Saturday, November 7, 2009

ပြောချင်လို့ (၃) (ပေးစာ)

မင်္ဂလာပါ ...

တပ်မတော်က ပြောင်းလာတဲ့သူနဲ့ ရဲစစ်စစ် ဘယ်လိုခွဲမလဲဆိုရင် ...

(၁) service တန်း - ယူနီဖောင်းရဲ့ ညာဘက်မှာတပ်တဲ့ service တန်းက ရဲစစ်စစ်ဆိုရင် ၂ တန်း၊ အလွန်ဆုံးရှိ မှ ၃ တန်းပဲရှိတယ်။ တပ်မတော်က ပြောင်းလာတဲ့သူတွေကတော့ တိုက်ပွဲတွေအလိုက်ရရှိတဲ့အတွက် service တန်းက ၄ တန်း ၅ တန်းဖြစ်နေကြတယ်လေ။ အရောင်တွေကလည်း ကွာခြားကြပါတယ်။ တချို့စစ်ပုလိပ်တွေ က ရှက်လို့ စစ်တပ်က service တန်းကို မတပ်ဘဲ ရဲစစ်စစ်တွေရဲ့ service တန်းကို တပ်ထားကြတယ်။

(၂) စစ်တပ်လိုပြောရရင် ကိုယ်ပိုင်နံပါတ်၊ လ နံပါတ်ဆိုပါတော့။ ရဲစစ်စစ်တွေရဲ့ လ နံပါတ်က ၅ လုံးရှိတယ်။ ဒါ တောင် ၅ လုံးသမားတွေက အဖိုးကြီးတွေ ဖြစ်နေကြပြီလေ။ အပတ်စဉ် (၁၀) (၁၁) သမားတွေလောက်ပဲရှိ တော့တယ်။ ကျန်တာတွေက ၆ လုံးတွေလေ။ စစ်ပုလိပ်တွေကတော့ လ နံပါတ် ၄ လုံးပဲရှိတယ်။ ခုချိန်ထိ (လ ၁၇..) ထိပဲရှိသေးတယ်၊ ရဲစစ်စစ်တွေက (လ ၂၂....) အထိရှိနေကြပြီလေ။ အထူးအပတ်စဉ်တခုပဲ ကိုယ်ပိုင်နံ ပါတ်က (လ ၂၀၅...) ပဲဖြစ်နေတာ။
ခုဆိုရင် ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းက ဘာလဲပြောရမှာတောင် ခက်နေပါပြီ၊ ရဲလုပ်ငန်းတွေ ပျောက်နေပြီလို့ပဲပြောချင် ပါတယ်၊ ခုခေတ်က ရဲလုပ်ငန်းလုပ်တတ်ဖို့ မလိုဘူး (၁) စိုက်ပျိုးရေးလုပ်တတ်ရမယ် (၂) မွေးမြူရေးလုပ်တတ် ရမယ် (၃) ငွေရှာနိုင်ရမယ် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ဆိုပါတော့ (၄) မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အထက် က ခိုင်းတဲ့အတိုင်း ပြန်မပြောဘဲလုပ်နိုင်ရမယ် (၅) အောက်ကိုဖိပြီး အထက်ကို ဖားတတ်ရမယ်။ ဒါတွေလုပ် တတ်ရင် ပြည်နယ်/တိုင်း ရဲတပ်ဖွဲ့မှူး လုပ်လို့ရပြီလေ။

စစ်ပုလိပ်တွေက သူတို့အလကားပါကွာ ဘာမှမတတ်ပါဘူးပြောရင် အရမ်းနာကြတယ်လေ။ ဒါကြောင့် စာတွေ သိပ်ဖတ်ကြတယ်။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ စာအုပ်ကြီးအတိုင်းဆိုတာ ဖြစ်လာကြတယ်လေ။ ပြင်ပ အတွေ့အကြုံမရှိဘဲ စာထဲကအတိုင်း လုပ်ခိုင်းတော့ တချို့ဟာတွေမှာ ကီးမကိုက်တော့ဘူးလေ။ ကီးမကိုက် တော့ ကီးကိုက်အောင် အောက်ကအဖွဲ့တွေကလည်း အဆင်ပြေသလို လိမ်ကြရတော့တာပေါ့။ ဥပမာပြောရ ရင် ရာ (၃) ရာဆိုပါတော့။ ရဲချုပ်က ကြောင်တောင်တောင်နဲ့ တိုင်း/ပြည်နယ်တပ်ဖွဲ့တခုခုမှာ (၁) တပ်ဖွဲ့ပိုင် သိန်း ၁၀၀ ရှိရမယ် (၂) လယ်ဧက ၁၀၀ ရှိရမယ် (၃) ယာဧက ၁၀၀ ရှိရမယ် ဆိုပြီးတော့ လုပ်ခိုင်းတယ်။ ဘယ် လိုနည်းနဲ့ရရ ဆိုပြီးတော့ ခိုင်းတယ်။ မဖြစ်နိုင်ဘူးလေ။ အဲဒီလိုပြောလို့မရဘူး၊ ရအောင်လုပ်ဆိုတော့ အောက် ကအဖွဲ့တွေကလည်း ရအောင်လုပ်ကြတယ်လေ။

ကျနော် ရဲရဲကြီး ပြောရဲပါတယ်။ ဘယ်တိုင်း/ပြည်ကပဲဖြစ်ဖြစ် ငါကတော့ ညွှန်ကြားတဲ့အတိုင်း လုပ်ထားတယ် ဆိုတဲ့သူရှိရင် ပြောပါ၊ စိန်ခေါ်ပါတယ်၊ ဒီအစိုးရအောက်မှာတော့ မဟုတ်ဘူးပေါ့။ တိုင်းပြည်တခုမှာ ရဲစိတ်ညစ် ရင် မကောင်းပါဘူး။ ရဲက ရဲလုပ်ငန်းမလုပ်ရဘူး၊ ဟိုလူကြီးအမျိုးဒီလူကြီးအမျိုး ကြောက်နေရရင် ဥပဒေဆိုတာ ဘာလုပ်တော့မလဲ။ ခုချိန်က ဘာလုပ်တတ်ရမလဲဆိုတော့ နေရာရချင်လား စပါးစိုက်တတ်ရမယ်။ ၀က်/ကြက် မွေးတတ်ရမယ်။ ငါးမွေးတတ်ရမယ်။ ဒါဆိုနေရာရမယ်။

သူခိုးဘယ်နှစ်ယောက် ဖမ်းတာ၊ ဓားပြဘယ်နှစ်ယောက် ဖမ်းတာ၊ ဘယ်အမှုဘယ်လိုဖော်ထုတ်တာ ဆောရီးပဲ ကြိုးစားပါဦးဆိုပါတော့။ ဒါကြောင့် ပြည်သူတွေကို ပြောချင်တာက ရဲတွေကို မမုန်းပါနဲ့။ ရဲတွေရဲ့ဘ၀က တ ကယ်တော့ သနားစရာကောင်းပါတယ်။ လိုအပ်လာရင် ရဲတွေက ရှေ့ကနေပြီးပါခဲ့တာ ၈၈၈၈ က သက်သေပါ ပဲ။ အဲဒီလိုပါခဲ့လို့ လူကြီးတွေက ခုချိန်ထိ ရဲကို မကြည်ကြဘူးလေ။

(နောက်အပတ်မှာ ရဲတွေရဲ့ဘ၀ကို ပြည်သူတွေသိအောင် ပြောပြပါဦးမယ်။)

ရဲအရာရှိတဦး

2 comments:

ကိုရွှေရဲ said...

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြောင်းပဲရေးတော့မှာလား။
စစ်အစိုးရနှင့် ရဲ ပတ်သက်မှု/နှိပ်ကွပ်မှု အကြောင်းတွေ
ရေးပေးစေချင်ပါတယ်။
ကျေးဇူးတင်ပါသည်။

Anonymous said...

ရဲအရာရှိတဦးက ရဲကို စစ်တပ်ကပြောင်းလာတဲ့သူတွေ နဲ့ ရဲတပ်ဖွဲ့ အတွင်းက မကြေလည်မှုတွေ အကြောင်း ရေးတာ ဘာကြောင့် တပ်မတော် (လေ) က စစ်သည်တွေ ၈၈၈၈ လုံးမှာ ပြည်သူနဲ့ လာရောက် ပူးပေါင်းပြီး ချီတက်ကြတဲ့ပုံတွေ ပြည်သူက ကြိုဆို တာတဲ့ပုံတွေကို စစ်သားတွေဆိုတဲ့ သဘောနဲ့ ဖေါ်ပြတာကတော့ ကျုပ်တို့ လေက စစ်သားတွေကို အသားလွတ် စော်ကားသလို ဖြစ်သွားပြီလို့ ထင်ပါ တယ်။ ပြည်တွင်းက ရဲအရာရှိတဦးက ပေးပို့ လာ
ရင်တောင် ဒေါက်တာလွဏ်းဆွေက
တင်မပေးသင့်ပါဘူး

ဒေါက်တာလွဏ်းဆွေ အမြန်ဖြေရှင်းပေးပါ။

ဒုတပ်ကြပ်မြင့်ဝေ
၅၀၁ လေတပ်စခန်း
မှော်ဘီ