Tuesday, August 4, 2009
စုနဲ့ပြည်သူ ညီတူလက်တွဲ အောင်ပွဲရမည်မလွဲ
မြန်မာပြည်ဒီမိုကရေစီရဖို့ လတ်တလောအခြေအနေအရ လိုအပ်တဲ့ အချက်က (၂) ချက်ပဲရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
ရှစ်လေးလုံးအရေးတော်ပုံကစပြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးလောကထဲကို မလွှဲမရှောင်သာ ၀င် ရောက်လာရတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒီမလွှဲမရှောင်သာ အခြေအနေဆိုတာကိုက သမိုင်းက တောင်းဆိုလို့ ပေါ်ပေါက်လာရတာပါ။ အကြောင်းပေါင်းစုံ သင့်မြတ်ဆုံဆည်းခိုက်မှာမှ ဒီလိုအခြေအနေ ဒီလို ပုဂ္ဂိုလ်မျိုး ပေါ်ပေါက်ရတာပါ။ အချိန်အခါ ရင့်မှဲ့မှ ပေါ်ပေါက်ရတာမျိုးပါ။ ဒီလိုပုဂ္ဂိုလ်မျိုးသာ ရေရှည်တည်တံ့ပြီး မှတ်ကျောက်အတင်ခံနိုင်တာပါ။ မိုးကျရွှေကိုယ်၊ ပေါ်ပင်ဥုံဖွမန်းမှုတ်ပြီးဖြစ်လာရတဲ့ ခေါင်းဆောင်၊ နေရာ အာ ဏာလိုချင်လို့ ဖြစ်လာရတဲ့ခေါင်းဆောင်ဆိုတာ အလုပ်နဲ့ စေတနာမပါ၊ အပြောသာရှိတာမို့ ဆပ်ပြာပူဖောင်း ခေါင်းဆောင်ပါ။
နိုင်ငံရေးလောကထဲ ကိုယ်တိုင်ပါဝင်ထမ်းရွက်တဲ့ အချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်း၊ ကိုယ့်လုပ်ငန်းစဉ်အပေါ် စွဲမြဲယုံကြည်မှု၊ တိုင်းပြည်နဲ့လူမျိုးအတွက် အနစ်နာခံပေးဆပ်မှု၊ လူသားတရပ်လုံးရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်အတွက် ကြိုးပမ်းထမ်းဆောင်မှု စတာတွေကြောင့် ပြည်သူပြည်သားများသာမက နိုင်ငံ တကာကပါ ထောက်ခံချီးကျူး၊ လေးစားလာရပါတယ်။ နိုင်ငံတလွှား စည်းရုံးရေးခရီးစဉ်သွားတဲ့အခါမှာလည်း ပြည်သူတရပ်လုံးရဲ့ ချစ်ခင်လေးစားယုံကြည်မှု၊ နွေးထွေးစွာကြိုဆိုမှု၊ အားပေးထောက်ခံမှု စတာတွေ မကြုံစ ဖူး ထူးထူးကဲကဲ ရရှိခဲ့တာပါ။
ပြည်သူရဲ့ အသည်းနှလုံးကို သိမ်းကျူံးယူနိုင်စွမ်းတဲ့ ဒီလိုပုဂ္ဂိုလ်မျိုး ကျနော်တို့တသက် မတွေ့ဖူးပါဘူး။ ဒါဟာ သမိုင်းက တောင်းဆိုလို့ ပေါ်ပေါက်လာရတဲ့ ပုဂ္ဂိုလ်ဆိုတာ ထင်ရှားစေတာပါ။ ဒီလိုအဖြစ်အပျက်တွေနဲ့ ဒီလို ပုဂ္ဂိုလ်မျိုးရဲ့ဆောင်ရွက်ချက်ဆိုတာ အောင်မြင်ရစမြဲပါ ( သမိုင်းကို ပြန်ငဲ့ကြည့်ပါ)။ အခု ဒီလိုပုဂ္ဂိုလ်ကို နေအိမ် အကျယ်ချုပ်ချထားရာကနေ ထောင်သွင်းအကျဉ်းချဖို့ ကြိုးစားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာမထီ။ ဒီမိုကရေစီပန်းတိုင်ဆီ ချီတက်သွားမှာပါ။ တိုင်းပြည်ဟာ တကယ့်အရေးကြီးဆုံး အခြေအနေ အချိန် အခါကို ရောက်နေပါပြီ။ အချိန်မရွေး ထပေါက်ကွဲစေနိုင်တဲ့ Spurt တခုပါ။
ပြည်သူ
(ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးအမိန့်ချမယ့်နေ့ ၃၁-၇- ၂၀၀၉)
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ နအဖက ကြိုးပမ်းနေတဲ့အတွက် ပြည်သူတွေ မခံမရပ်နိုင် ဖြစ်နေပါ တယ်။ ရင်ကိုခွဲ၊ အသည်းကို ဆားနဲ့ ကြဲတယ် ဆိုတာမျိုးပါ။ ပြည်သူကို စော်ကားတာပါ။ ပြည်သူ့အားကို အထင် သေးတာပါ။ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်နဲ့ လူစုစုရှိရာမှာ ဒီအကြောင်းပဲ ပြောနေကြတယ်လို့ ဆိုပါတယ်။ အဲဒီမနက် ထူးထူးကဲကဲ မိုးစဲလို့နေပါတယ်။ နေလည်း ခပ်ကျဲကျဲလေး ပူနေပါတယ်။ သဘာဝက လူထုကို မျက် နှာသာပေးတယ် ပြောရမယ်။ တချို့ဘတ်စ်ကားတွေမှာ အရင်နေ့တွေကထက် ပြည့်ညပ်နေလို့ ပြည်သူတချို့ အင်းစိန်ဘက်ဆီကို သွားကြမယ်လို့ ယူဆမိပါတယ်။
အင်းစိန်ပန်းခြံနားက တံတားထိပ်မှာ အရံအတားတွေနဲ့အတူ ယူနီဖောင်းဝတ်တွေလည်း အစိတ်၊ သုံးဆယ် လောက် စောင့်ကြပ်နေတယ်။ တံတားပေါ် ဖြတ်သွားဖြတ်လာ မရှိသလောက်ပါ။ သံလမ်းကျော်ပြီး အင်းစိန် ဈေးဘက်ခြမ်းက တံတားထိပ်မှာလည်း ယူနီဖောင်းဝတ်တွေကို ချထားပါတယ်။ ဘေးဘက်ခြံဝန်းထဲမှာတော့ အချုပ်ကားများ၊ ပွိုင့်ကားများနဲ့ ကားကြီးတွေ အဆင်သင့်ပါ။
အင်းစိန်ဈေးပိတ်ထားသလို အိမ်တံခါးများလည်း ပိတ်ထားကြပါတယ်။ တချို့တလေ အိမ်ရှေ့မှာထိုင်ပြီး အရိပ် အခြေကို ကြည့်နေကြပါတယ်။ မနက် ၉ နာရီ ၃၀ ခန့်ပါ။ ဈေးအနီး လမ်းဆုံလမ်းခွတိုင်းမှာ သူတို့စိုးမိုးထားပါ တယ်။ အတားအဆီးများလည်း ချထားပါတယ်။ လက်ဖက်ရည်ဆိုင်တဆိုင်မှာ လူအပြည့်နဲ့ လမ်းဘေးမှာ လူတ ချို့တလေ သတင်းကိုနားစွင့်နေကြပါတယ်။ ဟိုးအနောက်ခပ်လှမ်းလှမ်းက လမ်းဆုံမှာတော့ လုံခြုံရေးစစ်သား တွေပိုများပါတယ်။ တချို့ယူနီဖောင်းဝတ်တွေ လက်ထဲမှာ ဘက်နက်တပ်ထားတဲ့ သေနတ်ကိုင်ထားပါတယ်။ အဆင်သင့် အနေအထားပါ။ အခြေအနေက ကြောက်စရာ လန့်စရာ၊ ရင်နာစရာပါ။ သာမန်ပြည်သူဟာ ဒီအ ထဲကို ဘယ်လို ၀င်ရဲ ဖြတ်သွားရဲမလဲ။
တံတားအရှေ့ဘက်ထိပ် မင်းကြီးလမ်းမပေါ်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်နဲ့ သစ်ပင်ရိပ်တွေမှာတော့ လူအ ပြည့်၊ အခြေအနေကို အကဲခတ်နေကြတယ်။ ဘတ်စ်ကားမှတ်တိုင်မှာလည်း ခရီးသွားသူနဲ့ ပြည်သူ ရောထွေး နေတယ်။ တက်တက်ကြွကြွနဲ့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အားပေးကြတာတွေ့ရတော့ ရင်ထဲမှာ အား တက်ပီတိဖြစ်ရသလို လူထုအားကို ပိုယုံကြည်အားကိုးမိတယ်။ ဒီထက်ပိုတဲ့ လူထုအင်အားကို တောင့်တမိတာ လည်း အမှန်ပါပဲ။
သူတို့ဘက်က အင်အားကလည်း မသေးလှဘူး။ ခေါက်ချိုးလောက်ရှိမယ်မှန်းကြတယ်။ ရှူးရှူးရှဲရှဲမြည်တဲ့ စ ကားပြောစက်ကို လက်ကကိုင်လို့။ တချို့က အိတ်ထောင်ထဲထည့်လို့။ လက်ကိုင်ဖုန်းသမားတချို့ဟာလည်း သူတို့ပဲထင်ရဲ့။ အဲပုဂံတံဆိပ်ပါတဲ့ အင်္ကျီဝတ်ထားတဲ့ လူငယ်နှစ်ယောက်ကိုလည်းတွေ့မိတယ်။ အင်းစိန်ပန်းခြံ ဘေးမှာက ဒိုင်းအကာတွေနဲ့ ပုလိပ်ကားရှစ်စီး။ ဟိုဟိုဒီဒီ ဖြတ်သွားတဲ့ စစ်ပုလိပ်ကားတွေလည်း တွေ့ရတယ်။ အဲဒီအထဲ မိန်းမငယ်လေးတွေတောင်ပါရဲ့။ အိမ်ထဲဆိုင်ထဲက လူငယ်လေးတွေရဲ့ မျက်စောင်းက ဆဲတာထက် အဓိပ္ပါယ်ပိုတယ်။
မနက် ၁၁ နာရီ ၁၅ မိနစ်မှာ ဂုံးကျော်တံတား ပြန်ဖွင့်တယ်။ စစ်ပုလိပ်ကားတွေ ပြန်သွားကြတယ်။ ပြည်သူတွေ လည်း ခဏအကဲခတ်ပြီး ကိုယ်စီကိုယ်ငှ ပြန်ကြတယ်။ ကုလအတွင်းရေးမှူးချုပ်က ဒီကိစ္စကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေမှု၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက နအဖကို ရှုတ်ချ၊ ကန့်ကွက်၊ စောင့်ကြည့်နေမှု၊ NLD စတဲ့ အ တိုက်အခံအဖွဲ့အစည်းပေါင်းစုံနဲ့ ဗကသအဖွဲ့တို့ရဲ့ စွန့်စွန့်စားစား ကြိုးပမ်းဆောင်ရွက်မှုနဲ့ ဖိနှိပ်ချုပ်ခြယ်မှုကြား ထဲက ထိုးထွက်လာတဲ့လူထုရဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်မှုတွေကြောင့် နအဖ ကြောက်အားပို သွားတယ်။
တရားရုံးအမိန့်ချမယ့်နေ့ကို သြဂုတ်လ (၁၁) ရက်နေ့ကို ချိန်းလိုက်တယ်။ အခြေအနေမဟန်လို့ နအဖ နောက် တလှမ်း ဆုတ်တယ်။ ပြေးပေါက်ရှာကြည့်တယ်။ ၂၀၀၇ ခုနှစ်က လူပင်လယ်လို ပရိသတ်မျိုးကို မြင်လိုက်ရရင် တရားသူကြီး စင်ပေါ်က ဆင်းပြေးမယ်။ လူထုဒီရေလှိုင်းဟာ နအဖ စစ်အရိုင်းကောင်ကို မပြောနဲ့ ကျောက် တောင် ကျောက်ဆောင်ကိုတောင် ဖြိုဖျက်ပစ်နိုင်ပါတယ်။ ၁၁-၈-၂၀၀၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကို ၀ိုင်းရံဖို့ ဒီမိုကရေစီပန်းတိုင်ဆီကို ချီတက်ဖို့ တိုးပွားတဲ့ လူထုအားကို ပြကြပါစို့လို့ နှိုးဆော်လိုက်ပါတယ်။
မောင်ဂဒိုး
(၂-၈-၂၀၀၉)
Subscribe to:
Post Comments (Atom)
3 comments:
ကောင်းတယ် ဗျာ၊ ၁၁ ရက်နေ့ကြရင်ရုံးကခွင့်ယူပြီးချီတက်မယ်ဗျာ၊
ကြားရတာ ၀မ်းသာပါတယ်။ ဒီလို လိုအပ်နေတဲ့အခြေအနေအရ စုပေါင်းအားနဲ့ ညီညွတ်ခြင်းကိုပြကြပါစို့။
ကြားရတာ ၀မ်းသာပါတယ်။ ဒီလို လိုအပ်နေတဲ့အခြေအနေအရ စုပေါင်းအားနဲ့ ညီညွတ်ခြင်းကိုပြကြပါစို့။
Post a Comment