Friday, September 25, 2009

သာယာဝတီခရိုင် (၈) မြို့နယ်က တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်အသီးသီးပါဝင်တဲ့ ညီလာခံခေါ်ပေးဖို့ NLD ဗဟိုကို တောင်းဆို

သတင်း - ဗွီအိုအေ (၂၄-၉-၀၉)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်း သာယာဝတီခရိုင် (၈) မြို့နယ်ကနေပြီးတော့ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တိုင်းနဲ့ ပြည်နယ်အသီးသီး၊ မြို့နယ်အသီးသီး ပါဝင်နိုင်တဲ့ ညီလာခံကြီး လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အခုလိုအချိန်မျိုးမှာ အဖွဲ့ဝင်တွေအနေနဲ့ ဒီလိုတောင်းဆိုတာဟာ ဘယ် လောက်အထိ ဖြစ်နိုင်ခြေရှိမလဲ၊ သူတို့အနေနဲ့ ဒီလိုတောင်းဆိုရတာနဲ့ ပတ်သက်လို့ရော ဘာပြောသလဲဆိုတာ ကို သိရအောင် မေးမြန်းထားတဲ့ မအေးအေးမာက ပြောပြပါဦးရှင်။

သာယာဝတီခရိုင်အတွင်းက မြို့နယ် (၈) မြို့နယ်ဖြစ်တဲ့ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက် စတဲ့ မြို့နယ်အသီးသီးကနေ အစည်းအဝေးလုပ်ရင်း ညီလာခံခေါ်ပေးဖို့အတွက် ဗ ဟိုကို တောင်းဆိုလိုက်တာပါ။ ဘာ့ကြောင့် ညီလာခံလိုအပ်သလဲဆိုတာကိုတော့ သာယာဝတီမြို့နယ် စည်း ကော်မတီဥက္ကဌ ဦးအောင်မြင့်က အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီလိုဗျ၊ ကျနော်တို့က ကျနော်တို့ မြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ကျနော် တို့က ဗဟိုကော်မတီကို ကျနော်တို့က တင်ပြတောင်းဆိုတာပဲလေ။ ဆိုလိုတာကဗျာ ကျနော်တို့ အောက်ခြေ မှာဖြစ်နေတာက ကျနော်တို့မှာ ထုတွေလည်း မရှိတော့ဘူးဗျာ။ အခုလို ခရိုင်အစည်းအဝေးလုပ်ရတာကအစ ကျနော်တို့က ကျနော်တို့အောက်ခြေမှာရှိတဲ့ အန်အယ်လ်ဒီ နိုင်ငံရေးရဲဘော်များက အချင်းချင်း ညှိနှိုင်းပြီး ဆောင်ရွက်ရတာလေ။ တိုင်းကနေပြီး ကျနော်တို့ကို အစည်းအဝေးခေါ်တာတွေလည်း မရှိတော့ဘူးဗျာ။ အဲဒီ အတွက် ဘယ်လိုဖြစ်နေလဲဆိုတော့ အန်အယ်လ်ဒီက ကျနော့်အမြင်ပေါ့နော် လျော့တိလျော့ရဲ ပုံစံပေါက်နေ တယ်လို့ ကျနော်တို့ နားလည်တယ်လေ။ အဲဒီတော့ ကျနော်တို့က ကျစ်လစ်ခိုင်မာတဲ့ အဖွဲ့အစည်းတွေ ပြန် လည်ဖွဲ့စည်းပြီးတော့ နိုင်ငံရေးလှုပ်ရှားတောင်းဆိုမှုတွေလုပ်ရာမှာ အဲဒီလို ကျစ်လစ်ခိုင်မာတဲ့ အဖွဲ့အစည်းမရှိ ရင် ကျနော်တို့က ဘာမှအောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ယူဆတယ်လေ။ အဲဒီတော့ ပါတီညီလာခံတခုလုပ်ပါ။ မြို့နယ်မှာ ဖွဲ့စည်းပုံတွေ ဖြည့်စွက်သင့်ရင်လည်း ဖြည့်စွက်ရမယ်။ လူအင်အားတွေ တိုးချဲ့သင့်ရင်တိုးချဲ့ရမယ်။ နောက်ဆုံးဗျာ ရုံးဖွင့်ခွင့်တောင်းဆိုတာကအစပေါ့ဗျာ ပါတီဝင်ထုတရပ်လုံးအနေနဲ့ တောင်းဆိုရင် ပိုပြီး ထိ ရောက်နိုင်မယ်လို့ ကျနော်တို့က အဲလိုနားလည်တယ်လေ။ အဲဒါကြောင့်မို့ ပါတီညီလာခံတခုကို ကျင်းပပေးဖို့ လိုအပ်တယ်လို့ ကျနော်တို့က အဲလိုမြင်တယ်။ ဒါကြောင့်မို့လို့ တောင်းဆိုတာပါ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီး ဂန္ဓီအစည်းအဝေးကြီး ခေါ်ပြီးတဲ့နောက် မှာ မြို့နယ်နဲ့ တိုင်း စုံညီစွာပါတဲ့ ညီလာခံတွေ မခေါ်နိုင်ခဲ့ပါဘူး။ ပါတီအနေနဲ့ ဌာနချုပ်တခုသာ ဖွင့်ခွင့်ရခဲ့ပြီး တိုင်းနဲ့ ပြည်နယ်က အဖွဲ့ချုပ်ရုံးတွေကိုလည်း အာဏာပိုင်တွေက ပိတ်ပင်တားဆီးခဲ့တာကြောင့်လည်း ဖြစ်ပါ တယ်။ အခုအခြေအနေမှာ ပါတီဗဟိုအနေနဲ့ ညီလာခံခေါ်ဖို့ အခြေအနေက ဖြစ်နိုင်ပါ့မလားလို့ မေးတဲ့အခါမှာ တော့ …

“ကျနော်တို့က ဟို တွေဝေငေးမောစွာ ရပ်နေမယ့်အစားပေါ့ဗျာ ကျနော်တို့ တစုံတရာ လုပ်နေခြင်းဟာ ကျ နော်တို့ အဖွဲ့ချုပ်နဲ့ ကျနော်တို့ ပြည်သူလူထုအတွက် အကျိုးရှိလိမ့်မယ်လို့ ကျနော်တို့ အောက်ခြေအန်အယ်လ် ဒီတွေက အဲလိုယုံကြည်တယ်လေ။ ယုံကြည်တဲ့အတွက်လည်း ဒါကို တောင်းဆိုတာပါ။ လုပ်ပေးမယ်ဆိုရင် တော့လုပ်ပေးနိုင်တာပဲလေ။ ကျနော်တို့က တရားဝင် ပါတီအဖွဲ့အစည်းဖြစ်တာကိုး။ ကျနော်တို့ မြို့နယ်တွေမှာ လည်းပဲ ကျနော်တို့ မြို့နယ်အဖွဲ့အစည်းတွေ ရှိနေသေးတာကိုး၊ အဲဒီအတွက် ဗဟိုနဲ့ အောက်ခြေအဖွဲ့အစည်း ဆိုတာ ထိတွေ့သင့်တယ်လေ။ ထိတွေ့သင့်တယ်ဆိုတဲ့နေရာမှာ ကျနော်တို့က မြို့နယ်တွေ၊ တိုင်းတွေကို အ လှည့်ကျ ခေါ်နေမယ့်အစား အရေးကြီးတဲ့အချိန်ကာလမှာ မြို့နယ်အားလုံးကို တပြိုင်တည်း ခေါ်ယူကျင်းပပေး နိုင်တာ ပါတီညီလာခံတခုပဲ ရှိတယ်လေ။ အဲဒီတော့ ကျနော်တို့ မြို့နယ်အများနဲ့လည်း တွေ့ရမယ်။ အများရဲ့ သဘောထားကိုလည်း တကြိမ်တခါတည်းမှာပဲ ဗဟိုကော်မတီလူကြီးတွေက ကြားနာခွင့်ရမှာပေါ့။ အဲဒီကျမှ ကျနော်တို့က ရှေ့လုပ်ငန်းစဉ်က ပိုမိုချောမွေ့လာမယ်လို့ ကျနော်တို့က ယုံကြည်တယ်လေ”

အခုဆိုရင် မြန်မာစစ်အစိုးရဘက်က ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုတာတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွင်းမှာလည်း ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ကိစ္စကို အငြင်းပွားဖွယ်ဖြစ်နေချိန်မှာ အရေးကြီးတဲ့အချိန် တွေဖြစ်တဲ့အတွက် မြို့နယ်အောက်ခြေထု သဘောထားကို သိနိုင်ဖို့ ပါတီရဲ့ ညီလာခံဟာ မဖြစ်မနေလိုအပ် တယ်လို့လည်း ဆက်ပြောသွားပါတယ်။

“ကျနော်တို့က အဲဒီလို ယုံကြည်တယ်လေ။ ရွေးကောက်ပွဲ သူတို့ဘက်က လုပ်တယ်ပဲထားပေါ့နော်။ လုပ်တယ် ထားရင်လည်း ကျနော်တို့ ပါတီညီလာခံ ကျနော်တို့က ရှိဖို့လိုအပ်တာပဲလေ။ မလုပ်ဘူးဆိုရင်လည်းပဲ ကျနော် တို့ ပါတီညီလာခံဆိုတာတော့ ပါတီလုပ်ငန်းစဉ်တခုအနေနဲ့ ရှိသင့်တယ်။ ဒီလိုအရေးကြီးတဲ့ကာလမှာ ပိုရှိသင့် တယ်လို့ ကျနော်တို့က အဲလိုယုံကြည်တာလေ”

၂၀၀၉ ခုနှစ် ဧပြီလ (၂၈) (၂၉) တုန်းကတော့ အန်အယ်လ်ဒီက တိုင်းနဲ့ ပြည်နယ်စည်း (၅) ဦးစီ ပါဝင်တဲ့ အ စည်းအဝေးကြီးတခုသာ လုပ်နိုင်ခဲ့ပြီး မြို့နယ်တွေ စုံညီစွာ မပါနိုင်ခဲ့ပါဘူး။ အဲဒီအတွက် ပါတီဟာ ပုံမှန်ညီလာ ခံတွေ ရှိသင့်တာကြောင့် အခုလို တောင်းဆိုမှုတွေလုပ်ရတာလို့လည်း သာယာဝတီခရိုင် (၈) မြို့နယ်က ခေါင်း ဆောင်တွေက ပြောသွားကြပါတယ်ရှင်။

No comments: