Tuesday, August 4, 2009

စီမံချက်ရေးဆွဲသည့် NCGUB (နောက်ဆက်တွဲ စက်ရပ်သတင်း)

ဝင်းထိန်

(၁)

စီမံချက်မှ အသွင်ကူးပြောင်းပြီး အဆိုပြုချက်အဖြစ် ဂျာကာတာသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။ ဝန်ကြီးချုပ်၏ “အရှည်တည်မည့် ငြိမ်းချမ်းရေးအတွက် သမိုင်းဝင် အခွင့်အလမ်းတခု ပေါ်ထွက်လာပါပြီ” ဆိုသော Action Plan သည် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်သော အမျိုးသားပြန်လည်သင့်မြတ် ရေး အဆိုပြုချက်တရပ်အဖြစ် ဂျာကာတာသို့ သွားရောက်ပြီး နိုင်ငံတကာသံတမန်အဝန်းအဝိုင်း၊ Elite အသိုင်း အ ဝိုင်း၏ သဘောတူညီချက်ရရှိရန်၊ ချပြရန်အတွက် (တော်လှန်ရေးနယ်မြေမှ ဒီမိုကရေစီဘက်တော်သားများ လိုက်ပါလျက်) ဘန်ကောက်မှ TG လေယာဉ်ဖြင့် လာမည့် သြဂုတ်လ ဒုတိယအပတ်တွင် ထွက်ခွာမည်ဖြစ် သည်။

အဆိုပါစာတမ်းသည် စာမျက်နှာ (၂၀) ခန့်ရှိပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည်။ မြန်မာ ဘာသာဖြင့် မရှင်းလင်း၍ အင်္ဂလိပ်လိုဖတ်မှ သဘောပေါက်သည်ဟု ဆိုကြပါသည်။ ပြည်သူ့ကိုယ်စားလှယ်များ နှင့် မဲဆောက်ရှိ ဒီမိုကရေစီ လူထုကိုယ်စားပြု အသင်းအဖွဲ့များအတွက် မြန်မာဘာသာပြန်ကို စာရေးဆရာတ ဦးမှ (ဘာသာပြန်ခ မရရှိဘဲ) အထူးမြန်မာပြန်ဆိုပေးသည်ဟု သိရပါသည်။

ယခင် Action Plan ကဲ့သို့ပင် ဤအဆိုပြုချက်သည် (စာမျက်နှာ ၃ ၌ ဖော်ပြသည့်အတိုင်း) မိမိတို့အဆိုပြုချက် အား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး တို့ကဲ့သို့ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ ဒီမိုကရေစီနှင့် တိုင်းရင်းသားအင်အားစုများလက်တွဲ၍ ဝိုင်းဝန်းအကောင် အထည်ဖော်စေရန် လက်တွေ့ကျကျ ကူညီလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသည်ဟုဆိုထားရာ နအဖက လက် ကမ်းကြိုဆို အာဏာရှယ်ယာဖြစ်မည့်၊ အသွင်ကူးပြောင်းရေးကာလ အခြေပြုထားသည့် (လေးသင်္ချေခန့်ကြာမှ အကောင်အထည်ဖော်နိုင်မည့်) အဆိုပြုချက်ဖြစ်သည်ဟု ယုံကြည်မျှော်လင့်သည်။

C.C ကိစ္စတုန်းက ဝန်ကြီးချုပ် ခွဲခြမ်းစိတ်ဖြာပြသော Feasibility (ဖြစ်နိုင်ခြေ)ကို တွက်ဆသော် ဇီးရိုးဖြစ်သည် ဆိုသည့် စကားကို ပြန်၍ယူသုံးရသော် ဤအဆိုပြုချက် (Recommendation) သည်လည်း ၂၀၁၀ မတိုင်မီ မ ဖြစ်ရေးချ မဖြစ်သည့် “မုံလာဥနီ” စီမံကိန်း၊ စိတ်ကူးယဉ် ငွေကုန်သံပြာဖြစ်မည့် အဆိုပြုချက်သာဖြစ်သည်။ တော်လှန်ရေးမိသားစု၊ တိုင်းရင်းသားညီအစ်ကိုတို့၏ ဘုံသဘောတူညီချက်အဖြစ် နိုင်ငံတကာနှင့် သံတမန်အ သိုင်းအဝန်း၏ သဘောတူညီချက်ယူ၊ နအဖကို ဖိအားပေး သို့မဟုတ် နအဖကို အဘိယာစကလုပ်ရမှာ။ နအဖ က ထုံးစံအတိုင်း ပြန်စာမလာ၊ ငါ့မှာ စိန်ရှိ၊ Gas ရှိ၊ ဘိန်းရှိ၊ ပတ္တမြား၊ မြ အားလုံးရှိနေပြီး ၂၀၀၈ အခြေခံဥပဒေ လည်း (လိမ်လည်ပြီးတော့) အတည်ပြုပြီးပြီ။ မင်းတို့ခေါ်တိုင်း မလာနိုင်၊ ငါတို့ခေါ်တုန်းက အပစ်ရပ် (၁၄) ဖွဲ့ တောင်လာပြီးပြီ၊ နိုးနိုး မလာရေးချမလာလို့ ပြန်ကြားမှာ သေချာတယ်။

လာရင်းလာရင် ရွေးကောက်ပွဲလာဝင်ကြ၊ မင်းတို့ရှုံးအောင် ငါလုပ်နိုင်တယ်လို့ပြောမှာပါ။ အခုတော့ အသွင်ကူး ပြောင်းပြီး စီမံချက် (Action Plan) က အဆိုပြုချက် (Recommendation) ဖြစ်သွားတဲ့ ဂျာကာတာ ဘဝတပါး သို့ ပြောင်းရွှေ့သွားတဲ့ ဒီအဆိုပြုချက်ကို “ရန်သူနဲ့ မပူးပေါင်းနိုင်ဘူး” “ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်တဲ့ ရန်သူကလိန်ကကျစ်၊ မဲခိုးတဲ့ ရန်သူနဲ့ ပေါင်းတဲ့အလုပ် မလုပ်ဘူး” ဆိုသည့် အချို့လူတွေလည်း ဂျာကာတာကို လိုက်ပြီး ကြယ်ငါးပွင့်ဟိုတယ်မှာ တည်း၊ ကြက်မြီး ယမကာအမြည်းနဲ့ တွဲသောက်၊ နေ့တွက်စားရိတ်နဲ့ ဇနီးမ ယားအတွက် ပါတိတ်ဝယ်ဖို့ နိုင်ငံကူးလက်မှတ်ကို ဖုန်သုတ်နေကြပါပြီ။

(၂)

ဖက်ဒရယ်ရေးရာဝန်ကြီး ဦးဆောင်ကြီးကြပ် ဆွေးနွေးထားတဲ့ ဤအဆိုပြုချက်စာတန်းမှာ ‘ဖက်ဒရယ်’ ဆိုတဲ့ စ ကားလုံး တလုံးမှမပါတာကတော့ နအဖအကြိုက် စကားလုံးမဟုတ်လို့ ဖြုတ်ထားခဲ့တယ်ဆိုတာ သေချာပါ တယ်။ တိုင်းရင်းသားတို့၏ အခြေခံလိုလားချက်ဖြစ်သော “ပြည်တွင်းစစ်ကို အဆုံးသတ်၍ တန်းတူရည်တူ အ ခွင့်အရေး တူညီသည်ကို ဖော်ညွှန်းသော အာဏာခွဲဝေမှုစနစ် - ဖက်ဒရယ်” ဆိုသည့် စကားလုံး တလုံးမှမပါ သောကြောင့် နအဖကြိုက်ဖွယ်ရာရှိ၏။ ရိုဟင်ဂျာများအား ရွေးကောက်ပွဲဝင်ရန် ခွင့်ပြုသင့်သည်ဟူသော အဆို ပြုချက်ကို ဖြုတ်ထား၍လည်း နအဖ နှစ်သက်ဖွယ်ရာရှိ၏။

NCG ၏ အနှစ် (၂၀) အတွင်း ထူးထူးခြားခြား လုပ်ဆောင်သည့် သမိုင်းဝင်အဆိုပြုချက်ကြီး ဘာဆက်ဖြစ်မည် လဲဆိုသည်ကို ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြပါစို့။

ဝင်းထိန်

2 comments:

Unknown said...

ဆောင်းပါးရှင်က ဘယ်လိုလူမျိုးလဲ။ နအဖ ဘက်တော်သားလား။ ဒီမိုကရေဘက်တော်သားလား။ ထင်တာတော့ ဝေဖန်ရေးသမားပဲဖြစ်မယ်။ ဝေဖန်တာကောင်းပါတယ်၊ အပြုသဘောလေး ဝေဖန်ရင် ပိုကောင်းပါလိမ့်မယ်၊ တခြားလုပ်နိုင်တာတွေ ဖြစ်သင့်တာလေးတွေ ရေး။ ဆွေးနွေး။ မျှဝေရင် ပိုကောင်းပါမယ်၊ စာဖတ်သူကို တစ်ခုခုပေးချင်တယ်ဆိုရင်ပေါ့လေ၊
အခုဟာကတော့ သူများလုပ်နေတာတွေကို လိုက်ပြီး ကဲ့ရဲ့ရှုံ့ချနေတာနဲ့တူနေတယ်၊ ပြီးတော့ ရည်ရွယ်ချက်ကို သေချာ သိအောင်လည်း လုပ်သင့်တယ်။ ရေးသားပုံက လူကြီး လူကောင်းမဆန်ဘူး။ (ဘယ်လို လူမျိုးလဲတော့ မသိပါဘူး။)

Unknown said...

ဝေဖန်ရေးလို့ဆိုပြီး ဘေးထိုင်ဘုပြော သူများလုပ်တာ ကဲ့ရဲ့ပြစ်တင်မှုတွေ အဆုံးသတ်သင့်ပါပြီ
ဝေဖန်အကြံပြုမှုများသည် ဖြစ်သင့် ဖြစ်ထိုက်သာများအား အကြံပြုဆွေးနွေးနိုင်လျှင် ပိုမိုကောင်းမွန်မည်ဟု ယူဆပါသည် သို့မဟုတ်ပါက ဘာမှအကျိုးမရှိသည့် လုပ်ရပ်များသာ ဖြစ်ပါလိမ့်မည်
သူများကိုထိုင်ဝေဖန်နေမည့်အတူတူ ကိုယ်ကိုတိုင် တတ်နိုင်သည့်ဖက်က ဝင်ရောက်လုပ်ကိုင်ခြင်းသည် အကောင်းဆုံးဖြစ်လိမ့်မည်ဟု အကြံပြုလိုပါသည်
မြန်မာနိုင်ငံအရေးအတွက် မြန်မာနိုင်ငံသားအားလုံး ကိုယ်စီတာဝန်ရှိသည် ကိုယ်လုပ်နိုင် တတ်နိုင်သည့်ဖက်မှ တာဝန်ယူကြလျှင် အကောင်းဆုံးဖြစ်ပါလိမ့်မည်