်ဖို့ ၈၈ ကျောင်းသားအုပ်စု တိုက်တွန်း click
- မြစ်ကြီးနားထောင်တွင် ထောင်ဝင်စာကန့်သတ်သဖြင့် နိုင်ငံရေးအကျဉ်းသားတချို့က ကန့်ကွက် click
- အဆိပ်ဓာတ်ပါသည့် တိုင်းရင်းဆေးများ ဆိုင်တင်ရောင်းချနေဆဲ click
- အမေရိကန်-တူရကီ ဆက်ဆံရေး စံပြနမူနာဖြစ်ဖို့ အိုဘားမား တိုက်တွန်း click
- မုန်တိုင်းသင့်ဒေသမှ နွေစပါးခင်းများ လောင်မီးကျပိုးကြောင့် အပျက်အစီးများပြား click
- မကွေးတိုင်း သံဃာတော်တွေ တရားဟောကြားနိုင်ရေး လက်မှတ်စုဆောင်း click
- မြန်မာနိုင်ငံတွင် ပြည်တွင်းပရိုလိဂ်ဘောလုံးပြိုင်ပွဲ ကျင်းပတော့မည် click
- တောင်ရိုးပေါ်က သစ္စာသမားသို့ (ကဗျာ) click
- စောနေစိုးမြ စစ်အစိုးရဘက်ကူးပြောင်းမှု KNU ကို မထိခိုက် click
- ဘုရားဖူးကားတစီး တိမ်းမှောက် click
- လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်သူကို စစ်တပ်က ပေါ်တာခေါ် click
- ဂတ်စ်နှင့် ရေနံကို ပြည်ပသို့ရောင်းပြီး နွားချေးဖြင့် လျှပ်စစ်မီးထွန်းရန် ပြည်သူများကို ၀န်ကြီးနှင့် တိုင်းမှူးမှ တိုက်တွန်း click
- ဖြစ်လာမည့် အကျိုးဆက် နအဖတာဝန်ဟု ၈၈ ကျောင်းသားများ ပြောဆို click
- ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန် click
- ဗန်းမော်တွင် ဗိုလ်ချုပ်လွန်းမောင် စည်းရုံးရေးဆင်း click
- ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရန် ကန်ပိန်းလုပ်မည် click
- မျှော်လင့်အိပ်မက် (ဆောင်းပါး) click
- Visitors to Myanmar dip on crackdown, typhoon click
- Daewoo International Extends Gas Exploration in Myanmar click
- ကေအန်ယူခေါင်းဆောင်ပိုင်းနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ယနေ့ စတင်ဆွေးနွေး click- ဗိုလ်ချုပ်မြသားအငယ်ဆုံး ဗိုလ်စောနေစိုးမြ နအဖထံ လက်နက်ချ click
- ဗိုလ်ချုပ်မြသားငယ် လက်နက်ချတာ ကေအန်ယူအတွက် မထိခိုက် click
- ကေအန်ယူစခန်းကို ဒီကေဘီအေ ထိုးစစ်ဆင် click
- ဂျီတော့ခ်သုံးစွဲသူတို့ လုံခြုံရေးသတိရှိစေလို click
- မိသားစုဆရာဝန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရ click
- ကမ္ဘာ့စီးပွားရေးပျက်နေချိန်တွင် မြန်မာ့စီးပွားရေးတက်နေဟု ၀န်ကြီးချုပ်ပြော click
- တရုတ်အစိုးရအာဘော်မဟုတ်ဟု မြန်မာစစ်အစိုးရ ပြောဆို click
- တရုတ်-မြန်မာဆက်ဆံရေး ပျက်ပြားရန် ပြည်ပမီဒီယာများ လှုံ့ဆော်ဟု နအဖစွပ်စွဲ click
- ဗိုလ်ချုပ်လွန်းမောင် ၂၀၁၀ အတွက် စည်းရုံးရေးဆင်း click
- ကချင်ပြည်နယ်မှာ ရာဇ၀တ်မှုများပြား click
- မြန်မာနိုင်ငံမှာ ရောဂါသုံးခုတိုက်ဖျက်ဖို့ အကူအညီ အရေးတကြီး လိုအပ်နေ click
- ဖြူးမြို့မှာ လုံခြုံရေးတင်းကျပ်၊ ဒေသခံပြည်သူများ စိတ်အနှောင့်အယှက်ဖြစ် click
- ဗဟန်း-ရွှေဂုံတိုင်ယာဉ်ထိန်းရဲ ကန်ထရိုက်စနစ်ဖြင့် ငွေကြေးကောက်ခံ click
- ကော့သောင်း ယုဇနဆီအုန်းစိုက်ပျိုးရေးစီမံကိန်းမှ အဓမ္မခိုင်းစေမှုများ (သတင်းဆောင်းပါး) click
- အိုဘားမားနှင့် ဂျိန်းစဘွန်းကား (သတင်းဆောင်းပါး) click
- နအဖရဲ့ ခါးပိုက်ဆောင်တပ် အပိုင်း(၁) (ဆောင်းပါး) click
- ပလောင်လူငယ်များကို အဓမ္မစစ်သင်တန်းတက်ခိုင်းပြီး ပြည်သူများထံမှ ငွေကောက်ခံခြင်းများပြုလုပ် click
- မူဆယ်-မန္တလေး ကားလိုင်းများ မပြေးဆွဲရ click
- အချိုရည်များလည်း အဝါရောင်ဆိုးဆေး စစ်ဆေးခံရ click
- ဘုရားဖူး ခရီးသည်တင်ကားမှောက် ၂၄ ဦးသေဆုံး click
- လှသောသမိုင်း (စာအုပ်စင်) click
- ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ အရှေ့တီမောခရီး click
- မြောက်ကိုရီးယားဒုံးပျံအရေး လုံခြုံရေးကောင်စီ မဆုံးဖြတ်နိုင်သေး click
- အမေရိကန် အလုပ်လက်မဲ့နှုန်း ပိုတိုးလာနိုင် click
- G-20 အုပ်စု ထိပ်သီးညီလာခံ (မျက်မှောက်ရေးရာ) click
- အကြမ်းဖက်မှုတိုက်ဖျက်ရေး ပါကစ္စတန်တာဝန်ယူမှု အမေရိကန်မျှော်လင့် click
- ထိုင်းနိုင်ငံမှာ ၀မ်းရေးရုန်းကန်နေရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဘ၀ဖြတ်သန်းမှုတစေ့တစောင်း click
- ငြိမ်းချမ်းရေးအရိပ်အရောင် မရှိသေးတဲ့ ကရင်ပြည်နယ် click
- မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး လိုအပ်ချက်များ (တိုက်ရိုက်လေလှိုင်း) click
- ဒေါ်ဝင်းမြမြကို ထောင်ဒဏ် ၄ နှစ်လျှော့ click
- စီးပွားရေးပိတ်ဆို့မှုများ မရုတ်သိမ်းရန် လွှတ်တော်အမတ်များ တောင်းဆို click
- အဖမ်းအဆီးကြောင့် မယ်ဆိုင်ရှိ လွယ်ပေါင်းဈေးဆိုင်ခန်းများ ပိတ်ထားရ click
- ထောင်ဝင်စာတွေ့ချိန် နိုင်ငံရေးစကားပြော၍ ထောင်ဝင်စာ တလပိတ်ခံရ click
- ဆန်ဖရန်ဘေးဧရိယာ မေတ္တာနန္ဒ၀ိဟာရကျောင်း သင်္ကြန်ပွဲနှင့် နိဗ္ဗာန်ဈေးအလှူ ကျင်းပပြီးစီး click
- AASYC မှ ရခိုင်အမျိုးသမီးအမတ် ဒေါ်အေးသိန်းထံ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပို့ click
- မြန်မာဒုက္ခသည် ဇနီးမောင်နှံနှစ်ဦး ကုလမဟာမင်းကြီးရုံးကို ဆန္ဒပြ click
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:57 PM
1 comments
Labels: သတင်း















