Friday, September 25, 2009

၂၀၁၀ မှလွဲ၍ တခြားနည်းလမ်းတွေ အများကြီးရှိပါသေးတယ်

မောင်ခင်အေးတင့်(မဒေါက်)

စစ်အုပ်စုကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နည်းမျိုးစုံနဲ့ ပြင်ဆင်စိုင်းပြင်းနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဥပ ဒေကို အပြီးသတ်အတည်ပြုနိုင်ဖို့ပါ။ ဒီလိုအသက်သွင်းနိုင်မှ သူတို့စစ်အုပ်စုဗျူရိုကရက်တွေက လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးကို စစ်ကျွန်ပြု စစ်ကျွန်ဇာတ်သွင်းပြီး စစ်သမ္မတနိုင်ငံကို ထူထောင်သွားနိုင်မှာဖြစ်ပါတယ်။ ဒါ ပေမယ့်လို့ ခက်နေတာက သူတို့တွက်ထား ထင်ထားသလို လွယ်လွယ်ကူကူနဲ့တော့ ဖြစ်လာမှာမဟုတ်ဘူး ဖြစ် နေပါတယ်။

အဓိက ကတော့ အပစ်ရပ်အဖွဲ့တွေပေါ့။ သူတို့တွက်ထားသလို လုပ်လို့မရဖြစ်နေတယ်။ အားလုံးနီးပါးလောက် လို့ ပြောနိုင်မယ်ထင်ပါတယ်။ စစ်အုပ်စုပြောသလို လိုက်မလုပ်နိုင်ဘူးလို့ အကြောင်းပြန်ကြတယ်။ ၂၀၁၀ ရွေး ကောက်ပွဲပြုလုပ်ဖို့ စစ်အစိုးရက ပြင်ဆင်စိုင်းပြင်းလာချိန်နဲ့ တပြိုင်တည်းမှာပဲ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို နအဖက ညောင်နှစ်ပင်ဖွဲ့စည်းပုံအတိုင်း တခုတည်းသော တပ်မ တော်ဖြစ်ဖို့အတွက် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းပြီး ရွေးကောက်ပွဲဝင်ဖို့ ဖိအားပေးရာ မှာ ငြင်းဆန်မှုတွေနဲ့ချည်း ကြုံတွေ့နေရလို့ ကိုးကန့်တိုက်ပွဲကို ဖန်တီးပြီး ကျန်တဲ့အပစ်ရပ်အဖွဲ့(လေး)တွေကို စစ်ရေးအရ ခြိမ်းခြောက်ပြတဲ့ သဘောမျိုးလို့ ကောက်ချက်ချနိုင်ပါလိမ့်မယ်။

စစ်အုပ်စုဟာ ဘယ်ကလောက်ထိ ကောက်ကျစ်လိမ်ညာတတ်တယ်၊ ယုတ်မာရက်စက်တတ်တယ်ဆိုတာ ဒီ ကိုးကန့် အဖြစ်အပျက်က မီးမောင်းထိုးပြလိုက်တာပဲ မဟုတ်လား။ ပြေလည်နေတုန်းကတော့ တမျိုး၊ မပြေ လည်တဲ့အချိန်ကျတော့ တမျိုးလုပ်တယ်ဆိုတာ အထင်အရှားပဲလေ။ ဝေစုမြက်မြက်ကလေး ရနေတုန်းက တ မျိုး၊ ဒီနေရာမှာ စကားစပ်လို့ စစ်ဗိုလ်(ချုပ်)ကတော်တွေ မှာတာဆို ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က က လစ်ကလေးကအစ အကုန်ဝယ်လာပေးတာ။ ဘာမှ စာရင်းပြန်ရှင်းပေးစရာမလိုဘူး။ အဆင်ပြေနေ သဘော တွေ့နေကြတုန်းကလေ။ ဟော အခု အဆင်မပြေတော့ မူးယစ်ဆေးဝါး အကြောင်းပြလိုပြ၊ လက်နက်စက်ရုံရှိ တယ်ဆိုပြီး ရမယ်ရှာလိုရှာနဲ့ နောက်ဆုံး လက်နက်ကိုင်တိုက်ပွဲအထိ ရောက်သွားတော့တာပါပဲ။

စစ်အုပ်စုရဲ့ ဖန်တီးစွပ်စွဲချက်တွေကို ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေစဉ် ကာလမှာပဲ ဩဂုတ်လ (၂၈) ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ လိပ်မူတပ်ပြီး ယင်းတိုက်ပွဲအခြေအ နေနဲ့ပတ်သက်တဲ့ အထူးကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်အရ ကိုးကန့်ခေါင်းဆောင် ရဲ့ ရှင်းလင်းချက်မှာတော့ စစ်အစိုးရက မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းသိုလှောင်မှု စတဲ့ ဖန်တီးချက်များနဲ့ တရားစွဲဆိုမှုဟာ ကိုးကန့်တပ်ဖွဲ့နဲ့ ပြည်သူများအပေါ် နိုင်ငံတကာမှ အထင်မှားအောင် လုပ်ကြံဖန်တီးခြင်းဖြစ် ပြီး နိုင်ငံတကာနဲ့ နအဖတာဝန်ရှိသူများရှေ့မှာ ကိုးကန့်နယ်မြေအား မူးယစ်ဆေးဝါး ကင်းရှင်းသွားပြီဖြစ် ကြောင်း ၂၀၀၂ ခုနှစ်က အတိအလင်း ကြေညာထားခဲ့ကြောင်းနဲ့ ဆက်လက်ပြီး ကိုးကန့်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အတိုင်း ကျန်မဟာမိတ်တပ်ဖွဲ့များကိုလည်း မကြာသော အချိန်ကာလတခုအတွင်း တိုက်ခိုက်ဝါးမျိုနိုင်သဖြင့် စစ်အစိုးရအား လက်တွေ့ညီညွတ်စွာ ယနေ့မှစပြီး တိုက်ပွဲဝင်ရန် ကိုးကန့်ခေါင်း ဆောင် ဦးဖုန်ကြားရှင်က သတိပေးတောင်းဆိုကြောင်း ရေးသားထားပါတယ်။

ကျန်အဖွဲ့တွေကိုတော့ ဆက်လက်တိုက်ခိုက်ခြင်းမရှိသေးဘဲ လတ်တလော စစ်ရေးပြင်ဆင်မှုတွေပြုလုပ်ပြီး ဘီ လူးခေါင်းကို မင်းသားမျက်နှာဖုံးအတုစွပ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်နေပါတယ်။ နအဖနဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးအပြီးမှာ ကေအိုင်အိုနဲ့ မွန်ပြည်သစ်တို့ဆီက နအဖစစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ တခုတည်း သော တပ်မတော်ဖြစ်ရေးကို လိမ်မာပါးနပ်စွာနဲ့ ရှောင်ထွက်ပြီး ပါတီအသစ်ထပ်ဖွဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ကျားကွက်သစ်တော့ ထွက်လာပါတယ်။ ဒါကိုကြည့်ရင် အပစ်ရပ်အဖွဲ့တွေဟာ နအဖစစ်အုပ်စုနဲ့ စစ်ရေးတိုက် ခိုက်မှုတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်ချင်ဘူးဆိုတာ ရှင်းလင်းမြင်သာပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းအရ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာမှ စစ်မှန်တဲ့ အဖြေမှန်ရမယ်ဆိုတာကို အားလုံးက သဘော ထားရှိကြကြောင်း လက်တွေ့ပြသနေကြတာ ဖြစ်ပါတယ်။

နောက် အခုလည်း စစ်အုပ်စုရဲ့ တောင်းဆိုချက်ကို မလိုက်လျောနိုင်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုတုန့် ပြန်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကြားမှာ လူအင်အားကော စစ်လက်နက်ပစ္စည်းအင်အား ကော အတောင့်တင်းဆုံးလို့ဆိုတဲ့ UWSA အဖွဲ့ကိုလည်း စစ်ပြုတိုက်ခိုက်နိုင်ဖို့ စစ်အင်အား (၁) သောင်းကျော် နဲ့ အားဖြည့်ဝန်းရံထားပြီး စစ်ရေးပြင်ဆင်မှုတွေ ဆက်လက်ပြုလုပ်နေတာကို ကြားနေရပါတယ်။ ဒါကြောင့်မို့လို့ သူတို့(နအဖ)ရဲ့တောင်းဆိုချက်ကို လက်မခံနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို နည်းလမ်း ပေါင်းစုံနဲ့ အကျပ်ကိုင်ဆောင်ရွက်ပြီး စစ်ရေးအရ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်မှုများ ပြုလုပ်နေတယ်ဆိုတဲ့ အ ကဲခတ်သူများရဲ့ ဝေဖန်ပြောကြားချက်ဟာ မှန်ကန်တဲ့ အကဲဖြတ်ချက်လို့ ပြောရမှာဖြစ်ပါတယ်။

အမှန်တော့ စစ်အုပ်စုက ချက်ချင်းလက်နက်ဖြုတ်သိမ်းပစ်ချင်တာပါ။ အဲဒါလုပ်လို့မရလို့ တဖက်လှည့်နဲ့ နည်း နာပြောင်းပြီး နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းခိုင်းပြီးမှ တဖြည်းဖြည်းနဲ့ချုပ်ကိုင်ခြယ်လှယ်သွားမှာလေ။ ဒါကို အပစ်ရပ်အဖွဲ့တွေကလည်း နားလည်ကြ ရိပ်မိကြမှာပေါ့။ အစကတည်းကမှ အပစ်ရပ်ချင်လို့ ရပ်ထားတာ မှမဟုတ်တာ၊ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် သိပ်စိတ်မပါလှပေမယ့် အပစ်ရပ်တဲ့နည်းကို ရွေးလိုက် ရတဲ့ဟာကို။ လတ်တလော ရွေးခြယ်စရာမရှိလို့ လုပ်လိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့အပစ် ရပ်အဖွဲ့တွေ (အနည်းစု လေးပါ) ကတော့ ခြေလွန်လက်လွန်ဖြစ်သွားပြီး ပြန်နှုတ်လို့မရတော့ဘူး ဖြစ်သွားကြ တယ်။ ပြန်မရုန်းထွက်ချင်တာလည်း ဖြစ်နိုင်တာပေါ့။ အကျိုးစီးပွားမက်လုံးတွေနဲ့ ချည်ထားလိုက်တာလည်း ပါ မှာပေါ့။ KNU က ခွဲထွက်သွားတဲ့ ဒီကေဘီအေလိုအဖွဲ့မျိုးပါ။ ဦးဇခုန်တင်ရင်းတို့ (NDAK) အဖွဲ့လိုမျိုး၊ ကလလ တ၊ ရလလဖ စတဲ့ အဖွဲ့မျိုးတွေလည်းရှိနေတာပါပဲ။ ဒါပေမယ့် တဖွဲ့နဲ့တဖွဲ့လည်း အကျိုးစီးပွားချင်း၊ အခြေအနေ ချင်း၊ အနေအထားချင်းလည်း မတူကြသေးဘူးမဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ရန်သူရဲ့စီမံကွပ်ကဲချုပ်ကိုင်မှု အောက်မှာ နေနေရပြီလေ။ ဒါကတော့ အတူတူပါပဲ။

မွန်ပြည်သစ်ပါတီတို့လို အပစ်ရပ်စဲထားတဲ့အဖွဲ့ကိုတော့ သူတို့တွက်ထားသလို လုပ်မရတော့ နယ်ခြားစောင့် တပ်အဖြစ် အသွင်မပြောင်းနိုင်ရင် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းနိုင်မလားလို့ အကဲစမ်းကြည့်ပြန်ရော။ မွန် ပြည်သစ်ဘက်က ပြတ်ပြတ်သားသားပဲ ငြင်းလိုက်တော့ တော်တော်လေး မကျေမချမ်းဖြစ်သွားတာပေါ့။ မွန် ပြည်သစ်ပါတီဆိုတာကလည်း သာမာန်အဖွဲ့လေးမှမဟုတ်တာ၊ အုပ်စိုးသူအဆက်ဆက်ကို ဆန့်ကျင်တော်လှန် လာခဲ့တဲ့ ၀ါရင့်နိုင်ငံရေးပါတီကြီးပဲဟာ။ ဒါမျိုးသွားလုပ်လို့ မရဘူးလေ။ နိုင်ငံရေးရေချိန်က စကားပြောတာပေါ့။ သူတို့တွေ ဘာလုပ်ရင် ဘယ်ခြေလှမ်းလှမ်းတယ် ဘယ်အဆင့်ထိ ရောက်သွားမယ်ဆိုတာကို နိုင်ငံရေးအရ အ တွေ့အကြုံအရ တွက်ချက်နားလည်တာပေါ့။ အပစ်ရပ်စဲထားတာ ကာလအားဖြင့် ဆယ်စုနှစ်တခုတောင် ကျော် လာခဲ့ပေါ့။ နိုင်ငံရေးအရ တန်းတူရည်တူထား တွေ့ဆုံဆွေးနွေးတာ (၁၄) နှစ်တာကာလအတွင်း တကြိမ်တခါမှ မရှိခဲ့ဖူးတဲ့ဟာကို။ လက်နက်မရှိတော့တာနဲ့ သွားပြီဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ထားပြီးသား လေ။

ရေးမယ်ပြောမယ်ဆိုရင်တော့ အခြားအပစ်ရပ်အဖွဲ့တွေလည်း အများကြီးကျန်ရှိပါသေးတယ်။ ဒီနေရာမှာ အား လုံးရဲ့ ဘုံတူညီချက်က နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာညှိနှိုင်းယူကြဖို့ မှာ တသဘောတည်းရှိကြပါတယ်။ နအဖဘက်ကသာ တဖက်သတ်ငြင်းဆန်နေတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေဘက်က တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကို လုံးဝကို ပစ်ပယ်ထားတာပါ။ တွေ့ဆုံဆွေးနွေး ချင်တဲ့ နိုင်ငံရေးအာသီသကို လုံးဝမရှိတာပါ။

၁၉၉၀ ခုနှစ် မေလရွေးကောက်ပွဲကနေ ပြည်သူလူထုကြီးက (၈၂) % နဲ့ တခဲနက်တပြိုင်နက် ရွေးချယ်ခဲ့တဲ့ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ စားပွဲဝိုင်းမှာ ထိုင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ကို တစိုက်မတ်မတ် အစဉ်မပြတ် တောင်းဆိုနေလာခဲ့တာပါ။ နည်း သဏ္ဍာန်မျိုးစုံနဲ့ကို တလျှောက်လုံး တောင်းဆိုနေလာခဲ့တာပါ။ အခုနောက်ဆုံးထုတ်ပြန်တဲ့ “ရွှေဂုံတိုင်ကြေညာ ချက်” ကို ကြည့်ရင်လည်း ဒီတောင်းဆိုချက်ကိုပဲ ထပ်ပြန်တလဲလဲ တွေ့မြင်ရမှာပါ။ ဒီကြေညာချက်မှာ အဖွဲ့ချုပ် ရဲ့ လက်ရှိရပ်တည်ချက် (၄) ချက်ကို ဖော်ပြထားပါတယ်။ ဒါတွေကတော့ ...

(က) အဖွဲ့ချုပ်ဒု-ဥက္ကဌ ဦးတင်ဦးနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအ ကျဉ်းသားများ လွတ်မြောက်ရေး၊
(ခ) ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊
(ဃ) တွေ့ဆုံဆွေးနွေးရေး စသည်တို့ ဖြစ်ပါတယ်။

(ဃ) အချက်ဟာ မြန်မာပြည်ဒီမိုကရေစီရရှိရေး စနစ်ပြောင်းတော်လှန်ရေးကြီးမှာ တိုက်ပွဲဝင်နေကြတဲ့ တိုင်း ရင်းသားအင်အားစုအားလုံးနဲ့ ဒီမိုကရေစီအင်အားစုအားလုံးရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ ဘုံ ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက တောင်းဆိုတိုက်တွန်းနေတဲ့ အချက်လည်း ဖြစ်ပါ တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ်၊ သတင်းစာဆရာကြီးတဦးလည်းဖြစ် တဲ့နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာကြီး ဦးဝင်းတင်ကလည်း “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒေါ်အောင် ဆန်း စုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးတောင်းဆိုချက်ကို လူထုအားနှင့် ထောက် ခံကြ” လို့ နှိုးဆော်တိုက်တွန်းထားသလို လောလောဆယ်မှာတော့ ကျနော်တို့ခံယူချက်အပေါ် ဘယ်လိုမှ တွေ ဝေသံသယစိတ်တွေ မပွားကြပါနဲ့။ အဖွဲ့ချုပ်ဟာ ဗမာပြည်သူလူထုကြီး တိုက်ပွဲဝင်ရယူနေတဲ့ လွတ်လပ်ရေးကို အဓမ္မလုယူမယ့်၊ ရှင်လမ်းမရှိအောင် ချို့ယွင်းပျက်စီးနေတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သွေးကြောင်တွေဝေစွာနဲ့ ဒူး ထောက်ပါဝင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ထိတွေ့ဆက်ဆံဖို့ အမြဲအသင့်ရှိပါတယ်၊ ဒါပေမယ့် ကျနော်တို့ အသက်သွေးချွေးတွေ၊ ဘဝတွေ အများကြီးစွန့်လွှတ်ရင်းနှီးခဲ့ပြီးတဲ့ ဒီမိုကရေစီတန်ဖိုးတွေ ဆွတ်ခူးရယူနိုင်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့ဆိုရင်တော့ အသင့်ရှိတာထက်တောင်ပိုပါတယ်လို့ ဆရာဦးဝင်းတင်ကိုယ်တိုင် အင်္ဂလိပ်လို ရေးသားထားတဲ့ “ကျင်းပဖို့မလိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲ”ဆိုတဲ့ ဆောင်းပါးထဲမှာ ထုတ်ဖော်ပြော ကြားထားပါတယ်။

ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းကလည်း ပြည်သူ့ဘက်ကို မျက်နှာမူကြဖို့နဲ့ ပြည်သူနဲ့ မကင်းကွာကြ ဖို့ကို မကြာသေးခင်လေးက အင်တာဗျူးတခုမှာ ထုတ်ဖော်ပြောကြားသွားပါတယ်။ ဘယ်သူ့ကိုမှ အားကိုးမနေ ဖို့၊ မမျှော်လင့်နေဖို့၊ စိတ်ကူးမယဉ်ကြဖို့၊ ကိုယ့်ကိစ္စကိုယ့်ဖာသာ ဖြေရှင်းကြဖို့ကို ပြတ်ပြတ်သားသားပဲ ဆော်ဩ ပြောကြားသွားပါတယ်။ ကုလသမဂ္ဂတို့၊ လုံခြုံရေးကောင်စီတို့ကို လာဖြေရှင်းပေးနိုး စောင့်စားမျှော်လင့်နေကြ မှာလား။ မိမိပြည်တွင်းရေးကို မိမိတို့ကသာ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းသွားကြရမှာ ဖြစ်ပါတယ်။ ပြည်သူလူထု ကြီးရဲ့ အံ့မခန်း စွမ်းပကားတွေနဲ့ တော်လှန်ပစ်နိုင်စွမ်းကို အခိုင်အမာ ပြတ်ပြတ်သားသား ယုံကြည်ကြရမှာဖြစ် ပါတယ်။

တချိန်တည်းမှာလည်း ကျနော်တို့ အတိုက်အခံအင်အားစုများလို့ ခေါ်နေတဲ့ ဒီမိုကရေစီအင်အားစုတွေဟာ အ ချိန်ရဲ့ တိုက်စားမှုအောက်မှာ ဖရိုဖရဲဖြစ်လာသံတွေ ကြားနေသိနေရပါတယ်။ ပြင်ပလေထုဖိအားကလည်း အ သွေးအရောင်စုံ၊ အနံ့မျိုးစုံနဲ့ တဒင်္ဂအရှိတရားကို ထာဝရအမှန်တရားအဖြစ် ထင်အောင်မြင်အောင် နည်းမျိုးစုံနဲ့ ဖက်လှဲတကင်း ဆွဲဆောင်ဖြားယောင်းမှုတွေကလည်း တိုးလို့သာကြားနေရပါတယ်။ လက်ရှိနိုင်ငံရေးအနေအ ထားဟာ အတိုက်အခံအဖွဲ့အစည်းတိုင်းအတွက် သေနေတဲ့ နိုင်ငံရေးအနေအထားမျိုး မဟုတ်ပါ၊ နှေးကွေးနေ တဲ့ အနေအထားမျိုးပါ။ စနစ်ပြောင်းတော်လှန်ရေးတရပ်မှာ အချိုးအကွေ့တွေ၊ အတက်အကျတွေ၊ တော်လှန် ရေးအီလာမှုတွေဟာ ရင်ဆိုင်ကြုံတွေ့မယ့် တော်လှန်ရေးပကတိတရားတွေ ဖြစ်ပါတယ်။

အဲဒါကို တချို့သော ပြည်ပပညာရှိကြီးတွေ၊ တတိယအုပ်စုလို့ ခေါ်နေပြောနေကြတဲ့သူတွေက ရွေးစရာလမ်းမ ရှိတော့ဘူး။ ဒါကြောင့် လတ်တလောအရှိတရားဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုသာ အခွင့်အလမ်းတရပ်အဖြစ် ယူရမယ်ဆိုတဲ့စကားဟာ တရားသေကျလွန်းနေပါတယ်၊ မျှော်လင့်ချက်မဲ့ ဇွဲလုံ့လမရှိသူတို့ရဲ့ အလျှော့ပေးရေး ၀ါဒ၊ အညံ့ခံရေးအတွေးအခေါ်သာဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးအတွေးအခေါ် ချွတ်ခြုံကျသူတွေရဲ့ ဖြစ်မြဲ ဓမ္မတာပါ။ စစ်ဝါဒီတွေဟာ နောက်ဆုံးခြေလှမ်းဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြီးစီးအောင် မရမက လုပ်နိုင် ကောင်းလုပ်နိုင်မယ်။ ဒါပေမယ့် ဒါဟာ ပြည်သူ့အောင်ပွဲမဟုတ်၊ ဒီမိုကရေစီတိုက်ပွဲရဲ့ ဇာတ်သိမ်းခန်းလည်းမ ဟုတ်ဘူးဆိုတာ တတိယအုပ်စုဆိုသူတွေ ပညာရှင်ဆရာကြီးတွေ နားလည်ဖို့လိုပါတယ်။ တကယ်နားမလည် တာဆိုရင်တော့ ကိုယ့်ကိုကိုယ် ငါဘာကောင်လဲ ဘာဖြစ်နေပြီလည်းဆိုတာ ပြန်ဆန်းစစ်တာ ကောင်းပါလိမ့် မယ်။ ၁၉၉၀ ရွေးကောက်ပွဲက ပြီးသွားပြီ၊ သမိုင်းဖြစ်သွားပြီ လက်တွေ့နဲ့ မကိုက်ညီတော့ဘူး စသဖြင့် နအဖစစ် အုပ်စုရဲ့ ဘက်တော်သားအင်အားစုတွေက ရိုင်းရိုင်းစိုင်းစိုင်းပြောနေကြသလို မဆလတဖြစ်လဲ တစညလိုပါတီ ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို လေသံပြင်းပြင်းနဲ့ ဘယ်လိုနည်းနဲ့မှ အပျက်မခံဘူးဆိုပြီး ခြိမ်းခြောက်သလို လုပ်နေပြန်ပါတယ်။

ဒါပေမယ့်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှူးလည်းဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးအေးသာအောင်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဝင်လည်း ဖြစ်၊ ဇိုမီးအမျိုးသားကွန်ကရက်ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဦးပူကျင့်ရှင်းထန်တို့ရဲ့ ဒီ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ် သက်တဲ့ သဘောထားကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ထုတ်ပြန်ထားတဲ့ “ရွှေဂုံတိုင်ကြေညာ ချက်” ရဲ့အနှစ်သာရဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကသာ တိုင်းပြည်ရဲ့အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးကို ဖော်ဆောင်နိုင်မှာပဲဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဒါကြောင့် စစ်အာဏာရှင် ဖျက်သိမ်းရေးတိုက်ပွဲအတွက် မိမိကိုယ်ကို အတွေးအခေါ်အရ ကြံ့ခိုင်တောင့်တင်း ရေး၊ ကိုယ်ခံအားကောင်းရေးတို့အတွက် လေ့ကျင့်ပြင်ဆင်သွားကြရပါမယ်။ အင်အားစုတွေအားလုံးအကြား စည်းလုံးညီညွတ်ရေးကို အထူးအာရုံစိုက် လုပ်ဆောင်သွားကြရမဲ့အချိန်၊ ကာကွယ်သွားကြရမဲ့ကာလ ဖြစ်ပါ တယ်။

ဒီတော့ ကျနော်တို့ ဘာလုပ်ကြမလဲ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာဟာကို အစွမ်းကုန် တိုက် ဖျက်ပစ်ကြဖို့သာ ရှိတော့မှာပေါ့။ မီးကုန်ယမ်းကုန် အားစိုက်ရုန်းကန် ထကြွကြရတော့မှာပဲ။ နောက်ဆုံး ပြည် သူ့အင်အားစွမ်းပကားနဲ့သာ နိုင်ငံရေးအာဏာအပြောင်းအလဲကို ဖော်ဆောင်ကြရတော့မှာပဲ။ ဘယ်နိုင်ငံတိုင်း ပြည်မှာမဆို ပြည်သူ့အင်အားနဲ့သာ အုပ်စိုးသူလူတန်းစားရဲ့ လက်ထဲရောက်နေတဲ့ နိုင်ငံရေးအာဏာကို အုပ် စိုးခံ လူတန်းစားတွေရဲ့ ပြည်သူ့အင်အားစွမ်းပကားနဲ့သာ အဆုံးသတ် ပြောင်းလဲစေနိုင်ခဲ့တာပဲ မဟုတ်ပါလား။ ဒါကိုက ပကတိအမှန်တရားပဲ မဟုတ်ပါလား။

မိမိပြည်တွင်းရေးကို မိမိဘာသာ ဖြေရှင်းရုံမှတပါး တခြားနည်းလမ်းမရှိဖူးပါဘူး။ အဲဒါကြောင့် ပြည်တွင်းက စစ် အုပ်စုအောက်မှာ လူမှုဆင်းရဲဒုက္ခပေါင်းစုံကို ခါးစည်းကျိတ်မှိတ်ခံနေကြရတဲ့ အလုပ်သမား၊ လယ်သမား၊ ရ ဟန်းသံဃာ၊ ကျောင်းသားလူငယ်များ၊ အမှုထမ်းပေါင်းစုံနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသားပြည်သူလူ ထုကြီးတရပ်လုံးကို ဆက်လက်မှီခို စည်းရုံးလုပ်ဆောင်ရင်း အမျိုးသားပြည်သူလူထုကြီးနဲ့ အတူတကွ လက်တွဲ တိုက်ပွဲဝင်နိုင်ရေး မဟာဗျူဟာနည်းလမ်းတွေကိုသာ ဆထက်ထမ်းပိုး အားထုတ်ကြိုးပမ်း ရုန်းကန်ရှာဖွေသွား ကြရမှာပဲဖြစ်ပါတယ်။

တချိန်တည်းမှာလည်း တပ်မတော်ရဲ့ အောက်ခြေတပ်မှူးတပ်သားများအကြား ပြည်ချစ်တပ်မတော်သားများ ပေါ်ထွန်းလာရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်စည်းရုံးသွားရေးကိုလည်း အထူးအာရုံစိုက်သွားရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို အားထုတ်လုပ်ကိုင်ထားရုံမှလွဲလို့ ကျနော်တို့ဟာ ဘာမှတွေဝေ စဉ်းစားနေစရာ မလိုပါဘူး။ အံ့ဩတကြီးဖြစ်နေစရာမလိုပါဘူး။ ပြည်သူလူထုကြီးကိုစည်းရုံး ပြည်သူ့အင်အားကို တည်ဆောက် ပြီး ဒီပြည်သူ့အင်အားနဲ့ပဲ နအဖစစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးပစ်ပြီး အမျိုးသားပြန်လည်ရင် ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းကို တက်လှမ်းသွားရမှာဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ ၂၀၁၀ ရွေးကောက်ပွဲဟာ တခုတည်းသော ထွက်ပေါက်မဟုတ်ဘဲ တဒင်္ဂအရှိတရားတခု သာဖြစ်ပါကြောင်းနဲ့ “ရွှေဂုံတိုင်ကြေညာချက်”ရဲ့ အနှစ်သာရပိုင်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကသာ အမှန်တကယ့် ထာဝရအရှိတရား ဖြစ်တယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။

မောင်ခင်အေးတင့် (မဒေါက်)
၂၀၀၉ စက်တင်ဘာလ (၁၉) ရက်

3 comments:

Anonymous said...

လုပ်လေမြန်မြန်ရှိရင်..ခုမှထပြောနေပြန်ပြီး..ဟားဟား

Unknown said...

ခုမှ ထပြောနေတာ မဟုတ်ပါဘူး ကို/မစင်းပယ်ရယ်။ မြန်မြန်လုပ်လို့ရတာ ရှိတယ်၊ တဖြည်းဖြည်းလုပ်မှရတာရှိတယ်ဗျ။ ခင်ဗျားတို့တွေကော လုပ်နေကြပြီထင်ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလမှာ ကျနော်စာတပုဒ်ရေးထားတာ ရှာဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
အမြင်သဘောထား ခေါင်းစဉ်ထဲမှာ ပြန်ရှာကြည့်ရင် တွေ့မယ်ထင်ပါတယ်ဗျာ။ ကွန်မင့်အတွက် ကျေးဇူးတင်ပါတယ်။

Unknown said...

ရှမ်းသံတော်ဆင့်ဆိုက်ရဲ့ အမြင်သဘောထားအပိုင်းမှာ ရှာကြည့်ပါ။ မဟုတ်ရင် ၀ိမုတ္တိ ဆိုက်ရဲ့ အမြင်သဘောထားအပိုင်းမှာ ဖြစ်ပါလိမ့်မယ်။